← Chapters

အာ့နျို ငါမင်းကို အိမ်ပြန်လိုက်ပို့မယ်

Vol. 29 Ch. 417

အာ့နျို ငါမင်းကို အိမ်ပြန်လိုက်ပို့မယ်

Vol. 29 Ch. 417

သူတောင်းစားက အဝတ်အစားတွေ စုတ်ပြဲပြီး နံရံကို မှီထားကာ သူ့ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေတောင် ထွက်လာနေ၏။ ဒဏ်ရာများစွာက ပုပ်ပွ​နေတာကြောင့် သေလုမျောပါးတောင် ဖြစ်နေသည်။ ဒဏ်ရာပေါင်းများစွာနှင့် စုတ်ပြဲနေသော အဝတ်အစားများကြားမှ အနေအထားကို ကြည့်လိုက်ရင် ဇိမ်ခံဘဝဖြင့် နေထိုင်ခဲ့ရတာ ထင်ရှားသည်။

သူ့အသားအရည်က ဖြူစင်တယ်၊ သူ့လက်ဖဝါးတွေ ပျော့ပျောင်းနေပြီး သေးသွယ်ကာ အားစိုက်ထုတ်ရတဲ့ အရိပ်အယောင်မျိုး မရှိချေ။ ကျေးလက်ရှိ အလုပ်သမားများသည် မကြာခဏ အလုပ်ကြမ်း လုပ်ရသဖြင့် လက်ချောင်းများ နှင့် ကြမ်းတမ်းသော အသားအရည် ရှိကြသည်။

သူသည် ကျေးလက်မှမဟုတ်ကြောင်း ထင်ရှားသည်။ ချန်ရှီရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် အရောင်လတ်လာကာ။

"စီးထူဝမ်း... ဒီသူတောင်းစား ခင်ဗျား မြို့ကလား"

စီးထူဝမ်း ရှေ့သို့ တိုးလာကာ သူ့ကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

"ငါ သူ့ကို မမှတ်မိတော့ဘူး... ပြန်မရောက်တာ နှစ်တွေကြာပြီ မမှတ်မိတဲ့လူတွေ မြို့ထဲမှာ အများကြီးပဲ... အဒေါ်အန်းရှို့ သူ့ကို မှတ်မိလား"

သက်ကြီးရွယ်အို အဘွားအိုတစ်ဦး ချဉ်းကပ်လာသည်။ သူမက အတော်လေး တက်ကြွနေသေးကာ သူတောင်းစားကို တစ်ချက်ကြည့်လိုက်ပြီး။

"အစကတော့ သူ့ကို မမှတ်မိဘူး... သူနဲ့ သိပ်မရင်းနှီးသလိုပဲ..."

ချန်ရှီ သူ့ခေါင်းနောက်ကျောက နာကျင်မှုကို ထိန်းကာ ပြုံးလိုက်သည်။

"ဒါဆို သူက မြို့ပြင်က ဒုက္ခသည်ပေါ့?"

သစ်သားတွန်းလှည်းထဲတွင်တော့ ဟေးကော်သည် သူ့ဘေးနားရှိ သံတုတ်က ရုတ်တရက် တိတ်တဆိတ် လွင့်မျောနေတာကို သတိပြုမိ​​လေသည်။ အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကလည်း တဖြည်းဖြည်း ပျံ့လွင့်လာသည်။ ဟေးကော်မှာ ဖက်ထုပ်ကဲ့သို့ ထုပ်ပိုးထားသဖြင့် မျက်လုံးများကိုသာ လှုပ်ရှားနိုင်ခဲ့သည်။ သံတုတ်ပေါ်ရှိ သမိုင်းမတင်မီ ပုံစံများကို မြင်ရပြီး ၎င်းတို့အောက်တွင် လျှပ်စီးကြောင်းများ စီးဆင်းနေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ချန်ရှီဦးခေါင်းနောက်ကွယ်ရှိ ဘုံကျောင်းငယ်လေးတွင် ကျူးရှို့ချိုင် သူ့ခန္ဓာကိုယ်တစ်လျှောက် ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်သော ချီစွမ်းအင်များကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ စိတ်အလိုအလျောက် လွင့်ပျံသွားကာ လန့်သွားသည်။

"တစ်ဆယ်လေး မင်းငါ့ကို နတ်သန္ဓေသားလို ဆက်ဆံနေတာလား... အပြင်မှာ ရန်သူတွေရှိလို့လား"

ချန်ရှီ သူ့ကို နတ်ဘုရားသန္ဓေသားအဖြစ် အသုံးချခဲပြီး ကျင့်ကြံဖို့သာ အသုံးပြုခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် မရဏတမန်သုံးဆယ်ကျော်ကို တိုက်ခိုက်ခဲ့ပြီး ​ဟေး​ကော်လောက် မပြင်းထန်သော်လည်း ဒဏ်ရာများ ရရှိခဲ့သည်။ ယခု တစ်ဆယ်လေးက သူ၏ မှော်အစွမ်းကို ငှားရန် နတ်သန္ဓေသားအဖြစ် ဆက်ဆံနေပါသည်။

ရှောင်သွမ့်သည်လည်း ပုံမှန်မဟုတ်သော အသွင်အပြင်ကို ခံစားမိသည်။ ဖြောင့်မှန်သောစွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး သူမရဲ့ကျင့်ကြံမှုကို ချန်ရှီနှင့် ချိတ်ဆက်ပေးလိုက်သည်။ ထိုစဥ် သူတောင်းစားက။

“အ​ဒေါ်အန်းရှို့... ကျ​နော့်ကို မမှတ်မိဘူးလား ကျ​နော့်နာမည်က အာ့နျိုလေ.....မြို့အရှေ့ဘက်စွန်းက”

"အာ့နျို?"

အဒေါ်အန်းရှို့က သူ့ကို တချက်ကြည့်လိုက်ပြီး အံ့သြသွားသည်။

"တကယ် အာ့နျိုလား.. မင်း ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ"

သူတောင်းစားက အသက်ရှုမဝနေသည့်ကြားက ဖြေလာသည်။

"ရန်ဖြစ်ရင်း ဒဏ်ရာရလို့ ဒီကို ပြေးလာခဲ့တာ... အဒေါ်အန်းရှို့ ကျနော့်မိဘတွေ ဘယ်မှာလဲ"

"သူ တကယ်ပဲ ချင်းဟဲမြို့ကပေါ့?"

ချန်ရှီသည် သူ၏ လူသတ်ရန် ရည်ရွယ်ချက်ကို မျိုသိပ်လိုက်ပြီး သစ်သားလှည်းရှိ သံတုတ်ကလည်း တိတ်တိတ်ဆိတ်ဆိတ် ပြုတ်ကျသွားသည်။

သူ့ဦးခေါင်းနောက်ဘက်ရှိ အမာရွတ်သည် ပူလောင်နေဆဲဖြစ်ပြီး နာကျင်ကိုက်ခဲမှုက ပြန်ဖြစ်လာသည်။

မိုးရွာသော နေ့များတွင်သာ နာကျင်ကာ အခြားရက်များတွင် နာကျင်မှု မရှိခဲ့ပါ။ ယခုလို ထိခိုက်နာကျင်ရတဲ့ နောက်ဆုံးအကြိမ်ကတော့ စိတ်ပျက်ဖွယ်ကုန်းစောင်းက အကြီးတန်းအစ်ကို ထိုက်ဟွာချင်းယန် နန်းတော်မှာ တာအိုကျင်ဟုန်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အချိန်ကပင်။

မွေးရာပါ တာအိုသန္ဓေသားဆီ ချဉ်းကပ်တိုင်း အမာရွတ်က ပြင်းထန်စွာ နာကျင်လာလိမ့်မယ်ဆိုတာ အဲဒီအချိန်ကတည်းက သူသိလိုက်သည်။

"ဝူဝမ့် ဒီအနီးမှာ ရှိ​နေ​လောက်တယ်!"

သူ့စိတ်တွေ တဖျပ်ဖျပ်ဖျပ်ခတ်ပြီး သူ့နတ်ဝိညာဉ်က လေထဲသို့ ပျံတက်သွားပြီး မိုင်တစ်ရာအတွင်း ဧရိယာတစ်ခုလုံးကို လွှမ်းခြုံကာ အပေါ်စီးမှ ကြည့်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော သရဲတစ္ဆေအချို့နှင့် နတ်ဆိုးများနှင့် ဖြတ်သန်းသွားလာနေကာ တချို့ နတ်များမှလွဲ၍ ချင်းဟဲမြို့တစ်ဝိုက်တွင် အခြားထူးခြားသော မြင်ကွင်းမျိုးမရှိပေ။

စီးထူဝမ်းက လူပန်ဂိုဏ်းက တပည့်တစ်ဦးကို အမိန့်ပေးလိုက်သည်။

"သမားတော်ဆီ သွားခေါ်ပြီး အားနျိုကို ကုသပေးလိုက်ပါ... သူ့ကို မသေစေနဲ့ဦး..."

ချန်ရှီ၏ နတ်ဝိညာဥ်သည် အထက်မှနေ၍ မြို့ကို စူးစမ်းလေ့လာပြီး အရာအားလုံးကို အကဲခတ်သော်လည်း ဘာမျှမတွေ့ခဲ့။ နတ်ဝိညာဥ်ကို ရုတ်သိမ်းလိုက်ပြီး သူ့အကြည့်များသည် အားနျို​အပေါ်၌ ငြိမ်သက်စွာ ကျသွားပြန်သည်။

သူ့နောက်တွင် အဒေါ်အန်းရှို့က ပြောပြလာ၏။

"အားနျိုက ဆင်းရဲတဲ့ကလေးပါ... သူ့အဖေက မြို့အရှေ့ဘက်စွန်းက လူအိုကျုံး.. လောင်းကစား စွဲနေတာ.. သူ့မိသားစု စည်းစိမ်ဥစ္စာတွေအားလုံးကို ရောင်းစားတဲ့အပြင် အားနျိုကိုတောင် ရောင်းပြီး လောင်းကစား ပြန်သွားခဲ့တယ်လေ... နောက်တော့ သူ့သားကြီးအိမ်ကို ရောင်းပစ်တော့ သူ့မိန်းမလည်း ထွက်ပြေးသွားတယ်"

စီးထူဝမ်းက ပြုံးပြီး။

"အဒေါ်အန်းရှို့က သူ့ကို မှတ်မိသားပဲ... မှတ်သားဉာဏ် ကောင်းတယ်"

"အာ့နျိုက ဟိုတုန်းကနဲ့ တော်တော်လေး တူနေသေးတယ်လေ... သူ့အသက် ဆယ်နှစ်ဝန်းကျင်လောက် ရှိမယ်။ သူ့ကို ဝယ်သွားတဲ့ တာအိုကျင့်ကြံသူတစ်ယောက်လည်း ရှိတယ်...."

ချန်ရှီရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။

"အာ့နျိုကို တာအိုဝါဒီတစ်ယောက်က ဝယ်ခဲ့တာလား... ဒီနှစ်တွေထဲ သူဘယ်မှာ ကျင့်ကြံနေလဲ သိချင်မိတယ်"

ကျုံးအာ့နျိုက မျက်လုံးများကို မော့ကြည့်လိုက်ပြီး သူ့အကြည့်ကို တုံ့ပြန့်လိုက်သည်။ ကျုံးအာ့နျိုသည် ချောမောသောအသွင်အပြင်နှင့် အသက်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်တစ်ဦး ဖြစ်သည်။ သူသည် အတိအကျ ချောမောခြင်း မရှိသော်လည်း သူ့တွင် အခြားကမ္ဘာ့ရောင်ဝါ တစ်ခုရှိသည်။ စုတ်ပြဲနေသော အဝတ်အစားများနှင့် သွေးစွန်းနေသော အသားအရည်တွင်ပင် သူသည် အထက်တန်းစားတစ်ဦးနှင့် ပိုတူသည်။

ထူးဆန်းသည်မှာ သူသည် ဘယ်ဘက်နားမှ ချည်နှောင်ထားသော နားကပ်ကို ၀တ်ထားသည်။ အပြင်အင်္ကျီလက်သည် နေကဲ့သို့ ပုံသဏ္ဍန်ရှိပြီး အတွင်းလက်မှာ လခြမ်းဖြစ်ပြီး အလယ်တွင် ဆိုင်းငံ့ထားသည်။ အတော်လေးလက်ရာမြောက်ပေ၏။

"အဲဒီတာအိုက ငါ့ကို လေ့ကျင့်ဖို့ တောင်ကုန်းတစ်ခုဆီ ခေါ်သွားပြီး နောက်ပိုင်းမှာ ငါ့ဆရာ ဖြစ်လာခဲ့တယ်"

ကျုံးအာ့နျိုက ဆိုသည်။ ချန်ရှီ ချဉ်းကပ်ကာ ထိုင်ချလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

"မင်းရဲ့ တောင်ကုန်းမှာ လူဘယ်နှစ်ယောက်ရှိလဲ... ဘယ်လိုမျိုး ကျင့်စဥ်တွေ လေ့ကျင့်နေတာလဲ ငါက လက်ရှိ ထိပ်တန်းပညာရှင်ပဲ... မင်းမေးစရာတွေရှိရင် ငါ့ကို ပြောပြပြီ... ငါ လမ်းပြပေးမယ်"

ကျုံးအာ့နျိုက အဝေးကို ကြည့်ပြီး မျက်ခုံးတွေ လျှော့လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒါပေမယ့် မင်းရဲ့ လမ်းညွှန်မှုကို ငါ မလိုပါဘူး ငါက ငါတို့ရဲ့ ရွယ်တူချင်းတွေကြားမှာ အကောင်းဆုံးပဲ... ငါ့ဆရာသခင်က တစ်ခုခုကို နားမလည်ရင်တောင် သူ့ကိုပဲ မေးဖို့ မှာထားတယ်"

ချန်ရှီ: "မင်းရဲ့ တောင်စောင်းလေးပေါ်က မင်းရဲ့ ရွယ်တူတွေထဲမှာ မင်းက အကောင်းဆုံးပဲလေ.. ဒါပေမဲ့ အပြင်မှာတော့ မသေချာဘူး မင်းရဲ့ကျင့်ကြံမှုကို ပြောလိုက်ပါ... ငါမင်းကို သေချာ သင်ပေးမှာပါ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကနေ လူတွေအများကြီး အကျိုးရှိခဲ့တာ ဆိုတော့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကနေ မင်းလည်း အကျိုးရှိလာတာမျိုး ဖြစ်နိုင်တယ်။"

ကျုံးအာ့နျို တိုးတိုးလေး ရယ်လိုက်ပြီး ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားသည်။ ခဏအကြာတွင် သူသည် အသက်ရှုကြပ်နေသည့် အသံဖြင့်။

"ငါတို့ဂိုဏ်းရဲ့ ကျင့်ကြံနည်းတွေ ပေါက်ကြားလို့ မဖြစ်ဘူး... ခွင့်လွှတ်ပါ"

ကျူးရှို့ချိုင်ရဲ့အသံက :"တစ်ဆယ်လေး မင်းမေးခွန်းတွေကို သူတစ်ခုမှ မဖြေသေးဘူး သူ့မှာ သေချာပေါက် ပြဿနာ ရှိနေတယ်"

"ဒါဆို မင်းငါ့ဆီက အကျိုးမလိုချင်ဘူးလား"

ချန်ရှီသည် သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသကဲ့သို့ ကျုံးအာ့နျိုကို တိုက်ရိုက် စိုက်ကြည့်နေသည်။ ကျုံးအာ့နျို မော့ကြည့်လိုက်တော့ မျက်လုံးချင်း ဆုံသွား၏။

ချန်ရှီမေးခွန်းကို သူ မဖြေသေးပေ။

ရုတ်တရက်ဆိုသလို သံတုတ်က ဓားစွမ်းအင်ကဲ့သို့ လေချွန်သံနှင့်အတူ စူးရှထက်မြက်သော လေချွန်သံတစ်ခု ထွက်လာသည်။ ချက်ချင်းပင် အာ့နျိုနဖူးကို ဖောက်ဝင်တော့မည်။ ချန်ရှီ ရုတ်​တရက်​ သူ့လက်​ကို ​မြှောက်​ပြီး သံတုတ်ကို ကိုင်​ထားလိုက်​သည်​။

ချန်ရှီသည် ကျုံးအာ့နျိုကို စူးစူးစိုက်စိုက် ကြည့်ကာ အားနည်းချက် တစ်ခုခုကို ပြသလာမလား စောင့်ဆိုင်းနေသကဲ့သို့ စိုက်ကြည့်နေသည်။ ကျုံးအာ့နျိုသာ ပုံမှန်မဟုတ်သော အရိပ်အယောင်ကို ပြသလာပါက သူသည် သံပေတံကို လျစ်လျူရှုပြီး ၎င်း၏ခေါင်းကို ဖောက်ထားလိုက်မည် ဖြစ်သည်။

သို့သော် ကျုံးအာ့နျိုက မူမမှန်သည့် လက္ခဏာမပြပါ။ ဒါပေမယ့် ဒီမူမမှန်မှုဟာ အကြီးမားဆုံးသော မူမမှန်မှုပါပဲ။ ချန်ရှီ ပြုံးပြီး သံတုတ်ကို ညင်သာစွာ ခါလိုက်သည်။ ၎င်းက ချက်ချင်းပင် ငါးပေရှည်လာပြီး ကျုံးအာ့နျိုလက်ထဲသို့ ထိုးကျသွားသည်။

"မင်း ငယ်ငယ်ကတည်းက အိမ်ကနေ နှစ်ပေါင်းများစွာ ထွက်သွားခဲ့တာ... ဒီတစ်ခါ မင်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး ဒီကို ပြေးလာခဲ့တာဆိုတော့ မင်းရဲ့ မွေးရပ်မြေကို တစ်ခါမှ မပြန်ဖြစ်ဘူး ထင်တယ်... ချင်းဟဲမြို့က နှစ်တွေ အများကြီး လွန်သွားတော့ ပြောင်းလဲသွားပြီ... မင်း အိမ်ပြန်လမ်းကို မမှတ်မိလောက်တော့ဘူး ငါ မင်းကို ကူပြီး အိမ်ပြန်ပို့​ပေးမယ်..."

ကျုံးအာ့နျိုက ထုတ်ဖော်မပြတတ်ပေ။ သူရဲ့ ပံ့ပိုးမှုနဲ့အတူ ခြေဖဝါးကို ရုန်းကန်ပြီး ထလိုက်သည်။

“မင်းက ကြင်နာတတ်တဲ့သူပဲ”

ချန်ရှီ၏ မျက်လုံးများသည် ပြင်းထန်စွာ တောက်ပနေသော်လည်း သူ့အပြုံးကို ဝတ်ဆင်ထားဆဲ။ သူက တစ်ဖက်လူကို ထောက်ကူပေးပြီး အဒေါ်အန်းရှို့ဆီကို ရုတ်တရက် လှည့်ပြီး မေးလိုက်သည်။

"အာ့နျိုရဲ့ မွေးရပ်မြေက ဘယ်မှာလဲ"

အဒေါ်အန်းရှို့မှာ စကားတွေ အများကြီးပြောနေပေမယ့် အကြောင်းတစ်ခုခုကြောင့် သူတို့နှစ်ယောက် စကားပြောတဲ့အခိုက်မှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အာဏာပိုင်တွေ တွေ့နေရသလို ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူမ စကားတစ်ခွန်းမှ မပြောရဲ။

“ငါ့နောက်က လိုက်ခဲ့”

သူမ စကားပြောနေစဉ်တွင် အသံသည် ရေနွေး ပွက်ပွက်ဆူလာပြီး ရင်ဘတ်ထဲမှာ ပိတ်ဆို့နေသလို ခံစားနေရသည်။

သူမ လမ်းကို အမြန် လျှောက်နေ၏။

စီးထူဝမ်းလည်း တစ်ခုခုလွဲမှားနေမှန်း ရိပ်မိကာ စကားပြောတော့မည်ကို သတိပြုမိသော်လည်း သူ့လည်ချောင်းမှာ သဲကန္တာရထဲ ရောက်သွားသလို ခြောက်ကပ်သွားကာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။

ချန်ရှီနှင့် ကျုံးအာ့နျိုတို့ကြား စကားပြောဆိုမှုသည် သာမန်လူတစ်ဦး ပြောနေသလိုပဲ ဖြစ်ကြောင်း ထင်ရှားသော်လည်း ၎င်းသည် ဖိနှိပ်လွန်းသဖြင့် သူ့နှလုံးသားမှာ စိုးရိမ်စိတ်နှင့် ပြင်းထန်စွာ မသက်မသာ ဖြစ်လာသည်။

"ဂိုဏ်းချုပ်စီးထူ... ကျနော်တို့နောက်ကို လိုက်စရာ မလိုဘူး"

ချန်ရှီ၏ အသံက အရှေ့မှ ထွက်လာတဲ့အခါ စီးထူဝမ်း ရပ်တန့်သွားပြီး စိတ်သက်သာရာရသွားသည်။ ချန်ရှီ အဒေါ်အန်းရှို့နောက်သို့ လိုက်သွားစဉ်။

"အာ့နျို မင်းကို ဘယ်သူဒဏ်ရာရ​​အောင် လုပ်လိုက်တာလဲ?"

ကျုံးအာ့နျိုက သူ့သံတုတ်ကို အခြားလက်ဖြင့် မှီကာ ရှေ့ကို ရွေ့နေသည်။

"သက်ကြီးရွယ်အို သုံးယောက်... တစ်ယောက်က မျိုးရိုးအမည်ယန်၊ တစ်ယောက်က မျိုးရိုးအမည်ဖေ့ တစ်ယောက်ကကု!"

"မင်းက ဘယ်နယ်ပယ်မှာလဲ"

"သူတို့ထက် တစ်ဝက်လောက်နိမ့်တယ်... ဒါပေမယ့် ငါ့နယ်ပယ်က သူတို့နဲ့ မတူဘူး သူတို့က နယ်ပယ်တချို့ လွဲနေနိုင်တယ် လမ်းဟောင်းကို လိုက်နေတာ"

ချန်ရှီ၏ မျက်နှာသည် နူးညံ့သိမ်မွေ့စွာ ပြုံးပြနေသည်။

"လမ်းဟောင်းနဲ့ လမ်းသစ်က မသေနိုင်တဲ့လမ်း နှစ်ခုလုံးပါပဲ... အထက်ပျံသန်း ရောက်တဲ့ အခါမှာ ကွာခြားမှု သိပ်မရှိပါဘူး... ဒါကြောင့် လမ်းကြောင်းသစ်ကို လိုက်နေတာ.. ကုန်းစောင်းပေါ်က လူတွေကလည်း လမ်းကြောင်းသစ်ကို လိုက်နေကြတာပဲ မဟုတ်ဘူးလား"

ကျုံးအာ့နျို မဖြေ။

ချန်ရှီ: "မင်းတို့ထဲက တချို့က လမ်းဟောင်းကို လိုက်နေကြပုံရတယ် လမ်းသစ်မှာ လမ်းကြောင်းဟောင်းထက် နယ်ပယ်လေးခု ရှိတယ်... နတ်ကွန်း၊ သန္ဓေသားလောင်း၊ နတ်ဆင်းသက်နယ်ပယ်၊ နတ်သန့်စင်နယ်ပယ်... အတိဒုက္ခကို ဖြတ်ကျော်ရတဲ့ နယ်ပယ်နှစ်ခု ကင်းမဲ့နေတယ်... ဘယ်ဟာက သာလွန်တယ်လို့ ပြောဖို့ခက်တယ်"

ကျုံးအာ့နျို : "ဟုတ်တယ် လမ်းသစ်က သာတယ် လမ်းသစ်မှာ စုစုပေါင်း နယ်ပယ် ၁၄ခု ရှိပြီး လမ်းဟောင်းက ဆယ့်နှစ်ခု ရှိတယ်... လမ်းသစ်မှာ ကွာဟချက် ချဲ့ထွင်ဖို့ လုံလောက်တဲ့ လမ်းကြောင်းဟောင်းထက် နယ်ပယ်နှစ်ခု ရှိတယ်... ဒီလိုမှ မဟုတ်ရင် ဒီအထက်တန်းစား သုံးယောက်ကို ငါ့နည်းသစ်နဲ့ ဘယ်လိုလုပ် ရင်ဆိုင်ရမလဲ"

အမှားအယွင်းမရှိ!

ချန်ရှီ: "လမ်းကြောင်းသစ်ရဲ့ နယ်ပယ်လေးရပ်က ကောင်းကင်အထက် နတ်ဘုရားရဲ့ တန်ခိုးကို ဆွဲယူပြီး လှည့်ပတ်နေတာ... အဲဒါက စွမ်းအားကို ချေးငှားတာပဲ... ဥပမာ မင်းက လမ်းကြောင်းသစ်ကို လိုက်ပေမယ့် မင်းရဲ့ သန္ဓေသားလောင်းက အစကတည်းက မင်းပိုင်ခဲ့တာ မဟုတ်ဘူး"

ကျုံးအာ့နျိုသည် သံတုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သဖြင့် သူ့လက်ဆစ်တွေ ဖြူသွားသည်။

အဒေါ်အန်းရှို့က လူသူကင်းမဲ့သော အိမ်ဟောင်းတစ်ခုရှေ့တွင် ရပ်လိုက်ပြီး သူတို့၏ စကားစမြည်ကို နှောင့်ယှက်လိုက်သည်။

"ဒါက လူအိုကျုံးရဲ့အိမ်ပါ ဒါပေမယ့် သူသေတာကြာပါပြီ လောင်းကစား အကြွေးတွေများလို့ အသတ်ခံလိုက်ရတာ... ဒီအိမ်က နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ထားရတာ"

ကျုံးအာ့နျို ထောက်ခံနေသော ချန်ရှီက သူမကို ဖြတ်လျှောက်သွားသည်။ ကျုံးမိသားစုအိမ်သို့ သွားမည့်အစား မြို့ပြင်သို့ ထွက်သွားခဲ့ကြသည်။ အဒေါ်အန်းရှို့လည်း အံ့အားသင့်သွားပြီး။

"မင်းတို့ ဘယ်သွားမလို့လဲ ဒါက ကျုံးမိသားစုအိမ်ကြီး..."

"အဒေါ်အန်းရှို့ ပြန်လာခဲ့"

စီးထူဝမ်း အဘွားကြီးဆီ ​ပြန်ခေါ်လိုက်သည်။

"ဒါက ကျုံးမိသားစုရဲ့ အိမ်ပါ.. ငါ မမှားဘူး"

စီးထူဝမ်းက ခေါင်းယမ်းလိုက်ကာ။

"ဒါက သူရှာနေတဲ့ ကျုံးမိသားစု မဟုတ်ဘူး"

အဒေါ်အန်းရှို့မှာ ပိုလို့တောင် အံ့သြသွားပြီး။

"ဒီအိမ်ကလွဲလို့ တခြား ကျုံးမိသားစုရဲ့ အိမ်က ဘယ်မှာရှိလို့လဲ"

ထိုအချိန်တွင် မြို့ထဲမှ သမားတော်တစ်ယောက် အပြေးအလွှား ထွက်လာသည်။

“ဘယ်သူနေမကောင်းတာလဲ”

စီးထူဝမ်းက သူ့ကို လက်ပြပြီး အနားမကပ်ဖို့ အချက်ပြလိုက်ရာ သမားတော်လည်း အံသြသွား​လေသည်။ စကားပြောနေရင်းမှ ချန်ရှီနဲ့ ကျုံးအာ့နျိုတို့သည် ချင်းဟဲမြို့မှ ထွက်ခွာပြီး အပြင်သို့ ရောက်ရှိလာကြသည်။

ချင်းဟဲမြို့သည် ချင်းရွှေမြစ် တစ်လျှောက်တွင် တည်ဆောက်ခဲ့သည်။ လယ်မြေနှင့် တောနက်ကြားတွင် တည်ရှိသော မြစ်၏အကွေ့တွင် မြို့သူမြို့သားများ မကြာခဏ သင်္ဂြိုဟ်လေ့ရှိသည့် သင်္ချိုင်းတစ်ခုရှိသည်။

ကျုံးအာ့နျိုကို ထောက်ကူလာသော ချန်ရှီဟာ ထိုသင်္ချိုင်းဆီသို့ လျှောက်သွားနေ၏။ ကျုံးအာ့နျိုသည် အထပ်ထပ်အခါခါ ချောင်းဆိုးပြီး အသက်ရှူရခက်လာသည်။

"ငါ့နတ်သန္ဓေသားက ငါနဲ့မသက်ဆိုင်ဘူး...လူတိုင်းမှာ ရှိတယ်... နတ်သန္ဓေသားအားလုံးက မင်းနဲ့ ငါအပိုင်မှ မဟုတ်ဘဲ... ပြင်ပအာကာသနတ်ဘုရားဆီက ဆင်းသက်လာတာ..."

သင်္ချိုင်းတွင်းသို့ လျှောက်သွားစဉ် ချန်ရှီက သူ့ကို ထောက်ကူပေးနေသည်။ အုတ်ဂူတစ်ခုစီရှေ့မှာ ကျောက်ပြားတွေ စီတန်းထား၏။ သူက ရေးထားသည့် ကမ္ပည်းစာများကို လေ့လာရင်း။

"နတ်သန္ဓေသားကို ဖယ်ထုတ် ယူသွားတဲ့ ဘယ်သူမဆို သေလိမ့်မယ်...."

ကျုံးအာ့နျို : "မင်း လမ်းလွဲသွားပြီ.. ရှေးခေတ်ကတည်းက တန်ခိုးကြီးတဲ့ နတ်သန္ဓေသား မရှိခဲ့ပေမယ့် သူ့ရဲ့ပိုင်ရှင်က သူပဲ မဖြစ်နိုင်ဘူး"

ချန်ရှီ ဒေါသသံဖြင့် ပြန်ပြောသည်။

"ငါပြောနေတာက နတ်သန္ဓေသားကို ဖယ်ထုတ်လိုက်တဲ့ ဘယ်သူမဆို သေလိမ့်မယ်!"

ကျုံးအာ့နျို: "လူတိုင်း သေကြရမှာပဲ..."

သူတို့ မျက်လုံးချင်း ဆုံသွားပြန်သည်။ ချန်ရှီက ပြုံးပြီးပြော၏။

"က​လေးပညာရှင်က သူ့ရဲ့ မွေးရာပါ တာအိုသန္ဓေသား မပါတာတောင် ရှင်ပြန်ထမြောက်ပြီးနောက် ကမ္ဘာကျော် ထိပ်တန်းချန် ဖြစ်နေတုန်းပဲ.. ဒါပေမယ့် တချို့လူတွေက သူတို့ရဲ့ တာအိုသန္ဓေသားမပါရင် ဘာမှဖြစ်မလာဘူး... အာ့နျို မင်းအဖေနာမည် ဘယ်လိုခေါ်လဲ၊ မင်းမိသားစုကို ရှာတွေ့ပြီထင်တယ်"

သူတို့နှစ်ယောက်ရှေ့မှာ မြက်ခြောက်တွေနဲ့ ဖုံးထားတဲ့ သင်္ချိုင်းတစ်ခု ရှိကာ ရှေ့မှာ ကျောက်ပြားတစ်ချပ် ရပ်နေ၏။ ဒီသင်္ချိုင်းကို ဘယ်သူမှ မရောက်တာကြာ​လေပြီ။ အုတ်ဂူပေါ်တွင် စကားလုံးအချို့ကို ရေးထိုးထားသည်။ ကျုံးယင် အမည်ရှိ လူတစ်ယောက်၏ သင်္ချိုင်းဖြစ်သည်။

ကျုံးအာ့နျို ပြုံးလိုက်ကာ။

"ဒါက ငါ့အဖေရဲ့ သင်္ချိုင်း..."

"ဗုန်း!"

သူ့လက်ထဲက သံတုတ်ဟာ ရုတ်တရက် ပေါက်ကွဲသွားလေသည်။ ကြက်ဥတစ်လုံး အထူမှ ၎င်းသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး အထူ မိုင်ပေါင်းများစွာ ကျယ်လာကာ သင်္ချိုင်းများအားလုံးကို ပြားချပ်သွားစေသည်။

ကျုံးအာ့နျို၏ လက်ဖဝါးသည် မူလက သံတုတ်ကို ဆုပ်ကိုင်ထားသောကြောင့် ချဲ့ထွင်လာသော သံတုတ်က သူ့လက်ချောင်းများကို ကွဲကြေစေသင့်ပြီး အုပ်စိုးရှင်သည် သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေသင့်သည်။ သို့သော် တစ်ဖက်က ပြင်ဆင်ထားသကဲ့သို့ သူ့ဆုပ်ကိုင်ထားမှုကို ဖြည်းညှင်းစွာ ဖယ်ရှားကာ မိုင်ပေါင်းများစွာ ချဲ့ထွင်စေသည်။ သူ့ခန္ဓာကိုယ်သည် ငန်းငှက်မွှေးကဲ့သို့ပင် မိုင်ပေါင်းများစွာ အနောက်သို့ လွင့်မျောသွား၏။

သံတုတ်၏ ချဲ့ထွင်မှုသည် ချင်းဟဲမြို့အစွန်းတွင် ရပ်သွားပြီး မြို့သူမြို့သားများကို မထိခိုက်စေခဲ့ပေ။ ချင်းဟဲမြို့မှာတော့ ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် လူတိုင်း ခြေချော်လဲကျကုန်သည်။ မုန်တိုင်း လွန်သွားသောအခါတွင် အနက်ရောင် သံတိုင်တစ်ခုသည် မြို့ရှေ့ဘက်သို့ လုံးလုံးပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။

တိုင်သည် အလွန်ကြီးမားသောကြောင့် အခြားတစ်ဖက်တွင် မှော်အစွမ်း၏ နောက်ဆက်တွဲကို လုံး၀ ပိတ်ဆို့ကာ မြို့ကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးထားသည်။

တိုင်တစ်ဖက်စွန်းက ချန်ရှီ၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွား​ပြီ။ ကျူးရှို့ချိုင်နဲ့ ရှောင်သွမ့်ကလည်း ချီစွမ်းအင် စုစည်းခံလိုက်ရသလို ခံစားလိုက်ရကာ ချန်ရှီခန္ဓာကိုယ်မှ မှော်စွမ်းအားများ ထွက်ပေါ်လာသည်။ ချန်ရှီသည် ဤမျှကြီးမားသော စွမ်းအားကို တစ်ခါမျှ မကျွမ်းကျင်ခဲ့ပေ။ ဤမှော်စွမ်းအင် လှိုင်းလုံးကြီးသည် ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြောလှသော ကျယ်ပြောလှသော လျှို့ဝှက်စွမ်းအားကို စုစည်းနေသကဲ့သို့ သမုဒ္ဒရာကြီးလောက် ကြီးမားလှသည်။ သူ့ပတ်ဝန်းကျင်တွင် မြေကြီးများ ကွဲအက်ကာ လေထုတို့ တုန်ခါသွားပြီး ကောင်းကင်နှင့် မြေကြီး မှောက်လျက် လဲကျကာ ရေများ၊ တောင်များ၊ ရွှံ့နွံများ အဆုံးမသတ်နိုင်အောင် ပြောင်းလဲသွား၏။

ကျုံးအာ့နျို အနောက်ကနေ နတ်ကွန်းတစ်ခု ထွက်လာပြီး သူက ပြုံးလိုက်သည်။ အတွင်း၌ နက်နဲသောအာရုံကို စူးစိုက်နေသော နတ်သန္ဓေသားက ရုတ်တရက် မျက်လုံးပွင့်လာသည်။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ လမ်းကြောင်းများသည် ဖြောင့်မတ်ခြင်းနှင့် မကောင်းမှုနှစ်ခုစလုံးကို အပြည့်အဝ ကိုင်တွယ် ဖြေရှင်းနိုင်ပုံ ပေါ်လာသည်။ ပါးကွာ့ ရှစ်ခု၏ အသွင်ကူးပြောင်းမှု ၆၄ ခုပင်လျှင် သူ့ကို အနည်းငယ်မျှ​တောင် အကျိုးသက်ရောက်နိုင်မည် မဟုတ်ပေ။

သူသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသော်လည်း ဤမြင့်မြတ်သော နတ်သန္ဓေသားနှင့်အတူ ချန်ရှီ၏ တာအိုနယ်မြေ များကို သိမ်းပိုက်ရန် အသင့်ဖြစ်နေပုံရသည်။

"ချန်ရှီ... မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး မင်းထင်တာ မှန်တယ် ငါက စိတ်ပျက်ဖွယ်ကုန်းစောင်းက ကျုံးဝူဝမ့်... မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားက ငါ့လက်ထဲမှာရှိတယ်"

ချန်ရှီဟောက်ပြီး ရှေ့တစ်လှမ်း တိုးလိုက်သည်။ အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါး ဖွဲ့စည်းခြင်းသည် ချက်ချင်းပင် ဖြစ်တည်လာကာ အရာအားလုံးကို စားသုံးနိုင်သော စွမ်းအား​ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ချန်ရှီ သူ့လက်ဖဝါးကို ဆန့်တန်းပြီး ရှေ့က အရာအားလုံးကို ဖျက်ဆီးပစ်လိုက်၏။

ကျုံးဝူဝမ့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ခေါင်းနောက်က မွေးရာပါ တာအိုသန္ဓေသားကလည်း ပတ်ဝန်းကျင်ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုစွမ်းအားကို သယ်ဆောင်လာပြီး အကြွင်းမဲ့ဝိညာဉ်အလံဆယ်ပါးကို ကာကွယ်ထားလိုက်သည်။

ချန်ရှီ၏ ဦးခေါင်းနောက်ကွယ်ရှိ ဘုံကျောင်းငယ်လေးထဲက ကျူးရှို့ချိုင်နှင့် ရှောင်သွမ့်တို့လည်း မွေးရာပါ တာအိုသန္ဓေသား၏ စွမ်းအားကို ခံစားလိုက်ကြရသည်။

"မွေးရာပါ တာအိုသန္ဓေသားက အဲ့လောက်တောင် အစွမ်းထက်တာလား?"

ကျူးရှို့ချိုင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ချန်ရှီ ရှင်းရှန်ခရိုင်က စာမေးပွဲတွင် ပါဝင်ခဲ့စဉ်က ကောင်းကင်အထက်က နတ်ဘုရား၏ ကောင်းချီးမင်္ဂလာနှင့် မွေးရာပါ တာအိုသန္ဓေသားကို ရရှိခဲ့သည်။ ထိုအချိန်က မွေးရာပါ တာအိုသန္ဓေသား အံ့မခန်းဖြစ်ခဲ့သော်လည်း ယခုလောက်ထိ ကြောက်စရာ မကောင်းသေးချေ။

နတ်ဆင်းသက်နယ်ပယ်နှင့် အတုအယောင် သန့်စင်ခြင်း နယ်ပယ်ကို တွေ့ကြုံရပြီးနောက် ယနေ့ မွေးရာပါ တာအို​သန္ဓေသားသည် သူနှင့် ယှဉ်ပြိုင်ရန် လုံလောက်အောင် အားကောင်းသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အကြွင်းမဲ့ဝိညာဉ်ဆယ်ပါး ဖွဲ့စည်းခြင်း အက်ကွဲသွားကာ နတ်ဘုရားများ၏ တန်ခိုးက မြူခိုးများသဖွယ် ပျက်သုဉ်း ပျောက်ကွယ်သွားခဲ့သည်။

ချန်ရှီ လက်ဖဝါးကို အပေါ်အောက် လှန်ချလိုက်သည်။

သူ့နောက်တွင် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံး မြင့်တက်လာပြီး အနောက်နွားရှင်းကျိုး ပြည်နယ်ငါးဆယ်၏ ပထဝီဝင်မြေပုံတစ်ခု ထွက်ပေါ်လာသည်။ ရှင်းရှန်၊ လင်ကျိုး၊ ကုံကျိုး၊ ချင်းကျိုးနှင့် အခြားပြည်နယ်များ၏ မြေပုံများ တောက်ပလာပြီး ဒေသအသီးသီးမှ နတ်ဘုရားများ၏ တန်ခိုးများ တံဆိပ်တုံးထဲ စုစည်းလာခဲ့သည်။

ချန်ရှီသည် အနောက်နွားရှင်းကျိုး၏ အမြင့်မြတ်ဆုံးသော ဘုရင်ကို ဖိတ်ခေါ်ပြီး ပေါက်ကွဲသံနှင့်အတူ တံဆိပ်တုံးအား ဖိချခဲ့သည်။

All Chapters