← Chapters

ဟင်းသီးဟင်းရွက်များ ရှာဖွေခြင်း၏ မမျှော်လင့်ထားသောရလာဒ်

Vol. 1 Ch. 13

ဟင်းသီးဟင်းရွက်များ ရှာဖွေခြင်း၏ မမျှော်လင့်ထားသောရလာဒ်

Vol. 1 Ch. 13

အပိုင်း ၁၃ ဟင်းသီးဟင်းရွက်များ ရှာဖွေခြင်း၏ မမျှော်လင့်ထားသောရလာဒ်

-------------------------------------------------------------------------

လျှိုင်မျိုးနွယ်စုသည် နေရေးထိုင်ရေး ခက်ခဲသော တောကန္တာရတွင် တည်ရှိသော်လည်း၊ မျိုးနွယ်စုသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် ဧရိယာကို ပိုင်ဆိုင်ထားပြီး ၎င်းမှာ လျှိုင်မျိုးနွယ်၏ဆေးဖက်၀င်တောင်တန်းဖြစ်သည်။

လျှိုင်မျိုးနွယ်၏ဆေးဖက်၀င်တောင် သည် ယွင်ချီစွမ်းအင် သိပ်သည်းဆ မြင့်မားသော ဒေသဖြစ်ပြီး ဆေးဖက်ဝင်အပင်များ ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေသည်။ နတ်ကွန်းဟု ယူဆရသော အဆောက်အုံတခုလဲ ရှိသည်။

နတ်ကွန်းဟု ဆိုသော်လည်း ဆင်းရဲ‌သော လျှိုင်မျိုးနွယ်စုမှာ တစ်ခုတည်းသော ဘုရားကျောင်းအဖြစ် သတ်မှတ်ထား‌ပေသည်။ မျိုးနွယ်စုကြီးတစ်ခု၏အမြင်တွင် လျှိုင်မျိုးနွယ်စု၏ဆေးဖက်၀င်တောင်သည် သာမာန်မျှသာဖြစ်သည်။ ကျယ်ပြောလှတဲ့ တောထဲတွင်၊ယွမ်ချီစွမ်းအင် မြင့်မားသောနေရာများမှာ နေရာအနှံတွင်ရှိသည်။

သာမာန်မျိုးနွယ်စု‌လေးများသည် အခြေချနေထိုင်ရန် ကြွယ်ဝသော အံ့ဖွယ်နယ်မြေများကို ရွေးချယ်ကြသည်။ ထိုသို့သောနေရာများတွင်သာလျှင် ကုန်ကြမ်းထုတ်လုပ်မှု ပေါများပြီး စစ်သည်များ သီးနှံစိုက်ပျိုးခြင်းအတွက် အများစွာအကျိုးရှိမည် ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ တောအတွင်းမှသားရဲ သတ္တ၀ါကြီးများသည် အကြောင်းပြချက် တစ်ခုခုကြောင့် ထို“နတ်ကွန်းများ”အနားတွင်နေထိုင်ကျက်စားခြင်း မရှိပေ။၎င်းသည် မျိုးနွယ်စုများ၏ လုံခြုံရေးအတွက် အရေးကြီးဆုံးအချက်ဖြစ်သည်။

တောတွင်းသားရဲသတ္တဝါကြီးများသည် မျိုးနွယ်စုငယ်များ၏ ရွာများအတွင်း ၀င်ရောက်ဖျက်ဆီးသော အဖြစ်ပျက်မျိုးမှာ ရှာပါးသော အခြေနေဖြစ်သည်။

အရာအားလုံးတွင် အားသာချက် အားနည်းချက်များနှင့်ယှဉ်တွဲလျှက်ရှိသည်။နတ်ကွန်းအနီးတဝိုက်တွင် တောတွင်းသားရဲများ ကျက်စားပါက တခြားတောတွင်းတိရစ္ဆာန် အရေအတွက်မှာ လျော့နည်းသွားမည်ဖြစ်သည်။ယုန်၊သမင်ကဲ့သို သတ္တဝါငယ်များကို အမဲလိုက်ရန်မှာလွယ်ကူသောကိစ္စ မဟုတ်ပေ။

ခရမ်းရောင်သွေးစစ်သည်များသာ ကျယ်ပြောလှသော တောနက်ထဲသို့ အမဲလိုက်နိုင်‌သော အရည်အချင်းရှိကြသည်။

ကျယ်ပြောလှသော တောကန္တာထဲတွင် မျိုးနွယ်စုငယ်များသည် နတ်ကွန်း၏ အနီးတဝိုက်တွင်သာ အမဲလိုက်နိုင်ကြသည်။လျှိုင် မျိုးနွယ်စု၏ ဆေးဖက်၀င်တောင်သည် အလွန်နိမ့်သော အဆင့်တွင်ရှိသည်။မြင့်မား‌‌သော အဆင့်တွင်ရှိပါက လျှိုင်မျိုးနွယ်ကဲ့သို မျိုးနွယ်စုငယ်လေးမှာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

ဆေးဖက်၀င်တောင်သည် အဆင့်နိမ့်သော်လည်း လျှိုင်မျိုးနွယ်စုအတွက် မျိုးနွယ်စတင်ဖွဲ့စည်းရာ‌ နေရာဖြစ်ခြင်းကြောင့် ၎င်းကို အလွန်တန်ဖိုးထားခဲ့သည်။

ရွာသားများကို ဟင်းသီးဟင်းရွက်များ ရှာဖွေရန် တောင်ပေါ်သို့ စေလွှတ်လိုက်သည့်အခါတိုင်း၊ဟင်းသီးဟင်းရွက်များကို ရွာသားများ ဖွက်ယူသိမ်းဆည်းခြင်း မရှိရန် စစ်သည်များက အသဲအသန်ရှာဖွေကြသည်။

ယီယွင်သည် ခြင်းတောင်းကို ထမ်းပြီး ကျန်းရှောင်ယုနှင့်အတူ တောင်ပေါ်သို့တက်ရင်း သိုင်းလောကရဲ့ အဆင့်များအကြောင်းကို မေးလျှက်ရှိသည်။

သိုင်းပညာ၏ အနိမ့်ဆုံးအဆင့်ကို “သွေးအဆင့်”ဟုခေါ် ပြီး အနိမ့်ဆုံးအဆင့်ရှိ သူရဲကောင်းများကို “သွေးစစ်သည်”ဟုခေါ်သည်။

“‌သွေးအဆင့်”သည် ၎င်း၏အဆင့်များအတွက် တိကျသောသတ်မှတ်ချက်မရှိသော်လည်း သိုင်းပညာရှင်အသိုင်းအဝိုင်းမှအသုံးပြုသော ယေဘုယျအသုံးအနှုန်းတစ်ခုမျှသာဖြစ်သည်။

“‌ သွေးစစ်သည်”တို့သည် ၎င်းတို့သည် သာမန်သွေးဖြင့် သေဆုံးခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

“‌ သွေးစစ်သည်”များသည် သာမာန်အဆင့်စစ်သည်များသာဖြစ်သည်။ သူတို့သည် သိုင်းပညာကို လေ့ကျင့်ခဲ့ကြသော်လည်း အခြားသောလူများကဲသို့ သေခြင်းမှမလွှတ်မြောက်နိုင်ပေ။

သို့သော် သွေးစစ်သည်များသည် သာမန်လူများထက် များစွာသန်မာကြသည်။ကျားတကောင်ကဲ့သို့ တိုက်ခိုက်နိုင်ပြီး မြင်းများကဲ့သို့ လျင်မြန်စွာ ပြေးနိုင်ကြသည်။

သွေးစစ်သည်များတွင် အဆင့်ငါးဆင့်ရှိသည်။ ပထမအဆင့်- ရဲစွမ်းသတ္တိရှိမှု၊ ဒုတိယအဆင့်- သန်မာကြံ့ခိုင်မှု၊ တတိယအဆင့်- ဖြတ်လတ်မှု၊စတုတ္ထအဆင့်-ပြန်လည်ကုသနိုင်စွမ်းနှင့် ပဉ္စမအဆင့်- ချီစွမ်းအင်ထိန်းသိမ်းနိုင်စွမ်း ဟူ၍ဖြစ်သည်။

သွေးစစ်သည်၏ ပထမအဆင့်ကို စဉ်ဆက်မပြတ် အလေးမခြင်း၊ ပြေးခြင်း၊ စုပုံခြင်း၊ နပန်းလုံးခြင်း၊ ဂျင်ဆင်း၊သမင်ချိုများ၊ အသားများနှင့် အမျိုးမျိုးသော အဖိုးတန် အစားအစာများစားသုံးခြင်းဖြင့် ရရှိနိုင်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖြည်းဖြည်းချင်း မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏ ခွန်အားနှင့် အရှိန် တိုးတက်လာ‌အောင် လေ့ကျင်ရခြင်းဖြစ်သည်။

ယီယွင်သည် မိမိ၏လက်ရှိအဆင့်ကို ပထမအဆင့် ရဲစွမ်းသတ္တိရှိမှု အဆင့်တွင်ရှိမည် သတ်မှတ်ခဲ့သည်။ယီယွင် ခွန်အားသည် ပေါင် ၃၀၀ ခန့်အထိ မလာနိုင်ပြီး အရှိန်မှာလည်း ကျောက်ထိုင်ကျူထက် နှစ်ဆမြန်သည်။

ယီယွင်သည် အသက် ဆယ့်နှစ်နှစ်သာရှိသေးသော်လည်း စစ်သည်အများစုထက် များစွာ သန်မာသည်ဟု ယူဆရပြီး ခန္ဓာကိုယ်၏ကြံ့ခိုင်မှုသည် တခြားစစ်သည်များနှင့် ယှဉ်နိုင်သည်။

သို့သော် ထိုမျှကြံခိုင်မှုသည် သိုင်းပညာသို့ ပထမဆုံးခြေလှမ်းဟုပင် မယူဆနိုင်ပေ။

သွေးအဆင့် ၂ အတွက် သန်မာကြံ့ခိုင်မှုသည် ကြာရှည်စွာအသက်အောင့်နိုင်သော ကြံ့ခိုင်မှု အလွန်ကောင်းမွန်သော သိုင်းပညာရှင်ကို ရည်ညွှန်းသည်။ ကောင်းစွာလေ့ကျင့်ထားသော အသက်ရှူနည်းစနစ်တစ်ခုသည် အသက်တစ်ချက်ရှူရုံဖြင့် လေမြှားကို ဖန်တီးနိုင်သည်။

ထိုအသက်ရှူစနစ်သည်“မြွေကဲ့သို့ လျင်မြန်တိတ်ဆိတ်စွာ လှုပ်ရှားနိုင်စွမ်းရှိသည်" ဟု လူသိများသည်။ ဆောင်းရာသီ၏မြူဆိုင်းသော မနက်ခင်းမှာတောင် ထိုလေမြှားတစ်စင်းက ငါးပေအကွာအဝေးအထိ ပစ်မှတ်ကိုတိကျစွာပစ်နိုင်သည်။

သွေးအဆင့်၂ သန်မာကြံ့ခိုင်မှုအဆင့်ရှိသူတစ်ဦးသည် သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းထပ်သုံးဆမြန်မည်ဖြစ်သည်။အသက်ရှူတိုင်းတွင် သက်ရောက်မှုများဖြစ်ပေါ်နိုင်သည်။ထိုသို့သော စစ်သည်တော်သည် မောပန်းခြင်းမရှိဘဲ မြင်းတစ်ကောင်ကဲ့သို့ တစ်နာရီအတွင်း လျင်မြန်စွာပြေးနိုင်သည်။

တတိယအဆင့် ဖြတ်လတ်မှုသည် ခန္ဓာကိုယ်၏ သွေးလည်ပတ်မှု၊ ကြွက်သားနှင့် အရိုးများ၏ ပြီးပြည့်စုံမှုကို ရည်ညွှန်းသည်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားပြီး ခြင်္သေ့ကဲ့သို့ တည်ငြိမ်ဖြတ်လတ်စွာလှုပ်ရှားနိုင်သည် ။

စတုတ္ထအဆင့် ပြန်လည်ကုသနိုင်စွမ်း ဆိုသည်မှာ ပြန်လည်ကုသနိုင်သောစွမ်း တစ်ဆယ့်နှစ်ပါးနှင့် အတွင်းအားဖြည့်ဆည်းခြင်းတို့ကို ရည်ညွှန်းပြီး ပြန်လည်ကုသနိုင်စွမ်းသည် သွေးလည်ပတ်မှုကို ပြီးပြည့်စုံစေသည်။ ဤအဆင့်သို့ရောက်သောအခါ၊ သိုင်းပညာရှင်သည် ကမ္ဘာမြေမှ ယွမ်ချီစွမ်းအင်ကို ခံစားနိုင်ပြီသည်။

ပဉ္စမအဆင့် ချီစွမ်းအင်ထိန်းသိမ်းနိုင်စွမ်း သည် စတုတ္ထအဆင့် ပြန်လည်ကုသနိုင်စွမ်းကို အထောက်အကူပြုသည်။ သိုင်းပညာရှင်တစ်ဦးသည် ကမ္ဘာမြေမှယွမ်ချီစွမ်းအင်ကို ခံစားနိုင်ပြီး ၎င်း၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး စွမ်းအင်များကိုထိန်းသိမ်းနိုင်သည်။

ချီစွမ်းအင်ထိန်းချုပ်နိုင်စွမ်း၏ အဓိကအရေးပါမှုမှာ၊ ကမ္ဘာ‌မြေ၏ယွမ်ချီသည် ခန္ဓာကိုယ်ကို ပြောင်းလဲစေပြီး လူတစ်ဦးအား ပြန်လည်နုပျိုစေကာ သွေးအရောင်မှာ ခရမ်းရောင်အဖြစ်သို့ ရောက်ရှိသွားစေသည်။အတိအကျပြောရလျှင် ထိုခရမ်းရောင်သွေးအဆင့်သည် ကိုယ်ခံပညာလေ့ကျင့်မှု၏ အစဖြစ်သည်။

သွေးအဆင့်စစ်သည်တော်သည် သတ်မှတ်ထား‌သောအဆင့်၅အထိ လေ့ကျင့်နိုင်ပါက ခန္ဓာကိုယ်သည် ပြောင်းလဲသွားမည်ဖြစ်သည်။

ခရမ်းရောင်သွေးစစ်သည်သူရဲကောင်း အဆင့်ထဲသို့ ဝင်ရောက်လာချိန်တွင် သွေးအားလုံးသည် ပြဒါးကဲ့သို့ လေးလံလာပြီး သွေးသည် နေ‌ရောင်ထဲတွင် ခရမ်းရောင်အဖြစ် ပေါ်လာမည်ဖြစ်သည်။ထိုသိုပြောင်းလဲသွားအတွက်ကြောင့် ခရမ်းရောင်သွေးစစ်သည်ဟု နာမည်ပေးထားခြင်းဖြစ်သည်။

ခရမ်းရောင်သွေးအဆင့်သို့ ဝင်ရောက်လာသော စစ်သည်များသည် အလွန်အားကောင်းပြီး မျိုးနွယ်စုငယ်များကို ကာကွယ်ပေးနိုင်ကြသည်။ ထို့ကြောင့် ခရမ်းရောင်သွေးစစ်သည်တစ်ဦးသည် တော၌ အလွန်မြင့်မားသောအဆင့်အတန်းကို ခံစားကြရသည်။

ခရမ်းရောင်သွေးစစ်သည်တစ်ဦးအား သေးငယ်သောမျိုးနွယ်စုတွင် ဧကရာဇ်တစ်ပါးအဖြစ် သဘောထားမည်ဖြစ်သည်။ မျိုးနွယ်စုဝင်တိုင်းသည် မိမိ၏ ညွှန်ကြားချက်ကို နာခံကြမည်ဖြစ်သည်။ ထိုသို့ကြီးမားသော ထိန်းချုပ်နိုင်စွမ်းရှိပြီး မျိုးနွယ်စု၏ အသက်နှင့် သေဆုံးမှုအထိပါ ဆုံးဖြတ်နိုင်စွမ်းရှိလာမည်ဖြစ်သည်။

မျိုးနွယ်စုရှိ လှပသောအမျိုးသမီးများအားလုံးသည် ခရမ်းရောင်သွေးစစ်သည်တော်၏ ရွေးချယ်မှုကိုခံရမည်ဖြစ်သည်။ ခရမ်းရောင်သွေးစစ်သည်တော် ရွေးချယ်မှုခံရ‌သော အမျိုးသမီးများသည် မျိုးနွယ်စု၏ ဘိုးဘေးမိသားစုဖြစ်ခဲ့လျှင်ပင် ရွေးချယ်ခွင့်ရှိမည်ဖြစ်သည်။

ဘယ်မိန်းကလေးကမှ ယာဂုနည်းနည်းစားပြီး မရေရာတဲ့ဘဝတွင် မနေချင်ပေ၊ မျိုးနွယ်စုကိုဦးဆောင်နေတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ အသွင်အပြင်က သူမကို ပိုမိုကောင်းမွန်တဲ့ဘဝဆီ ပို့ဆောင်ပေးနိုင်တဲ့ သူရဲကောင်း၏ အရွေးချယ်မှုခံရပါက ငြင်းမည်မဟုတ်ပေ။ဒီခေတ်မှာ လူတွေက အထူးသဖြင့် မိန်းမတွေက သန်မာတဲ့သူတွေကို ပိုမိုရွေးခြယ်ကြသည် ...

"ယွင်အာ၊ ငါ အသီးအနှံတွေ ခူးဖို့ အပေါ်ကို တက်မယ်၊ပီးရင် မင်း ကောက်ဖို့ ငါအောက်ချ‌ပေးမယ်။"ဟုကျန်းရှောင်ယုက အပင်‌ပေါ်တက်ရန် ကြိုးစားရင်း ပြောနေသည် လျှိုင်မျိုးနွယ်၏ဆးဖက်၀င်တောင်သည် ကျယ်ပြန့်သော မြေပြင်တွင်ရှိသော်လည်း အလွန်အန္တရာယ်များသော တောင်ဖြစ်သည်။

ဆေးဖက်ဝင်အပင်အများစုသည် ချောက်ကမ်းပါးများတွင် ပေါက်သောကြောင့် အလွယ်တကူ ခူး၍မရပေ။

သစ်ဥသစ်ဖုတွေကောက်ဖို့ ချောက်ကမ်းပါးကိုတက်ရသည်မှာ အလွန်အန္တရာယ်များသောအလုပ်ပင်ဖြစ်သည်။ယီယွင်သည် အတိတ်တွင် ထိုသို ဆေးဖက်၀င်အပင်ရှာရင်း ချောက်ကမ်းပါးမှ ပြတ်ကျသေဆုံးခဲ့သည်ဖြစ်သည်။

ယီယွင်ပြန်လည်ရှင်သန်လာသောအခါ ကျန်းရှောင်ယု သည် ယီယွင်ကို ချောက်ကမ်းပါးသို့ တက်ခွင့်မပေးတော့ပေ။

ယီယွင်က ကျန်းရှောင်ယုကို စွန့်စားခြင်းမပြုရန် “အစ်မ၊ အောက်က အသီးအနှံတွေကိုပဲ ခူးပြီး အပေါ်ကဟာ‌တွေ ထားလိုက်တော့”ဟုပြောနေသည်

"ယွင်အာ လိမ်နေတာကို ရပ်လိုက် မင်း အခုမှ ပြန်ကောင်းလာပြီး၊ မင်း ဘယ်လိုလုပ်အပင်‌ပေါ်တက်နိုင်မှာလဲ..."အပင်ပေါ်သို့ မျောက်တစ်ကောင်လို သွက်သွက်လက်လက်နဲ့ တက်လာသော ယီယွင်ကိုမြင်တော့ ကျန်းရှောင်ယုက‌ အော်ပြောလိုက်သည်။

“ယွင်…ယွင်အာ…” ကျန်းရှောင်ယုက ယီယွင်တက်လာတာကို မြင်လိုက်ရသည်။ သူသည် ဒေါင်လိုက်ဖြစ်‌နေသော ချောက်ကမ်းပါးကို တက်နေသည်။ယွင်အာက ဘယ်တုန်းက ဒီလောက် သွက်လက်လာတာလဲ။

ချောက်ကမ်းပါးမှ ဟင်းသီးဟင်းရွက်များကို ခူးယူခြင်းသည် အမြင့်သို့တက်ခြင်းမျှသာ မဟုတ်ပေ။ ၎င်းသည် အတွေ့အကြုံနှင့် ဆေးဖက်ဝင်အပင်များနှင့် အကျွမ်းတဝင်ရှိရန်လိုအပ်သည်။အပင်တို့၏ကြီးထွားနိုင်ခြေအရှိဆုံးနေရာများကိုသိရန် လိုအပ်သည်။

ဥပမာအားဖြင့်၊ အချို့သောဆေးဖက်ဝင်အပင်များသည် အရိပ်ကိုပိုနှစ်သက်ကြပြီး အချို့သောဆေးများသည် နေရောင်အောက်တွင်ရှိခြင်းကို နှစ်သက်ကြသည်။ အချို့ဆေးဖက်ဝင်အပင်များသည် ခြောက်သွေ့ခြင်းကို နှစ်သက်ကြပြီး အချို့ကမူ အစိုဓာတ်ကို နှစ်သက်ကြသည်။

ယီယွင် သည် လွန်ခဲ့သည့်ရက်က ဆေးဖက်ဝင်အပင်များအကြောင်း သိရှိခဲ့ရသော်လည်း အပင်အားလုံးကိုမှု မမှတ်မိနိုင်ပဲရှိနေသည်။

ယီယွင်သည် ချောက်ကမ်းပါးသို လျင်မြန်စွာတက်နိုင်သော်လည်း ဆေးဖက်၀င်အပင်များအကြောင်း ကောင်းစွာ မသိသောကြောင့် အလုပ်မတွင်ပဲ ရှိနေလေသည်။

ယီယွင်သည် ရှစ် မီတာအမြင့်သို့ရောက်ရှိနေစဉ် မလှမ်းမကမ်းအကွာအဝေးရှိ ကျောက်တုံးကြီးတစ်ခုမှ အလင်းအစက်များ ထွက်လာသည်ကို တွေ့လိုက်ရသည်။

အလင်းစက်များသည် ယီယွင် ၏ရင်ဘတ်ထဲသို့ မပျံသန်းမီ လေထဲတွင် စက္ကန့်အနည်းငယ်မျှ ဝေ့‌ဝိုက်လည်ပတ်နေသည်။

ထိုနောက်မှာတော့ ခရမ်းရောင်သလင်းကျောက်ရဲ့ အေးမြမှုကို ခံစားလာပြီး သွေးကြောများမှ စွမ်းအင်တွေ စီးဆင်းသွားပြီး ယီယွင် စွမ်းအင်များပေးနေသည်ဟု ခံစားနေရသည်။

ထိုခံစားချက်မှာ ခရမ်းရောင်သလင်းကျောက်သည် စွမ်းအင်စုပ်ယူနေခြင်းဖြစ်သည်ကို ယီယွင်ကောင်းစွာ နားလည်သည်။

“ဖြစ်နိုင်မလား…”

ယီယွင်သည် အလွယ်တကူ တွယ်တက်ပြီး ကျောက်တုံးကြီးအောက်ကို ကြည့်လိုက်ရာ သူ့လက်သီးအရွယ် နီရဲနေသော အသီးအနှံများကို တွေ့လိုက်ရသည်။

Dan Guo သည် အရည်အသွေးနိမ့်သော ခရမ်းရောင်သွေးဆေးပင်ဖြစ်ပါသည်။ အပင်မှာ သက်တမ်းနှစ်ဆယ်ကျော်လောက် ရှိမည်ဟု ယီယွင်ခန့်မှန်းနေသည်။

ယီယွင်က ဝမ်းသာအားရဖြင့် ထို ဒန်ဂေါင် အသီးများကိုခူးနေသည် ထိုနောက် အလင်းအစက်ကလေးများမှာ တခုပြီးတခု ထွက်လာသည်။

စက္ကန့်အနည်းငယ်အကြာတွင် အလင်းအစက် အရေအတွက်မှာ တဖြေးဖြေးတိုးလာသည်။ ဒန်ဂေါင် ၏ မျက်နှာပြင်သည် အနည်းငယ် တောက်ပနေသောကြောင့် အလင်းများဖြာထွက်နေသည်။

ခရမ်းရောင်သလင်းကျောက်သည် ဒန်ဂေါင် ၏ စွမ်းအင်များကို စုပ်ယူနိုင်သည်။

All Chapters