ကျင်းလုံဝေ့
Vol. 2 Ch. 30
သွေးကြောနယ်ပယ်သို့ ချိုးဖျက်ပြီးနောက် ယီယွင်အတွက် လောကကြီးက ကွဲပြားသွားခဲ့ပုံပင်။
သူသည် ဤလောကကြီးထံတွင် နေရာအနှံ့ရှိသည့် ယွမ်ချီများကို လေ့လာရန်အတွက် ခရမ်းရောင်သလင်းကျောက်ကို သုံးရန်မလိုတော့ပေ။ ယွမ်ချီသည် လေနှင့်ဆင်တူပြီး နှာခေါင်းပေါက်မှ အသက်ရှုချိန်တိုင်းတွင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည်ဖြစ်သည်။ ယင်းက ယီယွင်၏ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ပြောင်းလဲစေသည်။
ကောင်းကင်အဆင့်ယွမ်ချီက အစာထက်ပင် စွမ်းအင်ပိုမြင့်ပေသည်။
သာမန်လူများက ဆန်စပါးများ စားကြရသော်လည်း ကျင့်ကြံသူများအတွက်မူ ကောင်းကင်အဆင့်ယွမ်ချီက သူတို့၏ စွမ်းအင်အရင်းအမြစ် ဖြစ်၏။ အဆင့်တစ်ခုသို့ ရောက်သွားခဲ့လျှင် သူတို့က အစာစားခြင်းကို ရှောင်ရှားနိုင်ပေပြီ။
ရှေးခေတ်တရုတ်ပြည်မှ " ကျွမ်းကျစ်၏ ပျော်စရာခရီး " စာအုပ်ထဲ၌ " အသီးနှံငါးမျိုးကို မစားဘူး ၊ ဒါပေမဲ့ လေကိုစုပ်ယူပြီး နှင်းစက်တွေကို သောက်မယ် " ဟု မှတ်တမ်းတင်ထားသည်။
ယင်းသည် လူတစ်ယောက်က ကောင်းကင်နှင့်မြေပြင်တို့ ထောက်ပံ့ပေးထားသည့် စွမ်းအင်များနှင့် ရှင်သန်နိုင်ပြီး အသီးအနှံငါးမျိုးကို လက်လွှတ်ပစ်၍ရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့နည်းလမ်းက လူတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုမိုစင်ကြယ်လာစေလိမ့်မည်။ မသန့်စင်ခြင်းများ ပိုနည်းလေလေ အသက်ပိုရှည်လေလေပင်။
ရှေးခေတ်တွင် ထိုစာသားကို မြင့်မားစွာပင် တန်ဖိုးထားကြပြီး ရှေးခေတ်စာအုပ်များထဲတွင် အကိုးအကားများ ပေါများလှပေသည်။
ဟုတ်သည်။ ယီယွင်က အစားရှောင်သည့် အခြေအနေနှင့် များစွာလိုသေးချေ၏။ ယိယွင်မှာ အစားရှောင်နိုင်သည့် အခြေအနေသို့ ရောက်သွားခဲ့လျှင်ပင် ထိုအခြေအနေမျိုးတွင် အညံ့ခံမည်မဟုတ်ဟု ခံစားမိသည်။
ကမ္ဘာမြေပေါ်တွင် ယီယွင်က အစားကြီးသာဖြစ်ပြီး ခေတ်မီဆန်းပြားမှု လစ်ဟင်းသည်။ ယီယွင်အား အစားအနုပညာရှင်ဟု ပြောသင့်ချေသည်။ ရှေ့တစ်ခုသည် ပျင်းရိမှုနှင့် အစားကြီးခြင်းဖြစ်ပြီး နောက်တစ်ခုကမူ လှပသောဘဝကြီး ခံစားခြင်း ဖြစ်ချေ၏။
ယီယွင်က အစားကြီးသည်သာမက အချက်အပြုတ်လည်း တော်သည်။ ကမ္ဘာမြေပေါ်တွင် သူ တစ်ဦးတည်းနေထိုင်ခဲ့သည်မှာ အတော်ကြာခဲ့သည်။ သူ၏ဟင်းပွဲများက ထိပ်တန်းစာဖိုမှူးများကို မယှဥ်နိုင်သော်လည်း သူ၏အိမ်ဟင်းများက အလွန်ပင် အရသာရှိသည်။
အကယ်၍ ယီယွင်သာ နှစ်နှစ်တာခန့် အလုပ်ကြိုးစားပြီး အသက်မွေးဝမ်းကြောင်းပြုပါက သူ၏ရုပ်ရည်နှင့် အချက်အပြုတ် ကျွမ်းကျင်မှုတို့နှင်ဆိုလျှင် အမျိုးသမီးများ၏အမြင်၌ သူက ပထမတန်းစား ရွေးချယ်သင့်သူတစဦး ဖြစ်နေပေလိမ့်မည်။
ကံမကောင်းစွာဖြင့်ပင် သူ အချိန်နှင့်ဟင်းလင်းပြင် လိုဏ်ခေါင်းကို ဖြတ်ကျော်မိပြီး ပေါက်ကရအနေအထားဖြင့် စတင်ခဲ့ရသည်။ ဆင်းရဲနုံချာလှသော လျှိုင်မိသားစုထဲတွင် ယီယွင်အဖို့ အချက်အပြုတ်ကျွမ်းကျင်မှုကို ထုတ်မပြနိုင်ပေ။
ယီယွင်သည် အနာဂတ်တွင် ဘဝကောင်းတစ်ခုဆီသို့ ဦးဆောင်နိုင်မည်ဟုသာ မျှော်လင့်မိသည်။ သူ အရသာရှိသော စားပွဲတစ်ခုတည်ခင်းကာ သူ့ကိုယ်သူအား ဆုချပစ်မည်။ အသီးနှံငါးမျိုးကို ရှောင်ရှားပြီး လေကိုစုပ်ယူကာ နှစ်စက်တွေကို သောက်သုံးရန်ကိုမူ မြောင်းထဲသာ လွှင့်ပစ်ပေမည်။ ထိုသို့နေထိုင်ရန်မှာ ကြောက်စရာကောင်းလှသည်။ သူ၏ အရသာခံအဖုများ ကျေနပ်ခြင်းမရှိလျှင် ကျေနပ်ဖွယ်ရာဘဝကို မည်သို့များ ရနိုင်ပါမည်နည်း။
အစိမ်းသက်သက် ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာပြီး တစ်လတာအချိန်အတွင်း၌ ယီယွင် မြင်ရသည့် တစ်ခုတည်းသော အသားမှာ ဝက်ဆားနယ်သာ ဖြစ်၏။ ဝက်ဆားနယ့က အရသာဆိုးသော်လည်း အသားဖြစ်နေဆဲပင်။ ဝယ်ဆားနယ် မရှိပါက ဆန်ကြမ်းဆန်ပြုတ်သာ ရှိလေသည်။ ယီယွမ်၏ အရသာခံအဖုများမှာ မကျေမချမ်း ဟစ်အာ်နေရချေ၏။
ဟုတ်သည်။ ယီယွင်၏ အခြေအနေမျိုးတွင် အူလိမ်လောက်သော ဆာလောင်မှုကို သည်းခံကာ ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များကို စုပ်ယူခြင်းဖြင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရသည်။ ပျက်စီးခြင်းအရိုး အဆီအနှစ်များက အရသာကောင်းသည်မှာ ကျေးဇူးတင်ဖွယ်ရာပင်။
" လျှိုင်မိသားစုက အစာတွေကို ထိန်းချုပ်ထားတာကြောင့် ငါ့အတွက် စားစရာမရှိမှတော့ ငါက သူတို့ရဲ့ ပျက်စီးခြင်းအရိုး အဆီအနှစ်တွေကို စားပစ်မယ် "
သူက ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များကို အပြောင်ရှင်းစုပ်ယူပစ်ရန် ဆုံးဖြတ်ထားသည်။ ယီယွင်က ဟန်လုပ်မနေဘဲ ယနေ့တွင် ပျက်စီးခြင်းအရိုး၏ အဆီအနှစ်များကို ခရမ်းရောင်သလင်းကျောက်၏ အထောက်အကူဖြင့် စိတ်ကြိုက်စုပ်ယူရန် ဆုံးဖြတ်ထားသည်။
ယင်းက ယီယွင် အမြဲလုပ်နေကျအရာ ဖြစ်သော်လည်း ယနေ့ သူ၏အစီအစဥ်တွင် အဖျက်အလုပ်တစ်ခု ရှိနေသည်။
အရုဏ်ဦးအချိန် ယီယွင် ရွာသို့ပြန်ရောက်ချိန်၌ မျိုးနွယ်ထဲတွင် အလွန်တရာပင် သက်ဝင်လှုပ်ရှားနေကြောင်း သိလိုက်ရသည်။
မျိုးနွယ်ထဲရှိ လူငယ်နှင့်လူကြီးများ အိမ်များထဲမှ ထွက်လာကြရသည်။ သူတိုက မျိိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းရှေ့ မြေကွက်လပ်တွင် စုသည်းနေကြသည်။ ၎င်းတို့၏အလာ်တွင် တောင်ငယ်တစ်ခုစာခန့်ရှိသည့် အရာကြီးတစ်ခု ရှိနေသည်။
ယီယွင် ထိုအရာကြီးကို သေချာကြည့်ကာ အံ့အားသင့်သွားသည်။ တောင်ငယ်တစ်လုံးစာမျှ အရာကြီးက ကြီးမားသော သားရဲတစ်ကောင် ဖြစ်နေပေသည်။
" ဒါ..."
ယီယွင် မှင်တက်မိသွားသည်။ အဘယ်သို့ဖြစ်၍ ထိုမျှကြီးမားသော သားရဲကြီးက လျှိုင်မိသားစုထဲတွင် ပေါ်လာရလေသနည်း။ သားရဲကြီး အလွန်အားကောင်းလှသည်။ ထိုကဲ့သို့ သားရဲတစ်ကောင်က လျှိုင်မိသားစုတစ်ခုလုံးနှင့် အလွန်တကူပင် ယှဥ်နိုင်သည်။
သို့သော် လူပေါင်းများစွာ ဝိုင်းနေသည့်တိုင်အောင် သားရဲကြီးက ရန်မူခြင်းမပြုဘဲ လျှိုင်မိသားစု၏ မြေကွက်လပ်ငယ်ထဲတွင် အေးချမ်းစွာ နေထိုင်နေ၏။
ယီယွင် ရုတ်တရက် တွေးမိသွားသည်..." ဒီသားရဲ....."
သူ ကမ္ဘာကူးပြောင်းလာသည့် နေ့ရက်ကို မှတ်မိသွားသည်။ ကျန်းရှောင်ယုနှင့်အတူ အိမ်ပြန်ခဲ့စဥ်က အရိုင်းမြေထဲတွင် သားရဲကြီးတစ်ကောင် ပြေးနေသည်ကို သူ မြင်ခဲ့ဖူးသည်။ ထိုသားရဲက ဆယ်မီတာခန့် ရှည်လျားပြီး ချွန်ထက်သော အစွယ်များရှိကာ ကြွက်သားတုတ်ခိုင်သော ခြေလက်များက သံမဏိထောက်တိုင်များအလားပင်။ ထိုသားရဲသာ အမြန်ပြေးပါက အလွန်မြန်ပေလိမ့်မည်။
ထိုမကောင်းဆိုးဝါးကြီး၏ ကျောဘက်၌မူ နောက်ကျောတွင် ဓယလွယ်ထားသော လူတစ်ဦး ရှိနေသည်။ ထိုသူ၏ အရှိန်အဝါက ဩဇာကြီးမားကာ အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။
ထိုမြင်ကွင်းကြောင့် ယီယွင်၏စိတ်ထဲတွင် နက်နဲသော ထင်မြင်ချက်တစ်ခု ဖြစ်ပေါ်လာသည်။ လူသားတစ်ဦးအနေဖြင့် ထိုကဲ့သို့ မြင်ကွင်းမျိုးက တုန်လှုပ်ဖွယ်ရာပင်။
လျှိုင်မျိုးထဲသို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ရောက်နေပြီဖြစ်ကြောင်း ယီယွင် နားလည်သွားသည်။ ထိုသားရဲကြီးက အရေးကြီးပုဂ္ဂိုလ်၏ စီးတော်ယာဥ် ဖြစ်ရမည်။ ယီယွင်အဖို့ ထိုကဲ့သို့ အရေးကြီးကိစ္စမျိုးကို မည်သို့များ အလွတ်ခံနိုင်ပါမည်နည်း။ သူ ကွင်းပြင်ဆီသို့ အပြေးသွားလေသည်။
ရွာသားများက နှစ်သစ်ကူးနေသည့်အလား ပွဲခံနေပြကြောင်းကို ယီယွင် မြင်လိုက်ရသည်။ ယီယွင် စကားများကို နားထောင်ကြည့်လိုက်သည်။
သားရဲကြီး၏ပိုင်ရှင်က ကျင်းလုံဝေ့အဖွဲ့ဝင်တစ်ဦး ဖြစ်ပေ၏။ ကျင်းလုံဝေ့အဖွဲ့သည် တိုင်အာနတ်ပြည်ထောင်၏ ထိပ်တန်းစစ်တပ်တစ်ခု ဖြစ်သည်။ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်များက ခရမ်းသွေးနယ်ပယ် အထက်တွင် ရှိကြသည်။ ခရမ်းသွေးနယ်ပယ် စစ်သည်များကို အခြေခံအဖြစ် ပေါင်းစည်းထားသည့် ကျင်းလုံဝေ့အဖွဲ့၏ တိုက်ပွဲဝင်စွမ်းပကားက ယှဥ်သူမဲ့သည်။
ကျင်းလုံဝေ့အဖွဲ့ကို တည်ထောင်ခဲ့သူသည် တိုင်အာနတ်ပြည်ထောင်ကို တည်ထောင်ခဲ့သော ဧကရာဇ်မင်း ဖြစ်၏။ တိုင်အာဧကရာဇ်က ကျင်းလုံဝေ့အဖွဲ့ကို ဦးဆောင်ကာ နယ်မြေများကို ဖြတ်ကျော်ခဲ့ပြီး တိုင်အာနတ်ပြည်ထောင်အတွက် အခြေခံအုတ်မြစ် ချပေးခဲ့သည်။
ဤအရိုင်းမြေတွင် ကျင်းလုံဝေ့အဖွဲ့က အရေအတွက်မသိရသော မျိုးဆက်များအတွက် အမွေအနှစ်များကို ယနေ့အထိ လက်ဆင့်ကမ်းလာခဲ့သည်။
တိုင်အာနတ်ပြည်ထောင် စစ်သည်ရွေးချယ်ပွဲတွင် ရွေးချယ်ခံရပါက ကျင်းလုံဝေ့အဖွဲ့ထဲ ဝင်ခွင့်ရလိမ့်မည်။ သူတို့က သီးသန့်ကျင့်ကြံရမည်ဖြစ်ပြီး အကဲဖြတ်ခြင်းကို ကျော်ဖြတ်နိုင်မှသာ တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာလိမ့်မည်။
.
အကဲဖြတ်ခြင်းကို ကျော်ဖြတ်ရန်အတွက် အလွန်ခက်ခဲသည်။ နောက်ဆုံးအကဲဖြတ်ခြင်းတဲ့ ကျရှုံးသွားပါက သာမန်စစ်တပ်သို့ ပို့ဆောင်ခံရလိမ့်မည်။ ထိုသို့ဆိုလျှင် ကျင်းလုံဝေ့အဖွဲ့၏ ထိပ်သီးအဖွဲ့ဝင်တစ်ဦး ဖြစ်လာလိုကြသည့် ၎င်းတို့၏ ခရီးစဥ်လည်း အဆုံးသတ်သွားပေမည်။
" ဒီလူသာ ကျင်းလုံဝေ့အဖွဲ့ဝင်တစ်ဦးဆိုရင် ငါတို့မျိုးနွယ်ထဲကို ရောက်လာခဲ့သူက အနည်းဆုံးတော့ ခရမ်းသွေးနယ်ပယ်မှာ ရှိလောက်မှာပဲ "
ကျင်းလုံဝေ့အဖွဲ့မှ ခရမ်းသွေးနယ်ပယ် စစ်သည်တော်များက အရိုင်းမြေထဲတွင် မွေးဖွားလာသည့် ခရမ်းသွေးနယ်ပယ် စစ်သည်တော်များနှင့် လုံးဝကွာခြားသည်။
အမှန်တကယ်တွင်မူ လျှိုင်မိသားစုသို့ ရောက်ရှိလာသည့် ကျင်းလုံဝေ့အဖွဲ့ဝင်က ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။
ထိုကဲ့သို့အဆင့်မျိုးကို ရောက်ရှိနေပြီး ကျင်းလုံဝေ့အဖွဲ့ထဲတွင် ပါဝင်နေနိုင်သည့် ထိုသူ၏ တိုက်ခိုက်ရေးစွမ်းရည်က ယှဥ်သူမဲ့ပေလိမ့်မည်။ ထိုသူက ကျင်းလုံဝေ့အဖွဲ့၏ ထိပ်သီးအဖွဲ့ဝင် ဖြစ်ရချေမည်။
အရိုင်းမြေထဲသို့ ရောက်လာသည့် ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးကို လူပေါင်းသိန်းချီသော လျှိုင်မိသားစု၏ မိသားစုခေါင်းဆောင်သည်ပင် တလေးတစား ဂါရဝပြုရလိမ့်မည်။ လျှိုင်မိသားစုအဖို့ ထိုကဲ့သို့ အဆင့်အတန်းမျိုးက ကြောက်မက်ဖွယ်ရာပင်။
လျှိုင်မိသားစု၏ အကြီးအကဲပိုင်းများအားလုံး ထွက်လာကြသည်။ လျှိုင်ချမ်းယုနှင့် မိသားစုခေါင်းဆောင်တို့ မျက်နှာများပြုံးဖြီးနေလျက်ရှိပြီး ကြိုဆိုပွဲကို ဦးဆောင်နေကြသည်။
ယီယွင် ကြိိုဆိုပွဲကို ရှင်းလင်းစွာမြင်နေရသည်။ ထိုသူသည် သူ သူစိမ်းကမ္ဘာကြီးထဲသို့ ပထမဦးဆုံး မြင်ခဲ့ရသည့်လူနှင့် အတူတူပင် ဖြစ်သည်။ ထိုသူတွင် ဩဇာကြီးမားသော အရှိန်အဝါရှိပြီး အဝေးထိတိုင်အောင် ထုတ်လွှင့်နေချေ၏။
" တကယ်ကို သူ ဖြစ်နေတာပါ့လား " ယီယွင် လင်းခနဲဖြစ်သွားသည်။ ဤသည်က ထိုသူကို ဒုတိယအကြိမ် မြင်တွေ့ရခြင်းပင်။
သူ အချိန်နှင့်ဟင်းလင်းပြင် လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီးနောက် ထိုသူနှင့် တွေ့ရသည်မှာ သေချာပေါက်ပင် တိုက်ဆိုင်မှုမဟုတ်ပေ။
သူ ဤလောကကြီးထဲသို့ ရောက်ရှိလာပြီး တိမ်ရိုင်းနယ်မြေအကြောင်း နားလည်ထားသရွေ့ကို ပြန်တွေးကြည့်ပါက လျှိုင်မိသားစုသည် ဆင်းရဲသော မိသားစုတစ်ခုဖြစ်ပြီး မည်သည့်ကျွမ်းကျင်သူကမျှ အဖက်လုပ်ဖူးခြင်း မရှိပေ။
ပြောရမည်ဆိုလျှင် ကျင်းလုံဝေ့အဖွဲ့မှ လျှိုင်မိသားစုဆီသို့ ရောက်လာရသည်မှာ အကြောင်းအရင်းတစ်ရပ် ရှိနေရချေမည်။ အကြောင်းအရင်းက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။