တောတွင်းသတ္တဝါတို့၏ အရိုးများ
Vol. 1 Ch. 7
“အရမ်းအေးလာတယ်ဟေ့”လူအုပ်ကြီးဆီမှ အသံများထွက်လာသည်။ သေတ္တာအတွင်းမှ အဖြူရောင်မြူမှုန့်များ ထွက်လာသည်။ထိုနောက်မြူများ ပျောက်ကွယ်သွားသောအခါ သေတ္တာအတွင်း၌ တောက်ပြောင်သော အရိုးစုအမြောက်အများကို တွေ့လိုက်ရသည်။
အအေးဓာတ်သည် ထိုအရိုးများထံမှ ထွက်လာခြင်းဖြစ်သည်။
"အဲဒါဘာကြီးလဲ" ရှားပါးပစ္စည်းများကို တစ်ခါမှ မတွေ့ဖူးသောကြောင့် အားလုံး အံ့အားသင့်လျှက်ရှိနေကြသည်။ထိုအရိုးများကို သူတို့မသိပေသော်လည်း ကြီးကျယ်ခမ်းနားတဲ့ ရတနာတစ်ခု ဖြစ်နိုင်မည်ဟု ခန့်မှန်းနေကြသည်။
"ဒါတွေက တောတွင်းသတ္တဝါတွေရဲ့ အရိုးတွေပဲ"လျှိုင်ချမ်းယုက ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။ “စောစောက မြင်ခဲ့ရတဲ့ အလင်းတန်းတွေနဲ့အအေးဓာတ်တွေက ဒီအရိုးတွေကို မပျက်စီးအောင်ထိန်းသိမ်းဖို့ လုပ်ထားတာပဲ”
“သတ္တ၀ါကြီးရဲ့အရိုးတွေ ဒါတွေက တောတွင်းသတ္တဝါကြီးရဲ့ အရိုးတွေလား” လူအုပ်ထဲမှ လူအများစုသည် တောတွင်းသတ္တ၀ါကြီး၏အရိုးများအကြောင်း တစ်ခါမျှ မကြားဖူးပေ၊ယီယွင်သည် အမကျန်းရှောင်ယု ပြောထားဖူးသောကြောင့် ထိုအရိုးများအကြောင်းကိုသိလျှက်ရှိသည်။
ယခုကမ္ဘာ၏တောထဲ၌ သန်မာလှသော တောတွင်းသားရဲသတ္တ၀ါများရှိသည်။ ထိုသားရဲတိုင်းသည် လျှိုင်မျိုးနွယ်ကဲ့သို့ သေးငယ်သောမျိုးနွယ်ကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိသည်။
တောတွင်းသားရဲသတ္တ၀ါများသည် ကြောက်စရာကောင်းသော်လည်း သူတို့၏ခန္ဓာကိုယ်သည် ရတနာများနှင့် ပြည့်နေသည်။
တောတွင်းသားရဲတို့သည် အာဟာရတို့ဖြင့်ပြည့်နေသည်။ သို့သော် လူတစ်ဦး၏ အစာစားချင်စိတ် ကန့်သတ်ချက်ကြောင့်၊ ကြီးမားလှသားရဲတစ်ကောင်ကို ကုန်အောင်မစားနိုင်ပေ။
အဖိုးအတန်ဆုံး အပိုင်းမှာ အရိုးများထဲတွင်စုနေသော ရိုးတွင်းချဥ်ဆီသာဖြစ်သည်၊ထိုချဥ်ဆီကို အထူးနည်းလမ်းဖြင့် သေးငယ်သောအပိုင်းအစဖြစ်ရန် ပြန်လည်သန့်စင်ရသည်။
တောတွင်းသားရဲတို့၏ အရိုးသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွက် အဖိုးတန်ဆုံး အရာဟု သတ်မှတ်ကြသည်။
သေတ္တာအတွင်းရှိ သားရဲအရိုးများကို ကြည့်လိုက်ရာ၊ ၎င်းသည် နံရိုး၏ အစိတ်အပိုင်း အနည်းငယ်မျှသာဖြစ်သော်လည်း ၎င်းသည် အဖိုးတန်လျှက်ရှိသည်။
"ဒီနေ့ ရိက္ခာတွေ လျှော့ရတဲ့ အကြောင်းရင်းက ရိက္ခာ လဲလှယ်တာအပြင် ဒီအရိုးစုအတွက် လက်နက် နဲ့ ချပ်ဝတ်တန်ဆာ အမြောက်အမြားကို လဲလှယ်ဖို့ အသုံးပြုခဲ့တာ ကြောင့်ပါ။ တကယ်တမ်းတော့ အဲဒါကို ရယူဖို့၊ ခင်ဗျားတို့ထုတ်တဲ့ မြှားနဲ့ သံချပ်ကာတွေက မလုံလောက်လို့ပါပဲ”ဟုလျှိုင်ချမ်းယုက ပြောသည်၊ သူ့ဘေးနားရှိ အကြီးကဲကြီးမှ ဆက်၍ ထိုအရိုးများ၏ အသုံးဝင်မှုနှင့် အဖိုးတန်မှုကို လူတိုင်းအား ရှင်းပြနေသည်။
ထိုအကြီးကဲကြီးက ရှင်းပြသော်လည်း လူအုပ်ကြီးက လက်မခံပေ။သားရဲရဲ့အရိုးများသည် ကောင်းမွန်နိုင်သော်လည်း ၎င်းတို့နှင့် မည်သို့သက်ဆိုင်မည်နည်း။
ဘယ်လောက်ပဲအဖိုးတန်ပါစေ၊ထိုအရိုးများမှ ချဥ်ဆီကို သန့်စင်ပြီးထွက်လာသော အရာများကို မိမိတို့ရရှိမည်မဟုတ်ကြောင်း လူအုပ်ကြီးမှာ သဘောပေါက်သည်။
"မင်းတို့ရဲ့အတွေးတွေကို ငါသိတယ်၊ မင်းတို့ရဲ့အနာဂတ်ဘဝအတွက် စိုးရိမ်တယ်။ ငတ်သေမှာကို စိုးရိမ်တယ်။ လူတိုင်းရဲ့အခြေအနေကို ငါနားလည်တယ်။ ဒါပေမဲ့ စဉ်းစားကြည့်လေ ဒီလိုပဲအဆုံးသတ်မှာလား။ တောထဲမှာ၊ သဲကန္တာရထဲမှာရှိတဲ့ မျိုးနွယ်စုငယ်လေးတွေ အများကြီးရှိတယ်။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အစွမ်းအစမရှိဘူး၊ အချိန်မရွေး ပျက်စီးနိုင်တယ်။"
"ငါတို့ရဲ့ လျှိုင်မျိုးနွယ်စုလဲ သူတို့လိုပဲ။"
"ဒီလို မရေရာတဲ့ ဘဝမျိုးကို ထာဝရ နေမှာလား။ နောက်နေ့ မရောက်ခင် ညဖက် အိပ်နေတုန်း သားရဲတွေ သတ်မှာကို စိုးရိမ်နေကြရတာမလား။"
"ဒီလိုဘဝမျိုးကို မင်းတကယ်လိုချင်တာလား"လျှိုင်ချမ်းယု ၏စကားများသည် လှုံ့ဆော်မှုအပြည့်ရှိသည်။ မျိုးနွယ်စုထဲမှ လူအများအပြားသည် ၎င်းတို့၏ လက်သီးများကို ဆုပ်ထားသည်။ ထိုသို့တုန်လှုပ်ချောက်ခြားစွာ နေထိုင်နေရသော ဘ၀သည် ငရဲတမျှသာ ဖြစ်သည်။
"ကြောက်နေရတာတွေ တော်လောက်ပြီ" လူအုပ်ထဲက တစ်ယောက်ယောက်ကအော်လိုက်သည်။
“ကောင်းပြီ၊ ငါလည်း ဒီလိုဘဝမျိုးကို မဦးဆောင်ချင်ဘူး အခုအခွင့်အရေးရှိပြီ သုံးလလောက်ကြာရင် တိုင်အာ အင်ပါယာဟာ သူ့ရဲ့နယ်မြေထဲမှာ ကျွမ်းကျင်စစ်သည်တွေ အမြောက်အမြား စုဆောင်းလိမ့်မယ်။”
"ဒါဟာ အလွန်ဂုဏ်ယူစရာကောင်းပြီး အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်တယ်။"ထိုသို့ပြောလိုက်ပြီး လျှိုင်ချမ်းယုရဲ့မျက်လုံးတွေက မီးတောက်နေသကဲ့သို လင်းလက်လျှက်ရှိသည်။
ယီယွင်မှာ ထိုမျက်လုံးများကို နားလည်သည်။ထိုမျက်လုံးမှာ လွန်ကဲသော ဆန္ဒနှင့် ရည်မှန်းချက်များနှင့် ပြည့်နှက်နေလေသည်။
လျှိုင်ချမ်းယုသည် ရည်မှန်းချက်ကြီးသူဖြစ်သည်။ ယခုကဲ့သို့ မျိုးနွယ်စုငယ်လေးထဲတွင် မနေချင်ပင်။ တောတွင်စွန့်စားတိုက်ခိုက်၍ မိမိအတွက် နာမည်ရချင်သူဖြစ်သည်။
“ထိုအရိုးများအတွက် မျိုးနွယ်စုတော်တော်များများကို စတေးဖို့ ဆန္ဒရှိနေတာ အံ့သြစရာမဟုတ်ပေ… သူသည် အင်ပါယာကြီးနှင့် သုံးလအတွင်း စမ်းသပ်ချင်နေသည်”
ယီယွင် ရုတ်တရက် သဘောပေါက်သွားသည်။လျှိုင်ချမ်းယုသည် ထိုသားရဲ၏အရိုးများကို လက်နက်များဖြင့်လဲလှယ်ကာ တဖြေးဖြေးစုဆောင်းခဲ့ပုံရသည်။
သူ့အတွက် ရွှေဥဥပေးနေသော ငန်းကို သတ်ရန်အတွက် သားရဲ၏အရိုးကို အသုံးပြု၍ အစွမ်းထက်အောင်လုပ်နေသည်။လျှိုင်ချမ်းယု ၏စကားများသည် ယီယွင်၏ယူဆချက်အား လျင်မြန်စွာအတည်ပြုခဲ့သည်။
"ငါ လျှိုင်ချမ်းယုက ဒီလျှိုင်မျိုးနွယ်စုမှာ မွေးဖွားခဲ့တဲ့ လျှိုင်မျိုးနွယ်ရဲ့ သားပါ။လျှိုင်မျိုးနွယ်တစ်ခုလုံးအတွက် ငါ့ကိုယ်တိုင်ပေးဆပ်မယ်။ ဒီသားရဲ အရိုးတွေရဲ့အစွမ်းနဲ့ ခရမ်းရောင်သွေးစစ်သည်တော်ရဲ့ နယ်ပယ်ထဲကို ငါဝင်ရောက်နိုင်တယ်။ သုံးလအတွင်းမှာ ခရမ်းရောင်သွေးစစ်သည်တော်တစ်ယောက်ဖြစ်လာတာနဲ့ တိုင်အာ အင်ပါယာကြီးနဲ့ အတူ စစ်ပွဲတွေကိုကျော်ဖြတ်နိုင်မယ်"
"ဒီလိုဖြစ်တဲ့အခါ လျှိုင် မျိုးနွယ်တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်နိုင်ပြီ။ မြင့်မြတ်သောအင်ပါယာရဲ့ စစ်သည်တော်တစ်ယောက်အနေနဲ့ လျှိုင်မျိုးနွယ်စုကို တိုင်အာ အင်ပါယာရဲ့မြို့တွေဆီ ပို့ဆောင်နိုင်မှာဖြစ်တယ်။ အနာဂတ်မှာ တစ်ခုခုလုပ်မယ်ဆိုရင်၊ မြို့ရဲ့ကိုယ်ပိုင်အပိုင်းတွေကိုတောင် ပိုင်ဆိုင်နိုင်မှာပါ၊ ဒီလိုအခါမျိုးမှာ လူတိုင်းဟာ ကိုယ့်မြို့ထဲဝင်ပြီး သက်သောင့်သက်သာနေထိုင်နိုင်ရုံပဲ။"
"သုံးလပါပဲ၊ သုံးလလောက် သည်းခံပေးပါ၊ကျန်တာတွေကိုတော့ စိတ်မပူပါနဲ့၊ အဲ့နေ့မှာတော့ မျိုးနွယ်စုကို အခုအခြေနေထပ် အကြိမ်တစ်ရာ အကြိမ်တစ်ထောင်သာတဲ့ ဘ၀တွေကိုပြန်ပေးပါမယ်။"လျှိုင်ချမ်းယု ၏စကားများသည် မှော်ဆန်နေခဲ့ပြီး မျိုးနွယ်စုမှသူများသည် သူ၏ရည်ရွယ်ချက်ကို မမြင်နိုင်ပေ။ သူတို့အားလုံးသည် ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ကတိများပေးနေသည် လျှိုင်ချမ်းယုကို မျှော်လင့်တကြီးဖြင့်ယုံကြည်နေကြသည်။
“သုံးလ၊ နောက်ထပ်သုံးလဆို မြို့ထဲမှာနေလို့ရပြီလား။”
“ဒါအမှန်ပဲလား။”
“ဒီကောင်က ဒီကမ္ဘာပေါ်မှာ နိုင်ငံရေးသမား ဖြစ်နိုင်တယ်”ယီယွင် သည် ဝေခွဲနေရသည် ရိက္ခာရှားပါးမှုကို မည်သူမျှ မေးခွန်းထုတ်တော့မည်မဟုတ်ကြောင်း ယီယွင်ရှင်းရှင်းလင်းလင်း သိလိုက်သည်။လျှိုင်ချမ်းယု သည် လေထဲတွင် ရဲတိုက်ဆောက်ရန် ပေးနေသည့်ကတိကြောင့် လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။ နောက်ထပ်မေးခွန်းများကို လျှိုင်ချမ်းယုမှမဟုတ်ဘဲ သူဘေးကလူများမှ ဖြေပေးနေသည်။
ဆင်းရဲသားများမှာ ခိုကိုးရာမဲ့ဖြစ်ခဲ့ကြသည်။ လူတစ်ယောက်ရဲ့ဘဝဟာ စျေးပေါတယ်။ ရိက္ခာအိတ်တစ်ထုပ်သည် အသက်ပေါင်းများစွာတန်ဖိုးရှိသောကြောင့် လျှိုင်ချမ်းယု ပေးထားသည့်ကတိအတွက် လူအများသေဆုံးခြင်းသည် သာမာန်ပင်ဖြစ်သည်။
ထိုလူများသည်ခက်ခဲ ကြမ်းတမ့းလှသောဘဝကို ဖြတ်သန်းနေကြသောကြောင့် စိတ်ဓာတ် ကျလျှက်ရှိသည် မျှော်လင့်ချက် အလင်းရောင် ကောက်ရိုးတမျှင်မှပင်ရှိနေပါစေအလွယ်တကူ ယုံကြည်ခဲ့ကြသည်။ ဆန့်ကျင်မည့်သူ မည်သူကိုမဆို ပြင်းပြင်းထန်ထန် အရေးယူကြသောကြောင့်လည်းဖြစ်သည်။
လူအုပ်ကြီး တွေဝေနေလျှက်ရှိနေတုန်းမှာပင် လူတဦးက ကျယ်လောင်စွာ ခုန်တက်လာပြီး "သခင်လေး လျှိုင်ချမ်းယု အသက်ရှည်ပါစေ"
ငတ်မွတ်ခေါင်းပါးဒဏ် ခံနေရသူများကို လွယ်လွယ်နှင့်ပင် သွေးထိုးလှုံ့ဆော်ခဲ့ကြလေသည်။ သူတို့အတွက်မူ ပိုမိုကောင်းမွန်တဲ့ ဘဝရရှိစေဖို့ နှင့် အသက်ကို စတေးဖို့ ဆန္ဒရှိခဲ့ကြသည်။
“သခင်ငယ် လျှိုင်ချမ်းယု အသက်ရှည်ပါစေ…” လူအနည်းငယ်က အားပျော့စွာ လိုက်အော်ကြသည်။
အော်ဟစ်သံမှာကျယ်လောင်လာသည်။ရိက္ခာမရရှိ၍ စိတ်ပူနေသောသူများပင် ထိုသို့ လိုက်အော်လျှက်ရှိကြသည်။ အားနည်းသောသူတို့အတွက် ဝမ်းနည်းရုံမျှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။
လူများ၏ တုံ့ပြန်မှုကို မြင်တော့ လျှိုင်ချမ်းယုမှာ ကျေနပ်အားရလျှက်ရှိသည်။သူအလိုရှိသ၍ လျှိုင်မျိုးနွယ်စုတစ်ခုလုံးသည် သူ၏အသုံးချခံဖြစ်လာမည်ဖြစ်သည်။ ကျောက်တုံးပေါ်တက်ပြီး သူ့ကိုယ်ပိုင်ဒဏ္ဍာရီကိုပြန် ပြောချင်နေသေးသည်။
"ချမ်းယု, တော်တယ်" အဝါရောင်ဝတ်ရုံနှင့် လူကြီးက လျှိုင်ချမ်းယု အနောက်သို့ လျှောက်သွားပြီး ပြောလိုက်သည်။
"အဘိုး၊ကျွန်တော်ကို ချီးကျူးစရာ မလိုပါဘူး။ဒါဘာမှမဟုတ်သေးဘူး၊ ဒီလူတွေကိုမျှော်လင့်ချက်မပေးရင် ဆက်လုပ်ဖို့ ခက်လိမ့်မယ်။ အရိုးတွေကို သန့်စင်အောင် လုပ်တဲ့ဟာတွေက လူအများကြီးကို စတေးရမှာ။"
“ဟုတ်တယ်…” အဝါရောင်ဝတ်ရုံနှင့် လူကြီးက သက်ပြင်းချလိုက်သည်။ အရိုးများကို သန့်စင်အောင်ပြုလုပ်ခြင်းသည် လူများစွာကို သေစေကြောင်း သူသိသည်။မည်သို့သေဆုံးနေပါစေမူ သူတို့သည် ထိုအခွင့်အရေးကို လက်လွတ်မခံပါ။
“အောင်မြင်မှုတစ်ခုက အရိုးတစ်ထောင်ကနေ ဖြစ်ပေါ်လာတာ။ အဘိုး ဘာကြောင့် သက်ပြင်းချရတာတုန်း၊ သူတို့သေဆုံးမှုအတွက် မျိုးနွယ်စုက သူတို့ကို သတိရနေမှာပါ၊ နောက်ပြီး… လူတွေသေသွားတော့ စားနပ်ရိက္ခာ ပိုကျန်တော့တာပေါ့၊ နောက်ထပ် သုံးလလောက် ထိန်းထားရတာ ပြဿနာမဟုတ်ပါဘူး။”
လျှိုင်ချမ်းယုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အနစ်နာခံမှုတွေအတွက် သူစိတ်မပူပေ။ တောထဲမှာ တစ်ရက်ကို လူဘယ်နှယောက်သေလဲ။ လူအနည်းကိုစတေးရုံနဲ့ သူရဲကောင်းဖြစ်လာနိုင်သည်။ သူရဲကောင်းတစ်ဦးသည် လူအများကြီးကို ကယ်တင်နိုင်သောကြောင့် ထိုစတေးမှုမှာ ထိုက်တန်သည်ဟု လျှိုင်ချမ်းယုယူဆထားသည်။ ထိုသူရဲကောင်းမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။
လျှိုင်ချမ်းယု၏ စကားများကို အဝါရောင်၀တ်ရုံနှင့် လူကြီးမှလွဲ၍ အခြားမည်သူမျှ မကြားရပေ။
"ယွင်အာ ဘာဖြစ်နေတာလဲ"ကျန်းရှောင်ယုသည် မကျေမနပ်ဖြစ်နေသည် ယီယွင်ကိုမေးလိုက်သည်။
"ဘာတွေတွေးနေတာလဲ"
“ဘာမှမဟုတ်ဘူး…”ယီယွင်က ခေါင်းခါပြလိုက်သည်။လျှိုင်ချမ်းယု ၏စကားကြောင့်၊ လျှိုင်မျိုးနွယ်၏ ကံကြမ္မာမှာ ညကောင်းကင်ယံ၌ ပိုးစုန်းကြူးများကဲ့သို့ အလင်းရောင်အနည်းငယ်မျှသာ လွင့်ပျံပျောက်ကွယ်သွားမည် သူသတိထားမိသည်။
ထိုနောက် အလင်းရောင်များသည် သူ့ပါးစပ်အတွင်းသို့၀င်၍ ပျောက်ကွယ်သွားသည် ။သိပ်မကြာခင်မှာပဲ ခရမ်းရောင်သလင်းကျောက်ရဲ့ အအေးဓာတ်မှာပိုမိုလာပြီး ကြည်လင်လာသည်။
ခရမ်းရောင် သလင်းကျောက်သည် အလင်းရောင်များကို စုပ်ယူနေသည်မှာ ထင်ရှားသည်။ခရမ်းရောင်သလင်းကျောက်သည် ညအချိန်တွင် ကြယ်အလင်းကို စုပ်ယူတုန်းကလိုဖြစ်နေသည်။
ထိုအလင်းရောင်၏ အရင်းအမြစ်ကို လိုက်ရှာနေတာ တကယ်တော့...
ယီယွင် နှလုံးခုန်သံများမြန်လာသည် မဖြစ်နိုင်ဘူး...