ထူးခြားသော ခန္ဓာကိုယ်၏ ခံစားမှု
Vol. 1 Ch. 10
မကြိုဆိုပဲရောက်လာသည့်ဧည့်သည်ကိုမြင်သည်နှင့် ယီယွင်မျက်မှောင်ကြုတ်လိုက်သည်။ ဤကျူးကျော်သူသည် ရိက္ခာဝေငှမှုအတွင်း မိမိတို့နှင့် ယခင်က ပဋိပက္ခဖြစ်ဖူးသူဖြစ်သည်။
ယီယွင်လည်း သူ့နာမည် ကျောက်ထိုင်ကျူ ကိုသိသည်။
"ဘာလိုချင်လို့လဲ" ကျောက်ထိုင်ကျူ ဝင်လာသည်ကိုမြင်တော့ ကျန်းရှောင်ယု လန့်သွားသည်။ သူမ၏လက်များသည် စောင်အောက်၌ ဝှက်ထားသောမြှားကို လျှို့ဝှက်စွာ ကိုင်လိုက်သည်။
"ဟေး သမီးလေး ဘာလို့စိတ်ဆိုးနေတာလဲ။ ဒီကို ငါကအလုပ်ကိစ္စနဲ့ ရောက်လာတာပါ။ သခင်လေးလျှိုင် က လေ့ကျင့်ဖို့ သူ့ကိုယ်သူ သီးခြားခွဲနေရမှာ။၊တိုင်အာ အင်ပါယာရဲ့ စစ်သည်တော်ရွေးချယ်မှုအတွက် ပြင်ဆင်တဲ့အနေနဲ့ သုံးလလောက် အထီးကျန်နေတော့မှာ၊ခရမ်းရောင်သွေးစစ်သည်အဆင့်ကို ရောက်ဖို့ ပြင်ဆင်နေတာ သုံးလလောက်ရှိပြီ။နေ့စဉ် ၈ အောင်စအထိ ဆေးဖက်ဝင်အပင်တွေလိုတယ်”
"အပင်တွေ ရှာမလား စိမ်မလား"
ယီယွင်မှာ အတိတ်တွင် အသီးအနှံတွေကို ရှာရင်း ချောက်ကမ်းပါးကနေ ပြုတ်ကျခဲ့သည်ကို ပြန်အမှတ်ရနေသည်။
ထိုခူးထားသော ဟင်းသီးဟင်းရွက်များသည် စစ်သည်တော်များအတွက် စိမ်ထားပုံရသည်။
မျိုးနွယ်စုမှလူများသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ဟင်းသီးဟင်းရွက် ရှာပြီး ပြုတ်ကျ၍ သေဆုံးခဲ့လျှင် သူတို့အတွက် လျော်ကြေးတင်မက ရိက္ခာကိုပါ ဆုံးရှုံးရသည်။
"လူတစ်ယောက်တစ်နေ့ကို ဟင်းသီးဟင်းရွက် ၈ အောင်စ၊ အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"ကျန်းရှောင်ယုက ဒေါသတကြီး မေးလိုက်သည်။ “ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေ ရှာရရင် မြှားကို ဘယ်အချိန်လုပ်ရမှာလဲ လက်နက်မရှိရင် မျိုးနွယ်စုကြီးတွေနဲ့ ရိက္ခာ ဘယ်လို လဲလှယ်ကြမလဲ။
"ဟားဟားဟား ရိက္ခာလဲလှယ်ဖို့ စဉ်းစားနေတုန်းလား သခင်လေးလျှိုင် က ခရမ်းရောင်သွေးစစ်သည်တော်အဆင့်ကို ရောက်ပြီး တိုင်အာ အင်ပါယာရဲ့ ရွေးချယ်ခံရတဲ့အခါ၊ ရိက္ခာနဲ့တောင် လဲလှယ်စရာတောင် မလိုတော့ဘူး။ ငါတို့အားလုံး မြို့ထဲကို ပြောင်းရွှေ့ကြမယ်၊ မင်းစားဖို့ သောက်ဖို့ လုံလောက်မယ်လို့ ငါအာမခံတယ်။"
ထိုလူက ကျန်းရှောင်ယု ကို လောဘတကြီးကြည့်ရင်း ရွဲ့စောင်းစွာ ပြောလိုက်သည်။ဒီမိန်းမငယ်မှာ လှပလျှက်ရှိသည်။ နောင်လာမည့်ကာလတွင်ပိုမို ကောင်းမွန်စွာနေထိုင်ရပါက သူမသည် ပို၍ပင် လှပလာမည်မှာ သေချာသည်။
“ငါ့မောင် အရင်က ဟင်းသီးဟင်းရွက်တွေ ရှာရင်း ထိခိုင်ဒဏ်ရာရထားတာ၊ သူ့ခြေထောက်တွေတောင် ပြန်မကောင်းသေးဘူး။ ဟင်းသီးဟင်းရွက်တွေ ကောက်ရမယ်ဆိုတာ မင်းတို့တကယ်ပဲ လိုချင်နေတာလား။ကျန်းရှောင်ယု က တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။
ယီယွင်သည် သေဆုံးရာမှ အသက်ပြန်ရှင်လာသောအခါတွင် သူ၏ခန္ဓာကိုယ်သည် အားနည်းနေဆဲဖြစ်သည်။ ဟင်းသီးဟင်းရွက်တွေ ရှာဖို့ သူ့ကို တောထဲပို့တာက နောက်တခါသေအောင်လုပ်တာနှင့် အတူတူပင်ဖြစ်သည်။
ထို့အပြင် အသီးအနှံများကို ရှာယူခြင်းသည် ၎င်းတို့အတွက် အကျိုးမရှိပေ။ထိုဟင်းသီးဟင်းရွက်များကို ရိက္ခာဝေစုမရရှိပဲ မျိုးနွယ်စုကို ပေးရသည်။
ထိုလူသည် ကျန်းရှောင်ယု ၏စကားများကို နားထောင်ပြီး “လူတဦး၏ဘဝကို မျိုးနွယ်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် ဘာလို့ယှဉ်နေတာလဲ”
သခင်လေး လျှိုင်ချမ်းယု ခရမ်းရောင်သွေးစစ်သည်တော်အဆင့်ဖြစ်ရင် တိုင်အာအင်ပါယာက ရွေးတဲ့အခူ သခင်လေးက ငါတို့ လျှိုင်မျိုးနွယ်စုကို နှစ်ပေါင်းရာနှဲ့ချီကာကွယ်ပေးပြီး၊နောက် မျိုးဆက်တွေအတွက် အကျိုးရှိမယ်။ မျိုးနွယ်စုရဲ့ သမိုင်းစာအုပ်တွေက မင်းတို့ရဲ့ ကုသိုလ်ကောင်းမှုတွေ အားလုံးကို မှတ်တမ်းတင်ပေးလိမ့်မယ်”
“နောင်လာနောက်သား မျိုးဆက်တွေအတွက် ဒီလိုကောင်းချီးတစ်ခုပဲ၊ ဒါကို မင်းတို့က ရန်တွေ့နေတယ်၊ အဲဒါကို မင်းတု့တန်ဖိုးထားတတ်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။”
“ဒါ့အပြင် ဘိုးဘေးက အမိန့်ပေးတယ်။ မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့နဲ့ မင်းကို ပိုပြီး တက်ကြွစေဖို့အတွက် မျိုးနွယ်ဆီက ဟင်းသီးဟင်းရွက်တွေကို ချက်ပြီးရင် ပိုတာတွေကို မင်းတို့ဆီ ပြန်ပေးမယ်။ ပြီးရင် စိမ်ပြီး သုံးလို့ရတယ်။ အရင်တုန်းကတော့ ဒီအကြွင်းအကျန်တွေကို စစ်ပြင်ဆင်ရေးစခန်းအတွက်ပဲ သီးသန့်ထားတာ။”
ထိုလူပြောသည့် စကားများကိုနားထောင်ရင်း ကျန်းရှောင်ယု သည် သူမ၏လက်ချောင်းများဖြူသွားသည်အထိ လက်ထဲတွင် မြှားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"ငါတို့ ခွဲတမ်းမလုပ်နိုင်ရင်၊ ဘာလုပ်မလဲ"
"မလုပ်နိုင်ဘူး…ဟုတ်လား" ယောက်ျားမျက်နှာက အေးစက်သွားတယ်။ "ဟမ် မျိုးနွယ်စုအတွက် အမှိုက်မသိမ်းဘူး၊ အသီးအနှံတွေ မရှာနိုင်ရင် ဘယ်လိုအခွင့်အရေးနဲ့ စားမလဲ၊ ခွဲတမ်းမလုပ်နိုင်ရင် မင်းရဲ့ ရိက္ခာတွေ သိမ်းသွားလိမ့်မယ်။ တခြားသူတွေလည်း ဒီအစားအစာကို စောင့်နေကြတာ"
ထိုလူက ပြောပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ယီယွင် ကို တစ်ချက်ကြည့်လိုက်သည်။ လူအုပ်ကြီးရှေ့မှာ သူ့ကို ဒုက္ခပေးနေတဲ့ ယီယွင် ကို ပြန်သတိရသွားသည်။လျှိုင်းချမ်းယု သည် ရိက္ခာဝေငှရာတွင် အရည်အချင်းမပြည့်မီသည့်အတွက် နောက်ပိုင်းတွင် သူကို ပြစ်တင်ရှုတ်ချခဲ့သည်။
ကျောက်ထိုင်ကျူ ၏စိတ်ထဲတွင် ချက်ချင်းပင် ဒေါသနှင့် ပူလောင်သွားပြီး "ကောင်လေး၊ သေချင်ယောင်ဆောင်နေတာ ရပ်လိုက်တော့၊ မင်းဒဏ်ရာရသွားတယ်လို့ ငါကြားတယ်၊ မင်းဒဏ်ရာရနေတဲ့နေရာကို ပြစမ်းပါဦး ကြည့်ရအောင်"
ထိုလူက ယီယွင် ကို ဖမ်းဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
သူသည် ယီယွင်ကို နာကျင်စေရန် တမင်တကာ ကြိုးစားနေသောကြောင့် သူ၏ တွန်းအားသည်အလွန်ပြင်းထန်သည်။
ယီယွင်သည် ထိုလူ၏ရုတ်တရက်တိုက်ခိုက်မှုကို ရှောင်တိမ်းချင်သော်လည်း ယီယွင်၏ မျက်လုံးရှေ့တွင် ကမ္ဘာကြီး နှေးကွေးသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ ထိုလူ၏ ခက်ထန်သောအကြည့်၊ သူ၏ အပြုအမူအားလုံးသည် ယီယွင်၏ မျက်လုံးများတွင် ထင်ထင်ရှားရှား မြင်နေရသည်။
ထိုအပြင် ကျန်းရှောင်ယု၏ စိုးရိမ်သောမျက်နှာ အပါအဝင် စောင်အောက်ရှိ လက်ထဲကိုင်ထားသော မြှားကိုပါ ယီယွင်မြင်နေရသည်။
အချိန်များ နှေးကွေးသွားသလို ခံစားရသည်။ အသံများနှင့် လေသည် သူ့ကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရပြီး အရာအားလုံးကို ယီယွင်က ရှင်းရှင်းလင်းလင်း မြင်နေရသည်။
အရာအားလုံး နှေးကွေးသွားသည်နှင့်အမျှ ခရမ်းရောင်သလင်းကျောက်မှ အေးမြကြည်လင်သော ခံစားချက်ကို ခံစားလိုက်ရသည်။
ခရမ်းရောင် သလင်းကျောက်
ခရမ်းရောင် သလင်းကျောက်မှ အေးမြသော ခံစားမှုသည် ယီယွင်ခန္ဓာကိုယ်ကို တုန်လှုပ်စေသည် ။
ယီယွင်သည် ထိုအခိုက်အတန့်တွင် ထိုသူ၏ဖမ်းဆုပ်မှုကို ရှောင်တိမ်းနိုင်ပြီး ကျန်းရှောင်ယု၏မြှားကို လုယူကာ ထိုလူ၏လည်ချောင်းထဲသို့ မြှားဖြင့်ထိုး၍ သတ်ပစ်နိုင်သည်ဟု ယီယွင် ခံစားရလေသည်။
ခံစားချက်များ အလွန်ပြင်းထန်ပြီး လှုပ်ရှားနေသော ယီယွင်၏ခန္ဓာကိုယ်ပုံရိပ်တွေက စိတ်ထဲမှာ အပြည့်အ၀ ထွက်ပေါ်လာပြီး စမ်းကြည့်ဖို့ တိုက်တွန်းနေသည်။
သို့သော် နောက်ဆုံးတွင် ယီယွင်က ထိုလူကို မသတ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ လျှိုင်မျိုးနွယ်စုကို ဆန့်ကျင်ရန် အချိန်မတန်သေးပေ။
လူအုပ်ကို နှိုးဆော်လိုက်ရုံဖြင့် လျှိုင်ချမ်းယု၏ သတ်ဖြတ်ရန် ကြံစည်ခြင်းကို ခံခဲ့ရသည်။မျိုးနွယ်စု စစ်သည်တစ်ဦးကို သတ်ခြင်း သို့မဟုတ် ရိုက်နှက်ပါက အကျိုးဆက်များမှာ ပိုမိုပြင်းထန်လာမည်ဖြစ်သည်။ နဂိုက ယင်ကောင်လို အားနည်းတဲ့ ကလေးက စစ်သည်ပြင်ဆင်ရေးစခန်းထဲက အဖွဲ့ဝင်တစ်ယောက်ကို ဘယ်လိုသတ်နိုင်မလဲ။ ဒါက မျိုးနွယ်စုရဲ့ အထက်တန်းအဆင့်တွေရဲ့ အာရုံစိုက်မှုကို ခံရပေမည်။ ထိုသိုအာရုံစိုက်ခံရပါက ယီယွင်သည် စွမ်းအားအရင်းအမြစ်ကို ရှင်းပြရန် နည်းလမ်းမရှိပေ။
ကျောက်ထိုင်ကျူ က သူ့အနားကို လာဖမ်းသောအခါ ယီယွင်သည် နောက်သို့ဆုတ်လိုက်သည် ။ထိုအခါ ကျောက်ထိုင်ကျူ သည် ယီယွင်ကို မဖမ်းမိပဲ သူ့အဝတ်အစားများကိုသာ ဖမ်းမိသွားသည်။
ကျောက်ထိုင်ကျူ သည် မူလက ယီယွင် ကို ဖမ်းကိုင်နိုင်မည်ဟုထင်ထားသော်လည်း ယီယွင်က နောက်သို့ဆုတ်သွားမည်ဟု မမျှော်လင့်ထားပေ။
အကယ်၍ သူသာ နောက်တစ်ကြိမ် ဖမ်းမမိခဲ့လျှင် ကျောက်ထိုင်ကျူသည် သိက္ခာကျမည်စိုးသည်အတွက်၊ယီယွင်ကို ကုတင်ပေါ်သို့သာ တွန်းလှဲလိုက်သည်။
"ဒီမျောက်က မနာဘူးထင်ရတယ် မနက်ဖြန် နေဝင်ချိန်မှာ ဆေးဖက်ဝင်အပင်တွေကို ရှာပေး။ ၁ အောင်စလျှော့တာနဲ့ ရိက္ခာဆယ်ပေါင် သိမ်းမယ်မှတ်"ဟု သူ့စကားကိုအပြတ်ပြောပြီး ကျောက်ထိုင်ကျူ ထွက်သွားသည် ။
"ယွင်အာ မင်းအဆင်ပြေရဲ့လား"ကျန်းရှောင်ယု က စိုးရိမ်တကြီး မေးသည်။သို့သော်ယီယွင်က စကားတစ်ခွန်းမှ ပြန်မပြောပေ။
ဒီခံစားချက်က ဘယ်ကဘယ်လိုဖြစ်လာတာလဲ
ကောင်းစွာလေ့ကျင့်ထားသော ကျောက်ထိုင်ကျူသည် သူ့ရှေ့မှ လိပ်ကဲ့သို့ နှေးကွေးစွာ ရွေ့လျားနေပြီး ယီယွင်အား သတ်ပစ်ရန် ကြံရွယ်မှုကို လွယ်ကူစွာရှောင်တိမ်းနိုင်နေသည်။
ကျောက်ထိုင်ကျူ ရုတ်တရက် အကြောသေသွားတာမဟုတ်ရင်... ငါ့ကိုယ်က အရှိန်မြန်လာတာလား။
ငါ့ခန္ဓာကိုယ်ဖြစ်နိုင်မလား
“အမ ရှောင်ယု၊ ငါက ဘယ်အဆင့်ယောက်ျားလေးလဲ"ယီယွင်က တစ်ခုခုကို သဘောပေါက်သွားပုံရပြီး ကျန်းရှောင်ယု ကို အလောတကြီး မေးလိုက်သည် ။
"ဘာလို့ရုတ်တရက်ဒီအကြောင်းမေးနေတာလဲ ယွင်အာ၊ အရင်တုန်းက မင်းတစ်ဆင့်တောင်မတက်ဖူးဘူး။အနိမ့်ဆုံးအဆင့်ငါးတောင်မှ ပေါင်တစ်ရာလောက်မနိုင်တယ်။ယွင်အာ မင်းက ပေါင် သုံးဆယ် ပဲမနိုင်တယ်..."
“ပေါင် သုံးဆယ်…” ယီယွင်က စကားမပြောပဲငြိမ်သွားပြန်သည်။ လျှိုင်မျိုးနွယ်တွင် ကျောက်တုံးကို ခေါင်းပေါ် မတင်၍ အဆင့်ကို ဆုံးဖြတ်ကြသည်။ ပေါင် သုံးဆယ် သည် ဆန်တစ်အိတ်၏ အလေးချိန် လောက်ရှိသည်။ အားနည်းသောကလေးတယောက်သည် ထိုအလေးချိန်ကို မဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။
“မျိုးနွယ်စုရဲ့ ကျောက်အလေးတွေကို ဘယ်မှာ သိမ်းထားလဲ”ယီယွင် က မေးသည်။
"ရွာအနောက်၊ လေ့ကျင့်ရေးကွင်းမှာ၊ယွင်အာ မင်းဘာလို့မေးတာလဲ"
"ဘာမှမဟုတ်ပါဘူး"ယီယွင် က ပြုံးလိုက်သည်။ "အမ ဒီည စောစောအိပ်လေ၊ကျွန်တော်တို့ မနက်ဖြန် ဟင်းသီးဟင်းရွက်တွေ ရှာရဦးမှာမလား"
ညဉ့်နက်သန်းခေါင်ယံ၌ မှောင်မိုက်နေသော ကောင်းကင်ကြီးတွင် တောက်ပသော ကြယ်တာရာနက္ခတ်များစွာဖြင့် ပြည့်နှက်နေသည်။
ဒီဘက်ခေတ်မှာ လမ်းမီးများမရှိပေ၊အိမ်များတွင်လဲ ဆီမီးခွက်ကို ထွန်းရန်ပင်မတတ်နိုင်ကြပေ။ ထို့ကြောင့် လျှိုင်မျိုးနွယ်စုရွာတစ်ခုလုံး မည်းမှောင် လျှက်ရှိသည်။
ရွာနောက်ဘက် လေ့ကျင့်ရေးကွင်းသည် ကျယ်ပြောလှသည်။ စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များသည် ဤနေရာ၌ ပုံမှန်လေ့ကျင့်ကြသည်။ အမှောင်ရိပ်တစ်ခုသည် ယနေ့ညတွင် လေ့ကျင့်ရေးကွင်းထဲသို့ ခိုးဝင်ကာ လှည့်ပတ်ကြည့်နေသည်။
"တွေ့ပြီ"ယီယွင် ဝမ်းသာသွားသည်။ကျန်းရှောင်ယု ပြောသည့်အတိုင်း လေ့ကျင့်ရေးကွင်းတွင် ကျောက်အလေးများကို တန်းစီထားသည်။
ပေါင် နှဆယ် မှ ပေါင် သုံးရာ အထိ၊ထိုအပြင် ပေါင် ငါးရာ အလေးနှစ်ခု ပေါင်းထားသော ပေါင်ချိန်တစ်ထောင် အလေးတုံးများအထိ ရှိသည်
ယီယွင် သည် ထိုနေရာသိူ့ သူ့ခွန်အားကို စမ်းသပ်ရန် ရောက်ရှိနေခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်သည်မည်သို့ပြောင်းလဲသွားသလဲ သိချင်နေမိသည် ..။