← Chapters

ဝူဝမ့်

Vol. 29 Ch. 416

ဝူဝမ့်

Vol. 29 Ch. 416

လင်ကျိုးမြို့။

ဤအခိုက်အတန့်တွင် လင်ကျိုးမြို့သည် ယင်နဲ့ယန်ဘုံများ ပေါင်းစည်းခြင်းကြောင့် ထိခိုက်မှုမရှိပုံရသည်။ ပြည်သူများက အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်​​နေကြပြီး ခါတိုင်းနှင့်မတူဘဲ ပြည့်တန်ဆာများကတောင် ဆက်လက် လုပ်ကိုင်နေကြသည်။

လင်ကျိုးရဲ့ အထက်မှာတော့ နယ်မြေခြောက်ခု ဆက်တိုက် တန်းစီနေပါသည်။ ဤနယ်မြေများအတွင်းတွင် နေရောင်ခြည်သည် မြင့်မားစွာတောက်ပနေပြီး နယ်မြေတစ်ခုစီတွင် နေနှစ်စင်းနှင့် လတစ်စင်း ပိုင်ဆိုင်ထားသည်။

ဤနေနှင့်လကို ကောင်းကင်အထက်က နတ်ဘုရား၏ မျက်လုံးသုံးလုံးအား အတုယူကာ အတုအယောင်ပြန်ခြင်း ရောက်နေသည့် လေ့ကျင့်သူများမှ ဖန်တီးထားခြင်း ဖြစ်သည်။ အခြားအရာများထက် နိမ့်ကျသော်လည်း ၎င်းတို့သည် လင်ကျိုးမြို့အတွက် အလင်းရောင်နှင့် အပူထုတ်လွှတ်ခြင်းအတွက် လုံလောက်ပါ​သေးသည်။

"လင်ကျိုးမြို့ကလူတွေက ဒီလိုနေရောင်အောက်မှာ သီးနှံတွေ မစိုက်ပျိုးနိုင်ဘူးဆိုတာ မသိကြသေးဘူး..."

ရွှီရှစ်သည် လမ်းပေါ်ရှိ လူစုလူဝေးကို လှမ်းကြည့်ကာ ဆိုလိုက်သည်။

ရွှီရှစ်: "အနှေးနဲ့အမြန် သူတို့ ဒါကိုတွေ့ပြီး အထိတ်တလန့် ဖြစ်သွားလိမ့်မယ်"

သူ့နောက်မှ နက်နဲသော အသံတစ်ခု ထွက်ပေါ်လာသည်– “လူတို့သည် နှစ်သက်ရာကို ဆောင်နိုင်သော်လည်း သိအောင် မပြုလုပ်နိုင်ကြကုန်တဲ့... ဒီသာမန်လူ​တွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေး ၀တ်ဆင်ထားခိုင်းရင် ဒုက္ခမဖြစ်စေတဲ့အပြင် ဒါက ငါတို့ရဲ့ တန်ခိုးကို မရဏာကမ္ဘာနဲ့ ပေါင်းစည်းဖို့ အချိန်တောင် ပေးလိမ့်မယ်..."

ရွှီရှစ် လှည့်ကြည့်လိုက်တော့ ပြောတဲ့လူက ရွှီမိသားစုရဲ့ လက်ရှိဘိုးဘေး ရွှီယင့်လုံ ဖြစ်နေတာ တွေ့လိုက်ရသည်။ ရွှီယင့်လုံမှာ လူလတ်ပိုင်းလို့ ထင်ရသော်လည်း တကယ်တမ်းတွင် သူသည် အသက်ခုနစ်ဆယ်ကျော်နေပြီ ဖြစ်သည်။ ဤခေတ်တွင် မဟာယာနအဆင့်မှ စတင်၍ ဆုတ်ယုတ်လာပြီး သူတို့၏ တက်ကြွမှုနှင့် သွေးများသည် ယခင်ကထက် အားကောင်းလာသည်။

ရွှီယင့်လုံသည် ရွှီမိသားစု၏ ခြွင်းချက်အရှိဆုံး သားစဉ်မြေးဆက်များကို ရွေးချယ်ကာ သူ့နေရာကို ဆက်ခံခိုင်းဖို့ စီစဉ်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ ရွှီရှစ်ကတော့ ဘိုးဘေး၏မျိုးရိုးမှ မဟုတ်ဘဲ ပြင်ပဂိုဏ်းမှဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲဖြင့် နေထိုင်ခဲ့သော်လည်း ပထမတန်းအဆင့် နတ်သန္ဓေသားကို ရရှိခဲ့သောကြောင့် သူ့မျိုးရိုးမှ တန်ခိုးကြီးသော သားတော်များဆီက ရှာတွေ့ခံရလုနီးပါး ဖြစ်ခဲ့သည်။

ဤသတင်း ရွှီယင့်လုံနားထဲ ရောက်သွားသောအခါ သူသည် ရွှီရှစ်ကို ရာထူးတိုးပေးကာ သူ့အား ပြင်ပဂိုဏ်း၏ အမြင့်မြတ်ဆုံး ကိုယ်ခံပညာဖြစ်သော "ရှစ်ကျင်းခန်းမစုစည်းမှု" ကို လေ့ကျင့်ခိုင်းကာ သူ၏စွမ်းရည်နှင့် နားလည်မှုကို အကဲဖြတ်ခဲ့သည်။ သူ့အစွမ်းအစကို ရှာဖွေတွေ့ရှိပြီးနောက် ဘိုးဘေး၏ အဆက်အနွယ် ဖြစ်သော "ရှောက်ဟူကွမ်စုစည်းမှု" ကို ကျင့်စေခဲ့သည်။ မကြာသေးမီက သူသည် ရွှီရှစ်ကို ရွှီမိသားစု၏ နောက်ထပ်ဘိုးဘေးအဖြစ် သတ်မှတ်ပြီး ပြုစုပျိုးထောင်ရန် အထက်နယ်ပယ်သို့ စေလွှတ်လိုက်သည်။

ယခု ရွှီယင့်လုံသည် သိမ်မွေ့သော အမူအရာဖြင့် ရွှီရှစ်ထံသို့ ချဉ်းကပ်လာခဲ့သည်။

"ယင်နဲ့ယန် ပေါင်းစည်းသွားတာက သဘာဝဘေးအန္တရာယ်တစ်ခုလို့ ထင်ရပေမယ့် အဲဒါက ငါတို့ ရွှီမိသားစုအတွက် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူး တစ်ခုဖြစ်လာတယ်... ဘာကြောင့်လဲဆိုတာ သိလား"

ရွှီရှစ် :"ရွှီမိသားစုက မရဏကမ္ဘာမှာ နှစ်ပေါင်းခြောက်ထောင်ကျော် လည်ပတ်နေခဲ့တာ ရွှီမိသားစုသခင်တွေ ကွယ်လွန်သွားရင် သူတို့ရဲ့ဝိညာဉ်တွေ ဆွဲခေါ်ပြီး နယ်မြေသိမ်းပိုက်တယ်... ကိုးကွယ်ဆည်းကပ် ခံရတဲ့ နတ်ကမ္ဘာထဲသို့ ဆင်းသက်လာပြီး နတ်ဘုရားတွေ ဖြစ်လာကြတယ်...အဲဒါကြောင့် ယင်နဲ့ယန် နယ်မြေတွေ ပေါင်းစည်းလိုက်ရင်တောင် လင်ကျိုးပြည်နယ်ကို ဆယ်ဆကျော် တန်ခိုးနဲ့ လွှမ်းခြုံပြီး ကျွန်​တော်တို့ရဲ့ နယ်မြေတွေကလည်း ဆက်လက် တည်ရှိနေမည်မှာ..."

ရွှီယင့်လုံ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ဒါ့အပြင် ကျနော်တို့ ရွှီမိသားစုက သက်ရှိကမ္ဘာနဲ့ အထက်ကမ္ဘာ အပါအဝင် မရဏကမ္ဘာမှာ အမွေအနှစ်တစ်ခု ရှိထားတယ်... ရွှီမိသားစုရဲ့ မျိုးဆက် တော်တော်တော်များများဟာ မရဏအရာရှိတွေ၊ မရဏမှူးတွေ၊ တရားသူကြီးတွေ၊ ငရဲဘုရင်တွေတောင် ရှိတယ်.. အဲဒါကြောင့် ဘုံနှစ်ခုရဲ့ ပေါင်းစည်းမှုက ကျ​နော်တို့ ရွှီမိသားစုအတွက် ဆိုးရွားတဲ့အရာတော့ မဟုတ်ဘူး..."

ရွှီယင့်လုံ: "မင်း ဒါကို သတိထားမိတာ အရမ်းထူးခြားတယ်... ဒါပေမယ့် ပိုအရေးကြီးတာက ဆိုးဆိုးရွားရွား ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ သာမန်လူတွေက ဆုံးရှုံးရမှာတွေ ရှိတော့ နတ်ဘုရားတွေဆီ ဆုတောင်းကြမယ်.. မရဏကမ္ဘာမှာ ငါတို့ရွှီမိသားစုရဲ့ ကျော်ကြားမှုကို တိုးပွားစေပြီး စွမ်းအားတွေကိုလည်း အားကောင်းစေမယ်... ငါတို့ရဲ့ ရွှီမိသားစုက ဆင်းရဲဒုက္ခမရောက်ဘဲ အဲဒီအစား ကြီးကြီးမားမားပါ တိုးလာလိမ့်မယ်..."

ရွှီရှစ်သည် စည်ကားနေသော လူအုပ်ကို ကြည့်ကာ သက်ပြင်းအသာ ချလိုက်သည်။

"ဒါက ဒီလူတွေအတွက် နည်းနည်းတော့ ခက်လိမ့်မယ်"

ရွှီယင့်လုံကလည်း သက်ပြင်းချလိုက်ပြီး။

"အရင်ဆုံး နည်းနည်းတော့ ခက်ခဲမှာပဲ... သူတို့ ဒုက္ခရောက်​ကောင်း ရောက်လိမ့်မယ် ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေ ရှိလာမှာပါ..."

၎င်းတို့နောက်တွင် ရွှီအိမ်တော်၏ ပွဲတော်ကျင်းပသည့် မြင်ကွင်းတစ်ခုဖြစ်ပြီး မီးရောင်များကို ရေစီးကြောင်းများသဖွယ် အလှဆင်ထားသည်။ ရွှီယင့်လုံသည် လင်ကျိုးတွင် တွေ့ဆုံပွဲကျင်းပရန် ရည်ရွယ်၍ ရွှီမိသားစု၏ ဝိညာဉ်များကို ဆက်သွယ်ရန် လူများကို နေရာအမျိုးမျိုးသို့ စေလွှတ်ထားခဲ့သည်။ ထို့ကြောင့် သူသည် ရွှီအိမ်ကို ပွဲလမ်းသဘင်ဖြင့် အလှဆင်ရတော့သည်။

ထိုအချိန်တွင် တစ္ဆေတမန်တစ်ဦးသည် လှေငယ်တစ်စင်းပေါ်ကနေ ပျံသန်းလာကာ ရွှီယင့်လုံထံ အလျင်အမြန် ချဉ်းကပ်လာပြီး သူ့နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။

ရွှီယင့်လုံ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ရှမိသားစုရဲ့ တစ္ဆေတပ်မှူးက ချန်ရှီကိုလိုက်ရှာဖို့ လင်ကျိုးကို လာနေပြီလား... ရှရှိုးတဲက ငါ့ကို သတင်းမပေးဘဲ လင်ကျိုးမှာ ဒီရာဇ၀တ်မှုကို ကျူးလွန်ရဲတယ်ပေါ့... ဘယ်လောက်ရဲတင်း​နေတာလဲ!"

ရွှီရှစ်ရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။

"ချန်ရှီက လင်ကျိုးကို ရောက်ပြီလား?"

ရွှီယင့်လုံ ခေါင်းညိတ်လိုက်သည်။

"သူ ရှမိသားစုရဲ့ ဝိညာဉ်တွေ၊ အရှင်ဖုန့်ယန်နဲ့ ရှထျန်းကျယ်တို့ကို သတ်ခဲ့တယ်လို့ ကြားတယ်... အဲဒါကြောင့် ရှရှိုးတဲက သူ့ကိုလိုက်လံရှာဖွေဖို့ ရောက်လာတာ... ဒါပေမယ့် လင်ကျိုး ပြည်နယ်ကို လာပြီး တစ်ယောက်ယောက်ကို သတ်လိုက်တာက ရွှီမိသားစုကို မလေးစားရာကျတယ်!"

မိသားစုဆယ့်သုံးစုသည် တူညီတဲ့ ဆွေမျိုးပေါက်ဖော်တွေ ရှိပေမယ့် သဘောထားကွဲလွဲမှုတွေလည်း ရှိကြပါသေးသည်။

ဥပမာအားဖြင့် မရဏတမန် ရာထူးနှင့် လစ်လပ်တရားသူကြီးရာထူးကို အစဉ်တစိုက် ယှဉ်ပြိုင်ခဲ့သည်။ သရဲနှင့် နတ်အမျိုးမျိုးတို့၏ နယ်မြေ အရွယ်အစားနှင့် မရဏတပ်သား အရေအတွက်တို့အပေါ် ရူးသွပ်စွာ ယှဥ်​ပြိုင်မှုတွေလည်း ရှိခဲ့သည်။

နှစ်များတစ်လျှောက် ရန်ပိ၏ ကြားခံများသာကြောင့်သာ မဟုတ်ပါက အထက်တန်းစား မိသားစု ဆယ့်သုံးစုသည် မြေအောက်ကမ္ဘာ၏ အကျိုးစီးပွားအတွက် ခါးသီးသော ရန်ပွဲတစ်ခုတွင် ပိတ်လှောင်ခံထားရပေလိမ့်မည်။

ရွှီမိသားစုသည် လင်ကျိုးကို ၎င်းတို့အပိုင်ဟု ယူဆထားကြပြီး လင်ကျိုးမှာ ရှရှိုးတဲ၏ သတ်ဖြတ်မှုသည် ရွှီမိသားစု၏ တားမြစ်ချက်များကို ချိုးဖောက်သလိုပင်။ ရွှီယင့်လုံ ဒေါသထွက်နေတာ အံ့သြစရာမဟုတ်ပေ။

ရွှီရှစ် အံ့သြသွားသည်။

"ရှထျန်းကျယ်ကို ချန်ရှီ သတ်လိုက်တာလား..."

ရှထျန်းကျယ်သည် သူနှင့်အတူ အထက်ပိုင်းနယ်ပယ်သို့ တက်ခဲ့ပြီး ရှမိသားစု၏ ဘိုးဘေးအတွက် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ သူတို့သည် ချန်ရှီကို အတူတကွ စိန်ခေါ်ခဲ့သော်လည်း လီထျန်းချင် ဟူသော အမည်ကို အသုံးပြု၍ သူ့ကို အနိုင်ယူခဲ့သည်။ သူသည် ချန်ရှီကို သဘောကျလာခဲ့ကာ ရှထျန်းကျယ် သူ့လက်ထဲတွင် သေသွားလိမ့်မည်ဟု ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် နောက်ထပ် လှေငယ်တစ်စီး ချဉ်းကပ်လာသည်။ မရဏတမန်တစ်ဦးသည် ရွှီယင့်လုံထံသို့ ချဉ်းကပ်လာပြီး စကားအနည်းငယ် တိုးတိုးပြောပြီးနောက် ပြန်ထွက်သွားသည်။

ရွှီယင့်လုံရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး။

"ရှရှိုးတဲ... ကွယ်လွန်သွားပြီလား"

သူသည် မယုံနိုင်စွာ ခဏလောက်အထိ မှိန်းနေမိ၏။ ရွှီရှစ်က အကြိမ်ကြိမ် ခေါ်လိုက်မှ နောက်ဆုံးတွင် သူ သတိပြန်လည်လာခဲ့သည်။

"ရှရှိုးတဲရဲ့ မရဏသံတမန် ငါးဆယ့်လေးယောက်ကို ခွေးနဲ့ ကြိုးဆွဲချ တစ္ဆေက ရိုက်သတ်ခဲ့တယ်... ရှရှိုးတဲကတော့ မိန်းကလေး တစ်ယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့တာတဲ့..."

"ဒီအဖြစ်အပျက်က နတ်သစ်သားခရိုင်မှာ ဖြစ်ပွားခဲ့တာ... နတ်သစ်သားခရိုင်မှာ နတ်ဆိုးအသွင်ပြောင်းမှု လေးဆယ့်ကိုးခု ဖြစ်ပွားခဲ့တယ် တစ်ခုက ဘုံကျောင်းကို ဖုံးအုပ်ထားတာ ကောင်းကင်နားစွင့်သူတွေလည်း ရှိနေတယ်ဆိုတော့ စိတ်ပျက်ဖွယ်ကုန်းစောင်းလည်း ပါဝင်နေလောက်တယ်!"

သူသည် အရှိန်အဟုန်ဖြင့် နောက်ပြန်လှည့်ကာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ဒီအချိန်မှာ စိတ်ပျက်ဖွယ်ကုန်းစောင်းက နတ်သစ်သားခရိုင်မှာ ဘာလုပ်နေတာလဲ"

သူ တိုးတိုးလေးသာ ပြောလိုက်သည်။

စိတ်ပျက်ဖွယ်ကုန်းစောင်း နှင့် မိသားစုဆယ့်သုံးစု​ကြား ဆက်ဆံရေးသည် အလွန်သိမ်မွေ့သည်။

စိတ်ပျက်ဖွယ်ကုန်းစောင်းသည် ကမ္ဘာနှင့် အဆက်အသွယ် ပြတ်ကာ အထီးကျန်နေပုံရပြီး မည်သည့်အရာမှ ဝင်ရောက်မစွက်ဖက်ဘဲ စောင့်ကြည့်ရန် နှင့် ခိုးယူသူများထံ ကောင်းကင်နားစွင့်သူများအား စေလွှတ်ရုံသာ လုပ်သည်။ မိသားစုဆယ့်သုံးစုက ကောင်းကင်နားစွင့်သူ များ၏ စောင့်ကြည့်မှုကို လျစ်လျူရှုကာ စိတ်ပျက်ဖွယ်ကုန်းစောင်းက ဧည့်သည်များကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပုံပေါ်ခဲ့သည်။

သို့သော် စိတ်ပျက်ဖွယ်ကုန်းစောင်းက အံ့ဖွယ်အရာတစ်ခု မဟုတ်ပါက ကမ္ဘာကို စောင့်ကြည့်နေမည် မဟုတ်ပါ။ ၎င်းတို့သည် သူတို့၏ လျှို့ဝှက်စွမ်းအားကို ဖော်ထုတ်ရန် မိသားစုဆယ့်သုံးစုကို အပြင်းအထန် စောင့်ကြည့်ကြသည်။ အထက်ကမ္ဘာ၏ တည်ရှိမှုကို သူတို့ အာရုံခံစားပြီးသား ဖြစ်သော်လည်း မည်သည့်နေရာတွင် ဖုံးကွယ်ထားမှန်း မသိခဲ့ကြပေ။

မိသားစုများသည်လည်း တန်ပြန်တိုက်ခိုက်မှုနှင့် စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ ပျက်စီးခြင်းကို စောင့်မျှော်နေကြပြီး အင်အား စုဆောင်းနေကြသည်။

သို့သော် ယခုအချိန်တွင် စိတ်ပျက်ဖွယ်ကုန်းစောင်းက တစ်စုံတစ်ယောက် နတ်သစ်သားခရိုင်ကို ရောက်ရှိလာကြောင်း ကြားလိုက်ရသည်။ တကယ်တော့ စိတ်ပျက်ဖွယ်ကုန်းစောင်းဟာ မိသားစု ဆယ့်သုံးစုထက် ပို၍ အားကောင်းနေပါ၏။

ရုတ်တရက် တစ္ဆေတမန်တယောက် လှေနဲ့ ရောက်လာပြန်သည်။ ဤတစ္ဆေတမန်၏ သတင်းကို ကြားသောအခါ ရွှီယင့်လုံ၏ အမူအရာသည် ရုတ်တရက် တောက်ပသောအမူအရာ၊ အံ့သြမှုနှင့် ကြောက်ရွံ့မှုတို့ ရောနှောသွားခဲ့သည်။

"စိတ်ပျက်ဖွယ်ကုန်းစောင်းကလူ သေသွားပြီလား"

စိတ်ပျက်ဖွယ်ကုန်းစောင်းဟာ မည်သူ့ကိုမျှ မထိဝံ့သလို ၎င်းကိုလည်း ဘယ်သူမှ မထိဝံ့ချေ။ စိတ်ပျက်ဖွယ်ကုန်းစောင်းက ကောင်းကင်နားစွင့်သူများပင် ၎င်းတို့ကို မထိဝံ့ပါ။ ယခုတော့ စိတ်ပျက်ဖွယ်ကုန်းစောင်းက ဆရာတပည့်နှစ်ဦးသည် နတ်သစ်သားခရိုင်တွင် သေဆုံးသွားခဲ့သည်။

ရွှီယင့်လုံသည် ပြိုင်ဘက် ၂ ယောက်ရှိသည့်အတွက် ဝမ်းသာသော်လည်း သူကြောက်သွားသည်။ ကောင်းကင်နားစွင့်သူကို သတ်ဖြတ်ခြင်းသည် ဘေးဥပဒ်ကို ဆောင်ကြဉ်းလာပေလိမ့်မည်၊ ထို့ကြောင့် စိတ်ပျက်ဖွယ်ကုန်းစောင်းက တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းဟာ ၎င်းတို့ဘက်က လက်တုံ့ပြန်မှုကလည်း မည်မျှထိတ်လန့်စရာ ကောင်းလိမ့်မလဲ မတွေးရဲစရာပင်။

စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ ကလဲ့စားချေမှုက ရွှီမိသားစုနှင့် ပတ်သက်ဆက်နွှယ် နေမည်လား။

ပြီးတော့ အဲဒီကလာတဲ့ သခင်ကို ဘယ်သူသတ်ခဲ့တာလဲ။

ချန်ရှီ ဖြစ်နိုင်ပါ့မလား။

တစ္ဆေတမန်တစ်ယောက် ရုတ်တရက်ရောက်လာပြီး သူ့နားထဲမှာ တစ်စုံတစ်ခုကို တီးတိုးပြောတဲ့အခါ သူ့ခမျာ အတွေးထဲမှာပဲ သတိ ပျောက်သွားလေ၏။ ရွှီယင့်လုံ အကြာကြီး တုန်လှုပ်သွားပြီး အေးခဲသွားတော့သည်။

ရွှီရှစ်: "ဂိုဏ်းချုပ် ဂိုဏ်းချုပ်?"

ရွှီယင့်လုံ သတိပြန်ရလာပြီး။

"အမတဘိုးဘေး သုံးယောက်က စိတ်ပျက်ဖွယ်ကုန်းစောင်းက ကျုံးဝူဝမ့်ကို လိုက်သတ်ရင်း လင်ကျိုးမြို့ကို ရောက်လာတယ်တဲ့... ကျုံးဝူဝမ့်က ဒဏ်ရာတွေနဲ့ လင်ကျိုးကို ရှောင်ပြေးလာခဲ့တာ...."

သူသည် သူ့ကိုယ်သူ စုစည်းကာ ရုတ်တရက် လက်များကို ဝှေ့ယမ်းလိုက်သည်။

"အမတဘိုးဘေး သုံးယောက် လင်ကျိုး အပြင်ဘက်ကို ရောက်နေပြီ... သူတို့ကို ကြိုဆိုဖို့ ငါ့နောက်က လိုက်ခဲ့ကြ!"

သူ တုံ့ဆိုင်းသွားပြီး :"ကျုံးဝူဝမ့်ကို ရှာမတွေ့လို့ သူတို့ လာခဲ့ရတာဖြစ်မယ် ရွှီမိသားစုရဲ့ တစ္ဆေသရဲနဲ့ နတ်သြဇာလွှမ်းမိုးမှု အကူအညီကနေ ရှာမလို့!"

ရွှီရှစ်လည်း ကမန်းကတန်း လိုက်ကာ မြို့ပြင်သို့ ထွက်သွားသည်။

လင်ကျိုးမြို့ အပြင်ဘက်တွင် ယန်မိသားစု၏ ဘိုးဘေး ယန်ဝေကျုံး၊ ကုမိသားစု၏ဘိုးဘေး ကုထုံနှင့် ဖေ့မိသားစု၏ဘိုးဘေး ဖေ့ကျစ်ချုံတို့ ရောက်ရှိလာကြသည်။ ယန်ဝေကျုံးက လူလတ်ပိုင်းအရွယ်ဖြက့် ပေါ်လာပြီး ကုထုံက ဆယ်ကျော်သက် ဖြစ်ကာ ဖေ့ကျစ်ချုံက ဆံပင်ဖြူသည်။

ရွှီယင့်လုံမှာ ထိုသုံးယောက်ကို တွေ့ပြီး ရုတ်တရက် ထိတ်လန့်သွားသည်။ ထိုသုံးယောက်စလုံး ဒဏ်ရာရထားခဲ့ကြသည်။

"မွေးရာပါ တာအိုသန္ဓေသားက အဲ့လောက်တောင် စွမ်းတာလား?"

ဤဘိုးဘေးသုံးပါးသည် စစ်မှန်သော အမတများနှင့် အနီးစပ်ဆုံး ဖြစ်နေပြီ ဖြစ်သည်။ မထင်မှတ်ပဲ၊ သူတို့ ကျုံးဝူဝမ့်ကို တားဖို့ ပျက်ကွက်ခဲ့ရုံသာမက သူ့ကြောင့် ဒဏ်ရာရသွားကြသေး၏။

ကျုံးဝူဝမ့်သည် အမတအို သုံးကောင်ကို ဒဏ်ရာရစေပြီး ၎င်းတို့၏ လိုက်ရှာမှုကို ရှောင်လွှဲကာ လိုက်နိုင်သည်ဖြစ်စေ မလိုက်နိုင်သည်ဖြစ်စေ ဖမ်းနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ မဟုတ်ကြောင်း သူ့ကို သိလာစေသည်။

ခြားနားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကြီးမားလှသည်။

စိတ်ပျက်စရာ ကွာဟချက်ပင်။

"ကျုံးဝူဝမ့် တစ်ယောက်တည်းတောင်မှ အမတဘိုးဘေး ခိုကိုးရာမဲ့ ထားခဲ့ပြီး ရွှီမိသားစုရဲ့ အကူအညီကို ရှာခိုင်းခဲ့တယ်... ငါတို့ရဲ့ မိသားစုဆယ့်သုံးစု စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အနှောင်အဖွဲ့တွေကနေ တကယ်လွတ်မြောက်နိုင်ပါ့မလား?"

နတ်သစ်သားခရိုင်၊ ချင်းဟဲမြို့။

စီးထူဝမ်းသည် လူပန်ကျောင်းမှ ဒေသခံတပည့်များစွာကို အလုပ်အမြန်လုပ်ရန်၊ အိမ်များဆောက်ခြင်း၊ ပြေးလွှားပုံဆွဲခြင်းနှင့် ယန်ရှစ်ရုပ်သေးများ ပြုလုပ်ခြင်းတို့ကို ဦးဆောင် လုပ်ကိုင်စေစခဲ့သည်။

လင်ကျိုးပြည်နယ်၊ နတ်သစ်သားခရိုင်၊ ချင်းဟဲမြို့ ဇာတိဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် လူပန်ဂိုဏ်း၏ အကြီးအကဲဖြစ်လာကာ နိုင်ငံတဝှမ်းတွင် အသက်မွေးဝမ်းကျောင်းပြုရန် ရုန်းကန်နေသည့် လက်သမားအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ဤသဘာဝ ဘေးအန္တရာယ် အကြိုနေ့တွင် သူသည် သူနှင့်အတူ ခေါ်ဆောင်လာသော လက်မှုပညာဆရာအဖွဲ့နှင့် ချင်းဟဲမြို့သို့ ပြန်သွားကာ သူ့မိသားစုကို ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။

မှော်ရတနာရှူးကျီးကလည်း ပျက်ဆီးသွားသဖြင့် အခြားတစ်ခုကို ထပ်တည်ဆောက်ရန် စီစဉ်ခဲ့သည်။ အတွင်း၌ ရုပ်သေးများ သိုလှောင်ရန် နှင့် မြို့နေ ပြည်သူများကို လိုက်လျောညီထွေ ဖြစ်စေမည့် အဆောက်အဦများစွာ ရှိပြီး အခြားနေရာများသို့ ပြောင်းရွှေ့ရန် ပိုမိုလွယ်ကူစေသည်။

မိုးရွာလာမယ့် နေ့အတွက် သူ ကြိုပြင်ဆင်ထားပြီး မြို့ထဲမှာနေရတာ မလုံခြုံဘူးလို့ ခံစားရလေသည်။

"ခွေးမသတ်နဲ့၊ ခွေးမည်းတွေ အခုခေတ်မှာ ရှာရခက်တယ်ကွ! မင်းတို့ သွေးတွေ အရမ်းများနေတယ် ခွေးတို့ မင်းသွေးတွေ နောက်ကျမှ ညှစ်ထုတ်​တော့မယ်... အဲဒါ ခွေးမဟုတ်ဘူး ခွေးရဲ့ ဘိုးဘွားပဲကွ... မလုံလောက်ရင် မင်းရဲ့သွေးနည်းနည်း ထည့်လိုက်..."

စီးထူဝမ်းသည် ခွေးမည်းသွေးကို ဖြုန်းတီးခဲ့သော လက်သမားဆရာတစ်ဦးအား ကျိန်ဆဲနေစဥ် နောက်ကွယ်မှ ရင်းနှီးသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်-

"စီးထူဝမ်း! ကောင်းကင်လုပ်သား!"

စီးထူဝမ်း လှည့်ကြည့်လိုက်တော့ သစ်သားလှည်းနောက်ကနေ လိုက်လာတဲ့ ရင်းနှီးတဲ့ အသွင်အပြင်ကို တွေ့လိုက်ရသည်။ လှည်းအတွင်းတွင် ပတ်တီးများ တင်းကျပ်စွာ ပတ်ထားသော ခွေးနက်တစ်ကောင်သည် ၎င်း၏အမြီးကိုသာ ဖော်ထားလေ၏။

စီးထူဝမ်း အံ့အားသင့်သွားသည်။

"ဘုရင်အစစ်... ဘုရင်အစစ်ချန်... မင်းတကယ်ပဲ??"

ချန်ရှီ ပြုံးပြီး :"ကျ​နော် ခင်ဗျားကို လာရှာမယ်လို့ ပြောခဲ့တယ်လေ... အခု ကျနော် ဒီကို ရောက်နေပြီ"

စီးထူဝမ်း သူ့ဆီသို့ ပြေးလာပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ရယ်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။

"နောက်ဆုံးတော့ မင်းဒီကိုရောက်နေပြီ... မင်းနဲ့ ငါ့ညီအစ်ကိုတွေကို ထပ်မတွေ့ရတော့ဘူးလို့တောင် ထင်ထားတာ!"

ကလေးတစ်ယောက်လို ငိုပြီးနောက် မျက်ရည်တွေ နှပ်ချေးတွေ သုတ်ရင်း တိုင်သည်။

"ငါ လင်ကျိုးကိုရောက်တော့ မှောင်နေပြီ။ လ​ရောင်ပဲ ကျန်တော့တယ်... ရာသီဥတုက ပိုအေးလာပြီလေ မြို့ထဲမှာလည်း စားနပ်ရိက္ခာတွေက လျော့ပါးလာတယ်... ခရိုင်အရာရှိတွေက နေ့တိုင်းလာပြီး စပါးတွေတောင်းပြီး လွှဲပြောင်းပေးဖို့ တောင်းဆိုနေတာ... မပေးရင် လူတွေကို သေအောင် ရိုက်ခိုင်း​သေးတယ်..."

ချန်ရှီ ဒေါသထွက်သွားသည်။

"ခင်ဗျား ခရိုင်မှူးကို မသတ်ဘူးလား"

"လင်ကျိုးက ရွှီမိသားစုကလေ.. ရွှီမိသားစုထဲက တစ်ယောက်ယောက်ကို ဘယ်သူက သတ်ရဲမှာလဲ"

ချန်ရှီ ခဏလောက် ငြိမ်နေပြီးမှ ပြုံးပြလိုက်သည်။

"ခင်ဗျား ခရိုင်မှူးကို မသတ်ရဲရင် ကျနော် လုပ်မယ်!"

သူ့လက်ကို မြှောက်ကာ ညွှန်ပြလိုက်ရာ ဆယ်ပေမြင့်သော သစ်သားလှည်းပေါ်မှ သံတုတ်ကြီး တဟုန်ထိုး လွင့်ပျံလာသည်။ ခဏအကြာတွင်တော့ ကောင်းကင်တိုင်းတာ သံတုတ် ပြန်ရောက်လာပြီး ၎င်း၏အနက်ရောင်သံတံပေါ်မှာ သွေးများ သယ်လာခဲ့၏။

ချန်ရှီ၏အမူအရာမှာ မပြောင်းလဲဘဲ ပြုံးလျက်

"နတ်သစ်သားခရိုင်... ခရိုင်မှူး သေပြီ"

စီးထူဝမ်း အံ့သြပြီး ဝမ်းသာသွားသော်လည်း ဘာမှ မပြောရဲပေ။ စစ်မှန်သော ဘုရင်က ဤနည်းဖြင့် စကားပြောလိုက်ပြီ။

ချန်ရှီသည် စီးထူဝမ်းရှေ့က လိုက်သွားကာ လမ်းထောင့်တွင် လဲလျောင်းနေသော သူတောင်းစားတစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှူမဝသလို တစ်ကိုယ်လုံး သွေးများဖြင့်လည်း ပြည့်နေသည်။ ဘယ်လိုလုပ် ဒဏ်ရာတွေရခဲ့သလဲ မသိရပေ။

ချန်ရှီ သူ့အကြည့်တွေကို ရုတ်သိမ်းလိုက်သည်။

"ကောင်းကင်လုပ်သား...ခင်ဗျားအတွက် နေသာတဲ့နေရာကို ရှာတွေ့ခဲ့တယ်... မင်းသားယွဲ့ ဘုံကျောင်းပဲ..."

ရုတ်တရက် ခေါင်းနောက်ဘက်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ချန်ရှီ ညည်းတွားပြီး ခေါင်းကို အုပ်ဖို့ လက်ကို မြှောက်လိုက်၏။ သူ့ဦးခေါင်းနောက်ဘက်ရှိ ကင်းခြေများကဲ့သို့ အမာရွတ်သည် ပူလောင်လာသည်ကို ခံစားလိုက်ရသည်။

သူ့ဦးခေါင်းခွံကို ပြန်ဖွင့်ခံလိုက်ရသလို ပြင်းထန်တဲ့ ဝေဒနာက သူ့နှလုံးသားထဲအထိ ပြန်ရောက်လာပြန်သည်။

ချန်ရှီ၏ နှလုံးခုန်သံ ခုန်ထွက်သွားပြီး သူ့မျက်လုံးများက လျှပ်စီးလက်သလို လမ်းထောင့်ရှိ သူတောင်းစားဆီသို့ လှည့်ကြည့်လိုက်သည်။

All Chapters