ပြောင်းလဲရခြင်းအကြောင်းရင်း
Vol. 1 Ch. 11
အပိုင်း ၁၁ ပြောင်းလဲရခြင်းအကြောင်းရင်း
လေ့ကျင့်ရေးကွင်းတွင် မည်သူမျှမရှိပေ။ ညဘက်တွင် ရာသီဥတုအေးသောကြောင့် ဖြူဖွေးနေသော နှင်းလွှာများသည် ကျောက်တုံးများပေါ်သို့ ဖုံးအုပ်ထားသည်။
ဤကျောက်အလေးများအားလုံးကို အစိမ်းရောင် သံမဏိဖြင့် ပြုလုပ်ထားသည်။ ရာစုနှစ်များစွာကြာအောင် အသုံးပြုထားသော်လည်း ကျောက်အလေးများသည် မဟောင်းနွမ်ပေ။
မျိုးနွယ်စုမှ လူများသည် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားကို တိုင်းတာရန် ကျောက်အလေးတုံးများကို အသုံးပြုကြသည်။
ပေါင်တိုင်းတာမှုအဆင့်သည် ကမ္ဘာမြေနှင့် ဆင်တူသည်။ ကျောက်အလေးတတုံးသည် ပေါင်တစ်ရာရှိသည်။ ကျောက်အလေးတန်းတခုသည် ကျောက်ဆယ်လုံးအလေးချိန် ရှိသောကြောင့် ပေါင်တစ်ထောင်ဖြစ်သည်။
နေရာလွတ်ကိုမြင်သောအခါ ယီယွင်သည် ပေါင်၅၀လေးသော ကျောက်အလေး ရှေ့တွင်ရပ်လိုက်သည်၊။ကျောက်အလေးပေါ်မှ နှင်းများကို သုတ်လိုက်ပြီး ခန္ဓာကိုယ်ကို နှိမ့်ချလိုက်သည်။
“ကြွစမ်း”
ကျောက်တုံးသည် ယီယွင်ထင်ထားသည်ထက် ပိုမိုပေါ့ပါးနေသည်။ လက်တစ်ဖက်တည်းဖြင့်ပင် ကိုင်မြှောက်နိုင်သည် ။ ယီယွင် ဝမ်းသာသွားသည်။
“ငါထင်ထားတဲ့အတိုင်းပါပဲ”
ထို့နောက် ယီယွင် သည် ပေါင် ၁၀၀ အလေးချိန်ကို ရွေးချယ်ခဲ့သည်။
ဒီတစ်ခါတော့ လက်တစ်ဖက်နဲ့ ကိုင်ရတာ နည်းနည်းတော့ ခက်လာသည်။ လက်နှစ်ဖက်စလုံးနှင့် မ လျှင်အလွယ်တကူ မ နိုင်သည်။
အသက်ပြင်းပြင်းရှူရင်း ပေါင် ၂၀၀ အလေးရှေ့တွင် ရပ်လိုက်သည်။ထို နောက် ထိုင်ချလိုက်ပြီး ကျောက်တုံးကြီးအောက်မှာ လက်နှစ်ဘက်လုံးနဲ့ သူ့ကြွက်သားတွေကို တောင့်ထားကာ ခွန်အားများကိုစုလိုက်ပြီး...
“ကြွ…”ယီယွင်သည် အံကြိတ်ကာ ပေါင် ၂၀၀ ကျောက်အလေးကို မြှောက်လိုက်သည်။ သူ့ခေါင်းထက်သို့ ကျောက်တုံးမှာ ရောက်ရှိသွားသည်။
"ငါမလိုက်နိုင်ပြီလား"ဝမ်းသာသွားသည်။ ကျောက်တုံးအလေးချိန်ကို ကြမ်းပြင်ပေါ် မပစ်ချမီ ၃ မိနစ်ခန့် ဆုပ်ကိုင်ထားသည်။
ယီယွင်သည် ပေါင် ၂၀၀အလေးကို မတင်နိုင်ခဲ့သည်။ ဆယ့်နှစ်နှစ် အရွယ် ကလေးတယောက်၏ အလေးချိန်ထက် သုံးဆလောက် ရှိသော ကျောက်တုံး အလေးချိန် သည် ကမ္ဘာ ပေါ် တွင် စိတ်လှုပ်ရှားဖွယ်အရာ ဖြစ်သည်။
သူ၏ ခွန်အားသည် နေ့ချင်းညချင်း တိုးလာခဲ့သည်။ခွန်အားတခုထဲ တိုးလာသည်မဟုတ်ပေ။ယီယွင်၏အရှိန်မှာ ပိုလို့တောင် တိုးလာသည်။
ကလေးဘဝတုန်းက ခွန်အားက သူ့ရဲ့အဓိကအားနည်းချက်ဖြစ်ပြီး လူကြီးတွေထက် အများကြီးကွာခြားသည်။ သို့သော် သူ့အမြန်နှုန်းကတော့ ယှဉ်နိုင်သည် ။ ယခင်ကကျောက်ထိုင်ကျူ ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ယီယွင် သည် သူ၏အမြန်နှုန်းသည် အနည်းဆုံးပြိုင်ဘက်ထပ် နှစ်ဆပိုမြန်ကြောင်း သိရှိခဲ့သည်။
သူ့ခန္ဓာကိုယ်၏ ကြီးမားသော အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသည်။
သွေးမည်းများအန်ခြင်းနှင့် ညစ်ပတ်သော ချွေးများအကြောင်း ပြန်တွေးကြည့်လျှင် ၎င်းသည် ဒဏ္ဍာရီလာ ခြင်ဆီ သန့်စင်ခြင်း ဖြစ်နိုင်သည်။
အလွန်အားနည်းပျော့တွဲနေသော ယီယွင်၏ခန္ဓာကိုယ်သည် ခြင်ဆီသန့်စင်ပြီးနောက် ခွန်အားမှာအရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်။
အသွင်ပြောင်းမှုသည် ခရမ်းရောင်သလင်းကျောက်၏ ရလဒ်အဖြစ်သည်မှာ မေးခွန်းထုတ်ရန်မလိုပေ၊ သို့သော် ခရမ်းရောင်သလင်းကျောက်သည် အဘယ်ကြောင့် သူ့ခန္ဓာကိုယ်ကို ထိုကဲ့သို့ ပြောင်းလဲစေသည်ကို ယီယွင်နားမလည်ပေ။
ယီယွင် သည် အင်္ကျီထဲရှိ ခရမ်းရောင်သလင်းကျောက်ကို စမ်းကြည့်မိသောအခါ သလင်းကျောက်မရှိတော့သည် ကိုသတိထားမိသည်။
"ဟင်"ယီယွင် ထိတ်လန့်သွားပြီး သူ့အင်္ကျီအတွင်းသိုကြည့်လိုက်သည်။
ခရမ်းရောင် သလင်းကျောက်မှာ ပျောက်ကွယ်သွားသည်...
သို့သော် သူ၏ ရင်ဘတ်မှ အေးမြသော ခံစားနေရသည် တစ်ခဏမျှ လျော့မသွားပေ။
“ဒါကဘာလဲ”
ယီယွင်က ခေါင်းငုံ့ပြီး သူ့ရင်ဘတ်ကို ထိလိုက်သည် ။ ခရမ်းရောင်သလင်းကျောက်သည် တလျှောက်လုံး ထိုနေရာတွင် ရှိနေခဲ့ပြီး သူ့ထံမှ မပျောက်သွားကြောင်း ထူးဆန်းသော ခံစားမှုတစ်ခု ခံစားလိုက်ရသည်။
နှလုံးခုန်သံတိုင်းတွင် ခရမ်းရောင်သလင်းကျောက်သည် သူ့နှလုံးသားနှင့် ပေါင်းစည်းသွားသကဲ့သို့ လိုက်၍တုန်ခါနေသည်ကိုယီယွင်ခံစားနေရသည်။
ထိုအအေးဓာတ်သည် ယီယွင် ၏ ခန္ဓာကိုယ်အနှံ့ တုန်ခါမှုတိုင်းနှင့် သူ့သွေးကြောများတစ်လျှောက် လှည့်ပတ်နေသည် ။
ယီယွင်က ခေါင်းကိုမော့ပြီး ကောင်းကင်မှာ ကြယ်ရောင်အလင်းစက်လေးတွေက သူ့ဆီ ဦးတည်ပျံသန်းနေသည်ကို ဒါမှမဟုတ် ခရမ်းရောင်သလင်းကျောက်ဆီကို ပျံသန်းသွားသည်ကို ပိုတိကျစွာမြင်လိုက်ရသည်။
ကြယ်ရောင်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ယီယွင် တွင် ခရမ်းရောင်သလင်းကျောက်၏ အမျိုးမျိုးသော ဖြစ်စဉ်များအတွက် တွေးခေါ်ချက်အချို့စဉ်းစားသည်။ ခရမ်းရောင် သလင်းကျောက်သည် စွမ်းအင်ကို စုပ်ယူနိုင်သည် ။
ဤကမ္ဘာကြီး၊ ဤစကြဝဠာတွင်၊ စွမ်းအင်သည် အရာအားလုံးနှင့်ချိတ်ဆက်နေသည်။
ကြီးမားသော ဂလက်ဆီများမှ၊ ကြယ်ဖွဲ့စည်းပုံနှင့် စူပါနိုဗာများ၊ ပုရွက်ဆိတ်ငယ်များ အသိုက်ဆောက်ခြင်း သို့မဟုတ် မြက်ပင်များ ကြွေကျခြင်းအထိ စွမ်းအင်လိုအပ်ခြင်းမှ မလွတ်မြောက်နိုင်ပါ။
ကမ္ဘာမြေပေါ်ရှိယီယွင် သင်ယူခဲ့သော ရူပဗေဒမှ စကြဝဠာတစ်ခုလုံးသည် အနန္တစွမ်းအင်များပါ၀င်သည့် သီးခြားအချက်တစ်ခုမှ စတင်ခဲ့သည်။
စွမ်းအင်သည် ရုပ်အဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ သက်ရှိအဖြစ်သို့ ပြောင်းလဲကာ အရာအားလုံးအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ဤထူးဆန်းသောကမ္ဘာတွင်၊သိုင်းပညာရှင်များ၏ ချီ ဟုခေါ်သော အတွင်းအားသည် သဘာဝအတိုင်း စွမ်းအင်ပုံစံတစ်ခုဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်သည် သဘာဝစွမ်းအင်နှင့် ဆက်စပ်မှုရှိသည်။
ကြယ်အလင်းနှင့် အခြားစွမ်းအင်ပုံစံများကို စုပ်ယူနိုင်သည်။လျှိုင်ချမ်းယု ၏တိုက်ခိုက်မှုလည်း ထိုကဲ့သို့စွမ်းအင်ပုံစံတခုဖြစ်ပေသည်။ ထိုစွမ်းအင်ပုံစံသည် လျှိုင်ချမ်းယု အသုံးပြုခဲ့သော ချီ ပုံစံဖြစ်ရမည်။
ချီ သည် သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းနေပြီး တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။သို့သော် ထိုစွမ်းအင်သည် သူ့နှလုံးသားသို့ရောက်ရှိပြီး ခရမ်းရောင်သလင်းကျောက်ကို ထိလိုက်သောအခါ ခရမ်းရောင်သလင်းကျောက်က ၎င်းစွမ်းအင်ကို စုပ်ယူသွားခဲ့သည်။
ခရမ်းရောင်သလင်းကျောက်စုပ်ယူလိုက်သော စွမ်းအင်တွေ ဘယ်ကိုသွားတယ်ဆိုတာ သိသာသည်။သူ၏ သွေးကြောများအတွင်း စီးဆင်းနေသော ထိုအေးမြမှုသည် စွမ်းအင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ခရမ်းရောင်သလင်းကျောက်မှ စုပ်ယူလိုက်သော စွမ်းအင်သည် သူ၏သွေးများမှတဆင့် ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ကို စွမ်းအားဖြည့်ပေးသည်။ယီယွင်သည် နှလုံးခုန်လိုက်တိုင်း သူ့ခန္ဓာကိုယ် အနည်းငယ် ပိုသန်မာလာသည်ကို ခံစားရသည်။
သူ့ခန္ဓာကိုယ်ရဲ့ ချဥ်ဆီ သန့်စင်မှုကို ပြန်တွေးကြည့်သောအခါ သူ့သွေးကြောထဲသို့ စွမ်းအင်များ ရောက်ရှိလာခြင်းကြောင့်ဖြစ်နိုင်သည်။
စွမ်းအင်သည် ဒြပ်စင်တိုင်း၏ ဖွဲ့စည်းမှုကို ပြောင်းလဲစေနိုင်သည်။ လူတို့အား အသက်ကို ပေးစွမ်းနိုင်ပြီး ခွန်အားကိုလည်း တိုးလာနိုင်သည်။
သူ၏ကြံ့ခိုင်မှုမှာ ပေါင် ၃၀ ကနေ ပေါင်၂၀၀ တိုးလာပါသည်။
ဤပြောင်းလဲမှုသည် စုစုပေါင်းအသွင်ပြောင်းမှုဟု ယူဆနိုင်သည်။
“ဘာစွမ်းအင်က ဒီလိုဖြစ်နိုင်သလဲ”
သေးငယ်တဲ့ကြယ်ရောင်လေး ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသော လျှိုင်ချမ်းယု၏ ချီ စွမ်းအားများသည် ကံကြမ္မာကို အံတုသောအပြောင်းအလဲကို ဖြစ်ပေါ်စေရန် မလုံလောက်ပေ။
အဖြေမှာ တောတွင်းသားရဲ့တို့၏အရိုးများဖြစ်သည်မှာ သေချာပါသည်။
ရိက္ခာများဝေငှနေချိန်တွင် လျှိုင်ချမ်းယုသည် ပျက်စီးနေသော အရိုးများထည့်သွင်းထားသော သစ်သားသေတ္တာကိုဖွင့်လိုက်အခါတွင် ယီယွင်ထံသို့ အရိုးများမှ အလင်းအစက်များမှာ ခရမ်းရောင် သလင်းကျောက်အတွင်းသို့ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။
ခရမ်းရောင်သလင်းကျောက်သည် ထိုစွမ်းအင်အားလုံးကို စုပ်ယူထားသည်။
အရိုးများသည် တောတွင်းသားရဲ၏ အဖိုးတန်ဆုံး အစိတ်အပိုင်းများဖြစ်သည်။ ၎င်း၏အနှစ်သာရအားလုံးသည် အရိုးများတွင်ရှိပြီး၊အသားထက် များစွာတန်ဖိုးရှိသည်။
အရိုးများမှ သန့်စင်ထားသော ချဥ်ဆီသည် သူရဲကောင်းတဦး၏ စွမ်းအားများထွက်လာစေပြီး လျှိုင်ချမ်းယု ကဲ့သို့ ပါရမီရှင်တစ်ဦးအား ခရမ်းရောင်သွေးစစ်သည်တော်အဆင့်အထိ ထိုးဖောက်နိုင်စေမည်ဖြစ်သည်။
ထိုအရိုးများ၏တန်ဖိုးသည် မယုံနိုင်စရာပင်ဖြစ်သည်။
ယီယွင်လို အားနည်းသောကလေးသည် အရိုးများမှ စွမ်းအင်ပမာဏ အနည်းငယ်ဖြင့် အသွင်ပြောင်းရန် အကြောင်းမရှိပေ။
ထိုသို့စဉ်းစာကြည့်ပြီးနောက် ယီယွင်သည်
အသက်ပြင်းပြင်းရှူပြီးခတ္တမျှ ငြိမ်သက်သွားလေသည်။
ခရမ်းရောင်သလင်းကျောက်သည် ကြီးကျယ်သော ရတနာတစ်ပါးဖြစ်သည်မှာ သေချာသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားပြီး၊ နှလုံးခုန်တိုင်းတွင် ခရမ်းရောင်စွမ်းအင်ဓာတ်များသည် သူ၏သွေးပြန်ကြောများမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းကာ သူ့စွမ်းအားကို မြှင့်တင်ပေးသည်ဖြစ်မည်။
ထိုသို့သော ရတနာမျိုးရရှိထားသော ကြောင့် ယီယွင်သည် လွန်စွာပျော်ရွှင်လျှက်ရှိသည်။
အပြန်အလှန်အားဖြင့် ယီယွင်၏ မျက်နှာသည် လေးနက်လာသည်။ ဘဝနှစ်ခုကိုဖြတ်သန်းခဲ့ရပြီး၊ သူ၏ပထမဘဝသည် အတွေ့အကြုံအကန့်အသတ်ရှိသော်လည်းယခုလူဝင်စားမှုနှင့်အတူ ယီယွင် သည် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများစွာကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
ဤထူးဆန်းသောကမ္ဘာသို့ သူပထမဆုံးဝင်ရောက်လာသောအခါ ယီယွင် စိတ်ရှုပ်ထွေးနေသည်။ထိုနောက် ချဥ်ဆီပြောင်းလဲမှု ဖြစ်ပြီးနောက်တွင် စိတ်မှာ တည်ငြိမ်လျှက်ရှိနေသည်။
ယီယွင်ထံတွင် ထိုကဲ့သို့ ရတနာရှိသည်ကို လောဘကြီးသော လျှိုင်ချမ်းယုကဲသို့ သူသာသိလျှင် လိုချင်တပ်မက်မည် သာဖြစ်သည်။မိမိအား စုငွေများပေး၍ သိမ်းယူသွားပါက အားလုံးဒုက္ခ ရောက်နိုင်ကြောင်း ယီယွင်ကောင်းစွာ သဘောပေါက်သည်။ခရမ်းရောင်သလင်းကျောက်ရဲ့ လျှို့ဝှက်ချက်ကို မည်သူ့ကိုမှ ဖွင့်မပြောရန် ယီယွင် စဉ်းစားမိသည်။
ဤထူးဆန်းသောကမ္ဘာတွင် ယီယွင်သည် သူ့အမ ကျန်းရှောင်ယု ကိုသာ ယုံကြည်နိုင်သည်။
သို့သော် လူတစ်ဦးမှ မသိလေ အန္တရာယ်နည်းလေပင်ဖြစ်သည်။