← Chapters

အတုယောင်

Vol. 2 Ch. 28

အတုယောင်

Vol. 2 Ch. 28

သွေးကျဲဆေး ထုတ်ပေးခဲ့ခြင်းကြောင့် အူယောင်ငန်းဖျားရောဂါ ခံစားနေကြရသည့် လူများအားလုံး နောက်တစ်ရက်တွင် သက်သာသွားခဲ့သည်။

ဆေးနှင့် ဝက်ဆားနယ်များ ရရှိခဲ့ကြ၍ သူတို့က အလွန်ပင် ကျေးဇူးတင်နေကြပြီး ပျက်စီးခြင်းအရိုးအား သန့်စင်ရာတွင် ပိုမိုကာ ကြိုးစားလာကြသည်။ ဟုတ်သည်။ ထိုအထဲတွင် ယီယွင် ပါဝင်ပေ၏။ သူ လျင်မြန်စွာ သက်သာလာရန်အတွက် မျက်နှာထက်တွင် ချွေးတုအနေဖြင့် ဖြန်းထားသည့် ရေများကို သုတ်ပစ်ရန်သာ လိုအပ်သည်။

နောက်တစ်ရက်တွင် ယီယွင်သည် စပါးလှန်းကွင်းပြင်သို့ အားအင်အပြည့်ဟန်ဖြင့် သွားခဲ့လေသည်။ အဆိုပါ နာဖျားမှုကြောင့် ယီယွင်တို့အဖွဲ့သည် ညဆိုင်းမှ နေ့ဆိုင်းအဖြစ် တာဝန်ပြောင်းသွားခဲ့လေ၏။ ယင်းအချက်သည့် ယောက်ယွမ်၏ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ပိုမိုသင်ယူ​လိုနေသည့် ယီယွင်၏ဆန္ဒနှင့် ကိုက်ညီနေခဲ့သည်။ ယောက်ယွမ်က သိုင်းကွက်တိုင်းကို သင်ပေးရန် စီစဥ်မထားသော်လည်း ယီယွင်အတွက် သိုင်းကွက်အနည်းငယ်ခန့်က အချိန်ကာလတစ်ခုအထိ လုံလောက်သည်။

" ကောင်လေးယွင်... မင်းရဲ့ခန္ဓာကိုယ် အဆင်ပြေသွားပြီလား " အိမ်နီးချင်း အဒေါ်တစ်ဦးက မေးလာသည်။ ယီယွင် အားအင်ပိုလျှံနေသည့်အလားပင် လမ်းမပေါ်၌ ခုန်ပေါက်နေသည်ကို သူမ မြင်နေရသည်။

" အဒေါ်ဝမ်... ကျွန်တော် အားလုံးအဆင်ပြေသွားပြီ။ သခင်လေးလျှိုင်ရဲ့ ဆေးလုံး ကျေးဇူးကြောင့်ပဲ။ သခင်လေးလျှိုင်က လူကောင်းတစ်ယောက်ပဲ " ယီယွင်က ကျေးဇူးတင်နေဟန်ဖြင့် ပြုံးလိုက်သည်။

" ကောင်းတယ် ကောင်းတယ် " အဒေါ်ဝမ်က ဆိုသည်။

ယီယွင်ကဲ့သို့ အရွယ်ရောက်နေသူအဖို့ လမ်းပေါ်တွင် ခုန်ပေါက်နေရသည်မှာ အတော်ပင် ကို့ရို့ကားယား နိုင်လှသော်လည်း အခြားသူများ၏ အမြင်တွင်မူ သူက ၁၂ နှစ်သား ကလေးတစ်ဦးသာ ဖြစ်ချေသည်။

၁၂ နှစ်အရွယ် ကလေးအများစုက အဆော့မက်ကြပေ၏။ ယီယွင်အား လျှိုင်ချမ်းယုက သတိပြုမိသွားရခြင်းမှာလဲ ယီယွင်က ကလေးတစ်ဦးနှင့် မတူဘဲ အရွယ်ရောက်ပြီးသူနှင့် တူညီနေသည်ဟု ခံစားရခြင်းကြောင့်ပင်။

၁၂ နှစ်အရွယ် ကလေးတစ်ဦးက ၁၂ နှစ်အရွယ် ကလေးများကဲ့သို့သာ ပြုမူသင့်သည်။ သူက အခါအားလျော်စွာ ကလေးကဲ့သို့ ပြုမူပြပါက အခြားသူများအမြင်တွင် မူမမှန် မဖြစ်နိုင်တော့ပေ။

" အိမ်ကလူကြီးလည်း အရိုးသန့်စင်တာမှာ ဝင်လုပ်ချင်ပေမဲ့ လုပ်ခွင့်မရခဲ့ဘူး။ ကောင်လေးယွင်က အတော်ကံကောင်းတယ် " အဒေါ်ဝမ်က မနာလိုစွာ ဆိုသည်။

" ဟီးဟီး... အဒေါ်ဝမ်... ကျွန်တော် ရထားတဲ့ ဝက်ဆားနယ်တစ်ခု ချန်ထားတာရှိတယ်။ ညကျရင် နည်းနည်းခွဲပေးမယ် " ယီယွင်က ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

အမှန်တကယ်တွင် ယီယွင်က ဝက်ဆားနယ် အနည်းငယ်ကို ခွေးကျွေးနေခဲ့သည်ပင်။ ဟုတ်သည်။ ယီယွင်၏မိသားစုက ဆင်းရဲသောမိသားစုဖြစ်၍ ခွေးမွေးနိုင်ခြင်းမရှိပေ။ သူတို့ မွေးထားခဲ့လျှင်ပင် ထိုခွေး သတ်စားခံရသည်မှာ ကြာလောက်ချေပြီ။

လျှိုင်မိသားစုတစ်ခုလုံး၌ တပ်သားလေ့ကျင့်ရေးစခန်းတွင်သာ ခွေးအနည်းငယ် ရှိသည်။ ထိုခွေးများအားလုံးက အမဲလိုက်ခွေးများ ဖြစ်ကြ၏။ အံ့ဖွယ်နယ်မြေအနီးတွင် သားရဲရိုင်းအချို့ ရှိပေသောကြောင့် အမဲလိုက်ခွေးများ မရှိဘဲ ယုန်ရှာထွက်ပါက ကောက်ရိုးပုံထဲတွင် အပ်ပျောက်ရှာသကဲ့သို့ ဖြစ်နေလိမ့်မည်။

ယီယွင်က ထိုခွေးများကို ဝက်ဆားနယ် ကျွေးခဲ့သည်မှာ လျှိုင်ချမ်ယုက ဝက်ဆားနယ်ထဲတွင် အဆိပ်ခပ်ထားမည်ကို စိုးရိမ်ပေသောကြောင့်ပင်။ ထိုကိစ္စက မဖြစ်နိုင်လောက်သော်လည်း သူ သတိထားရပေမည်။ ခွေးများ အဆင်ပြေကြောင်း သိရမှသာ ယီယွမ်က ကျန်းရှောင်ယုကို ဝက်ဆားနယ်များ ချက်ပြုတ်စေခဲ့သည်။

ယီယွင်က အသားအရသာကို နှစ်သက်ခြင်းမရှိပေ။ သို့သော် စိမ်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည့် ဝက်ဆားနယ်၏ အရသာက များစွာကောင်းမွန်ခြင်း မရှိပေ။ ထိုအသားက မာကြောကာ အရသာသည် သစ်သားပမာပင်။ ၎င်းက အငန်အရသာသာရှိပြီး အသား၏အရသာ ရှိမနေပေ။

သို့သော် ကျန်းရှောင်ယုကမူ ထိုအသားကိုပင် စားရန်ငြင်းပယ်ကာ ယီယွင်အတွက် ချန်ထားပေးသည်။ ယီယွင် ဇွတ်ပြောမှသာ ကျန်းရှောင်ယုက အနည်းငယ်သာ စား၏။ ယီယွင်က များစွာမစားလေဘဲ အသားကျန်များကိုပင် နံရံတွင် ချိတ်ဆွဲထားသည်။

ယီယွင်က နှစ်လအကြာတွင် ကျင်းပမည့် တိုင်အာနတ်ပြည်ထောင်၏ စစ်သည်ရွေးချယ်ပွဲကို ရည်မှန်းထားခြင်းကြောင့် အရသာမဲ့သော ဝက်ဆားနယ်ကို အရေးစိုက်မနေပေ။ ဘေးအိမ်မှ အဒေါ်ဝမ်က အတိတ်တွင် သူ့အား ဂရုစိုက်ပေးဖူးသည်ဟု ကျန်းရှောင်ယုက ပြောပြဖူးသည်။ ကျန်းရှောင်ယုမှာ အမြဲတမ်းလိုပင် ဝေစုရသော အစားအစာများ ကုန်ခမ်းနေသည်ဖြစ်ပြီး အဒေါ်ဝမ်က အစားအစာများ ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့ အဆာလွန်ကာ သေဆုံးနေသည်မှာ ကြာလောက်ချေပြီ။ ထို့ကြော​င့် အဒေါ်ဝမ်ကို ဝက်ဆားနယ်အချို့ ပေးသည်မှာ လျော်ကန်သည်။

" ဘယ်...ဘယ်လိုပေးမှာလဲ။ ကောင်လေးယွင်... မင်းနဲ့ မင်းရဲ့အစ်မက ဖွံ့ဖြိုးစအရွယ်တွေလေ။ မင်းတို့အတွက် အသားရဖို့က ခက်ခဲတယ်။ အဒေါ်ဝမ် လက်မခံဘူး " အဒေါ်ဝမ်က ယီယွင်ကို ခံစားချက်များ ရောထွေးစွာဖြင့်ကြည့်ကာ ငြင်းဆန်လိုက်သည်။

" အဒေါ်ဝမ်... အခု ရှောင်ကဲ့က ကြီးထွားနေတဲ့ အခြေအနေမှာလေ။ အဒေါ်ဝမ်က အသားကို မလိုချင်ဘူးဆိုရင့တောင် ရှောင်ကဲ့ကတော့ လိုအပ်တယ်လေ " အဒေါ်ဝမ်၏ကလေးဖြစ်သည့် ကျိုးရှောင်ကဲ့က ယီယွင်နှင့်ရွယ်တူ ဖြစ်သည်။ သူမသည် ယီယွင်နှင့် ကစားဖော်များ ဖြစ်၏။

" ဆက်​မပြောနဲ့တော့ အဒေါ်ဝမ်။ ကျွန်တော် အရိုးသန့်စင်ဖို့ သွားတော့မယ် " ယီယွင်က အဒေါ်ဝမ်၏ တုန့်ပြန်စကားကို မစောင့်တော့ဘဲ ပြေးထွက်သွားခဲ့သည်။

" ဒီကလေး " အဒေါ်ဝမ် ခေါင်းယမ်းလိုက်သော်လည်း မျက်နှာကမူ ပြုံးနေသည်။

လျှိုင်မိသားခေါင်းဆောင်၏ ခြံဝန်းထဲရှိ ကျောက်အခန်းတစ်ခု အလယ်တွင် လျှိုင်ချမ်းယု လက်သီးသိုင်း လေ့ကျင့်နေသည်။

သူက လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားသည်။ လေ့ကျင့်ရေးဝတ်စုံကို ရှားပါးပိုးထည်ဖြင့် ပြုလုပ်ထားသည်ဖြစ်ပြီး လျှိုင်မိသားစုထဲတွင် တွေ့မြင်ရခဲကာ တန်ဖိုးကြီးမားသည်။ လေ့ကျင့်ရေးဝတ်စုံကာ ချောမွေ့နူးညံ့ပြီး ဝတ်ဆင်ထားချိန်တွင် အလွန်ပင် သက်တောင့်သင်သာရှိသည်။

လျှိုင်ချမ်းယုက အလွန်မြန်ဆန်စွာ လမ်းပ​တ်လျှောက်နေ၏။ သူ နှေးသွားချိန်၌ မနက်အစောတွင် လေ့ကျင့်ခန်းလုပ်နေသည့် အဖိုးအိုတစ်ဦးပမာ ဖြစ်နေပြီး မြန်ဆန်ချိန်တွင် သားကောင် အမဲလိုက်နေသည့် ကျားသစ်တစ်ကောင်ပမာ မြန်ဆန်လှသည်။

ထိုတ​စ်လျှောက်လုံးတွင် လျှိုင်ချမ်းယု၏ မျက်လုံးများက လက်ချောင်းထိပ်ကိုသာ အာရုံစိုက်ထားချေ၏။ သူ၏လက်သာ် သစ်သားကို တွယ်တက်နေသော မြွေတစ်ကောင်ပမာ ဖြစ်နေလေပြီး ဦးတည်ရာကို မှန်းဆရန်အတွက် ခက်ခဲသည်။

ကျောက်ထိုင်ကျူက ဘေးနားတွင်ရပ်နေပြီး လျှိုင်ချမ်းယု လေ့ကျင့်မှုပြီးဆုံးချိန်ကို စောင့်နေသည်။ နာရီဝက်ကြာပြီးနောက် လျှိုင်ချမ်းယု လေ့ကျင့်မှုပြီးသွားခဲ့သည်။

သူ ခါးထောက်ကာ အသက်ရှု လေပူမြားတစ်ခု မှုတ်ထုတ်လိုက်၏။ လေမြားက ပျက်ပြယ်ခြင်းမရှိဘဲ အတော်အဝေးအထိ ရောက်ရှိသွားခဲ့သည်။

လေမြားတစ်ခု မှုတ်ထုတ်နိုင်ခြင်းသည် ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်၏ သင်္ကေတဖြစ်သော်လည်း လျှိုင်ချမ်းယု၏အသက်ရှုပုံကမူ ဖျတ်လတ်ကြံ့ခိုင်မှုနယ်ပယ်၏ အသက်ရှုပုံကဲ့သို့ ရိုးစင်းခြင်းမရှိတော့ပေ။ ယင်းက သေမျိုးသွေးနယ်ပယ် အဆင့် ၅ ဖြစ်သည် ချီစုစည်းမှု ဖြစ်သည်။ လျှိုင်ချမ်းယုက ပတ်ဝန်းကျင်မှ ယွမ်ချီများကို ခန္ဓာကိုယ်ထဲတွင် စုစည်းနိုင်သည်။

" အံ့ဖွယ်ပဲ... လုံးဝကို အံ့ဖွယ်ပဲ "ကျောက်ထိုင်ကျူက လျှိုင်ချမ်းယု ပြီးသွားသည်ကို မြင်သောအခါတွင် အော်လိုက်သည်။

" ဒီခွန်အား ၊ ဒီကျွမ်းကျင်မှုတွေနဲ့သာဆို နောက်နှစ်လအကြာ စစ်သည်ရွေးချယ်ပွဲမှာ သခင်လေးက တိုင်အာနတ်ပြည်ထောင်ရဲ့ စစ်သည်တစ်ဦး သေချာပေါက် ဖြစ်လာမှာပါ " ကျောက်ထိုင်ကျူက ထပ်မံကာ ချီးကျူးသည်။

" တော်တော့... ပျက်စီးခြင်းအရိုးကို သန့်စင်နေတာ ဘယ်လိုအခြေအနေရှိလဲ "

" အားလုံး ပုံမှန်လည်ပတ်နေပါတယ်။ အကုန် ပုံမှန်ပါပဲ " ကျောက်ထိုင်ကျူက ရင်ဘက်ကိုပုတ်ကာ ဆိုသည်..." အဲ့ဒီလူတွေက သခင်လေးဆီကနေ ဆေးနဲ့ဝက်ဆားနယ်တွေ ရပြီးတဲ့နောက်မှာ အရမ်းကို ကျေးဇူးတင်နေကြတယ်။ သူတို့က အရိုးတွေကို တစ်နေကုန် သန့်စင်ပေးဖို့တောင် ဆန္ဒရှိကြတယ် "

" အင်း...ဒါဆိုလဲ သူတို့တွေကို ဆေးပင်အချို့ ပေးလိုက်ပါ " လျှိုင်ချမ်းယုက ခပ်အေးအေးဆိုသည်။ ဆေးပင်များက သူ့အတွက် အရေးမပါတော့ပေ။ ရုတ်တရက်ပင် လျှိုင်ချမ်းယုက မေးလေသည် .." ဒါနဲ့ ...ယီယွင် ဘယ်လိုဖြစ်သွားလဲ "

" ယီယွင်..."

ကျောက်ထိုင်ကျူက အထင်သေးဟန်ဖြင့်...." ဒီကလေးက ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က ဖျားနာခဲ့ပြီးတော့ ဝမ်းလျောပြီး ချွေးတွေပြည့်နေတယ်။ တစ်အိမ်လုံးက ရေလှောင်ကန်ဖြစ်နေပြီ။ ဒီကောင်က သူတောင်းစားလိုပဲ "

" သခင်လေးရဲ့ သနားညှာတာမှုကြောင့်သာ မဟုတ်ခဲ့ရင် ဒီသောက် ဆေးမသောက်ရဘဲ သေနေတာ ကြာလောက်ပြီ။ နိမ့်ကျတဲ့ ကျုပ်က သခင်လေး ညွှန်ကြားထားတဲ့အတိုင်း လုပ်ခဲ့ပြီးတော့ ဒီကောင်လေး ဆေးသောက်ခဲ့တာကို မျက်စိနဲ့တပ်အပ် ကြည့်ခဲ့ပါတယ်။ ကျေးဇူးတင်ရမှာက ဒီကောင်လေး သတိရှိနေသေးတာကိုပဲ။ ဒီရက်တွေမှာ လူတွေက သခင်လေးကို ချီးကျူးနေကြပြီး သူတို့တွေ ပြန်သက်သာလာရတာက သခင်လေးရဲ့ ဆေးတွေကြောင့်လို့ ပြောနေကြပါတယ် "

" ဒါက..." လျှိုင်ချမ်းယု၏ ပါးစပ် တွန့်ကွေးသွားသည်။

မိသားစုထဲရှိ တန်ဖိုးမရှိသော အသက်များက ရှေးဦးလူသားထက်ပင် မိုက်မဲသေးချေ၏။ မျိုးနွယ်ထဲတွင် ယီယွင်ကဲ့သို့ ထက်မြက်သူများ အနည်းငယ်ခန့် ရှိနိုင်လောက်သည်ဟု ထင်မိခဲ့သော်လည်း သူ အစိုးရိမ်လွန်သွားခဲ့ဟန် ရှိသည်။ ထိုသုံများ နုံအကြသည်မှာ ကောင်းသည့်အရာဖြစ်ပြီး အနာဂတ် ဖြစ်ရပ်များကို ပြည်ဖုံးကာချပေးနိုင်ပေလိမ့်မည်။

" သေချာစောင့်ကြည့်နေပါ။ ပျက်စီးခြင်းအရိုးကို သန့်စင်နေတာက အပြီးသတ်ဖို့ နီးလာပြီဆိုတော့ ဘာအမှားမှမရှိအောင် လုပ်ပါ။ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ရင် ကျုပ်က ခင်ဗျားကို ဆုပေးမယ်။ အမှားတစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင်တော့ ခင်ဗျားရဲ့ခေါင်း ကျုပ်ကို ပေးရလိမ့်မယ် " လျှိုင်ချမ်းယုက ကြီးမားသော သတ်ဖြတ်လိုစိတ်များနှင့် ဆိုလိုက်လေရာ ကျောက်ထိုင်ကျူ အလိုလိုပင် ခေါင်းညိတ်မိသွားခဲ့သည်။

" စိတ်မပူပါနဲ့ သခင်လေး။ ဒီအစေခံက နေ့ညမပျက် စောင့်ကြည့်နေမှာပါ။ ဘာမှမမှားအောင် ကျုပ် သေချာလုပ်မှာပါ "

.................

ကျောက်ထိုင်ကျူ စပါးလှန်းကွင်းပြင်သို့ ကပျာကရာ ပြေးလေသည်။ ယီယွင်က ပုံမှန်အတိုင်းပင် အမြန်မလိုဘဲ ထင်းခွဲနေချေ၏။ ယီယွင်က ကျောက်ထိုင်ကျူကို ကြည့်ကာ ပြုံးလိုက်သည်။ ငတုံးတစ်ကောင်က အန္တရာယ်မပေးနိုင်သည်မှာ အမှန်ပင်ဖြစ်ချေ၏။

" မင်းတို့ ဘာကြည့်နေတာလဲ။ အလုပ်လုပ်စမ်း။ မင်းတို့ သေချင်နေတာလား " ကျောက်ထိုင်ကျူ ဟစ်အော်ကာ အိတ်ကြီးတစ်လုံး ပစ်ချလိုက်သည်။ အိတ်ကြီး ပွင့်သွားချိန်၌ ဆေးပင်များစွာ ထွက်လာသည်။

ထိုဆေးပင်များက လျှိုင်ချမ်းယု၏ခန္ဓာကိုယ် စုပ်ယူပြီးသည့် အကြွင်းအကျန်များ ဖြစ်သည်။

" ဒီဆေးပင်တွေက မင်းတို့အတွက် ဆုလာဘ်ပဲ။ ဒီထဲမှာ လိုအပ်တဲ့ အထောက်အပံ့ဆေးတွေလဲ ပါတယ်။ ဒါတွေကို ပြန်ယူသွားပြီး ရေနွေးပူထဲ ထည့်လိုက်ကြ။ ရေ ပူနေသေးချိန်မှာ မင်းတို့တွေ ဝင်စိမ်လိုက်မယ်ဆိုရင် မင်းတို့အတွက် အများကြီး အကျိုးရှိတယ်။ ချီးပဲ မင်းတို့တွေ တကယ်ကံကောင်းတာပါ့လား " ကျောက်ထိုင်ကျူက ဆဲဆိုကာ ဆိုသည်။

လူအများ မျက်ဝန်းများ တောက်ပသွားကြ၏။ သူတို့က ဆေးပင်များကို အလုအယက် ယူကြလေသည်။

ယီယွင်က တစ်ခုမျှမယူပေ။ ယီယွင်ကို ပေးခဲ့မည်ဆိုလျှင်ပင် မယူချင်ပေ။ ထို့အပြင် ဆေးပင်များအားလုံးကို လျှိုင်ချမ်းယုက ရေချိုးထားခဲ့ပြီးဖြစ်၍ သူက ချိုးရေအကျန်များကို စိမ်လိုပါမည်လော။

ယီယွင်က ရှေ့သို့သွားနေသည့်ပမာ ဟန်ဆောင်ဆဲပင်။ သူ မည်သည့်ဆေးပင်မှ မရသောအခါ သက်ပြင်းချလိုက်၏။

ကျောက်ထိုင်ကျူသည် ယီယွင်၏ တုန့်ပြန်မှုနှေးကွေးပုံကို ကြည့်ကာ ရယ်မောမဆုံး ဖြစ်နေရသည်။ ထိုငတုံးကောင်က အလျင်လိုနေချိန်၌ပင် ဘာမျှမလုပ်နိုင်ပေရာ မည်သည့်အရာကို လုပ်နိုင်ပါဦးမည်နည်း။ ထိုကောင်က ငတ်သေရန် ထိုက်တန်ချေသည်။

ကျောက်ထိုင်ကျူ ထွက်သွားခဲ့လေပြီး လူအများက ပျက်စီးခြင်းအရိုးကို ဆက်လက်သန့်စင်နေခဲ့သည်။ သန့်စင်ခြင်းလုပ်ငန်းစဥ်သည် ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များကို လီမီးတောက်ရေထဲတွင် ပျော်ဝင်စေခြင်းဖြစ်ပြီး လီမီးတောက်ရေများ အငွေ့ပျံသွားပါက အဆီအနှစ်ပျော်ရည်များက ပုံဆောင်ခဲများ ဖြစ်သွားလိမ့်မည်။

လီမီးတောက်ရေ၏ ရေဆူမှတ်က အလွန်မြင့်မားလေပြီး အငွေ့ပျံရန် မလွယ်ကူပေ။ မရေမတွက်နိုင်လောက်သော ထင်းများကို မီးရှို့ပေးရ၏။ သန့်စင်ရန် တာဝန်ယူထားရသည့် လူအများ၏ အသားအရေများ နီရဲနေကြရသည်။

သို့သော် ယီယွင်က ခြွင်းချက်ဖြစ်နေသည်။ သူ၏အသားအရေက ကလေးငယ်ပမာ ဖြစ်နေပြီး ပါးများနီမြန်းနေသည်။ ထိုသည်က အပူရှိန်ကြောင့် မဟုတ်လေဘဲ ပျက်စီးခြင်းအရိုး၏ အဆီအနှစ်ကြောင့် ဖြစ်ချေသည်။ အကြောင်းကမူ သူက ကောင်းစွာဖွံ့ဖြိုးနေခြင်းကြောင့် သူ၏ကျန်းမာသောခန္ဓာကိုယ်က ကျန်းမာသောပန်းရောင် ဖြစ်နေခြင်းပင်။

ယီယွင်က ကျောက်ထိုင်ကျူ၏ ကျောပြင်အား ကြည့်နေရင်းဖြင့် ဒယ်စောက်ကြီးအား တစ်ချက်ကြည့်လိုက်သည်။ သူ ထပ်မံဝါးမျိုရန် အီနေပြီဖြစ်ပြီး တောင်အနောက်ဘက်သို့သွားကာ ချေဖျက်ပစ်ရန် မစောင့်နိုင်တော့ချေ။

သူ၏ခန္ဓာကိုယ်က ပြည့်ဝနေသော်လည်း လက်သီးများကမူ ထပ်မံကာ အောင့်အီးနိုင်ခြင်းမရှိတော့ပေ။

All Chapters