← Chapters

တိုင်အာမြင့်မြတ်သောနိုင်ငံတော်အကြောင်း သင်သိပါသလား

Vol. 1 Ch. 12

တိုင်အာမြင့်မြတ်သောနိုင်ငံတော်အကြောင်း သင်သိပါသလား

Vol. 1 Ch. 12

အပိုင်း ၁၂ တိုင်အာမြင့်မြတ်သောနိုင်ငံတော်အကြောင်း သင်သိပါသလား

-----------------------------------------------------------------------

နောက်နေ့မနက်မှာတော့ ယီယွင် အိပ်ရာမှ စောစောနိုးလာသည်။

ယီယွင်တို့လေ့ကျင့်ရေးကွင်းကို ဖြတ်သွားရင်း စစ်သည်တော်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များကို ကွင်းပြင်တွင် စုရုံးနေသည်ကို တွေ့လိုက်ရသည်။ သူတို့အလယ်မှာ ကြီးမားတဲ့ အိုးကြီးတစ်လုံးရှိတယ်။ အနံ့အရသာရှိတဲ့ တစ်ခုခုကို ချက်ထားပုံရသည်။

“ဒါက အသားနံ့ပဲ။”

ယီယွင်မှာရက်ပေါင်းများစွာ ဗိုက်ဆာနေသဖြင့် အနံ့ကို ချက်ချင်းမှတ်မိသည်။

ခြင်ဆီသန့်စင်ပြီးနောက် ယီယွင်သည် သူ၏အစာစားချင်စိတ်သည် အံ့သြဖွယ်ကောင်းအောင်ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ ဂျုံယာဂု အားလုံးသည် ဗိုက်ထဲတွင် ခဏနှင့်ကြေညက်သွားပြီ ဖြစ်သည်။

သူ့ခန္ဓာကိုယ်က ပိုသန်မာလာသည်နှင့်အမျှ သူ့ရဲ့ စားချင်စိတ်ကပါ ပိုများလာသည်ဆိုတာကို ယီယွင်နားလည်လာသည်။

သိုင်းလေ့ကျင့်မှုကို ယခုမှစလုပ်မည့် လူတစ်ဦးဖြစ်သောကြောင့်၊ ယီယွင်သည် "ကောင်းကင်အဆင့်ယွမ်ချီစွမ်းအား”ကို အသုံပြူနိုင်စွမ်းမရှိသေးပေ။စွမ်းအင်အရင်းအမြစ်အဖြစ် အစားအစာကိုသာ အားကိုးနိုင်သည်။

ဒါပေမယ့် သူနေ့စဥ်စားတဲ့ ဂျုံယာဂု ပမာဏဟာ အလွန်နည်းပါးပြီး သူ့ရဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ မလုံလောက်ပေ။ အစာမရှိရင် သူဘယ်လို သန်မာလာမလဲ။

မျိုးနွယ်စုရှိ အထက်တန်းစားများအားလုံးသည် သားရဲအသားများကို နေ့စဉ်စားကြသည်။ ၎င်းသည် အရည်အသွေးမြင့် စွမ်းအင် အများအပြားကို ပေးစွမ်းပြီး သူစားသော ဂျုံယာဂုနှင့် ခြားနားသောအာဟာရကို ပေးစွမ်းနိုင်သောအရာဖြစ်သည်။

ယီယွင်သည် အချိန်အတော်ကြာအာဟာရ မရရှိပါက သူ့ခန္ဓာကိုယ်ကို ဆိုးရွားစွာ ထိခိုက်စေမည်ဆိုတာ ယီယွင် သဘောပေါက်သည်။ယီယွင်၏ ခန္ဓာကိုယ်မှာဖွံဖြိုးနေသော အရွယ်သာရှိသေးပြီး ခြင်ဆီသန့်စင်စေခြင်း ဖြင့် ပြန်လည်နုပျိုလာသောကြောင့် သူ၏ခန္ဓာကိုယ်အတွင်း ကြီးမားသောတိုးတက်မှုများကို ရရှိခဲ့သည်။

ဝါးပင်များသည် အပင်ပေါက်အဆင့်သို့ ရောက်သောအခါ ရေအနည်းငယ်သာ ရရှိပါက ထိုးထွက်ရှင်သန်ရန် မတတ်နိုင်တော့ပဲ နောက်ဆုံးတွင် သေသွားမည်သာဖြစ်သည်။

တကယ်တော့၊ယီယွင်၏ လက်ရှိစွမ်းဆောင်နိုင်မှုသည် ပိုမိုကောင်းမွန်တဲ့ အခြေနေရောက်ရန်မှာ စစ်သည်ပြင်ဆင်ရေးစခန်းသို့ ၀င်ရောက်ခြင်းဖြစ်သည် သို့သော်၊ယီယွင် စစ်သည်ပြင်ဆင်ရေးထဲ၀င်ပါက ခရမ်းရောင်သလင်းကျောက်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြရမည်ဖြစ်သည်။ တစ်ညထဲဖြင့် သူရဲ့စွမ်းအင်ရရှိလာသည်ကို ဘယ်လိုမှ ရှင်းပြလို့ ရမည်မဟုတ်ပေ။

ထို့အပြင် ယီယွင်သည် စစ်သည်ပြင်ဆင်ရေးစခန်း သို့မဟုတ် လျှိုင်ချမ်းယုတို့ နှင့် မတည့်သောကြောင့် စစ်သည်ပြင်ဆင်ရေးစခန်းသို့ဝင်ရန် အစီအစဉ်မရှိပေ။

"သားရဲတွေရဲ့ အသားဖြစ်ရမယ်။ အမဲလိုက်ပြီး ရခဲ့တာဖြစ်မယ်" ကျန်းရှောင်ယုက မကျေနပ်စွာပြောသည်။

ဤကမ္ဘာ၏ ဓလေ့ထုံးတမ်းများ၏ အခြေခံမှာ သာမန်လူတစ်ဦးသည် တစ်နေ့လျှင် အစာနှစ်နပ်စားရသည်။ မနက် ၅ နာရီ အိပ်ရာမှ ထပြီး မနက်စာမစားဘဲ မနက် ၉ နာရီမှာသာတကြိမ်စားရသည်။

စစ်သည်များနှင့် စစ်သည်တော်များသည် တစ်နေ့လျှင် ထမင်းသုံးနပ် စားနိုင်သည်။ လေ့ကျင့်ခန်းအတွက် စွမ်းအင်လိုအပ်တာကြောင့် အိပ်ရာနိုးတဲ့အချိန်တွင် စားနိုင်ကြသည်။

စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များသည် လေ့ကျင့်မှုလိုအပ်သောကြောင့် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင်လည်း ပါဝင်ရန် မလိုအပ်ပေ။ ရံဖန်ရံခါတွင်သာ အမဲလိုက်တတ်ကြသည်။

တောကန္တာရရဲ့ အန္တရာယ်များကြောင့် ထိုစစ်သည်များမှာ သူတို့ရဲ့ အမဲလိုက်မှုကနေ အသားအနည်းငယ်သာ ရရှိနိုင်သည်။ ထိုအနည်းငယ်မျှသော အသားပမာဏကို သူတို့ကိုယ်တိုင် စားသောက်ခဲ့ပြီး မျိုးနွယ်စုမှလူများကို ပေးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လေ့ကျင့်ရန်နှင့် ခွန်အားကြီးထွားရန် အသားစားရန် လိုအပ်သောကြောင့် ဖြစ်သည်။

နွမ်းပါးသောလူများအတွက်၊လေ့ကျင့်ရန်မလိုအပ်သော လက်လုပ်လက်စားများဖြစ်သောကြောင့် ဂျုံများသည် သူတို့အတွက် လုံလောက်သည်။

ယီယွင် နှင့်ကျန်းရှောင်ယု ဖြတ်သွားသည်ကို စစ်သည်ပြင်ဆင်ရေးစခန်းမှ လူများက သူတို့ကို မြင်လိုက်ကြသည်။ ကျောက်ထိုင်ကျူ သည် အရိုးပါသော အသားတစ်ပိုင်းကိုယူကာ ယီယွင်နှင့်ကျန်းရှောင်ယုတို့ထံ လေချွန်လိုက်ရင်း

"ဒီသမင်အသားက အရမ်းမွှေးတယ် ဟားဟား" ကျောက်ထိုင်ကျူ သည် အောင်ပွဲခံသောအမူအရာဖြင့် ရယ်မောလိုက်သည်။

အသားကို ဆား၊ ဟင်းခတ်အမွှေးအကြိုင်များဖြစ် ချက်ထားသောကြောင့် ရနံ့မှာမွှေးကြိုင်‌နေလျှက်ရှိသည်။

ကျောက်ထိုင်ကျူသည် ပေနေသော သူ့လက်ချောင်းများကို ပါးစပ်ဖြင့်စုပ်လိုက်ပြီး၊သူဘေးက ဆိတ်သားရေဖြင့်ပြုလုပ်ထားသောဘူး အတွင်းမှ အရည်များကိုသောက်နေသည်။

“အဲတာ အရက်တွေလား”

လျှိုင်မျိုးနွယ်တွင် အရက်သည် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။ စားနပ်ရိက္ခာ ရှားပါးလာသဖြင့် အရက်ချက်ရန် ဂျုံစေ့များကို မည်သို့ ရရှိနိုင်မည်နည်း

စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များသည် အရက်ချက်ရန်အတွက် ရိက္ခာအနည်းငယ်ကိုသာ ဝေငှပေးပြီး ကျန်သောဂျုံ‌‌စေ့များကိုအရက်ချက်ရန်အတွက် ထားရှိသည်။ ဆောင်းမနက်ခင်းတွေမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေဖို့ အရက်ကို သောက်ကြသည်။

ဟင်းချက်ရာမှ ပိုသောအကြွင်းအကျန်များကို မျိုးနွယ်စုတို့ထံ ဝေငှပေးသောကြောင့် အလဟဿမဖြစ်‌ပေ။ အကြွင်းအကျန်များသည် ချဉ်‌နေသော်လည်း ငတ်သေခြင်းထက် ပိုကောင်းသောကြောင့် အကြွင်းအကျန်များကိုသာ မျိုးနွယ်စုမှလူများမှာ စားသောက်ကြရသည်။

ထို့ကြောင့် မျိုးနွယ်စုအကြီးအကဲများသည် စစ်သည်တော်ပြင်ဆင်ရေးစခန်းအား လျှို့ဝှက်ချက်လုပ်ထားခြင်းကို ဘယ်သောအခါမှ ကန့်ကွက်ခြင်းမပြုခဲ့ပေ။

“ဟားဟား၊ အရက်သောက်ပြီး အသားစားတဲ့ ဘ၀ဟာ‌ တော်တော်နေလို့ကောင်းတာပဲ။”

ကျောက်ထိုင်ကျူသည် ဂရုမစိုက်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျောက်ထိုင်ကျူ သည် ထိုအချိန်များတွင်သာ ဘဝ၏ပျော်ရွှင်မှုများနှင့် စစ်သည်ပြင်ဆင်ရေးစခန်းအဖွဲ့ဝင်ဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရပါသည်။

“ဒီသူတောင်းစား နှစ်ယောက်က တကယ်သနားစရာ ကောင်းတာပဲ၊ နောက်မှ ဟင်းရည်နည်းနည်း ပေးရအောင်”

“ငါတို့ကသမင်ကို ကင်ထားတော့ ဟင်းရည်လည်း မရှိဘူး။”ကျန်းရှောင်ယုမှာ ကျောက်ထိုင်ကျူ က သူတို့ကို တမင်တကာ နောက်ပြောင်နေမှန်း သိလိုက်‌တော့။ ငိုယိုကာ ယီယွင်၏လက်ကို လှမ်းဆွဲကာ ထွက်သွားရန်ပြင်သည်။ ထို အခိုက်အတန့်တွင် ကျန်းရှောင်ယုဗိုက်မှ မြည်သံများထွက်ပေါ်နေသည်။

ကျောက်ထိုင်ကျူ သည် ဝေးနေသောကြောင့် မကြားလိုက်သော်လည်း ယီယွင်မှာ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ကျန်းရှောင်ယုမှာ ရှက်သွားသောကြောင့် မျက်နှာမှာနီရဲလျှက်ရှိ‌သည်။

ယီယွင်သည် သူမ၏ ချစ်စဖွယ်အမူအရာများကို သဘောကျစွာ ဘေးမှကြည့်နေသည်။ကျန်း‌ရှောင်ယုအတွက်တော့ အမကြီးတယောက်အနေဖြင့် မိမိ၏မောင်ရှေ့တွင် ဗိုက်ထဲမှအသံမြည်နေသည်ကို ရှက်စရာဟုခံစားနေရသည်။

" အမရှောင်ယု ၊ နောင်ကျရင် အမကို ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအစာတွေကို ကျွန်တော်ကျွေးမယ်"

ကျန်းရှောင်ယု၏မျက်လုံးများကိုကြည့်ရင်း ယီယွင် က လေးလေးနက်နက်ပြောလိုက်သည်။

ကျန်းရှောင်ယုက မိမိ၏‌မောင် ထိုစကားတွေပြောနေတာကိုကြားတော့ အံ့သြသွားသည်။ ကလေးတ‌ယောက်ဟု သတ်မှတ်ထားသော ယီယွင် သည် သူမကိုစဉ်းစားပေးသည့်အတွက် ဝမ်းသာနေမိသည်။

ကျန်းရှောင်ယုက ယီယွင်ရဲ့ခေါင်းကို ညင်သာစွာပွတ်လိုက်ပြီး "အမ စောင့်နေမယ်နော်"

ကျန်းရှောင်ယုထံမှ ခေါင်းကို ပွတ်သပ်ခံရသော ယီယွင် သည် စကားမပြောနိုင်ပဲရှိနေသည်။ "အမရှောင်ယု၊တိုင်အာ အင်ပါယာအကြောင်း အမသိလား။”

လျှိုင်ချမ်းယု ပြောခဲ့သည့်စကားများအရ တိုင်အာ အင်ပါယာစစ်သည်တော်ရွေးချယ်ခြင်းကို သုံးလအတွင်း ပြုလုပ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့်လူသည် အဆင့်အတန်းပြောင်းလဲမှုကို ခံစားရလိမ့်မည်။ ထို့ကြောင့်လျှိုင်ချမ်းယု သည် အရွေးချယ်ခံရရန်အတွက် အလွန်အမင်း စိတ်အားထက်သန်နေပြီး ဘဏ္ဍာအားလုံးဖြင့် တောတွင်းသားရဲ့တို့၏အရိုးတစ်ပိုင်း ဖြင့်လဲလှယ်ခဲ့ခြင်းဖြစ်သည်။

“တိုင်အာ အင်ပါယာ…”အမရှောင်ယု ၏အမူအရာသည် သူမ၏အမှတ်တရများထဲသို့ ပျံ့လွင့်သွားသည်။ "တိုင်အာအင်ပါယာမှာ လူသားမျိုးနွယ်သည် ရှေးကျသောနိုင်ငံတစ်ခုဖြစ်သည်။ ၎င်းတွင် ပြည်နယ်ပေါင်း ၁၀၈ခုနှင့် တောရိုင်းနယ်မြေ ၂၄ ခုရှိသည်။"

“အမတို့အခု‌မျိုးနွယ်စုက “တိမ်တိုက်ရိုင်းမြေ” လို့ ခေါ်တဲ့ တောရိုင်းမြေ၂၄ ကွက်ကြားမှာရှိတာ။”

“တိုင်အာ အင်ပါယာ က အလွန်တန်ခိုးကြီးတယ်။ မြို့တော်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဘုရင့်နိုင်ငံတော်ရဲ့ စစ်သည်အများစုဟာ ပြည်နယ် ၁၀၈ ခုက လာကြတယ်။ တောရိုင်းမြေတွေရဲ့ စစ်သည်တော်တွေ အင်အားနည်းတာတော့ မဟုတ်ဘူး၊ တောရိုင်းမြေ ၂၄ခုမှာ လူဦးရေနည်းတာကြောင့်၊ စစ်သည်တော်တွေကို ရွေးချယ်စည်းရုံးဖို့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ လူအင်အား အများကြီးလိုတယ်၊ ဒါကြောင့် အကဲဖြတ်စရိတ်က ကြီးတယ်။"

စစ်သည်ရွေးချယ်ခြင်းလုပ်ငန်းစဉ်အတွက် တိုင်အာအင်ပါယာက မျိုးနွယ်စုများမှ လူများကိုရွေးချယ်ရန် ပထမဆုံးအနေနဲ့ ထိုလူငယ်စစ်သည်တော်များသည် တောကိုဖြတ်၍ အင်ပါယာဆီသို့လာရမည်ဖြစ်သည်။

"ဒါပေမယ့် ဒီတစ်ကြိမ်၊ တိမ်တိုက်ရိုင်းမြေမှာ စစ်သူရဲရွေးချယ်ဖို့ တိုင်အာ အင်ပါယာ ရွေးချယ်မှုက အလွန်ထူးဆန်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိမ်တိုက်ရိုင်း‌မြေ ထဲမှာရှိတဲ့ မျိုးနွယ်စုငယ်လေးတွေအတွက် အခွင့်ကောင်းတခုပဲ။လျှိုင်ချမ်းယု က ဒီအခွင့်အရေးကို မြင်ပြီး ဒီဆင်းရဲတဲ့ရွာလေးကို နင်းပြီး တစ်ချက်တည်း ထိပ်ကိုတက်သွားချင်နေတာ"

ကျန်းရှောင်ယုက ဖြည်းညှင်းစွာရှင်းပြနေသဖြင့် ယီယွင်မှာ အံ့အားသင့်သွားကာ "အမက ဘယ်လိုသိတာလဲ"

ကျန်းရှောင်ယု ၏အသံသည် အရွယ်မရောက်သေးသောက‌လေးဟု ထင်ရသော်လည်း သူမ၏ ထိုးထွင်းသိမြင်မှုနှင့် စကားပြောစွမ်းရည်သည် ကလေးတစ်ဦးနှင့်မတူပေ။

"ဒါတွေအားလုံးကို မွေးကတည်းက အမေဆီကြားခဲ့ရတာ။ ငယ်ငယ်တုန်းက ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း တော်တော်များများ ကြားဖူးတယ်၊ ဒါကြောင့် သိနေတာ။ယွင်အာ မင်းကြည့်ရတာ ဘာမှမမှတ်မိသလိုပဲ။ မင်းကို စာဖတ်နည်းလည်း သင်ပေးတယ်‌လေ။"

“အိုး…” ယီယွင်က ခေါင်းကိုကုတ်ပြီး ပြုံးလိုက်သည်။ ဆင်းရဲတဲ့မိသားစုက ကလေးတစ်ယောက်က ဘယ်လိုစာဖတ်နိုင်မလဲ။ ကျန်း‌ရှောင်ယုသည် စာလဲကောင်းစွာဖတ်နိုင်သည်။ ကျန်းရှောင်ယုမှာ ငယ်စဉ်ကတည်းက ငွေဇွန်းကိုက်၍ မွေးဖွားလာသူဖြစ်ရမည်ဟု ယီယွင်ထင်မိသည်။

"အမရှောင်ယု၊လျှိုင်ချမ်းယု က တိုင်အာအင်ပါယာ ရဲ့ ဘုရင်ခံစစ်သူကြီးဖြစ်မယ်ဆိုရင် မျိုးနွယ်စုတစ်ခုလုံးကို မြို့ထဲကို ခေါ်သွားလိမ့်မယ် ထင်လား"

“အရမ်းခက်တယ်…” ကျန်းရှောင်ယုကခေါင်းခါလိုက်သည်။ "တိုင်အာ အင်ပါယာ ၏စစ်သည်ရွေးချယ်မှုမှာ အဆင့်များစွာရှိသည်။ ပထမအဆင့်၊ ဆီမီးဖိုင်နယ်၊ အကြိမ်တိုင်းတွင် ရှုံးထွက်များစွာရှိသည်။‌ နောက်ဆုံးရလဒ်များကို ‘အင်ပါယာ သူရဲကောင်း’အဖြစ် အပ်နှင်းထားသည်။ ၎င်းသည် အလွန်ဂုဏ်သိက္ခာရှိသော ဘွဲ့ဖြစ်သည်။အင်ပါယာသူရဲကောင်း များထဲမှ အကောင်းဆုံးသည် အင်ပါယာ၏မြို့တော်သို့ ဝင်ရောက်ပြီး လျှို့ဝှက်နည်းစနစ် များကို လေ့လာနိုင်မည်ဖြစ်သည်။

"မျိုးနွယ်စုတစ်ခုလုံးကို မြို့ထဲကို ရောက်ဖို့၊ ဆီမီးဖိုင်နယ်ကို ကျော်သွားရုံတင်မကဘူး၊ ရလဒ်ကောင်းရမယ်။လျှိုင်ချမ်းယု က အဲဒီစံနှုန်းကို မမှီနိုင်သေးဘူး။ အနာဂတ်မှာ သူအဲဒီစံနှုန်းကို ရောက်ရမယ်ဆိုရင်တောင် သူ့ရဲ့ ပင်ကိုယ်စရိုက်အရ ငါတို့ကို ဂရုစိုက်မှာမဟုတ်ဘူး"

"ယွင်အာ၊ မင်းဘာလို့မေးတာလဲ လျှိုင်ချမ်းယု က ဘုရင်ခံစစ်သည်တော်ဖြစ်လာပြီး ငါတို့ကို ကောင်းမွန်တဲ့ဘဝတစ်ခုဆီပို့ဆောင်ဖို့ မင်းမျှော်လင့်‌နေတာလား"

"ဒီအတိုင်းမေးတာပါ"ဟုယီယွင်က ပြန်ပြောလိုက်သည်။”လျှိင်ချမ်းယု ကို အားကိုးတာထက် ဝက်တွေ ပျံနိုင်ပါစေလို့ ဆန္ဒပြုတာမှ ပိုကောင်းဦးမယ်"

အကယ်၍ လျှိုင်ချမ်းယုသည် လေ့ကျင့်ပြီးထွက်လာသောအခါ ယီယွင်ကို အသက်ရှင်လျက် မြင်ပါက ပထမဦးဆုံးသတ်ပစ်မည်ဖြစ်သည်။

ယီယွင်သည် ထိုအချိန်တွင် မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိနေပြီဟု ထင်နေသည်။သို့သော် သူ၏ဖျက်စီးနိုင်စွမ်းမှာ လေထဲတွင်သာရှိနေသေးသည်။

"တိုင်အာအင်ပါယာ ရဲ့ စစ်သည်တော်ရွေးချယ်မှုမှာ ငါပါဝင်နိုင်ပုံရတယ်၊ အဲဒါက ငါတို့နှစ်ယောက်စလုံး ကောင်းမွန်တဲ့ဘဝတစ်ခုကို ဦးဆောင်နိုင်ဖို့ သေချာစေမယ့် အမြန်နည်းလမ်းပဲ"

"တိုင်အာအင်ပါယာ၏လျှို့ဝှက်နည်းစနစ်မှာ"မှာ လေ့ကျင့်ရေးနည်းလမ်း တစ်မျိုးဖြစ်ရမည်။ ဒီကမ္ဘာကြီးမှာ ကိုယ်ခံပညာကို လေ့ကျင့်ရန်မှာ မရှိမဖြစ်သာဖြစ်သည်။ ခရမ်းရောင် သလင်းကျောက်က မှော်ဆန်၍ မိမိအား ပြန်လည်နုပျိုစေနိုင်သည်။”တိုင်အာအင်ပါယာအတွင်းသို့ မဝင်ရင် လေ့ကျင့်ရေးနည်း ဘယ်မှာ ရနိုင်မလဲ။

ယီယွင် က သူ့ကိုယ်သူ တိုးတိုးလေးပြောရင်း ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် လျှိုင် မျိုးနွယ်ကို မစွန့်နိုင်သေးသောကြောင့် သူ၏အင်အားများ တိုးလာသော်လည်း တောထဲသို့ဖြတ်သွားရန် မိုက်မဲသောဆုံးဖြတ်ချက်ဖြစ်သည်။

ယီယွင်သည် လျှိုင် မျိုးနွယ်တွင်ရှိစဉ် မိမိကိုယ်မိမိ မြှင့်တင်ရမည်ဖြစ်ပြီး တိုင်အာအင်ပါယာ ၏ စစ်သည်ရွေးချယ်မှုကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ဤသည်မှာ အခြေအနေအရ အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။

All Chapters