← Chapters

နာဖျားခြင်း

Vol. 2 Ch. 27

နာဖျားခြင်း

Vol. 2 Ch. 27

ညအချိန်တွင် ယီယွင်က ပျက်စီးခြင်းအရိုး၏ စွမ်းအင်များကို စုပ်ယူကာ သူ၏ ကိုယ်ပိုင်စွမ်းအင်များ ဖြည့်တင်းနေသည်။ ထိုနေ့က သူသည် တပ်သားလေ့ကျင့်ရေးစခန်း၏ လေ့ကျင့်မှုများကို စောင့်ကြည့်နေခဲ့ပြီး ယောက်ယွမ်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း သင်ကြားပေးနေသည်ကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

တပ်သားလေ့ကျင့်ရေးစခန်းက တားမြစ်နေရာ မဟုတ်ပေ။ သာမန်လူများ ဝင်ထွက်နေကြသည်မှာ ပုံမှန်သာဖြစ်၏။ ယီယွင် သတိထားနေသရွေ့ မည်သူကမျှ သိကြမည်မဟုတ်ပေ။

နည်းစနစ်များကို လေ့လာပြီးသည်နှင့် ယီယွင် တောင်အနောက်ပိုင်းသို့ သွားကာ လေ့ကျင့်ခဲ့သည်။ သူက ပျက်စီးခြင်းအရိုး၏ စွမ်းအင်များကို ချေဖျက်ကာ သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းမည်ဖြစ်၏။ ထိုကဲ့သို့ ကျင့်ကြံမှုစည်းချက်က အပြည့်စုံဆုံး ဖြစ်သည်။

ယီယွင်၏ ကြမ်းကြုတ်မှုနယ်ပယ်က ပိုမိုကာ အခြေခိုင်လာခဲ့သည်။ သူ ရေအောက်ထဲတွင် နှစ်ဆယ့်ငါးမိနစ်ခန့်အထိ နေနိုင်လေပြီး လင်းပိုင်တစ်ကောင်နီးပါး ဖြစ်သည်။

တိုင်အာနတ်ပြည်ထောင် စစ်သည်ရွေးချယ်ပွဲ မတိုင်မီ တစ်လအလိုတွင် ယီယွင်နှင့်အတူ သန့်စင်ခဲ့ကြသူများ နာဖျားကြလေသည်။

ယီယွင်က အပြာရောင်အလင်းစက်များစွာ စုပ်ယူခဲ့သည့်တိုင်အောင် အလင်းစက်အချို့က အခြားသူများ၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်ကြဆဲသာဖြစ်ပြီး ၎င်းတို့ အူယောင်ငန်းဖျားရောဂါ ခံစားခဲ့ကြရသည်။

ပထမဆုံးတစ်ယောက် ဖျားနာပြီးနောက် ယီယွင်လဲ ဖျားနာခဲ့သည်ဖြစ်ပြီး ဖျားနာမှုက အလွန်ပြင်းထန်သည်။ ယီယွင် ပျက်စီးခြင်းအရိုးကို သန့်စင်ရခြင်း မရှိတော့ပေ။ ကျန်းရှောင်ယု၏ အဆိုအရသူ ဝမ်းလျောနေပြီး မျက်နှာဖြူလျော်ကာ အလွန်အမင်း အားနည်းနေသည်။ သူ အိပ်ယာပေါ်တွင် လဲနေသဖြင့် ကျန်းရှောင်ယုက ကိုယ်စားခွင့်တိုင်ပေးရတော့ပေမည်။

ကျောက်ထိုင်ကျူမှာ ကျန်းရှောင်ယု၏ ဖော်ညွှန်းချက်များကြောင့် နားပူသွားရသည်။ သူ မလိုတမာပြုံးကာ..." အိုး... ဝမ်းလျောနေတာလား။ မျက်နှာဖြူနေတာလား။ အရမ်း အားနည်းနေတာတဲလား။ ကျွတ် ကျွတ် ကျွတ်... ဒါက အရမ်းခက်ခဲမှာပဲ မဟုတ်ဘူးလား။ ဒီတစ်ကြိမ်မှာ သူ ဘယ်လိုလုပ်ပြီး အိပ်ယာထဲ လဲသွားရတာလဲ "

ကျောက်ထိုင်ကျူ၏လေသံက မထူးမခြားနားပင်။ ကျန်းရှောင်ယု၏မျက်နှာ ဒေါသကြောင့် အေးစက်သွားလေ၏။ အမှန်တကယ်တွင် သူမက ဟန်လုပ်နေခြင်းသာ ဖြစ်သည်။ ယီယွင် အဆင်ပြေနေပြီး ဖျားနာသည့်အသွင် ဟန်ဆောင်နေကြောင်းကို သူမ သိသည်။

" မင်းရဲ့မောင်လေးက နဂိုကတည်းက အားပျော့တယ်။ သူ သေခဲ့မယ်ဆိုရင်တောင် ကိစ္စကြီးတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ သခင်လေးလျှိုင်က စိတ်ထားကောင်းတာကြောင့် ငါ့ကို ဆေးတစ်လုံး ပေးလိုက်တယ် " ကျောက်ထိုင်ကျူက တွန့်ဆုတ်စွာဖြင့်ဆိုကာ ခါးကြားထဲမှ ဆေးတစ်လုံး ထုတ်ယူလိုက်သည်။

ကျောက်ထိုင်ကျူက ဆေးကို ပေးလိုခြင်းမရှိပေ။ သူက ယီယွင်ကို သေစေလိုပေ၏။ သို့သော် သခင်လေးလျှိုင်က အဘယ့်ကြောင့် ယီယွမ်ကို တန်ဖိုးထားကာ သူ့အား ယီယွင်အတွက် ဆေးတစ်လုံး​ပေးရန် မှာကြားခဲ့ကြောင်းကို သူ မသိတော့ပေ။ သူသည် ယီယွင် ဆေးလုံးကို စားသည်လားအား အတည်ပြုပေးရမည်။

သခင်လေးလျှိုင်က ထိုမျိုးမစစ်လေးကို အမှန်တကယ်ပင် မြင့်မားစွာ တွေးထင်နေလေသလော။

" သခင်လေးလျှိုင်က လူကောင်းတစ်ယောက်ပဲ "

" သခင်လေးလျှိုင်က ကြင်နာတတ်လန်းတယ် "

လက်ရှိတွင် ပျက်စီးခြင်းအရိုးကြောင်း ဖျားနာနေသူများက ဆေးလုံး ရယူရန်အတွက် ရောက်ရှိနေသည်။ ကျောက်ထိုင်ကျူက ယီယွင်အား သေရွာမှ ပြန်ခေါ်ပေးနိုင်သည့် ဒဏ္ဍာရီဆန်သော ဆေးလုံးကို ထုတ်ယူလိုက်သည်အား မြင်လိုက်ရချိန်၌ လူများသည် လျှိုင်ချမ်းယုကို စတင်ကာ ချီးကျူးပြောဆိုကြသည်။

ထိုသူများသည် လျှိုင်ချမ်းယုက သူတို့အား လျစ်လျူရှုထားမည်ဟု ထင်ထားခဲ့ကြ၏။ သို့သော် ယီယွင်ကဲ့သို့ ကလေးတစ်ဦးပင် ဆေးတစ်လုံး ရရှိသည်ကို မြင်လိုက်ချိန်၌ သူတို့၏အိမ်မှ သန်မာသော ယောက်ျားသားများလဲ ဆေးတစ်လုံးဆီ ရလိမ့်မည်ဟု ထင်သွားကြသည်။

" သခင်ကျောက်... အိမ်က ကျွန်မရဲ့ယောက်ျားလည်း ဖျားနာနေပါတယ် "

" သခင်ကျောက်... ကျွန်မကလေးရဲ့ အဖေလည်း အပြင်းအထန် ဖျားနာနေပါတယ်။ သူ အန်နေတာ သုံးရက်ရှိပါပြီ "

လူအများက ကျောက်ထိုင်ကျူထံမှ ဆေးတစ်လုံးနှင့် ဝက်ဆားနယ်အချို့ ရရနိုင်ရန်မျှော်လင့် ဝိုင်းလာကြသည်။ သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ခြင်းများ ပြည့်နှက်နေပြီး ကျောက်ထိုင်ကျူကို ထိုင်ကန်တော့မည့်အလား ဖြစ်နေသည်။

ကျောက်ထိုင်ကျူသည် လူအများ ချီးကျူးမြောက်ပင့် ပြောဆိုသည်ကို ခံရကာ ကျေနပ်နေသည်။ သခင်လေးလျှိုင်က နှလုံးသားနူးညံ့လွန်းသည်ဟု သူ ခံစားမိသည်။ ဤကဲ့သို့ ဆေးများနှင့် ဝက်ဆားနယ်များကို သာမန်သူဆင်းရဲများအား ပေးဝေသည်မှာ ဖြုန်းတီးခြင်းသာ ဖြစ်သည်။

မူလက သူသည် ယီယွင်ကို ဆေးလုံးမပေးဘဲ စားပစ်မည်ဟု တွေးထားခဲ့သော်လည်း သခင်လေးလျှိုင်က သူ့အား စောစီးစွာ သတိပေးထားခဲ့၍ ထိုအတွေးကို စွန့်လွှတ်ပစ်ခဲ့ရသည်။ အမှတ်တကယ်တွင် မျောက်လောင်း ယီယွင်အား ဆေးပေးရန်အတွက် ကိုယ်တိုင်လာရလေခြင်းကြောင့် ကျောက်ထိုင်ကျူ စိတ်ပျက်နေခဲ့သည်။

" တကျည်ကျည်လုပ်နေတာ တော်ကြတော့။ မင်းတို့တွေ နေမကောင်းဖြစ်​​နေတာဆိုရင် မင်းတို့အတွက် ပြင်ဆင်ထားတာရှိတယ် " ကျောက်ထိုင်ကျူ အိတ်ဖွင့်လိုက်ပြီး လူအရေအတွက်အား ရေတွက်ကာ ဆေးများနှင့် ဝက်ဆားနယ်များ ဝေပေးခဲ့သည်။

လူတိုင်း ဆေးလုံးများနှင့် ဝက်ဆားနယ်များ လက်ခံရရှိကာ ကျေးတင်မဆုံး ဖြစ်နေသည်.. " ကျေးဇူးတင်ပါတယ် သခင်ကျောက်... ကျေးဇူးတင်ပါတယ် သခင်ကျောက် "

" ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ။ သခင်လေးလျှိုင်ကို ကျေးဇူးတင်သင့်တယ်။ မျိုးနွယ်အတွက် မင်းတို့ရဲ့ အနစ်နာခံမှုတွေကို သခင်လေးလျှိုင်က သတိရနေမှာပါ။ မင်းတို့သာ အလုပ်ကြိုးစားပြီး အရိုးသန့်စင်ပေးရင် သခင်လေးလျှိုင်နဲ့ မိသားစုက မင်းတို့တွေကို စိတ်ပျက်စေရအောင် မလုပ်ဘူး "

ကျောက်ထိုင်ကျူက ခပ်ကြွားကြွား ဆိုလိုက်သည်။ သူက လျှိုင်မိသားစု၏ အကြီးအကဲများပမာ ဟန်လုပ်နေသည်။ အမှန်တကယ်တွင် လက်ရှိအချိန်၌ ကျောက်ထိုင်ကျူက လျှိုင်မိသားစု၏ အကြီးအကဲတစ်ဦးဟု ခံစားနေရသည်။

" ဟုတ်တယ် ဟုတ်တယ်... ကျေးဇူးတင်ပါတယ် သခင်လေးလျှိုင် " လူအချို့က ဒူးထောက်ချကာ မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းဆီသို့ မျက်နှာမူကာ ကန်တော့လိုက်ကြသည်။

ကျောက်ထိုင်ကျူက ရလဒ်ကြောင့် ကျေနပ်နေသည်။ သူက ဆေးလုံးနှင့် ဝက်ဆားနယ် အများစုကို ခွဲဝေပေးခဲ့သည်ဖြစ်ပြီး ဝက်ဆားနယ်နှစ်ခု ကျန်နေသေးသည်။ တစ်ခုသည် အကြီးမားဆုံးဖြစ်ပြီး ကျန်တစ်ခုက အသေးဆုံးဖြစ်သည်။

အကြီးဆုံးတစ်ခုကို သူ့အတွက် ချန်ထားမည်ဖြစ်၏။ လျှိုင်ချမ်းယုက သူ့အား ဝက်ဆားနယ်များ ခွဲဝေပေးခိုင်းစဥ်ကတည်းကပင် အကြီးဆုံးတစ်ခုကို သူ့အတွက် ဖယ်ထားခဲ့ပြီး ဖြစ်သည်။ ဝက်ဆားနယ်များကို အရေအတွက်နှင့် ပေးခဲ့သည်ဖြစ်၍ တစ်ခုလိုနေခြင်းမှာ ပြဿနာရှိနေသည်။ ဒုတိယအကြီးဆုံး ဝက်ဆားနယ်ကို အပိုင်းငယ်တစ်ခု လှီးထုတ်ခြင်းကသာ ဖြေရှင်းချက်ဖြစ်သည်။

ယင်းက အသေးဆုံး ဝက်ဆားနယ် ဖြစ်ချေ၏။ ကျောက်ထိုင်ကျူက အသေးဆုံး ဝက်ဆားနယ်ကို ကျန်းရှောင်ယုအား ပေးလိုက်သည်။

" ဒါက မင်းအတွက်ပဲ " ကျောက်ထိုင်ကျူက ဆိုသည်။

" ရှင်..." ကျန်းရှောင်ယုသည် သေးငယ်သော ဝက်ဆားနယ်ကို မြင်လိုက်ရချိန်၌ ကျောက်ထိုင်ကျူက တမင်လုပ်ခဲ့ကြောင်း နားလည်သွားခဲ့သည်။ သို့သော် ငြင်းခုံလျှင်လည်း အကျိုးမရှိသည်ကို သူမ သိပေသောကြောင့် ဝက်ဆားနယ်ကိုသာ လက်ခံလိုက်သည်။

ယွင်အာ အသားမစားခဲ့ရသည်မှာ ကြာခဲ့ချေပြီ။

" မင်းရဲ့မောင်လေး ဘယ်လိုနေလဲ " ကျောက်ထိုင်ကျူက အကြီးဆုံး ဝက်ဆားနယ်ကို သိမ်းဆည်းနေရင်း မေးလိုက်သည်။

" ကျွန်မ ရှင့်ကို ခုနကပဲ ပြောခဲ့တယ်မဟုတ်ဘူးလား " ကျန်းရှောင်ယုက ခပ်စွာစွာ တုန့်ပြန်လိုက်သည်။

" ဟဲဟဲ... ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်။ ငါက စိတ်ထားကောင်းပြီး ရွာသားတွေကို ဂရုစိုက်တတ်ပါတယ် " ကျောက်ထိုင်ကျူက သူနှင့် သာမန်လူများအကြား စည်းထားလိုက်လေ၏။ ရွာသားများဟူသည့် အသုံးအနှုန်းက အလွန်တရာပင် နားကလောဖွယ်ရာပင်။

သူ ယီယွင်အား မြင်တွေ့လိုသည်မှာ လျှိုင်ချမ်းယု၏ ညွှန်ကြားချက်ကြောင့် ဖြစ်သည်။ လျှိုင်ချမ်းယုက အဘယ့်ကြောင့် ထိုကောင်လေးကို ဂရုစိုက်နေသည်အား ကျောက်ထိုင်ကျူ နားမလည်ပေ။

အမှန်တကယ်တွင်မူ လျှိုင်ချမ်းယုက ကျောက်ထိုင်ကျူကို သာမန်အတိုင်းသာ ပြောခဲ့ခြင်းဖြစ်ပြီး စိတ်ထဲတွင်မပါပေ။ သူ့တွင် မိုးကောင်းကင်ထက် ပိုမိုမြင့်မားသည့် ပြင်းပြသောဆန္ဒများရှိပြီး အားလုံး၏အထက်တွင် ရှိနေသော အရှင်သခင်တစ်ဦး ဖြစ်လာလိုပြီး ချမ်းသာကြွယ်ဝစွာ နေထိုင်လိုသည်။ သူက ယီယွင်ကဲ့သို့ ပမွှားလေးကို အဘယ့်ကြောင့် အရေးစိုက်နေရပါမည်နည်း။

သူသည် ယီယွင် မသေခဲ့ရသည်ကို သိချင်မိရုံသာ ရှိခဲ့သည်။ ထိုကောင်က ပထမဆုံးအကြိမ် ဆေးပင်ခူးရာတွင် ချောက်ထဲ ပြုတ်ကျခဲ့၏။ ထိုကောင်က မြေမြုပ်ခံရပြီးနောက်တွင်ပင် တူးထွက်လာနိုင်သေးချေသည်။ ဒုတိယအကြိမ်တွင်မူ သူက ယီယွင်၏ခန္ဓာကိုယ်ထဲသို့ ယွမ်ချီများ တိတ်တဆိတ် ပို့လွှတ်ခဲ့သော်လည်း ယီယွင် မသေခဲ့ချေ။

ပျက်စီးခြင်းအရိုး၏ အအေးအဆိပ်နှင့် သွေးကျဲဆေး၏ အဆိပ်အတောက်တို့ကို အတူပေါင်းစည်းလိုက်လျှင် ယီယွင် အသက်ရှင်နိုင်ဦးမည်လားကို လျှိုင်ချမ်းယု သိချင်မိသည်။

လျှိုင်ချမ်းယုအတွက် ယီယွင်က ပိုးဟပ်တစ်ကောင်ပမာ ဖြစ်နေသည်။ ပိုးဟပ်က သေးကွေးအားနည်းသော်လည်း အလွန်ပင် အသက်ပြင်းလှသည်။ ပိုးဟပ်တစ်ကောင်က ဗိုက်ပွင့်အောင် ဖျစ်ညှစ်ခံရပြီး မလှုပ်နိုင်တော့လျှင်ပင် အစားနှင့်ရေ မရှိဘဲ တစ်ရက် ၊ နှစ်ရက်ခန့် အသက်ရှင်နိုင်သေးသည်။

ယီယွင်ကလဲ ထိုကဲ့သို့ပင်။ ထိုကောင်က အားနည်းသော်လည်း အကြိမ်များစွာပင် သေဘေးမှ ရှင်သန်နိုင်ခဲ့ချေ၏။

ဖောင်း...။

ခြံဝန်းတံခါး ကန်ဖွင့်ခံလိုက်ရသည်။ ကျန်းရှောင်ယု ဒေါသထွက်သွားကာ အသံစူးစူးဖြင့် အော်လိုက်သည်..." ရှင် ဘာလို့ ဒီလိုလုပ်တာလဲ "

" ဟဲဟဲ...မင်းရဲ့မောင်လေးကို တွေ့ရဖို့လေ " ကျောက်ထိုင်ကျူ ဝင့်ကြွားစွာဆိုကာ လျှောက်သွားခဲ့လေပြီး ကုတင်ပေါ်​တွင် လဲလျောင်းနေသည့် ယီယွင်ကို မြင်လိုက်ရသည်။

ယီယွင်၏မျက်နှာတွင် ချွေးများသီးနေသည်။ သူ၏ဆံပင်များ စိုရွှဲနေကာ နဖူးတွင် ကပ်နေ၏။ ထွေးခံဖြစ်ဟန်ရသည့် အိုးတစ်လုံးလည်း ရှိနေသည်။

ကျောက်ထိုင်ကျူ နှာခေါင်းကုတ်ကာ ယီယွင်ကို သွေးကျဲဆေး ကမ်းပေးရင်းဖြင့် ဆိုသည် ..." မင်းမှာ သခင်လေးလျှိုင်ကတောင် အရေးပေးတဲ့အထိ ဘယ်လိုမျိုး ခွေးကံကောင်းမှုတွေ ရှိနေသလဲတော့ ငါလဲမသိတော့ဘူး။ မင်းပုံစံက သူတောင်းစားထက်တောင် ပိုဆိုးနေတယ်။ ငါ မင်းကို ကြည့်ရတာနဲ့တင် အော့အန်ချင်လာပြီ။ ဒီဆေးကို အမြန်စားလိုက် "

စောင်ခြုံထဲမှ ယီယွင်က ဆေးလုံးကို သေလုမြောပါးပုံစံဖြင့် ယူလိုက်သည်။ ကျန်းရှောင်ယုက ရေတစ်ခွက် ခပ်ပေးခဲ့လေ၏။

ယီယွင် သွေးကြဲဆေးကို ကိုင်လိုက်ချိန်တွင် ဆေးလုံး၏ စွမ်းအင်ဂုဏ်သတ္တိများကို ခံစားမိနေ၏။ ဆေးလုံးတွင် နုံချာသော ဆေးအာနိသင်သာ ရှိသည်။ တန်ဖိုးကြီးဆေးပင်များ ပါဝင်ခြင်းမရှိဘဲ အဆိပ်ဖြစ်သော အရာများသာ ပါဝင်နေသည်။

ဆေးလုံးကောင်းတစ်ခုသည် အထဲတွင် စွမ်းအင်များ ပါဝင်နေ၏။ လူတစ်ဦးက ဆေးသောက်လိုက်ချိန်တွင် ဆေးလုံး၏ ဆေးအဆီအနှစ်များက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်၏။ ယင်းက အနာရောဂါများကို ကုသပေးကာ လူတစ်ဦးကို ဘဝအသစ်ပေးစွမ်းသည်။

သို့သော် သွေးကျဲဆေးကဲ့သို့ ဆေးလုံးဆိုးများတွင်မူ စွမ်းအင်များ မပါသလောက်နီးပါးပင်။ ယင်းက လူတစ်ဦး၏ အလားအလာကို အဆိပ်အတောက် ပါဝင်ပစ္စည်းများနှင့် မြင့်တင်ပေးခြင်းဖြစ်ပြီး မည်သည့်အကျိုးဆက်ကိုမျှ တွေးတောထားခြင်းမရှိပေ။

ထို့ကြောင့် လူတစ်ဦး ထိုဆေးလုံးကို စားပြီးသည့်နောက် အလျင်အမြန် သက်သာလာနိုင်သော်လည်း သက်တမ်းကိုမူ တိုသွားစေသည်။

ဆေးလုံးက အကျိုးထက် အပြစ်ကသာ ပိုများနေပေသောကြောင့် ယီယွင်က ဆေးလုံးကို စားခြင်းမပြုပေ။

ကျောက်ထိုင်ကျူက ဘေးတွင်ရှိနေသော်လည်း ယီယွင်အဖို့ ထိုငနဲကြီးအား လှည့်စားရန်အတွက် မခက်ခဲပေ။ သူ ဆေးလုံးကို ပါးစပ်ထဲထည့်ကာ ရေအဝသောက်လိုက်သည်။ သူက ရေများစွာ သောက်နေသည့်ဟန် ဖြစ်နေသော်လည်း ရေခွက် ဖယ်လိုက်ချိန်တွင်မူ ရေများကို ခွက်ထဲသို့ ပြန်ထွေးထည့်ပစ်ခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ယီယွင်က ရေသောက်ရန်အတွက်ပင် အားအင်ချိနဲ့လွန်းနေသည့်အလား ပြင်းထန်စွာပင် ချောင်းဆိုးလေတော့သည်။

ကျန်းရှောင်ယုက ယီယွမ်၏ပါးစပ်အား အဝတ်တစ်ခုဖြင့် သုတ်ပေးလိုက်သည်။ ပါးစပ်အား သုတ်နေချိန်တွင် ယီယွင်က အဝတ်ပေါ်တွင် သွေးကျဲဆေးများ ထွေးချပစ်ကာ အပြောင်ရှင်းလိုက်သည်။

ကျောက်ထိုင်ကျူက စိတ်မရှည်နိုင် ဖြစ်နေပေသောကြောင့် ယီယွင်၏ သရုပ်ဆောင်မှုကို သတိပြုမိခြင်းမရှိပေ။ လျှိုင်ချမ်းယု ရောက်လာမည်ဆိုလျှင်ပင် ယီယွင် ဆေးများထွေးထုတ်ပစ်လိုက်သည်ကို သတိမပြုမိဖို့ရာသာ များပေသည်။

ထို့အပြင် ယီယွင်၏ ပုံပန်းသွင်ပြင်က ၁၂ နှစ်အရွယ်သာ ရှိနေသေးသည်။ သူက ထိုကဲ့သို့ သရုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

" မင်း ကံကောင်းတယ်။ ဒီဆေး စားပြီးရင်တော့ မင်းရဲ့အသက်ကို ကယ်နိုင်ရုံတင်မကဘူး စွမ်းအင်တွေပါ ပိုများလာလိမ့်မယ်။ မင်း လူမမာလို အားနည်းတာထက်စာရင် ပိုကြည့်ကောင်းပါတယ် " ကျောက်ထိုင်ကျူ ထိုသို့ပြောကာ ထွက်သွားလေ၏။

ကျောက်ထိုင်ကျူ ထွက်သွားပြီးနောက် ယီယွင်က အဝတ်ထဲရှိ သွေးကျဲဆေးကိုကြည့်ကာ မျက်လုံးများ စူးရှသွားသည်။ လျှိုင်ချမ်းယုက အလွန်ရက်စက်လှသည်။ ထိုကောင်က ပျက်စီးခြင်းအရိုးကို သန့်စင်ရေးအတွက် လူပေါင်းများစွာကို သတ်ဖြတ်ရန် ပြင်ဆင်ထားချေသည်။

အစိမ်းသက်သက် ဤကမ္ဘာကြီးက ကမ္ဘာမြေနှင့် မတူညီချေ။

ကမ္ဘာမြေပေါ်တွင် ကျောင်းသားတစ်ဦးက ကျောင်းသို့ ဓားတစ်လက်ယူလာပြီး အခြားကျောင်းသားတစ်ဦးနှင့် ရန်ဖြစ်ကာ သတ်မိသည့် ဖြစ်ရပ်မျိုးများ ရှိပေသည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုးက အလွန်ရှားပါးပြီး Tencent ကဲ့သို့ အွန်လိုင်းသတင်းများပေါ်တွင်သာ တွေ့ရတတ်သည်။

စွမ်းအားကို အသားပေးသည့် အစိမ်းသက်သက် ဤကမ္ဘာကြီးထဲတွင်မူ တစ်စုံတစ်ယောက်ကို စကားလုံးအချို့နှင့် သတ်ဖြတ်ပစ်ခြင်းမျိုးအား ပြစ်မှုတစ်ခုဟု တံဆိပ်ကပ်နိုင်ပါဦးမည်လော။

ငြိမ်းချမ်းသော ကမ္ဘာမြေပေါ်တွင် လူသတ်မှုသည် ကြီးမားသောပြစ်မှုတစ်ခု ဖြစ်သော်လည်း ဤနေရာ၌မူ လူသတ်မှုသည် ကျွဲနွားများကို သတ်သည့်အလားပင် သာမန်သာဖြစ်ချေ၏။

အမှန်တကယ်တွင်မူ လူတစ်ဦးအား သတ်ရန်အတွက် အကြောင်းပြချက် မလိုပေ။ အမှန်ကိုမကြည့်ဘဲ အကြောင်းပြချက် လုံလောက်နေခဲ့လျှင်....။

All Chapters