← Chapters

ပိုင်နက်ခေါင်းဆောင်၏ခြံဝင်း

Vol. 020 Ch. 1984

ပိုင်နက်ခေါင်းဆောင်၏ခြံဝင်း

Vol. 020 Ch. 1984

ယန်တုန်းရန်ကား ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။

ယန်တုန်းရန်သည် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်သည်။ သူသည် အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်၏။ ယခု သူသည် ရီဖူရှင်းအား ရှုံးနိမ့်ခဲ့သည်။

အကယ်၍ ရီဖူရှင်းသာ တုန်းရှောင်ကုန်းမြေမှ လူဖြစ်ခဲ့လျှင် သူသည် ကုန်းမြေ၏ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်သော တစ်ဦးတည်းသောသူဖြစ်၏။ သို့သော် သူသည် တုန်းရှောင်ကုန်းမြေနှင့် အဆက်ဖြတ်ခဲ့သည်။ သူသည် အရှေ့နတ်ဘုရားကျွန်းစုမှ ရောက်လာခဲ့ကာ တုန်းရှောင်ကုန်းမြေမှ ကိစ္စရပ်များကို စိတ်မဝင်စားပေ။

ဝမ်တုမှ တန်ခိုးရှင်အများအပြား သူ့အား မည်သို့ အကွက်ချလှည့်စားရန် ကြိုးစားခဲ့ကြသည်ကို တွေးတောကာ လူအများအပြားက များစွာ ယုတ္တိမရှိသည်ကို ခံစားကြရ၏။ အာခီမီနတ်နန်းတော်မှ ချီမုကဲ့သို့သော လူသည်ပင် ရီဖူရှင်းအား ဝမ်ရှန်းစောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ခြင်းအား တားဆီးလိုခဲ့သည်။

သို့သော်လည်း သူတို့က သူ့အား မည်သို့ တားဆီးရမည်နည်း။

ရီဖူရှင်း တစ်ဦးတည်းက အားလုံးကို ဖိနှိပ်နိုင်သည်။ ဆေးအင်ပါယာက သူ့အား တွေ့ဆုံပြီးဖြစ်ကာ ဝမ်ရှန်းစောင့်ကြည့်မျှော်စင်မှဆင်း၍ ယန်တုန်းရန်အား အနိုင်ယူရန် ညွှန်ကြားခဲ့သည်။

ရီဖူရှင်းလည်း အောင်မြင်ခဲ့သည်။ သူက ဆေးအင်ပါယာကို တွေ့ပြီးနောက်တွင် စောင့်ကြည့်မျှော်စင်မှ ဆင်းလာပြီး ယန်တုန်းရန်အား အနိုင်ယူပြခဲ့၏။

ထိုအခိုက်တွင် လေထဲတွင် ရပ်နေသော ရီဖူရှင်းသည် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရပေသည်။

“သူ့မှာ ချို့ယွင်းချက်ကင်းနတ်ဝင်ရိုးရှိပြီးတော့ တစ်ဘက်က ချို့ယွင်းချက်ကင်းနတ်ဝင်ရိုးရှိတဲ့ သူ့ထက် အဆင့်မြင့်တဲ့ ယန်တုန်းရန်ကို အနိုင်ယူခဲ့တယ်။ ဒါက အရှေ့နတ်ဘုရားကျွန်းစုက ရှေးဟောင်းတော်ဝင် ယန်မိသားစုကို လက်စားချေတာ ဖြစ်လေမလား” အရှေ့နတ်ဘုရားကျွန်းစုနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုတို့၏ရန်ငြိုးကို မည်သူမှ မေ့မည် မထင်။ အရှေ့နတ်ဘုရားကျွန်းစုကား ကြီးမြတ်သောယန်မိသားစုကြောင့် ကမောက်ကမ ဖြစ်ခဲ့ရသည်။

နှစ်ပေါင်းများစွာအကြာ အရှေ့နတ်ဘုရားကျွန်းစုမှ ထွက်လာသော တစ်စုံတစ်ယောက်သည် မြောက်ပိုင်းကုန်းမြေမှ ရန်ဟောင်များအားလုံးကို အနိုင်ယူခဲ့သည်။ မည်သူမှ သူ့အား မယှဉ်နိုင်ခဲ့။

သို့သော်လည်း အဝေးမှ တိုက်ပွဲကို လှမ်းကြည့်နေသော နတ်မိမယ်ဖန်းလိုင်သည် အရှေ့နတ်ဘုရားကျွန်းစုက ထိုသို့သော လူမျိုးအား မွေးထုတ်ပေးနိုင်ခြင်းမရှိသည်ကို နားလည်သဘောပေါက်၏။

ရီဖူရှင်းသည် မူလဘုံမှ ရောက်လာကာ အရှေ့နတ်ဘုရားကျွန်းစုပေါ်သို့ ရောက်လာခဲ့သည်။ ၄င်းက အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ကာ ထိုအခွင့်အလမ်းသည် အရှေ့နတ်ဘုရားကျွန်းစုအတွက် ဖြစ်၏။

ထို့ကြောင့် သူမက ရီဖူရှင်းအား ဝမ်ရှန်းစောင့်ကြည့်မျှော်စင်သို့ စေလွှတ်ကာ သူ၏ခွန်အားကို သက်သေပြစေသည်။

ထိုအချိန်တွင် ရီဖူရှင်းက အောက်မှ ယန်တုန်းရန်ကို လှမ်းကြည့်သည်။ သူ၏အကြည့်က မည်သည့်ခံစားချက်မှ မပါဘဲ တည်ငြိမ်သည်။ သူ၏ပုံစံအရ ဖြစ်လာသမျှက မျှော်လင့်ထားသည့်အတိုင်းဟူသော သဘောပင်။ သူက ထူးမခြားနားစွာ ပြောသည် “အခု မင်းမှာ အရှုံးဆိုတာ ရှိသွားပြီ”

သည်မတိုင်ခင်က ယန်တုန်းရန်သည် ဝမ်ရှန်းစောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်ခဲ့ကာ တစ်ပွဲမှ အရှုံးခဲ့ပေ။ စည်းမျဉ်းအရ သူသည် ဆေးအင်ပါယာကို တွေ့ခွင့်ရှိသည်။

ယခု သူသည် အရှုံးနှင့် ကြုံခဲ့ရပြီဖြစ်သည်။

ရီဖူရှင်းက သူ့အား အမှန်တကယ်ပင် အိမ်ပြန်ရန် ပြောနေခဲ့သည်။

ယန်တုန်းရန်သည် ထိုနေရာတွင် ရပ်ကာ ရီဖူရှင်းကို စူးစိုက်ကြည့်နေသည်။ သည်တိုက်ပွဲက သူ့အား ကူရာမဲ့စေသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစု၏တိုက်ရိုက်မျိုးဆက်ဖြစ်သော သူသည် ပါရမီနှင့် အရင်းအမြစ် ကြွယ်ဝမှုတွင် ပြောစရာမလိုပေ။ သူကား အလွန်မောက်မာကာ မာနကြီးသည်။ သည်နေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်မှာ ရီဖူရှင်း မဟုတ်ပေ။ ကြီးမြတ်သောယန်မိသားစုသည် အရှေ့နတ်ဘုရားကျွန်းစုကို ဂရုမစိုက်ပေ။ သူ၏အဓိက ရည်မှန်းချက်သည် ဝမ်ရှန်းစောင့်ကြည့်မျှော်စင်မှ ဂုဏ်ယူရသော သားတော် ဖြစ်သည်။ သူသည်သာ အဆင့်တက်နိုင်ခဲ့လျှင် ချို့ယွင်းချက်ကင်း အဆင့်ရှစ်ရန်ဟောင်က မည်မျှ အစွမ်းထက်သည်ကို မြင်တွေ့လို၏။

သို့သော်လည်း သူသည် ထိုဂုဏ်ယူရသော သားတော်အား မတွေ့မှီတွင်ပင် ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။

သူသည် တစ်ကြိမ်တစ်ခါက ကြီးမြတ်သောယန်မိသားစု၏အောက်တွင် ဖိနှိပ်ခံခဲ့ရသော အရှေ့နတ်ဘုရားကျွန်းစုမှ လူတစ်ဦးထံတွင် ရှုံးနိမ့်ခဲ့သည်။ သူ လာရင်းရည်ရွယ်ချက်နှင့် ကြုံဆုံလာရသည်က လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ လာခြင်းသည် ကြီးကျယ်ခမ်းနားသော်လည်း အပြန်ကား အရှက်ရစရာ ကောင်းလွန်းနေသည်။

ရီဖူရှင်းက မည်သည့်မစကားမှ မဆိုလျှင်ပင် သူသည် ဆက်နေရန် အလွန်အရှက်ရနေပြီဖြစ်သည်။

“သွားမယ်...” ယန်တုန်းရန်က ပြောသည်။ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများကို ဦးဆောင်ကာ ချက်ချင်း ထွက်ခွာသွားသည်။ ဘေပတ်လည်မှ မြောက်ပိုင်းကုန်းမြေမှ တန်ခိုးရှင်များသည်  ရီဖူရှင်းအား လှမ်းကြည့်ကြသည်။ သူတို့အားလုံးက လိုလားခြင်းမရှိစွာဖြင့် ထွက်ခွာသွားကြ၏။

“ငါတို့ တစ်နေ့ ပြန်တွေ့မှာပါ” သူတို့ထွက်ခွာသွားလျှင် အသံတစ်သံ ကျန်ရစ်ခဲ့သည်။ ၄င်းကား ယန်တုန်းရန်၏အသံဖြစ်သည်။

သိသာစွာပင် သူသည် အပြည့်အဝ အရှုံးပေးခြင်း မရှိသေး။

အနာဂတ်တွင် သူတို့ ထပ်တွေ့ပေမည်။

ရီဖူရှင်းက အဝေးမှ ထွက်သွားသော ပုံရိပ်ကို လှမ်းကြည့်သည်။ သူတို့ ထပ်တွေ့မည်လား။ သူတို့ ထပ်တွေ့လျှင်ပင် ယန်တုန်းရန်သည် သူ၏ဓားကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

“သွားကြမယ်...”

မြောက်ပိုင်းကုန်းမြေမှ တန်ခိုးရှင်များ ပျောက်ကွယ်သွားသည်ကိုကြည့်ကာ လူအများအပြားက ခံစားချက်များ ရှုပ်ထွေးနေကြသည်။ ပုံမှန်အားဖြင့် သူတို့သည် ဂုဏ်ယူနေရမည် ဖြစ်သည်။ သို့သော်လည်း ဝမ်ရှန်းစောင့်ကြည့်မျှော်စင်ခရီးတွင် မြောက်ပိုင်းကုန်းမြေမှ လူများ ရှုံးနိမ့်ခဲ့သလို တုန်းရှောင်းကုန်းမြေနှင့် ဝမ်တုမှ လူများသည်လည်း အနိုင်မရခဲ့ပါ။

အရာအားလုံးမှာ အဆုံးသတ်တွင် ရီဖူရှင်းကို တောက်ပစေခဲ့သည်။

အရှေ့နတ်ဘုရားကျွန်းစုနှင့် ဆေးအင်ပါယာ၏နီးကပ်သော ဆက်ဆံရေးအရ ဆေးအင်ပါယာသည် ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန် အခြေအနေ ကောင်းနေသည်။ တပည့်အဖြစ် လက်မခံလျှင်ပင် ရီဖူရှင်းအား ကောင်းမွန်စွာ ထောက်ပံ့မည်မှာ အသေအချာပင်။

သူကား အဆင့်လေး ရန်ဟောင်မျှသာဖြစ်သော်လည်း အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ သတ္တမအဆင့်ရန်ဟောင်သည်ပင် ရီဖူရှင်းအား မယှဉ်နိုင်။ အနာဂတ်တွင် ဝမ်ရှန်းစောင့်ကြည့်မျှော်စင်မှ ပြိုင်စင်ရှားတန်ခိုးရှင်တစ်ဦး ပေါ်ပေါက်လာတော့မည်မှာ သေချာ၏။

အနာဂတ်တွင် အရှေ့နတ်ဘုရားကျွန်းစုသည် တဖန် ကျော်ဇောအောင်မြင်လာမည်လား။

ထိုအချိန်တွင် ဝမ်ရှန်းစောင့်ကြည့်မျှော်စင်မှ အကြီးအကဲတစ်ဦးက ရှေ့ကို တက်လာကာ ဘေးပတ်ပတ်လည်မှ လူများကို ပြောသည် “ဒီနှစ်အတွက် အဆုံးသတ်ပြီ။ အားလုံး လူစုခွဲကြတော့”

အားလုံး ပြီးသွားပြီဖြစ်သည်။

လူအများအပြားက စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်နေကြသည်။ ရီဖူရှင်းကြောင့်သာ မဟုတ်လျှင် ဝမ်ရှန်းစောင့်ကြည့်မျှော်စင်သို့ လူတချို့ ဝင်ရောက်ကျင့်ကြံခွင့် ရရှိနိုင်သည်။ သို့သော်လည်း အရာအားလုံးက ကံကြမ္မာအတိုင်း ဖြစ်ပေသည်။ သူတို့အနေဖြင့် ကိုယ်တိုင် မစွမ်းဆောင်နိုင်၍ ကျရှုံးသည့်ကိစ္စတွင် တခြားလူများကို အပြစ်တင်နေ၍ မရပေ။

ဝမ်ရှန်းစောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်က ပြောလျှင် အားလုံးက လူစုခွဲကာ ထွက်သွားကြတော့သည်။

ချီမုက အဝေးကို လှမ်းကြည့်သည်။ အာခီမီနတ်နန်းတော်၏ဆက်ခံသူတစ်ဦးအနေဖြင့် သူနှင့် ရီဖူရှင်းအကြား ကွာဟချက် မည်မျှ ကြီးမားသည်ကို နားလည်၏။ ရီဖူရှင်းက ဆေးပညာကို မသိနားမလည်ခဲ့လျှင်ပင် သူသည် ရီဖူရှင်း အဆင့်ကို ရောက်ရန် အလှမ်းကွာဝေး၏။

ရီဖူရှင်းသည် ဆေးအင်ပါယာနှင့် တိုက်ရိုက်ဆက်ဆံထိတွေ့နိုင်သည်။

အာခီမီနတ်နန်းတော်မှ အကြီးအကဲတစ်ယောက်က ပြောသည် “သွားကြမယ်...”

ချီမုနှင့် တခြားလူများလည်း ထွက်သွားကြသည်။

သို့သော်လည်း ရီဖူရှင်းနှင့် ဝမ်ရှန်းစောင့်ကြည့်မျှော်စင်ကို လှမ်းကြည့်နေသူ အများအပြား ရှိနေသေးသည်။

ပုံမှန်အားဖြင့် ရှားရှင်းယွန်က ထွက်သွားခြင်း မရှိပေ။ လင်ချိုးနှင့် တခြားလူများကလည်း ငြိမ်သက်စွာ ရပ်နေကြသည်။ အကြီးအကဲက သူတို့အားလှမ်းကြည့်ကာ ရီဖူရှင်းကို မေးသည် “သူတို့က မင်းနဲ့အတူ လာတာလား”

“ဟုတ်ကဲ့....” ရီဖူရှင်းက ခေါင်းညိတ်သည် “သူတို့က ကျုပ်အဖော်တွေပါ”

အဘိုးအိုက ပြောသည် “ဒါဆိုလည်း သူတို့ကို ခေါ်ပြီး မျှော်စင်သို့ ဝင်ပြီး နားကြပါ”

“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ရီဖူရှင်းက လက်ဝှေ့ယမ်းပြလျှင် လင်ချိုးနှင့် တခြားလူများ သူ့ဘေးကို ပျံသန်းရောက်ရှိလာကြသည်။

“ငါ့မှာ မင်းကို မေးစရာတစ်ခုရှိတယ်” လင်ချိုးက ရီဖူရှင်းကို ပြောသည်။

“ဘာများလဲ...” ရီဖူရှင်းက ပြောသည်။

“အဲဒီဆေးလုံးတွေ မင်းကိုယ်တိုင် သန့်စင်ခဲ့တာလား” လင်ချိုးက သူ့အား မွန်းစတားတစ်ကောင်အလား ကြည့်ကာ မေးသည်။

“အဟမ်း...” ရီဖူရှင်းက ဘေးပတ်လည်ကို ကြည့်သည် “ဆေးအင်ပါယာက ငါ့ကို စောင့်နေတုန်းပဲ”

ထို့နောက် သူက ရှေ့ကို မြန်မြန်လှမ်းကာ ထွက်သွား၏။ လင်ချိုးကား သူ၏နောက်ကျောကို ဆွံ့အစွာ ကြည့်နေသည်။ သူက အမှန်တကယ် ထိုဆေးလုံးများကို သန့်စင်ခဲ့သည်လား။

ဝမ်ရှန်းစောင့်ကြည့်မျှော်စင်၏နေရာအများအပြားနှင့် အဆောင်များတွင် ရန်ဟောင်အများအပြားက ရီဖူရှင်းကို အာရုံစိုက်နေကြသည်။ သူတို့က အပြင်မထွက်သော်လည်း တိုက်ပွဲကိုမူ နတ်အာရုံဖြင့် လှမ်းကြည့်နေခဲ့ကြ၏။

လက်ရှိမျိုးဆက်တွင် ရီဖူရှင်းကို အနိုင်ယူနိုင်သည့် အလယ်အလတ်ဆင့် ရန်ဟောင် ရှိမည် မထင်။

ကြည့်ရသည်မှာ အရှေ့နတ်ဘုရားကျွန်းစုတွင် နာမည်ကျော်ကြားသူတစ်ဦး မကြာခင် ထွက်ပေါ်လာပေတော့မည်။

အင်ပါယာအများအပြားက ကောင်းကင်မှနေ၍ ရီဖူရှင်းအား ခေါင်းညိတ် အသိအမှတ်ပြုကြသည်။ ရီဖူရှင်းကလည်း သူတို့အား တလေးတစား ခေါင်းညိတ်နှုတ်ဆက်ပြီး ဆေးအင်ပါယာကျင့်ကြံနေသော ဟန်ကန်းကျွန်းသို့ တဖန် ပြန်ရောက်လာခဲ့သည်။

ဆေးအင်ပါယာက တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည် “မဆိုးဘူး။ ယန်တုန်းရန်က ချို့ယွင်းချက်ကင်းအဆင့်ငါး ရန်ဟောင်ပဲ။ မင်းက ဒါကို အဆင့်နိမ့်ပေမဲ့ အနိုင်ယူခဲ့တယ်။ တုံ့ဟွာပိုင်နက်မှာ မင်းကို ယှဉ်နိုင်မယ့်လူ ရှားလိမ့်မယ်”

“ဒါပေမဲ့ ရှေးဟောင်းတော်ဝင် ယန်မိသားစုက အရှေ့နတ်ဘုရားကျွန်းစုကို ဂရုမစိုက်ဘူး။ ဒီတိုက်ပွဲအပြီး ယန်တုန်းရန် အိမ်ပြန်ရောက်တဲ့အခါ သူတို့က မင်းကို သတိထားစောင့်ကြည့်တော့မှာ သေချာတယ်။ ဒါက အရှေ့နတ်ဘုရားကျွန်းစုအတွက်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး” ဆေးအင်ပါယာက ပြောသည်။

“သူတို့က အရှေ့နတ်ဘုရားကျွန်းစုကို ဂရုစိုက်လို့ပဲ သူ့ကို ဒီခေါ်လာတာ” တုံ့လိုင်နတ်မိမယ်က ပြောသည်။

ဆေးအင်ပါယာက တစ်စုံတစ်ခုကို တွက်ဆဟန်ဖြင့် ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်း၏ခွန်အားကို ထိန်ချန်ထား၍ မရနိုင်ပေ။ သူ ဆက်လက်ကြီးထွားလာလေ လူအများက သူ့ကို ပိုမို သတိထားလာလေဖြစ်သည်။ ကောင်ကင်ဒေသတွင် သူ ကျင့်ကြံလေ ပို၍ နာမည်ကျော်ကြားလာလေ ဖြစ်သည်။ သူ၏ ပင်ကိုယ်စွမ်းရည်က ထူးကဲလှ၏။

“မင်းက တုန်းဟွာပိုင်နက်၊ ပိုင်နက်ခေါင်းဆောင်ခြံဝင်းကို ဝင်နိုင်ရင်တော့ ဘယ်သူမှ မင်းကို ထိရဲမှာ မဟုတ်ဘူး” ဆေးအင်ပါယာက တစ်စုံတစ်ခုကိုတွေးတောက ပြောသည်။

“ပိုင်နက်ခေါင်းဆောင်အိမ်တော်...” ရီဖူရှင်းက မေးသည်။

ကောင်းကင်ဒေသတွင် ပိုင်နက်ဆယ့်ရှစ်ခုရှိရာ ပိုင်နက်ခေါင်းဆောင်အိမ်တော်၏တည်ရှိမှုက မည်သို့သော အဓိပ္ပာယ်ဖြစ်သည်ကို သူနားလည်သည်။ ပိုင်နက်ခေါင်းဆောင်များသည် အရှင်ဒွန်ဟောင်၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိရာ သူတို့သည် ကြီးမားသော အခွင့်အာဏာနှင့် စွမ်းရည်ကို ပိုင်ဆိုင်ကြ၏။

မှတ်ချက်။      ။(ယန်ချင်းအား ယန့်ချန်အဖြစ် ပြောင်းလဲဖတ်ရှုပေးပါရန်) ။ ဒီစာစဉ်မှာ ၁၃ ခန်းပဲ ပါပါတယ်။ ကျန်တဲ့တစ်ခန်းကို နောက်စာစဉ်မှာ ပေါင်းထည့်ပေးပါ့မယ်။

***

All Chapters