ထူးခြားသော ခန္ဓာကိုယ်အသွင်ပြောင်းခြင်း
Vol. 1 Ch. 9
ဝေဒနာများ ပိုပြင်းထန်လာတာနဲ့အမျှ ယီယွင်၏ ခြေလက်များမှာ ထုံကျင်လာပြီး ဝမ်းဗိုက်နှင့် ဦးခေါင်းကို ပါပျံ့နှံ့သွားသကဲ့သို့ ခံစားနေရတော့သည်။ သူစကားပြော၍မရယုံမကမကြားနိုင်၊ မမြင်နိုင်ပါ ဖြစ်နေသည်။
ကျန်းရှောင်ယု သည်သူ့မောင်၏အဖြစ်ကိုကြည့်ရင်းဝမ်းနည်းလွန်းလှသဖြင့်
မျက်ရည်များ ကျနေသည်။
သူမသည်ယီယွင့်အား အော်ခေါ်နေသော်လည်း ယီယွင်သည် သူမပါးစပ်လှုပ်နေသည်ကိုသာ ဝေဝေဝါးဝါးမြင်နေရသည်။ အသံများမှာ ကျယ်လောင်ပြီး မရှင်းမလင်းဖြစ်နေသည်။
ယီယွင် လဲလျောင်းလျှက် နာကျင်မှုများကိုအလူးအလဲခံစားနေရသည်။ သူ့စိတ်ပိုင်းဖြတ်၍ သူသည် “လျှိုင်…လျှိုင်ချမ်းယု…” ဟူသော တောင့်တင်းနေသောလျှာကို လှုပ်ရှား၍ပြောလိုက်သည်။
ယီယွင်၏အသံမှာ မရှင်းလင်းသော်လည်း ကျန်းရှောင်ယုက "လျှိုင်ချမ်းယုလျှိုင်ချမ်းယု က မင်းကို အန္တရာယ်ပြုခဲ့တာလား"
ယီယွင် သည် စကားလုံးဝမပြောနိုင်တော့ပေ။တကိုယ်လုံးတောင့်တင်း အေးစက် ကာ အလောင်းကောင်ကဲ့သို့ ဖြစ်သွားသည်။ ကြွက်သားများတောင့်တင်းပြီး နှလုံးခုန်ရပ်တန့်သွားပါက သူသည် သေဆုံးရမည်ဖြစ်သည်။
ယီယွင်သည် ကုန်းပေါ်တွင်ရောက်ရှိနေသောငါးတကောင်ကဲ့သို့အသက်ပင်ဝဝမရှူနိုင်ပေ။ သူလုပ်နိုင်သမျှက သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။
ထိုအခိုက်တွင် ရုတ်တရက် တောင့်တင်းမှုမှာ သူ့နှလုံးသားဆီသို့ပျံ့နှံ့သွားပြီး အေးမြသော ခံစားမှုတစ်ခုကိုစတင်ခံစားရလေသည်။
ထိုအေးမြသောခံစားမှုကို ယီယွင် ထူးထူးခြားခြား ရင်းနှီးနေမိသည်။ သူ့ခန္ဓာကိုယ်ကိုအေးမြစွာ သန့်စင်ပေးသည့် ကြည်လင်သော စမ်းရေကဲ့သို့ပင်။
ဒါ. . . ဒါ . .ခရမ်းရောင် သလင်းကျောက် ယီယွင် ဝမ်းသာသွားသည်၊ ၎င်းသည် ခရမ်းရောင်သလင်းကျောက်မှထုတ်လွှတ်ပေးသော ခံစားချက်ဖြစ်သည်။ အဆိုးဆုံးအချိန်များတွင် သူသည် ခရမ်းရောင်သလင်းကျောက်၏ အေးမြမှုကို အမြဲခံစားရသည်။
တောင့်တင်းမှုသည် သူ့ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားသော်လည်း သူ့နှလုံးထဲရောက်သွားချိန်တွင်ပို၍ အဆိုးဝါးသောဝေဒနာကိုခံစားခဲ့ရသည်။ သူ၏အဝတ်အစားအောက်တွင် ခရမ်းရောင်သလင်းကျောက်ကို သူ့နှလုံးသားနှင့် နီးကပ်စွာ အမြဲထားရှိသည်။
ခရမ်းရောင်သလင်းကျောက်ကို အသက်ဝင်လာသည်နှင့်အတူ ယီယွင် သည် နှလုံးသားထဲတွင် သေးငယ်သော လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရုန်းကန်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းမရှိဘဲ ယီယွင်သည် သူ့ခန္ဓာကိုယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ခရမ်းရောင်သလင်းကျောက်သည် သူ၏ ကိုယ်ခန္ဓာအတွင်း စိမ့်ဝင်နေသော အဆိပ်များအားလုံးကို စုပ်ယူသွားခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှတောင့်တင်းမှုများမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
ယီယွင်သည် တောင့်တင်းမှုများ တဖြည်းဖြည်းပြန်သက်သာလာသည်ကို သတိထားမိသည်။
သူ့လက်လေးချောင်းကို လှုပ်ကြည့်လိုက်မိသည်။ အဆင်ပြေပြေလှုပ်ရှားနိုင်ကြောင်း သိလိုက်ရသည်။စဖြစ်ခြင်းတွင် ကြောက်ရွံ့မှုကြောင့် ချွေးများဖြင့် စိုရွှဲနေလျှက်ရှိသည်။
အဆင်ပြေသွားပြီလား အမက သူ့အားမေးလိုက်သည်။
ခရမ်းရောင်သလင်းကျောက် စတင်အသက်ဝင်လာပြီး တစ်စက္ကန့်မပြည့်မီမှာပင် ယီယွင် ကောင်းစွာ သက်သာသွားသည်။
ယီယွင်၏စိတ်ထဲတွင် သလင်းကျောက်ကို အံဩလျှက်ရှိနေသည်။
”ဒီခရမ်းရောင်သလင်းကျောက်က ဘယ်လို အရာလဲ”
"ယွင်အာ နေကောင်းလား မကြောက်နဲ့နော်"ကျန်းရှောင်ယုသည် ယီယွင် ၏ တောင့်တင်း၍ လှုပ်ရှားမှုမရှိသောခန္ဓာကိုယ်ကိုကြည့်ကာ စိုးရိမ်လျှက်ရှိသည်။
"နေကောင်းပါတယ် အမရှောင်ယု ကျွန်တော်...လုံးဝနေကောင်းပါတယ်..." ဟုယီယွင်က မအီမသာဖြင့် ပြောလိုက်သည်။ထိုသိုပြောလိုက်ပြီးနောက် ဗိုက်ထဲတွင်တစုံတခုပေါက်ကွဲသကဲ့သို့ ခံစားလိုက်ပြီး၊
“အော့” ရုတ်တရက် ယီယွင် အန်ချလိုက်သည်။ ယီယွင် မည်းနက်သောသွေးခဲများကို အန်ထုတ်ပစ်လိုက်ပြီး အနံ့အသက်ဆိုးများ ထွက်လာသည်။
ကျန်းရှောင်ယုမှာ ထိတ်လန့်သွားသည်။ ဤထူးဆန်းသောကမ္ဘာတွင် အန်ခြင်းသည် သေဒဏ်ကြေညာခြင်းနှင့် ညီမျှသည်။ယီယွင်သည် မရပ်မနား အန်သည်။ အော့အန်ခြင်းအပြင် စေးကပ်နေသော ညှီစို့စို့ သွေးအနံ့များကိုလည်း ရှူရှိုက်မိပါသည်။ သွေးများမှာ အနက်ရောင်ရွှံ့နှင့်တူလှသည်။
ယီယွင်က သွေးများအဆက်မပြတ် အန်ထွက်လာကာ တစ်အိမ်လုံး အနံ့အသက်များဖြင့် ပြည့်နေသည်။ကျန်းရှောင်ယုမှာ ယီယွင်၏ပါးစပ်ကို သုတ်ပေးပြီး နောက်ကျောကို ပွတ်သပ်လိုက်သည်။
"ယွင်အာ, ယွင်အာ, မောင်လေး မကြောက်နဲ့နော် မင်း ဘာဖြစ်သွားတာလဲ၊ ဘာဖြစ်တာလဲ" ကျန်းရှောင်ယု၏ အသံမှာ တုန်ယီနေသည်။
ယီယွင်သည် သွေးပုတ်များ အန်ထုတ်စရာ အကြောင်းမရှိပေ။ သို့သော် ထူးဆန်းသည်မှာ သူ အားနည်းသွားသလို ခံစားရမည့်အစား ပို၍သက်သာပေါ့ပါးလာသလိုသာ ခံစားလိုက်ရသည်။ဗိုက်ထဲတွင်ဘာမှအစာမရှိတော့၍ အလွန်အမင်းဗိုက်ဆာနေသည့်အပြင်တစတစ ပို၍ လန်းဆန်းသွားသည်ဟု ခံစားနေရသည်။
"အစ်မ ကျွန်တော်အဆင်ပြေပါတယ်၊ ဗိုက်ဆာနေပြီ... ရေချိုးလဲချိုးရဦးမယ်"
စေးကပ်နေသော ချွေးများသည် သူ့ခန္ဓာကိုယ်အနှံတွင် တွယ်ကပ်နေကာ မသက်မသာ ဖြစ်လျှက်ရှိသည်။
"ယွင်အာ၊ မင်းဗိုက်ဆာနေပြီလား" ယီယွင် စကားကိုကြားတော့ ကျန်းရှောင်ယု ဝမ်းသာသွားသည်။ ရှေးခေတ်တုန်းကမူ ကျန်းမာရေးကို အစာစားနိုင်စွမ်းဖြင့်သာ တိုင်းတာကြသည်။
ကျန်းရှောင်ယုသည် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး အစားအသောက်ပြင်ဆင်ရန်အတွက် အမြန်ပြေးလိုက်သည်။ ဂျုံယာဂုကို ပွက်ပွက်ဆူရန်တည်သည်။ ထို့နောက် သူမက ယီယွင်အတွက် ရေချိုးရေကို ပြင်ပေးပြီးသည်နှင့် ယီယွင်အန်ထားသမျှကို သန့်ရှင်းရေးလုပ်လိုက်သည်။
ယီယွင်ထ၍ ရေချိုးလိုက်သည်။ ထူးဆန်းသည်မှာ ရေချိုးပြီးနောက် ယီယွင်မျက်လုံးများမှာ ယခင်ကထက်ပင် အမြင်အာရုံပိုကောင်းလာသည်ဟု ခံစားနေရသည်။ ၈ မီတာအကွာက သစ်ပင်တွေပေါ်က ရေစက်များကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ယီယွင်အနည်းငယ် ထိတ်လန့်သွားသော်လည်း ထိုအကြောင်းမတွေးမီတွင် ကျန်းရှောင်ယု က "ယာဂုအဆင်သင့်ဖြစ်ပြီ၊ယွင်အာ လာစားတော့"
“လာပြီ အမ ရှောင်ယု”ယီယွင် သည် ဂျုံယာဂု၏ ရနံ့ကိုလည်း ရနေသည်။ထူးထူးဆန်းဆန်း၊ ဂျုံယာဂုသည် ယခင်က မျိုချရခက်သော အရသာထပ် ပို၍ချိုမြိန်လှသည်။
ယီယွင် သည် ဂျုံယာဂု ပန်းကန်လုံးကြီး နှစ်လုံးကို သောက်ပြီးသောအခါ သူ့ဗိုက်ထဲသို့ ဂျုံယာဂုများမှာ တခဏအတွင်းအစာကြေသွားသလို ခံစားလိုက်ရသည်။ ဂျုံယာဂု နှစ်ပန်းကန်သောက်ပြီးသော်လည်း ဗိုက်ဆာမြဲဆာနေတုန်းပင်ဖြစ်သည်။
“ယွင်အာ မင်း သက်သာရဲ့လား"ယီယွင်အနားတွင်ရှိနေသော ကျန်းရှောင်ယုက မစားပဲ ကြည့်နေသည် ။ယွင်အာက တကယ်ကိုသက်သာနေပြီဟု သူမတွေးထင်မိသည်။
ကျန်းရှောင်ယုသည် ဆရာဝန်တယောက်မဟုတ်သော်လည်း အန်လိုက်သည်အတွက် သွေးကြောများကို လေဝင်လေထွက်ကောင်းစေကြောင်းကို သူမသိသည်။
သေသေချာချာတွေးကြည့်လျှင် ယီယွင် သွေးအန်သည်မှာ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယီယွင်အန်သည်မှာ သွေးစိမ်းမဟုတ်ပဲ သွေးမည်းတွေကြီးသာအန်ခြင်းဖြစ်သည်။
ယီယွင်၏ ခန္ဓာကိုယ်မှ ချွေးအလွှာမှာလည်း အလွန်ညစ်ပတ်နေသည်။ အန်ထွက်လာသော သွေးများနှင့် ညစ်ပတ်သော ချွေးတို့မှာ ယွင်အာ အတွက် ကောင်းချီးတစ်ခုလား။
"အစ်မ၊ ကျွန်တော် နေကောင်းပါတယ်၊ ကျွန်တော် အခုတခါလောက် ဘယ်တုန်းကမှ နေလို့မကောင်းဖူးဘူး..." ယီယွင်၏ စကားမဆုံးခင်မှာ နူးညံ့တဲ့ ခန္ဓာကိုယ်တခုက ပွေ့ဖက်ထားသလို ခံစားလိုက်ရတယ်။
“ကောင်းတာပေါ့။အမ ကြောက်တယ်…”ကျန်းရှောင်ယုက တိုးတိုးလေးပြောသည်။ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အသေအပျောက်များ ပေါများသော ဤနေရာ၌ ၎င်းတို့မောင်နှမနှစ်ယောက်သည် အချင်းချင်း ဆွေမျိုးပေါက်ဖော်အဖြစ်သာ ရှိခဲ့ကြသည်။
ယီယွင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူ့ကို လွှတ်လိုက်သည်နှင့် ဆုံးရှုံးသွားမှာကို ကျန်းရှောင်ယုမှာ တွေးကြောက်နေမိသည်။
သူ့ကို အချိန်အတော်ကြာ ပွေ့ဖက်ပြီးနောက် ကျန်းရှောင်ယု သည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ယီယွင်ကို ဂရုတစိုက် စစ်ဆေးခဲ့သည်။ လုံးဝအဆင်ပြေသည်ဟု သိရပြီးနောက် သူမက "မင်းခုဏက လျှိုင်ချမ်းယု ရဲ့နာမည်ကိုပြောနေတာ။လျှိုင်ချမ်းယု က မင်းကိုဒုက္ခပေးခဲ့တဲ့သူလား။"
ယီယွင်က ခေါင်းညိတ်ပြရင်း ခဏတုံ့ဆိုင်းသွားပြီး "အမရှောင်ယု၊ လျှိုင်ချမ်းယုက အမကိုစိတ်၀င်စားနေတယ် ထင်တယ်"
ယီယွင် ၏ စကားကြောင့် ကျန်းရှောင်ယု ရှက်သွားသည်။ "မင်းက ကလေးလေးပဲနေသေးတယ်၊ မိုက်မဲတဲ့စကားပြောမနေနဲ့"
ဒီလိုစကားမျိုးပြောရတာ ဆယ့်နှစ်နှစ်အရွယ်ကလေးအတွက် ထူးဆန်းသည်။
"လျှိုင်ချမ်းယု သူကမကောင်းဆိုးဝါးပဲ"ကျန်းရှောင်ယုက သူမ၏ အံကို ကြိတ်ကာ ပြောနေသည်။လျှိုင်ချမ်းယု က သူ့မောင်ကို ထိခိုက်နစ်နာစေခဲ့တဲ့အတွက် ဒေါသထွက်သော်လည်း လျှိုင်ချမ်းယုမှာ အရမ်းသန်မာလွန်းတာကြောင့် သူ့အပေါ် ပြန်တိုက်ခိုက်နိုင်ခြင်းမရှိပေ။ သူသည် စစ်သည်ပြင်ဆင်ရေးစခန်းတစ်ခုလုံးကို ထိန်းချုပ်ထားသည်။
"ဘန်းးးးး" ရုတ်တရက် အသံကျယ်ကြီးထွက်လာသည်။ကျန်းရှောင်ယု လှည့်ကြည့်လိုက်တော့ ခြံတံခါးက ကိုကန်၍ ထွားကျိုင်းသော အမျိုးသားတစ်ဦး ၀င်လာသည်ကို တွေ့လိုက်ရသည်...