ယီယွင်၏အုတ်ဂူ
Vol. 1 Ch. 1
လက်ရှိခေတ်ကြီးမှာ ယီယွင်ဟာ ဘဝဆိုတာလက်တွေ့မှာတကယ်မလွယ်ဘူးဆိုတာကို သဘောပေါက်ထားသော်လည်း သူ့ဘ၀ရဲ့ငယ်ရွယ်ချိန်မှာ သူဟာသေဆုံးရမယ်ဆိုတာကိုတော့ တစ်ခါမှမတွေးဖူးပေ။
သာယာသောမနက်ခင်းတခုမှာ ယီယွင် ဟာ သူ့သူငယ်ချင်နှစ်ယောက်နဲ့ အတူတောင်တက်ခဲ့ပါသည်။ သူတို့အထဲကတစ်ဦးမှာ ချစ်စရာကောင်းတဲ့ မိန်းကလေးတဦးဖြစ်တာမို့ ခရီးစဉ်က ယီယွင့်အဖို့မှာတော့ ထူးခြားလှသလို သာယာလှပေသည်။
လူငယ်တော်တော်များများကဲ့သို့ပင် ယီယွင်ဟာလည်း စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်တစ်ဦးဖြစ်ပေသည်။
ထို့နည်းတူစွာ အခြားသူတွေသွားနှင့်ပြီးသား တောင်တက်လမ်းကြောင်းတွေကိုလိုက်တက်တာမျိုးဟာ သူ့တို့အတွက်တော့ အဓိပ္ပါယ်မရှိလှ၊ ဒါကြောင့် သူတို့က လူသူရောက်ပေါက်လေ့မရှိတဲ့ တောင်တခုကိုရွေးတက်ဖို့ဆုံးဖြတ်လိုက်ကြလေသည်။
တောင်ပေါ်မရောက်ခင် လမ်းတစ်ဝက်သို့အရောက်မှာပဲ သူတို့အုပ်စုသည် လှိုဏ်ဂူတစ်ခုကို ရှာတွေ့ခဲ့ကြလေသည်။
ထိုအချိန်တွင် ယီယွင်တို့နဲ့အတူ ပါလာသော မိန်းမပျိုလေးက စိတ်လှုပ်ရှားစွာြဖင့် ဂူထဲကိုဝင်ကြည့်ကြဖို့တောင်းဆိုခဲ့လေသည်။
သို့သော်သူတို့အားလုံးဝင်လာသည့်အခိုက်အတန်မှာပင်မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့ပါသည်။
ယီယွင် သည် လှိုဏ်ဂူထဲတွင် စတုဂံပုံ ခရမ်းရောင်သလင်းကျောက်ပြားကိုထူးဆန်းစွာတွေ့ရှိခဲ့သည်။ ထိုအရာသည် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်မှ ကတ်ပြားတစ်ခုနှင့်ဆင်တူသည်။
ခရမ်းရောင်သလင်းကျောက်ကို သူရှာတွေ့ရှိပြီး သိချင်စိတ်ကြောင့် ထိလိုက်သည်နှင့် ကျောက်နံရံများသည် တဟုန်ထိုးမြည်ဟီးလာပြီး ကျောက်ဂူကြီးမှာပြိုကျလာသည်။
ယီယွင်အတွက်မှာမူ များစွာသောကျောက်တုံးတွေ ပြိုကျလာချိန်ဟာမည်ကဲ့သို့ခံစားမှုဖြစ်ခဲ့တယ်ဆိုတာဖော်ပြဖို့ခက်ခဲလှသည်။ ပုံမှန်သာဆိုလျှင် လူတစ်ဦးဟာ “၎င်း သေတဲ့အချိန်မှ သေခြင်းဟူသည်အရာကို ကွင်းကွင်းကွက်ကွက်သိမြင်နိုင်မည်ဖြစ်သည်။”
ယီယွင်သည် ငယ်ရွယ်ယုံမက ကျန်းမာသန်စွမ်းဖျတ်လတ်ပြီး ရုပ်ရည်မှာလည်း ချောမောလှသည်။ ထို့အပြင် အိမ်ထောင်ပင်မပြုရသေးချေ။ လူငယ်ဘဝရဲ့ အတောက်ပဆုံးအချိန်ဖြစ်ပေသည်။သို့သော် ထိုအရာအားလုံးသည် မကြာခင်မှာပင် ပျောက်ကွယ်သွားဖို့ အကြောင်းဖန်လာခဲ့ပါသည်။
ထိုအရာကိုသိလိုက်ရသည်နှင့် ဝမ်းနည်းမှုနှင့်အတူမျှော်လင့်ချက်ကင်းမဲ့မှုပါတပြိုင်တည်း သူ့ရဲ့စိတ်ကိုဖိစီးလာခဲ့လေသည်။
ကျောက်တုံးများသည် ရီယွင်ကိုမထိမခိုက်သော်လည်း ထွက်ပေါက်ကိုမူ ပိတ်မိသွားခဲ့လေသည်။
စားစရာ၊ ရေနှင့် လေမရှိတော့ပဲ ကျောက်တုံးကြီးများကြားတွင် အရှင်လတ်လတ် မြှုပ်နှံခံထားရသည့် အခြေအနေဖြစ်နေတော့သည်။ ဤနေရာသည် သူ့သင်္ချိုင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟုပင် သူ့အား တွေးမိစေသည်။
ယီယွင်သည် ထူထဲသော ကျောက်နံရံကိုအံ့အားသင့်စွာငေးကြည့်နေမိသည်။ သူ့ဖုန်း၏ မီးအလင်းရောင်အောက်တွင်၊ ထူထဲလှသော ကျောက်နံရံကြီးသည် နတ်ဆိုးများ၏ မျက်နှာများနှင့်ပင် ဆင်တူလှသည်ကိုခံစားနေမိရသည်။
ကျောက်တုံးများ၏ အထိအတွေ့ကြောင့် ယိယွင်တကိုယ်လုံးအေးမြသွားပြီး အအေးဓာတ်သည် ရီယွင်၏ နှလုံးသားထဲထိ တဖြည်းဖြည်း စိမ့်ဝင်လာပြီး ကိုယ်အပူချိန်ကိုပင် ကျဆင်းစေခဲ့တော့ချေသည်။
သူနဲ့အတူပါလာတဲ့သူငယ်ချင်းများမှာလည်း မည်သည့်နေရာ ရောက်နေလဲသူမသိရှိပါ။ သူတို့သုံးယောက်လုံးဂူထဲကို ဘေးခြင်းကပ်လျှက် တစ်စုတစ်စည်းထဲ ဝင်သွားကြသည်။ ဂူပြိုကျပြီးသည်နှင့် သူနှင့်အတူ ပိတ်မိနေသင့်သော သူငယ်ချင်းနှစ်ယောက်စလုံးသည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။
ဂူမပြိုကျခင် မိနစ်ဝက်အလိုမှာပင် သူတို့နဲ့အတူပါလာတဲ့ မိန်းကလေးက ဂူထဲမှာ မြွေတွေကြောက်တယ်လို့ ပြောနေတာကိုပင် ယီယွင် က ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။
သက်ရှိလူသားနှစ်ယောက်ဟာ ရုတ်ချည်း မည်သို့ပျောက်ကွယ်သွားနိုင်ပါလဲ။
ခိုင်ခံ့လှတဲ့ကျောကလှိုဏ်ဂူတစ်ခုဟာ ဘာကြောင့်ပြိုကျသွားရတာလဲ။ ယီယွင်အတွေးပေါင်းစုံဝင်နေမိသည်။
ယီယွင်တယောက် မျှော်လင့်ချက်မဲ့နေခဲ့လေသည်။ သူ့ဖုန်းမှာ ဘာအချက်ပြမှုမှ မရှိခဲ့သလို သူ့သူငယ်ချင်း နှစ်ယောက်ရဲ့ ကံကြမ္မာက မသေချာလှပါ။ ယီယွင်သည် သေခြင်းတရားကို စောင့်ဆိုင်းမနေပဲ ပိတ်နေတဲ့ကျောက်တုံးတွေကို တူးဆွခြင်းသည် အပြင်ကအလင်းရောင်ကိုမြင်နိုင်လိမ့်မည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။
ယီယွင်မှာ တူးဆွသော်လည်း လက်ဗလာဖြင့် တူးခြင်းကိုအကြာကြီး မလုပ်နိုင်ပေ။ ဓားမြှောင် သို့မဟုတ် တခြား မည်သည့်ကိရိယာကိုမျှ သူနှင့်အတူ ယူဆောင်လာခဲ့ခြင်းမရှိပေ။
ရုတ်တရက် ထိုအချိန်တွင် ခေါင်းထဲမှာ သလင်းကျောက်ပြားကို သတိရသွားသည် ။
လက်ကိုင်မပါသော ဂေါ်ပြားကို အသုံးပြု၍ တူးဖော်ခြင်းသည် လက်ဗလာဖြင့် တူးဖော်ခြင်းထက် ပိုမိုကောင်းမွန်၏။ယီယွင် စိတ်ထဲမှရေရွတ်လိုက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော သလင်းကျောက်ပြားဆီသို့ သူလှည့်ကြည့်ရင်းအတွေးတစ်ခုဝင်လာသည်။
သူက ခရမ်းရောင်ကျောက်ပြားကို ထိလိုက်သည့်အခိုက်တွင် ဂူကလည်း ပြိုကျသွားခဲ့သည်။ ဘယ်လိုတိုက်ဆိုင်မှုမျိုးက ဒီလိုဖြစ်နိုင်မှာတဲ့လဲ။
အကြီးမားဆုံး ပဟေဠိတစ်ခုကတော့ သူ့သူငယ်ချင်းနှစ်ယောက်ဟာ ထူးဆန်းစွာပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
နားမလည်နိုင်သော ဖြစ်စဉ်များကိုဆက်တိုက်ဆိုသလို ပေါင်းစပ်မိရာ ယီယွင်၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်လာနေတော့သည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဤသလင်းကျောက်ပြားကြောင့် ဖြစ်နိုင်သလား။
ခရမ်းရောင်သလင်းကျောက်ပြားကို သူကြည့်လိုက်တော့ အနည်းငယ်ဖောင်းနေသည်။ အလွန်တည်ငြိမ်သော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ၎င်း၏ အလင်းရောင်ဖျော့ဖျော့ဖြင့် လှပစွာတည်ရှိနေချေသည်။
ယီယွင်သည် သူ့ဖုန်းမီးကို မပိတ်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ ဂူကြီးသည်ပြင်ပအလင်းရောင်မရှိအမှောင်အတိဖြစ်နေသော်လည်း ခရမ်းရောင်ကျောက်ပြား၏ အလင်းရောင်မှိန်ဖျော့ဖျော့က ဂူတခုလုံးကို မြင်နေရသည်ကို သူအံ့အားသင့်စွာတွေ့ရသည်။
သို့သော် လက်ရှိအခြေအနေတွင် ယီယွင်သည် သူ့ခန္ဓာကိုယ်ကိုထိခိုက်စေမည့် ရေဒီယိုသတ္တိကြွဖြစ်နိုင်ခြေကိုဂရုမစိုက်နိုင်အားပဲခရမ်းရောင်သလင်းကျောက်ပြားကို ကောက်ယူ စစ်ဆေးကြည့်ရန်သာစိတ်အားထက်သန်နေသည်။
အကယ်၍ ဤသလင်းကျောက်ပြားကြောင့် ပြိုကျသွားခြင်းမှန်ပါက ၎င်းသည် သူ၏ အသက်ရှင်သန်ရန်ခွင့်အခွင့်အရေး ဖြစ်နိုင်မလားတွေးတောမိသည်။
ယီယွင်သည် မျှော်လင့်ချက်များစွာမရှိမှန်းသိသော်လည်း မရဏတံခါးဝတွင် သူသည် အရာအားလုံးကို နောက်ဆုံးနည်းလမ်းအဖြစ် ကြိုးစားရမည်မှာဧကန်မုချပင်ဖြစ်သည်။
ထို့နောက် သူသည် သလင်းကျောက်ပြားကိုကောက်ယူလိုက်သည်။ ခံစားမှုမှာ အေးမြနေပြီး ထိုအအေးဓာတ်များသည် သူ့လက်မောင်းရှိ သွေးကြောများမှတဆင့်နှလုံးဆီသို့ လျှောက်သွားနေသည်ကိုခံစားမိလိုက်ရသည်။ သလင်းကျောက်ကိုယ်တိုင်က ခရမ်းရောင်ဖြစ်ပြီး လူကြီးလက်ထက် အနည်းငယ်ပိုကြီးသော်လည်း လက်ဖဝါးလောက်တော့ မထူပေ။ ကျောက်ပြား၏တစ်ဖက်တွင် လျှို့ဝှက်ဆန်းကြယ်သောစာများရေးထွင်းထားသည်။ လူလက်ဖြင့် ထွင်းထုထားသကဲ့သို့ပင် မပီပင်သောပုံပေါက်သည်မို့ ဝိုးတဝါးမျှသာြမင်ရသည်။
မည်သူက ထိုစာကို ထွင်းထုခဲ့တာလဲ။ ဤစာများသည် ရှေးဟောင်းသင်္ကေတ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော ဘာသာစကားတစ်ခု ပေလော။သို့မဟုတ် ကြယ်ကြွေရာမှဖြစ်လာသောအရာတစ်ခုပေလော။
ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့အတူ ယီယွင် ရဲ့ခေါင်းမှာမူ အတွေးများစွာြဖင့် ပြည့်နှက်နေပေတော့သည်။ ဂူပြိုကျမှုမှာ သလင်းကျောက်ပြားနှင့် ပတ်သက်နေသည်ဆိုတာတော့ သေချာပါသည်။ ငလျင်မလှုပ်ပဲ လှိုဏ်ဂူက ရုတ်ချည်းပြိုကျသွားခြင်းဖြစ်သည်။
သလင်းကျောက်ပြားကို လက်ထဲတွင်ကိုင်ထားရင်း အဆိုပါကျောက်ပြား၏ အစွန်းများသည် ဓားသွားကဲ့သို့ ထက်မြက်နေသည်ကို ယီယွင်တွေ့ရသည်။
ထိုအရာသည် မျှော်လင့်ချက်ကို ထက်သန်စေခဲ့သည်။ သလင်းကျောက်ဖြင့်တူးခြင်းက လူသက်သာသည့်အပြင် အားအင်ကို ချွေတာရာရောက်သည်။
ယီယွင်က မဆိုင်းမတွပင် မတ်တပ်ထရပ်လိုက်ပြီး သလင်းကျောက်ပြားကို လက်ထဲတွင် ကိုင်ကာ မည်မျှအထူရှိမည်မသိသော ကျောက်နံရံဆီသို့တလှမ်းခြင်းလျှောက်သွားလေသည်။
သလင်းကျောက်ပြားအစွန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ အစွမ်းကုန်တူးဆွလိုက်သည်နှင့်တပြိုင်နက်မှာပင် မထင်မှတ်နိုင်စရာ တစ်ခုဖြစ်သွားခဲ့သည်။ ခိုင်မာတောင့်တင်းလှသော ကျောက်တုံးကို လက်ဖဝါးအရွယ် သလင်းကျောက်ဖြင့် ထိုးလိုက်ရာ တိုဟူးကဲ့သို့ပင်ပျော့ပျောင်းစွာ ကွဲထွက်သွားသည်။
ထိုသို့တူးဆွရင်းနှင့်ပင် ယီယွင်သည် သူ့ခေါင်းကို ကျောက်နံရံဖြင့်ရိုက်မိသွားသည်။
သို့သော် တို့ဟူးကဲ့သို့ပျော့ပျောင်းနေသော ကျောက်သားများကို တူးရင်း လက်ထဲက ခရမ်းရောင်သလင်းကျောက်ပြားအစွမ်းကို အံ့အားသင့်နေရင်း နှဖူးထိခိုက်မိသွားခြင်းကို ပင်ဂရုမစိုက်နိုင်တော့ပေ။ ယခင်က တုန်လှုပ်ခြောက်ခြားမှုများမှာ အလုံးစုံပျောက်ကွယ်သွားပြီး စိတ်ထဲတွင်ပျော်ရွှင်မှုကိုစတင်ခံစားလာရချေသည်။
ဒါဟာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက အလင်းဓားတစ်လက်ပေလော။
ယခုအချိန်တွင်မူ ထိုသလင်းကျောက်သည် မည်မျှပင် ထက်မြက်သည်ဆိုတာကို သူ့မှာ ဆန်းစစ်ဖို့ပင်စိတ်ကူးမရှိပေ။ကျောက်နံရံကိုဖောက်ဖို့သာအာရုံစိုက်နေခဲ့ချေသည်။
သလင်းကျောက်ပြားကို လက်နှစ်ဘက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း ယီယွင်သည် အဆက်မပြတ်တူးလျှက်ရှိသည်။ သလင်းကျောက်ပြားသည် မာကျောသောကျောက်တုံးများကိုပင် အလွယ်တကူဖြတ်တောက်နိုင်ပေသည်။
အကယ်၍ သူသာ အသက်ရှင်လျက် ဂူထဲကထွက်နိုင်ခဲ့လျှင် ထိုသလင်းကျောက်ပြားသည် သူ့ဘဝကို ပြောင်းလဲသွားစေနိုင်မည်ဖြစ်သည်။ ၎င်းတွင် ဂြိုလ်သားနည်းပညာကိုပင် ပိုင်ဆိုင်ထားနိုင်မည်ဖြစ်သည်။
ယီယွင်သည် မည်မျှကြာအောင် တူးဖော်ခဲ့သည်ကို သေချာမသိသော်လည်း မောပန်းနွမ်းနယ်နေသည့်အခါတိုင်း သူ့လက်ထဲတွင်ရှိသော သလင်းကျောက်ပြား သည် အေးမြမှုကို ထုတ်လွှတ်ကာ သူ့ကိုယ်အတွင်းမှ အားအင်များကိုယုတ်လျော့မောပမ်းခြင်းမရှိစေပဲ အဆက်မပြတ်တူးဖော်နိုင်စေခဲ့သည်။
ဂူအတွင်းတွင်အချိန်မည်မျှရှိနေသည်ကို မသိနိုင်သော်လည်း ယီယွင်သည် တစက်မှမနားပဲ ရှေ့ဆက်၍ အသက်ရှင်လွတ်မြောက်အတွက် ကြိုးစားတူးဖော်နေပေသည်။
သူ့ဖုန်းမှာမူ ဘက်ထရီကုန်နေပြီဖြစ်သည်၊ သုံးရက်လုံးလုံး အချိန်ကုန်သွားပြီလား ငါးရက်လား ခုနှစ်ရက်၊
အစားအစာ သို့မဟုတ် ရေတစ်စက်မျှမရှိလျှက်ပင် ထူးဆန်းစွာမည်သို့ရှင်သန်နေကြောင်း ယီယွင် နားမလည်ခဲ့ပေ။ သလင်းကျောက်ပြားရဲ့ စွမ်းအင်က သူ့အသက်ကို ပိုရှည်စေသလိုပင်။
သူတူးထားတဲ့လမ်းကို ပြန်ကြည့်လိုက်လျှင် ယီယွင် ကမည်မျှကြာနေပြီဆိုတာ သိနိုင်သော်လည်း သူ့မျက်လုံးတွေ မှုန်ဝါးနေပြီမို့ ထိုအခြင်းအရာကို ဂရုမစိုက်နိုင်တော့ပေ။
ရှေ့ကကျောက်တုံးကြီးကိုရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ သူ့လက်ထဲတွင် လန်းဆန်းအေးမြသော သလင်းကျောက်မှ ထုတ်ပေးသော အအေးဓာတ်ကိုသာခံစားနေရသည်။
သူသည် တဖြည်းဖြည်း အားအင်များကုန်ဆုံးနေသော်လည်း ဇွဲနပဲဖြင့် ဆက်လက် တူးဖော်နေခဲ့သည်။ နောက်ဆုံးမှာမူ အက်ကွဲနေသောကျောက်တုံးကြားမှ အလင်းရောင်တစ်စကို မြင်လိုက်ရသလို သူ့မျက်လုံးရှေ့မှာ တလက်လက်တောက်ပနေတဲ့ အလင်းတန်းတစ်ခုကို သူမြင်လိုက်ရလေတော့သည်။
သတိလစ်နေတဲ့ လူတစ်ယောက်ကို ရေနဲ့ပက်လိုက်သလိုပင် ယီယွင်ရုတ်တရက်မင်သက်သွားမိသည်။
“အလင်းရောင်”
“အလင်းရောင်ရှိတယ်။”
ယီယွင်သည် ဤမျှလှပသောအလင်းရောင်ကိုဘဝမှာ ဘယ်သောအခါမှ တန်ဖိုးမထားခဲ့ဘူးပါ။ ယခင်က ကုန်ဆုံးသွားသော စွမ်းအင်တွေအားလုံး သူ့ခန္ဓာကိုယ်ထဲကို ပြန်လည်စီးဆင်းလာသလိုအားများပြည့်ကာ မျက်လုံးမှ သူ့မျက်ရည်တွေကိုလည်း ထိန်းမထားနိုင်ခဲ့ပေ။ အံကိုကြိတ်ကာဖြင့် အရူးအမူးတူးသည်။
နောက်ဆုံးတော့...
ယီယွင်သည် သူ့ကိုယ်ပေါ်မှ တောက်ပနေသောနေရောင်ခြည်များ ကြောင့် မျက်လုံးများကို ဖွင့်ရန် ပင်မနည်းအားယူနေရပေသည်။
သူ ရုန်းထွက်နိုင်ခဲ့ပီ။
"ငါအောင်မြင်ပြီ!"
"ငါ အသက်ရှင်ပြီ!"
ယီယွင်သည် အမှောင်ထုကို မမျှော်လင့်ပဲတွေ့ကြုံရခြင်း သို့မဟုတ် အလင်းရောင်၏တန်ဖိုးရှိပုံ သို့မဟုတ် သေခြင်းကိုကြုံခဲ့ရခြင်းကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သော်လည်း ဘဝ၏လှည့်စားမှုများကိုရုတ်တရက် နားလည်ရန်မှာမူခက်ခဲနေတော့သည်။
ယီယွင် သည် မြေပြင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများကိုမော့ ကြည့်လိုက်သောအခါ မြင်တွေ့နေကျအပြာရောင်ကောင်းကင်ကြီးမှာယနေ့လောက် မည်သည့်အခါမှပိုမလှနိုင်ဟုတွေးတောမိလေသည်။
သူ့တစ်ကိုယ်လုံး အလွန်ပင်ပန်းနွမ်းနယ်ပြီး ဆာလောင်မွတ်သိပ်နေသော်လည်း အားတင်းကာ ကုန်းထ၍ သူ့သူငယ်ချင်းနှစ်ယောက်ကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ အချိန်အတော်ကြာအောင်ပင် အနားယူခြင်း မပြုခဲ့ပေ။
ယီယွင် သည် သေခြင်းမှ လွတ်မြောက်နိုင်ခဲ့သော်လည်း သူ့သူငယ်ချင်းများမှာမူ ဘာဖြစ်သွားသည်ကို မသိရပေ။သူ့ဖုန်းက ဘက်ထရီလဲကုန်သွားပြီဖြစ်သည်။ ယီယွင်သည် အသက်ရှင်သည်အရိပ်အယောင်များမြင်ရန် မျှော်လင့်တကြီး လိုက်ရှာကြည့်မိသည်။
ရှာနေရင်းတနေရာအရောက်တွင်မူ သူရုတ်တရက်ထိတ်လန့်သွားရသည်။
ဘယ်လို...ဒါက ဘယ်လိုဖြစ်ရတာလဲ?
ယီယွင် သည် တောင်ပေါ်တက်ခဲ့ပုံ၊အရှင်လတ်လတ် ဂူအတွင်းပိတ်မိပုံ၊တယောက်ထဲ ကျောက်တုံးများကြားမှ ရှန်းထွက်ခဲ့ရပုံများကို ရှင်းရှင်းလင်းလင်း မှတ်မိပါသည်။
သူသည် ပိတ်မိသောနေရာမှ ကျယ်ပြောလှသော လွင်ပြင်ကျယ်ထဲတွင် ရောက်ရှိနေသည်။ သူ၏ပတ်ပတ်လည်တွင်လည်း တောင်များတခုနှင့်တခုထိဆက်လျှက်တည်ရှိနေသည်။သူတူးလာခဲ့သော
ထိုအကွာအဝေးသည် မြင်းတစ်ကောင် ပြေးလျှင် သေသည်အထိ ပြေးသွားမှရောက်မည့်အကွာအဝေးဖြစ်သည်။ ယီယွင်သည် ဤမျှရှည်လျားသော ဥမင်လှိုဏ်ခေါင်းကို တူးဖော်ခဲ့သည်ကို မယုံနိုင်ပေ။
သူ့ပတ်ဝန်းကျင်တွင် ကုန်းမြေမို့မို့လေး များစွာရှိပြီး ကုန်းမြေတစ်ခုစီတွင် သစ်သားချောင်းတစ်ချောင်း စိုက်ထားသည်။ သစ်သားချောင်းများပေါ်တွင် မီးသွေးဖြင့်ရေးထားသော မထင်မရှားစာလုံးများတွေ့ရသည်။ ယီယွင် ငြီးတွားမိသည်...
ဒါက... သင်္ချိုင်းကုန်း ဖြစ်နိုင်လား။
ယီယွင် အံသြသွားသည် ၊ ဤမျှများပြားလှသော သင်္ချိုင်းဂူများကြားတွင် သူဘယ်လိုပေါ်လာတာလဲ။ တစ်ချိန်က သေခြင်းမှ လွတ်မြောက်ပြီးနောက် ယီယွင်သည် စိတ်ဓာတ်ကြံ့ခိုင်သူပီပီ ယုတ္တိမတန်သော အခြေအနေတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း စိတ်ကိုတည်ငြိမ်စွာထားကာ သင်္ချိုင်းဂူများကို ဂရုတစိုက် လိုက်ကြည့်နေမိသည်။
ဤသင်္ချိုင်းဂူများသည် ခေတ်မီသင်္ချိုင်းမှ ဆင်းသက်လာပုံ လုံးဝမပေါ်ပေ။ သင်္ချိုင်းဂူများအားလုံးသည် စကျင်ကျောက် သို့မဟုတ် ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး သေသေသပ်သပ်စီထားသည်။
“နေပါဦး....”
ယီယွင် သည် ရုတ်တရက် ခေါင်းငုံ့ကာကြည့်လိုက်တော့ တစ်ခုခုကို တွေ့ရှိလိုက်ရသည်။သူတက်လိုက်သော “ဥမင်လိုဏ်ခေါင်း” သည် အုတ်ဂူတစ်ခု၏ ရှေ့တွင် ရှိနေသည်။ တောင်ကုန်း၏ဘေးတွင် သစ်သားပျဉ်ပြားကို အုတ်ဂူအဖြစ် အသုံးပြုခဲ့ပုံရသည်။
သစ်သားပျဉ်ပေါ်မှာ ထူးဆန်းပြီးနားမလည်နိုင်တဲ့စကားလုံးတွေရှိသော်လည်း ယီယွင် စိတ်ထဲမှာ ထိုစကားစုများကို ရှင်းလင်းစွာ နားလည်နေသည်။
“ချစ်သောမောင်လေး၊ ယီယွင်၏သင်္ချိုင်း” ဟု ရေးသားခဲ့သည်။
ပြီးတော့ ဘေးမှာ စာလုံးငါးလုံး ရေးထားတယ်– “အစ်မ ကျန်းရှောင်ယု”။
ယီ….ယီယွင် ရဲ့...သင်္ချိုင်း!?
ယီယွင်သည် လုံးဝကြက်သေသေသွားသည်၊တောင်ပေါ်ရှိ လိုဏ်ဂူတစ်ခုထဲတွင် သူ့ကို အရှင်လတ်လတ် မြှုပ်နှံထားသည်မှာ မှန်သော်လည်း ယခုအခါသင်္ချိုင်းတွင်းမှ သူ့လမ်းကိုသူကိုယ်တိုင်တူးပြီးထွက်လာပြီဖြစ်သည်။
“ဒါက ဘယ်လိုဟာသမျိုးလဲ။”
ထိုစကားလုံးများသည် တရုတ်မဟုတ်သလို အင်္ဂလိပ်လည်းမဟုတ်၊ ဤထူးဆန်းသောစကားလုံးများကို သူမည်သို့နားလည်နေသနည်း။
“ဒါ အိပ်မက်ပဲ ဖြစ်မယ် ဟုတ်တယ်လေ...”
“ဟုတ်တယ်၊ အိပ်မက်ဖြစ်ရမယ်။ ဒီအိပ်မက်က အမှန်တကယ်ကို ခံစားရသလိုဖြစ်တာနေမှာ...”ယီယွင်က သူ့ပတ်ဝန်းကျင်ကို ကြည့်ပြီး ရေရွှတ်မိသည်။
သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ဆိတ်လိုက်သည်နှင့်. နာကျင်ခြင်းခံစားရသည်။
နောက်တခါထပ် ဆိတ်ကြည့်လဲနာကျင်နေတုန်းဖြစ်သည်။
"အိပ်မက်မဟုတ်ဘူးလား?" "ဒီသောက်တလွဲကြီးက အိပ်မက်မဟုတ်ဘူးလား?"
ယီယွင် ကိုယ့်ကိုကိုယ့် ပျောက်ဆုံးသွားသလို ခံစားရသည်၊ ဘာဖြစ်နေတာလဲ သူ့ကို တစ်ယောက်ယောက် ပြောပြနိုင်မလား။
ယီယွင် စိတ်ထဲမှာ ကျိန်ဆဲနေမိသည်။
ဂူထဲမှာ အရှင်လတ်လတ် ပိတ်မိတုန်းက သူသေသွားပြီးလား၊ သူ့ကိုယ်တိုင်ကျောက်တုံးတွေကြားတူးထွက်ရင်း မသေခင်မှာ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာလား။
ဒါပေမယ့်... "ချစ်သောမောင်လေး" ဆိုတဲ့ စကားလုံးနှစ်လုံးက ဘာကိုဆိုလိုတာလဲ။ သူ့မှာ အစ်မတစ်ယောက်မှ မရှိဘူး။ အသိလူတစ်ဦးကို ပြရမည်ဆိုလျှင်၊ မကြာခဏ သွားလည်လေ့ရှိသော အခြားမြို့တစ်မြို့၌ နေထိုင်သူဖြစ်သည်။ယီယွင်သည်ဝမ်းကွဲညီအကိုမောင်နှမများနှင့်တွေ့ဆုံသူမဟုတ်ပေ။အဘယ်ကြောင့် မည်သူကသူ့အတွက် သင်္ချိုင်းဂူတစ်ခု စိုက်ထူပေးမည်နည်း။
သင်္ချိုင်းဂူရဲ့ “ယီယွင်” ဟာ သူနဲ့ နာမည်တူတဲ့ တခြားသူဆိုရင် ဖြစ်နိုင်သေးလား။ ပထမအမည်”ယီ”ကော ဒုတိယအမည် “ ယွင်”ကောသူနှင့်တူသူ၏ သင်္ချိုင်းတွင်းမှ ခုန်ဆင်းပီးလိုက်သေသော တိုက်ဆိုင်မှုမျိုးလား။ မည်သို့ဖြစ်နိုင်သနည်း။
ယီယွင် သည် အလွန်စိတ်ရှုပ်သွားသည်။ ထိုအခိုက်အတန့်တွင် ခြင်းတောင်းကို ထမ်းကာ အ၀တ်စုတ်ဝတ်ထားသော မိန်းကလေးတစ်ဦးသည် ရွာလမ်းကျဉ်းလေးတစ်လျောက် သူ့ဆီသို့ လျှောက်လာနေသည်ကို ကြောင်ကြည့်နေလိုက်မိတော့သည် ။