← Chapters

ခရမ်းရောင်သွေးစစ်သည်

Vol. 1 Ch. 6

ခရမ်းရောင်သွေးစစ်သည်

Vol. 1 Ch. 6

"ဘာလဲ မကျေနပ်ရင်လွှင့်ပစ်လိုက်" ထိုတာ၀န်ခံက စိတ်မရှည်စွာပြောသည်။

"ဒါပဲလား၊ကျွန်‌တော်အမက မြှားနှစ်စည်းပေးလိုက်တာလေ၊ မျိုးနွယ်စု စည်းမျဥ်းစည်းကမ်းအရ ရိက္ခာက ဒီထပ်ပိုရသင့်တာမလား..."

ယီယွင်က စပါးအိတ်ကို လက်ထဲတွင်ကိုင်၍ မေးလိုက်သည်။

ထိုတာ၀န်ခံက "ဘယ်မျိုးနွယ်စုက စည်းကမ်းလဲ၊ စည်းမျဥ်းစည်းကမ်းတွေ လာလုပ်မနေနဲ့ ငါပြောတာက ငါ့စည်းကမ်းပဲ"

ထိုလူက ပြင်းပြင်းထန်ထန်ပြောသည်။ယီယွင် စိတ်ထဲတွင် မိမိဆင်ထားသောထောက်ချောက်ထဲ ၀င်လာပြီဟုတွေးနေသည်။

ယီယွင် က မတရားမှုကို ရှုံ့ချပြီး "အစ်ကိုက စည်းကမ်းတွေ ချမှတ်နိုင်ပေမယ့် ကျွန်တော်တို့တွေ အသက်ရှင်ဖို့လည်းလုပ်ပေးသင့်ပါတယ်"ဟု ပြောလိုက်တယ်။

ယီယွင်က ထိုသို့ပြောခြင်းဖြင့် စောစောကလူအများရှေ့တွင် "ငါပြောတာက စည်းကမ်းပဲ"ဟု ပြောနေသော တာ၀န်ခံမှာ အကျပ်ရိုက်သွားပြီး၊လူအုပ်ကြီးမှာလဲ လှုပ်လှုပ်ရွရွဖြစ်သွားသည်။

ချက်ချင်းပင် ယီယွင်နောက်မှ လူအုပ်ကြီးက “အမှန်ပဲ ကျုပ် ချပ်ဝတ်တန်ဆာ ၆ခု ကို ပေးလိုက်တာ၊ ဒါပေမယ့် ကျုပ်ရိက္ခာနည်းနည်းပဲ ပြန်ရတယ် အဲတာကိုရှင်းပေးပါဦး”

"ဘာလို့ ရိက္ခာနည်းနည်းပဲရတာလဲ၊ကျုပ်တို့လည်းသိချင်တယ်။"

"ကျွန်တော်မှာ ကျွေးဖို့ မိသားစု၀င်‌တွေ အများကြီးပဲ။ ဒီရိက္ခာနဲ့ ဘယ်လိုမှမလောက်ဘူး"

လျှိုင်မျိုးနွယ်စုမှလူများသည် အချိန်တိုင်းတွင် ဆင်းရဲဒုက္ခကို ခံစားနေကြရသည်။လူများသည် လူမျိုးစု၏ခေါင်းဆောင်မှုကို ပုန်ကန်ရန် ရည်ရွယ်ချက်ရှိသော်လည်း အင်အားကွာခြားမှုနှင့် ခေါင်းဆောင်မည့်သူမရှိခြင်းကြောင့် မပုန်ကန်ရဲပဲရှိ‌နေပေသည်။

ထိုတာ၀န်ခံမှာ မျက်နှာပျက်သွားကာ ကလေးစကားကြောင့် လူအုပ်ကြားတွင် အနှောင့်အယှက်ဖြစ်မည်ကို သူ မမျှော်လင့်ခဲ့ပေ။ အခြေအနေမှာ ဆိုးလာကာ တာ၀န်ခံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

"မင်းတို့အားလုံး သောက်ပါးစပ်ပိတ်ထား"ဟု ထိုလူကအော်ပြောသည်။

သို့သော် ထိုသူ၏အာ်သံမှာ လူအုပ်ကြီးကိုထိန်းမထားနိုင်ပေ။

"ကျွန်ုပ်တို့ကို ရှင်းပြပေးပါဦး။ ကျွန်တော်တို့ရဲ့ ရိက္ခာလိုချင်တယ်"

"ဘာလို့ ရိက္ခာနည်းနေရတာလဲ"

ပုန်ကန်သူများ များလာသောအခါတိုင်းတွင် တရားဥပဒေမှာပျက်ပြယ်သွားလေ့ရှိသည်။လူအများကိုဦးဆောင်သူရှိလာသောအခါ ထိုအားနည်းသောလူအုပ်ကြီး၏ လူတိုင်းဆီတွင် ပုန်ကန်ချင်စိတ်များ ထွက်ပေါ်လာ‌လေ့ရှိကြသည်။

အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေချိန်မှာပဲ ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာသည် "မင်းတို့ လိုချင်တဲ့ ဖြေရှင်းချက်ကို ငါပေးမယ်။"

ဤအသံတွင် ဩဇာအသံအပြည့်ပါပြီး ဖရိုဖရဲ အခြေအနေကို ချက်ချင်း ငြိမ်သက်သွားစေသည်။

လူတိုင်းသည် အသံလာရာကို လှည့်ကြည့်လိုက်ကြရာ ငွေရောင်ချပ်၀တ်နှင့် ဓားရှည်တလက်ကိုကိုင်၍ လျှောက်လာနေသောလူတဦးကို တွေ့လိုက်ရသည်။

"သခင်လေး လျှိုင်ချမ်းယု"

"လျှိုင်ချမ်းယု"

ထိုလူငယ်လေးကိုတွေ့တော့ အားလုံးက အံ့သြသွားကြသည်။လျှိုင်ချမ်းယု သည် မျိုးနွယ်စုကြီးတခုလုံးတွင် ခရမ်းရောင်သွေးစစ်သည်ဖြစ်ရန် ဖြစ်နိုင်ခြေအရှိဆုံးသော ပါရမီအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

လျှိုင်မျိုးနွယ်စုက ခရမ်းရောင်သွေးစစ်သည်တစ်ဦးရှိလာပါက အရာအားလုံး ကွာခြားသွားမည်ဖြစ်သည်။ ထိုနေ့တွင် လျှိုင်ချမ်းယု သည် မျိုးနွယ်စုတစ်ခုလုံး၏ အကြီးအကဲဖြစ်လာမည်ဖြစ်သည်။

လျှိုင်ချမ်းယုသည် တလှမ်းချင်းလျှောက်လာသည်၊သူအရှိန်အ၀ါကြောင့် လူအုပ်ကြီးမှာ ငြိမ်သက်လျှက်သည်။လျှိုင်မျိုးနွယ်စုတစ်ခုလုံးကို မြို့ထဲသို့ ခေါ်ဆောင်နိုင်သော အခြေအနေကို လျှိုင်ချမ်းယုကသာ ဖော်ဆောင်နိုင်မည်ဖြစ်သည်။

မျိုးနွယ်စုထဲတွင် လူဦး‌ရေများပြားသည့်အတွက် မြို့ထဲတွင်‌နေရသည်မှာ ကောင်းကင်ဘုံတမျှဖြစ်သည်။တောကန္တာရထဲတွင် မြို့တစ်မြို့တည်ထောင်ရန်မှာ ခက်ခဲလွန်းလှပေသည်။ထိုသို့လူဦး ရေအများအပြားရှိ‌နေပါက၊တောထဲမှ သတ္တဝါကြီး၏ တိုက်ခိုက်ရန် လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။မြို့ကိုကာကွယ်မည့် ကျွမ်းကျင်သိုင်းပညာရှင် မရှိပါက ထိုသားရဲ သတ္တဝါကြီး၏ ဖျက်စီးမှုကြောင့်မြို့မှာကြာကြာခံမည် မဟုတ်ပေ။

သိုင်းပညာရှင်များသည် မြို့ထဲတွင်ရှိရန်လိုအပ်သည်။လူမျိုးစုငယ်များသည် ထူထပ်သောတံတိုင်းကြီးများရှေးဟောင်းအမွေအနှစ်များနှင့် လုံခြုံစွာနေထိုင်ရန်လိုလားနေသည်။ရိက္ခာမလုံလောက်၍ ငတ်မွတ်ခေါင်းပါးခြင်း၊သားရဲသတ္တဝါများ၏ လာရောက် သတ်ဖြတ်ခံရသော အခြေအနေတွင် မည်သူမှမနေလိုပေ။

လျှိုင်ချမ်းယု သည် လျှိုင်မျိုးနွယ်စု၏ မျှော်လင့်ချက်ဖြစ်သည်။ မျိုးနွယ်စုထဲတွင် လျှိုင်ချမ်းယု၏ သိုင်းပညာအဆင့်သည် ဘိုးဘေးများထပ်ပင် ကျော်လွန်လျှက်ရှိသည်။

လျှိုင်းချမ်းယု ရှေ့သို့ရောက်လာသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။

"အဘိုး။" လျှိုင်ချမ်းယု သည် အဝါရောင် ၀တ်စုံဖြင့် အကြီးအကဲဖြစ်သော အဘိုးဖြစ်သူကို ပထမဆုံးစွာ အရိုသေပေးသည်။

"အာ ချမ်းယု၊ မင်းရှေ့ထွက်လာပြီပဲ"

မျိုးနွယ်စုကြီးတွင် ယောက်ျားများသည် အသက် ၁၆ နှစ်တွင် လက်ထပ်ကြသည်။ ထို့ကြောင့် အသက် ၁၇ နှစ်အရွယ် လျှိုင်ချမ်းယုက ထိုကိစ္စများကို တာဝန်ယူဖြေရှင်းနိုင်သည် အရွယ်သို့ရောက်ရှိပြီဖြစ်သည်။

လျှိုင်ချမ်းယုသည် လူအုပ်ကြီးအား စကားမပြောသေးပဲ၊ယီယင်အား ပြုံး၍"မင်းက ယီယွင်ဟုတ်တယ်မလား"

ယီယွင်က ခေါင်းမော့၍ကြည့်လိုက်သည်။လျှိုင်ချမ်းယုမှာ မိမိအား ပြုံး၍ပြောနေသော်လည်း ၎င်းနောက်ကွယ်တွင်ရှိ‌နေသောအန္တရာယ်ကို ယီယွင် ရိပ်စားမိသည်။

ယီယွင်သည် မထင်မှတ်ပဲ လူအုပ်ကြီးကို မငြိမ်မသက်အောင် လှုံ့ဆော်ခဲ့သည်။ထိုသို့ လုပ်ဆောင်သည်မှာ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည့် လျှိုင်ချမ်းယုက မိမိအား ပုန်ကန်နိုင်သည်သူ ဟုထင်မှတ်‌လောက်သည်။

"ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ မဆိုးပါဘူး၊ ကလေးတစ်ယောက်လို့တောင် မထင်မိဘူး၊ တစ်နေ့မှာရာထူး ကြီးကြီး တစ်ခုတော့ ရနိုင်လိမ့်မယ်"လျှိုင်ချမ်းယု က ယီယွင် ပုခုံးကို မသိမသာ ပုတ်ပြီး ပြောသည်။လျှိုင်ချမ်းယုလို ရာထူးမြင့်သူသည် သာမန်လူတစ်ဦး၏ ပုခုံးကို ပုတ်၍ စကားပြောနေသောကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်လျှက်ရှိနေကြသည်။

ထို့အပြင်၊ ချီးမွမ်းမှုမှာ မယုံနိုင်ဖွယ်ဖြစ်သည်။လျှိုင်ချမ်းယု က ဒီဆင်းရဲသားလေး ရာထူးကြီးကြီးတခု ရနိုင်မည်ဆိုသည်မှာ တကယ်ပြောနေတာလား၊ ဖြစ်နိုင်ပါ့မလားဟု အံအားသင့်နေသည်။

လျှိုင်ချမ်းယု၏ နှုတ်မှထွက်လာ‌သောစကားများကြောင့် လူအုပ်ကြီးမှာ မယုံကြည့်နိုင်ဖြစ်နေသည်။ထိုလူငယ်လေးသည် အနာဂတ်တွင် သခင်လေးလျှိုင်၏ တန်ဖိုးထားမှုကိုရရှိပြီး၊နောင်တွင် သခင်လေးလျှိုင်က ၎င်း၏ လက်ဦးဆရာအဖြစ် ပညာသင်ပေးမည်။ထိုအရာသည် လူအများစု၏အိမ်မက်ပင်ဖြစ်သည်။

"သခင်‌လေးက ငါကို အထင်ကြီး‌တယ်။" ယီယွင်က ပြန်၍ပြုံးပြသော်လည်း သူ့ရင်ထဲတွင် တင်းတင်းကျပ်ကျပ် ခံစားနေရသည်။လျှိုင်ချမ်းယု နဲ့တွေ့ပြီးကတည်းက သူအမြဲသတိထား၍‌‌နေလေသည်။ သူ့ပခုံးမှာ ထုံကျင်သလို ခံစားလိုက်ရပြီး၊လျှိုင်ချမ်းယုက သူ့ကိုပုခုံးပုတ်လိုက်သည် အချိန်မှစ၍ ပခုံးတစ်လျှောက် ပူနွေးလာသည်ကို သူခံစားလိုက်ရသည်။

ယီယွင်သည် သတိမထားမိပါက၊ထိုခံစားချက်သည် ထင်ယောင်ထင်မှားဖြစ်‌သည်ဟုသာသူထင်မည် သို့မဟုတ် လျှိုင်ချမ်းယုက သူ့ကို ပုခုံးပုတ်လိုက်သောကြောင့် ထိတ်လန့်သွားခြင်း‌ ဖြစ်မည့်ထင်နေလိမ့်မည်ဖြစ်သည်။

လျှိုင်ချမ်းယုက ဘာလိုချင်တာလဲ။ လှည့်ကွက်တစ်ခုရှိနိုင်မလား...

လျှိုင်ချမ်းယုလို လူမျိုးက လူအများရှေ့တွင် သူ့ကို ပုခုံးပုတ်၍ချီးကျူးမည့် သူမဟုတ်ဟု ယီယွင်ယုံကြည်သည်။လျှိုင်ချမ်းယု၏ အကြည့်များသည် ရန်ငြိုးများ ပြည့်နှက်နေသည်။

"သူတို့ကို ရိက္ခာနည်းနည်း ပေးလိုက်ပါ။"လျှိုင်ချမ်းယု သည် အစားအသောက်များ ပေးဆောင်ရန် တာဝန်ခံထံသို့ လှည့်၍ ပြောလိုက်သည်။

"ဟုတ်​ကဲ့ သခင်​လေး​"ဟု တာ၀န်ခံကဖြေသည်။တာ၀န်ခံမှာယီယွင် ၏လှည့်စားမှုကိုခံရပြီးနောက် ရိက္ခာကိုမပေးချင်သော်လည်း လျှိုင်ချမ်းယု၏အမိန့်ကို နာခံခဲ့ရသည်။ပေါင်၅၀ စပါးအိတ်ကို ယီယွင် ကို မလွှဲပေးမီ ထိုလူမှာ တခဏမျှ တုံ့ဆိုင်းသွားသည်။

ယီယွင်သည် သတိကြီးစွာထားကာ ကျေးဇူးတင်သောအကြည့်ဖြင့် ဆန်အိတ်များကို လက်ခံပြီး "ကျေးဇူးတင်ပါတယ် သခင်လေး"

ယီယွင်၏ နှုတ်မှာ ကျေးဇူးတင်နေသော်လည်း စိတ်ထဲတွင် လျှိုင်ချမ်းယု ကို အနိုင်ယူရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။ကျန်း‌ရှောင်ယု၏ ကြိုးစားအားထုတ်မှုဖြင့် မြှားများပြုလုပ်ခြင်းကြောင့် ရရှိရန်မှာ အစားအစာများနဲ့ အသားတစ်ပိုင်း ဖြစ်သော်လည်း ၎င်းတို့ရရှိသမျှမှာ ဆန်တထုပ်သာဖြစ်သည်။ သူတို့ကိုတောင် ပြန်၍ကျေးဇူးတင်ရ၍ ယီယွင်မှာ မကျေမနပ်ဖြစ်‌နေမိသည်။

အရည်အချင်း နိမ့်ပါးခြင်းသည် အရာရာ၌ နိမ့်ကျခြင်းကို ဖြစ်ပေါ်စေသည်။ ဒီကမ္ဘာကြီးမှာ ခွန်အားက အမှန်တရားပဲ

"ငါ မင်းကိုမျက်ကွင်းညိုသွားတဲ့အထိ ထိုးပစ်ချင်တာ..."ယီယွင် စိတ်ထဲတွင် တွေးလိုက်သော်လည်း အပြစ်ကင်းစင်သော မျက်နှာဖြင့်သာ ပြန်ပြုံးပြလိုက်သည်။

ယီယွင်တို့သည် နှစ်လမှ သုံးလအထိ အစားအသောက်များ ရလာသည်ကို မြင်လိုက်ရသောအခါ အခြားသူများဆီမှ မကျေနပ်သံများထွက်လာလေသည်။ သို့သော် လျှိုင်ချမ်းယုက ဆုချီးမြှင့်တဲ့အတွက် သူတို့ဘာမှ မပြောနိုင်ပဲရှိနေကြချေသည်။

"သခင်‌လေး လျှိုင်၊ ဒီနေ့ဘာကြောင့် ရိက္ခာနည်းနည်းပဲရှိတယ်ဆိုတာ ကျွန်တော်တို့ကို ရှင်းပြနိုင်မလား။"

"ဟုတ်​ကဲ့ သခင်​လေး လျှိုင်က ကျွန်တော်တို့ကိုပြောပြပါ​"

လျှိုင်ချမ်းယုစင်မြင့်ပေါ်တွင် ရပ်နေပြီး လူတိုင်းကို ပြုံးပြလိုက်သည်။ ယီယွင်အား ချီးကျူးစကားမှလွဲ၍ ဘာမှကို စိတ်မဝင်စားတော့ပေ။

သူက ပြုံးပြုံးရွှင်ရွှင်နဲ့ "ကျွန်တော်တို့မျိုးနွယ်ကြီးအတွက် တနှစ်လုံးအလုပ်ကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ခင်ဗျားတို့လိုချင်တဲ့ဖြေရှင်းချက်ကို ကျွန်တော်ရှင်းပြပါမယ်၊ ယူလာခဲ့ကြဟေ့"ဟု လျှိုင်ချမ်းယုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည် သူ့နောက်မှာ လူခြောက်ယောက်က သစ်သားသေတ္တာကြီးကို တိုင်များဖြင့် ချီကာ မလာသည်။ "သခင် လု" သည် လက်နက်များနှင့် သံချပ်ကာများကို လက်ခံပြီးနောက် ဤသေတ္တာနောက်တွင် ထားနေသည်ကိုယီယွင် သတိပြုမိသည်။ ဒါက မျိုးနွယ်စုကြီးအတွက် တစ်ခုခုဖြစ်ရမယ်။

"ဖွင့်လိုက်"လျှိုင်ချမ်းယုက အမိန့်ပေးသည်။ သေတ္တာထဲမှာ ပစ္စည်းကို အပြင်ထုတ်မည်ဆိုပါက လွယ်ကူမည်မဟုတ်ပေ။ထိုနောက် ပစ္စည်းများကို သေတ္တာထဲပြန်ထည့်မည်ဆိုပါကလဲ လူအင်အားလိုအပ်ဦးမည်ဖြစ်သည်။

လူကြီး နှစ်ယောက် မှာ သေတ္တာကို လူအများအရှေ့မှာ တွန်းဖွင့်လိုက် သည် ။ ဖွင့်လိုက်သောအခါတွင် လှပသောအလင်းရောင်များဖြာ ထွက်လာသည်။

လူအုပ်ကြီးက မယုံကြည်နိုင်အောင်ဖြစ်‌နေကြသည်။ ဒီလိုမြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးဘူးပေ။

လျှိုင်ချမ်းယုသည် သေတ္တာရှေ့သို့ လျှောက်သွားပြီး အနီရောင် ကျောက်တုံးကြီးကို ကိုင်ကာ တောက်ပသော အလင်းရောင်များကို ဝှေ့ယမ်းလိုက်သည်။ အလင်းတန်းများသည် တဖြေးဖြေး တဟုန်ထိုး လှိုင်းထလာသကဲ့သို့လှုပ်ခါလာသည်။

တခဏအတွင်းမှပင် လေအေးများထွက်လာသည်...

All Chapters