← Chapters

အစ်မကြီးဟုခေါ်သော မိန်းမငယ်လေး

Vol. 1 Ch. 2

အစ်မကြီးဟုခေါ်သော မိန်းမငယ်လေး

Vol. 1 Ch. 2

ယီယွင် သည် မိန်းမပျိုလေးနှင့်ပထမဆုံးတွေ့ဖူးသည် ဖြစ်သော်လည်း စိတ်ထဲတွင်ထူးဆန်းစွာ ရင်းနှီးမှုတစ်ခု ခံစားနေရသည်။

သူမသည် အသက်ဆယ့်ငါးနှစ်ခန့်ရှိဟန်ထင်ရပြီး အနက်ရောင် ဘောင်းဘီရှည်နှင့် အဖာအစပ်များသော အစိမ်းရင့်ရောင်အင်္ကျီတို့ကို ဝတ်ဆင်ထားသည်။ ဘောင်းဘီရှည်ကိုအထက်သို့လိပ်တင်ထားပီး သူမ၏ ဖြူဖွေးသော ခြေသလုံးများကို လှစ်ဟထားသည်။ သူမ၏ ခြေကျင်းဝတ်များတွင် ရွှံ့စက်များမှာ ဟိုတစဒီတစ ပြန့်ကျဲလျှက်ရှိနေသည်။

သူမသည် သွယ်လျသောခန္ဓာကိုယ်ရှိကာ ခါးသိမ်သိမ် နှင့်အလွန်ပင်အချိုးစားကျနလှသည်။ပန်းဆီရောင်နီရဲနေသော ပါးပြင်များနှင့်အတူ တောက်ပသောမျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပေသည်။

ရွာလမ်းအတိုင်း လျှောက်လာသော မိန်းမပျိုလေး၏အလှကိုမြင်သည်နှင့် ယီယွင်၏စိတ်များသည်အားအင်များဖြင့်လန်းဆန်းတက်ကြွသွားခဲ့လေသည်။ “ဒီကောင်မလေးက ဘယ်သူလဲ။”

ယီယွင် သည် ကောင်မလေးနှင့် အကြည့်ချင်းဆုံမိသည်။ သူမသည် ယီယွင်ရှေ့ ခပ်လှမ်းလှမ်းမှနေ၍လမ်းလျှောက်လာသည်။ ပုခုံးပေါ်တွင်လွယ်ထားသောခြင်းတောင်းကိုထိန်းထားသည့်ကြိုးကို မဖြည်မီ ရီယွင်ကိုတခဏမျှ စိုက်ကြည့်နေသည်။

ယီယွင် ရုတ်​တရက်​ အံဩသွားရသည်​။ သူ့ရှေ့က မိန်းကလေးသည် အသက်ဆယ့်ငါးနှစ်ခန့်ရှိနေပြီဖြစ်သော်လည်း သူမကယီယွင်ထက် အရပ်ပိုမြင့်လျှက်ရှိနေချေသည် ။

သူမသည် သူ့ထက် ဦးခေါင်းထက်ဝက်ကျော် အရပ်ပို၍ ရှည်နေသည်။ထိုမိန်းမပျိုလေး ယီယွင်အနားရောက်လျှင်ပင် ယီယွင်ကို ကြည့်ဖို့ ခေါင်းကို ငုံ့ထားရပေလိမ့်မယ်။

ပင်ပန်းနွမ်းနယ်မှုကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား...

ယီယွင်မှာ နားမလည်နိုင်သေးသော်လည်း ယခုအချိန်တွင် မိန်းမပျိုလေး၏ ချိုသာသော အသံကိုရှင်းလင်းစွာ သူကြားလိုက်ရသည်။

"ယွင်အာ"

ကောင်မလေးသည် ပါးစပ်အဟောင်းသားဖြင့် ယီယွင် ဆီသို့ ပြေးလာရင်း ခြင်းတောင်းကို ပစ်ချလိုက်သည်။

သူမ၏ လှပသော မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လျှံနေပြီဖြစ်သည်။

“စောင့်…စောင့်ပါဦး…”

ယီယွင်က အံဩမှင်တက်သွားကာ ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်တော့ သူက တမိုင်ပတ်လည်အတွင်း တစ်ဦးတည်းသောလူဖြစ်ကြောင်း သိလိုက်ရသည်၊ ကောင်မလေးက သူ့ဆီသို့ ပြေးလာခဲ့သည်။

သူမခေါ်နေတဲ့ “ယွင်အာ...”ဆိုတာ သူကိုယ်တိုင်ဖြစ်နိုင်မလား

ယီယွင် မှာ” ယွင်” ဆိုပြီးခေါ်ကြပေမယ့် ဘယ်သူမှ သူ့ကို “ယွင်အာ” လို့ မခေါ်ခဲ့ကြဖူးပေ။ အခုခေတ် တွင် မည်သူမျှ ထိုသို့ မပြောကြသောကြောင့် ယီယွင်မည်သို့ တုံ့ပြန်ရမှန်းမသိနေချေသည်။

မိန်းမပျိုလေးသည် လေပြေညင်းလေးတိုက်ခတ်သွားသလိုအပြေးလေး ပြေးလာခဲ့ပြီး သူ့ကိုတင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်ထားသောကြောင့် ယီယွင်မှာမလှုပ်မယှက် ကြောင်လျှက်ရှိနေတော့သည်။

မိန်းမပျိုလေး၏ မွှေးရနံ့တို့သည် ယီယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပီး နှာဖျားထဲသို့တစိမ့်စိမ့်တိုး ဝင်လာလေသည်။

ရုတ်တရက်လာဖက်သောကြောင့် ယီယွင်မည်သို့ တုံ့ပြန်ရမှန်းမသိပေ။ သူသည် တောင်တက်နေစဉ် အသက်ရှင်လျှက် မြှုပ်နှံထားခံခဲ့ပြီး နောက်ဆုံးတွင် သူ့ကိုယ်တိုင်သေတွင်းမှ တူးထွက်လာနိုင်ခဲ့ပြီး၊ ဘယ်ကမှန်းမသိတဲ့ ကောင်မလေးက သူ့ကို လာဖက်ချေပြီ။

ယီယွင်သည် ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတယောက်မှ သူ့အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိမ့်မည်ဟုမထင်ထားခဲ့မိပေ။ဒါဟာ ဘာအဓိပ္ပာယ်လဲ။

မိန်းမပျိုးလေးသည် ယီယွင် ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူမ၏ ချွန်ထက်သော မေးစေ့ကိုယီယွင်၏ ပခုံးပေါ်၌တင်၍ အထိန်းအကွပ်မရှိ ငိုကြွေးနေလေသည်။

ယီယွင်၏ခန္ဓာကိုယ်နှင့် သူမခန္ဓာကိုယ်ထဲသို့တပေါင်းထဲဖြစ်သွားသည်ဟုထင်မှတ်ရလောက်အောင်မိန်းမပျိုလေးကတင်းကြပ်စွာဖက်ထားလေသည်။

မိန်းမပျိုလေးသည် ထိုအရာအားလုံးသည် အိပ်မက်တစ်ခုသာဖြစ်ပြီး သူမလွှတ်လိုက်သောအခါတွင်မူ ယီယွင် ပျောက်ကွယ်သွားမည်ကို သူမကြောက်နေမိသည်။

ယီယွင်သည် ထိုနေရာ၌ကြောင်အမ်းအမ်းဖြင့်ရပ်နေမိသည်၊ တုန်တုန်ယင်ယင် ဖြစ်နေသောမိန်းမပျိုလေးက သူ့ကို ပွေ့ဖက်ထားစဉ် ယီယွင်၏မျက်နှာပေါ်တွင် အမူအရာများစွာဖြင့် ဖြစ်ပေါ်ကာရှိနေပေတော့သည်

အမ

ထိုအခိုက်အတန့်တွင် ရှပ်ထွေးလှသောအခြေအနေကိုနားမလည်နိုင်သော ယီယွင်သည် နောက်ဆုံးတွင် တစ်စုံတစ်ခုကို နားလည်သွားသည်။ မိန်းမပျိုလေးသည် “ယီယွင်၏ အုတ်ဂူ”မှ အစ်မကြီးဖြစ်မည်။

"ချစ်သောမောင်လေး၊ ယီယွင်၏သင်္ချိုင်း" ဟူသော စကားလုံးကိုထိုမိန်းမပျိုလေးက ရှင်းရှင်းလင်းလင်း ရေးသားထားသည်ဖြစ်မည်။

ဒီကောင်မလေးက သူ့မောင်လေးလို ဆက်ဆံနေတာကို တွေးကြည့်မိတော့ သူ့မောင်လေးကို အရမ်းသတိရလွန်းလို့ သူ့မောင်လို့ အထင်မှားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...

ယီယွင်က အခြေနေကိုနားလည်အောင် ကြိုးစားသော်လည်း ကောင်မလေးကြောင့် ပိုတွေးလေ ပိုရှုပ်လာလေလေပင်။ထိုမိန်းမပျိုလေးသည်အလယ်တန်းကျောင်းတက်သင့်တဲ့အရွယ်မဟုတ်လား။ သူ့မောင်လေးဆို အသက် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်သာ ရှိလောက်မည် ၊ သူ့မောင်လေးနှင့် ယီယွင်လို လူကြီးတစ်ယောက်ကို မည်သို့အထင်မှားနေပါလိမ့်။

“ခဏနေပါဦး...”

သူမောင်လေးကကော အရွယ်ရောက်ပြီးသားအရွယ်လား

ယီယွင်ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။ယီယွင်၏အရပ်သည်ကောင်မလေးယှဉ်လျှင်ယီယွင်၏ပါးစပ်မှာကောင်မလေး၏ပုခုံးနှင့်တတန်းထဲဖြစ်နေသည်၊ယီယွင်မှာ ထူးထူးခြားခြား ခံစားနေရသည်။

ကောင်မလေး၏ လက်မောင်းအောက်မှ သူ့လက်များကို ဆန့်ထုတ်ကာ ကြည့်လိုက်သည်။ သူမြင်လိုက်ရတာက နူးညံ့သိမ်မွေ့သော

ကလေးလက်လေး...

ဒါ ငါ့လက်တွေလား။

ငါ ပြန်ငယ်သွားတာလား။

ငါ...

ယီယွင်စိတ်ထဲတွင်ရှုပ်ထွေးလျှက်ရှိချေပြီ။ရုတ်တရက်အသက်ပြန်ငယ်သွားပြီးအံသြစရာကောင်းလောက်အောင်ငယ်ရွယ်တဲ့ အမတစ်ယောက်ကရှိနေတယ်။

ရှေးခေတ်သင်္ချိုင်းဂူများ၊ မရင်းနှီးသောလွင်ပြင်များ၊ သူဖတ်နိုင်၊ နားထောင်နိုင်၊ နားလည်နိုင်သော နိုင်ငံခြားစကားလုံးများနှင့်အတူ...

အရာအားလုံးက ဘ၀အစတခုကို ရောက်ရှိနေသော်လည်း ယီယွင်၏ ယခုဖြစ်နေသော သူ့ရဲ့အူကြောင်ကြောင်အကြောင်းကိုပြောလျှင် မည်သူမှယုံမည်မဟုတ်ပေ။

ကောင်မလေး၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်နေသည်၊ စိတ်လှုပ်ရှားလိုဖြစ်နိုင်သလို ကြောက်စိတ်ကြောင့်လည်းဖြစ်နိုင်သည်... ယီယွင်က ဒီမိန်းကလေးအကြောင်း ဘာကိုမှ မသိပေမယ့် မိန်းကလေးရဲ့ ခံစားချက်နဲ့ နွေးထွေးမှုကိုတော့ သူသတိထားမိသည်။ ဒါဟာ မှော်ဆန်တဲ့ ခံစားမှုတစ်ခုပဲ။

ကောင်မလေးက ယီယွင်ရဲ့လက်ကို ဆုပ်ကိုင်ရင်း မျက်ရည်တွေကို သုတ်လိုက်တယ်။ အိမ်ပြန်ကြ ရအောင်ဆိုပြီး ခြင်းတောင်းကို ကောက်နေသည်။

ဒါပေမယ့် ယီယွင်ကဒယီးဒယိုင်ဖြစ်နေသည်။

ယီယွင်ဗိုက်ထဲမှာဆာလောင်မှုကိုတချိန်လုံးခံစားနေရသည်၊ ရုတ်တရက် ထိုဆာလောင်မှုကို ယီယွင်ဆိုးရွားစွာခံစားနေရသည်။

အရှင်လတ်လတ် ကျောက်တုံးများပိတ်မိပြီးကတည်းက သူ့မှာ အစားအစာ နှင့် ရေ တစက်တောင် မမြင်ခဲ့ရပေ။ ထိုထူးဆန်းသော ခရမ်းရောင်သလင်းကျောက်ကြောင့်သာ မဟုတ်ပါက၊ သူသည် အသက်ရှင်လိမ့်မည်မဟုတ်ချေ။

ထိုသို့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရသောသူ့အတွက် ဗိုက်ဆာလွန်းနေတာတော့မထူးဆန်းပေ။

မိန်းမပျိုလေးသည် ယီယွင် အားနည်းနေသည်ကို သတိထားမိပြီး ယီယွင်ကိုနောက်လှည့်ပြီးကြည့်လိုက်လေသည်။မိန်းမျပျိုလေး၏နူးညံ့ပြီး နွေးထွေးသော ကျောပြင်သည် ချွေးသံများနှင့်အတူ ယီယွင်၏ မျက်စိရှေ့တွင် ပေါ်လာလေသည်။

"ယွင်အာ အမ မင်းကို လိုက်ပို့ပေးမယ်။ ဘယ်တော့မှမခွဲတော့ဘူး အိမ်ပြန်ကြရအောင်"

“.......”

ယီယွင်က သူ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်းမသိပေ၊ သူစိမ်းကောင်မလေးတယောက်မှ သူ့ကို ကျောပိုးသွားပေတော့မည်။

"ယွင်အာ၊ တက်ပါ။ မင်းရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာပေမယ့် အခုကအားနည်းနေသေးတယ်..."

သူမပြောဆိုပြီးသည့်နောက်တွင် ယီယွင် ထွက်လာသော ဥမင်လိုဏ်ခေါင်းဆီသို့ တချက်ငုံ့ကြည့်လိုက်ပြီး ရင်တွင်းမှဝမ်းနည်းနာကျင်မှုကို ခံစားလိုက်ရကာ သူ့မောင်လေးမှာ ဘယ်တော့မှ မသေတော့ပေဟုတွေးတောလိုက်လေသည်။

ကျေးဇူးတင်ပါရဲ့၊ သူမတို့သည် ခေါင်းတလားကို မတတ်နိုင်လောက်အောင် နွမ်းပါးခဲ့ကြလို့၊ မဟုတ်ရင် သူ့ကို အရှင်လတ်လတ် မီးသင်္ဂြိုဟ်လိုက်ကြပေလိမ့်မည်။ ထိုသို့ဖြစ်လာရင် မိန်းမပျိုလေးမှာ ကြိမ်ဒဏ်တစ်ထောင် ရိုက်ခံရတာထက် ပိုဆိုးတဲ့ခံစားချက်ကို ခံစားနေရပေလိမ့်မည်။

ကံကောင်းစွာနှင့်ပင် သူ့မောင်လေးမှာပြန်နိုးလာခဲ့ခြင်းဖြစ်သည်။ ဘုရားမလို့ သူ့ကို အရမ်းကြီး မြေမမြုပ်မိခြင်းပေ။

သည်တစ်ခါတော့ မောင်လေးနဲ့ ဘယ်တော့မှ ခွဲမသွားတော့ဘူး။

ယီယွင်က ခေါင်းမာမာနဲ့ကျောပေါ်မတက်တာကို မိန်းမပျိုလေးက သတိထားမိပြီး ယီယွင်ရှက်ရွံ့နေမည်ဟုထင်ကာ ခြင်းတောင်းကို ရှေ့သို့ရွှေ့လိုက်ပြီးယီယွင်၏ပေါင်များကိုသူမ၏ခါးနှင့်နီးကပ်စွာထားပြီးလက်ဖြင့်တင်းတင်း ဆုပ်ကိုင်ထားလိုက်လေသည်။

ယီယွင် မှာမူ မိန်းမပျိုလေးကျောပေါ်သို့ မည်သို့ရောက်သွားမှန်း မသိလိုက်ပေ။ ယီယွင်ခံစားလိုက်ရသည်မှာ သူ့ခန္ဓာကိုယ်သည် မိန်းမပျိုလေး၏ ပျော့ပျောင်းသောပခုံးများပေါ်သို့ ရောက်ရှိနေခြင်းသာဖြစ်သည်။

မိန်းမပျိုလေးမှာသူ့ လက်သေးသေးလေးများဖြင့် ယီယွင်၏ ခြေထောက်များကို ထိန်းကိုင်ထားကာ တောလမ်းသေးသေးလေးဆီသို့ ဦးတည်လျှောက်လမ်းနေလေတော့သည်။

ယီယွင်သည် သူ့ကိုကျောပြင်ပေါ်တွင် တင်ထားသော မိန်းမပျိုလေး၏ ကိုယ်သင်းရနံ့ကို ခံစားမိသည်။ မြို့သူမြို့သားများအသုံးပြုသော ရေမွှေး သို့မဟုတ် ခန္ဓာကိုယ်လိမ်းဆေးများမှ ရရှိသော ရနံ့များနှင့် ကွဲပြားသည်၊ ၎င်းသည် တောရိုင်းပန်းပွင့်များနှင့် မြေဆီလွှာဖြင့် ဖွဲ့စည်းထားသော လတ်ဆတ်သောအနံ့ဖြစ်ပင်သည်။ရှူမိလိုက်တိုင်းပင် ယီယွင်သည် လန်းဆန်းမှုကိုခံစားလိုက်ရလေသည်။

ယခုမှပင်ဖြစ်ပျက်နေသောအရာများကို သူစတင်သဘောပေါက်လာလေတော့သည်။မိန်းမပျိုလေးတစ်ယောက်က သူ့ကို ကျောပိုးထားခြင်းကိုမခံချင်သော်လည်း မည်ကဲ့သို့ပြန်ပြောရမှန်းမသိပေ။

မိမိ၏အမမဟုတ်သော သူတစ်ယောက်နှင့်စကားပြောရန် သူ့ကိုယ်ပိုင်ဘာသာစကားကို အသုံးပြုခြင်းသည် အင်မတန်ကြောင်တောင်တောင်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် ယီယွင် သည် အဝေးမှ အော်ဟစ်သံတခုကို ကြားလိုက်ရလေသည်။ အသံကြားရာကို ပြန်လှည့်ကြည့်မိချိန်တွင် မိန်းမပျိုလေးကပါ ယီယွင်နှင့်အတူတူ ပြန်လှည့်ကြည့်လိုက်လေသည်။

သူတို့မြင်လိုက်ရသည်မှာ အဝေးက ထွက်လာတဲ့ ဖုန်မှုန့်တွေ။

မိန်းမပျိုလေးသည်လွန်စွာ တုန်လှုပ်သွားပြီး ယီယွင်ကို ကျောပိုးကာ သစ်ပင်ကြီး၏အကွယ်ဆီသို့ပုန်းအောင်းရန်အပြေးကလေးသွားလေတော့သည်။

ဖုန်မှုန့်လုံးကြီးများသည် အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာလေသည်။ ယီယွင် ဂရုတစိုက်ကြည့်လိုက်တော့ ကွင်းပြင်မှာ ပြေးလွှားနေတဲ့ မကောင်းဆိုးဝါးကြီးတစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။

ယီယွင် သည်ထိုမကောင်းဆိုးဝါးကြီးကို ဂရုတစိုက်ကြည့်ရင်းပင် များစွာ တုန်လှုပ်သွားချေသည်။

ဘုရားသခင် အဲဒါ မကောင်းဆိုးဝါးကြီးလား။

အမြင့်မှာ ခုနစ်မီတာမှ ရှစ်မီတာအထိရှိပြီး အရှည် ဆယ်မီတာကျော်ရှိသည်။ ၎င်းတွင် ရှည်လျားချွန်ထက်သော အစွယ်များနှင့် ခြေလက်များတွင်လည်း ထူထဲသော သံမဏိကြိုးများရှိလေသည်။ ချွန်ထက်သော ခြေသည်းများသည် ကြောက်မက်ဖွယ်ကောင်းစွာ ဓါးများကဲ့သို့ပင်ထိုးထွက်လျှက်ရှိနေသည်။

ထိုမကောင်းဆိုးဝါးနှင့် နှိုင်းယှဉ်ပါက ခြင်္သေ့၊ကျားကဲ့သို့ ကမ္ဘာပေါ်ရှိ သားရဲများသည် ကြောင်များနှင့်သာ ပိုတူတော့သည်။

ယီယွင် ပိုထိတ်လန့်သွားသည်မှာ လူလတ်ပိုင်းအရွယ် လူတဦးသည် ထူးဆန်းသော ထိုမကောင်းဆိုးဝါးကောင်ကို စီးနင်းနေခြင်းဖြစ်သည်။ အမိန့်ပေးသော ပုံစံဖြင့် သူ့နောက်ကျောတွင် ဓားကိုလွယ်ထားကာ အပေါ်မှ တင်ပျဉ်ခွေထိုင်နေ၏။ထိုမြင်ကွင်းကြောင့် ယီယွင်သည် သူ့မျက်နှာကို မမြင်နိုင်သော်လည်း မကောင်းဆိုးဝါး၏ထိပ်တွင် ထိုင်နေသောသူသည် မကောင်းဆိုးဝါးထက် ပင်ဆယ်ဆပို၍ ကြောက်စရာကောင်းပေလိမ့်မည်ဟု ကောက်ချက်ချမိလေတော့သည်။

ယီယွင်သည် သူယခုရောက်နေသည့် နေရာမှာ ကမ္ဘာမြေ မဟုတ်တော့ကြောင်း ကောင်းစွာနားလည်လိုက်လေသည်။

လျှို့ဝှက်ဆန်းကြယ်သောကမ္ဘာတစ်ခုသို့ သူရောက်ရှိခဲ့ချေပြီ။ သူ့နာမည်က ယီယွင် ဖြစ်ပြီး သေခြင်းမှ ပြန်ရှင်သန်ထမြောက်လာသူ။ သူ့မှာ ငယ်ရွယ််ပြီး ချစ်ဖို့ကောင်းတဲ့ အမတစ်ယောက်ရှိတယ်။ သူ့နာမည်က ကျန်းရှောင်ယု ဖြစ်လိမ့်မည်။

ထိုသင်္ချိုင်းကျောက်စာပေါ်တွင် ရေးထားသော “အစ်မ ကျန်းရှောင်ယု” သည် ကွယ်လွန်သူကိုချစ်မြတ်နိုးရသူများက အောက်မေ့ရန်ရေးသားသော သာမာန်အလေ့အထဖြစ်သည်။

ယီယွင်တွင် သူ့အစ်မကြီး ကျန်းရှောင်ယုတယောက်သာ သူ့မိသားစုဝင်အဖြစ်ရှိပုံရသည်။

ဒါတွေအားလုံးဟာ အိပ်မက်တစ်ခုမဟုတ်ဘူး။ တကယ်ဖြစ်ပျက်ခဲ့ခြင်းပင်...

ယီယွင်သည် အာကာသအချိန်ဥမင်လှိုဏ်ခေါင်းကို ဖြတ်သန်းခဲ့ပုံရသည်။

ဘုရားသခင်တို့၊ငါ့ကို နောက်နေကြတာလား

ယီယွင် ငိုချင်လာသည်။ ဒါက ဘယ်လိုကံဆိုးမှုမျိုးလဲ။ တောင်ပေါ်သို့တက်ခြင်းက အာကာသအချိန်ကိုဖြတ်၍ ဥမင်လိုဏ်ခေါင်းပေါက်စေခဲ့သည်။

သေတာထက် ပိုကောင်းပေမယ့်... သူလုံးဝမသိသေးတဲ့ ကမ္ဘာတစ်ခုကို ရောက်နေတာ။ အလွန်သန်မာသူတွေနဲ့ တောင်ကုန်းအရွယ်မျှရှိသော သားရဲများ၊ ကြီးမားလှတဲ့ဓားနဲ့သူရဲကောင်းတွေစိုးစံသောခေတ်ဖြစ်နိုင်သည်။

ယီယွင်၏အသက် ဆယ့်နှစ်နှစ်ထက် မပိုသော သေးငယ်ပြီး အားနည်းသော အရပ်အမောင်းဖြင့် သားရဲ များကြားတွင်ရှင်သန်ရန်မှာမည်မျှပင်တွေးတွေး မဖြစ်နိုင်ပေ။

လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်သလင်းကျောက်ကို ထိလိုက်ခြင်းကြောင့် ထိုအရာတွေဖြစ်လာသည်ဟု ယီယွင် သည် အခိုင်အမာပြောနိုင်သည်။ လှိုဏ်ဂူပြိုကျပြီးကတည်းက သူ ကမ္ဘာမြေကြီးပေါ် မရှိတော့ခြင်းပင် ဖြစ်နိုင်သည်။ သူသည် ဤခြားနားသောကမ္ဘာ၏ ယီယွင် အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပေလိမ့်မည်။ ဂူရဲ့ အမှောင်ထုကြောင့် ဒါကို သူ သတိမထားမိခဲ့ဟန်တူသည်..။

ထို့ကြောင့် သူသည် သလင်းကျောက်ကြောင့် ဤလောကသို့ လာခဲ့ပါက ထိုသလင်းကျောက်ဖြင့်ကမ္ဘာကို ပြန်လာနိုင်ပါမည်လား။

ဤသည်မှာ ယီယွင်၏ ပထမဆုံး အတွေးပေ။ ခေတ်သစ်ကမ္ဘာတွင် ငြိမ်းချမ်းသောဘဝဖြင့် နေထိုင်သူတစ်ဦးအနေဖြင့် ဤအလယ်ခေတ်ကို လက်ခံရန် များစွာခက်ခဲလှသည်။တစ်ချိန်က သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးပြီးနောက် သူရရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ မေးခွန်းပေါင်းများစွာပင် ဖြစ်နေသည်။

သလင်းကျောက်ပြားကို ပြန်သတိရတော့ ယီယွင် ခေတ္တရပ်လိုက်ပြီး “သလင်းကျောက်ပြားက ဘယ်မှာလဲ”ဟုသူ့စိတ်ထဲတွင် မေးလိုက်သောအခါ ယီယွင်ရင်ဘတ်တွင် အေးမြမှုကို ခံစားလိုက်ရသည်။

၎င်းကို သူ့လက်ဖြင့် ကိုင်လိုက်ရာ ရင်ဘတ်ပေါ်တွင် သလင်းကျောက်ပြားက လုံခြုံစွာရှိနေသည်ကို ခံစားလိုက်ရသည်။ ယီယွင် အံ့အားသင့်သွားကာ သလင်းကျောက်ပြားကို မည်သည့်နေရာတွင် ချထားခဲ့သည်ကို သူ မမှတ်မိသော်လည်း ယခုအခါ သူ့ရင်ဘတ်ပေါ်သို့ရောက်ရှိနေပြန်သည်။

ဒီအရာက ဘာလဲ...

ယီယွင် နားမလည်သော်လည်း ယခုကြုံနေသောအရာသည် ပုံမှန်တော့မဟုတ်ချေ။

အဖြစ်အပျက်များကိုဆန်းစစ်ကြည့်မည်ဆိုလျှင်၊ သူသည် ဤကမ္ဘာတွင်ရောက်ရှိနေခြင်း သို့မဟုတ် ကမ္ဘာမြေသို့ ပြန်ခြင်းတို့ဖြစ်နိုင်မည်မှာ သေချာသည်။

အဲဒီသလင်းကျောက်ကို ဆန်းစစ်ပြီး ကောင်းစွာအသုံးချနားလည်ဖို့ အခွင့်အရေးတိုင်းကို ကြိုးစားရမည်ဖြစ်သည်။ ယီယွင်၏ စိတ်ထဲတွင်မူ ခရမ်းရောင်သလင်းကျောက်သည်အမြဲတွေးတောစရာ အရင်းမြစ်တစ်ခု ဖြစ်နေပေတော့သည်။

“ခရမ်းရောင်သလင်းကျောက်... "

“ခရမ်းရောင်သလင်းကျောက်ကမူလအစ...”

ဒီစကားတွေက ငါ့ခေါင်းထဲမှာ ဘာလို့ပေါ်လာတာလဲ။ စိတ်ထဲမှာ ဘာလို့ ဒီလို နာမည် ပေါ်လာတာလဲ။ ခရမ်းရောင်သလင်းကျောက် ၏ မူရင်းအမည်မှာ မည်သည်နည်း။တွေးတောရင်းပင် ခရမ်းရောင်သလင်းကျောက်ပြားဟု အမည်ပေးလိုစိတ် စိတ်ထဲတွင် ပေါ်လာလေတော့သည်။

ထိုအရာကို ခရမ်းရောင်သလင်းကျောက်ပြားl လို့ ခေါ်ရအောင်၊ ဒါပေမယ့်... မူရင်းနာမည်က ခရမ်းရောင်သလင်းကျောက်ပြားဖြစ်နိုင်ပါ့လား။

All Chapters