← Chapters

လျှိုင်ချမ်းယု

Vol. 1 Ch. 5

လျှိုင်ချမ်းယု

Vol. 1 Ch. 5

ယီယွင်၏ ခန္ဓာကိုယ်သည် ပိန်ပိန်ပါးပါးနှင့် အမဖြစ်သူကျန်းရှောင်ယု ထပ် အရပ်ပိုပုသည်။ ကလေးတစ်ယောက်ဟုထင်ရသော်လည်း ကျန်းရှောင်ယု ၏နှလုံးသားထဲတွင် မိသားစုကို ကာကွယ်လိုစိတ်အမြဲရှိသည်။

ယီယွင်သည် စိုးရိမ်စိတ်ဖြင့် စိတ်လှုပ်ရှားနေသော အမကျန်းရှောင်ယု၏ တုန်တုန်ရီရီ လက်ကလေးကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

အင်အားမမျှတသည့် အခြေနေနှင့်ရင်ဆိုင်နေရသော်လည်း ကျန်းရှောင်ယုသည် သူမတို့အတွက်ကူညီ၍ရင်ဆိုင်ဖြေရှင်းပေးမည့် သူကို မျှော်လင့် မနေပေ။

အရာအားလုံးသည် တခဏမျှ တိတ်ဆိတ်သွားသည်။အားလုံးက ယီယွင်နှင့် ကျန်းရှောင်ယုတို့ ကို အံဩမှင်သက်စွာကြည့်နေကြသည်။ထို့နောက် ဆန်ပေး‌ဝေရေး တာဝန်ခံအချို့က အော်ဟစ်ရယ်‌မောကြသည်။

"သူက မင်းတို့အိမ်က‌ယောက်ျား‌လေးလား ဟားဟား"

"ဒီမှာ ကလေးမလေး ယောက်ျားတ‌ယောက်ကဘယ်လိုပုံစံလဲဆိုတာ မမြင်ဖူးဘူးလား၊ဘယ်လိုပုံစံလဲဆိုတာ ငါပြရမလား"ဟု ထိုထဲမှယောက်ျားတယောက် ထပြောသည်။

“အရိုးပေါ်အရေတင်အသား မရှိတဲ့ပိန်လှီ‌နေတဲ့မျောက်ကလေး၊မင်း အနှီးသုံးတာ ဘယ်နှစ်ရက်ရှိပြီလဲ။”

ကျန်းရှောင်ယု သည် သူမ၏ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း ရှက်ရွံ့စွာ ထိုယောက်ျားသားကို ကြည့်နေသည်။ သူမတို့ဖက်မှနေ၍‌ ရပ်တည်ပေးမယ့်သူ မည်သူမျှမရှိပေ။

မျိုးနွယ်စုကြီးသည် အုပ်ချုပ်သူ လူတန်းစားဖြစ်သည့် အတွက်သန်မာပြီး လေ့ကျင့်‌ရည်ပြည့်၀သော သူရဲကောင်းများနှင့်သာပြည့်နှက်နေသည်။သာမာန်အားနည်းသောမျိုးနွယ်စုမှ လူများသည် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသဖြင့် ကိုယ်ထမင်းကိုယ်စားပီး မည်သူမှ အသား၀င်နာ မခံပေ။

"အင်း၊ ငါ မှတ်မိပါသေးတယ်။ ဒီကောင်က လွန်ခဲ့တဲ့ ရက်ကမှ သေသွားတာမလား"

မျိုးနွယ်စုငယ်တစ်ခုတွင် သေဆုံးမှုသည် အဆန်းမဟုတ်ပေ။ယီယွင်ကဲသို့ ကလေးတဦး သေသည်မှာ ပို၍တောင် မထူးဆန်းပေ။

“ဟုတ်တယ်၊ ငါလည်း မှတ်မိပြီ၊ လေတိုက်ရင်တောင် ပြန်မထနိုင်တဲ့ ရောဂါအပြည့်နဲ့‌ ကောင်လေ” ဟု အခြားသူတစ်ဦးကလှမ်းဝင်ပြောလိုက်သည်။

"ငါ့‌‌မောင် သေပြီလို့ နင်တို့ကိုဘယ်သူပြောလဲ"ဟု ကျန်းရှောင်ယုက ထိုလူနှစ်ဦးကို စူးစူးရဲရဲ ကြည့်၍ပြန်ပြောသည်။ သူတို့၏ ခန္ဓာကိုယ်သည် လင်းတနှင့်စာက‌လေးကဲ့သို့ အချိုးအစား ကွာသည်။ထိုသိုကွာခြား‌လျှက်ရှိနေကာမူ ကျန်းရှောင်ယုက အံကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် သားရဲတကောင်ကဲ့သို့ သတ်ဖြတ်မည့် ဒေါသအရိပ်ယောင်များပါနေသည်။

သူမလို ပျော့ညံ့တဲ့ မိန်းကလေးက ထိုကဲ့သို့ စိုက်ကြည့်နေခြင်းကို ယုံရခက်လှ‌ပေသည်။ကျန်းရှောင်ယုသည် သူမ၏အနောက်တွင် ဝှက်ထားသော မြှားတချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမသည် ခုခံရန်ရည်ရွယ်ချက်အတွက် မြှားတစ်ချောင်းကို ဝှက်ထားခဲ့ခြင်းဖြစ်သည်။

ကျန်းရှောင်ယုသည် ထိုလူအားဒေါသတကြီးနှင့် စူးစူးရဲရဲကြည့်သည်။မျိုးနွယ်စုကြီး၏ စစ်သည်တော်ပြင်ဆင်ရေးစခန်းတွင် ကင်းထောက်ရာထူးအဆင့်မှာ အလွန်မြင့်မားသည်။ယခုအခြေအနေမှာ ကြောင်တကောင်နှင့် ကျားတကောင်ကို တွဲချည်ထားသကဲ့သို့ ဖြစ်နေသည်။

"ဟေ့ အရူးမ၊ငါကို ဘာလို့စိုက်ကြည့်နေတာလဲ၊ မင်းဆက်ပြီး စိုက်ကြည့်နေရင် မင်းမျက်လုံးတွေကို ငါထိုးဖောက်လိုက်မယ်။"ဟု ထိုလူက ဒေါသတကြီးပြောသော်လည်း ကျန်းရှောင်ယု သည် အံကြိတ်ကာ နောက်မဆုတ်ပဲရပ်‌ နေလျှက်ရှိသည်။ယနေ့ ရိက္ခာမရရှိပါကသူတို့ အသက်ရှင်နိုင်မည်မဟုတ်‌ပေ။ သူ့လက်ထဲက မြှားကို ဆွဲထုတ်လိုက်ပီး တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"ဒီမိန်းမပျို‌က စိတ်ဝင်စားစရာပဲ" သန့်ရှင်းသပ်ရပ်‌သော ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် လူငယ်တဦးက ကျန်းရှောင်ယု နှင့် ထိုလူကြားရှိ ပဋိပက္ခကို အထပ်မြင့်အ‌ဆောက်အဦတခု၏ ပြတင်းပေါက်မှ စောင့်ကြည့်‌နေသည်။

ဤငွေရောင်သံချပ်ကာဝတ်လူငယ်လေးသည် အာဏာရှိသူတဦးဖြစ်ပုံရသည်။ သူ၏ ငွေထည်၀တ်စုံသည် တခြားစစ်သည်များ၏ဝတ်စုံနှင့် ယှဉ်လျှင်ပိုမိုတောက်ပနေလျှက်ရှိသည်။

"သူမက မြှားကိုကိုင်ထားတုန်းပဲ၊မြှားပြုလုပ်ဖို့ ပစ္စည်းတွေအားလုံးကို တွက်ချက်ပြီးပေးထားတာကို ဒီမြှားတချောင်းကို သူဘယ်လိုဝှက်ထားလဲ မသိ၊ဒါပေမယ့် သူမက မြှားကို အသုံးပြုပီး ကောင်းကောင်းတိုက်ခိုက်နိုင်ပုံပဲ"

“သူမသာ တိုက်ခိုက်မည်ဆိုရင် သေချာပေါက် ရှုံးပြီး စိတ်မကောင်းစရာပဲဖြစ်လိမ့်မည်” ဟု ငွေ‌ရောင်သံချပ်ကာ၀တ်လူငယ်‌ လေးအနားတွင် ရပ်နေသော အကြီးအကဲတစ်ဦးမှ ယဉ်ကျေးစွာပြောသည်။

“မှန်ပါတယ်။ ဒါပေမယ့် သူ မတိုက်ခိုက်ဘူးဆိုရင်တော့ ငတ်သေရုံပဲရှိလိမ့်မယ်” ဟု ငွေရောင်သံချပ်ကာ၀တ်ထားသော လူငယ်လေးမှ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည်။

“ကောင်မလေးအကြောင်း ထပ်ပြောပါဦး။”

အကြီးအကဲဖြစ်သူက ဦးညွှတ်တုံ့ပြန်ရင်း "သခင်လေး၊ သူ့နာမည်က ကျန်းရှောင်ယု ၊ကျွန်တော်တို့ လျှိုင်မျိုးနွယ်စုထဲက ဇာတ်နိမ့်တဲ့ မိန်းကလေးပါ။

သူမနှင့်မောင်ဖြစ်သူတို့ မူလက လျှိုင်မျိုးနွယ်စု မှ မဟုတ်ပဲ လျှိုင်မျိုးနွယ်စုထံလာရောက်ခိုလှုံသော ဒုက္ခသည်‌တွေပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယီယွင်ရဲ့ အမေဖြစ်သူ ဆုံးပါးသွားပြီး။ ကျန်းရှောင်ယု တယောက်ထဲကသာ မောင်ဖြစ်သူကို ပြုစုစောင့်ရှောက်ပြီး နေထိုင်လာခဲ့တာဖြစ်ပါတယ်။”

အကြီးအကဲဖြစ်သူသည် အလွန်ပါးနပ်လှသည်။လျှိုင်မျိုးနွယ်စုတစ်ခုလုံးတွင် ထောင်နှင့်ချီသော လူများအားလုံးအကြောင်းကို သူသိသည်။

သာမန်အားဖြင့် မျိုးနွယ်စုကြီးများသည် ဒုက္ခသည်များကို လက်ခံလေ့မရှိကြပေ။ ဤသည်မှာ မျိုးနွယ်စုကြီးအတွက် မျိုးရိုးဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန်ဖြစ်ပြီး တခြားနေရာမှ ဒုက္ခသည် အနည်းအကျဉ်းကိုသာ လက်ခံလေ့ရှိ‌သည်။

“သူက တခြားနေရာက မိန်းကလေးပဲ” ကောင်လေးက တိုးညှင်းစွာ ရေရွှတ်လိုက်သည်။

ကျန်းရှောင်ယုတွင် ရှင်းပြလို့မရသည့် ထူးခြားတဲ့ရုပ်သွင် ရှိသည်ကို ငွေရောင်သံချပ်ကာ ၀တ်ထားသောကောင်လေးက သတိပြုမိသည်။သူမ၏ရုပ်အသွင်မှာ ဆင်းရဲတဲ့မိသားစုမှ ကလေးတွေလို မဟုတ်ပေ။ ထို့အပြင် ကျန်းရှောင်ယုသည် ပြေပြစ်ပြီး သပ်ရပ်သော ရုပ်ရည်ရှိသည်။ ဆင်းရဲသောမိသားစုလေးတစ်ခုမှာ ဒီလိုချောမောလှပတဲ့ မိန်းကလေးဆိုတာ ရှားရှားပါးပါးပါပင်ဖြစ်သည်။ထိုမိန်းမပျိုလေး၏ နောက်ကြောင်းကို မသိသော်လည်း၊ချောမောလှပပြီး တိုက်ခိုက်ရဲသော သတ္တိရှိသည့် မိန်းမပျိုလေးကို လျှိုင်ချမ်းယု စိတ်၀င်စားနေသည်။

"သခင်လေး၊ သူက သခင်လေးအာရုံကို ဖမ်းစားသွားပြီလား"ဟု အကြီးအကဲဆိုသူကမေးလိုက်သည်။ သခင်လေး လျှိုင်ချမ်းယုသည် မျိုးနွယ်စုကြီးတွင် မြင့်မားသော ဂုဏ်သိက္ခာရှိသူဖြစ်သည်။

လျှိုင်မျိုးနွယ် တစ်ခုလုံးတွင် သူရဲကောင်းအနည်းငယ်သာရှိသည် သေချာရေတွက်ကြည့်လျှင် သူရဲကောင်း သုံးဦးသာရှိသည်။ တစ်ဦးက အဝါရောင်ဝတ်ရုံနှင့်အကြီးအကဲ၊ စစ်သည်တော်ပြင်ဆင်ရေးစခန်းရဲ့ နည်းပြ ယောင်ယွမ်၊ နောက်ဆုံးကတော့ လျှိုင်ချမ်းယုတို့ဖြစ်သည်။လျှိုင်ချမ်းယု သည် အဝါရောင်ဝတ်လုံနှင့် အကြီးအကဲ၏ မြေးဖြစ်သည်။ထိုအကြီးအကဲသည် အသက် ၆၀ ဝန်းကျင်ရှိနေပြီသည်။

လျှိုင်ချမ်းယုမှာ အသက်ဆယ့်ခုနစ်နှစ်ဖြစ်ပီး သူ၏အနာဂတ်မှာ တောက်ပလျှက်ရှိသေးသည်။လျှိုင်ချမ်းယုသည် ထီးနန်ကိုဆက်ခံရမည့်သူ ဖြစ်လာမည်မှာ သေချာသည်။ သူသည် “ခရမ်းရောင်သွေးစစ်သည်” ဖြစ်လာရန် အခွင့်အလမ်းအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။

လျှိုင်ချမ်းယုလို မျိူးနွယ်စုကြီးမှဆင်းသက်လာသူနှင့် ဇာတ်နိမ့် ပြင်ပမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခွင့်မရှိပေ။

"ဒါဆို ကျွန်တော် စိတ်ဝင်စား‌တော့ဘာဖြစ်လဲ၊ မကြာခင် ဒီလျှိုင် မျိုးနွယ်စုမှာ ကျွန်တော်ရှိတော့မှာ မဟုတ်ဘူး။တောထဲမှာ စွန့်စားခန်းတိုက်ခိုက် ရမည့်သူကိုလျှိုင်မျိုးနွယ်ရဲ့ စည်းကမ်းတွေနဲ့ ကျွန်‌‌တော့ကို ထိန်းချုပ်ဖို့ကြိုးစား‌နေတာလား။"

လျှိုင်ချမ်းယုက အေးအေးဆေးဆေး ပြောလိုက်သည်။ထိုအခါ အကြီးအကဲဖြစ်သူက ပြာပြာသလဲဖြင့်”ကျီစားတာပါ သခင်လေး၊ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"ထိုသို့ပြောကာ အကြီးအကဲဖြစ်သူမှာ သူ့ပါးကိုသူပြန်ရိုက်ပြနေလျှက် ရှိသည်။

လျှိုင်မျိုးနွယ်စုမှာ သေးငယ်ပေမယ့် မျိုးနွယ်စုရဲ့ စည်းကမ်းများ လွန်စွာတင်းကျပ်သည်။အားနည်းသူများကို အားကောင်းသူများက အုပ်စိုးသည့် တောကန္တာရတွင် နိုင်ငံအများအပြားက စစ်ဥပဒေကို ပြဌာန်းကြသည်။ မျိုးနွယ်စုများတွင် စစ်သည်များသည် အာဏာကို ချုပ်ကိုင်ထားသည်။

သန်မာသူများက အားနည်းသူများ၏ အသက်ကို ကြိုက်သလိုဆုံးဖြတ်နိုင်သည်။ လျှိုင်ချမ်းယုတွင်လည်း လူတစ်ဦး၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည့် အကြွင်းမဲ့ အခွင့်အာဏာရှိသည်။

ထို့အပြင် လျှိုင်ချမ်းယုသည် သနားညှာတာမှုမရှိပေ။ သူသည် ငယ်စဉ်ကတည်းက ဆင်းရဲဒုက္ခများစွာကို ဖြတ်သန်းခဲ့ပြီး မျိုးနွယ်စုများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသူဖြစ်သည်။

သူ့ကိုယ်သူ ပါးရိုက်နေသော အကြီးအကဲကို မြင်တော့ ‌လျှိုင်ချမ်းယု က "ကောင်းပြီ၊ကျွန်‌တော်ရှေ့မှာ သရုပ်ဆောင်တာကို ရပ်လိုက်ပါ၊ ဒီကောင်မလေးက ငယ်သေးတာပဲ၊ ကျွန်တော် သူ့ကို အိမ်အကူ ဒါမှမဟုတ် ကိုယ်လုပ်တော် လိုပဲမြင်တာပါ။ ဒါကြောင့် စိတ်မပူနဲ့၊ ဒါက မျိုးနွယ်စုရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ရာမကျပါဘူး"

“ဟုတ်ကဲ့… ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး” အကြီးအကဲက ကမန်းကတန်း ပြန်ဖြေသည်။

"အင်း...မေးပါရစေ၊ ဒီကျန်းရှောင်ယု က သူမောင်နဲ့ ဘာလို့ မိဘတွေမတူရတာလဲ"လျှိုင်ချမ်းယုက ကွင်းပြင်ရှိ ဖြစ်ပျက်နေမှုများကို ကြည့်ရင်းမေးလိုက်သည်။ကျန်းရှောင်ယု သည် သူမ၏မောင်အား အလွန်အမင်း အကာအကွယ်ပေးထားကြောင်း သူသဘောပေါက်ပြီး သူမ၏‌ မောင်ဖြစ်သူမှာ ဖျားနာမှုကြောင့် အားနည်းလျှက်ရှိ‌နေသည်။

"ဒါက...ကျန်းရှောင်ယု ဒုက္ခရောက်တုန်းက ယီယွင် ရဲ့အမေက မွေးစားခဲ့တာလို့၊ကျန်းရှောင်ယုအ‌ပေါ် ယီယွင်၏အမေက ကျေးဇူးရှိသည့်အတွက် ယီယွင်ကို ကာကွယ်ပေးပုံပဲ"

“အင်း… ဒါပဲလား…” လျှိုင်ချမ်းယုက မတ်တပ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အခုချက်ချင်း သေစမ်း"ဟု အော်နေသောကျန်းရှောင်ယုကို မြင်တော့ ထိုတာ၀န်ခံလူသည် ဒေါသထွက်သွားသည်။ သူကကျန်းရှောင်ယု ကိုလှမ်းရိုက်ရန် ပြင်နေသည်။

ကျန်းရှောင်ယု ကဲ့သို့သော အားနည်းသော မိန်းကလေးသည် ထိုယောက်ျား၏ ခန္ဓာကိုယ်ကြီးနှင့် မယှဉ်နိုင်ပေ။ထိုရိုက်ချက်ကြောင့် ကျန်းရှောင်ယုမှာ လေထဲသို့လွှင့်သွား ပေလိမ့်မည်။

ကျန်းရှောင်ယု မြှားကို ဆွဲထုတ်တော့မည့်အချိန်မှာပင် သူမလက်ကို တစ်စုံတယောက်က လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။ ယီယွင်က သူမနားမှ “အမ စိတ်လျော့ပါဦး”ဟု တိုးညှင်းစွာ ပြောလိုက်သည်။

ချက်ချင်းပင် ယီယွင်မှာ ကျန်းရှောင်ယု၏ ရှေ့တွင်ရပ်လိုက်သည်။

"ရပ်ကြပါဦး"ယီယွင်က လက်ကို မြှောက်ပြီး ပြောသည် ။

"မင်းကိုယ်မင်းဘာထင်‌နေလဲ" ထိုသူသည် ဒေါသတကြီးဖြင့် “ဒီမျောက်လို ပိန်လှီနေတဲ့ကောင် မင်းကိုပါ ရိုက်လိုက်လို့ တခါထဲလွှင့်ထွက်သွားလိမ့်မယ်”ဟုပြောနေသည်။

ယီယွင်သည် ထိုလူ၏ ပေါင်ကြားထဲသို့ ကန်နိုင်သော်လည်း ပါးနပ်စွာ ထိုသို့မဖြေရှင်းပဲ၊နှစ်ဖက်စလုံး ပြေလည်အောင် ဖြေရှင်းနိုင်သည့် အခြေအနေကို သူစဉ်းစားမိသည်။

"ယောက်ျားအစစ်က မိန်းမတွေနဲ့ ရန်မဖြစ်ဘူး။ နောက်ပြီး ခင်ဗျားက စစ်သည်ပြင်ဆင်ရေးစခန်းကလူမလား၊ဒီလို မိန်းကလေးတယောက်ကို လက်ညိုးနဲ့တောင် လဲအောင်လုပ်နိုင်ပါတယ်၊ဒါက ခင်ဗျားအတွက်ဟာသလား”ဟု ယီယွင်က လူအုပ်ကြီးတခုလုံးပါ ကြားရန် အော်ပြောလိုက်သည်။

ထိုတာ၀န်ခံလဲ သူ့ရှေ့ကကောင်လေးပြောသည်စကားကြောင့် တုံ့ဆိုင်းသွားသည်။

ဆယ့်နှစ်နှစ်အရွယ်မိန်းက‌လေးက သူ့ကို ရိုက်နှက်ဖို့ ခုန်ထွက်လာမှာလား။ ဒါမှမဟုတ် သူ့အမအစား အရိုက်ခံပေးဖို့ရှေ့သို့ထွက်လာတာလား။

သို့သော် သူကခုန်ထွက်ပြီး ထိုစကားများကို ပြောနေသည်မှာ အလွန်ထိရောက်သော ဖြေရှင်းသည်နည်းဖြစ်သည်။ ထိုတာ၀န်ခံ၏ ရိုက်ရန်ပြင်ထား‌သောလက်မှာ လေထဲ၌တန်းလန်းကြီးဖြစ်နေသည်။

အမှန်တကယ်ပင် စစ်သည်တော်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်တစ်ဦးအနေနှင့် ကလေးနှစ်ယောက်ကို ရိုက်နှက်ခြင်းသည်၊ ဂုဏ်ယူစရာမဟုတ်ပေ။ထို့အပြင် စစ်သည်ပြင်ဆင်ရေးစခန်းနှင့် သာမာန်ပြည်သူတို့အကြား လေးစားမှုအဆင့်တန်းရှိသောကြောင့် သူ့ကို စကားလုံးများဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။

"ကောင်းပြီ အနည်းဆုံး မင်းတို့ရဲ့နေရာကို မင်းတို့သိ‌သေးတယ်"ဟုဆိုကာ ယီယွင်ဆို့မောင်နှမ နှစ်ယောက်ကို စိုက်ကြည့်ရင်း လက်ကို အောက်သို့ချလိုက်သည်။"ဒီ​နေ့ စိတ်​​ကောင်း‌ရှိနေလို့​၊မင်းနှစ်ယောက်စလုံးသက်သာတယ်မှတ်၊ငါရှေ့က မြန်မြန်သွားတော့"ဟုပြောကာမောင်းထုတ်လိုက်သည်။

"ယွင်အာ"ကျန်းရှောင်ယု က ယီယွင်၏လက်ကိုဆွဲကာ ပြောလိုက်သည်။ သူမသည် ထိုတာ၀န်ခံနှင့် စကားများလိုက်သဖြင့် ဘာရိက္ခာမှာရတော့မည့် မဟုတ်သည်ကို သူမ သိသောကြောင့် ကူကယ်ရာမဲ့သလို ခံစားနေရသည်။

"အမရှောင်ယု... စိတ်မပူပါနဲ့"ယီယွင်သည် ကျန်းရှောင်ယု ၏လက်ကို စိတ်တည်ငြိမ်စေရန် ဆုပ်ကိုင်ထားလိုက်သည်။ "အခု ဒီကနေထွက်သွားကြ​စို့၊ ပြီးရင် အမနဲ့တိုင်ပင်စရာ‌တွေရှိသေးတယ်​..."

All Chapters