← Chapters

ဒုတိယအချီပြိုင်ပွဲကိုမရောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ

Vol. 24 Ch. 329

ဒုတိယအချီပြိုင်ပွဲကိုမရောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ

Vol. 24 Ch. 329

အခန်း (၃၂၉) ဒုတိယအချီပြိုင်ပွဲကိုမရောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ

ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ထူးကဲယင်မိန်းမပျို (၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပထမအချီ ယှဉ်ပြိုင်ခြင်းတွင် ထူးကဲယင်မိန်းမပျို (၃)ယောက်က ရှုံးနိမ့်ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ကျန် (၄)ယောက်က ဒုတိယအချီသို့ တက်လှမ်းသွားမည် ဖြစ်သည်။

အနိုင်အရှုံးကို ဆုံးဖြတ်မည့်သူက “ထူးကဲယင်သရဖူ” ကိုယ်တိုင်ပင် ဖြစ်၏။

ထူးကဲယင် မိန်းမပျို (၇)ယောက်လုံး ထူးကဲယင်သရဖူ၏ ရောင်ဝါဖြင့် ဝန်းရံခံထားရပြီး သရဖူဖြင့် အတူတကွ ပဲ့တင်ထပ်လျှက် ရှိကြသည်။

ထူးကဲယင်မိန်းမပျိုများကြား ထိပ်တိုက်တွေ့မှုသည် သူတို့တစ်ယောက်ချင်း ကျင့်ကြံခြင်းအဆင့်များနှင့် သက်ဆိုင်သော်လည်း သိုင်းပညာတစ်ခုတည်း ယှဉ်ပြိုင်ခြင်း မဟုတ်ပေ။

ပြိုင်ပွဲ၏ နောက်ဆုံးစံသတ်ချက်မှာ ထူးကဲယင်သရဖူနှင့် ကောင်းမွန်စွာဆက်သွယ်နိုင်သူ ဖြစ်သည်။ ထိုသူထံသို့ ထူးကဲယင်သရဖူ၏ အကြီးမားဆုံးစွမ်းအား ကျဆင်းလာမည်ဖြစ်ပြီး ပြိုင်ပွဲ၏ နောက်ဆုံးပန်းတိုင်လည်း ဖြစ်သည်။

ထူးကဲယင်သရဖူနှင့် ထူးကဲယင်မိန်းမပျိုများအကြား ပဲ့တင်ထပ်ဟန်ချက်ညီရန်က အရိုးရှင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

ထူးကဲယင်သရဖူသည် ထူးကဲယင်မိန်းမပျိုတိုင်းနှင့် ဆက်သွယ်မှုတွင် သမာသမတ်ကျစွာ တုံ့ပြန်မှုပေးမည် ဖြစ်သည်။

မိန်းမပျိုများကို လွှမ်းခြုံထားသော အလင်းတိုင် (၇)တိုင်က တဖြည်းဖြည်း တောက်ပထူထဲလာသည်။

ထူးကဲယင်သရဖူနှင့် ဆက်သွယ်မှုအားနည်းသူဆိုလျှင် အလင်းတိုင်က ပါးလျားလာပြီး မှေးမှိန်သွားမည် ဖြစ်သည်။ ဆက်သွယ်မှုအားကောင်းသူဆိုလျှင်တော့ ဆန့်ကျင်ဘက်သက်ရောက်မှု ရရှိပေမည်။

အဆုံးမဲ့တောင်တန်းမှ လင်ဟွေ့က စွမ်းရည်အနိမ့်ဆုံးဖြစ်ပြီး နောက်ဆုံးနေရာတွင် ရှိနေသည်။ ကောင်းကင်မိုးကြိုးခန်းမမှ နျန်လေ့က လင်ဟွေ့ထက်အားကောင်းသော်လည်း နောက်ဆုံး၏ ရှေ့တစ်နေရာတွင်သာ ရှိသည်။

နျန်လေ့က လင်ကျိုးကြောင့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်ခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များ စတင်ပြသနေပြီ ဖြစ်သော်လည်း ဆက်လက်ကျင့်ကြံရန် အချိန်များစွာ လိုအပ်နေသေးသည်။

မန်ဝမ်က စွမ်းအားအမြင့်မားဆုံးဖြစ်ပြီး ဖန်ချိုးက မန်ဝမ်နောက် ဒုတိယနေရာတွင် တည်ငြိမ်စွာ ရှိနေသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ချန်စုထင်က ဒုတိယနေရာလိုလို တတိယနေရာလိုလိုဖြင့် ရပ်တည်ချက်က မတည်မငြိမ် ဖြစ်နေသည်။

ယွင်ရှိုးချင်ကို လွှမ်းခြုံထားသည့် အလင်းတိုင်က အလွန်လျှင်မြန်စွာ တောက်ပထူထဲလာသည်။

ထိုမြင်ကွင်းကိုတွေ့တော့ အကြီးအကဲများ၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။ နေသူတော်စင်ဂိုဏ်းက ယွင်ရှိုးချင်ကို ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်စေသည်မှာ ရိုးရှာင်းခြင်းမရှိကြောင်း လူတိုင်းကြိုတင်ခန့်မှန်းထားခဲ့ကြသော်လည်း သူမကို မန်ဝမ်ကို ပံ့ပိုးမှုဖြစ်စေရန်သာ ထည့်သွင်းထားသည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ယခုတော့ ထိုမိန်းကလေးငယ်ကို လျှော့တွက်မိခဲ့ကြပြီဖြစ်ကြောင်း သိရှိလိုက်ကြ၏။

ပထမအချီတွင် (၃)ယော်ကထွက်ပြီး (၄)ယောက်ကျန်ခဲ့ရမည် ဖြစ်သည်။ ယခုအတိုင်းဆိုလျှင် နေသူတော်စင်ဂိုဏ်းက ထိပ်ပိုင်းနေရာ (၂)ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။

လူတိုင်း မည်သို့မှမတတ်နိုင်ခံစားမိကြရင်း ထူးကဲယင်ပြိုင်ပွဲသို့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်သူ နောက်တစ်ယောက်ကို အကဲခတ်လိုက်ကြသည်။

သူတို့ကြည့်လိုက်ကြစဉ် ဖန်းယွင်ရှန်းကို ဖုံးလွှမ်းထားသည့် အလင်းတိုင်က အခြားသူများထက် မှောင်မိုက်နေကြောင်း တွေ့မြင်လိုက်ရသည်။

နောက်ကျောတွင် အမြဲတမ်း ပြန့်ကျဲကျနေလေ့ရှိသော ဆံပင်များကို ယခုတော့ ဖန်းယွင်ရှန်းက စုစည်းထားပြီး လက်ထဲတွင် ဓားရှည်တစ်လက် ကိုင်ဆောင်ထားသည်။

ဓားသွားထိပ်ဖျားက လေထဲတွင် တုန်ခါလျှက် လေထဲတွင် သဏ္ဌန်တစ်ခု ထွက်ပေါ်လာသော်လည်း ပြန်လည်နစ်မြုပ်သွားသည်။ ထိုသဏ္ဌန်ကို အခြားသူများ တွေ့မြင်လိုက်ကြရသော်လည်း ချက်ချင်း‌ပျောက်ကွယ်သွား၏။ သူမကို ဝန်းရံလွှမ်းခြုံထားသည့်အလင်းတိုင်က တောက်ပလာလိုက် ၊ မှိန်ဖျော့သွားလိုက်ဖြင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

ဤသည်ကိုမြင်တော့ လူတိုင်း မျက်မှောင်ကြုတ်လိုက်မိကြသည်။

အလင်းတိုင် မှိန်ဖျော့သွားသည့်အခါ ဖန်းယွင်ရှန်း၏အဆင့်က အဆုံးမဲ့တောင်တန်းမှ လင်ဟွေ့အဆင့်တွင်သာ ရှိနေသည်။ သို့သော် အလင်းတိုင် ပြန်လည်တောက်ပလာသည်နှင့် မန်ဝမ်နှင့် ဖန်ချိုးတို့ကို ကောင်းကောင်းယှဉ်နိုင်နေပြန်သည်။

ဖန်းယွင်ရှန်းအား လွှမ်းခြုံထားသော အလင်းတိုင်က ညဘက်တွင်တောက်လောင်နေသော ဖယောင်းတိုင်မီးပမာ ဖြစ်သည်။

ထိုသို့သောအခြေအနေကြောင့် သူမ၏အသွင်အပြင်ကို လူတိုင်းထိုးဖောက်တွေ့မြင်ရန် ခက်ခဲစေသည်။

ဖန်းယွင်ရှန်းကို အားနည်းသည်ဟုပြော၍လည်း မဖြစ်နိုင်ပေ။ ထူးကဲယင်ပြိုင်ပွဲသို့ လာရောက်ကြသူများသည် ထူးကဲယင်ပြိုင်ပွဲနှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိကြသည်ပင်။

ကောင်းကင်ထက်မှ အနိမ့်ဆုံး‌ချောက်ထဲသို့ ပြုတ်ကျသွားခဲ့သော ထိုမိန်းကလေးသည် သူမ၏ထူးကဲယင်ခန္ဓာ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။

သို့သော်... သူမတွင် စွမ်းရည်ရှိသည်ဟု ပြောရန်ကတော့...

ဖန်းယွင်ရှန်းကိုကြည့်ပြီး ဝါဒတောင်မှအကြီးအကဲ’မုန့်’ ကိုယ်တိုင်သည်ပင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ အဘယ့်ကြောင့် ဖန်းယွင်ရှန်း ထိုသို့ ဖြစ်နေရပါသနည်း။ သူမ၏ထူးကဲယင်ခန္ဓာ ပြန်လည်ကောင်းမွန်လာမှုက ပြီးပြည့်စုံခြင်း မရှိသောကြောင့်များလား။

အကြီးအကဲ’မုန့်’ ရန်ကျောက်ကဲကို သံသယများစွာဖြင့် လှည့်ကြည့်လိုက်သည်။

“သူ အပြည့်အဝ ပြန်မကောင်းသေးဘူးဆိုရင် ဖူအန်းစုနဲ့ ကျောက်ကဲက သူ့ကို ထူးကဲယင်ပြိုင်ပွဲမှာ ပါဝင်ခွင့်မပြုလောက်ဘူး ၊ ဒါမှမဟုတ်... သူတို့ခန့်မှန်းတာ လွဲသွားတာများလား ၊ ဒီမိန်းကလေးရဲ့ ထူးကဲယင်ခန္ဓာမှာ လူတွေရှာမတွေ့နိုင်တဲ့ လျှို့ဝှက်ပြဿနာတွေရှိနေပြီး အခု ထူးကဲယင်သရဖူနဲ့တွေ့မှ အဲဒီချို့ယွင်းချက်တွေက ထွက်ပေါ်လာတာများလား”

နေသူတော်စင်ဂိုဏ်းမှ ‘ညနေခင်းအရှင်’ က မျက်ခုံးများကို တွန့်ချိုးထားသည်။ သူက ဝါဒ‌‌တောင်မှ ထူးကဲယင်မိန်းမပျိုက တစ်စုံတစ်ခု ပြဿနာဖြစ်လာရန် သူအလွန်မျှော်လင့်ထားသော်လည်း သူ့မျက်စိရှေ့မှ အခြေအနေက အနည်းငယ်ထူးဆန်းနေသည်ပင်။

အခြားသော နေသူတော်စင်ဂိုဏ်းသားများသည်လည်း ဖန်းယွင်ရှန်းကို အာရုံစိုက်ကြည့်နေကြသည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို အေးအေးဆေးဆေးပင် အကဲခတ်နေရင်း သူ့ကို ကြည့်နေ‌သော အကြီးအကဲ’မုန့်’ ကို ပြန်ကြည့်လိုက်သည်။

သူက အကြီးအကဲ’မုန့်’ စိတ်ပူပန်နေသည်ကို ရိပ်မိလိုက်ပြီး...

“စိတ်အေးအေးထားပါ အကြီးအကဲ’မုန့်’ ၊ သူ အဆင်ပြေပါတယ်”

အကြီးအကဲ’မုန့်’ က ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...

“မင်းက သူ့ကို လေ့ကျင့်ပေးခဲ့တဲ့တာဝန်ခံဖြစ်လို့ ဒီအဘိုးကြီး ဒီလိုစကားမပြောသင့်ဘူးဆိုတာ သိပါတယ် ၊ ဒါပေမဲ့ အခုအခြေအနေက တကယ့်ကို ယုံကြည်မှုကင်းမဲ့စေတယ်”

သူက ဆက်ပြောသည်။

“နေသူတော်စင်ဂိုဏ်းက မန်ဝမ်ရဲ့ အားသာချက်က ထင်ရှားတယ် ၊ လှိုင်းနက်ဂေဟာက ဖန်ချိုးက အရမ်းတော်တယ် ၊ မန်ဝမ်နောက်က ကပ်လိုက်နေတယ် ၊ ကျောက်စိမ်းပင်လယ်မြို့တော်က ချန်စုထင်ကလည်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားတယ် ၊ အခု နေသူတော်စင်ဂိုဏ်းက စေလွှတ်လိုက်တဲ့ ထူးကဲယင်မိန်းမပျိုအသစ်လေးကလည်း တကယ့်ကို ထူးခြားတာအမှန်ပဲ ၊ ဒီတော့ အခု အဲဒီ (၄)ယောက်ကပဲ ဒုတိယအချီပြိုင်ပွဲကို တက်ရောက်နိုင်တော့မယ်ထင်တယ် ၊ ပြိုင်ပွဲက မပြီးသေးပေမယ့်... ငါတို့က ဖန်းယွင်ရှန်းကို ဒီထက်ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာလေ။

အကြီးအကဲ’မုန့်’က ခဏနားလိုက်ပြီးမှ...

“ဒီအဘိုးကြီးက တကြိမ်တည်းနဲ့ သရဖူကိုအနိုင်ရဖို့ မျှော်လင့်မထားပါဘူး ၊ ဒါပေမဲ့ အခု အခြေအနေကြည့်ရတာ သူ့ရဲ့ ထူးကဲယင်ခန္ဓာက အပြည့်အဝ ပြန်ကောင်းမလာသေးဘူးမဟုတ်လား”

ရန်ကျောက်ကဲက...

“စိတ်အေးအေးထားပါ အကြီးအကဲ’မုန့်’ ၊ ဂိုဏ်းတူညီမလေး’ဖန်း’ က ထူးကဲယင်ခန္ဓာအပြည့်အဝ ပြန်ကောင်းလာတာ ကြပါပြီ ၊ အခု သူ့ရဲ့အခြေအနေကို ထိန်းညှိနေတာပါ”

“သြော်...”

အကြီးအကဲ’မုန့်’ က ရန်ကျောက်ကဲကို မယုံသင်္ကာဖြင့် ထပ်ကြည့်လိုက်သည်။

ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းကိုကြည့်ရင်း နှုတ်ခမ်းထောင့်မှ အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။

“နည်းလမ်းတွေအများကြီးအသုံးပြုပြီး တစ်ပြိုင်နက်တည်းကျင့်ကြံခဲ့တာကြောင့် ဂိုဏ်းတူညီမလေး’ဖန်း’ ရဲ့ ကျင့်ကြံခြင်းက အရမ်းမြန်မြန်တိုးတက်လာခဲ့တယ် ၊ အခုဆိုရင် အပြင်ပိုင်းကြယ်တာရာချီစွမ်းအား နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေပြီ ၊ အရင်က ထူးကဲယင်သရဖူ အကူအညီရခဲ့တဲ့ မန်ဝမ် ၊ ဖန်ချိုးနဲ့ ချန်စုထင်တို့နဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းယှဉ်မယ်ဆိုရင်  နောက်ကျမကျန်ခဲ့ဘူးလို့ ဆိုရမယ် ၊ သူတို့ထက်တောင် ဂိုဏ်းတူညီမလေး’ဖန်း’ က မြန်နေပါသေးတယ် ၊ သူသာ အရင်က အများကြီးမဆုံးရှုံးခဲ့ရရင် ဒီထက်တောင်တော်ဦးမှာ”

သူက ဆက်ပြောသည်။

“ပြီးတော့ သူ့ရဲ့ ထူးကဲယင်စွမ်းအားကလည်း အပြည့်အဝ ပြန်ကောင်းလာပါပြီ ၊ ပြဿနာရှိနေတာက သူနားလည်ထားတဲ့ ထူးကဲယင်ပညာပါပဲ ၊ အဲဒါက အရင်တုန်းက  နေသူတော်စင်ဂိုဏ်းမှ သူနားလည်ထားခဲ့တာတွေက အခု မန်ဝမ် ၊ အခြားသူတွေနဲ့ယှဉ်ရင် အတော်လေး နောက်ကျကျန်ခဲ့ပြီ ၊ ထိုက်ယင်းကျင့်စဉ်ကျမ်းက ထူးကဲယင်ပညာက အရမ်းအစွမ်းထက်ပေမယ့် ကျင့်ကြံဖို့ ခက်ခဲလွန်းတယ် ၊ ဒါကြောင့် အပြည့်အဝကျင့်ကြံနိုင်ဖို့ ဂိုဏ်းတူညီမလေး’ဖန်း’ အတွက် အချိန်မလုံလောက်ခဲ့ဘူး ၊ ပြီးတော့ ထိုက်ယင်းကျင့်စဉ်ကျမ်းက အကိုးအကားပြုလုပ်ဖို့အတွက် ပိုပြီးအသုံးဝင်တယ် ၊ ထူးကဲယင်ပညာဆိုတာက သူ့ရဲ့ ကိုယ်ပိုင်နားလည်မှုအပေါ် အခြေခံတာ အသင့်တော်ဆုံးပါပဲ”

“ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာ ကောင်းကင်ပေါ်က မုန့်တွေကျလာသလိုမျိုး ကံအကောင်းလွန်ပြီး အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဂိုဏ်းကိုတင်ပြတဲ့ အစီရင်ခံစာမှာ ကျွန်တော်ပြောခဲ့ပါတယ် ၊ အခု ယှဉ်ပြိုင်ရတဲ့ အဓိကရည်ရွယ်ချက်က အတွေ့အကြုံရဖို့နဲ့ အားနည်းချက်တွေရှာဖွေပြီး ကုစားဖို့ပါပဲ”

ရန်ကျောက်ကဲက ညင်သာသည့်လေသံဖြင့်...

“တကယ်တော့ ဂိုဏ်းတူညီမလေး’ဖန်း’ က အရမ်းတော်တဲ့သူပါ”

ဖန်းယွင်ရှန်းကို လွှမ်းခြုံထားသည့်အလင်းတိုင် တောက်ပလာချိန်တွင် သူမ၏တည်ငြိမ်သောမျက်နှာထားနှင့် ဆုံးဖြတ်ချက်ခိုင်မာသောမျက်ဝန်းများကို တွေ့မြင်ရသည်။

သူမထံမှ နဂါးဟိန်းသံတစ်သံ ပြတ်ပြတ်သားသားထွက်ပေါ်လာပြီး တိမ်တိက်များနှင့် ကျောက်ဆောင်များကို ဖြတ်သန်းထိုးဖောက်သွားပြီး ကောင်းကင်ကိုးထပ်ကိုပါ တုန်လှုပ်သွားစေသည်။

သူမ ဦးခေါင်းထက်မှ ပုံသဏ္ဌန်က တဖြည်းဖြည်းတည်ငြိမ်လာပြီး ပိုမိုတောက်ပလာသည်။

အနက်တစ်ဝက် ၊ အဖြူတစ်ဝက် အလင်းနဂါးကြီးတစ်ကောင်ကို လူတိုင်း ထင်ထင်ရှားရှားတွေ့မြင်လိုက်ရသည်။

ဖန်သားပမာကြည်လင်သောနဂါးပုံရိပ်ကြီး၏ ဟိန်းဟောက်သံနှင့်အတူ လေနှင့်တိမ်တိုက်များ တုန်လှုပ်သွားသည်။ တောက်လောင်နေသော နဂါးဟိန်းသံကြီးက လူတိုင်း၏စိတ်အာရုံကို စွဲဆောင်သွားစေသည်။

လက်ထဲတွင် ဓားတစ်လက်ကိုင်ထားပြီး ဦး‌ခေါင်းထက်တွင် ဖန်သားပမာကြည်လင်သော အလင်းနဂါးတစ်ကောင်ရှိနေသည့် ဖန်းဘွင်ရှန်းပုံစံကို လူတိုင်း အာရုံစိုက်မိကြသည်။

ဖန်းယွင်ရှန်း၏ နဂါးကြီးက ကောင်းကင်ကိုးပါးကို လှုပ်ခါစေသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး မန်ဝမ်၏ ကျက်သရေရှိစွာလှပသော ဇာမဏီငှက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

ထိုအချိန်...

အဆုံးမဲ့တောင်တန်းမှ လင်ဟွေ့၏ ဦးခေါင်းထက်တွင်ရှိနေသော ချွက်ထက်နေသည့်တောင်ထိပ်က ရုတ်တရက် တုန်ခါသွားပြီး ကောင်းကင်မိုးကြိုးခန်းမမှ နျန်လေ့၏ ဦးခေါင်းထက်တွင်ရှိနေသည့် မိုးကြိုးဗုံကြီးက အော်မြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်၏ ဦးခေါင်းထက်တွင်ရှိသော ရွက်လှေကြီးက အနည်းငယ်ယိမ်းယိုင်သွားပြီး လှိုင်းနက်ဂေဟာမှ ဖန်ချိုး၏ဦးခေါင်းထက်တွင်ရှိနေသောထီးလေးက လျှင်မြန်စွာလည်ပတ်လျှက်ရှိသည်။

ဖန်းယွင်ရှန်းကဲ့သို့ပင် ထူးကဲယင်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သူ ယွင်ရှိုးချင်၏ ဦးခေါင်းထက်မှ နှင်းများဖုံးလွှမ်းနေသည့်မီးတောင်ကြီးက ပေါက်ကွဲထွက်သွားသည်။

“ကျွန်တော်တို့ ဒုတိယအချီပြိုင်ပွဲကိုမရောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ... ဟားဟား...”

ရန်ကျောက်ကဲ ရယ်မောလိုက်လေ၏။

All Chapters