← Chapters

သွေးကြောများဖွင့်ခြင်း

Vol. 2 Ch. 29

သွေးကြောများဖွင့်ခြင်း

Vol. 2 Ch. 29

နေ့ရက်များ ကုန်လွန်သွားခဲ့ပြီး လျှိုင်မိသားစု ဆေးတောင်တန်း၏ အနောက်ဘက်တွင် ယီယွင်၏ ခြေရာမျာများ ပြည့်နှက်လာခဲ့သည်။

ယီယွင်က ညအချိန်တွင် အရိုးသန့်စင်ကာ နေ့အချိန်တွင် တပ်သားလေ့ကျင့်ရေးစခန်းတွင် ချောင်းကြည့်နေခဲ့ပြီး ကျန်အချိန်များကိုမူ တောင်အနောက်ဘက်တွင် ကျင့်ကြံရင်း ကုန်ဆုံးစေသည်။ သူ အိမ်ပြန်ကာ အိပ်စက်သည်မှာ နှစ်နာရီခန့်သာ ရှိသည်။

ယီယွင်၏ကျင့်ကြံမှုက ခက်ခဲကြမ်းတမ်းသော်လည်း သူ၏စွမ်းအားများကို အကြီးအကျယ် တိုးတက်လာစေသည်။

တောင်အနောက်ဘက်သည် ဆေးတောင်တန်းနဲ့ ဝေးကွာလေပြီး သူ၏တည်နေရာက ရွာနှင့်လည်း ဝေးကွာပေသောကြောင့် ထို့နေရာကို လူအနည်းငယ်ခန့်ကသာ နေ့အချိန်တွင် လာကြသည်။ ညအချိန်၌ အရိပ်ကိုပင် မမြင်ရပေသောကြောင့် ယီယွင် စိတ်ကြိုက်လေ့ကျင့်နိုင်သည်။

ဆယ့်ငါးရက်ကြာပြီးနောက်....။

" ဟိုင်းယား "

ယီယွင် ဟစ်အော်လိုက်ပြီး ခန္ဓာကိုယ်က ကောင်းကင်ထက်သို့ မြားတစ်စင်းပမာ တက်သွားသည်။ သူ ဆယ်မီတာခန့်မြင့်သည့် ကျောက်တုံးကြီးကို ခုန်ကျော်သွားခဲ့သည်။

ယီယွင်၏ နားထဲတွင် လေတိုးသံများ မြည်ဟီးနေပြီး ခန္ဓာကိုယ်မှလည်း နဂါးနှင့်ကျား ဟိန်းသံများကဲ့သို့ မြည်ဟီးနေသည်။

" ကျားရိုင်းတောင်ဆင်း "

ယီယွင် ခန္ဓာကိုယ်အား တင်းထားလိုက်ပြီး ခြေဖဝါးကို တင်ပါးတင်တွင်ကပ်ကာ ပျံသန်းနေရင်း လက်သီးတစ်ချက် ထိုးလိုက်သည်။

ဖျောင်း...။

ယီယွင်၏ ခန္ဓာကိုယ်ထံမှ လေးကြိုးပစ်သံကဲ့သို့ အသံတစ်ခု ပီသစွာထွက်ပေါ်လာသည်။ ထိုအသံကို ယီယွင်၏ အရွတ်အကြောများက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယောက်ယွမ်နှင့် နှိုင်းယှဥ်ကြည့်ပါက ဤအသံသည် ပိုမိုပြင်းထန်ပေ၏။

ဘုန်း...။

ရှေ့တွင်ရှိနေသည့် ကျောက်တုံးကြီးမှာ လက်သီးတစ်ချက်ကြောင့် ကွဲကြေသွားရလေ၏။ ယင်းက သာမန်ကျောက်တုံး မဟုတ်လေဘဲ မဟူရာသံကျောက် ဖြစ်သည်။ ၎င်းက သာမန်ကျောက်တုံးများထက် ပိုမာကြောသော်လည်း ယနေ့တွင်မူ ယီယွမ်၏လက်သီးချက်ကြောင့် ကွဲကြေသွားခဲ့လေ၏။

ဖလပ်...ဖလပ်...ဖလပ်...။

တောထဲမှ ငှက်များ ထပျံပြေးကြသည်။ ထိတ်လန့်မှုကြောင့် ပိုးကောင်များနှင့် ဖားများလဲ ငြိမ်သက်တိတ်ဆိတ်သွား၏။ လက်ရှိအချိန်၌ တစ်တောင်လုံး တိတ်ဆိတ်နေ၏။ သစ်ရွက်များနှင့် ငှက်မွေးများသာ မြေပြင် သို့မဟုတ် ယီယွင်၏ ဦးခေါင်းနှင့် ပခုံးတို့အပေါ် ကျဆင်းနေ၏။

" ဘုံကိုးပါးမှာ မိုးကြိုးဖြစ်ပေါ်လာချိန် လျှပ်တပြက်လေးပစ်ချက် ပေါ်လာမယ် "

" ငါ့ရဲ့လက်သီးက ဒီအဆင့်အထိ ရောက်နေပြီပဲ "

ယီယွင် စွမ်းအင်အကုန် ထုတ်ဖော်ချိန်၌ အရိုးအဆစ်များသည် မိုးကြိုးပစ်သံအလား ၊ လျှပ်တပြက် လေးပစ်သံအလားပင် ကျယ်လောင်စွာမြည်ဟီးလေသည်။ အကြောင်းကမူ ရှီကိုးပါး မြားတစ်စင်းသည်ပင် လျှပ်တပြက်ပစ်ချက်ကို ထိန်းသိမ်းနိုင်ရန် ခက်ခဲပေးမည်။

သာမန်လှုပ်ရှားမှုတစ်ခုနှင့်ပင် ယီယွင်၏ ခန္ဓာကိုယ်တွင် ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံများ ထွက်​လာချေ၏။ သူ၏အရိုးများက သံမဏိဖြင့် ပြုလုပ်ထားသည့်အလား ဖြစ်နေပြီး အရွတ်အကြောများကမူ နဂါးနံရိုးပမာ သန်မာသည်။

" ငါ့ရဲ့ လက်ရှိအဆင့်က ပြည့်ပြည့်ဝဝ ခိုင်မာနေပြီ။ ငါ့ရဲ့သွေးကြောတွေကို ဖွင့်ပြီး အဆင့် ၄ သွေးကြောနယ်ပယ်ကို တက်လှမ်းဖို့ အချိန်ကျပြီ "

လူသားများ၏ ခန္ဓာကိုယ်များတွင် သွေးကြောများရှိသည်။ သို့သော် သာမန်လူများက သွေးကြောများ ဖွင့်နိုင်ခြင်းမရှိ၍ ကောင်းကင်နှင့်မြေပြင်တို့မှ ယွမ်းချီများ စုပ်ယူနိုင်ခြင်းမရှိကြပေ။ လူသားတစ်ဦး၏ သွေးကြောစနစ်တွင် သာမန်သွေးကြော ဆယ့်နှစ်ခုနှင့် အထူးသွေးကြောရှစ်ခု ရှိသည်။

သာမန်သွေးကြော ဆယ့်နှစ်ခုက လူတစ်ဦး၏ ခြေလက်များဆီသို့ ဖြန့်ကျတ်ပေ၏။ ယင်းတို့က လက်မောင်း ယင်သွေးကြောသုံးခု ( အဆုတ် ၊ နှလုံးအမြှေးပါး ၊ နှလုံး) ၊ လက်မောင်း ယန်သွေးကြောသုံးခု ( အူမကြီး ၊ စန်းကျောင်း ၊ အူသိမ်) ၊ ခြေထောက် ယန်သွေးကြောသုံးခု ( အစာအိမ် ၊ သည်းခြေအိတ် ၊ ဆီးအိမ်) ၊ ခြေထောက် ယင်သွေးကြောသုံးခု ( သရက်ရွက် ၊ အသည်း ၊ ကျောက်ကပ်) တို့ ဖြစ်ကြသည်။

အထူးသွေးကြောရှစ်ခုကမူ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျတ်ပေ၏။ အရေးအပါဆုံး အထူးသွေးကြောနှစ်ခုမှာ ရန် ၊ တု ၊ အာ ၊ မိန် ဖြစ်သည်။

ရန် ၊ တု ၊ အာ ၊ မိန်၏ တည်နေရာသည် ခန္ဓာကိုယ်၏ ဗဟိုဝင်ရိုးတွင်ရှိပြီး အရှေ့ဘက်တွင် မျဥ်းတစ်ဖြောင့်တည်း အနေအထား၌ ရှိနေသည်။

ရန်သွေးကြောသည် အရှေ့ဘက်၌ရှိပြီး တုသွေးကြောက အနောက်ဘက်တွင် ရှိသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် မျဥ်းနှစ်ခုက ပေါင်းစည်းလည်ပတ်ကာ တန်းထျန်နှင့် ဟွေ့ယင်တို့ကို ဖြတ်သန်းသွားသည်။ ယင်းတို့က လူတစ်ဦး၏ပေါင်ခြံမှ ကြိုးနှစ်ချောင်းကဲ့သို့ပင် လူတစ်ဦး၏ ခန္ဓာကိုယ်ကို ဖေးမထားသည်။

ရန် ၊ တု ၊ အာ ၊ မိန်၏ အကြားတွင် ပြတ်တောက်နေသော သွေးကြောများ ရှိနေပေ၏။ ရန် တု အာ မိန်ကို ဖွင့်လိုက်ချိန်တွင် ပြတ်တောက်နေသော သွေးကြောများလည်း ပြန်ကောင်းသွားမည်ဖြစ်ပြီး လူတစ်ဦး၏ စွမ်းအင်များ အပြည့်အဝလည်ပတ်စေနိုင်မည့် ဗဟိုလမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ရန် ၊ တု ၊ အာ ၊ မိန် ကို ဖွင့်ခြင်းသည် တစ်ကိုယ်လုံးရှိ သွေးကြောများကို ဖွင့်နိုင်ရေးအတွက် အရေးအကြီးဆုံးအဆင့် ဖြစ်သည်။

ယခင်က ယီယွင် ဖတ်ဖူးခဲ့သော ဝူးရှဝတ္ထုများထဲတွင် ရန် ၊ တု ၊ အာ ၊ မိန်ကို ဖွင့်ရန်အတွက် နည်းလမ်းများစွာရှိသည်။ ဥပမာပြရသော် ကျန်းဝူကျိက မဟာစကြာဝဠာအားလွှဲသိုင်းကို အသုံးပြုကာ သွေးကြောရှစ်ခုကို ဖွင့်ခဲ့ချေ၏။ ရွှီကျူကမူ လီချူးရွှေနှင့် ထုံလောင်တို့၏ စွမ်းအားများကို အမွေဆက်ခံကာ သွေးကြောများ ဖွင့်နိုင်ခဲ့သည်။

ရှေးဟောင်းဆေးစာအုပ်များထဲတွင်လဲ ရန် ၊ တု ၊ အာ ၊ မိန်ကို မည်သို့ဖွင့်ရမည်အား နည်းလမ်းများစွာ ဖော်ပြထားသည်။ ရန် ၊ တု ၊ အာ ၊ မိန်ကို ဖွင့်ပြီးပါက လူတစ်ဦး ပြန်လည်နုပျိုလာကာ စွမ်းအားများ တိုးပွားလာမည်။

အပြည့်စုံဆုံး သွေးကြောရလဒ်က အနာဂတ်တွင် နယ်ပယ်ပိုမိုမြင့်မားသည့် သိုင်းသမားတစ်ဦးဖြစ်ဖို့ရာ လမ်းကြောင်းခင်းခြင်း ဖြစ်ချေသည်။

ယီယွင် တင်ပျဥ်ခွေထိုင်ကာ သွေးကြောများ ဖွင့်ရန်အတွက် စွမ်းအင်များ စုဆောင်းလိုက်သည်။ သွေးကြောများ ဖွင့်နိုင်ခဲ့ပါက ဝူးရှဝတ္ထုများထဲကကဲ့သို့ပင် ယီယွင်၏ စွမ်းအားများက အဆင့်တူတွင် ပြိုင်ဘက်ကင်းနေလိမ့်မည်။

ရှေးခေတ်တရုတ်ပြည်တွင်ဆိုပါက သူသည် နံရံများပေါ်တွင် လမ်းလျှောက်ခြင်း ၊ ရန်ငြိုးများ လက်စားချေခြင်း ၊ ရန်သူ့တပ်ဘက်မှ စစ်သူကြီးကို ခေါင်းဖြတ်ပစ်ခြင်းများ လုပ်နိုင်လိမ့်ချေမည်။

ရန် ၊ တု ၊ အာ ၊ မိန်ကို ဖွင့်ရန်အတွက် နည်းလမ်းနှစ်မျိုး ရှိသည်။ တစ်ခုသည် ပြင်ပအကူညီကို အားကိုးခြင်းဖြစ်ပြီး အခြားတစ်ခုကမူ သူ့ကိုယ်သူသာ အားကိုးခြင်း ဖြစ်၏။

ဝတ္ထုထဲတွင် ဇာတ်လိုက်က ရန် ၊ တု ၊ အာ ၊ မိန်ကို ဖွင့်ရေးအတွက် ကူညီပေးမည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ရှိနေမည်ဖြစ်ပြီး ဇာတ်လိုက်၏ ခွန်အားများကိုလဲ တိုးပွားလာစေလိမ့်မည်။ ယင်းအား အတွင်းအားလွှဲပေးခြင်းဟု လူသိများပေ၏။ ယင်းက မြန်ဆန်သော်လဲ သင့်တော်သည့်နည်းလမ်း မဟုတ်ချေ။ ကိုယ်တိုင် ကျင့်ကြံသည်ကသာ ပိုကောင်းလေ၏။

ဟုတ်သည်။ ယီယွမ်က ကိုယ်တိုင်ပင် သွေးကြောများဖွင့်မည့် ဒုတိယနည်းလမ်းကို ရွေးချယ်ထားသည်။

နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းတွင် သွေးကြောဖွင့်သည့် နည်းလမ်းများ ရေးထိုးထားသည်။ တင်ပျဥ်ခွေထိုင်ကာ အသက်နှုန်းကို ကြာနိုင်သမျှကြာအောင် ထိန်းထားရမည်ဖြစ်၏။

စစ်သည်တစ်ဦး သေမျိုးသွေးနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိသွားပါက အသက်ရှုခြင်းသည် ၎င်းတို့၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်စုဆောင်းခြင်းနှင့် ရောထွေးနေပြီး မီးတောက်လောင်သည့်ပမာ လည်ပတ်ခြင်းကို ဖြစ်စေသည်။

ယီယွင်က စွမ်းအင်များကို တန်းထျန်ထဲသို့ သတိရှိစွာဖြင့် ပို့ဆောင်ကာ ဖိသိပ်လေ၏။ ယီယွင် စွမ်းအင်များ ပြည့်ဝလာ၏။ အသက်ရှုနှုန်း မြန်ဆန်လာသော်လည်း အသက်ရှုတစ်ချက်ချင်းစီတိုင်းက ယခင်တစ်ခုထက် ပိုမိုနက်ရှိုင်းလာ၏။

နေနဲ့လရဲ့ အဆီအနှစ်ကို ရယူပြီး ကောင်းကင်အဆင့်ယွမ်ချီကို ရှုသွင်းခြင်း။

အကယ်၍ တစ်စုံတစ်ယောက်က အဝေးမှလှမ်းကြည့်မည်​ဆိုလျှင် ယီယွင်၏ ခန္ဓာကိုယ်အား အလင်းဖျော့ဖျော့တစ်ခု လွှမ်းခြုံထားသာ်ကို မြင်ရပေလိမ့်မည်။ အထူးသဖြင့် ယီယွင်၏ရင်ဘက်တွင် ခရမ်းရောင်အလင်းတစ်ခု တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့နေသည်။

ယင်းသည် ခရမ်း​​ရောင်သလင်းကျောက်က ပတ်ဝန်းကျင်မှ ယွမ်ချီများကို စုပ်ယူပြီးနောက် ထွက်ပေါ်လာသည့် မူလအလင်း ဖြစ်ပေ၏။ ယီယွင် အသက်ရှုထုတ်လိုက်ချိန်တွင် နှလုံးထဲရှိ ခရမ်းရောင်သလင်းကျောက်က ပတ်ဝန်းကျင်မှ ယွမ်ချီများ စုပ်ယူကာ သွေးကြောများ ဖွင့်နိုင်ရေးအတွက် အားထုတ်နိုင်စေရန် ကူညီပေးနေသည်။

ယီယွင်၏ ဘေးပတ်လည်မှ ခရမ်းရောင်အလင်းများ ပိုမိုသိပ်သည်းလာ၏။ ထိုခရမ်းရောင်အလင်းသည် " ခရမ်းရောင်အလင်းသည် ကမ္ဘာမြေမှလာ၏ " ဟူသော ရှေးဟောင်းတရုတ်ဒဏ္ဍာရီကို ကိုယ်စားပြုလေပြီး သူတော်စင်သင်္ကေတတစ်ရပ် ဖြစ်ပေ၏။

ရှုး...ရှုး...ရှုး...။

ယီယွင်၏အသက်ရှုသံ ပို၍ ပို၍ပင် လေးလံလာခဲ့၏။ အသက်ရှုချိန်တိုင်းသည် သူ၏ခန္ဓာကိုယ်အား လှုံ့ဆော်ပေးနေလျက်ရှိပြီး ခန္ဓာကိုယ်သည် လှိုင်းကြမ်းကို ခံရတော့မည့် လှေတစ်စင်းပမာ ရှိနေသည်။

သူ၏ခန္ဓာကိုယ် အထက်အောက် ရွေ့လျားနေကာ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ သိပ်သည်းလာနေ၏။ သူ၏ အရွတ်အကြောများက လေးကြိုးပစ်သံကဲ့သို့ မြည်ဟီးနေပြီး အရေပြားသည် သားရေပမာ ​ပွယောင်းနေ၏။ အရိုးများက တဖျစ်ဖျစ်မြည်ဟီးနေသည်။

စွမ်းအင်များ အလွန်အကျွံ စုဆောင်းပြီးနောက် ယီယွင်မှာ ခန္ဓာကိုယ် ပေါက်ကွဲတော့မည့်ပမာ ခံစားလာရလေ၏။ သူ စွမ်းအင်များကို ထိန်းချုပ်ကာ အပူစီးကြောင်းကို တန်းထျန်ထဲသို့ လှိုင်းလုံးများပမာပင် တစ်လှိုင်းပြီးတစ်လှိုင်း ပို့လွှတ်လေသည်။

ယီယွင် အကန့်အသတ်နှင့် တဖြည်းဖြည်းချင်း နီးကပ်လာ​လေ၏။ ခန္ဓာကိုယ်အပေါ်ယံမှ သွေးကြောငယ်လေးများ ပေါက်ကွဲတော့မည့်အချိန်တွင် သူ မြည်ဟီးသံတစ်ခု ကြားလိုက်ရသည်။ ယီယွင်ကို ဗဟိုပြုကာ စွမ်းအင်များ ပေါက်ကွဲသွားခဲ့ပြီး ယီယွင် ထိုင်နေခဲ့သည့်ကျောက်တုံး ကွဲကြေသွားကာ ငါးမီတာပတ်လည်အတွင်းရှိ သစ်ပင်များ ပျက်စီးသွားလေ၏။

ယီယွင် ခန္ဓာကိုယ်နွမ်းနယ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ နှာခေါင်းနှင့်နားရွက်တို့မှ သွေးများကျဆင်းလာ၏။ ယီယွင်၏ ချွေးပေါက်များတွင် မီးခိုးရောင်အကျိအချွဲများ စိမ့်ထွက်လာ၏။

ပြီးသွားချေပြီ။

သေမျိုးသွေးနယ်ပယ် အဆင့် ၄ ၊ သွေးကြောနယ်ပယ်။

နောက်ဆုံးတွင် သွေးကြောများ ဖွင့်နိုင်သွားခဲ့ပြီး ဝူးရှဝတ္ထုများထဲမှ ဇာတ်လိုက်များနှင့် တူညီသွားပြီဖြစ်ကြောင်း ယီယွင် သိသည်။

ယီယွင် ငယ်ရွယ်စဥ်အချိန် ဝတ္ထုဖတ်ခဲ့စဥ်က နံရံများပေါ်တွင် လမ်းလျှောက်နိုင်ပြီး တရားမျှတမှုကို ကိုင်စွဲထားကာ ရန်ငြိုးများကို လက်စားချေနိုင်သည့် ချောမောသော သူရဲကောင်းတစ်ဦး ဖြစ်လာရန် စိတ်ကူးယဥ်ဖူးသည်။ ယနေ့တွင်မူ သူ ထိုစွမ်းအားကို ရရှိခဲ့ချေပြီ။

သို့သော် ဤသူစိမ်းလောကကြီးထဲတွင် စွမ်းအင်များက ကမ္ဘာမြေထက် ပိုမိုကြွယ်ဝသည်။ ကမ္ဘာမြေပေါ်တွင် ရန် ၊ တု ၊ အာ ၊ မိန်ကို ဖွင့်နိုင်ပါက ပြိုင်ဘက်ကင်း ဆရာသခင်တစ်ဦး ဖြစ်လာနိုင်သော်လည်း ဤလောကထဲတွင်မူ ကောင်းကင်အဆင့်ယွမ်ချီ ရှိနေသည်သာမက ပျက်စီးခြင်းစွမ်းအား ၊ စိတ်စွမ်းအားနှင့် ယီယွင် နားမလည်သေးသည့် ဆန်းကြယ်သော အခြားစွမ်းအားများ ရှိနေသေးသည်။ ထိုစွမ်းအင်များက ကမ္ဘာပေါ်ရှိ နျူကလီးယားကဲ့သို့ပင် အစွမ်းထက်သည်။

ထိုစွမ်းအင်များကို သူ့အတွက် အသုံးပြုနိုင်ပေသောကြောင့် သေမျိုးသွေးနယ် အဆင့် ၄ သွေးကြောနယ်ပယ်သည် သိုင်းပညာလမ်းစဥ်၌ မွေးကင်းစကလေး ခြေလှမ်း လှမ်းသကဲ့သို့သာ ရှိနေသေးသည်။

ယီယွင် မြေပြင်မှ ခုန်ထလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာပင် ခံစားသိမြင်နိုင်နေ၏။ သူသည် ခြေဆယ်လှမ်း ပတ်လည်အတွင်းမှာ အဖြစ်အပျက်အားလုံးကို သိရှိနေ၏။ သူသည် ရှေ့တွင်ကြေွကျနေသည့် သစ်ရွက်များကို တစ်ချက်ကြည့်ရုံနှင့်ပင် အရေအတွက်ကို သိရှိနိုင်နေသည်။

ရှင်းလင်းသော သိမြင်မှုနှင့် ထက်မြက်သော စိတ်တို့ကြောင့် ကျွမ်းကျင်သူ သိုင်းသမားတိုင်းတွင် ပုံရိပ်ဖော်မှတ်ဥာဏ်များ ပိုင်ဆိုင်ကြသည်။ ယင်းသည် သူတို့၏ သွေးကြောများ ပွင့်သွားကာ ဦးနှောက်၏စွမ်းဆောင်ရည် တိုးမြင့်လာသည့် ရလဒ်တစ်ခု ဖြစ်သည်။

ထို့အပြင် ရန် ၊ တု ၊ အာ ၊ မိန်တို့ ဦးနှောက်ထဲတွင် လည်ပတ်ချိန်၌ စွမ်းအင်များ ဦးနှောက်ထဲသို့ ရောက်ရှိလေပြီး လူတစ်ဦး၏ မှတ်ဥာဏ်နှင့် တုန့်ပြန်မှုများကို တိုးမြင့်စေသည်။

" ခံစားချက်က မိုက်တယ်။ အရမ်းမိုက်တယ် "

ခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲမှုကြောင့် ယီယွင် အလွန်ဝမ်းသာနေသည်။ သူက သေမျိုးသွေးနယ်ပယ် အဆင့် ၄ ကို ပြီးပြည့်စုံစွာ ချိုးဖျက်နိုင်ခဲ့၏။ ထိုမျှမသေးဘဲ ချဥ်ဆီသန့်စင်ခြင်းကို နောက်တစ်ကြိမ် ထပ်ကြုံခဲ့ရသည်။

သေမျိုးများက အစားပေါင်းစုံစားကာ ခန္ဓာကိုယ်တွင် မသန့်စင်မှုများ စုစည်းမိနေသည်။ ခရမ်းသွေးနယ်ပယ်သို့ မရောက်မီတွင် ချဥ်ဆီသန့်စင်ခြင်းကို လုပ်ဆောင်ရန်လိုအပ်သည်။ ချဥ်ဆီသန့်စင်ခြင်းကို ပိုလုပ်လေလေ ပိုကောင်းလေလေပင်။ ယီယွင်က ချဥ်ဆီသန့်စင်ခြင်းကို နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ယခင်တစ်ခေါက်ကထက် အညစ်အကြေးများ ပိုနည်းလာခဲ့သည်။

ယီယွင် အဝတ်များချွတ်ကာ ရေချိုးရန်အတွက် ရေတံခွန်ချိုင့်ခွက်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ သူ မီတာ ဒါဇင်အနည်းငယ်ခန့်အထိ ရေငုပ်သွားခဲ့ပြီး မိနစ်နှစ်ဆယ်ခန့် အသက်အောင်ထားပြီးနောက် ပြန်လည်ကူးခပ်လာခဲ့သည်။

ဗွမ်း...။

ယီယွင် ဧရာမငါးကြင်းတစ်ကောင်ပမာ ပေါ်လာပြီး ရေစက်များ ပြန့်ကျဲသွားစေသည်။ သူ ကိုယ်လုံးတီး ဖြစ်နေ၏။ သူက အဝတ်လဲခြင်ူမရှိဘဲ အဝတ်ဟောင်းများကို ပြန်ဝတ်ခဲ့သည်။ ထိုဝတ်စုံက ရေစိုနေပြီး ယီယွင်၏ခန္ဓာကိုယ်နှင့် ကပ်နေကာ အချိုးစားကျသော ခန္ဓာကိုယ်ပုံစံ ပေါ်လွင်နေစေသည်။

ရက်များစွာ ပင်ပန်းဆင်းရဲစွာ လေ့ကျင့်ပြီးနောက်တွင် ယီယွင်၏ ကြွက်သားများ ကြံ့ခိုင်ကြီးထွားလာပြီး ခန္ဓာကိုယ်ပုံသဏ္ဌာန်က ပိုကောင်းလာသည်။ သူ အရပ်လည်းပိုရှည်လာကာ ချောမောသော လူပျိုပေါက်တစ်ဦး ဖြစ်လာခဲ့သည်။

သွေးကြောနယ်ပယ်သို့ ချိုးဖျက်ပြီးနောက် ယီယွင်က အရှိန်အဝါအသစ်တစ်မျိုး ပေးစွမ်းနေ၏။

သူ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်နေလေပြီး ခန္ဓာကိုယ်က ဓားအိမ်မှထုတ်ထားသော ဓားတစ်လက်ပမာ ဖြစ်နေသည်။ သူ့တွင် စွမ်းအားကြီးသော ဖြစ်တည်မှုပုံစံ ရှိနေပေ၏။ ယီယွင်၏ နူးညံ့သော အသားအရေပေါ်တွင် လရောင်ဖျော့ဖျော့ ထွန်းလင်းနေပေရာ ပြဒါးပမာပင် တောက်ပနေချေ၏။

ထိုကဲ့သို့ လူပျိုပေါက်လေးသည် ဘာမျှမစားရသော ကလေးတစ်ဦးနှင့် မတူတော့ချေ။

သူက စိန်အရိုင်းတုံးတစ်ခုပမာပင်။ သူ ဝတ်ဆင်ထားသည် အဝတ်များကို အဝတ်စုတ်ဟု ဖော်ညွှန်းရမည်ဖြစ်သော်လည်း သူ၏ တောက်ပသော အရှိန်အဝါကိုမူ ဖုံးကွယ်နိုင်ခြင်းမရှိပေ။

All Chapters