← Chapters

စွမ်းအင်အားလုံးကို စုဆောင်းခြင်း

Vol. 1 Ch. 14

စွမ်းအင်အားလုံးကို စုဆောင်းခြင်း

Vol. 1 Ch. 14

“ဤခရမ်းရောင် သလင်းကျောက်သည် ဆေးဖက်ဝင်အပင်များ၏ စွမ်းအင်ကိုစုပ်ယူနေသလား ဟုတ်တယ်၊ ဆေးဖက်ဝင်အပင်တွေမှာ ‘စွမ်းအင်‌တွေ’ပါတာနေမယ်”

"ဆေးဖက်ဝင်အပင်တွေစားပြီးရင် သူရဲကောင်းတစ်ယောက်ဟာ ပိုသန်မာလာလိမ့်မယ်။ သူတို့ရဲ့ခန္ဓာကိုယ်က ဆေးဖက်ဝင်အပင်ရဲ့စွမ်းအင်စုပ်ယူပြီး ခွန်အားအဖြစ် ပြောင်းလဲပေးတာဖြစ်မယ်"

ယီယွင် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မီး၊ ရေနွေးငွေ့များ၊အဝတ်များကို ပွတ်တိုက်ရာမှထွက်လာသော လျှပ်စစ်ကို အသုံးပြုခဲ့ပြီး ယီယွင် ခံစားရသော "စွမ်းအင်”ရရှိအောင်စမ်းသပ်ခဲ့သည်။

သို့သော် ခရမ်းရောင်သလင်းကျောက်သည် ထို "စွမ်းအင်" ကို မစုပ်ယူနိုင်ပေ။

ခရမ်းရောင်သလင်းကျောက် စုပ်ယူနိုင်သော စွမ်းအင်တွေမှာ ကြယ်ရောင်၊ တောတွင်းသားရဲတို့၏အရိုးများ၊ ဆေးဖက်ဝင်အပင်များ နှင့် လျှိုင်ချမ်းယု၏တိုက်ခိုက်မှုမှ ယွမ်ချီစွမ်းအင်တို့သာဖြစ်သည်။

သေသေချာချာ စဉ်းစားကြည့်လျှင်၊ အားနည်းတဲ့ ကြယ်ရောင်တွေအပြင် စွမ်းအင်များသည် ဒီကမ္ဘာမှသိုင်းပညာရှင်များ၏ လေ့ကျင်ရေးလုပ်ငန်းစဉ်များနှင့် အလွန်သက်ဆိုင်နေသည်။

ကြယ်အလင်းများဖြင့်ပင် အတွင်းအားစုဆောင်းနိုင်ကြသည်။ ဤကမ္ဘာကြီးသည် ကြယ်အလင်းကို စုပ်ယူနိုင်‌သော အတွင်းအားစုသည်စနစ်ပင် ရှိကောင်းရှိနိုင်သည်။

အရိုးများနှင့် ဆေးဖက်ဝင်အပင်များမှာ သိုင်းပညာရှင်များအတွက် ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပေးသည့် ပစ္စည်းကောင်းများဖြစ်ကြောင်း ပြောရန်တောင် မလိုပေ။

ခရမ်းရောင်သလင်းကျောက်သည် သိုင်းလေ့ကျင့်ရာတွင် အထောက်အကူပြုသည့် စွမ်းအင်များကိုသာ စုပ်ယူနိုင်ပုံရသည်။

သို့သော်၊ ခရမ်းရောင်အရည်ကြည်သည် ဒိန်ဂေါင် ဆေးဖက်ဝင်အပင်၏ စွမ်းအင်ကို စုပ်ယူပြီးနောက်၊ထို ဒိန်ဂေါင် အပင်သည် ‌အစွမ်းထက်သေးလားကို ယီယွင် မသိချေ။

“အစွမ်းမထက်တော့တာလဲဖြစ်နိုင်တယ်”

ဒိန်ဂေါင်အပင်သည် အမှန်တကယ်တွင် ဆေးဖက်ဝင်အပင်များထက်ပိုသော အစွမ်းများရှိနေသေးသည်။ ဒိန်‌ဂေါင်အပင်မှာ အစိမ်းစားလို့မရသည်ကို ယီယွင် သိထားသည်။၎င်းအပင်ကို အထူးနည်းလမ်းဖြင့် ချက်၍စွမ်းအင်ထုတ်ယူရမည် ဖြစ်သည်။ထိုအထူးနည်းလမ်းကို မျိုးနွယ်စု၏ အကြီးအကဲပိုင်းမှလူများသာလျှင် သိနိုင်သည်။

ဒိန်ဂေါင်အပင် အပြင် လျှိုင်မျိုးနွယ်စု၏ဆေးဖက်၀င်တောင်ရှိ အခြားဆေးဖက်ဝင်အပင်များအားလုံးကို နဂိုအတိုင်းစားလိုက်လျှင် အဆိပ်သင့်မည်ဖြစ်သည်။အစွမ်းများမရရှိရုံသာမက အစာကြေရန်ခက်ခဲကာ ကိုယ်အတွင်းမှ သွေးများပါ စိမ့်ထွက်လာမည်ဖြစ်သည်။

ထိုသို့အဆိပ်သင့်ခြင်းမဖြစ်ပါက လျှိုင်မျိုးနွယ်စုက လူများကို တောင်ပေါ်ကနေ ဟင်းသီးဟင်းရွက်တွေကို အလွယ်တကူ ခူးခွင့်ပေးမည်မဟုတ်ပေ။ ခူးလာသောအသီးအနှံတွေကို ခိုးယူစားရင် ဘယ်သူကမျှသိမည် မဟုတ်ပေ။

သို့သော် ခရမ်းရောင်သလင်း‌ကျောက်သည် ဒိန်ဂေါင်ဆေးဖက်ဝင်အပင် ၏ စွမ်းအင်ကို စုပ်ယူပြီးနောက် ယီယွင် ၏ ခန္ဓာကိုယ်ကို အဆိပ်အတောက် မဖြစ်စေဘဲ စွမ်းအင်ကို ဖြည့်တင်းပေးလျှက် ရှိသည်။၎င်းသည်ခရမ်းရောင်သလင်းကျောက်၏ မှော်ဆန်သော အရာများထဲမှတခု ဖြစ်သည်။

ရှုပ်ထွေးနေသော စွမ်းအင်များကို စုပ်ယူပြီး ယီယွင်အတွက် စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသည်။ယီယွင်မှာမူ မည်သူမှမသိဘဲ တောင်ပေါ်ရှိ ဆေးဖက်၀င်စွမ်းအင်များကို စုပ်ယူနိုင်သည်။ ထိုအကြောင်းကို သိလိုက်ရတော့ ယီယွင်က ရယ်လျှက်ရှိနေသည်။

"ယွင်အာ မင်း ဘာ‌တွေရယ်တာလဲ"ကျန်းရှောင်ယု က အော်လိုက်သည်။ သူမက ယီယွင် မြင့်မားလှသော ကျောက်ဆောင်အမြင့်ပေါ် ပြုတ်ကျ၍ ထိခိုက်သွားမည်ကို စိုးရိမ်နေသည်။

"အမ ရှောင်ယု၊ ဒါက ဘာလဲဆိုတာ ကြည့်ပါဦး" ယီယွင်သည် အစွမ်းမရှိတော့တဲ့ ဒိန်ဂေါင်အပင် ကို နှုတ်ပြီး ပစ်ချလိုက်သည်။

"ဒိန်ဂေါင် ဒါ အကြီးကြီးပဲ"

ကျန်းရှောင်ယု ကျေနပ်သွားသော်လည်း ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ထိုဒိန်‌ဂေါင်အပင် သည် အစွမ်းထက်သော်လည်း မိမိမောင်အား ထိုအစွမ်းကို အသုံးပြုရန် ကုသရန်မတတ်နိုင်သောကြောင့် ဖြစ်သည်။လျှိုင်ချမ်းယုလို မျိုးနွယ်စုရှိ လူကြီးများကသာ အစွမ်းများကိုထုတ်ယူသုံးစွဲမည်သာမည်ဖြစ်သည်။

ကျန်းရှောင်ယု သည် ၀မ်းနည်းစွာဖြင့် ဒိန်ဂေါင်အပင်ကို ခြင်းတောင်းထဲတွင် သိမ်းဆည်းခဲ့သည်။

သူတို့၏တာဝန်မှာ လူတစ်ဦးလျှင် ဟင်းသီးဟင်းရွက် ၈ အောင်စကို ရှာရန်ဖြစ်သည်။ လိုအပ်သောအလေးချိန်မှာ ထိုဒိန်‌ဂေါင်အပင်ဖြင့်ပင် လုံလောက်နေပြီဖြစ်သည်။ထို‌နေ့တွင် မောင်နှမနှစ်ယောက်စလုံး ကံကောင်းစွာဖြင့် ရိက္ခာ‌ဝေစုများကိုရရှိမည်ဖြစ်သည်။

အခြေနေမှာ ရင်နစ်ဖွယ်ရာဖြစ်သည်။ မိမိတို့မောင်နှမနှစ်ယောက်စလုံးသည် အသက်ကိုရင်း၍ ဆေးဖက်၀င်၀အပင်များကိုရှာရသည်။ ကံကောင်း၍ ရှားပါးသော ဆေးဖက်၀င်အပင်ကို မိမိမောင်မှာသက်စွန့်ဆံဖျားခူးလာပါသော်လဲ ထိုအရာအားလုံးကို အခြားသူလက်သို့ လွှဲပြောင်းပေးအပ် ရမည်သာဖြစ်သည်။

"ယွင်အာ၊ဒါနဲ့ လုံလောက်ပါပြီ၊ဆက်တက် မနေနဲ့တော့"

ကျန်းရှောင်ယု က ယီယွင်အမြင့်ကို ထပ်တက်နေသည်ကို တွေ့တော့ စိုးရိမ်တကြီးအော်လိုက်သည်။ ဆေးဖက်ဝင်အပင်များသည် မိမိတို့အတွက်မဟုတ်သောကြောင့် အသက်အန္တရာယ်ကို စွန့်စားရန် အဓိပ္ပာယ်မရှိပေ။

ယီယွင်သည် အနီးနားရှိ ထင်းရှူးပင်ကြီးတစ်ပင်အပေါ်မှ အလင်းရောင်အား မြင်လိုက်ရသောကြောင့် အမရှောင်ယု ပြောသည်ကို မကြားချင်ယောင်ဆောင်လိုက်သည်။

”ဟိုမှာ အပင်တွေ ရှိသေးတယ်။”

ယီယွင်သည် အကိုင်းအခက်များကို လက်တစ်ဖက်ထဲဖြင့် အလွယ်တကူ တွယ်တက်ကာ ထင်းရှူးပင်‌ပေါ်မှ ထီးပုံသဏ္ဍာန်ရှိသော အပင်ကို နှုတ်ယူလိုက်သည်။

“မှိုနက် ပဲဒါ ဒိန်ဂေါင် ထက် ပိုတန်ဖိုးရှိတယ်။”

ယီယွင် ဝမ်းသာသွားသည်၊မှိုနက်မှ စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။‌ အေးမြ‌သောသလင်းကျောက်မှခံစားချက်ကို ထပ်ခါထပ်ခါ ခံစားလိုက်ရသည်။

မှိုနက်မှ စွမ်းအင်သည် သူ့နှလုံးထဲသို့ ဝင်ရောက်သွားပြီး သူ၏ ကြွက်သားများကို အာဟာရဖြည့်ပေးကာ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ လည်ပတ်သွားသည်ကို ယီယွင် သိသည်။ ဒီခံစားချက်က ယီယွင်အတွက် သက်တောင့်သက်သာဖြစ်စေကာ နေလို့ထိုင်လို့ကောင်းစေသည်။

ယီယွင် သည် လွန်ခဲ့သော ရက်အနည်းငယ်တွင် ဆာလောင်မှုကို ခံစားနေခဲ့ရသည် ဖြစ်သည်။သွေးသန့်စင်ပြီးနောက် ယီယွင် သည် ယခင်ကထက် ပို၍ဆာလောင်မှုကို ခံစားခဲ့ရသည်။ယီယွင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားနေပြီး စွမ်းအင်ကို တောင့်တနေသော်လည်း အမဲလိုက်ရန် မစွမ်းဆောင်နိုင်‌သေးပေ။

အစားအစာ အများအပြားကိုစားခြင်းက စွမ်းအင်ကို ပေးစွမ်းနိုင်သော်လည်း ပုံမှန်အစားအစာများဖြစ်သည် ဟင်းသီးဟင်းရွက်များက စွမ်းအင်ကိုလုံ‌လောက်စွာမပေးနိုင်ပေ။ဒိန်ဂေါင် နှင့် မှိုနက် မှ ယီယွင် အတွက် လုံလောက်စွမ်းအင်များကိုရရှိခဲ့သည်။

မှိုနက်မှ စွမ်းအင်စုပ်ယူပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေကာ ခွန်အားများစွာ ပေးစွမ်းပြီး မျက်စိအမြင်ကို ကောင်းမွန်စေကြောင်း ယီယွင် သတိပြုမိသည်။ ဆယ်မီတာအကွာတွင် ပုရွက်ဆိတ်တ‌ကောင်၏ ဦးခေါင်းမှခြေထောက်အထိကို မြင်နိုင်သည်အထိ အစွမ်းများရရှိနေသည်။

မှိုနက်သည် မျက်စိအမြင်အာရုံကို ကောင်းမွန်စေနိုင်သည်။ယီယွင်သည် ဆေးပညာကို ကောင်းစွာမကျွမ်းကျင်သော်လည်း ထိုအဆင့်နိမ့်သောဆေးဖက်ဝင်အပင်များသည် ထူးခြားသောစွမ်းအင်များမရထုတ်န်ုကြောင်း သဘောပေါက်သည်။

မျိုးနွယ်စုမှအကြီးအကဲများသည် ထူးခြားသောဆေးအာနိသင်ကို ရှိစေရန်အတွက် ဆေးဖက်ဝင်အပင်အမြောက်အမြားကို အသုံးပြုရမည်ဖြစ်သည်။

သို့သော် ခရမ်းရောင်သလင်းကျောက်မှာမူ အပင်မှစွမ်းအင်ကို တိုက်ရိုက်ထုတ်ယူပြောင်းလဲနိုင်ကြောင်း ယီယွင်သိလာသည်။ ခရမ်းရောင်သလင်းကျောက်သည် ဆေးဖက်ဝင်အပင်များ၏ စွမ်းအင်ပါ၀င်မှုကိုလဲ တိုးစေနိုင်သည်။ယီယွင်သည် ဆေးဖက်ဝင်အပင် မှိုနက်ကို ကျန်းရှောင်ယုဆီသို့ ပစ်ချလိုက်သည်။

"မှိုနက်ပဲ ယီယွင်၊ မင်းကံကောင်းလှချည်လား"

ကျန်းရှောင်ယုသည် မယုံနိုင်လောက်အောင် အံသြနေသည်။ ထိုကဲ့သို့ အဆင့်အတန်းမြင့်သော အပင်နှစ်မျိုးလုံးကို တရက်ထဲဖြင့် ယီယွင်ရှာယူနိုင်ခဲ့သည်။

ယီယွင်က ဘာမှ‌မပြောပဲ ရယ်‌‌နေသည်။ ခရမ်းရောင်သလင်းကျောက်က၊ ဆေးပင်များအနီးသို့ ရောက်ပါက အလင်းအစက်များ ပေါ်လာပြီး ၎င်းတို့ဆီသို့ လမ်းညွှန်ပေး‌သည်ကို ယီယွင်တဦးထဲသာ မြင်ရသည်ဖြစ်သည်။ အဖိုးတန်ဆေးဖက်ဝင်အပင်များကို ယီယွင်ကအလွယ်တကူပင် ‌ရှာ‌ဖွေနိုင်လေသည်။

ထိုအချိန်တွင် ယီယွင်သည် အမြင့်သို့ ထပ်တက်နေပြီဖြစ်သည်။ ဆေးဖက်ဝင်အပင် နှစ်ခု၏ စွမ်းအင်များ ရရှိပြီးနောက် ပုံမှန်ထက် ပိုတက်ကြွလာတယ်လို့ ခံစားရပြီး ကျောက်တောင်များသို တွယ်တက်ရသည်မှာ လွယ်ကူလျှက်ရှိနေသည်။

ထိုနောက် ယီယွင်က ကြောက်ရွံ့မရှိပဲ အောက်သို့အလွယ်တကူ ဆင်းလာခဲ့သည်။နေရာပြောင်းပြီး ဆေးဖက်၀င်အပင်များကို ထပ်မံရှာဖွေနေသည်။

ယီယွင်သည် အပင်များမှစွမ်းအင်များကို စုပ်ယူလိုက်၊ ခူးပြီးအမရှောင်ယုဆီ ပစ်ချလိုက်ဖြင့် ပေါ့ပါးသွက်လက်နေသည်။

ဤ လျှိုင်မျိုးနွယ်စု၏ဆေးဖက်၀င်တောင်သည် ယီယွင်၏ ကိုယ်ပိုင်ရတနာသိုက်ကဲ့သို့ လှုပ်ရှားနေသည်။ရက်အတော်ကြာအောင် အစာငတ်ခဲ့ပြီး သူ့ကိုယ်သူ ကုသဖို့ ခွန်အားမရှိမှာကို စိုးရိမ်ခဲ့သည်၊သို့သော် လျှိုင်မျိုးနွယ်စု၏ဆေးဖက်၀င်တောင်က ယီယွင်ပြဿနာကြီးကို ဖြေရှင်းပေးခဲ့သည်။

ယီယွင်သည် ချောက်ကမ်းပါးပေါ်သို့ တက်လာခဲ့သည်။ ထိုချောက်ကမ်းပါးသည် အလွန်မြင့်မားပြီး လူအနည်းငယ်သာ ထိုနေရာသို့ တက်နိုင်သည်။ကျန်းရှောင်ယုရောက်နေသောနေရာမှာ ယီယွင်လှုပ်ရှား‌ နေသည်များကို မမြင်ရပေ။

"ယွင်အာ သတိထား"

ကျန်းရှောင်ယု ၏အသံသည် ချောက်ကမ်းပါးအောက်ခြေမှ ထွက်ပေါ်လာသည်။

"အမ ရှောင်ယု၊ စိတ်မပူပါနဲ့"

ယီယွင် သည် ကျောက်တုံးများကို အလွယ်တကူ ခုန်တက်ခဲ့ပြီး ကျောက်နံရံကိုပင် ကန်၍ အပေါ်‌သို့ခုန်တက်လာသည်။

ယီယွင်သည် ကျောက်တုံးအက်ကြောင်းများမှ အလင်းတန်းတစ်ခု ထုတ်လွှတ်သည်ကို သတိပြုမိသည်။

ထိုအလင်းသည် ယီယွင် ယခင်ကမြင်ဖူးသည့် အလင်းအစက်များထက် ဆယ်ဆပိုမိုတောက်ပနေသည်။

"အိုး ဒါက"

ယီယွင် အံ့သြသွားသည်။ ထိုကဲ့သို့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နိုင်ရန်မှာ ကျောက်တုံးအတွင်းမှ အပင်သည် အလွန်အဖိုးတန်သောအပင်ဖြစ်မည့်ဟု ယီယွင် တွေးနေသည်။

ကျောက်တုံးကြီးကို တွန်းဖယ်လိုက်ပြီး အထဲတွင် ခရမ်းရောင် ဂျင်ဆင်းကို တွေ့လိုက်သည်။လူအနည်းငယ်သာတက်နိုင်သော ချောက်ကမ်းပါးထိပ်တွင် လျှို့၀ှက်စွာ‌ ပေါက်‌နေသောကြောင့် ရှာဖွေတွေ့ရှိခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ရှင်သန်နေပုံရသည်။

ယီယွင်သည် ခရမ်းရောင်ဂျင်ဆင်း၏ စွမ်းအင်ကို ခရမ်းရောင်သလင်း‌ကျောက်က စွမ်းအင်စုပ်ယူရန် ပြောစရာပင်မလိုချေ။

ယီယွင်၏ခန္ဓာကိုယ်အတွင်းတွင် သလင်းကျောက်ကစုပ်ယူထားသော ခရမ်းရောင်အလင်းတန်းများဖြင့် ပြည့်နေသည်။ယီယွင်သည် သူ၏ အတွင်းအားများသည် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ စွမ်းအင်၏နွေးထွေးမှုကို တစ်ဟုန်ထိုး ခံစားလိုက်ရပြီး သူ့ခေါင်းပေါ်သို့ မရောက်မီ ခြေလက်များ ပူလာသည်။ဂျင်ဆင်းက ယီယွင် ၏ အာရုံငါးပါးကို ပို၍ ထက်မြက်စေပြီး သူ့ခြေလက်များ လွင့်မျောသွားသလို ခံစားလာရသည်။

ဒီခံစားချက်က အရက်မူးတာနဲ့ အတူတူပဲ။သူ့ခန္ဓာကိုယ်က ‌အနွေးဓာတ်များစီဆင်းနေသည်။ ယီယွင်သည် အဆုံးမရှိ စွမ်းအင်ရှိသကဲ့သို့ ခံစားခဲ့ရသည်။

ထိုနောက် ယီယွင်၏ တစ်ကိုယ်လုံး ယားယံပြီး နေရထိုင်ရခက်လာသည်။ ဘေးကိုကြည့်လိုက်တော့ ပေါင် ၃၀၀ လေးတဲ့ ကျောက်တုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။ယီယွင် သည် ပုရွက်ဆိတ်ပေါင်း သန်းပေါင်းများစွာ သူ့အပေါ်၌ တွားသွားသကဲ့သို့ ခန္ဓာကိုယ်မှ ယားယံခြင်းများကို ခံစားလာရသည်။သူသည် ကျောက်တုံးကြီးဆီသို့ လျှောက်လာပြီး မလိုက်သည်။

“တခါ နှစ်ခါ သုံးခါ”

ဆယ်ကြိမ်ထက်မနည်း ကျောက်တုံးကို မြှောက်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ပူနွေးသော ချွေးများ ထွက်လာသောအခါ ယားယံခြင်းများလဲ သက်သာသွားသည်။

ယီယွင်သည် သက်သာလာသည်ဟု မခံစားရသေးသောကြောင့် လေ့ကျင်ခန်းများထပ်လုပ်ရန်အတွက် ကျောက်ဆောင်ပေါ်သို့တက်လာသည်။

ကျောက်ဆောင်ပေါ်တွင် အကြိမ်နှစ်ဆယ်ခန့် ခုန်ပြီးနောက် ခြေဖဝါးများ ထုံကျင်လာသည်။တကိုယ်လုံးမှာလည်း ချွဲများဖြင့် ရွဲနေလေသည်။

ယီယွင်မှာ သူ့ခန္ဓာကိုယ်ရှိ အဆစ်များအားလုံး အက်ကွဲသံများ ထွက်ပေါ်လာသည်။

သိုင်းပညာရှင်များသည် လေ့ကျင့်ပြီးသောအခါတွင် သားရဲတို့၏အရိုးများကို စားသုံးပြီး သူ၏စိတ်နှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် ဆေးဖက်ဝင်အပင်များတွင် စိမ်လေ့ရှိသည်။

လေ့ကျင့်မှုလုပ်ပြီးတိုင်း ထိုသို့ အားဖြည့်ခြင်းကို နေ့စဉ်မလုပ်နိုင်ပေ။အကြောင်းမှာ အရိုးနှင့်ဆေးဖက်၀င်အပင်များမှာ အကန့်သတ်ဖြင့်သာရရှိသောကြောင့် ဖြစ်သည်။

ယီယွင် သည် ထိုခရမ်းရောင်ဂျင်ဆင်းကို မခူးခဲ့ပေ။

ထိုကဲ့သို့သောအဆင့်မြင့်ဆေးဖက်ဝင်အပင်များကို သာရှာတွေ့ခဲ့ပါက သံသယ ဖြစ်စေလိမ့်မည်။ ထို့အပြင်၊ယီယွင်က ဆေးဖက်ဝင်ဂုဏ်သတ္တိအားလုံးကို စုပ်ယူထားပြီးဖြစ်သည်။

သာမန်လူတစ်ယောက်က ဆေးဖက်၀င်အပင် ၈ အောင်စကို ရှာဖွေရန်မှာ မလွယ်ကူပေ။

ခရမ်းရောင်သလင်း‌ကျောက်က ယီယွင်ကို စွမ်းအင်များပေးပြီး ထက်မြက်တဲ့ အမြင်အာရုံတွေကြောင့် ဆေးဖက်ဝင်အပင်တွေကို အဝေးကနေ မြင်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်နာရီအတွင်းတွင်၊မိမိတို့‌မောင်နှမအတွက် လိုအပ်သော ဆေးဖက်ဝင်အပင် ၁၆ အောင်စကို ရှာဖွေနိုင်ခဲ့သည်။

ဆေးဖက်၀င်အပင်အားလုံးမှာ ခရမ်းရောင်သလင်းကျောက်က စွမ်းအင်စုပ်ယူထားသဖြင့် ၎င်းတို့အတွင်းမှ စွမ်းအင်များမှာ ကုန်ခမ်းနေပြီဖြစ်သည်၊သို့သော် အပြင်ပန်းမှာ လန်းဆန်းလျှက်သာရှိသေးသည်။

ယီယွင်သည် ဆေးပင်များကို ကျန်းရှောင်ယုဆီပေးခဲ့ပြီး လျှိုင်ချမ်းယုတို့ သံသယမဝင်စေရန် အပင်များကို အစောကြီးမပေးရန် ပြောသည်။

"ယွင်အာ... မင်းဘယ်လို ဒီလောက်မြန်မြန်ခူးလိုက်တာ..."

ကျန်းရှောင်ယုမှ မိမိမောင်မှာဟာ အချိန်တိုအတွင်း ဆေးဖက်၀င်အပင်များကို ရှာတွေ့သည်ကို အံသြလျှက်ရှိ‌ နေသည်။ “

"ကျွန်တော် ကံအရမ်းကောင်းလို့၊အမရှောင်ယုရေ အောက်မှာလုပ်စရာလေးတွေရှိသေးလို့ ကျွန်တော်သွားနှင့်ပြီ"

ထိုသို့ပြောရင်း ယီယွင်သည် တောင်‌ပေါ်မှဆင်းသွားလေသည်။

All Chapters