တိမ်ကိုးလွှာတွင် ဖြစ်ပေါ်နေသည့် မိုးခြိမ်းသံ၊ နှင့် အံ့အားသင့်ဖွယ်ရာ လေးတင်သံများ
Vol. 1 Ch. 15
လျှိုင်မျိုးနွယ်၏လေ့ကျင့်ရေးကွင်းတွင်…။
သန်မာသော လူအယောက်သုံးဆယ်သည် ကွင်းပြင်အလယ်၌ လေ့ကျင့်နေသဖြင့် ဖုန်မှုန့်များထောင်းထောင်းထနေသည်။
သူတို့မှာ လျှိုင် မျိုးနွယ်၏ စစ်သည်တော်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များဖြစ်သည်။ သူတို့ကို သင်ပေးတာက လျှိုင် မျိုးနွယ်စုရဲ့ နည်းပြဆရာ ယိုယွမ် ပါ။လျှိုင်မျိုးနွယ်စုတွင် သွေးစစ်သည် ပဉ္စမအဆင့်သို့ ရောက်ရှိနေသူများမှာ လျှိုင်မျိုးနွယ်စု အကြီးကဲကြီး၊ လျှိုင်ချမ်းယု နှင့် ယိုယွမ်တို့ သူရဲကောင်းသုံးဦးသာရှိသည်။
"ဘွန်း ဘန်း ဘန်းး"
လက်သီးထိုးချက်များမှထွက်လာသော အသံများက ကောင်းကင်သို့ ပျံ့နှံသွားသည်။ စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များသည် မျိုးနွယ်စုအတွက် ခက်ခဲကြမ်းတမ်းစွာ လေ့ကျင့်နေကြသည်။
ဆောင်းရာသီရောက်ခါနီးပြီဖြစ်သောကြောင့် တောကန္တာရကြီးထဲတွင် လေးအေးများမှာ စတင်တိုက်ခတ်လေပြီ၊ ပတ်၀န်းကျင်တွင် လေအေးများ တိုက်ခိုက်နေသော်လည်း စစ်သည်တော်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်တစ်ဦးစီတိုင်းသည် အပြင်းအထန်လေ့ကျင်နေရသဖြင့် ချွေးများဖြင့် ရွဲနေလျှက်ရှိကြသည်။
ကျောက်တုံးပေါ်တက်ပြီး နည်းပြဆရာ ယိုယွမ် က မျက်မှောင်ကြုတ်ကာ "ရပ်တော့"
ယိုယွမ်၏ အမိန့်ပေးသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သွားသည်။
လေ့ကျင့်နေသော စစ်သည်တော်များ ချက်ချင်းရပ်သွားသည်။
"မင်းကို 'ကျားနဂါးလက်သီးသိုင်း' သင်ပေးမယ်၊ အဲဒါ တိုင်အာအင်ပါယာက ပေးအပ်တဲ့ အခြေခံ ကျွမ်းကျင်မှုတွေထဲက တခုပဲ။"
“ဒီ 'ကျားနဂါးလက်သီးသိုင်း’မှာ သိုင်းကွက် ဆယ့်ရှစ်ခုပဲရှိပေမယ့် ပါဝင်နေတဲ့ သိုင်းကွက်တကွက်တိုင်းက နက်နဲသော အသိပညာများဖြင့် ပြည့်နေတာဖြစ်တယ်၊ မင်းက မိုက်မဲတဲ့ဝက်တွေလိုပဲ လှုပ်ရှားမှုတွေကိုပဲ သင်ယူနေရင် ဒီလို နက်နဲတဲ့ သိုင်းပညာအသိပညာကို နားမလည်နိုင်မှာမဟုတ်ဘူး၊ဟန်ဆောင်နေလည်း အသုံးမဝင်ဘူး”
ယိုယွမ်၏စကားများသည် စစ်သည်များကိုယ်တိုင် ပင်ပန်းစွာလေ့ကျင့်နေသည်များကို အပြစ်တင်နေလေသည်။
သို့သော်လည်း ယိုယွမ် သည် စစ်သူရဲပြင်ဆင်ရေးစခန်းတွင် ရာထူးကြီးသူဖြစ်သောကြောင့် မည်သူမျှ မပြောဝံ့ပေ။
လျှိုင်ချမ်းယုသည် သူ၏အနာဂတ်ကြောင့် ဂုဏ်သိက္ခာမြင့်မားသည်။ သူသည် ခရမ်းရောင်သွေးစစ်သည်တော် ဖြစ်လာနိုင်သည်၊ဒါမှမဟုတ် ခရမ်းရောင်သွေးစစ်သည်ထက်ပင် မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိနိုင်လေသည်။
ယိုယွမ်မှာ သူ့အတိတ်တွင်တိုက်ခိုက်ခဲ့မှုများကြောင့် ဂုဏ်သိက္ခာမြင့်မားသူ ဖြစ်သည်။ယိုယွမ် သည် လျှိုင် မျိုးနွယ်ဝင်မဟုတ်ပေ။ သူသည် ယခင်က ခရမ်းရောင်သွေးအဆင့်သို့ ရောက်ဖူးသော မျိုးနွယ်ပြင်ပမှလူတဦး ဖြစ်သည်။ သို့သော် ရန်သူများ၏ လိုက်ဖမ်းခြင်းကို ခံရစဉ်တွင် ဒဏ်ရာများရရှိခဲ့ပြီး သာမန်သွေးစစ်သည်တစ်ဦး၏ နယ်ပယ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
သူသည် ကြီးမားကျယ်ပြန့်သော တောကန္တာရသို့ ဝင်ရောက်ခိုလှုံကာ နှစ်အတော်ကြာ လျှိုင်မျိုးနွယ်စု တွင်နေထိုင်ခဲ့သည်။
ယိုယွမ်၏ စွမ်းအားများ ဆုံးရှုံးသွားသော်လည်း သူ့တွင် အတွေ့အကြုံနှင့် သိုင်းပညာများရှိသေးသည်။ စစ်သည်တော်ပြင်ဆင်ရေးစခန်းမှ စစ်သည်များအားလုံးက ယိုယွမ်က ပြန်လည်သင်ကြားပေးထားခြင်း ဖြစ်သည်။
လျှိုင်ချမ်းယု လို လူငယ်တစ်ယောက်သည် ကျွမ်းကျင်ပညာရှင်၏ လမ်းညွှန်မှုမပါဘဲ လျှိုင်မျိုးနွယ်စုငယ်တွင် ကြီးပြင်းလာခဲ့သူသည်၊ ခရမ်းရောင်သွေးစစ်သည်အထိ တတ်မြောက်နိုင်ရန် ယိုယွမ်ကသာ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။
"ဒီ 'ကျားနဂါးလက်သီး' ကို အထင်မသေးနဲ့။တိုင်အာ အင်ပါယာမှာတော့ အမြင့်ဆုံးသိုင်းကွက်က "တိုင်အာလျှို့ဝှက်နည်းစနစ်" ဖြစ်သော်လည်း အလွန်မြင့်မားတဲ့ သိုင်းပညာအဆင့်ကိုရောက်ပြီးမှသာ သင်လို့ရနိုင်မှာ ဖြစ်သည်။
ခရမ်းရောင်သွေးအဆင့်ထပ်နိမ့်တဲ့ လူတွေက ဒီသိုင်းကွက်အတွက်တော့ အသုံးမဝင်ပါဘူး။ ခရမ်းရောင်သွေးအောက်က သူတွေအတွက်တော့ 'ကျားနဂါးလက်သီး'၊ ဒီနည်းစနစ်ကအင်ပါယာ ရဲ့ တော်ဝင်မျိုးနွယ်ဝင်တွေတောင် လေ့ကျင့်ထားတာဖြစ်တယ်။”
"ကျားနဂါးလက်သီး"က ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံး သိုင်းကွက်ပဲ။၎င်း၏တန်ဖိုးကို တစ်မြို့လုံးနှင့် တိုင်းတာပါက မလုံလောက်နိုင်ပေ။တိုင်အာအင်ပါယာ သည် မျိုးနွယ်စုငယ်များကို သိုင်းပညာသင်ယူရန် အခွင့်အရေးပေးခြင်းဖြင့် အင်ပါယာ၏အင်အားကို မြှင့်တင်ပြီး ကြီးမားကျယ်ပြန့်သော တောကန္တာရကို ခြိမ်းခြောက်နေသော အန္တရာယ်များကို ရင်ဆိုင်ရန် အတွက်ဖြစ်တယ်။ဒါကြောင့် ဒီ’ကျားနဂါးလက်သီး’က တောတွင်းအန္တရာယ်တွေကို တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာ၊အဲသိုင်းကွက်ကို တတ်တာနဲ့ မင်းတို့ သိုင်းပညာအနာဂတ်မှာ အခြေခံကောင်းကောင်းရှိတာပဲ”
“သွေးစစ်သည်၏ ချီစွမ်းအင်ထိန်းချုပ်နိုင်သော အဆင့်သို့ရောက်ရန်၊ သင်တို့က ရဲစွမ်းသတ္တိ၊သန်မာကြံ့ခိုင်မှု၊ဖြတ်လတ်မှု၊ ပြန်လည်ကုသနိုင်စွမ်း အဲအဆင့်တွေကို ဖြတ်သန်းရပါမယ်၊ သင်တို့ရဲ့ခွန်အားတွေ အတွင်းအားတွေကိုစုစည်းထိန်းသိမ်းရမည်၊ ကြွက်သားတွေ၊အရိုးတွေနှင့် ကိုယ်တွင်းအစိတ်အပိုင်းတွေပါ သန့်စင်နေဖို့ လိုအပ်တယ်။
'ကျားနဂါးလက်သီး'ရဲ့ ဆယ်ရှစ်ခုမြောက် သိုင်းကွက်က၊ သင်တို့ရဲ့ ကြွက်သားနဲ့အရိုးတွေကို ပြန်လည်ပြုပြင်ပေးလိမ့်မယ်”
"ကျားနဂါးလက်သီး"ရဲ့ ပထမသိုင်းကွက် ခြောက်ကွက်ကို အမှန်တကယ် တတ်ကျွမ်းသွားရင် ပေါင်တစ်ထောင်ရှိတဲ့အိုးကို မနိုင်မှာဖြစ်တယ်။ အိုးတစ်လုံးကို မထားရင်း၊ ကိုးရှီလေးကို တခါထဲနိုင်တယ်၊ ပစ်လွှတ်လိုက်သော မြှားသည် ခြေလှမ်းတစ်ထောင် သွားလာနိုင်ပြီး သံကြိုးများကို ဖြတ်နိုင်သည် အထိပြင်းသည်”
ယိုယွမ် က အသံကျယ်ကျယ်နဲ့ ညွှန်ကြားခဲ့ပြီး ယီယွင်က ထိုစကားတစ်ခွန်းမှမလွတ်သွားစေရန် အာရုံစိုက်နားထောင်နေသည်။
“ပေါင်တစ်ထောင် အိုးကို မပြီး ကိုးရှိလေးကို ဆွဲကာ...”
ယီယွင် သဘောကျသွားသည်။ ဤကမ္ဘာတွင် ကိုးရှိသည် ပေါင် ၉၀၀ ခန့်ရှိသည်။
ယိုယွမ် ပြောတာကို နားထောင်ရင်း” ဒီ 'ကျားနဂါးလက်သီး' ဟာ တကယ့်ကို ကောင်းမွန်တဲ့ လက်သီးထိုးနည်းစနစ်ပဲ။ တိုင်အာ အင်ပါယာကို အားကောင်းဖို့အတွက် ဒီအခြေခံ လက်သီးထိုးနည်းစနစ်ကို မျိုးနွယ်စုငယ်တွေ ကိုပြန်သင်ပေးလိုက်တာဖြစ်မယ်။ တိုင်အာ အင်ပါယာရဲ့ ဘုရင်ဟာ ပညာရှိတွေရဲ့ အရည်အချင်းတွေတဲ့ ပြည့်စုံပုံပဲ"
ယီယွင်သည် လေ့ကျင့်ရေးကွင်းကို မျက်တောင်မခတ်ပဲ ကြည့်နေသည်။ သူသည် သိုင်းပညာကို တိတ်တဆိတ် လေ့လာရန် ထိုနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ယီယွင်သည် အာကာသအတွင်း အချိန်ကူးပြောင်းခြင်းမပြုမီ သင်ယူခဲ့သည့် လက်သီးချက်များသည် စစ်မှုထမ်းစဉ်အတွင်း စစ်ရေးလက်ဝှေ့ပွဲများတွင်သာဖြစ်သည်။ဤထူးဆန်းသောကမ္ဘာတွင် ထိုလက်သီးထိုးချက်များမှာ လမ်းပေါ်မှ ရန်ပွဲအဆင့်လောက်သာရှိမည် ဖြစ်သည်။
သူ၏ကြံ့ခိုင်မှုမှာ များစွာတိုးတက်ခဲ့သော်လည်း သိုင်းပညာနည်းစနစ်များမပါဘဲ၊ယီယွင်သည် တကယ့်ရန်သူနှင့် ယှဉ်လျှင် အားနည်းချက်ဖြစ်သွားလိမ့်မည်။
နည်းစနစ်မရှိရင် ယီယွင်၏အတွင်းအားစုဆောင်းခြင်းသည် အနာဂတ်မှာ ပိုနှေးကွေးသွားလိမ့်မည်ဖြစ်သည်။ပြဿနာပိုကြီးလေ အန္တရာယ်ပိုကြီးလေဖြစ်သည်။တိုင်အာအင်ပါယာ၏ 'တိုင်အာလျှို့ဝှက်နည်းစနစ်' သည် အလွန်တန်ဖိုးရှိမည်ဖြစ်သည်။
"မင်းတို့ကို ငါအရင်သရုပ်ပြမယ်။ သေချာကြည့်"
ယီယွင် အနီးကပ်အာရုံစိုက်နေချိန်တွင် ယိုယွမ် ၏အသံက ကျယ်လောင်လာသည်။
"ဒီလှုပ်ရှားမှုကို ' တောင်ပေါ်ကကျားရိုင်း' လို့ ခေါ်တယ်။ အရွတ်တွေကို သန်မာဖို့ လေ့ကျင်တယ်"
ယိုယွမ်က သစ်သားသစ်တိုင်တစ်ခုရှေ့တွင် ရပ်လိုက်ပြီး ဘယ်ခြေကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။ ညာဖက်ဒူးကို မညွှတ်ခင် ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်က ကွေးညွှတ်နေပြီး၊ သူ့နောက်ကျောက လေးကဲ့သို့ ကွေးနေပြီး အသံများ ထွက်ပေါ်နေသည်။
ဤကိုယ်ဟန်အနေအထားသည် အလွန်ထူးဆန်းနေသော်လည်း လေးတင်သည် ပုံစံနှင် တူသည်ဟုခံစားနေရသည်။ ယိုယွမ်၏ ညာဘက်လက်သီးသည် မြှားကဲ့သို့ပင်။
ယိုယွမ်ရုတ်တရက် ပြောင်းသွားသည်။
သူ့ခန္ဓာကိုယ်က ရုတ်တရက် ဖြောင့်စင်းသွားတယ်။
"ဘန်းးးး--"
ယီယွင်သည် ယိုယွမ် ၏ ခန္ဓာကိုယ်မှ အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
ယိုယွမ်၏ ညာလက်သီးသည် လျှပ်စီးများသကဲ့သို့ လှုပ်ရှားသွားပြီး သစ်သားတိုင်ကို ထိသွားသည် ။
"ဗုန်းးးး"
သစ်သားတုံးက ကွဲသွားတယ်။
အနီးနားရှိ စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များက အော်ဟစ်လိုက်ကြသည်။
"ဆရာ ယို က အံ့သြစရာပဲ"
"ဟင်၊ဒီလောက်ကြီးတဲ့ သစ်တုံးကို လက်သီးနဲ့ ခွဲလိုက်တယ်။ဆရာ ယို က သတ္တုလက်သီးထိုးစနစ် ကို သင်ပေးနေတယ်"
စစ်သည်များသည် ယိုယွမ် ကို အစတွင်ကြောက်ကြသော်လည်း သူတို့အားလုံးသည် အမှန်တကယ်ပင် လေးစားလျှက်ရှိကုန်ကြသည်။ ကျယ်ပြောလှသော တော၌ သန်မာသော သူရဲကောင်းတို့မှာ တွေ့ရန်မလွယ်ကူပေ။
စစ်သည်များထံမှ အံဩချီးကျူးခံရသော်လည်း ယိုယွမ်မှာ တည်ငြိမ်သောမျက်နှာဖြင့်
"မင်းတို့မြင်သမျှ ငါ့လက်သီးတွေပဲ"
"ဟမ် ငါအရင်ကပြောခဲ့တယ်၊ ဒီ ' တောင်ပေါ်ကကျားရိုင်း' က မင်းရဲ့အရွတ်တွေကို လေ့ကျင့်ပေးတဲ့ လှုပ်ရှားမှုတစ်ခုပဲ၊ ငါ့လက်သီးက သစ်တုံးဖျက်ဆီးနိုင်ရတဲ့အကြောင်းရင်းက ငါ့လက်သီးသန်မာတာကြောင့်မဟုတ်ဘဲ၊ ငါ့အရွတ်တွေကို အသုံးပြုထားတာကြောင့်ပါ။"
"လူတိုင်းရဲ့ခန္ဓာကိုယ်ဟာ ရတနာတစ်ပါးပါ။ တိုင်အာလို နတ်ဘုရားအင်ပါယာမှာ ‘ကြယ်ပစ်လေး’လို့ အမည်ပေးထားတဲ့ ရတနာလေးတစ်ချောင်းရှိတယ်ဆိုတာ မင်းသိလား။အဲဒီ လေးကြိုးကို ဘာနဲ့လုပ်ထားတာလဲ မင်းတို့သိလား"
ယိုယွမ် က မေးတဲ့အခါ စစ်သည်များမှာ မသိလျှက်ရှိကြသည်။’ကြယ်ပစ်လေး’ ဆိုတာကိုတောင် တစ်ခါမှ မကြားဖူးဘဲ လေးကြိုးကဘာနဲ့လုပ်လဲဆိုတာ ဘယ်လို သိနိုင်မလဲ
"ပိုးနဲ့လုပ်ထားတာလား။"
“ ဒဏ္ဍာရီလာ နဂါးနံရိုးလား”
ယိုယွမ်က ခေါင်းယမ်းလိုက်ပြီး "ကြယ်ပစ်တဲ့ လေးကြိုးဟာ သေဆုံးသွားတဲ့ တိုင်အာဘုရင်မင်းမြတ်ရဲ့ အရွတ်တွေနဲ့ ပြုလုပ်ထားတာ"
ယိုယွမ် ၏ စကားကြောင့် စစ်သည်များမှာ အံသြသွားသည်။
“လေးကြိုးကို လူအရွတ်နဲ့”
"မှန်တယ် ငါအသုံးပြုခဲ့တဲ့’တောင်ပေါ်ကကျားရိုင်း’ လှုပ်ရှားမှုက ငါ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆန့်ထုတ်ဖို့ပါပဲ။ အရိုးတွေကို လေးကြိုးလို ဖြစ်နေတဲ့ အရွတ်တွေကိုသုံးပြီး လက်သီးနဲ့ထိုးလိုက်တယ်။ လူတစ်ယောက်ရဲ့ အရွတ်ခွန်အားကို အပြည့်အ၀ စွမ်းဆောင်နိုင်တာက ' တောင်ပေါ်ကကျားရိုင်း' ရဲ့ အဓိကအကျဆုံးအချက်ပါပဲ။ ဒီတော့ အဓိက လက်သီးတွေ မဟုတ်ဘူး"
"လက်နဲ့ထိုးလိုက်တဲ့အခါ ငါ့ခန္ဓာကိုယ်က အသံတွေကို မင်းတို့မကြားဘူးလား"
ယိုယွမ်ဆီက ထိုးလိုက်သောအခါ အလွန်ရှင်းလင်းသော’ဘန်း’အသံထွက်လာသည်။
ယီယွင် အသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ မြှားတစ်စင်း ပစ်ခံရသောအခါ လေးကြိုးတစ်ချောင်း ထွက်လာသည့် အသံမျိုးပင်။
"တောင်ပေါ်ကကျားရိုင်း" သည် အရွတ်များကို ဆွဲဆန့်နိုင်ပြီး ၎င်းတို့ကို ပိုမိုသန်မာပြီး ပျော့ပျောင်းစေသည့် စွမ်းရည်တစ်ခုဖြစ်သည်။ ' တောင်ပေါ်ကကျားရိုင်း'သိုင်းကွက်ကို အသုံးပြုချိန်တွင် အရွတ်များထွက်လာသည့်အသံသည် ကောင်းကင်၌ပျံသန်းနေသော ငန်းတစ်ကောင်ကို ကြောက်လန့်လောက်အောင်ပင်။ ဒါကို ရှောင်တခင်မြှားလက်သီး လို့ ခေါ်တယ်။”
"တောင်ပေါ်ကကျားရိုင်း'ပြီးတော့ “တိမ်ကိုးလွှာနဂါး” ဟုခေါ်သည့် အရိုးများကို လေ့ကျင့်ပေးသည့် စနစ်တခု ရှိသေးတယ်။၎င်းစနစ်ကို အသုံးပြုလိုက်သောအခါ အရိုးစုတစ်ခုလုံးသည် အဝေးမှ လျှပ်စီးလက်သည့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကွဲအက်သွားလိမ့်မည်။"
"တိမ်ကိုးပါးမှာ မိုးကြိုးဖြစ်ပေါ်နေတဲ့ အံ့အားသင့်စရာ လေးမြှားပစ်ချက်လိုမျိုးပါ။ မင်းဒီနယ်ပယ်ကိုရောက်ရင် 'ကျားနဂါးလက်သီး' ကို ကျွမ်းကျင်တယ်လို့ ယူဆနိုင်ပါတယ်။"
ယိုယွမ် ၏စကားကိုကြားပြီးနောက် စစ်သည်တို့သည် ငေးမောသွားကြသည်။
လူတစ်ဦးသည် ဤကဲ့သို့သောနယ်ပယ်သို့ ရောက်ရှိနိုင်ပါသလား။
စစ်သည်တွေရဲ့ အမူအရာတွေကို မြင်လိုက်ရတော့ ယိုယွမ်က မျှော်လင့်ချက်မဲ့သွားမှန်း သိလိုက်သည် ။
“တိမ်ကိုးပါးမှာ ပေါ်လာတဲ့ မိုးကြိုးနယ်ပယ်၊ အံ့အားသင့်စရာ လေးညှို့ခွင်းချက်တွေက မင်းတို့အားလုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ မင်းအဲဒီနယ်ပယ်ကို ရောက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားပေမယ့် မင်းရဲ့အရွတ်တွေကို လေးညှို့လို အသံထွက်အောင် မင်းရဲ့အရိုးတွေကိုသန်မာလာအောင် လေ့ကျင့်ပေးနိုင်တယ်ဆိုရင် ငါကျေနပ်ပြီ”
"အဲဒီအခါမှာ မင်း အနည်းဆုံး တတိယအဆင့်ကို ရောက်သွားလိမ့်မယ်။"
ယိုယွမ် က စစ်သည်တွေကို ရှင်းပြနေစဉ်မှာပဲ ယီယွင် ရဲ့ သွေးတွေဟာ သူ့သွေးကြောတွေကနေတဆင့် ခုန်ထွက်လာတယ်။
တိမ်ကိုးလွှာတွင် ဖြစ်ပေါ်နေသော မိုးခြိမ်းသံ၊ အံ့အားသင့်စရာ လေးခွင်းချက်များ
ဒီလိုအခြေအနေမျိုး ရောက်နိုင်ပါ့မလား။
ယိုယွမ်က 'ကျားနဂါးလက်သီး' ကို "တစ်မြို့လုံးကို ကာကွယ်ဖို့ လုံလောက်နိုင်လောက်အောင် တန်ဖိုးရှိတဲ့ အရာ" အဖြစ် ဖော်ပြခဲ့သည်။ ဤထူးဆန်းသောကမ္ဘာရှိမြို့တစ်မြို့သည်ကမ္ဘာပေါ်ရှိမြို့များထက်ပိုမိုတန်ဖိုးရှိသည်။
ကျယ်ပြန့်သောတော၌ရှိသောမြို့တိုင်းသည် တောတွင်းသားရဲများ၏ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ သို့သော် ကျွမ်းကျင်သူများစွာမရှိလျှင် မြိုကို ထိန်းထားနိုင်မည်မဟုတ်ပေ။ မြို့တည်ဆောက်ရရန်အတွက် အသက်ပေါင်းများစွာပေးဆပ်ထားခဲ့ရသည်။
လျှိုင်ချမ်းယုသည် ပေးထားသောကတိအတိုင်း မျိုနွယ်စုငယ်မှ လူများကိုပြန်လည် စောင့်ရှောက်ပေးမည့်ပုံ မရှိသည်မှာ ထင်ရှားသည်။
"ငါ ဒီလက်သီးနည်းစနစ်တွေကို ကောင်းကောင်း မှတ်သားထားရမယ်။ အဲဒါကို ကောင်းကောင်း သင်ယူရရင် တိုင်အာအင်ပါယာရဲ့ စစ်သည်တော် ရွေးချယ်မှုမှာ အသာလေးဖြတ်ကျော် နိုင်သွားလိမ့်မယ်။’အင်ပါယာ သူရဲကောင်း'ဘွဲ့ကိုတောင် ရနိုင်တယ်။ ဒီလိုဖြစ်ရင် အမရှောင်ယု က ငါနဲ့အတူ မြို့ထဲလိုက်နေလို့ရပြီ"
ထိုသို့တွေးကာ ယီယွင် သည်ဤကမ္ဘာတွင် အကောင်းဆုံးသိုင်းသမား အဖြစ်ရောက်ရှိဖို့ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်လေတော့သည်။