← Chapters

သူတို့က မထိုက်တန်ဘူး

Vol. 29 Ch. 411

သူတို့က မထိုက်တန်ဘူး

Vol. 29 Ch. 411

ကလေးနှင့်တူသော အဘိုးကြီးနှင့် လူငယ်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားပြီးနောက် မိုင်ပေါင်းထောင်ချီ၍ ဆက်ပြေးခဲ့သည်။ တန်ခိုးကြီးသော နတ်ဆိုးများနှင့် ဝိညာဉ်များကို ရှောင်တိမ်းခဲ့​ပြီး နောက်ဆုံးတွင်မှ သူ့ဒဏ်ရာကြောင့် မထိန်းနိုင်​တော့ဘဲ လဲကျသွားခဲ့သည်။ ဆရာတပည့်သည် နောက်ဆုံး အနားယူခြင်းမပြုမီ မိုင်ပေါင်းများစွာ မြေပြင်ပေါ်တွင် လဲကျကာ လူးလဲလှိမ့်သွားသည်။

"ဆရာ!"

လူငယ်က ခုန်ထကာ ကလေးနှင့်တူသော အဘိုးကြီး၏ နံဘေးသို့ ပြေးသွားပြီး သူ့ဒဏ်ရာများကို စစ်ဆေးကြည့်သည်။

အဘိုးအိုက တုံ့ဆိုင်းစွာ ထထိုင်လိုက်သည်။

"ငါမသေပါဘူး.... ပညာရှင်ငယ်က ငါ့ကို လုပ်ကြံနိုင်သေးတယ်... သတိသာမထားရင် ဖမ်းမိပြီး ဆုံးရှုံးမှုကြီး ခံရနိုင်တယ်... ဒီလူက တကယ် ကြောက်စရာကောင်းတယ် သူ့ရဲ့မွေးရာပါ တာအိုသန္ဓေသား မရှိတာတောင်မှ ပြန်တိုက်ခိုက်နိုင်တုန်းပဲ... ဒါပေမယ့် အခု သူ့နည်းလမ်းတွေကို သိသွားပြီ.... သူ နောက်တစ်ကြိမ် ခိုးဝင်တိုက်ခိုက်ဖို့က မဖြစ်နိုင်ပါဘူး"

သူက ကျောက်စိမ်းပုလင်းကို ထုတ်ပြီး အဂ္ဂိရတ်ဆေး ထုတ်လိုက်ပေမယ့် မျိုချဖို့ အလျင်စလို မလုပ်ချေ။ အဲဒီအစား သူက လက်ညိုးကို ဆန့်ကာ အဂ္ဂိရတ်ဆေးကို ညင်သာစွာ ပုတ်လိုက်ရာ ဆေးလုံးမှ အလင်းရောင်တစ်ခု ဖြာထွက်လာသည်။ အဂ္ဂိရတ်ဆေး၏ အူတိုင်နှင့်အတူ၊ ရွှေအမြုတေ၊ အခြေတည်ဝိညာဉ်၊ နတ်ဝိညာဥ်၊ အတုအယောင်နယ်မြေ၊ နေ၊ လနှင့်ကြယ်များအားလုံးကို ကိုယ်စားပြုသော ပုံသဏ္ဌာန်များ ဖြစ်လာသည်။

ထို့နောက် ကလေးနှင့်တူသော အဘိုးအိုသည် အဂ္ဂိရတ်ဆေးကို မျိုချလိုက်ပြီး သူ၏ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်။

"ငါတို့ အမတဂူအိမ်​တော်​ကို စူးစမ်းပြီး ဒီအဂ္ဂိရတ်ဆေးကိုသာ ရှာမတွေ့ခဲ့ရင် အခုအချိန်မှာ မထိန်းနိုင်တော့မှာ ကြောက်ရတယ်"

အသက်ရှုသွင်းပြီး မတ်တပ်ရပ်လိုက်သည်။

"ဒီဆေးရည်က တကယ့်ကို မသေနိုင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ... ကံမကောင်းစွာနဲ့ပဲ ဘယ်လို သန့်စင်ရမလဲ မသိဘူး တစ်ခုသုံးတိုင်း ပျောက်သွားတယ်"

ခဏလေးအတွင်းမှာပဲ သူ့ဒဏ်ရာတွေ သက်သာသွားသည်။

"ကလေးပညာရှင်နားက မိန်းကလေးက ချီးရှာဘုံကျောင်းက အမတနတ်သမီး... သူမရဲ့ ကျင့်ကြံမှုက ပြန်ကောင်းလာဖွယ် မရှိသေးဘူး... အဲဒီကြိုးဆွဲချတစ္ဆေရဲ့ မူလဇစ်မြစ်ကိုလည်း မသိရသေးဘူး... ဝူရှဲ့ တခြားနတ်ဘုရား​တွေကို သုတ်သင်လိုက်ကြရအောင်"

သူသည် ကနူးလှေတစ်စင်းကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်တွင် အဆောင်လက်ဖွဲ့တစ်ခု ကပ်ထားလိုက်သည်။ ထို့နောက် မြင်းခေါင်းပါသော အရပ်မြင့်မြင့် ပိန်လှီသော မရဏတမန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ကလေးဝိညာဥ်မီးအိမ်ကို ထုတ်ပြီး ချိတ်ဆွဲလိုက်သည်။

လူငယ် ဝူရှဲ့: "ဆရာ... ကျနော် ကလေးပညာရှင်နဲ့ ယှဥ်ရင်ရော"

အဘိုးအိုက :"မင်းက သူ့လောက်မဟုတ်သေးဘူး... မင်းရဲ့ ကျင့်ကြံမှုက အထင်ကြီးလောက်စရာ မရှိဘူး။ သူ မွေးရာပါ တာအိုသန္ဓေသားကို ဆုံးရှုံးပြီး ရှစ်နှစ်လောက် သေသွားခဲ့တာ... ဒီနေ့ သူဒီလောက်အထိ အောင်မြင်ခဲ့တာက တကယ့်ကို မှတ်သားစရာပဲ"

"ကျနော်တို့ စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ ကျင့်စဥ်က သူ့လောက်တောင် မကောင်းဘူးလား"

အဘိုးအိုက သူ့အား အဆောင်လက်ဖွဲ့တစ်ခု ကပ်ပေးလိုက်သည်။

"ငါတို့ရဲ့ စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အမွေက ပြင်ပကမ္ဘာထက် ပိုအစွမ်းထက်တယ်.... ဘုရင်အစစ်ဆီက အမွေရခဲ့ရင်တောင် လုံလောက်မှာမဟုတ်ဘူး... ဒါပေမယ့် မင်းတို့ တရားမျှတတဲ့ ကွင်းထဲမှာ တိုက်နိုင်မှာမဟုတ်ဘူး...သူ့ဘက်က ကြိုးဆွဲချ တစ္ဆေကို ယဇ်ပူဇော်လိုက်ရင် မင်းတင်မကဘူး ငါတောင် ဒုက္ခရောက်လိမ့်မယ်..."

ဝူရှဲ့၏ ခန္ဓာကိုယ်သည် သေးငယ်သော မြင်းမျက်နှာတစ္ဆေ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ဘေးမှာ မတ်တပ်ရပ်ပြီး ခြေသလုံးလောက်သာ အရပ်မြင့်တာကြောင့် မော့ကြည့်ရင်း။

"သူက ဆရာတူအစ်ကိုကြီးကိုတော့ မယှဉ်နိုင်ပါဘူး"

အဘိုးအိုက ပြုံးပြီးပြောလေသည်။

"ကျုံးဝူဝမ့်ရဲ့ ခွန်အားက ငါ့ထက်သာလွန်တယ်... သူက ရှားပါးတဲ့ အရည်အချင်းရှိပြီး ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်တစ်ယောက်... မွေးရာပါ တာအိုသန္ဓေသားကို လက်ခံရထားပြီ သူ့ရဲ့ မသေနိုင်တဲ့ အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

သူသည် ဝါးတိုင်ကို မြှောက်ကာ ကူးတို့လှေကို ညင်သာစွာ လှုပ်ယမ်းသည်။ လှေအောက်ဘက်တွင် မြစ်ငယ်တစ်ခု ဖြစ်ပေါ်လာပြီး အပြင်ဘက်သို့ ဆန့်ထွက်သွားသည်။ လှေသည် မြစ်ငယ်၏နောက်တွင် ပိုကြီးသော မြစ်ကြီးတစ်ခုနှင့် ပေါင်းစည်းရာ ပိုကြီးသောမြစ်အတိုင်း လိုက်ပါသွားခဲ့သည်။

မြစ်ကမ်းအနီးသို့ လှေများစွာ ချဉ်းကပ်လာကာ တစ်စင်းစီက မရဏတမန်များကို သယ်ဆောင်လာကြသည်။ ရုတ်​တရက်​ပင်​ သူတို့သည်​ တိုက်​ကြီး၏ နက်​နဲရာဆီသို့ မြစ်​ငယ်​တစ်​ခုနောက် ​မောင်းနှင်​သွားကြသည်​။ လှေများမှ အလင်းတန်းများသည် တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ သရဲတစ္ဆေများစွာကို ထိတ်လန့်စေပါသည်။

"အစ်ကို... မင်း ဘာကိုရှာနေတာလဲ"

ကလေးနှင့်တူသော အဖိုးအိုသည် တစ္ဆေတမန်ကို ရပ်ခိုင်းလိုက်ပြီး မေး၏။

လူ့ခန္ဓာကိုယ်နှင့် နွားဦးခေါင်းပါသော တစ္ဆေတမန်က ပြန်ဖြေသည်။

"ကျုပ်တို့ မရဏတမန်တွေက ရှရှိုးတဲရဲ့ ကွပ်ကဲမှုအောက်က တမန်တွေပါ... အလိုရှိတဲ့ ရာဇ၀တ်ကောင်ကို လိုက်ဖမ်းနေကြတာ..."

သူသည် ပုံတစ်ပုံကို ပွတ်ဆွဲကာ လှန်လိုက်သည်။ လူတစ်ဦး၊ လှည်းတစ်စင်းနှင့် ခွေးတစ်ကောင်ကို ပြသလာခဲ့သည်။

"အစ်ကို မြင်ဖူးလား"

ကလေးလို အဘိုးကြီး၏ နှလုံးခုန်သံလည်း ပြင်းထန်သွားသည်။ ပုံက အကြမ်းဖျင်းဖြစ်ပြီး သူတို့ရဲ့မျက်နှာတွေကို ပုံဖော်ရခက်ပေမယ့် ပုံသဏ္ဌာန်က အနှစ်သာရကို ဖမ်းယူနိုင်လောက်အောင် ရှင်းပါ၏။ ပုံထဲကလူက ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာရှင်တစ်ယောက်လိုပါပဲ။ ခွေးနက်သည် ခြေနှစ်ချောင်းပေါ် လျှောက်သွားနိုင်ကာ သစ်သားလှည်းတွင် လက်နှစ်ဖက်နှင့် ပါးစပ်ကြီး ပါရှိသည်။

ကလေးရုပ်နဲ့ အဘိုးအိုက ပြုံးပြသည်။

“ရာဇ၀တ်ကောင် ဘယ်မှာလဲဆိုတာ ငါသိတယ်”

သူက သစ်သားလှေတွေနဲ့ ရွက်လွှင့်ခဲ့တဲ့ တစ္ဆေတမန်တွေကို လမ်းညွှန်ပေးလိုက်သည်။

"ဒါဆို ချန်ရှီက မရဏတမန်ကို စော်ကားမိနေပြီပေါ့... အခု ချန်ရှီ ငါတို့ရှေ့ကို ရောက်လာမှာ စိတ်ပူနေစရာ မလို​တော့ဘူး"

ဖုရှန်းမြို့

ချန်ရှီ: "ဖုရှန်းမြို့သားတွေ တောင်ပေါ်ကို တတ်နိုင်သမျှ မြန်မြန် ပြောင်းရွှေ့ပြီး လယ်မြေတွေ စိုက်ပျိုးကြရမယ်.. အနီးနားက တခြားရွာသားတွေကိုလည်း ပြောင်းရွှေ့နိုင်အောင် စာသင်သားတချို့ကို ခေါ်ပြီး တောင်ပေါ်ကို လွှတ်လိုက်ပါ... သူတို့ကို ရွာမှာ မသေသွားစေနဲ့... အန္တရာယ်ကြုံရင် ဘုရင်လင်ကွမ်းကို ခေါ်လိုက်... သူ တုံ့ပြန်လိမ့်မယ်"

တာအိုယွီက သူ့ကို ကျေးဇူးတင်ကြောင်း ဂါဝရပြုလာသည်။

ချန်ရှီသည် ဟေးကော်နှင့် သစ်သားလှည်းကို ခေါ်ကာ ဖုရှန်းမြို့မှ ထွက်ခွာသွားခဲ့သည်။ လှည်း မိုင်တစ်ရာကျော် ခရီးနှင်ပြီးနောက် ချန်ရှီ နောက်သို့ လှည့်ကြည့်လိုက်သည်။ လရောင်အောက်တွင် နေရောင်တွေ ဖြာထွက်နေသော မီးနန်းတော်တောင်မှလွဲ၍ တခြား တောင်များနှင့် မြစ်များသည် မှုန်မှိန်နေသည်။ မြင့်မားသောနတ်ဘုရားတစ်ဆူသည် ၎င်း၏တောင်ထွတ်ထိပ်တွင် ထိုင်နေကာ အနီရဲရဲဝတ်လုံသည် ၎င်းနောက်တွင် မိုင်ပေါင်းဒါဇင် ပေါင်းများစွာအထိ ရှည်လျားကာ အကာအကွယ် ပေးထားသည်။

ဘုရင်လင်ကွမ်းသည် သူ့အကြည့်ကို သတိပြုမိသွားသလိုပင် လှည့်ကြည့်လာကာ အဝေးကနေ လက်ဝှေ့ယမ်းလိုက်သည်။

"စစ်မှန်တဲ့ ဘုရင်ငယ်လေးကတော့ စိတ်ဝင်စားစရာကောင်းတဲ့လူပဲ... ညီအစ်ကိုတို့ မင်းတို့ နိုးလာတဲ့အခါ သူ့ကို သွားတွေ့ကြမယ်"

ဘုရင်လင်ကွမ်း နတ်ကွန်းများကို ကြည့်လိုက်ရာ ထိုရုပ်ပုံများသည် နတ်ကွန်းများပေါ်တွင် ရပ်နေဆဲဖြစ်ပြီး ရယ်မောပျော်ရွှင်စွာ စကားပြောနေကြသကဲ့သို့ သူ့မျက်လုံးများရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ထိုကာလတွင် မဟာမင်လူမျိုးများသည် အနောက်နွားရှင်းကျိုးသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ အမှောင်ပင်လယ်၌ မုန်တိုင်းဒဏ်ခံရသော ရေတပ်သင်္ဘောတစ်စင်းသည် ၎င်း၏စီစဉ်ထားသည့် လမ်းကြောင်းမှ လမ်းကြောင်း ပြောင်းသွားခဲ့သည်။

ရှင်းရှန်တွင် ဆင်းသက်ရမည့်အစား မိုင်ထောင်ပေါင်းများစွာ လမ်းလွဲခဲ့ပြီး ကုံကျိုး တောင်ဘက် လင်ကျိုးသို့ ရောက်ရှိခဲ့သည်။ မုန်တိုင်းကြောင့် သူတို့ရဲ့ ရတနာသင်္ဘောကြီး ပျက်စီးသွားခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရသည်။ သို့သော်လည်း ထိုအချိန်က လင်ကျိုးပြည်နယ်သည် လူမနေသော နယ်မြေဖြစ်နေဆဲဖြစ်ပြီး နတ်ဆိုးများ လွှမ်းမိုးထားပါသည်။

ဤမင်စစ်သားများသည် ၎င်းတို့၏ သင်္ဘောပေါ်ရှိ လူများကို ကာကွယ်ရန် သွေးထွက်သံယို တိုက်ပွဲများကို ဆင်နွှဲခဲ့ကြရသည်။ သူတို့၏ ဉာဏ်အမြော်အမြင် အဆုံးတွင် စစ်သားတစ်ယောက်သည် လက်ကောက်ဝတ်ကို လှီးဖြတ်ကာ မှောင်မိုက်၍ မြေသြဇာကောင်းသော မြေကြီးပေါ်တွင် သွေးများကို ယဇ်ပူဇော်ပြီး ဘုရင်လင်ကွမ်းနှင့် ဝိညာဥ်အရာရှိ ငါးရာတို့ကို အကူအညီပေးရန် တောင်းဆိုခဲ့သည်။

သူ့အသွေးက ခြောက်သွားတော့မှာ ဖြစ်ပေမယ့် တခြားစစ်သားတွေကလည်း သူတို့ရဲ့ ဘိုးဘွားပိုင်မြေကို အုပ်ထိန်းတဲ့ နတ်ဘုရားတွေကို တညီတညွတ်တည်း ဆင့်ခေါ်ကြသည်။

ဘုရင်လင်ကွမ်းသည် ဤနက်နဲပြီး ရိုးသားသောနှလုံးသားများကို ခံစားမိသော်လည်း ထိုစစ်သားများက သူတို့ကို လမ်းပြရန်အတွက် ရုပ်ပွားတော်များ၊ နတ်ကွန်းများ သို့မဟုတ် အမွှေးတိုင်များ မရှိခဲ့ပါ။ ထက်မြက်သော စေတနာရှိသော်လည်း မဆင်းသက်နိုင်ခဲ့ပေ။

"ကျွန်ုပ်တို့ရဲ့ ကျိုးပဲ့နေသော ခန္ဓာကိုယ်ဖြင့် ကျွန်ုပ်တို့ရဲ့ နတ်မျိုးနွယ်ကို ကြိုဆိုပါတယ်"

ဦးစီးသော စစ်သားသည် မိမိကိုယ်ကို ယဇ်ပူဇော်ခဲ့သည်။ အခြားစစ်သား ရာနှင့်ချီသည် နတ်ရုပ်တုများအတွက် ယဇ်ပူဇော်ကာ ဝမ်လင်ဂွမ်နှင့် သူ့အဖော်များကို ဆင်းသက်လာရန် ဖိတ်ကြားခဲ့သည်။

ဘုရင်လင်ကွမ်း နှင့် သူ၏ကိုယ်ပွား ငါးရာတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ပိုင်ဆိုင်လိုက်ကာ ပြင်းထန်သော တိုက်ပွဲတွင် အနောက်ဘက်ကမ်းမှ နတ်ဆိုးများနှင့် နတ်ဆိုးများကို သုတ်သင်ရှင်းလင်းခဲ့သည်။

ဘုရင်လင်ကွမ်း နှင့် သူ၏အပေါင်းအဖော်များ၏ အသက်ကယ်ခဲ့သည့် ကျေးဇူးကို ကျေးဇူးတင်လျက် မင်မင်းဆက်မှ ပြည်သူများသည် ကျောက်စိမ်းဘုရင် လင်ကွမ်းမီးဘုံကျောင်းကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခဲ့ကြသည်။ ရုပ်ပွားတော်များ ဆောက်လုပ်နေချိန်တွင် ဘုရင်လင်ကွမ်းက လက်သမားဆရာများကို ဝင်တားခဲ့၏။

"ငါတို့က ဖြောင့်မတ်တဲ့ လူတွေရဲ့ အသားထဲကို ဆင်းသက်လာကြတာ... ငါတို့အတွက် ဘာလို့ နတ်ရုပ်တုတွေကို ဖန်တီးနေရတာလဲ?"

သူတို့သည် အနှစ်တစ်သောင်းကြာအောင် ထိန်းသိမ်းထားသည့် အသေသဏ္ဌာန်ဖြင့် နတ်ကွန်းပေါ်တွင် ထိုင်ခဲ့ကြသည်။

စစ်မှန်သော ဘုရင်ခေတ် နှောင်းပိုင်းတွင် ဘေးအန္တရာယ်များ ပေါများလာသည်။ သူနှင့် ဝိညာဉ်အရာရှိ ငါးရာတို့သည် ဤသူရဲများအဖြစ် ဟန်ဆောင်ကာ ကမ္ဘာကြီးကို ဆင်းရဲဒုက္ခမှ ကယ်တင်ခဲ့ပြီး ထိုမှောင်မိုက်ကာလတွင် လူသားမျိုးနွယ်၏ သက်ပြင်းချရှင်သန်မှုကို ကာကွယ်ပေးခဲ့သည်။

အနှစ်လေးဆယ်ကျော် ကြာအောင် ကြံ့ကြံ့ခံပြီး နောက်ဆုံးတော့ နေပြန်တက်လာခဲ့သည်။

သို့သော် သူတို့သည် စိတ်ပျက်ဖွယ်ကုန်းစောင်း၏ ဝိုင်းရံမှုနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။ ဝိညာဉ်အရာရှိ ငါးရာစလုံးသည် သေဆုံးသွားခဲ့ပြီး သူသာလျှင် လွတ်မြောက်ခဲ့ကာ တာအိုမျိုးရိုးကို မြှုပ်နှံရန် ကျန်ရစ်ခဲ့သည်။

"ညီအစ်ကိုတို့... ငါတို့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ကာကွယ်ဖို့ အချိန်တန်ပြီ!"

သူ့ရင်ဘတ်မှာ မီးတောက်များ တောက်လောင်သွားပြီး။

“အဲဒီစစ်သားငါးရာရဲ့ အလောင်းတွေ ပျောက်သွားပေမယ့် သူတို့ရဲ့ သွေးတွေက စီးဆင်းနေတုန်းပဲ...အရင်ဆုံး ပြည်သူကို ကာကွယ်မယ် ပြီးရင်တော့ ငါတို့ရဲ့ သွေးသားရန်ငြိုးအတွက် လက်စားချေမယ်”

သူ တိုးတိုးလေး ပြောလိုက်သည်။

ဘုံကျောင်းအထက်တွင် သူ၏ ဒေါသနှင့် တိုက်ခိုက်ရေး စိတ်ဓာတ်ကို တုံ့ပြန်သည့် အနေဖြင့် ပန်းနုရောင် အလင်းတန်းများ လင်းလက်လာသည်။

သစ်သားလှည်းပေါ်တွင် ချန်ရှီသည် ကလေးနှင့်တူသော အဘိုးအိုအကြောင်း တွေးလိုက်နေခဲ့သည်။

"ဆရာ! အဲ့အဘိုးအိုက ဧကရာဇ်ခရမ်းနန်းတော်ပညာ သုံးသွားတာလား..."

ကျူးရှို့ချိုင် ခဏလောက်စဉ်းစားပြီးမှ။

"အရမ်းဖြစ်နိုင်တယ်... ဒါပေမယ့် ဘုရင်ကျန်းရဲ့ ကျင့်ကြံခြင်းစာအုပ် ဆယ်အုပ်ကို ငါ နက်နက်နဲနဲ လေ့လာပြီးပါပြီ... ဧကရာဇ်ခရမ်းနန်းတော်ပညာကိုတော့ ထဲထဲဝင်ဝင် မလေ့လာမိသေးပါဘူး... ဆိတ်ချိုသင်္ချိုင်းစောင့်က ငါ့ကို ပြောပြပါတယ် အမတကျင့်စဥ်တွေကို ဖတ်ရှုတာက ကျင့်ကြံမှုမမြင့်ရင် သေခြင်းတရားကို ဦးတည်သွားလိမ့်မယ်တဲ့...”

ချန်ရှီ လေးလေးနက်နက် တုန်လှုပ်သွားသည်။ စစ်မှန်သော ဘုရင်ကျန်း၏ ဘဏ္ဍာတိုက်ထဲရှိ အမတကျင့်စဥ် တမျိုးမျိုးကို ဖတ်နေစဉ်တွင် သူ အကြိမ်ကြိမ် မေ့လဲသွားခဲ့ဖူးသည်။

သို့သော် ဆိတ်ချိုသင်္ချိုင်းစောင့်က သူ့ကို သတိမပေးပေ။ ဒီနတ်ဆိုးက သူ့ကို ဘဏ္ဍာတိုက်ထဲမှာ သေသွားတာကို မြင်ချင်နေတာ ဖြစ်ရမယ်။

ချန်ရှီ: "သူက ဧကရာဇ်ခရမ်းနန်းတော်ပညာကို လေ့ကျင့်နေတာ ဖြစ်ရမယ်... တစ်ချိန်က ရန်ပိလည်း ငါ့ကို တိုက်ခိုက်တုန်းက ဒီနည်းစနစ်ကို သုံးခဲ့သေးတယ်... ဒါပေမယ့် သူက အခြေခံတွေကိုပဲ သင်ယူခဲ့တာ..."

"သဘာဝဘေးအန္တရာယ်အပြီးမှာ စိတ်ပျက်ဖွယ်ကုန်းစောင်းက တောင်ကို ခုတ်လှဲပြီး ဘုံကျောင်းတွေကို ဖျက်စီးဖို့ လာတယ်လို့ ဘုရင်လင်ကွမ်းက ပြောခဲ့တယ် အဲဒါကြောင့် ဒီအဘိုးကြီးကလည်း စိတ်ပျက်ဖွယ်ကုန်းစောင်းက လာတာလို့ ကျွန်တော်ထင်တယ်..."

အမှားအယွင်း မရှိ!

သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် အရောင်လတ်လာသည်။

"စိတ်ပျက်ဖွယ်ကုန်းစောင်းက မပြီးဆုံးသေးတဲ့ အရာ​တွေကို ပြီးမြောက်အောင် လုပ်နေကုန်ပြီ.. ဟွာရှနတ်ဘုရားတွေကို ရည်စူးထားတဲ့ ဘုံကျောင်းအားလုံးကိုလည်း အပြီးအပိုင် ဖျက်စီးပစ်မှာပဲ!"

ထိုအချိန်က ဘုံကျောင်းများအားလုံး နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။ အခုမှ နေဝင်လို့ ဘုရားကျောင်းတွေ ပြန်ပေါ်လာခဲ့သည်။ ဤအရာက စိတ်ပျက်ဖွယ်ကုန်းစောင်းက ဤဘုံကျောင်းများကို ဖယ်ရှားပြီး ပြဿနာကို ဖြေရှင်းပစ်ရန် အခွင့်အရေးပေးသလိုပင်။

"ဒါပေမဲ့ ဒီဘုံကျောင်းတွေကို ဖျက်စီးဖို့ ဘာကြောင့် စိတ်ပျက်ဖွယ်ကုန်းစောင်းက ဆုံးဖြတ်ခဲ့တာလဲ..."

သူ ပဟေဋ္ဌိဖြစ်သွားသည်။

စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အခြားသော ရှုပ်ထွေးပွေလီသော ရှုထောင့်များစွာ ရှိသေးသည်။ ကောင်းကင်နားစွင့်သူများ၏ သံသယဖြစ်ဖွယ်ရာ ပေးပို့မှုကဲ့သို့သော ကမ္ဘာကို စောင့်ကြည့်သည့် ရှုထောင့်ပင်။

ဥပမာ စိတ်ပျက်ဖွယ်ကုန်းစောင်းသည် စစ်မှန်သောဘုရင်၏ ဘဏ္ဍာတိုက်မှ အမတကျင့်စဥ်ကို ဘာကြောင့် သုံးနေကြတာလဲ။ ဘုရင်ကျန်းဆီက အမွေဆက်ခံခဲ့တာလား။ ဒါမှမဟုတ် အဲဒီနည်းကျင့်စဥ်တွေကို တခြားရင်းမြစ်ကနေ ကူးချလာခဲ့တာလား။

စိတ်ပျက်ဖွယ်ကုန်းစောင်းမှာတော လျှို့ဝှက်ချက်များစွာ ရှိနေပေပြီ။

"စိတ်ပျက်ဖွယ်ကုန်းစောင်းက ဟွာရှနတ်ဘုရားမျိုးရိုးကို ဖျက်စီးပစ်ချင်နေတာ... လူဘယ်နှစ်ယောက် အသတ်ခံရမယ်ဆိုတာ ဘယ်သူသိမလဲ..."

ကလေးနှင့်တူသော အဘိုးအိုကို မည်သို့သတ်ရမည်ကို စဉ်းစားနေစဉ် ချန်ရှီ၏ မျက်လုံးများထဲတွင် လူသတ်မီးတောက်များ တောက်ပလာသည်။

သူက ကျူးရှို့ချိုင်ကို ကြည့်လိုက်ပြီး ကလေးလို အဘိုးကြီးနဲ့ ရန်ဖြစ်နေခဲ့တာကို ပြန်အမှတ်ရရင်း သူ့စိတ်တွေထဲ တုန်လှုပ်သွားခဲ့သည်။

"ဆရာ့ရဲ့ ကျင့်ကြံမှုက အရမ်းကြောက်ဖို့ကောင်းတယ် တကယ်ပဲ ရှို့ချိုင်အဆင့် ဖြစ်နိုင်ပါ့မလား"

ကျူးရှို့ချိုင်သည် လောလောဆယ်တွင် သစ်သားလှည်း၏ ခေါင်မိုးပေါ်၌ သူ့ကြိုးကို ဆွဲထားကာ လေထဲတွင် သူ့ကိုယ်သူ မြှောက်ကာ မကြာခဏ လွှင့်နေသည်။ ဒါက ပိုသက်​တောင့်သက်သာ ရှိတယ်လို့ ခံစားရလေ၏။

“ဒါပေါ့... ငါက နယ်ချဲ့စာမေးပွဲတောင် မအောင်ဘူး”

ချန်ရှီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါပေမယ့် ဆရာ့ရဲ့ အရည်အချင်းက တုနှိုင်းမရတဲ့ အဆင့်လိုပဲ... ဘာလို့ ပညာရှင်တစ်ယောက်ရဲ့ စာမေးပွဲကို မအောင်ခဲ့တာလဲ"

ကျူးရှို့ချိုင် ချီတုံချတုံနဲ့ အမှန်အတိုင်း ပြောလိုက်သည်။

"ငါ ပညာရှင်အတွက် စာမေးပွဲဖြေတုန်းက မျိုးရိုးအမည် ကျူးကိုသုံးပြီး ဖြေတာ.. ကျူးမိသားစုနာမည်က မျိုးသုဉ်းမသွားသေးဘူး.. စစ်မှန်တဲ့ ဘုရင်ရဲ့ သွေးသားဆက်နွယ်နေဆဲ ဖြစ်တဲ့အကြောင်း ကမ္ဘာကို ပြသခဲ့ပါတယ်။ စာမေးပွဲ အောင်မြင်ပြီးတဲ့ နောက်မှာတော့ ပြည်နယ်ငါးဆယ်မှာ သတင်းတွေ ပြန့်နှံ့သွားပြီး ရှီးကျင်းအထိ ရောက်သွားတယ်... အဲဒီနောက်မှာတော့ စာမေးပွဲဖြေဆိုတိုင်း ကျတာ... စုစုပေါင်း ၁၄ကြိမ်တောင်!"

ချန်ရှီသည် သူ့ဇာတ်လမ်းကို တစ်ခါမှ မကြားဖူးတဲ့အတွက် ငြိမ်ငြိမ်လေး နားထောင်​နေလိုက်သည်။

"ငါ နယ်ချဲ့စာမေးပွဲကို ဖြေဆိုပြီးတဲ့ အချိန်မှာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို မြင်တွေ့ခဲ့ရတယ်... သာမန်ပြည်သူတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို နားလည်သဘောပေါက်ပြီး သူတို့ရဲ့ စားဝတ်နေရေး ကျဆင်းလာမှုကို မျက်မြင်တွေ့ခဲ့ရတယ်... အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကဆို အဆိုးထက်တောင် ဆိုးသထက် ဆိုးလာခဲ့တာ...ကျူးမျိုးရိုးအမည်က အခုထိ ရှိနေတုန်းပဲ... ဆင်းရဲဒုက္ခတွေ အားလုံးကို ဖြေရှင်းပေးဖို့ ဘုရင်ဖြစ်စေချင်တယ်လို့ ကမ္ဘာကို သက်သေပြချင်ခဲ့တယ်... ဘုရင်ကျန်းရဲ့ အုပ်စိုးမှုကို ပြန်လည်ဖြေရှင်းဖို့၊ တရားရုံးမှာ အကျင့်ပျက်ခြစားတာကို အမြစ်ပြတ်ချေမှုန်းဖို့ ငါ့မှာ အကြံအစည်တွေမှ အများကြီးပဲ...."

စစ်မှန်သော ဘုရင်ကျန်းခေတ် အဆုံးပိုင်း၏ နောက်ကွယ်မှ အမှန်တရားကို သူလည်း သိချင်ခဲ့သည်။

ကမ္ဘာပေါ်ရှိ မည်သူကမှ ကျူးမျိုးရိုးအမည်ကို မသုံးရဲကြတော့ချေ။

"ဒါပေမယ့် ငါ စာမေးပွဲ ဆယ့်လေးကြိမ် ဖြေဆိုပြီး တစ်ကြိမ်မှ မအောင်ဘူး..."

လူကြီးမင်းကျူးသည် သူ့ကိုယ်သူ ကြိုးပေါ်တွင် ချိတ်ဆွဲထားကာ အခြားပုံပြင်ကို ပြောနေသကဲ့သို့ သူ့မျက်နှာမှာ ငြိမ်သက်နေသည်။

"ငါ့မှာ အရည်အချင်း မရှိလောက်ဘူး ထင်လို့ တိုးတက်ဖို့ကြိုးစားတယ်... လေ့ကျင့်ပြီး ပညာကို အရူးအမူး ကြိုးစားခဲ့တယ်။ စစ်မှန်တဲ့ ဘုရင်ရဲ့ဂူထဲကို ဝင်ဖို့ ငါ့အသက်ကိုစွန့်ပြီး သင်္ချိုင်းတွင်းသားရဲတွေဆီက အကြိမ်ကြိမ် အသတ်မခံရအောင် သီသီလေး ရှောင်နိုင်ခဲ့တယ်... သူတို့က ငါ့ကိုသေလုမျောပါး ဖြစ်သွားအထိ ရိုက်နှက်ပစ်လို့ ငါ နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်ထားခဲ့ရတယ်... ဒါပေမယ့် ငါ အဲ့တွားသွားသတ္တဝါတွေကို ပြန်သတ်နိုင်ခဲ့တယ်... အဲ့တုန်းက အနှစ်ငါးထောင်လောက် သစ္စာစောင့်သိသူ တစ်ယောက်က နောက်ဆုံးတော့ ကျူးမိသားစု ပေါ်ထွက်လာပြီး စစ်မှန်တဲ့ ဘုရင်ကျန်းရဲ့ သင်္ချိုင်းထဲက လွှတ်ပေးလိုက်တယ်..."

"သူပြောတာက အနှစ်ငါးထောင်လောက် စောင့်ခဲ့ပေမယ့် ကျူးမိသားစုက ဘယ်သူမှ သမာဓိမပြဖူးဘူးတဲ့... အားလုံးက နတ်ဆိုးလောကကို ထိတ်လန့်နေကြတာ... ငါပဲ ခေါင်းမာပြီး မကြောက်မရွံ့ ဒေါသကြီးနေတာ... စစ်မှန်တဲ့ဘုရင်ရဲ့ဂူဗိမာန်မှာ ဂန္ထဝင်စာအုပ်တွေကို ဖတ်ပြီး မကြုံစဖူး အောင်မြင်မှုတွေ လုပ်ခဲ့တယ်... စာမေးပွဲထပ်ဖြေရင် ကျိန်းသေအောင်နိုင်မယ်လို့ ယုံကြည်တယ်... ထပ်ဖြေတော့ စာမေးပွဲကျပြန်တယ်!"

ကျူးရှို့ချိုင်၏ မျက်လုံးများသည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။

"ငါ အဲဒီတုန်းက မဟာယာနအဆင့်ကို ရောက်နေပြီ ဒါပေမယ့် မအောင်မြင်သေးဘူး... နယ်ချဲ့ စာမေးပွဲတောင် မဖြေနိုင်ဘူး... အားကိုးရာမဲ့နေတာပေါ့... ဒါပေမယ့် ရုတ်တရက် သိလိုက်ရတာက နွေဦးစာမေးပွဲ၊ နန်းတော် စာမေးပွဲကို တုန်လှုပ်ခြောက်ခြားစေတဲ့ ငါက ငါ့မှာ ပြိုင်ဘက်မရှိတော့ဘူး"

"ဆရာ လောင်ကျစ်ကို အောင်မြင်ထားပြီပေါ့!"

ကျူးရှို့ချိုင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

"ဒါပေါ့... ငါ လောင်ကျစ်ကို ကျင့်ကြံထားတယ်... လောင်ကျစ်က နတ်ဘုရားပဲ ငါဘာမှမကြောက်ဘူး! ငါ့ကို နယ်ချဲ့ စာမေးပွဲ မအောင်ခိုင်းရင် ထိပ်တန်း ပညာရှင် ဖြစ်ခွင့် မပေးရင် ငါ ရှီးကျင်းကို ချီတက်မယ်.. မင်းတို့ရဲ့ စစ်မှန်တဲ့ ဘုရင်ကြီး ပြန်လာပြီလို့ အဲဒီလူယုတ်မာတွေကို ငါပြောမယ်... ရှီးကျင်းက တပ်ရင်းငါးရင်းကို ချက်ချင်း ရင်ဆိုင်ပြီး နတ်ယန္တရားစခန်းနဲ့ နတ်မဏ္ဍိုင်စခန်း တစ်ခုလုံးကို တစ်ချက်တည်း တစ်ချက်ချက်ချင်း ပစ်ခတ်လိုက်တယ်... ငါ ရှီးကျင်းကို ဖောက်ပြီး မြို့တွင်းက နန်းတော်ထဲဝင်တယ်... ဝန်ကြီးအဖွဲ့ထဲက ဝန်ကြီး ၁၃ယောက်စလုံးကို သုတ်သင်လိုက်တယ်!"

ချန်ရှီ လက်ခုပ်တီးလိုက်သည်။

"ကောင်းတယ်!"

ကျူးရှို့ချိုင်က ရယ်မောရင်း စကားဆက်၏။

"ကောင်းတာပေါ့... ဒီလူယုတ်မာတွေက အစိုးရကို ချုပ်ကိုင်ပြီး ငါ့ရဲ့ ကျူးမိသားစုကို ဖျက်ဆီးတာလေ... တိုင်းပြည်က သူတို့အတွက်ပဲလို့ ထင်နေကြတာ... အဲဒီလူယုတ်မာတွေက မရေမတွက်နိုင်အောင် အမျိုးအနွယ်တွေ နေရာအနှံ့မှာ ပေါက်ဖွားအောင် လုပ်ပြီး သာမန်ပြည်သူတွေရဲ့ သွေးတွေကို စုပ်ယူနေကြတာ... အားလုံးက ခေါင်းဖြတ်ခံရဖို့ ထိုက်တန်တယ် အဲဒီလူယုတ်မာတွေက တရားဥပဒေအောက်က လူဆိုးတွေကို ခွင့်လွှတ်ပြီး အမြတ်ထုတ်ကြတယ်... အဲဒီမိသားစု​တွေကို ကွပ်မျက်သင့်တယ်... ငါ သူတို့မျိုးနွယ်စု အားလုံးကို သုတ်သင်ပစ်လိုက်တယ်!"

ချန်ရှီ စိတ်လှုပ်ရှားစွာနဲ့: "ပြီးတော့ရော?"

ကျူးရှို့ချိုင် မျက်နှာက မည်းမှောင်သွားသည်။ ခဏတိတ်ဆိတ်သွားပြီးနောက်။

“ငါ့ကို နှိမ်နှင်းဖို့ စစ်မှန်တဲ့ နန်းတော်ကိုးခုကို သုံးခဲ့ကြတယ်”

ချန်ရှီရဲ့ ပါးစပ်​ထောင့်က လှုပ်သွားခဲ့သည်။

"ဒါ ဆရာ့အပြစ်မဟုတ်ဘူး... စစ်မှန်တဲ့ နန်းတော်ကိုးခုက... မသေနိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ...အမတ ရတနာတွေ... ဒီနန်းတော်ကိုးခုကို ရင်ဆိုင်ရတဲ့ စစ်မှန်တဲ့ အမတတောင် ရှုံးသွားလိမ့်မယ်..."

“နတ်ဆိုးတွေကို နှိမ်နင်းဖို့ မဟုတ်ဘဲ ကျူးမျိုးရိုး နောင်လာနောက်သား မျိုးဆက်တွေကို နှိမ်နှင်းဖို့ ဘိုးဘေးတွေက သုံးခဲ့တာ!”

ကျူးရှို့ချိုင် နာကျင်မှုကို ပြသ​ပြီး ခဏအကြာတွင်။

"ငါ နှိမ်နှင်းခံရပြီးတဲ့ နောက်မှာ မိသားစု ဆယ့်သုံးစုရဲ့ သီးသန့် ဘိုးဘွားတွေက တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ခဲ့တယ်... သူတို့က ငါ့ထက် အသက်ပိုရှည်ပြီး ငါ့ထက် ပိုမြင့်တဲ့ ကျင့်ကြံမှုလည်း ရှိတယ်... သူတို့က ငါ့ကို စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူသွားကြတာ..."

ချန်ရှီ တိတ်ဆိတ်နေခဲ့သည်။

ကျူးရှို့ချိုင်၏ အခြေအနေသည် သူ့အဖိုး ချန်ယင်တူးနှင့် ခပ်ဆင်ဆင် တူသည်။ ချန်ယင်တူး ရှီးကျင်းကို ဝိုင်းထားလိုက်သောအခါတွင် ဤဘိုးဘေးများသည် ပေါ်လာပြီး အထက်နယ်ပယ်များကို ဖော်ထုတ်ကာ ချန်ယင်တူးအား ဆုတ်ခွာခိုင်းပြီး ဟွမ်ဖောရွာတွင် အထီးကျန်စွာ နေထိုင်ခိုင်းခဲ့သည်။

"သူတို့က ငါ့ကို ခက်ခဲအောင်တော့ မလုပ်ခဲ့ကြဘူး"

ကျူးရှို့ချိုင်ရဲ့ အမူအရာက တည်ငြိမ်မှု ပြန်ရလာသည်။

"သူတို့ ငါ့ကို လွှတ်ပေးလိုက်က ရာဇ၀တ်မှုရဲ့ ဂုဏ်သိက္ခာကို မခံချင်ကြလို့... ငါအရူးလို ရှင်းကျိုးကျွန်းကို ဖြတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ လမ်းလျှောက်ထွက်ခဲ့တယ်.... ဒီကမ္ဘာရဲ့ နေရာတိုင်းက အတားအဆီးတွေကို ဖြတ်ကျော်ပြီး စုတ်ပြတ်သတ်၊ သွေးထွက်သံယို ဖြစ်ခဲ့ရတယ်... ဦးတည်ချက်နဲ့ အသက်ရှင်ဖို့ သတ္တိတွေလည်း ဆုံးရှုံးသွားတယ်..."

နောက်ဆုံးတော့ သူ့ကိုယ်သူ ကြိုးဆွဲချ​သေဖို့ ရွေးချယ်လိုက်လေသည်။

သူသည် စစ်မှန်သောဘုရင်၏ သင်္ချိုင်းအပြင်ဘက်သို့ ရောက်ရှိလာပြီး ပျော့ပျောင်းသော တောင်စောင်းတစ်ခုကို ရွေးချယ်ကာ မိုးမခပင်ဟောင်း၏ အောက်တွင် မိမိကိုယ်ကို ကြိုးဆွဲချ ဖြစ်ခဲ့သည်။

ဤကမ္ဘာကြီး မည်ကဲ့သို့ ဖျက်ဆီးခံရမည်ကို သိရန်၊ မိသားစု ဆယ့်သုံးစု၏ မငြိမ်မသက်မှုများအောက်တွင် ကမ္ဘာကြီး ယိုယွင်းပျက်စီးနေချိန်တွင် သူ၏ အေးစက်သော မျက်လုံးများဖြင့် ကြည့်ချင်သည်။

"တစ်ဆယ်လေး... မိသားစုဆယ့်သုံးစုကို စာနာစိတ်မပြပါနဲ့... သူတို့က အဲဒါနဲ့ မထိုက်တန်ပါဘူး"

နောက်ဆုံ၌ တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

All Chapters