← Chapters

လျှို့ဝှက်စွာသတ်ဖြတ်ခြင်း

Vol. 1 Ch. 8

လျှို့ဝှက်စွာသတ်ဖြတ်ခြင်း

Vol. 1 Ch. 8

အပိုင်း ၈ လျှို့ဝှက်စွာသတ်ဖြတ်ခြင်း

အလင်းရောင်သည် သစ်သားသေတ္တာမှဖြစ်ပြီး သားရဲများ၏အရိုးထံမှ ထွက်လာခြင်းဖြစ်သည်။

ယီယွင်သည် မထင်မှတ်ထားသော အခြေနေကြောင့် အေးစက်လာကာ ချွေးစေးများပြန်လာသည်။

အရိုးများမှအလင်းစများသည် သူ့ဆီသို့ ပျံသန်းလာကြသည်။လျှိုင်ချမ်းယု ကဘာကြောင့် ဒီဖြစ်စဉ်ကို မသိနိုင်တာလဲ။ အလင်း‌ရောင်များမှာ ပိုများလာသည်နှင့်အမျှ အလွန်ထင်ရှားလာသည်။ သူ့ကို ရှာတွေ့ရှိဖို့ သေချာသွားပြီဖြစ်သည်။

ထိုအရာကို ရှာတွေ့သွားပါက သူ့အဖြစ်ကိုရှင်းပြရ‌တော့မည်ဖြစ်သည်။

"ယွင်အာ မင်းဘာဖြစ်နေတာလဲ၊ မင်းနဖူးမှာ ချွေးတွေလဲ ရွှဲလို့"

“အမ‌ရှောင်ယု အမ…” ယီယွင်ကအလင်းအစက်များစွာ ပျံသန်းနေတာကို တွေ့ရပေမယ့် ကျန်းရှောင်ယုကတော့ မတွေ့ရပေ။ "အမ ရှောင်ယု၊အမ ဘာမှ မတွေ့ဘူးလား"

ယီယွင်က သိလိုဇောဖြင့် မေးလိုက်သည်။ကျန်းရှောင်ယုတင်မဟုတ်ပဲ ပတ်ဝန်းကျင်ရှိလူများပါ အလင်းစက်များကို မတွေ့ရကြောင်း သူနားလည်သွားသည်။

"ဘာတွေလဲ ယွင်အာ ဖျားနေလား"ကျန်းရှောင်ယုက စိုးရိမ်တကြီး မေးလိုက်သည်။ယီယွင်၏ ခန္ဓာကိုယ်သည် အားနည်းနေပြီး မနေ့ညကမှ နေပြန်ကောင်းကာစဖြစ်သည်။ သူပြန်ဖျားသွားမှာကိုကျန်းရှောင်ယုက စိုးရိမ်နေလျှက်ရှိသည်။

“အယ်…”ယီယွင်က သက်ပြင်းချကာ ခဏရပ်‌နေသည်။ အလင်းအစက်များကို မြင်နိုင်တာ သူတစ်ဦးတည်းသာ ဖြစ်ပုံရသည်။

ခရမ်းရောင်သလင်းကျောက်ပိုင်ရှင်တစ်ဦးတည်းကပဲ ခရမ်းရောင်သလင်းကျောက်ရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို မြင်ရတာလား။

ယီယွင်က သူ့မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ် ပြန်ပြုံးပြ၍ လျှိုင်ချမ်းယု ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။လျှိုင်ချမ်းယုမှာ အရူးတယောက်ကဲ့သို့ အရိုးသေတ္တာကို ရံဖန်ရံခါ ကြည့်‌နေတတ်သည်။

“ဒီကောင်က အလင်းစက်တွေကို သတိမထားမိဘူးပဲ…”

ထို့ ကြောင့် ယီယွင် စိတ်လျှော့လိုက်သည် ။လျှိုင်ချမ်းယုတောင် မမြင်နိုင်လျှင် မိမိမှလွဲ၍ အခြားမည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

ခရမ်းရောင်သလင်းကျောက်သည် အံ့သြဖွယ်ရတနာတစ်ပါးဖြစ်ကြောင်း ယီယွင်က ထပ်မံယုံကြည်ခဲ့သည်။ထိုအချိန်တွင် လျှိုင်ချမ်းယု သည် အဓိပ္ပါယ်ရှိသော အပြုံးဖြင့် သူ့တို့ဆီသို့ လှည့်ကြည့်လိုက်သည်။

သူက ရှေ့ကို လျှောက်လာပြီး ကျန်းရှောင်ယုရှေ့တွင် ရပ်လိုက်သည်။

"အစားအသောက်က မင်းတို့အတွက် ဆုလာဘ်ပဲ၊ မလုံလောက်ရင် ငါ့ကို လာရှာပေါ့"လျှိုင်ချမ်းယု က ထိုစကားကို တိုးတိုးလေးပြောသည်။ သူ့အသံက ဖော်ရွေပေမယ့် သူ့အမူအရာမှာ သူပေးသမျှကို ပြန်ယူမည့်အကြံစည်များနှင့် ပြည့်နေသည်။

ကျန်းရှောင်ယုမှာ တိတ်ဆိတ်နေသည်။လျှိုင်ချမ်းယု သည် ရိက္ခာများဝေငှသောအခါတွင် သူမ၏ခေါင်းမာမှုကြောင့် သူမကို သဘောကျမိသည် ။ သူ့အပေါ်ထားရှိသည် ခေါင်းမာတဲ့ သဘောထားကို သူသဘောကျတယ်လို့ မဆိုလိုဘဲ ကြောင်လေးတစ်ကောင်လို နာခံတဲ့အထိ ဖြည်းညှင်းစွာ ပွတ်သပ်ဖို့ ဆုံးဖြတ်ထားသည်။

သူလိုချင်တာက နာခံမှုရှိတဲ့ ကျွန်မိန်းကလေး၊

သူ့ဘေးမှာ မောင်တယောက်လို တွယ်ကပ်ပြီး စိတ်ပိုင်းဖြတ်ထားရမယ့် အရာတစ်ခုရှိသည်။ထိုအရာက လျှိုင်ချမ်းယု လိုချင်‌သောအခြေ‌နေမဟုတ်ပေ။ ထို့အပြင် ယီယွင်၏မိခင်က သူမအား မွေးစားခဲ့ပြီး ၎င်းတို့တွင် သွေးသားဆက်ဆံရေးမရှိပေ။လျှိုင်ချမ်းယုသည် သွေးသားအရင်းမဟုတ်သော မောင်နှမနှစ်ယောက် အတူတူနေထိုင်နေသည်ကို သဘောမကျပေ။

ထို့အပြင် ယီယွင်သည် လူအုပ်ကြီးကို နှိုးဆော်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်လုနီးပါးဖြစ်ခဲ့သည်။ ကြီးလာလျှင် ပို၍ခြိမ်းခြောက်ခံရနိုင်သည်ဟုထင်မြင်မိ‌လေသည်။

လျှိုင်ချမ်းယုလိုချင်သောအရာမှာ နာခံမှုရှိသောသူများဖြစ်ပြီး၊ ထိန်းချုပ်ရခက်သော ယီယွင်ကဲ့သို့လူများကို မဟုတ်ပေ။

အရိုးများကို သန့်စင်ရန် ကိစ္စသည်လျှိုင်ချမ်းယု အတွက် အကြီးမားဆုံး ကိစ္စဖြစ်သည်။ အောင်မြင်ဖို့အတွက် မည်သူ့ကိုမဆို စတေးရန် ဆန္ဒရှိနေသည်။

လျှိုင်ချမ်းယုသည် မသေချာသော အခြေအနေကို မလိုလားပေ။ခရမ်းရောင်သွေးစစ်သည် ဖြစ်ရန်အတွက် သီးခြားနေ၍ လေ့ကျင့်ရမည်ဖြစ်သည်။ထိုအပြင် အရိုးများကို သန့်စင်ရာတွင် လူအများအပြားကို စတေးရမည်ဖြစ်သည်။

စားနပ်ရိက္ခာပြတ်လပ်မှု၊လူများသေဆုံးမှုနှင့်အတူ လူထုဒေါသကို လှုံ့ဆော်ရန် လွယ်ကူလှသည်။သီးခြားလေ့ကျင့်နေချိန်၌ ပုန်ကန်မှုဖြစ်လာမည်ကို စိုးရိမ်‌နေသည်။အရိုးများကို သန့်စင်သည့်အချိန်တွင် ပုန်ကန်မှုများဖြစ်လာြပီးလျှိုင်ချမ်းယု၏အကြံအစည်များ ပျက်စီးသွားပါက လူများကို စတေးခဲ့ခြင်းမှာလည်း အဓိပ္ပာယ်မရှိတော့ပေ။

လျှိုင်ချမ်းယု၏အမြင်အတွင် ယီယွင်သည် သူ့ကိုမုန်းတီးနေပြီး လေးစားမှုအရိပ်အယောင်လုံးဝမရှိသည့်ပုံပေါ်နေသည်။

ယီယွင်မှာ လူအုပ်ကြီးကို လှုံ့ဆော်ခဲ့သူ ဖြစ်သည်။ အကယ်၍ ယီယွင် သည် ငတ်မွတ်ခေါင်းပါးပြီး သေဆုံးမှုများကြောင့် လူများကို ကလဲ့စားချေရန် လှုံ့ဆော်ခဲ့မည်ဆိုလျှင် မိမိအတွက် ဘေးဖြစ်စေသော မီးပွားဖြစ်လာနိုင်သည်။

ထိုအချက်ကိုတွေးပြီးလျှိုင်ချမ်းယု က ပြုံးပြီး ယီယွင်၏ ပုခုံးကို နောက်တစ်ကြိမ် ညင်သာစွာ ပုတ်လိုက်တယ်။

ယီယွင်သည် တခဏမျှ နှလုံးခုန်ရပ်သွားပြီး တုံ့ပြန်ရန် အချိန်မရမီတွင် လျှိုင်ချမ်းယု ၏လက်သည် သူ့ပခုံးပေါ်သို့ ရောက်နေပြီဖြစ်သည်။

ယီယွင်သည် လျှိုင်ချမ်းယု၏လက်ကို ဖြတ်ပစ်ရန် ဆန္ဒရှိ‌နေသည်။လျှိုင်ချမ်းယုသည် အဆိပ်ရှိသော မြွေတစ်ကောင်ကဲ့သို့ အန္တရယ်ရှိသည်ဟု သူခံစား‌နေရသည်။

လျှိုင်ချမ်းယုက အေးစက်စွာဖြင့် " မင်းဘာတွေ စိတ်ပူနေတာလဲ ငါ့ကို ကြောက်နေတာလား မင်းတို့မောင်နှမတွေ အဆင်မပြေဘူး၊မင်းအမကို ဂရုစိုက်ဦး"

ထိုသို့ပြောရင်း လျှိုင်ချမ်းယုသည် လက်ကိုပြန်ရုတ်လိုက်သည်။ ယီယွင်မှာထုံကျင်မှုကို ထပ်မံခံစားလိုက်ရသည်။

လျှိုင်ချမ်းယုသည် မိမိပုခုံးကို နှစ်ကြိမ် ပုတ်လိုက်သော်လည်း သူဘာမှမလုပ်နိုင်ခဲ့ပေ။

"ပြဿနာတစ်ခုခုဖြစ်ရင် ငါ့ကိုလာရှာပါ" ဟု လျှိုင်ချမ်းယု က ကျန်းရှောင်ယုကို ပြုံး၍ပြောလိုက်သည်ကိုပြန်တွေးမိသည်။လျှိုင်ချမ်းယု သည် သူ့အမကို စိတ်၀င်စားနေသည်ကို ခံစားမိသောကြောင့် ယီယွင်မှာ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါကြောင့်ပဲဖြစ်မယ်။”ကျန်းရှောင်ယု ကို လိုချင်တပ်မက်စိတ်ကြောင့် ရိက္ခာ အများကြီး‌ပေးတာဖြစ်မည်။မဟုတ်လျှင် ရိက္ခာပေးစရာအကြောင်းမရှိပေ။

ပြဿနာတစ်ခုခုရှိလျှင် သူ့ကိုလာရှာခိုင်းသည့်ကိစ္စက လျှိုင်ချမ်းယု၏အတွေးကို ရှင်းလင်းစေသည်။ကျန်း‌ရှောင်ယုသာ သူ့ဆီသွားလိုက်မယ်ဆိုရင် မဖော်ပြနိုင်သော အရာများ ဖြစ်လာမည်မှာ သေချာသည်။

လျှိုင်ချမ်းယုသည် လက်ဝှေ့ရမ်းကာနှုတ်ဆက်နေသည်။ စစ်သည်ပြင်ဆင်ရေးစခန်းမှ စစ်သည်များသည် အရိုးများပါသည့် သေတ္တာကို သော့ခတ်လိုက်ကြသည်။

သော့ခတ်လိုက်သည့်အခိုက်တွင် ယီယွင်သည် သူ့တွင်ရှိသော ခရမ်းရောင်သလင်းကျောက်နှင့်သားရဲတို့၏အရိုးများကြားတွင် အဆက်သွယ်ပြတ်သွားသည်ကို ခံစားလိုက်ရသည်။ မကြာမီတွင် လွင့်မျောနေသော အလင်းအစက်များ ပျောက်ကွယ်သွားသည်။

“ဒါ…” စစ်သည်ပြင်ဆင်ရေးစခန်းမှာစစ်သည်များသည် အရိုးများကို သယ်ယူသွားသည်ကို မြင်သောအခါ ယီယွင်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ထွက်ပေါ်လာသည်။

"ယွင်အာ၊ မင်းဘာတွေတွေးနေတာလဲ" အိမ်အပြန်လမ်းတွင် ကျန်းရှောင်ယုသည် ယီယွင်သည် မိမိအားဂရုမစိုက်နိုင်ပဲ မျက်မှောင်ကြုတ်နေသည်ကိုသာ တွေ့လိုက်ရသောကြောင့် မေးလိုက်သည်။

အဆိပ်ပြင်းသောမြွေတကောင်နှင့်တူသော လျှိုင်ချမ်းယုက သူ့ပုခုံးပေါ် နှစ်ခါမျှလာပုတ်သည်ကိုစဥ်းစားလျှက်ရှိသည်။ယီယွင် က အမကျန်း‌ရှောင်ယု သူအပေါ် စိတ်မပူစေရန်အတွက် မပြောခဲ့ပေ။ ထို့အပြင် သူမသည် သိုးငယ်လေးကဲ့သို့ ဖြူစင်ပြီး လျှိုင်ချမ်းယု ၏‌ဝံပုလွေကဲ့‌သို့ကောက်‌ကျစ်သော အကြံများကိုသိနိုင်မည် မဟုတ်ပေ။

မမျှော်လင့်ဘဲ ကျန်းရှောင်ယု က "ယွင်အာ၊မင်း လျှိုင်ချမ်းယုကို သတိထားရမယ်။ ဖြစ်နိုင်ရင် သူ့ကို ရှောင်စမ်း"ကျန်းရှောင်ယု ၏ စကားများသည် ယီယွင် ကို ခဏတာ အံဩသွားစေခဲ့သည်။ကျန်းရှောင်ယုသည် ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိသည်ဟု မမျှော်လင့်ထားပါပေ။

အပြင်ပန်းတွင် လျှိုင်ချမ်းယု၏ အပြုအမူသည် အပေါ်ယံတွင် သူ့လူမျိုးကို အလေးထားသော၊ ချစ်ခင်လေးစားဖွယ် လူမျိုးစုခေါင်းဆောင်တစ်ဦးကဲ့သို့ဖြစ်သည်။

ယီယွင် သည် ကျန်းရှောင်ယု၏ လှုံဆော်မှုကို ကမ္ဘာမြေမှ နိုင်ငံရေးသမား အများအပြား၏ လုပ်ရပ်များကို မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် ကောင်းစွာ ခံစားနိုင်ခဲ့သည်။

လျှိုင်ချမ်းယုလို လူတွေကို သမိုင်းစာအုပ်တွေနဲ့ နိုင်ငံတကာသတင်းတွေမှာ တွေ့နိုင်သည်။ယီယွင်သည် လျှိုင်ချမ်းယု ၏စကားကိုကြားသောအခါ သူတော်ကောင်းယောင်ဆောင်ခြင်းကို‌ ကောင်းစွာနားလည်သည်။ ဤထိုးထွင်းသိမြင်မှုသည် ဆင်းရဲဒုက္ခကိုကြုံတွေ့ခံစားနေရသူများမှာ သိနိုင်မည်မဟုတ်ပေ။

ယီယွင်အတွက်၊လျှိုင်ချမ်းယု ပုခုံးကို ပုတ်လိုက်ခြင်းမှာ သူ၏ရန်လိုမှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနေသည်။ကျန်းရှောင်ယု လည်း နားလည်နိုင်စွမ်းရှိသောကြောင့် ယီယွင် အံ့အားသင့်သွားသည်။

"ဘာပဲဖြစ်ဖြစ်၊ သူ့ကို ရှောင်ပါ။"ကျန်းရှောင်ယု၏ စိတ်ပိုင်းဖြတ်ထားသော စကားကိုကြားတော့ ယီယွင်သည် မိမိ၏အမကို လုံးလုံးနားမလည်သေးကြောင်း သိလိုက်ရသည်။

တောင်တွင်းမှသားရဲတို့၏ အရိုးများ၊ ဆိတ်သုဉ်းသွားသော ဘီလူးများရှိသည့် ဤကမ္ဘာတွက် သူမ၏ ပင်ကိုယ်အလှသည် အခြားသော မျိုးနွယ်စု မိန်းကလေးများနှင့် နှိုင်းယှဉ်လျှင် ထင်ရှားပေါ်လွင်သည်...။

ယီယွင် မျှော်လင့်ထားသည့်အတိုင်း ညစာမှာ တောရိုင်းဟင်းသီးဟင်းရွက်နှင့် ယာဂုတို့သာဖြစ်သည်။

ဒီကမ္ဘာမှာ လူတွေက ထမင်းနှစ်နပ်ပဲစားကြသည်။ ပုံမှန်နေ့တစ်နေ့တွင် မနက် ၅နာရီမှ၉နာရီ မတိုင်ခင်တွင် မနက်စာစားလေ့ရှိကြသည်။မနက်စာဟုခေါ်သည်မှာ ယီယွင်တို့ကမ္ဘာ၏ ‌သတ်မှတ်ထားသော စကားလုံးဖြစ်သည်။ ဤနေရာတွင် အခြားအမည်တစ်ခုရှိသည်။ညနေ ၄ နာရီမှာ နောက်ဆုံးအနပ်ကို စားကြသည်။

ရှေးခေတ်တရုတ်ပြည်မှ လူများသည်လည်း ဒီထူးဆန်းတဲ့ကမ္ဘာမှာလိုပဲ အစားနှစ်နပ်ပဲ စားကြသည်ကို ယီယွင်မှတ်မိသည်။ အရင်းအမြစ်ရှားပါးသောအခြေအနေတွင်၊ တစ်နေ့လျှင် အစာနှစ်နပ်စားခြင်းသည် သိပ္ပံနည်းကျအရှိဆုံးဖြစ်ပြီး အသက်ရှင်ကျန်ရစ်ရန်အတွက် အကောင်းဆုံးဖြစ်နိုင်သည်။

ထမင်းစားနေစဉ်တွင်၊ကျန်း‌‌ရှောင်ယုသည် သူ့မောင်အတွက် အသားမရရှိသည့်ကို အပြစ်ရှိသလို ခံစား‌နေရသည်။

ယီယွင်သည် သူ့ပုခုံးကိုလာပုတ်သည့်အကြောင်း တွေးရင်း အလုပ်ရှုပ်နေသည်။ အားလုံးက ထင်မြင်ချက် သံသယများဖြင့်သာ ပြည့်နှက်နေပြီး သဲလွန်စမရှိပေ။

ဂျုံယာဂုတ၀က်ခန့် စားပြီးသောအခါ ယီယွင် သည် တောရိုင်းအသီးအရွက်အနည်းငယ်ကို စားခါနီးတွင် သူ့လက်မောင်းမှာ ထုံကျင်သွားကာ တူများလက်မှ လွှတ်ကျသွားသည်အထိ ခံစားလိုက်ရသည်။

"ယွင်အာ၊ မင်း..."

ယီယွင်က သူ့ဘယ်ဘက်လက်ကို မလှုပ်နိုင်တော့သဖြင့် အော်ဟစ်‌နေသည်။တ‌ဖြေးဖြေးဖြင့် တစ်စုံတစ်ယောက်က ချိုးသွားသလိုမျိုး သူ့လက်နှစ်ဖက်စလုံး နာကျင်နေသည် ။

"ယွင်အာ" ကျန်းရှောင်ယု၏ မျက်နှာသည် ဖြူဖျော့သွားကာ ယီယွင် ဘာဖြစ်နေသည်ကို သူမ မသိသဖြင့် အိပ်ရာပေါ်သို့ အမြန် ချီသွားသည်။

“သေစမ်း”

ယီယွင်၏လက်မောင်းသည် ကိုက်ခဲနာကျင်နေသည်။ မေးခွန်းမထုတ်စရာမလိုပဲ လျှိုင်ချမ်းယု၏ လက်ချက်ဖြစ်သည်ကို ယီယွင်တခါထဲတန်းသိသည်။

လျှိုင်ချမ်းယုသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မသိရသော်လည်း အင်အားကွာခြားချက်ကြောင့် ယီယွင်သည် လျှိုင်ချမ်းယု၏ရန်ငြိုးကို ခံစားမိသော်လည်း ၎င်းကို ရှောင်ရန်နည်းလမ်းမရှိပေ။

သန်မာသူတွေက အားနည်းသူတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့ တောတွင်းဥပဒေပဲ။

"ယွင်အာ မင်း နေကောင်းလား”

“ငါ…” ယီယွင် ပါးစပ်ကိုဖွင့်လိုက်ရင်း သူ့လျှာ ထုံသွားသည်ကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးတွင် လေဖြတ်ခြင်းကဲသို့ တဖြည်းဖြည်း မလှုပ်ရှားနိုင်သည့်နေရာများ တိုးလာနေသည်။

ယီယွင်သည် သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားမှုများအားလုံးကို ဆုံးရှုံးလိုက်သည့်အခိုက်အတန့်သည် သူ့သေဆုံးခြင်း၏အခိုက်အတန့်ဖြစ်ကြောင်း စတင်သိရှိလာသည်။

လျှိုင်ချမ်းယုက သူ့အသက်ကို လိုချင်နေတာလား။

ယီယွင်မှာ တုန်လှုပ်ခြောက်ခြားကာ တချိန်ထဲမှာပင် ဒေါသထွက်လျှက်ရှိ‌‌နေသည်။ အကယ်၍ သူမှန်းဆချက်မမှားယွင်းပါက၊ လျှိုင်ချမ်းယု သည် သူ၏အတွင်းအားဖြင့် သွေးကြောများကိုပျက်စီးစေသော အတွင်းအား ကဲ့သို့သော စွမ်းအင်တချို့ဖြင့် ပုခုံးကိုပုတ်လိုက်ပုံပေါ်သည်။

သာမာန်ဆယ့်နှစ်နှစ်အရွယ် ကလေးတယောက်သည် ထိုအရာကို ရှင်းမပြနိုင်‌ပေ။ယီယွင် ကိုယ်တိုင်ပင်လျှင် ၎င်းသည် သူ၏ဒဏ်ရာဟောင်းမှ နောက်ဆက်တွဲအကျိုးဆက်ဖြစ်မည်ဟု တွေးထင်ခဲ့သည်။

သူသေဆုံးပါက အမကျန်းရှောင်ယုမှလွဲ၍ မည်သူမျှ သူ့အတွက် ဝမ်းနည်းမည်မဟုတ်ပေ။

ယီယွင်ကို တိတ်တဆိတ်သတ်လိုက်ခြင်းဖြင့် လျှိုင်ချမ်းယု သည် လူအုပ်ကြီးကို လှုံ့ဆော်မှုကြောင့် လက်စားချေရုံသာမက လူအများအပေါ် မျော်လင့်ချက်ပေး၍‌ မိမိ၏အကြံစည်ကိုအကောင်ထည်ဖော်ရန် အတွက်ဖြစ်သည်။

ကျန်းရှောင်ယုသည် ဆိုးရွားသော အခြေအနေကို ကြုံတွေ့ရပြီး ဘဝ၏ နောက်ဆက်တွဲ အခက်အခဲများကို ခံစားရမည်ဖြစ်သည်။ သူမသည် လျှိုင်ချမ်းယု ထံသို့ပင်ချဉ်းကပ်နိုင်သည်။လျှိုင်ချမ်းယုသည် စေ့စပ်ညှိနှိုင်းရေးနည်းများကို အသုံးပြု၍ သူမကို အလွယ်တကူ ရရှိနိုင်သည်။ယီယွင်ကို သတ်ပြီး ကျန်းရှောင်ယုကို အရယူမည့် ရက်စက်သောအကြံစည်ဖြစ်သည်။

ယီယွင်သည် ဤလောကအကြောင်းကို လေးနက်စွာ နားလည်လာသည်။ ဤသည်မှာ ဤကမ္ဘာသည် တရားမျှတသော လူ့အဖွဲ့အစည်း မဟုတ်ပေ။ အာဏာက အရာအားလုံးကို အဆုံးအဖြတ်ပေးသည့် ရက်စက်ကြမ်းကြုတ်ပြီး ရှေးကျသော နေရာတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်ကို အလွယ်တကူသတ်နိုင်သော ဝတ္ထုထဲက ကမ္ဘာတစ်ခုလိုပါပဲ..။

All Chapters