← Chapters

ဘာလို့ ခွေးအတွက် ပွဲမဟုတ်ရမှာလဲ

Vol. 29 Ch. 413

ဘာလို့ ခွေးအတွက် ပွဲမဟုတ်ရမှာလဲ

Vol. 29 Ch. 413

ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ လှေကို သိပ်မဝေးတဲ့နေရာမှာ တွေ့လိုက်ရသည်။ လှေပေါ်ရှိ တစ္ဆေတမန်သည် မီးပုံးကိုကိုင်ကာ သရဲတစ္ဆေ စုဆောင်းခြင်းကို ရပ်လိုက်ချေပြီ။

ချန်ရှီက သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။

ဟေးကော်က အနီးနားရှိ တောင်များနှင့် မြစ်များ၏ ပထဝီဝင်အနေအထားနှင့် ပထဝီဝင်မြေပုံကို နှိုင်းယှဉ်ကာ တောင်တန်းအသစ်များကို မဆုတ်မနစ် ရှာဖွေ​နေခဲ့သည်။

သူတို့တွေ လင်ကျိုးထဲသို့ တဖြည်းဖြည်း ပိုနက်နဲလာခဲ့သည်။

သစ်သားလှည်းက ခရိုင်မြို့ကို ဖြတ်သွားတဲ့အခါ မြို့တံခါးနှင့် မျှော်စင်များက ပြိုကျခဲ့ပြီး အတွင်းအိမ်အများစုပင် ပျက်စီးသွားခဲ့တာ တွေ့လိုက်ရသည်။ မြို့ထဲမှာ သက်ရှိမရှိ၊ သရဲတစ္ဆေနဲ့ ဘီလူးအနည်းငယ်သာ ရှုပ်ယှက်ခတ်နေ၏။

ချန်ရှီ လှည်းကို အဝေးမှာ ရပ်လိုက်ပြီး ငရဲနတ်အသွင်ပြောင်းကာ မြို့ထဲသို့ လှမ်းဝင်လိုက်သည်။ ငရဲနတ်လေးတွေ တော်တော်များများကလည်း အိမ်တွေကို ပြုပြင်နေကြသည်။

"ကွမ်း ကုပ်?" ချန်ရှီ မေးလိုက်သည်။

ငရဲတဆ်လေးတွေက ပြည်တွင်းစစ်ကြီး ဖြစ်နေပြီ၊ လူတွေက မီးရှို့၊ လုယက်ပြီး ​ပြည်သူတွေကို ထွက်ပြေးရအောင် လုပ်လို့ မြို့ကို တဖြည်းဖြည်း စွန့်ထုတ်ပစ်လိုက်​ကြတယ်လို့ ပြောပြပါ၏။

"အနီးနားက တောင်တွေ ဒါမှမဟုတ် ဘုရားကျောင်းတွေ မြေပြင်ကနေ ရုတ်တရက် ထွက်လာတာကို တွေ့မိ​သေးလား"

"ဟိုမှာ ဘယ်က ပေါ်လာမှန်းမသိတဲ့ ဘုရားကျောင်းတော့ ရှိတယ်!"

ဤငရဲနတ်လေးများသည် ကြင်နာတတ်ပြီး သူ့အတွက် လမ်းညွန်ပြပြီး

"နတ်သစ်သားခရိုင် ရောက်တဲ့အထိ ဒီလမ်းအတိုင်း ဆက်သွားလိုက်...အဲ့မှာ မင်းသားယွဲ့ဘုံကျောင်းကို တွေ့လိမ့်မယ်"

ချန်ရှီ သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီး အလှူငွေတချို့ ပေးလိုက်သည်။ သူ့မှာ ပိုက်ဆံတွေ အများကြီးရှိနေတာကို မြင်တော့ စုပြီး လုယက်ဖို့ ကြံစည်ကြတော့သည်။

"ငါတို့က သူဌေးအတွက် အလုပ်လုပ်ရင်း ပိုက်ဆံရှာရတာ.. ဘုရားဖြစ်ဖို့ ဘယ်တော့မှ လုံလောက်တဲ့ ပူဇော်သက္ကာတွေ ရနိုင်မှာလဲ စဥ်းစားကြည့်... ငါတို့လည်း သူ့ဆီက လုယက်လို့ရတယ်!"

သူတို့ရဲ့ အစီအစဉ် ပြီးသွားပါပြီ။ သံမဏိကောက်ဆွများ၊ မီးဖိုချောင်သုံး ဓားများနှင့် ခက်ရင်းများကို ကိုင်ဆောင်ကာ မြို့ပြင်သို့ ပြေးထွက်လာကြသည်။ သို့သော် ချန်ရှီရဲ့လှည်းက မြန်လွန်းပြီး ပျောက်ကွယ်သွားတာဖြင့် ကြာလှပြီ။

လူငယ် ငရဲနတ်များသည် မြို့ထဲသို့ စိတ်ပျက်စွာ ပြန်လာရင်း အချင်းချင်း အော်ဟစ် ညည်းညူကုန်ကြသည်။ ရုတ်​တရက်​ဆိုသလို ငရဲနတ်တစ်​​ယောက်​က ဆို၏။

"ငါတို့အားလုံးက ဆင်းရဲ​ပေမယ့်​ အလှူ​ငွေတွေ ​ပေါင်း​ပေးရင်​​တော့ ​ဆင်းရဲတော့မှာ မဟုတ်​ဘူး​နော်​"

“ဘယ်လိုလဲ”

"သူတို့အားလုံးကို သတ်လိုက်ရင် ငါတို့ ချမ်းသာပြီ!"

သူတို့ ရွှင်မြူးပြီး တိုက်ပွဲတွေ စဖြစ်ကုန်တော့သည်။

ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ သူတို့နောက်မှာ နောက်ထပ် ကူးတို့လှေပေါင်းများစွာ ပေါ်လာတာကို တွေ့လိုက်ရည်။ မီးပုံးကိုင်ပြီး လှေကို ပဲ့ကိုင်ထားတဲ့ တစ္ဆေတမန်တစ်ယောက်စီလည်း ရှိပြီး သူတို့နောက်မှ အေးအေးဆေးဆေး လိုက်လာနေကြ၏။

အနည်းငယ် မျက်မှောင်ကြုတ်ကာ ဆက်သွားလိုက်သည်။ ယင်နဲ့ယန်ဘုံများ ပေါင်းစည်းပြီးနောက် မြေပြင်အနေအထားသည် ယခင်ကထက် ဆယ်ဆမှ ဒါဇင်များစွာအထိ ကျယ်ပြန့်လာပြီး မြေမျက်နှာသွင်ပြင်သည် အလွန်ရှုပ်ထွေးလာသည်။ ကံကောင်းထောက်မစွာပဲ အဘွားရှား၏ မရဏကမ္ဘာမြေပုံနှင့် တောင်များ၊ မြစ်များနှင့် ပြည်နယ်များ မြေပုံက သူ့ကို လမ်းမပျောက်ကွယ်အောင် ကူညီ​ပေးခဲ့သည်။

တခြားဘယ်သူမဆို ဒီအခြေအနေမှာ လုံးလုံးလျားလျား လမ်းပျောက်သွားပေလိမ့်မည်။ အရှေ့အနောက်ကိုတောင် မပြောနိုင်လောက်တော့ချေ။

ချန်ရှီ နတ်သစ်သားခရိုင်သို့ ရောက်သောအခါတွင် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ၎င်း၏အရိပ်သည် မိုင်တစ်ရာကျော်အထိ ဖြန့်ကျက်ထားကာ တကယ့်ကို အံ့ဩစရာ ကောင်းပေသည်။

နတ်သစ်သားခရိုင်သည် ပေတစ်ထောင်မြင့်ပြီး ပေသုံးရာထူသော ၎င်း၏မြင့်မြတ်သော သစ်ပင်ကြောင့် နာမည်ကြီးနေတာ ဖြစ်ရမည်။ ၎င်းကို ဝိုင်းဖို့ လူသုံးရာလောက် ​​ခေါ်ယူရလိမ့်မည်။

သို့သော် မရဏကမ္ဘာတွင် သစ်ပင်၏ ဘုန်းအာနုဘော်က အလွန်ကြီးမား လွန်းတာကြောင့် အပေါ်ကို တက်လိုက်ရင် လကို ထိနိုင်လောက်တယ်လို့ပင် ခံစားမိနိုင်သည်။ သစ်ပင်အောက်တွင် ကြီးမားပြီး မထိမခိုက်သေးသော လွင်ပြင်တစ်ခုရှိသည်။

တစ်ခုတည်းသော အတက်အဆင်းများမှာ မြေကြီးပေါ် ကုပ်တွယ်ထားသော သစ်ပင်၏ အမြစ်များဖြစ်သည်။ တခါတရံတွင် ဤအမြစ်များသည် မြေနဂါးကြီး လှည့်ပတ်သွားသကဲ့သို့ ပတ်ဝန်းကျင်မြေကို တုန်ခါသွားစေသည်။

ဤနေရာသည် မြေသြဇာကောင်းပြီး ဆယ်မိုင်တိုင်းတွင် ရွာများရှိသည်။ ချန်ရှီ ရပ်တန့်ပြီး ကွယ်လွန်သွားသော ကလေးများအား မေးခွန်းတချို့ မေးကာ မင်းသားယွဲ့ဘုံကျောင်းဆီသို့ ဦးတည်သွားခဲ့သည်။

ထိုစဥ် ကျူးရှို့ချိုင်ဆီက အသံ ကြားလိုက်ရသည်။

"တစ်ဆယ်လေး မင်းသားယွဲ့ဘုံကျောင်းမှာ ကိန်းဝပ်နေတဲ့ နတ်ဘုရားက ယွဲ့ဝူမု ဖြစ်နိုင်တယ်.. ဒီနတ်ဘုရားနဲ့ ပတ်သက်တဲ့ တရားဝင်မဟုတ်တဲ့ သမိုင်းကြောင်းတချို့တော့ ငါဖတ်ဖူးတယ်..."

ယွဲ့ဝူမု၏ နောက်ကျောတွင် ထိုးထားသော "သစ္စာစောင့်သိမှုဖြင့် နိုင်ငံကို အစေခံမည်" ဟူသော ကမ္ပည်းသည် သူ့ဘဝ၊ မြောက်ပိုင်း လေ့လာရေးခရီးစဥ်၊ ကျူးရှန်းမြို့၏ ရှုံးနိမ့်မှု၊ ရွှေတံဆိပ် ဆယ််နှစ်ခုနှင့် ဖုန်းဖော့မဏ္ဍိုင်တို့ကို ကိုယ်စားပြုလေသည်။

“သူရဲ့ တုနှိုင်းမယှဉ်နိုင်တဲ့ သစ္စာစောင့်သိမှုနဲ့ ရဲစွမ်းသတ္တိကြောင့် သူ သေဆုံးပြီးနောက်ပိုင်း ရိုသေတာ ခံရတယ်.. ပြည်သူတွေဆီက ထာဝရ ကိုးကွယ်တာလည်း ခံရတယ်...”

ချန်ရှီလည်း အကြာကြီး နားထောင်နေခဲ့သည်။

"ဒီမင်းသားယွဲ့သာ ရှင်ပြန်ထမြောက်ခဲ့မယ်ဆိုရင် သူသေချာပေါက်... နယ်မြေကို စောင့်ရှောက်နိုင်လိမ့်မယ်... ဒါပေမယ့် ယွဲ့ဝူမုရဲ့ လုပ်ရပ်တွေအကြောင်းကို ဘာလို့ ပုံပြင် ဒဏ္ဍာရီတောင် မရှိခဲ့ရတာလဲ..."

ကျူးရှို့ချိုင်: "အဲ့သမိုင်းကြောင်းကို လက်ဆင့်ကမ်းနေတော့ရော ဘာထူးလဲ... သစ္စာစောင့်သိမှုနဲ့ ကိုယ်ခံပညာတွေအကြောင်း ကမ္ဘာကို သင်ပေးဖို့လား... မိသားစုဆယ့်သုံးစုက သစ္စာမဲ့ပြီး သိက္ခာမဲ့တယ် အဲဒါကြောင့် ယွဲ့ဝူမုရဲ့ ဇာတ်လမ်းကို လက်လျှော့လိုက်ရတာ... မဟုတ်ရင် အဲဒါက သူတို့ကိုယ်သူတို့ ပါး​ပြန်ရိုက်သလို ဖြစ်နေမှာ မဟုတ်ဘူးလား..."

ထိုအချိန်တွင် အရိုးနဂါးရထားလုံးကြီးသည် ကျယ်ပြောလှသော လွင်ပြင်ကိုဖြတ်၍ သွားလာနေသည်။ ရုတ်တရက် အလင်းတန်းတစ်ခု ထွန်းလင်းလာကာ ရထားလုံးကို ဆွဲထုတ်သော အရိုးနဂါးလေးကောင်သည် အသွေးအသား၊ အတွင်းအင်္ဂါများ၊ အကြေးခွံများ၊ ချပ်ဝတ်တန်ဆာများနှင့် ပါးသိုင်းမွေးများ လျင်မြန်စွာ ကြီးထွားလာသည်။ မြင့်မားသောနဂါးဟောက်သံနှင့်အတူ နတ်သစ်သားခရိုင်ဆီသို့ ပြေးလာကြသည်။

ရှရှိုးတဲသည် ရထားလုံးပေါ်တွင် မှုန်ကုပ်ကုပ်ဖြင့် ထိုင်နေသည်။ သူ့လက်ကို ဖြည်းညှင်းစွာ လှုပ်ရှားလိုက်ရာ လှိုင်းလုံးကြီးဖြင့် နောက်ထပ် မရဏတမန် နှစ်ဖွဲ့ ဘယ်ဘက်နှင့် ညာဘက်တွင် တစ်လုံး ဖြန့်ကျက်ကာ ချန်ရှီရှိသော တည်နေရာဆီသို့ ပြေးထွက်သွားလေသည်။

လင်ကျိုးသည် ရွှီမိသားစု၏ နယ်မြေဖြစ်သည်။ ရှမိသားစု၏ မရဏတမန် အနေဖြင့် လင်ကျိုး အတွင်းသို့ ဝင်ရောက်ပြီး လူများကို မသတ်မီ ရွှီမိသားစုကို ဦးစွာ အသိပေးသင့်သည်။ သို့သော် နောက်ဆုံးတွင် ချန်ရှီနှင့်ပတ်သက်သည့် သတင်းကို သူရရှိခဲ့သည်။ သူသာ ရွှီမိသားစုနဲ့ အရင်ညှိနှိုင်းခဲ့မယ်ဆိုရင် ချန်ရှီ ဟိုးအရင်ကတည်းက ထွက်ပြေးသွားလောက်ပြီ။

ထို့ကြောင့် ဦးစွာအစီရင်ခံရန် ဆုံးဖြတ်ပြီး နောက်ပိုင်းတွင်မှ သတင်းပို့ရန် ဆုံးဖြတ်ခဲ့သည်။

သစ်ပင်အောက်တွင် ကောင်းကင်နားစွင့်သူ မြောက်မြားစွာသည် အတောင်ပံခတ်ကာ မြေပြင်ပေါ်သို့ ပျံတက်သွားကြသည်။ သူတို့သည် အမျိုးမျိုးသော အချက်အလက်များကို စုဆောင်းခဲ့ကြပြီး နောက်ဆုံးတွင် ဒေသခံ ကျွင်းကျူအဆင့် လူငယ် ဝူရှဲ့သို့ ပေးပို့ခဲ့သည်။

"ဆရာ.... တွေ့ပြီ!"

ဝူရှဲ့ စိတ်လှုပ်ရှားစွာ ခုန်ထကာ သစ်ပင်ပေါ်သို့ ပျံသန်းသွားရာ မကြာမီ ပေထောင်ချီမြင့်သော အမြင့်သို့ ရောက်သွားခဲ့သည်။

"ဆရာ... နောက်ထပ် ဘုံကျောင်းတစ်ခုကို ရှာတွေ့ပြီ!"

သစ်ရွက်ပေါ်မှာ ရပ်နေတဲ့ ကလေးလို အဘိုးအိုဟာ မရဏတပ်မှုး ရှရှိုးတဲ သူ့လူတွေကို ခေါ်ကာ ချန်ရှီကို ကြားဖြတ်တားဆီးဖို့ လုပ်​နေတာအား ကြည့်ရင်း ပြုံးပြလိုက်သည်။

"ရှမိသားစုက ချန်ရှီကို ကြားဖြတ်ဟန့်တားရင် အဲ့နတ်ဘုရားကို ချေမှုန်းဖို့ ငါတို့လှုပ်ရှားမယ်.... ဘယ်သူမှ ငါတို့ကို အနှောက်အယှက်ပေးမှာ မဟုတ်ဘူး"

သူ၏ပစ်မှတ်မှာ မင်းသားယွဲ့ဘုံကျောင်း ဖြစ်သည်။ ချန်ရှီက သရဲတစ္ဆေငယ်များဆီက သတင်းအချက်အလက် တောင်းခြင်းအပေါ် အားကိုးကာ သူကတော့ ကောင်းကင်နားစွင့်သူမှ စုဆောင်းရရှိသော အချက်အလက်များကို အားကိုးနေခဲ့သည်။

ဝူရှဲ့က သူ့ထံချဉ်းကပ်ပြီး။

"ဆရာ... မင်းသားယွဲ့ဘုံကျောင်းက မဝေးပါဘူး အခု အမြန်ကူးပြီး နတ်ဆိုးမျိုးစေ့ကို စိုက်လိုက်ကြရအောင်.. အပင်ပေါက်လာရင် အားလုံး နတ်ဆိုးစွမ်းအင်အဖြစ် ပေါင်းစည်းသွားလိမ့်မယ်....အဲ့ကျရင် မင်းသားယွဲ့ရဲ့ နတ်တန်ခိုးနဲ့ နတ်ဘုရားကိုလည်း နတ်ဆိုးစွမ်းအင်အဖြစ် ပြောင်းလဲပေးလိမ့်မယ်... ဒီနည်းနဲ့ အနာဂတ် ပြဿနာတွေကိုလည်း ဖယ်ရှားပစ်နိုင်​လောက်တယ်"

ကလေးလို အဖိုးအိုက ပြုံးပြသည်။

"မင်းသားယွဲ့က ​​ရက်တစ်ရာ နတ်ဆိုးအသွင်ပြောင်းတာကို ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာတဲ့လဲ..."

ဆရာနှင့်တပည့်သည် လှပစွာ ဆင်းသက်လာပြီး ကျွင်းကျီက ဦးဆောင်ကာ မင်းသားယွဲ့ဘုံကျောင်းဆီ အမြန်ထွက်သွားခဲ့သည်။

ချန်ရှီ၏ အမူအရာသည်လည်း ပို၍ လေးနက်လာသည်။ သူသည် သစ်သားလှည်းပေါ်မှ စာလုံးများအားလုံးကို ရုတ်တရက် အသက်သွင်းလိုက်ရာ လှည်းက တဖြည်းဖြည်း အရှိန်ရလာသည်။ ဘီးများသည် မြန်သည်ထက်မြန်ပြီး တိမ်များက ၎င်းတို့အောက်မှ ထွက်လာပြီး လှည်းကို မြေပြင်မှ ရုတ်သိမ်းလိုက်သည်။

လှည်းအောက်မှာ မိုးခြိမ်းသံတွေ တဟုန်းဟုန်း တောက်လောင်နေ၏။ သစ်သားလှည်းရဲ့ အရှိန်က သိသိသာသာ တိုးလာပြီး ရှေ့ကို ပြေးထွက်သွားသည်။

သူတို့နောက်မှာတော့ အဆုံးမရှိတဲ့ လွင်ပြင်မှာ ရှည်လျားတဲ့ မြစ်ချောင်းတွေ ကျန်ခဲ့သည်။ များပြားလှသော မရဏတမန်များကလည်း ဝါးတိုင်များကို ကိုင်ဆောင်ကာ လှေများကို ပဲ့ကိုင်လိုက်ကြသည်။ လှေအောက်မှာ အဆုံးမရှိသော မေ့ပျောက်​ခြင်း မြစ်ကြီးကိုလည်း ဖြန့်ချထားသေး၏။

ရုတ်တရက် မြင်းမျက်နှာတစ္ဆေများက အော်ဟစ်ပြီး လှေကလေးပေါ်က ကောင်းကင်ဝိညာဉ်မီးအိမ်ကို မြှောက်လိုက်သည်။ တောက်ပသော အလင်းတန်းသည် ကမ္ဘာကို ဖောက်ထွင်းဝင်ရောက်ကာ ချန်ရှီအပေါ်သို့ စူးစူးဝါးဝါးဖြင့် လင်းလက်သွားသည်။

ကလေးဝိညာဥ်မီးအိမ်သည် စိတ်ဝိညာဉ်များကို ဖမ်းယူရန် အထူးထုတ်လုပ်ထားသည့် မရဏတမန်များ အသုံးပြုသော မှော်လက်နက် တစ်ခုဖြစ်သည်။ အလင်းရောင် တစ်ချက်တည်းဖြင့် တွန်းလှန်ရန် စွမ်းအားမဲ့သွားစေသည်။ အကယ်၍ အလင်းရောင်ကို ထိမိပါက ၎င်းတို့၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ကာ ချက်ချင်း ဖမ်းယူနိုင်မည်ဖြစ်ပြီး မယုံနိုင်လောက်အောင် ထိရောက်သော လှုပ်ရှားမှုဖြစ်သည်။

အလင်းရောင်ကြောင့် ချန်ရှီသည် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရသဖြင့် သူ့ကိုယ်သူ အရှိန်ပြင်းပြင်း ထိန်းလိုက်ရသည်။

ကူးတို့လှေတစ်စင်းစီပေါ်တွင် နွားခေါင်းများ၊ မြင်းမျက်နှာတ​စ္ဆေများနှင့် ငရဲနတ်များ အပါအဝင် မျိုးနွယ်အသီးသီးမှ တစ္ဆေတမန်များသည် ၎င်းတို့၏ ကောင်းကင်ဝိညာဉ်မီးအိမ်ကို မြှောက်ကာ ချန်ရှီအပေါ်၌ တညီတညွတ်တည်း ထွန်းတောက်ပစ်၏။

ချန်ရှီ၏ဝိညာဉ် ပြင်းထန်စွာ တုန်လှုပ်သွားကာ မတည်ငြိမ်နိုင်တော့ပေ။ သစ်သားလှည်းပေါ်မှ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ် နှစ်ခုစလုံး လွင့်ပါသွားသည်။

မရဏတမန် တော်တော်များများလည်း ထိတ်လန့်သွားကြသည်။ ခန္ဓာပေါင်းစည်းနယ်ပယ် မပြောနှင့် အလောင်းသုံးကောင်ကို သတ်နိုင်တဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်တောင်မှ ကလေး ကောင်းကင်ဝိညာဉ်မီးအိမ်ရဲ့ အလင်းရောင်ကြောင့် သူတို့ခန္ဓာကိုယ်ကနေ ဝိညာဥ်က ခွဲထွက်သွားရလိမ့်မည်။

သို့သော် ချန်ရှီသည် ကောင်းကင်ဝိညာဉ်မီးအိမ်များစွာ၏ တပြိုင်နက်တည်း တိုက်ခိုက်တာကို ခံနိုင်ရည်ရှိပြီး သူ့ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အစိုင်အခဲ အစုလိုက်အပြုံလိုက်အဖြစ် ကျန်ရှိနေကာ ခွဲခွာသွားမယ့်လက္ခဏာ လုံးဝ မပြလာပေ။ သစ်သားလှည်းက ရှေ့သို့ဟောက်ကာ ချန်ရှီကိုဖမ်းရန် အဆင်သင့် ဖြစ်နေသည်။

ဟေးကော်ကလည်း မရဏတမန်များဆီသို့ ဦးတည်သွားလေသည်။ ပြေးရင်း ဟောက်ရင်းဖြင့် သူ့ကိုယ်လုံး ဖောင်းလာသည်။ ခြေလှမ်းအနည်းငယ် ကြာသောအခါ ၎င်းသည် ဟော့သော်တစ်ကောင်အသွင် ​ပြောင်းကာ ရှေ့ခြေသည်းကို မြှင့်လိုက်ပြီး ၎င်း၏ကူးတို့လှေနှင့်အတူ ပျံသန်းလာနေသော မရဏတမန်ကို ရိုက်ချပစ်လိုက်သည်။

၎င်းသည် လှေများကို အထပ်ထပ် ရိုက်ချရင်း မဆုတ်မနစ် အားသွင်းခဲ့သည်။

မြင်းမျက်နှာတစ္ဆေက မြေပြင်ပေါ်သို့ လဲကျကာ ခြေလှမ်းရာပေါင်းများစွာ ဆက်တိုက် ဆုတ်သွားခဲ့ရသည်။ သူ လက်ဆန့်လိုက်ရာ ပေတစ်ရာရှည်သော နတ်ဘုရားအလောင်းတော်သည် ၎င်းဆီသို့ ဝါးတိုင်တစ်ခု ပစ်ပေးလိုက်၏။ အနှီ ဝါးလုံးသည် လခြမ်းပုံသဏ္ဌာန်ရှိသော ဓားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ၎င်း၏လက်ကိုင်အရှည်မှာ ပေတစ်ရာ၊ ဓားရှည်မှာ ပေနှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက် ရှိလေ၏။

မြင်းမျက်နှာနတ်ဆိုးက လက်နှစ်ဘက်လုံးတွင် လခြမ်းပုံသဏ္ဍာန်ဓားကို ကိုင်လျက် ဟေးကော်ဆီသို့ ပြေးလာသည်။ သူသည် လက်ကို မြှောက်ကာ လှည့်ပတ်ကာ တိုက်ခိုက်ရင်း သူ၏ ပြင်းထန်သော အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်ကို ပြသခဲ့သည်။ နောက်ဆုံး မျဉ်းစောင်းဓားချက်က အထူး အားကောင်းလှသည်။ ဓားစွမ်းအင်သည် ကောင်းကင်ကို ထိုးထွင်းဖောက်ဝင်ကာ ၎င်းသွားရာ လမ်းကြောင်းတိုင်းက ကျောက်တုံးများကို ကွဲအက်သွားစေသည်။

ဟေးကော် အကြိမ်ကြိမ် ရှောင်တိမ်းခဲ့သော်လည်း နောက်ဆုံးထိုးနှက်မှုကို လုံး၀ မရှောင်နိုင်ခဲ့ပါ။ ဓားက ရင်ဘတ်ကို ထိမှန်ပြီး သွေးများ ချက်ချင်း ထွက်ကျလာသည်။ သို့သော် နတ်ဆိုးမီးကို မှုတ်ထုတ်လိုက်တာကြောင့် မြင်းမျက်နှာနတ်ဆိုးလည်း လောင်ကျွမ်းသွားခဲ့သည်။

မြင်းမျက်နှာနတ်ဆိုး နောက်ပြန်ကျသွားကာ မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အပိုင်းပိုင်း ကွဲအက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် အခြား မရဏတမန်များက မတ်တပ်ရပ်ကာ လက်ကို မြှောက်လိုက်ကြသည်။ ဝါးလုံးများသည် လှံများ၊ ချိတ်များ သို့မဟုတ် သံမဏိခက်ရင်းခွများအဖြစ်သို့ ပြောင်းလဲကာ ၎င်းတို့၏လက်ထဲ ဆင်းသက်လာကြသည်။ လူသတ်ချင်နေသော ကြံရွယ်ချက်အပြည့်ဖြင့် ပေရာနှင့်ချီ ရှည်လျားသော နတ်ဝိညာဥ်များကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။

သူတို့၏ ဦးခေါင်းထက်တွင် ၎င်းတို့၏ သက်ဆိုင်ရာ ကောင်းကင်ဝိညာဉ် မီးပုံးများက တဟုန်ထိုး တက်လာကာ ဟေးကော်ရဲ့ ဝိညာဥ်ကို အဆက်မပြတ် ဗုံးကြဲကာ ဟန်ချက်ပျက်သွားအောင် လုပ်နေသည်။

ရုတ်တရက်ဆိုသလို ဟေးကော်သည် အနက်ရောင်တောင်ကြီးတစ်ခုကဲ့သို့ ၎င်း၏ခြေထောက်များဆီသို့ ဖြည်းဖြည်းချင်း ရွှလိုက်ရာ ၎င်းကိုဝန်းရံထားသော နတ်ဆိုးမီးက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေသည်။

သံကြိုးကို ဆွဲယူလိုက်သည်နှင့် လခြမ်းပုံသဏ္ဌာန်ရှိသော ဓားသည် သံကြိုးနောက် ပါလာကာ ၎င်း၏ ဆုပ်ကိုင်မှုထဲ ဆင်းသက်လာခဲ့သည်။

မရဏတမန် များ အံ့အားသင့်သွားကြသည်။ ဟော့သော်က ခြေနှစ်ချောင်း ထောက်ပြီး တိုက်ခိုက်နိုင်သေးတာလား။ ဒါ သူတို့ အရင်က မကြားဖူးတဲ့ အရာပဲ။

သူတို့သည် မှော်လက်နက်တစ်ခုစီကို ကိုင်ကာ အော်ဟစ်သံများဖြင့် ရှေ့သို့ ပြေးသွားကြသည်။ ဟေးကော် လခြမ်းပုံသဏ္ဌာန်ဓား တစ်ချောင်းနှင့် သံကြိုးတစ်ချောင်းကို ဆွဲထုတ်ကာ ၎င်းတို့အားလုံးကို တစ်ချိန်တည်းမှာ တိုက်ခိုက်​နေခဲ့သည်။

နတ်လက်နက်များ ထိပ်တိုက်ရင်ဆိုင်နေတာကြောင့် ခဏလေးအတွင်းမှာပဲ သွေးတွေက နေရာအနှံ့ ပြန့်ကြဲသွားတော့သည်။ မရဏတမန်တို့၏ နတ်လက်နက်များသည် ဟေးကော်၏ ကြီးမားလှသော စွမ်းအားများနှင့် တိုက်မိကာ ၎င်းလက်ဆစ်များမှ သွေးများ တိတ်တဆိတ် ထွက်ကျလာကြသည်။

ဟေးကော် ခန္ဓာကိုယ်သည်လည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သွေးများ စီးကျနေပါသည်။ သူ့နောက်ကျောမှာ ဒဏ်ရာတွေက အမြောက်အမြားဆုံး၊ နက်နဲပြီး ထင်ရှားတဲ့ အသားစတွေတောင် ထွက်နေ၏။ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကာကွယ်ထားသော်လည်း ၎င်း၏ အတွင်းအင်္ဂါများကို ဖောက်ထွက်လုနီးပါး ဒဏ်ရာတစ်ခုကလည်း ရထားသေးသည်။

မီးလောင်ကျွမ်းထားသော အလောင်း ၃ လောင်း မြေပြင်ပေါ်တွင် လဲကျနေသည်။ ဤရုပ်အလောင်းသုံးခုကို နတ်ဆိုးမီး သံကြိုးများဖြင့် ချည်နှောင်ထားသည်။ နတ်စွမ်းအားများက သူတို့ကို တားဆီးပေးထားပေမယ့် အလူးအလဲ ခံစားလိုက်ရသေးသည်။

ကျန်ရှိသော မရဏတမန် ၇ယောက်ဟာ ဟေးကော်ကို ဖြည်းညှင်းစွာ လှည့်ပတ်​နေကြသည်။ ရုတ်​တရက်​ ​နောက်​ထပ်​ ​အော်​ဟစ်​သံ​နဲ့အတူ မရဏတမန် ခုနစ်​ပါးတို့သည်​ ​ရှေ့သို့ခုန်​ထွက်​ကာ ​နေရာအသီးသီးမှ ​ရောက်​လာ​လေသည်​။

နောက်ထပ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတဲ့အခါ ဟေးကော်က ၎င်းတို့ကို တစ်ဖန် ပြန်မောင်းထုတ်ခဲ့သည်။ ဟေးကော် ဒူးထောက်လုနီးပါး ဖြစ်နေပါပြီ။ ညာဘက်ခြေထောက်က အရွတ်တွေ စုတ်ပြဲလုနီးပါးဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့သာ ပြည့်နှက်နေပါ၏။

နောက်ထပ်အလောင်း နှစ်လောင်း မြေပြင်ပေါ် လဲကျသွားသည်။ ဟေးကော် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရင်း စုတ်ပြတ်နေသော လခြမ်းပုံသဏ္ဌာန်ဓားကို ပစ်ချလိုက်သည်။ သူ၏ မှော်စွမ်းအား ဖြာထွက်ကာ ဓားသွားနှစ်ချောင်း မြေပြင်မှ ခုန်တက်သွားသည်။

ဟေးကော် ခြေထောက်တစ်ဖက်ကို ထောက်ကာ တဖြည်းဖြည်း နှိမ့်ချကာ ခြေတစ်ချောင်းကို ကွေးကာ နောက်တစ်ဖက်ကိုတော့ တစ်ဝက်တစ်ပျက်သာ ကွေးလိုက်သည်။ ဟေးကော် ဒေါသတကြီးအော်ရင်း နောက်တစ်ယောက်ရှေ့မှာ ဓားသွားကို ဝေ့ချလိုက်သည်။

သူရဲ့ နှစ်တွေတစ်လျှောက် သင်ယူခဲ့သမျှဟာ အချည်းနှီးမဖြစ်ခဲ့ချေ။ ကျန်တဲ့ မရဏတမန်ငါးယောက်လည်း ထပ်ပြီး တုန်လှုပ်သွားကြ၏။

တစ်ချိန်တည်းမှာပင် နောက်ထပ် မရဏတမန် နှစ်ဦးသည် ဘယ်ဘက်နှင့် ညာဘက်တွင် ပေါ်လာကာ သစ်သားတွန်းလှည်းဆီသို့ ဦးတည်သွားပြီး ချန်ရှီကို တွန်းထုတ်လိုက်သည်။

တစ်ယောက်က ဦးဆောင်ပြီး သူ့လက်ကိုဆန့်လိုက်ရာ သူ့ခါးပတ်ကြိုးက လွင့်ထွက်သွားသည်။ ကြိုး ကောင်းကင်က ဆင်းလာစဥ် ချန်ရှီကို လှမ်းကိုက်တော့မယ့် မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ထိုစဥ် ချန်ရှီရဲ့ နတ်တစ္ဆေနယ်မြေ ၆၄ခု အားပျော့သွားသည့်အပြင် နတ်စာလုံး စွမ်းအင်တွေလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ချန်ရှီ ရောက်သွားချိန်မှာတော့ စွမ်းအား မရှိတော့ချေ။ ချန်ရှီ သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် ထားပြီး တွန်းလှန်တော့မည့် အခိုက် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာကာ သူ့ကို ထပ်မံ ပျံသန်းစေလိုက်​ပြမ်သည်။

တစ္ဆေတမန်အဖွဲ့ နှစ်ဖွဲ့သည် ဝါးတိုင်များကိုဆွဲကာ လှည့်ပတ်နေပြီး အမျိုးမျိုးသော မှော်လက်နက်များအဖြစ် ပြောင်းလဲ​နေကြသည်။ ချန်ရှီရဲ့ ဝိညာဉ်ကို ဆွဲထုတ်နိုင်အောင်လည်း ကောင်းကင်ဝိညာဉ်မီးအိမ်ကို အသည်းအသန် သုံးနေကြသည်။ သူတို့ အသီးသီးသည် ၎င်းတို့၏ မှော်လက်နက်များကို ကိုင်ဆောင်ကာ တိုးမြင့်လာသော ချန်ရှီကို ခုတ်ထစ်ကြလေသည်။

ထိုအချိန်တွင် အလင်းတန်းကြီးတစ်ခု ရုတ်တရက် လင်းလက်လာပြီး မရဏတမန်များအပေါ် အနှံ့အပြား လွှမ်းခြုံသွားသည်။ အဆက်မပြတ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တစ္ဆေတမန်တွေရဲ့ ဝိညာဉ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ကုန်သည်။ သူတို့ရဲ့ ခြေဖနောင့်တွေသာ မြေကြီးပေါ်မှာ ဆက်နွယ်နေခဲ့ပြီး ချန်ရှီကို မသတ်နိုင်ခဲ့ပါ။

ဒါဇင်နဲ့ချီတဲ့ တစ္ဆေတမန်တွေဟာ သူတို့ရဲ့ ဝိညာဉ်တွေကို ငြိမ်သက်အောင် လုပ်ရင်း သူတို့ရဲ့ ရုပ်ခန္ဓာတွေဆီ ပြန်ပြေးကြသည်။ သစ်သားတွန်းလှည်းပေါ်ရှိ ခေါင်မိုးအောက်တွင် ဆိုင်းငံ့ထားသော ကျူးရှို့ချိုင်သည် ဆိတ်ချို ကောင်းကင်ဝိညာဉ်မီးအိမ်အား ကိုင်ကာ ခုန်တက်လာပြီး ချန်ရှီရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။

သစ်သားတွန်းလှည်းသည် ရှေ့သို့ ပြေးသွားပြီး ပြုတ်ကျနေသော ချန်ရှီကို ဖမ်းကာ တစ္ဆေတမန်များ၏ ဝိုင်းရံမှုကို ရှောင်ရှားရင်း ရှေ့သို့ အရှိန်မြှင့်လိုက်သည်။

"လူသေကောင်တွေကို ထိန်းဖို့ အချိန်တန်ပြီ!"

ကျူးရှို့ချိုင်က ဆိတ်ချို ကောင်းကင်ဝိညာဉ်မီးခွက်ကို မြှောက်လိုက်ပြီး။

"အနောက်နွားရှင်းကျိုးရဲ့ မရဏကမ္ဘာကို ငါတို့ ကျူးမိသားစုက တည်ထောင်ထားတာ... မင်းတို့က ပုန်ကန်ရန် စီစဉ်နေတာလား"

တစ္ဆေတမန်အဖွဲ့နှစ်ဖွဲ့က သူ့ကို လျစ်လျူရှုထားကြ၏။ တစ်ယောက်က သူ့ကို တိုက်ခိုက်ခဲ့ပြီး ကျန်တစ်ယောက်က ချန်ရှီဆီ ​ပြေးထွက်သွားသည်။

သူတို့ရွေ့လျားလာစဉ် မရေမတွက်နိုင်သော ဓားစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး မိုင်ဒါဇင်ပေါင်းများစွာကို ဖုံးလွှမ်းနေသော ဓားစွမ်းအင်ပင်လယ်ကြီး ဖြစ်ပေါ်လာကာ ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့သွားခဲ့သည်။

"တစ်ဆယ်လေး... ယွဲ့ဝူမုကို သွားနှိုးလိုက်... ငါ သူတို့ကို ကိုင်တွယ်ထားလိုက်မယ်!"

ချန်ရှီသည် သစ်သားတွန်းလှည်းပေါ်တွင် ရပ်ကာ နောက်ဆုံးတွင် သူ၏ မငြိမ်မသက်သော ဝိညာဥ်ကို ထိန်းနိုင်သွာခဲ့သည်။ သူ ရှေ့ကို လှမ်းကြည့်လိုက်ရာ ကောင်းကင်သို့ တည့်တည့်ပစ်နေသည့် အလင်းတန်းများကို ရုတ်တရက် တွေ့လိုက်ရသည်။ နတ်ဆိုးပန်းများပွင့်ပြီး နတ်ဆိုးမျိုးစေ့များကို ကျဲချနေခြင်းပင်။

"ဒီကလေးလို အဘိုးအိုက မင်းသားယွဲ့ဘုံကျောင်းကို ဖျက်စီးချင်နေတာပဲ!"

ချန်ရှီ ဒေါသထွက်သွားသည်။

သစ်သားလှည်းသည် မင်းသားယွဲ့ဘုံကျောင်းဆီသို့ တည့်တည့်သွားနေသော်လည်း ၎င်း၏နောက်ဆုံးပန်းတိုင်သို့ မရောက်ရှိမီ နတ်ဆိုးနယ်မြေထဲ ထိုးကျသွားမည့်နှယ် သစ်သားလှည်းဟာ တဟုန်ထိုး မြန်လာသည်။

ရုတ်​တရက်​ မြင့်​မား​သော နဂါး​ဟောက်​သံကို ကြားလိုက်​ရသည်​။ ချန်ရှီ အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ သူ့သူငယ်အိမ်များ တင်းကျပ်လာလေ၏။ နဂါးနက်လေးကောင်က အဖိုးတန်ရထားလုံးတစ်စီးကို လှည်းထက် မြန်အောင် ဆွဲတင်လာနေတာကို မြင်လိုက်ရသည်။

ရထားလုံးအတွင်းတွင် အရပ်ရှည်ရှည်၊ ဦးထုပ်ဆောင်းကာ ခါးပတ်ကျယ်ကျယ်ကို ဝတ်ဆင်ထားသည့် ရှေးခေတ်အဘိုးကြီးတစ်ဦး ထိုင်နေသော်လည်း သူ့ခန္ဓာကိုယ်မှာ ရွှေရောင်တောက်နေသည်။ နတ်ဘုရား ဖြစ်ရမည်။

သူ့ခေါင်းနောက်မှာတော့ ကြည်လင်နေတဲ့ ရေကန်တစ်ခုလို ကျယ်ပြောလှတဲ့ အတုအယောင် နယ်မြေကြီးတစ်ခုက လွင့်ပျံနေသည်။

ချန်ရှီ အံကြိတ်ကာ ရှောင်သွမ့်ကို ခေါ်ထုတ်လိုက်သည်။

"ရှင်မ... မင်းအစ်မကို ခေါ်ထုတ်လိုက်!"

ရှောင်သွမ့် ဘုံကျောင်းငယ်လေးကနေ ဆင့်ခေါ်လိုက်တာနဲ့ အနက်ရောင် နဂါးလေးကောင် သူမဆီ ဦးတည်လာနေတာကို တွေ့လိုက်ရတော့သည်။

"အစ်မ? ငါ့မှာ အစ်မ တကယ်ရှိလို့လား"

သူမသည် တိုက်ပွဲအတွေ့အကြုံမရှိ၍ ရှုံးနိမ့်သွားခဲ့သည်။ အရင်တုန်းက ချန်ရှီကို ဆင့်ခေါ်တဲ့အခါ သူမဟာ တစ်ကြိမ်တစ်ခါလောက် ရိုင်းစိုင်းစွာ တိုက်ခိုက်ခဲ့ဖူး၏။ ယခုမူ ထိုနဂါးနက်လေးကောင်သည် အလွန်ရက်စက်သည်ကို မြင်လိုက်ရသဖြင့် သူမလက်များကို လျင်မြန်စွာ ဝှေ့ယမ်းကာ ရှေ့သို့ အားသွင်းလိုက်သည်။

အနက်ရောင်နဂါးများသည် သူမနှင့် မတိုက်မိပါ။ ယင်းအစား ၎င်းတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များကို အဝေးမှ လှုပ်ယမ်းကာ မယုံနိုင်လောက်အောင် ထက်မြက်သော အစွန်းအထင်းများကို ဝေ့ဝဲကာ သူမဆီသို့ ဖြတ်ပြေးလာသည်။

"နင်က အသုံးမကျဘူး ငါလုပ်မယ်!"

ရှောင်သွမ့်သည် သူမပါးစပ်မှ အခြားသူ၏ အသံကို ကြားလိုက်ရသဖြင့် အံ့သြစွာ အော်လိုက်မိသည်။

နတ်သမီးရှောင်သွမ့်သည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းထားပြီး ကျောက်စိမ်းနှင့်တူသော လက်ဖဝါးကို မြှောက်ကာ လက်ချောင်းများကို ဖြန့်လိုက်သည်။ နဂါးအကြေးခွံများ သူမနံဘေးက ဖြတ်သွားစဥ် လက်ချောင်းများက နဂါးနက်များကို ထိုးဖောက်ပစ်သည်။ နဂါးလေးကောင် နာကျင်စွာ တွန့်လိမ်သွားရာ နဂါးနက် ရထားလုံးကြီးလည်း ရုတ်တရက် ထိန်းမနိုင်သိမ်းမရ တလဲ့လဲ့နှင့် လှိမ့်သွား၏။

"မင်း ငါ့ရှေ့မှာ သက်တောင့်သက်သာ ထိုင်နိုင်မယ်လို့ ထင်နေသေးလား"

ရထားလုံးဆီသို့ လျှောက်သွားရင်း နတ်သမီးလေး၏ မျက်နှာမှာ မည်းမှောင်နေသည်။

"ငါ မကြာသေးခင်ကမှ အရမ်း စိတ်ဆိုးနေတာ!"

All Chapters