← Chapters

အကယ်၍ ကျွန်ုပ်သည်ကျွမ်းကျင်သူတယောက်ဖြစ်ခဲ့သော်

Vol. 1 Ch. 3

အကယ်၍ ကျွန်ုပ်သည်ကျွမ်းကျင်သူတယောက်ဖြစ်ခဲ့သော်

Vol. 1 Ch. 3

အမ ကျန်းရှောင်ယုကို မတွေ့မီက ယီယွင် သည် ဒီလိုနေရာမျိူးက "အိမ်" ဖြစ်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ယီယွင်သည် ဓားသမားကြီး စီးနင်းလာသော ထိုသတ္တဝါကြီးကို ပထဆုံးအကြီမ် မြင်ဖူးတာဖြစ်ပြီး၊ ဤကမ္ဘာကြီးသည် ကိုယ်ဖော့သိုင်းပညာရှင် ကိုယ်ခံသိုင်းပညာရှင်များ နှင့် အထက်တန်းသိုင်းပညာရှင်များ ပြည့်နှက်နေသည် ဟု သူထင်မိသည် ။

ဥမင်လိုဏ်ခေါင်းကို ထူးဆန်းစွာဖြတ်ကျော်ပြီးဒီကမ္ဘာသို့ရောက်ရှိလာပြီဖြစ်သည်၊အကယ်၍ ယီယွင်သည် ကြီးမားသော မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းတစ်ခုမှ သိုင်းပညာ သင်ယူမှသာလျှင် ဤလောကတွင် ရှင်သန်ဖို့မျှော်လင့်ချက် ရှိမည်ဖြစ်သည်၊

ယီယွင်သည် သူရှေ့တွင် အိုဟောင်းနေပြီဖြစ်သော အိမ်ကြီးကို မြင်လိုက်ရသည်၊အိမ်ကြီးမှာ ပြိုကျလုနီးပါး ဖြစ်နေသည်။

အရင်တုန်းကတော့ ယီယွင် ဟာ ကျေးလက်တောရွာတွေကို ရောက်ဖူးပေမယ့် ကျေးလက်ကအိမ်တွေကမှ ယခုမြင်ရတဲ့ သူ့ရှေ့ကအိမ်ထက် အဆများစွာ သာဦးမည်ဟု ထင်မိသည်။

ယခုအိမ်သည် ရွှံ့နှင့် ကျောက်များဖြင့် ဆောက်ထားပြီး၊ စားပွဲတစ်လုံး၊ ခွေးခြေနှစ်လုံး၊ ကုတင်ဟောင်းနှစ်လုံးနှင့် မီးဖိုတစ်လုံးတို့အပြင် အခြားဘာမျှမရှိချေ။

အမကျန်းရှောင်ယု က ယီယွင်ကို‌ ကျောပိုးပြီး အိမ်ထဲသို့ဝင်လာသည်။ ယီယွင်သည် ငယ်ရွယ်သော မိန်းမပျိုလေး၏ ကျောပိုးခံထားရသည်ကို နေသားမကျ‌သေးပေ။ ဆင်းဖို့ ကြိုးစားပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းနေသည်။ ခြေလှမ်းနှစ်လှမ်းလောက်သာလှမ်းနိုင်ပြီး မောပန်းနေသည်အတွက် အမကျန်းရှောင်ယု က သူ့ကို နောက်တစ်ကြိမ် ကျောပိုးလိုက်ရသည်။

"ယွင်အာ မင်းဗိုက်ဆာနေတာဖြစ်မယ်..."

အမကျန်းရှောင်ယုက ယီယွင်ကို သစ်သားကုတင်တစ်ခုပေါ်တင်လိုက်ပြီး ပြောလိုက်သည်။ခရီးကြောင့်မောပန်းနေသော်လည်း သေရာမှပြန်ရှင်လာသော မောင်လေးကိုတွေ့ရ၍ တက်ကြွနေသည်။

ခရီးကအနည်းဆုံး မလျှောက်ရဘူးဆိုလျှင် သုံးလေးငါးမိုင်လောက် အနည်းဆုံးရှိမည်။အသက်ဆယ့်ငါးနှစ် အရွယ် မိန်းကလေးတယောက်အဖို့ နောက်ထပ်ကလေးတယောက်ကို ကျောပိုးကာ တောင်တန်းများကြားမှ လမ်းလျှောက်ရသည်မှာ မလွယ်ကူချေ။

အကယ်၍ ကမ္ဘာမြေမှ အသက်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတဦးဆိုပါက ထိုသို့လျှောက်နိုင်ရန်ပင် မလွယ်ကူလှပါ။

"အင်း...နည်းနည်း"

ယီယွင် က ခြောက်ကပ်နေသော နှုတ်ခမ်းများကို လှုပ်လိုက်သည်။ ဤစကားများသည် သူဒီလောကသို့ ပို့ဆောင်ခံရပြီးကတည်းက သူ့ပါးစပ်မှ ပထမဆုံးထွက်လာသော စကားများဖြစ်သည်။ သူ့တို့ဘာသာမဟုတ်တဲ့ ဘာသာစကားကို ပြောဖို့ မဖြစ်နိုင်ဘူးလို့ အစက သူထင်ခဲ့မိသည်။ သို့သော် အံ့ဩစရာကောင်းလောက်အောင် ထိုဘာသာစကားကို အလွယ်တကူပြောနိုင်နေသည်၊

“ငါ ထမင်းပွဲပြင်ထားလိုက်မယ်”ဟု အမ ကျန်းရှောင်ယုက ပြုံးပြီး ပြောသည် ။ ယီယွင်၏ မျက်နှာပေါ်မှပေနေသော ရွှံ့များကို ညင်သာစွာ သုတ်ပေးပြီး ယီယွင်ကို ခေါင်းအုံးပေါ် ဆွဲတင်ကာ စောင်ပါးပါးဖြင့် ခြုံပေးထားခဲ့သည်။

ဒီမိန်းမပျိုလေးဟာ သူ့အမမဟုတ်မှန်း သိပေမယ့် ယီယွင်ကို ကျောပိုးပြီး ပြုစုစောင့်ရှောက်ပေးတာကြောင့် သူမအပေါ် ကို သနားသည့် ခံစားချက် တဖြည်းဖြည်း တိုးပွားလာခဲ့သည်။

ယီယွင်က မိန်းမပျိုလေးကို ကူညီချင်ပေမယ့် သူမကအိပ်ရာထဲမှာပဲ ဆက်နေဖို့ တောင်းဆိုခဲ့သည်။

"မင်း နေပြန်ကောင်းလာပြီး အအေးမမိအောင် ဒီမှာ နားလိုက်ဦးနော် အမ မကြာခင် ပြန်လာမယ်"ဟုမိန်းမပျိုလေးပြောပြီး အလွတ်နီးပါးရှိသော ဆန်အိတ်ကို သယ်ရင်းထွက်သွားသည်။

ဆယ့်ငါးမိနစ်လောက်ကြာတော့ မိန်းမပျိုလေးက ကျိုးနေတဲ့ သစ်သားစားပွဲကို ကုတင်ရှေ့မှာ ချထားလိုက်ပြီး၊ စားပွဲပေါ်တွင် ထမင်းပန်းကန်လုံးတလုံး၊

အမည်မသိတောရိုင်းအသီးစိမ်းနှစ်တောင့်နှင့် တောရိုင်းဟင်းသီးဟင်းရွက်ပြုတ်ပန်းကန်လုံးတစ်လုံးချလိုက်သည်။

ယီယွင် သည် ရက်ပေါင်းများစွာ အစာရေစာ ငတ်ပြတ်နေခဲ့ပြီး စားစရာကို မြင်လိုက်သည်နှင့် သူ့ဗိုက်ကဆာလာသည်။

ယီယွင်က ဝက်သား၊ကြက် သို့မဟုတ် ဘဲနှင့်ငါးကို တောင့်တနေသည်၊ ထိုအတွေးကြောင့် ယီယွင်၏ဗိုက်ထဲမှအသံစုံထွက်လာသည်။

ယီယွင်၏အလွန်အမင်း ဆာလောင်မှုကို ဤယာဂုနည်းနည်းနဲ့ ဝမည်မဟုတ်။ယီယွင်သည် ယာဂုတလုတ်ကို သောက်လိုက်သည်။ သူ့ဗိုက်ထဲမှာ ပိုဆာလောင်လာသည်။

ယာဂုအနည်းငယ်နှင့် ပြုတ်ထားသော ဆီမပါသော ဟင်းသီးဟင်းရွက်အချို့ကို စားခဲ့သည်။ အသီးအရွက်တွေက အရမ်းခါးတဲ့အတွက် အလွန်ဆာလောင်မွတ်သိပ်နေပေမဲ့ မျိုချဖို့တော့ ခက်ခဲသည်။

ယီယွင်သည် အရသာမရှိသော အစာကိုခက်ခက်ခဲခဲမျိုချနေချိန်တွင် မိန်းမပျိုလေးက မစားဘဲ သူ့ကိုကြည့်နေသည်ကို သတိထားမိသည်၊ယီယွင်“ဘာလို့ မစားတာလဲ” ဟု စပ်စု၍မေးသည်။

"ငါ မင်းကိုမတွေ့ခင်လေးမှာ စားခဲ့တယ်"ဟု မိန်းမပျိုလေးက ပြောလိုက်သည်။

ယီယွင်က ခေတ္တရပ်လိုက်ပြီး၊မိန်းမပျိုလေးသည် နေ့လယ် ၃ နာရီဝန်းကျင်တွင် သင်္ချိုင်းကုန်းတွင် ရှိနေသည်ကို သတိရမိသည်၊ ထိုအချိန်တွင် သူမ ဘာမှစားနိုင်မည်မဟုတ်ပေ။

ဤကဲ့သို့သော အစားအစာများကို အလွယ်တကူ ရရှိနိုင်မည်မဟုတ်ကြောင်း ရုတ်တရက် ယီယွင်သဘောပေါက်သည်။

ဘယ်လိုကမ္ဘာမျိုးလဲ သတ္တဝါကြိးတွေကိုစီးနေတဲ့သိုင်းပညာရှင်တွေ၊ ငတ်ပြတ်နေတဲ့ ဆင်းရဲသားတွေ။

ယီယွင်သည် ယာဂုပန်းကန်ကို ရှေ့သို့တွန်းလိုက်ပြီး အိမ်ထောင့်ရှိ ဆန်အိတ်ကို စစ်ဆေးရန် ထရပ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဆန်အိတ်သည် အလွတ်ဖြစ်နေပြီ။

မိန်းမပျိုလေးပြင်ဆင်ထားသော ဂျုံယာဂုသည် အကုန်ဖြစ်ကြောင်း ယီယွင် သတိပြုမိသည်။မိန်းမပျိုလေးသည် ယီယွင်အားရှိစေရန် ဂျုံယာဂုအားလုံးကို ချက်ပြုတ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ဝပြီ၊ အမတွက်နည်းနည်းရှိတယ်"ဟု ဇလုံကို အမ ကျန်းရှောင်ယု ဆီကိုတွန်းတင်ရင်း ပြောလိုက်သည်။ တစ်ဖက်တွင် ယီယွင်သည် အစာစားချင်စိတ် ပျောက်ပြီး၊ မိန်းမပျိုလေးက သူ့ကို ကျွေးဖို့ မစားဘဲ နေရတယ် ဆိုတာ သူလက်မခံနိုင်ပေ။

ဤတခြားကမ္ဘာမှ သူ့ကမ္ဘာသို့ ပြန်မလာနိုင်သေး၍ သူ့စိတ်ထဲတွင် ပူပင်သောကရောက်နေမိသည်။ တကယ်လို့မတတ်နိုင်ရင် ဒီမှာလေ့ကျင့်သင်ကြားပြီး ကျွမ်းကျင်တဲ့ ပညာရှင်ဖြစ်လာဖို့ အခွင့်အလမ်းရှာချင်မိသည်။

ဒါပေမယ့် ကြည့်ရတာတော့ ဒီမှာရှင်သန်ဖို့ဟာ ပြဿနာတစ်ခုပဲ။ ဘာကိုမှ မလေ့လာလျှင် သူ ငတ်သေသွားနိုင်သည်။

"ငါဗိုက်မဆာဘူး"ဟု အမ ကျန်းရှောင်ယုက ခေါင်းမာမာနဲ့ ပြောလိုက်တယ်။ "မနက်ဖြန်က ရိက္ခာထုတ်ပေးတဲ့နေ့ပဲ၊ ငါတို့က အသားတစ်ပိုင်းယူလို့ရတယ်၊ မင်းအတွက် ငါပြင်ဆင်ပေးမယ်။"

အမကျန်းရှောင်ယု၏ မျက်နှာသည် ရိက္ခာခွဲဝေပေးကြောင်းပြောပြီးချိန်တွင် မျှော်လင့်ချက်အရိပ်အယောင်များဖြတ်သန်းလျှက်ရှိနေသည်။ သူမ အလွန်မျှော်လင့်ထားသည်မှာ ထင်ရှားသည်။

ယီယွင်က တိတ်ဆိတ်နေမိတယ်။ ဒီကမ္ဘာမှာ ဘဝက ခက်ခဲတယ်လို့ သူခံစားမိနေရသည်။ စားနပ်ရိက္ခာ မလုံလောက်ခြင်းနှင့်ငတ်မွတ်ခေါင်းပါးခြင်း၊အမြဲကြုံတွေ့နေရတဲ့အန္တရာယ်ကြောင့်ဒီဘဝသည်အမှန်တကယ်ပင်ခက်ခဲလှသည်။ဆာလောင်မှုကိုခံနိုင်ရည်ရှိဖို့က တကယ်ကိုရက်စက်ရာကျသည်။

ညဉ့်နက်သန်းခေါင်တွင် ရေကန်အတွင်း ပုန်းအောင်းနေသော ဖားများ၊ ညလေညင်းများ ဖြည်းညှင်းစွာ တိုက်ခတ်ခြင်းကြောင့် မြက်ပင်များမှာ ဟိုဒီယိမ်းနေသည်။ယီယွင်အိပ်မပျော်သေးပေ၊လရောင်အောက်ကျနေသော ကုတင်ပေါ်အသာ လှဲချလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်လှသော ခရမ်းရောင်သလင်းကျောက်ကို ကိုင်ထားရင်း ပက်လက်လှန်လှဲနေမိသည်။ ဒီသလင်းကျောက်လေးဟာ ရတနာတစ်ခုလားဆိုတာ သံသယဖြစ်စရာပေ။ လေ့လာ၍ရခဲ့လျှင် တစ်နည်းတစ်ဖုံ အကျိုးရှိနိုင်သည်။

ဒီကမ္ဘာကြီးဟာ သာမန်လူတွေအတွက် အန္တရာယ်တွေနဲ့ ပြည့်နှက်နေပေသည်။ သို့သော် သတိထားမိသည်မှာ တောထဲ၌ ကြီးမားသော သားရဲစီးသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အာဏာအတော်ရှိပုံရသည်။

ဆင်းရဲဒုက္ခခံပြည်သူလူထုနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွဲခြားသည်။

"ကျွန်တော် ကျွမ်းကျင်တဲ့သိုင်းသမားဖြစ်ရင် လွတ်လွတ်လပ်လပ် သွားလာနိုင်ပေမည်။ အနည်းဆုံးတော့ မငတ်ဘူး...။"

ယီယွင်သည် အမကျန်းရှောင်ယုက သူ့အား ၎င်း၏ညစာအချို့ကို ကျွေးသည်ကို သတိရကာ သူ့ဗိုက်ကို ပြန်စမ်းမိသည် ။စောစောက စားထားသောယာဂုမှာ အစာကျေသွားချေပြီ၊ သူလည်း ဗိုက်ထပ်ဆာနေပြီ။

သူ့ဗိုက်ထဲက ဘာမှမရှိသလို ခံစားလိုက်ရသည်၊ သူ့လက်ထဲက ချောမွတ်နေတဲ့ ခရမ်းရောင် သလင်းကျောက်တွေဟာ အေးစက်သွားသလိုပဲ…။

အိုး

ယီယွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ ခရမ်းရောင်သလင်းကျောက်ကို စိုက်ကြည့်ရင်း အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြည်နူးစရာ အပြုံးတစ်ခု ပေါ်လာသည်။

ဂရုတစိုက်စစ်ဆေးကြည့်သောအခါတွင်၊ ခရမ်းရောင်သလင်းကျောက်ကို ဝိုင်းရံထားသည့် ခရမ်းရောင်ဖျော့ဖျော့ သေးငယ်သောခရမ်းရောင်အလင်းတန်းများကို သတိပြုမိသည်။

အလင်းစက်လေးများသည်ပျောက်ကွယ်မသွားပဲ ခရမ်းရောင်သလင်းကျောက်အတွင်းသို့ ဖြေးညှင်းစွာတိုး၀င်သွားသည်။ထိုသို့တိုး၀င်သွားသည်နှင့်အမျှ သလင်းကျောက်သည် ပိုမိုတောက်ပလာပြီး အလင်းတန်းမှာလည်း စက်ဝိုင်းသဏ္ဍန် လည်ပတ်နေသည်။

“ဒါက ဘာအဓိပ္ပာယ်လဲ။”

ယီယွင်ငေးကြည့်နေရင်း အသက်ရှုမြန်လာခဲ့သည်။

ခရမ်းရောင်သလင်းကျောက်သည်တောက်ပလာပြီးအေးမြမှုကိုပါပို၍ထုတ်လွှတ်လာသည်ကို ယီယွင်ခံစားလိုက်ရသည်။

ထိုအေးမြမှုသည် ယီယွင်၏ လက်နှစ်ဖက်မှ တဆင့်စီးဆင်းသွားပြီး ခန္ဓာကိုယ်တခုလုံးပြန့်နှံသွားကာ သူ၏စိတ်နှင့်ခန္ဓာကိုယ်မှ အင်အားများကိုတိုးမြှင့် လန်းဆန်းသွားစေခဲ့သည်။

ယီယွင်သည် ဂူထဲက‌လမ်းကိုတူးရင်း သူအသက်ရှုမ၀ချိန်တိုင်းတွင် ထိုအေးမြမှုကိုခံစားရပြီး၊ထိုခံစားမှုသည် ယခုခံစားမှု အတိုင်းပင်ဖြစ်သည်ဆိုတာကို ယီယွင် သဘောပေါက်သွားသည်။

လူတယောက်သည်အစာမစားပဲရက်ကြာရှည်စွာနေလျှင် အာဟာရမဖြစ်ပဲ လှုပ်ရှားနိုင်မည်မဟုတ်ပါ။ သဘာ၀အတိုင်းလည်း အားရှိလာမည် မဟုတ်ပေ။နောက်ဆုံးမှာအားအင်ချိနဲ့ကာသေဆုံးသွားမည်သာဖြစ်သည်။

အစာမစားဘဲနေလျှင် အာဟာရမဖြစ်နိုင်ပါ။ သဘာဝအတိုင်း စွမ်းအင်လည်း ရှိလာမှာ မဟုတ်ချေ၊ နောက်ဆုံးမှာ ငတ်မွတ်ခေါင်းပါး၍ သေဆုံးသွားမည်ဖြစ်သည်။

ယီယွင်သည် ရက်ပေါင်းများစွာ အစာမစားရေမသောက်ပဲလှိုဏ်ခေါင်းကိုတူးဆွနိုင်ခဲ့သည်မှာခရမ်းရောင်သလင်းကျောက်ကပေးသည့်စွမ်းအားကြောင့်သာ ဖြစ်မည်ဟုတွေးမိသည်။ သေသေချာချာ တွေးကြည့်လိုက်သည့်အခါ ဂူထဲမှာ ခရမ်းရောင်သလင်းကျောက်ကို မူလက ရှာတွေ့တုန်းကလည်း ယခုကဲ့သို့ပင် လင်းလတ်စွာ တောက်ပနေပါသည်။

သို့သော် ဤထူးဆန်းသောကမ္ဘာသို့ ဥမင်လိုဏ်ခေါင်းဝင်ပြီးနောက် ခရမ်းရောင်သလင်းကျောက်၏ တောက်ပမှု အားနည်းသွားခဲ့သည်။ ဒါဟာ စွမ်းအင် လျော့နည်းလာခြင်းကြောင့် ဖြစ်မည်။

ယခုမူ ခရမ်းရောင်သလင်းကျောက်၏ တောက်ပမှုသည် စတင်အားဖြည့်ပြီး အားကောင်းလာသည်။ ခရမ်းရောင်သလင်းကျောက်ကို ပြန်လည်အားသွင်းသည့် စွမ်းအင်အရင်းအမြစ်က ဘယ်အရာနည်း။

ယီယွင်ဂရုတစိုက် သတိကြည့်မိသည် အဆိုပါ အလင်းစက်လေးများ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ထွက်လာသည်ကို သတိပြုမိသည်။ ကြယ်တွေမှတဆင့် အလင်းများ ဖြာထွက်လာသလိုပင်။

ကြယ်တွေသည် သလင်းကျောက်ပြားကို ပြန်လည်အားသွင်းသည့် စွမ်းအင်အရင်းအမြစ်လား။

ယီယွင် ခဏလောက်စဉ်းစားလိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ မီးဖိုသို့သွား၍ မီးစွဲနေသော ကျောက်မီးသွေးအချို့ကိုယူလာသည်၊ထိုနောက် မြက်ခြောက်တစ်ဆုပ်ကို ထွန်းညှိကာ မီးမွှေးလိုက်သည်။

ယီယွင် မီးလောင်နေသောမြက်ခြောက်ထဲသို့ ခရမ်းရောင်သလင်းကျောက်ကို ဂရုတစိုက်ထည့်လိုက်သည်။

ယီယွင်ရဲ့ စဉ်းစားပုံမှာ ရှင်းသည်၊ ခရမ်းရောင်သလင်းကျောက်က ကြယ်တွေရဲ့ စွမ်းအင်ကို စုပ်ယူနိုင်ရင် ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူနိုင်မလားဟူ၍ဖြစ်သည်။

ယီယွင် နားလည်သည်မှာ စွမ်းအင်ပုံစံဖြစ်သည့် မီးသည် ကြယ်အလင်းထက် ပိုမိုလင်းလျှက်ရှိသည်။ ခရမ်းရောင်သလင်းကျောက်က မီးတောက်ထဲက စွမ်းအင်တွေကို စုပ်ယူလိုက်မယ်ဆိုရင် ပိုမြန်မြန်အားပြည့်နိုင်မလား

မီးတောက်များသည် ခရမ်းရောင်သလင်းကျောက်ကို ဖျက်ဆီးနိုင်သည့် ဖြစ်နိုင်ချေကို ယီယွင် တစ်ကြိမ်မျှ မစဉ်းစားမိခဲ့ပေ။

သို့သော် ခရမ်းရောင်သလင်းကျောက်ကို မည်မျှလောင်ကျွမ်းစေကာမူ ခရမ်းရောင်သလင်းကျောက်သည် ပြောင်းလဲခြင်းမရှိသလို ခရမ်းရောင်သလင်းကျောက်သည် မည်သည့်အပူကိုမျှ မခံစားရပေ။

ခရမ်းရောင်သလင်းကျောက်သည် အရည်မပျော်နိုင်သော ရေခဲတုံးတစ်ခုနှင့်တူသည်။မီးသွေးမှမီးများကုန်သွားသည့်တိုင် အေးစက်လျှက်ရှိနေသည်။

ယီယွင်သည် စမ်းသပ်မှုကို ရပ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

အိမ်ပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ အပြင်ဘက်ရှိ ကြယ်အလင်းရောင်သည် ပိုသိပ်သည်းပြီး ခရမ်းရောင်သလင်းကျောက်ကို စွမ်းအင်ပိုပေးနိုင်သည်။

ခရမ်းရောင်သလင်းကျောက်သည် စွမ်းအင်အပြည့်ဖြင့် ပြည့်နှက်နေပါက၊ ၎င်းသည် မည်သို့သော ပြောင်းလဲမှုများ လုပ်ဆောင်နိုင်မည်နည်း။ ယီယွင်သည် ထိုအတွေးကို စိတ်အားထက်သန်စွာ မျှော်မှန်းထားသည်။

ယီယွင်သည် အိမ်တံခါးနှင့် အိမ်ဝင်းတံခါးကို ဖွင့်လိုက်ပြီး ဖြည်းညှင်းစွာ သေချာပိတ်လိုက်သည်။ ကပ်လျက်အခန်းမှာ မိန်းမပျိုလေးကို နှိုးသွားမည်စိုး၍ဖြစ်သည်၊ သို့သော် ယီယွင် ခြံဝင်းအပြင်သို့ လျှောက်သွားသောအခါ လန့်သွားသည်။

မနီးမဝေးက သစ်ပင်အောက်မှာ မိန်းကလေးတစ်ယောက် ထိုင်နေတာကို သူတွေ့လိုက်တယ်။ သူမသည် မြှားခေါင်းကို ဂရုတစိုက် ပွတ်နေသည်။

အေးစက်သောမြှားခေါင်းသည် ငွေရောင်အလွှာဖြင့် အုပ်ထားသဖြင့်သို့ မိန်းကလေး၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်သို့ အေးစက်သောလရောင်ကို ထင်ဟပ်စေသည်။

များစွာသောပိုးစုန်းကြူးတွေ ပျံဝဲနေပြီး ထိုမိန်းကလေးအနားတွင် နတ်သမီးတစ်ပါးလို ဝိုင်းရံထားပေသည်။

အမကျန်းရှောင်ယု

ယီယွင်သည် အမကျန်းရှောင်ယု၏နံဘေးတွင် တောက်ပနေသော မြှားတစ်ချောင်းကို တွေ့လိုက်ရသည်။ မြှားတစ်စင်းစီကို ချွန်ထက်သောမြှားခေါင်းဖြင့် ကောင်းစွာပြုလုပ်ထားသည်။

“ဒါက…”

ယီယွင် သည် လက်နက်များအကြောင်း ဘာမှမသိသော်လည်း မြှားများ၏ လှပပုံကို သတိထားမိသည်။

"ယွင်အာ၊ မင်းဘာလို့ထလာတာလဲ။ ညဘက်ဆို အနားယူမှ မင်းခန္ဓာကိုယ်က ပြန်ကောင်းလာမှာပေါ့ "ဟုအမကျန်းရှောင်ယုသည် ယီယွင် ကို အိမ်သို့ပြန်ပို့ရန် ချက်ချင်းထရပ်လိုက်သည်။

"အစ်မ၊ ဘာလို့ မြှားတွေ ဒီလောက်များနေတာလဲ"ဟု ယီယွင် က စူးစမ်းလိုစိတ်ဖြင့် မေးသည်။ကျန်းရှောင်ယုသည် လေးကို ကြိုးချည်နိုင်ပုံမပေါ်ပေ။

"ဒါက မနက်ဖြန် ရိက္ခာ ဖလှယ်ဖို့ အတွက်ပါ။ ဒါက အမြဲတမ်း ဒီလိုပါပဲ..."

ကျန်းရှောင်ယုသည် ယီယွင် ကို ထူးထူးခြားခြား ကြည့်လိုက်သည်။

“အိုး…” ယီယွင် က အဲ့ဒါကို ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး။ လျှို့ဝှက်ဆန်းကြယ်စွာ၊ သူသည် ဤလောကထဲသို့ ဥမင်လိုဏ်ခေါင်းမှဖြတ်ဝင်ခဲ့ပြီး စကားလုံးများနှင့် ဘာသာစကားကို နားလည်သော်လည်း "ယီယွင်" ၏ဘဝအကြောင်း ဘာသဲလွန်စတစ်ခုမျှမရှိခဲ့ပေ။

ဦးခေါင်းဒဏ်ရာရပြီးနောက် သတိမေ့ရောဂါ ခံစားခဲ့ရသူများနှင့် ဆင်တူသည်။ သတိမေ့ရောဂါသည် အဖြစ်အပျက်များနှင့် ပတ်သက်၍ မှတ်ဉာဏ်များ ဆုံးရှုံးသွားသော်လည်း ၎င်း၏ ဘာသာစကားစွမ်းရည်ကို ဆုံးရှုံးမည်မဟုတ်ပေ။

ယီယွင်က ပြီးပြည့်စုံတဲ့ အကြောင်းပြချက်ကို တွေးပြီး “အမ၊ ကျွန်တော် တခါသေသွားတယ်၊ ဒါကြောင့် မမှတ်မိတာတွေ ရှိတယ်…” ဟု ရှင်းပြသည်။

"မမှတ်မိဘူးလား" ကျန်းရှောင်ယုထိတ်လန့်တကြားမေးလိုက်သည်။ ယီယွင် သည် အသီးအနှံများကို ကိုင်ရင်း တောင်နံရံတစ်ခုမှ ပြုတ်ကျခဲ့သည်။ ထို့နောက် ဒဏ်ရာရပီး ထိုနေရာမှာလဲနေခဲ့သည်။ အဲဒီတုန်းက သူ့ခေါင်းကို ထိခိုက်သွားတာကြောင့်လား။

အဲဒါကို တွေးကြည့်တော့ ကျန်းရှောင်ယုရဲ့ နှလုံးသားက နာကျင်ပြီး စိတ်ပူသွားခဲ့သည်။ "ယွင်အာ၊ မင်း..."

"ကျွန်တော်နေကောင်းပါတယ်"ဟု ယီယွင်က အမကျန်းရှောင်ယုကို အမြန်ပြန်ဖြေလိုက်သည်။ အမကျန်းရှောင်ယု ကိုမစိုးရိမ်စေချင်လို့ဖြစ်သည် “အမ ဒီကမ္ဘာကြီးအကြောင်းနဲ့ အဲဒီသတ္တဝါကြီးကို စီးလာတဲ့ ဓားသမားတွေအကြောင်း ပြောပြပါဦး။ “ဘာဖြစ်နေတာလဲ၊ မင်းမမှတ်မိတာတွေ အများကြီးပဲ…”

All Chapters