← Chapters

ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်သောစွမ်းအင်

Vol. 29 Ch. 414

ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်သောစွမ်းအင်

Vol. 29 Ch. 414

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မရဏတပ်မှုး ရှရှိုးတဲသည် နဂါးနက် ရထားလုံးကို ဖြိုချပြီး လေထဲတွင် ရပ်လျက် နတ်သမီးအား အေးစက်စွာ စိုက်ကြည့်နေလေသည်။

"မင်းက ဘယ်သူလဲ?"

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့၊ အကန့်အသတ်မရှိသော နတ်တန်ခိုးဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းသည် မြေအောက်ကမ္ဘာတွင် ထောင်စုနှစ်များအတွင်း စုဆောင်းထားသော အင်အားတစ်ခု ဖြစ်သည်။ သူ့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိတော့သော်လည်း ဤထူးခြားသော စွမ်းအင်မှ အတုယူထားသော ရွှေရောင်ပုံစံသည် သူ၏ ယခင်အောင်မြင်မှုများကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

"မင်းဖြေစရာ မလိုပါဘူး... မင်းဘယ်သူပဲ ဖြစ်​နေပါစေ သေရမှာပဲ"

သူ၏ ကွန်ဖြူးရှပ်လို ရုပ်သွင်သည် ခမ်းနားသော အမွှေးအကြိုင်က ဖန်တီးထားပြီး ဧကရာဇ်မင်ကျင့်ကျင့်စဥ်ဖြင့် အသက်သွင်းခဲ့သည်။ စာလုံးတိုင်းသည် ပုံးတစ်ပုံးကဲ့သို့ ကြီးမားသည်၊ တောက်ပပြီး တက်ကြွသည်၊ သူ့စကားလုံးများသည် စွမ်းအားများဖြင့် စီးဆင်းနေသည်။ စကားလုံးတစ်လုံးစီသည် နတ်ဝိညာဥ်နယ်မြေ သို့မဟုတ် တာအိုဘုံကျောင်း တစ်ခုကဲ့သို့နီးပါးဖြစ်ကာ နတ်သမီးရှောင်သွမ့်ကို နှိမ်နှင်းတော့မလိုပင်။

ရှရှိုးတဲသည် ရလဒ်ကိုမြင်ရန် စိတ်မ၀င်စားဘဲ ချန်ရှီဆီသို့ ရိုးရှင်းစွာ လျှောက်သွားခဲ့သည်။ သူဟာ ရလဒ်ကို မြင်ရန် မလိုအပ်ပါ။ သူ့လုပ်ရပ်က ရလဒ်တစ်ခုပဲ ရှိသည်။

ဆိုလိုတာက ဒီမိန်းမ သေရမည်။

ဧကရာဇ်မင်ကျင့်ကျင့်စဥ်၏ စွမ်းအားကြောင့် ဇာတ်ကောင် (တောင်) ကို တောင်ကြီးတစ်ခု ဖြစ်ပေါ်လာစေကာ (ရေ) သည် တဟုန်းဟုန်း ရေလွှမ်းမိုးသွားကာ (မီး) အက္ခရာက မီးတောက်လောင်နေသော နယ်မြေတစ်ခု ဖြစ်လာစေသည်။

ဥပမာအားဖြင့် (ရေ) သည် အလွန်ထူးဆန်းသော စွမ်းအားကို အသုံးချနိုင်သည်။ ၎င်း၏ နယ်ပယ်အတွင်းတွင် ရေငွေ့သည် လူတစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဖြည့်ပေးသည်။ ထို့အတူ (မီး) သည် ၎င်း၏ နယ်ပယ်အတွင်းရှိ လူတစ်ဦး၏ အစိတ်အပိုင်းတိုင်းကို အတွင်း၌ဖြစ်စေ၊ အပြင်တွင်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်ကို ခွဲခြား၍မရဘဲ တစ်ပြိုင်နက်တည်း လောင်ကျွမ်းစေမည် ဖြစ်သည်။

ဤကျင့်စဥ်ဟာ "ဧကရာဇ်မင်ကျင့်စုစည်းမှု" တွင် စုဆောင်းထားသော အဆင့်အမြင့်ဆုံး ကျင့်စဥ်ဖြစ်သည်။ "ကျင့်ကြံခြင်းစာအုပ် ဆယ်အုပ်"ထဲတွင် မပါဝင်သော်လည်း ၎င်းရဲ့အဆင့်က များစွာနိမ့်ကျခြင်း မရှိပေ။

ရုတ်တရက်ဆိုသလိုပင် ရှရှိုးတဲ ရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ဖွဲ့စည်းထားသော စာလုံး တစ်ခုစီသည် ၎င်း၏စွမ်းအားကို စွန့်လွှတ်ခါနီးတွင် ရှိနေသည်ကို တွေ့လိုက်ရသော်လည်း မအောင်မြင်သေးပေ။

၎င်းတို့က ငြိမ်သက်နေကြသည်။

ရှရှိုးတဲ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ တိတ်ဆိတ်နေသော အမျိုးသမီး၏ မျက်နှာကို စိုက်ကြည့်နေသည်။

“မင်းက ဘယ်သူလဲ”

အသံနက်ကြီးဖြင့် မေးလိုက်သည်။

သူသည် ချီးရှာဘုံကျောင်းက အမတနတ်သမီးကို အသိအမှတ်မပြုသလို ချန်ရှီကို အထင်ကြီးခြင်းလည်း မရှိခဲ့ပါ။ ရှီးကျင်းက ချန်ရှီ၏ အနှောက်အယှက်သည် စကားမပြောနိုင်သော ကိစ္စမျှသာ ဖြစ်သည်။

နတ်သမီးရှောင်သွမ့်က အကြောင်းမပြန်ဘဲ အစွမ်းထက် စာလုံးများကို ဖြတ်ကျော်သွားကာ သူမလက်သည် ပန်းခူးနေသည့် အမူအရာအား ပြုလုပ်နေသည်။

ရှရှိုးတဲအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူမလက်ဖဝါးဆီသို့ အလိုအလျောက် ပျံသန်းသွားသည်။

"ဝုန်း!"

ခိုင်ခံ့သော နံရံနှင့် တိုက်မိသွားသကဲ့သို့ သူ့ရဲ့ ရွှေကိုယ်ထည်ကြီး ကွဲကြေလုနီးပါး ဖြစ်သွားသည်။

"ဟမ့် မင်းရဲ့ရွှေရောင်ကိုယ်ထည်က ဖျက်ဆီးလို့မရတဲ့ဟာပဲ!"

အမျိုးသမီးရဲ့ အသံက ပဲ့တင်ထပ်သွားသည်။

ရှရှိုးတဲလည်း နတ်တန်ခိုး အားလုံးကို ဆင့်ခေါ်လိုက်မှ ဤထူးဆန်းသော အနှောင်အဖွဲ့မှ လွတ်မြောက်သွားခဲ့သည်။ ဟောက်သံနှင့်အတူ သူက ကျင့်ကြံမှုကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ ဂန္ထဝင်များ၊ သမိုင်းဝင် စာသားများနှင့် အမျိုးမျိုးသော စုဆောင်းမှုများမှ စာသားများ ထူထပ်စွာ ထုပ်ပိုးထားကာ သူ၏ ရွှေရောင်ကိုယ်ထည်၏ မျက်နှာပြင်ပေါ်တွင် ထူးထူးခြားခြား အသွင်သဏ္ဌာန်များ ပေါ်လာသည်။

သူ့ရွှေရောင်ကိုယ်ထည်သည် မထင်မှတ်ဘဲ အမြင့်သို့ ရုတ်ချည်း ရောက်ရှိသွားသည်။ သူသည် လက်သီးနှင့်ခြေတို့ကိုသာ လက်နက်အဖြစ် ပြင်းပြင်းထန်ထန် လှုပ်ယမ်းကာ တိုက်ခိုက်လိုက်သည်။ လက်သီးတစ်ချက်က မိုင်တစ်ရာကျော်ကို လှိုင်းလုံးတွေ လွှတ်ချလိုက်ပြီး အရှိန်ပြင်းပြင်း ကန်သွင်းချက်က တောင်တွေနဲ့ မြစ်တွေကို ဖြိုခွဲပစ်နိုင်ပါ၏။

နတ်သမီးရှောင်သွမ့်ကတော့ ထိုတိုက်ခိုက်မှုများကို အားသိပ်မစိုက်ထုတ်ဘဲ မည်မျှပင် မြန်ဆန်နေပါစေ အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ ရှရှိုးတဲ အမူအရာ ပြောင်းလဲသွားပြန်သည်။ ရုတ်တရက် သူ့ညာလက်က လျှပ်တပြက် ပေါက်ကွဲသွားပြီး လက်သီးက လွင့်ထွက်သွားသည်။

အရွယ်အစားအမျိုးမျိုး ကွဲအက်မှုများသည် သူ၏ရွှေရောင်ကိုယ်ထည်အနှံ့ ပေါ်လာသည်။ နှစ်ထောင်ပေါင်းများစွာ နံ့သာပေါင်း၏ စွမ်းအင်မှ အတုယူ၍ ထူးခြားသော ခွန်အားဖြင့် ထုလုပ်ထားသော သူ၏ မြင့်မြတ်သော ရွှေကိုယ်ခန္ဓာသည် ဤမိန်းကလေး၏ တွန့်ထုတ်မှုကို မခံနိုင်ခဲ့ချေ။

နားမလည်နိုင်သော အကြောက်တရားတစ်ခု သူ့အတွင်းစိတ်ထဲ တိုးဝင်လာသည်။ သူဟာ အရှင်ဖုန့်ယန်အတွက် လက်စားချေရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အရှင်ဖုန့်ယန် အသတ်ခံရပြီး ရှမိသားစု၏ အနာဂတ်ခေါင်းဆောင်လည်း သေဆုံးသွားခဲ့သည်။ ဤစကားများ ပျံ့နှံ့သွားပါက ရှမိသားစု၏ ဂုဏ်သိက္ခာ လုံးဝ ညှိုးနွမ်းသွားလိမ့်မည်။

ယခုမူ ရှမိသားစု၏ ဂုဏ်သတင်းကို သူ ဂရုမစိုက်တော့ပါ။ အချိန်မရွေး သူ့ဝိညာဉ် ကွဲသွားနိုင်တယ် ဆိုတဲ့ သတိပေးချက်က ဝင်လာပြီမလို့ သူဘယ်လိုရှေ့ပြေး၊ နောက်ဆုတ်ရမယ် ဆိုတာ မသိရင် ဒီမိန်းကလေးက သူ့ရဲ့ရွှေရောင်ကိုယ်ခန္ဓာကို ဖြိုခွဲပြီး သူ့ဝိညာဉ်ကိုပါ ချေမှုန်းပစ်နိုင်ဖွယ်ရှိပါသည်။

သေခြင်းတရားက သူ့အတွက် ကြောက်စရာကောင်းသော အရာမဟုတ်ပေ။ သေပြီးနောက်တွင် သူသည် အမွှေးနံ့သာကို စုပ်ယူ၍ မရဏာနိုင်ငံ၌ နတ်ဘုရားအဖြစ် ဆက်လက်နေထိုင်နိုင်သည်။ သူသည် ရုပ်ခန္ဓာ၏ သာယာမှု ကင်းမဲ့သော်လည်း သူ၏ ရွှေရောင်ကိုယ်ခန္ဓာသည် မပျက်မစီး ရှိနေဦးမည်ဖြစ်သည်။

ယခုမူကား သေခြင်းတရားကို ကြောက်လာ၏။ ဒီမိန်းကလေးက သူ့ကို ပျော့ဖတ်လို ရိုက်နှက်နိုင်ခဲ့သည်လေ။

သူ့လက်အောက်ငယ်သားတွေကို အကူအညီတောင်းချင်ပေမယ့် ကြိုးဆွဲချပညာရှင်ဟာ ကျင့်ကြံခြင်း စာအုပ်ဆယ်အုပ်ထဲက နည်းစနစ်တွေကို သုံးနေကြောင်း အလျင်အမြန် သဘောပေါက်လိုက်၏။ တစ္ဆေတစ်ကောင်သည် သူ့လက်အောက်ငယ်သား ဒါဇင်ပေါင်းများစွာကို မြှုပ်ပစ်ခဲ့သည်။

ပညာရှင်သည် စာအုပ်ဆယ်အုပ်ကို လေ့ကျင့်ထားခဲ့သည်။ ၎င်းတို့ထဲမှ ကျင့်စဥ်က တစ်ခု နှစ်ခုတည်းမဟုတ်ဘဲ ၎င်းတို့အားလုံးကိုပင်။

သူသည် လျှို့ဝှက်ဆန်းကြယ်သော ရွှန်ဝေးဓားကျမ်း၊ အတိဒုက္ခငယ်ကျင့်စဥ်၊ ထိုက်ကျန်း ကျောက်စိမ်းနည်းပညာ၊ ကောင်းကင်ကိုးလွှာရွှေရောင်စာအုပ်၊ ပြိုင်ဘက်ကင်း ကျောက်စိမ်းပုလဲကျင့်စဥ်နှင့် အခြားမရေတွက်နိုင်သောနည်းပညာများကို အားစိုက်ထုတ်ကာ တွန်းလှန်ထားခဲ့ရာ ၎င်းတို့ခမျာ ရှရှိုးတဲကို ကယ်တင်ရန် အချိန်မရှိတော့ပေ။

အကယ်၍ ရှရှိုးတဲသာ နောက်ထပ် အခွင့်အရေးတစ်ခု ရခဲ့ပါက ရှထျန်းကျယ်၊ အရှင်ဖုန့်ယန်အတွက် လက်စားချေရန် ဤကဲ့သို့ ဒေါသတကြီးဖြင့် အလျင်စလို ပြေးလာတော့မည် မဟုတ်ပေ။

တတ်နိုင်သမျှ ရှောင်သွားမိလိမ့်မည်။

တစ်ဖက်ကမ်းသို့ ရောက်လျှင်ပင် သစ်သားလှည်းတစ်စင်းက အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်၏။ ရုတ်တရက် ချန်ရှီသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ့ခြေအောက်က လျှပ်စီးကြောင်းကို နင်း၍ လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။

သူသည် ချန်ခွမ်းပြောင်းလဲမှုကို တပြိုင်နက် အသက်သွင်းရင်း လျှပ်စီးကြောင်းကဲ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားသည်။ လျှပ်စီးကြောင်းပေါ် လျှောက်လှမ်းလိုက်သည်နှင့် မြေကြီးက တစ်လက်မခန့် ကျုံ့သွားသလို သူ၏ အရှိန်လည်း တိုးလာသည်။

သူ့အထက်တွင် နတ်ဆိုးနယ်မြေက ပိတ်တော့မည်။ ချန်ရှီသည် ၎င်းမပိတ်ခင် အချိန်လေးမှာပဲ အရှိန်နဲ့ ဖြတ်သွားနိုင်ခဲ့သည်။

"က​​လေးပညာရှင်!"

ဝူရှဲ့သည် ချန်ရှီ အပြေးအလွှား ပြေးလာသည်ကို တွေ့လိုက်တဲ့အခါ ကြိုးစားချင်စိတ် ပြင်းပြလာသည်။

သူ့ရဲ့ကလေးလိုအဘိုးအို ဆရာသည် အခြားနတ်ဆိုးမျိုးစိတ်များကို စီစဉ်ခြင်းနှင့် နတ်ဆိုးအသွင်ပြောင်းခြင်းကို လှုံ့ဆော်ပေးသည့်အပေါ် အလုပ်များနေပြီး ဤနေရာကို အာရုံစိုက်ရန် အချိန်မရှိပေ။ ချန်ရှီဟာ မလှမ်းမကမ်းမှ ဖြတ်ပြေးသွားကာ လေထဲတွင် လျှပ်စီးကြောင်းများ၏ ဆက်တိုက် ပေါက်ကွဲသံများ ထွက်ပေါ်လာနေသည်။

ဝူရှဲ့ ချန်ရှီနောက်ကို ပြေးလိုက်သွားသည်။

"က​လေးပညာရှင်...ရပ်လိုက်!"

လျှပ်စီးကြောင်းအတိုင်း ပြေးလွှားရင်း ချန်ရှီကို အမီလိုက်ဖို့ အစွမ်းကုန်ကြိုးစားရင်း ဟက်ဟက်ပက်ပက် ရယ်မောနေသေးသည်။

"မင်း နာမည်ကြီးကို ငါကြားဖူးတာကြာပြီ... မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားကိုလည်း ငါမြင်ဖူးတယ် အဲဒါက တကယ်ကို ထူးထူးခြားခြားနဲ့ အရမ်းချီးကျူးစရာ ကောင်းတယ်... ဘုံကျောင်းထဲက ထူးဆန်းတဲ့ နတ်ဘုရားကို နိုးထဖို့ မင်း ဒီကို အပြေးလာတာမလား"

သူ့ခေါင်းနောက်မှာ ရွှေရောင်ဝင်းတစ်ခု ရုတ်တရက်ထလာပြီး သူ့ရဲ့ မှော်စွမ်းအားတွေ ထိုးတက်လာသည်။ သူက လက်ကို ဆန့်ပြီး ရှေ့ကို လှမ်းဆွဲလိုက်သည်။

"ဒါပေမယ့် ငါဒီမှာ ရှိနေရင်တော့ မင်းအောင်မြင်မှာ မဟုတ်ဘူး!"

ချန်ရှီခေါင်းထက်တွင် အလင်းတန်းတစ်ခု ပေါက်ကွဲသွားပြီး ရွှေရောင်များ ဝင်းလက်နေသည်။ ရွှေနန်းတော်အတွင်း၌ ဆယ်ဧကခန့်ရှိသော နတ်ဝိညာဥ်က အပြုံးတစ်ခုနဲ့အတူ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချန်ရှီကို ဖမ်းဆုပ်ရန် လက်ဆန့်လိုက်သည်။

ဝူရှဲ့ရဲ့ ကျင့်စဥ်က အလွန်ထူးခြားသည်။ သူ့လက်ကို ဆန့်လိုက်သောအခါ ရွှေစက်ဝန်းထဲရှိ အမတနတ်ဘုရားလို အရိပ်သည် သူ့အမူအရာအတိုင်း ရောင်ပြန်ဟပ်ကာ လိုက်လာခဲ့သည်။

သို့သော် ရွှေနန်းတော်မှ ထွက်ပေါ်လာသော အမတလက်သည် ရှုပ်ထွေးနက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိနေသည်။ ၎င်း၏ လက်ငါးချောင်းအောက်တွင် ဒြပ်စင်ငါးပါး၏ နက်နဲသောအရာများကို တိုတိုတုတ်တုတ် ရေးထိုးထား၏။ ချန်ရှီမှာ သူ့အတွင်းအင်္ဂါများ မီးလောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။ အာရုံငါးပါး ပိတ်မိသွားပြီး သူ၏အသံနှင့် အရောင်ငါးမျိုး ချို့ယွင်းသွားသည်။

၎င်းက အမတကျင့်စဥ် တစ်ခုဖြစ်တာကြောင့် နားလည်နိုင်အောင် ရုန်းကန်နေရသည်။

ချန်ရှီသည် မိုးခြိမ်းသံကို နင်းလိုက်ကာ ကြီးမားသော လက်ငါးချောင်းကြားမှ ခုန်ထွက်သွားပြီး လေကို မထိုးဖောက်မီ တစ်ချက်စီ ရှောင်လိုက်သည်။

ဝူရှဲ့က သူ့အား မဆုတ်မနစ် ပြုံးပြနေဆဲ။

"မင်း အကြီးတန်းအစ်ကို ကျွမ်းဝူကျို့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားအောင် လုပ်နိုင်တယ်... ဆရာတူညီမလေး ဝမ်းဝူယွီနဲ့လည်း သရေကျခဲ့တယ်လို့ ငါကြားတယ်... ငါ့ဆရာပ မွေးရာပါ တာအိုသန္ဓေသားလောင်း မရှိရင်တောင် မင်းရဲ့ လျင်မြန်တဲ့ တိုးတက်မှုနဲ့ အံ့ဩစရာကောင်းတဲ့ လိုက်လျောညီထွေမှုကို ချီးကျူးထားတယ်... ငါတို့ဘာလို့ မတိုက်ကြည့်ရမှာလဲ?"

သူသည် သူ့လက်ရှည်များကို လှန်လိုက်ပြီး ရွှေနန်းတော် စွမ်းအင်တွေက သူ့အင်္ကျီလက်ထဲမှ တပြိုင်နက် ခုန်ထွက်သွားသည်။ အင်္ကျီလက်များသည် အချိန်နှင့် နေရာလွတ်ကို ဖွင့်ထားပုံရသည်။ ကျောက်ဆောင်များ၊ သစ်ပင်များ၊ ကောက်ပဲသီးနှံများ ပျံဝဲကာ အင်္ကျီလက်များထဲသို့ ပြုတ်ကျလာကာ မီးလောင်၊ ကွဲအက်ကာဖြင့် ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

အင်္ကျီလက် ဟင်းလင်းဖိုကဲ့သို့ပင် ချန်ရှီကို စုပ်ယူကာ အတွင်းဘက်သို့ ဆွဲယူလိုက်လေသည်။

ဝူရှဲ့က ပြုံးပြီးပြော၏။

"မင်းကို တွေ့ဖူးတဲ့သူတိုင်းက အရမ်းချီးကျူးတယ်... နောက်ဆုံး မင်းငါ့ဆရာကို တိုက်ခိုက်တော့ သူကလည်း မင်းကို အရမ်းချီးကျူးတယ်... ဒါပေမယ့် ဒီနေ့မြင်ရသလောက်တော့ မင်းက ဒီလောက်ပါပဲ... မင်းငါ့ကို တရားမျှတတဲ့ ရန်ပွဲမျိုးမှာ မတိုက်ရဲဘူး အဲဒါကြောင့် ဆရာတူအစ်ကို ဝူဝမ့်က မင်းနဲ့ယှဉ်ရင် တာအိုသန္ဓေသားနဲ့ ပိုလိုက်ဖက်....."

သူ စကားမဆုံးခင်မှာပဲ ချန်ရှီ ရုတ်တရတ် ရပ်သွားသည်။ သူလှည့်ကြည့်လိုက်တော့ ပြေးလွှားနေတဲ့ စာလုံး 256 လုံးသာ သူ့ပတ်ဝန်းကျင်မှာ လင်းထိန်နေ၏။ ၎င်းတို့ လင်းထိန်သွားသည့်အခိုက်တွင် အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါး ဖွဲ့စည်းခြင်းကလည်း ပြီးမြောက်သွားပါပြီ။

သူ့အနီးတစ်ဝိုက်တွင် ဟွာရှနတ်ဘုရား ၂၅၆ ပါး၏ ကြီးကျယ်ခမ်းနားသော ရုပ်ပွားတော်များသဖွယ် မြင့်မားစွာရပ်နေပြီး အမတလက်နှင့် ထိမိသွားသည့် ပြင်းထန်သော ဖျက်ဆီးခြင်းပုံစံတစ်ခုအဖြစ် မြင့်မားလာခဲ့သည်။

ဝူရှဲ့၏ သွေးများ တဟုန်ထိုး တက်လာပြီး သူ့လက်ဖဝါးများသည် ထိတ်လန့်တုန်လှုပ်သွားသည် ။ သူက ပိုလို့တောင် စိတ်လှုပ်ရှားလာပြီး

"ကောင်းလိုက်တာ... နောက်ဆုံးတော့ မင်းငါ့ကို စိန်ခေါ်ရဲတာပဲ... မင်းရဲ့ ခွန်အား အစစ်အမှန်ကို ငါတကယ် မြင်ချင်တယ်..."

ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တဲ့အခါ သူ့ပတ်ဝန်းကျင်တွင် စာလုံးများ ပိုများလာသည်။ ဟွာရှနတ်ဘုရား နှစ်ရာ့ငါးဆယ့်ခြောက်ပါးသည် လေထဲသို့ ပျံတက်သွားကာ တခြားနတ်ဘုရား တစ်ထောင်နီးပါး ပေါ်ထွက်လာကြသလို တခဏချင်းမှာပဲ ကောင်းကင်ကြီး တုန်ခါသွားကာ နတ်ဘုရားပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ မြင့်မားတဲ့ ကောင်းကင်နန်းတော်တစ်ခု ထွက်ပေါ်လာလေ၏။

ချန်ရှီက သူ့လက်ကို မြှောက်လိုက်ပြီး အောက်ကို ဖိချလိုက်သည်။ မြင်ကွင်းက ကောင်းကင်ကြီး ဇောက်ထိုးကျနေသလိုပင်။ ဤလှုပ်ရှားမှုသည် လော်ထျန်းတကျောက်မှ သူသင်ယူခဲ့သော မှော်ပညာဖြစ်သည်။

လော်ထျန်းအစီအရင်!

၎င်းကို သူပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ကာ လက်ဖဝါးဖြင့် ထိန်းချုပ်နေခဲ့သည်။ သူ့ရှေ့က ကောင်းကင်ကြီးက အက်ကွဲနေပြီး ပေါက်ကွဲတော့မယ့်ပုံပါပဲ။

ဝူရှဲ့ သူ့ဓားကို အသက်သွင်းကာ ထုတ်ပစ်လိုက်ပြီး သူ့ရဲ့ မှော်အစွမ်းအားလုံးကို မြှုပ်နှံထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှေနန်းတော် အမတသည် ပေတစ်ရာကျော် ရှည်လျားသော ကောင်းကင်မှ ဆင်းသက်လာကာ သူ့ဓားကို တွန်းထုတ်ပေးကာ လော်ထျန်းအစီအရင်အား ကြီးမားသော စွမ်းအားဖြင့် ရိုက်ခတ်ခဲ့သည်။

ဓားစွမ်းအင် ထပ်ခါတလဲလဲ ပေါက်ကွဲသွားပြီး အမတလက်ဖဝါးက တဆက်ဆက် တုန်လာ၏။ ထို့နောက် လော်ထျန်းအစီအရင်၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သူ့လက်ငါးချောင်း ကျိုးကြေသွားလေ၏။

ဝူရှဲ့ရဲ့ အငွေ့အသက်များ တုန်ခါသွားပြီး သူ့ညာလက်ငါးချောင်း ပြတ်တောက်သွားသည်။ လက်ဖျံရှိ ကြွက်သားများသည် တွန့်လိမ်သွားကာ လက်ချောင်းများနှင့် ချိတ်ဆက်ထားသော အရွတ်များပါ နောက်သို့ကွေးသွားပြီး သူ့အရေပြားကို ဖောက်ထွက်သွားကြသည်။

အန္တရာယ်နှင့် ရင်ဆိုင်ရစဉ်တွင်ပင် ဝူရှဲ့ဟာ ငြိမ်သက်နေပြီး ထိုက်ချီကို ဘယ်လက်ဖြင့် ပုံဖော်လိုက်သည်။ အမတပုံရိပ်ကလည်း ညာလက်က လော်ထျန်းအစီအရင်ကို ထိန်းကာ ဘယ်လက်ဖြင့် ထိုက်ချီကို ပုံဖော်နေ၏။ ထိုက်ချီ ပုံကြမ်း ပေါက်ကွဲသွားပြီးသည်နှင့် ဝူရှဲ့ လက်များသည် သွေးများစွာဖြင့် ဖုံးလွှမ်းသွားသော်လည်း ပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ချန်ရှီသည် ရှေ့သို့ ခြေလှမ်းများစွာ လှမ်းကာ အားသွင်းလာရာ ခြေလှမ်းအနည်းငယ်အတွင်း သူ့ထံသို့ ရောက်ရှိလာခဲ့သည်။

"ဒီလောက်မြန်လား!"

ချန်ရှီ၏တိုက်ခိုက်မှုကို မြင်လိုက်ချိန် သူ့နှလုံးက ရုတ်တရက် တုန်ခါသွားပြီး ၎င်းကို အလျင်အမြန် ပိတ်ဆို့လိုက်ပေမယ့် ချန်ရှီရဲ့လက်နှစ်ချောင်းက သူ့နှလုံးကို ထိုးဖောက်ကာ ဆုတ်သွားခဲ့သည်။

ဝူရှဲ့လည်း သူ့ရင်ဘက်ထဲကို ထိုးဖောက်ဝင်သွားသည်အား ခံစားလိုက်ရပါသည်။ ထိုစဥ် ချန်ရှီရဲ့ အခြားလက်တစ်ဖက်က လက်သီးဆုပ်ထားပြီး သူ့လည်ချောင်းကို ထိသွားတာ တွေ့လိုက်ရသည်။ ဝူရှဲ့ တစ်စက္ကန့်မျှ မနှေးဝံ့ဘဲ အခြားလက်ဖြင့် ပိတ်ဆို့လိုက်သည်။

"ခွက်!"

သူ့လည်ချောင်းကို ထိုးနှက်လိုက်သလို ခံစားလိုက်ရပြီး လည်ပင်းတွေ တဆတ်ဆတ် တုန်လာကာ ရုတ်တရက် ကျုံ့သွားသလို ခံစားလိုက်ရသည်။ ထိုးနှက်မှုကြောင့် ကျောရိုးနှင့် နံရိုးနှစ်ခု နေရာ ရွေ့သွားခဲ့သည်။ ဝူရှဲ့ ပိတ်ဆို့ထားသော်လည်း မရပ်တန့်နိုင်သေး။

ချန်ရှီက မျက်ခုံးမွှေးကြားကို လက်ညိုးထိုးပြန်သည်။ ဝူရှဲ့ လက်လှမ်းမီပေမယ့် မဖမ်းနိုင်ခဲ့ပါ။ သူ့ခေါင်းက တဆတ်ဆတ်တုန်ပြီး နောက်ပြန်လဲကျပြီး မြေပြင်ကို ပြင်းပြင်းထန်ထန် ထိသွား၏။ ချန်ရှီ လက်ညှိုးကို ပြန်ဆွဲထုတ်ကာ မင်းသားယွဲ့ဘုံကျောင်းဆီသို့ လှည့်ပြေးသွားခဲ့သည်။

ဝူရှဲ့က ခုန်ထပြီး ရယ်မောလိုက်သည်။

"ချန်ရှီ... မင်းရဲ့ အရည်အချင်းကို ငါမြင်ပြီးပြီ... ငါ့ရဲ့ အကြီးတန်း အစ်ကို ကျုံးဝူဝမ့်လောက် မတော်ပါဘူး!"

ထိုအချိန်တွင် ရုတ်တရက် မူးဝေလာတာကြောင့် နဖူးကို ထိလိုက်ရာ စပါးစေ့အရွယ် အပေါက်ငယ်တစ်ခုကို ခံစားလိုက်ရလေသည်။ ဦးခေါင်းနောက်ဘက်သို့ လှမ်းထိလိုက်တော့လည်း လက်ဖဝါးအရွယ် အပေါက်တစ်ခုကို ခံစားလိုက်ရသည်။

ဝူရှဲ့ အေးခဲကာ ပြိုကျသွားခဲ့သည်။

"ငါနဲ့ ရန်ဖြစ်တာက အသက်သေရတဲ့ ရုန်းကန်မှုပဲ... ဒါကို အိမ်က ကစားကွင်းလို့များ ထင်​နေလား"

ချန်ရှီ မင်းသားယွဲ့ဘုံကျောင်းရှေ့တွင် ရပ်လိုက်သည်။ ခြေထောက်အောက်က လျှပ်စီးကြောင်းများက အရပ်ရပ်သို့ ဖြာထွက်သွားသည်။

ချန်ရှီသည် ပြဒါးနှင့်တူသော လျှပ်စီးကြောင်းကိုဖြတ်၍ ဘုံကျောင်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။ တံခါး၏ တစ်ဖက်တစ်ချက်တွင် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ရေးထိုးထားသော ကျောက်တုံးများ ရှိ​လေသည်။

"ကောင်းကင်အောက်မှာ ငြိမ်းချမ်းပါတယ်... အရပ်ဘက်အရာရှိတွေက ပိုက်ဆံကို ဂရုမစိုက်ဘူး... စစ်အရာရှိတွေက သေမှာကို မကြောက်ဘူး"

"ကောင်းကင်နဲ့မြေကြီးရဲ့ ဖြောင့်မတ်ခြင်းတရားဟာ ကျွန်ုပ်​အောက်မှာ မြစ်ချောင်း တောင်တန်း... ကျွန်ုပ်အထက်မှာ နေနဲ့ကြယ် ဖြစ်၏"

All Chapters