← Chapters

လေးကြိုးကဲ့သို့ အရွတ်အကြောများ

Vol. 2 Ch. 17

လေးကြိုးကဲ့သို့ အရွတ်အကြောများ

Vol. 2 Ch. 17

လျှိုင်မိသားစုက ဆေးဝါးဖော်စပ်နေစဥ် အချိန်အတွင်း ယီယွင်သည် လျှိုင်မိသားစု ဆေးတောင်တန်း၏ အနောက်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာသည်။

လရောင်အောက်၌ ယီယွင်သည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထင်းရှုးပင်တစ်ပင်ပမာ ရပ်နေ၏။

ယီယွင်သည် ကျောက်ထျယ်ကျူး ဆေးပင်များ စုဆောင်းနေချိန်တွင် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ ဆေးအဆီအနှစ်များကို စုပ်ယူရန် အခွင့်အရေးရခဲ့၏။ ယခုတွင်မူ သူ၏ခန္ဓာကိုယ်ထဲတွင် ဆေးအဆီအနှစ်များက မီးမုန်တိုင်းတစ်ခုသဖွယ် လှိုင်းထန်နေချေ၏။

ဆေးအဆီအနှစ်များကို စုပ်ယူရန် အကောင်းဆုံးနည်းလမ်းမှာ ကျင့်ကြံရန်သာ ဖြစ်သည်။ ကျင့်ကြံနေစဥ်အတွင်း သူသည် ဆေးအဆီအနှစ်များကို ချေဖျက်ပစ်ကာ ခန္ဓာကိုယ်အား လေ့ကျင့်ရပေမည်။

ယီယွင် ဘယ်ခြေထောက်အား ဖြည်းညင်းစွာမြောက်လိုက်ပြီး ဘယ်လက်ဖြင့် ဘယ်ခြေထောက် ခြေကျင်းဝတ်ကို ကိုင်လိုက်သည်။ ညာဘက်ခြေထောက် ကွေးသွားကာ ခန္ဓာကိုယ်သည်လဲ လေးကိုင်းတစ်ခုပမာ ကွေးညွတ်သွား၏။

ယင်းသည် " ကျားရိုင်း တောင်ဆင်း " ကိုယ်ဟန် ဖြစ်၏။ ယီယွင်က " နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း " တိတ်တဆိတ် သင်ယူထားခဲ့သည်။ သူ၏ ကိုယ်နေဟန်ထားက အမှားကင်း၏။

" ကျားရိုင်း တောင်ဆင်း " ကိုယ်ဟန်က ခန္ဓာကိုယ်၏ အရွတ်များကို ပိုမိုကျစ်လျစ်သန်မာစေသည်။ ယီယွင်သည် ခန္ဓာကိုယ်အား နာကျင်လာသည်အထိ ဆွဲပြီးသည့်နောက် လက်သီးတစ်ချက် ထိုးလိုက်၏။

ဖောင်း...။

ယီယွင် ရှေ့တွင်ရှိနေသည့် သစ်ပင်ငယ်တစ်ပင်အား ထိုးခွဲလိုက်သည်။ သို့သော် ထိုရလဒ်က ယီယွင်အတွက် ကျေနပ်စရာမရှိပေ။ သူသည် လက်သီးထံမှ စွမ်းအားများကို လိုချင်သည်မဟုတ်လေဘဲ အရွတ်အကြောများကို အမြင့်ဆုံးအထိ တွန်းပို့လိုခြင်း ဖြစ်၏။

သေမျိုးသွေး အဆင့်ငါးဆင့်ထဲရှိ ပထမသုံးဆင့်ဖြစ်သော ရဲစွမ်းသတ္တိ ၊ ဖျတ်လတ်ကြံ့ခိုင်မှု ၊ ကြမ်းကြုတ်မှုတို့က သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်အခြေအနေကို တိုင်းတာခြင်းသာ ဖြစ်ပေသည်။ အသွေးအသား ၊ ကိုယ်တွင်းအင်္ဂါ ၊ အရိုးတို့ကို စဥ်ဆက်မပြတ် လေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်နေသည့် အလားအလာများကို ထုတ်ဖော်ရန်ဖြစ်ပြီး ဖျတ်လတ်မှုနယ်ပယ်နှင့် ကြမ်းကြုတ်မှုနယ်ပယ် ထဲသို့ရောက်ရှိစေသည့် ရလဒ်အား ဖြစ်ပေါ်စေသည်။ ယင်းအရာအားလုံးက သဘာဝအတိုင်းသာဖြစ်ပြီး မည်သူကမျှ တမင်ရည်ရွယ်၍မရပေ။

နဂါးနံရိုး ကျားအရိုး လက်သီးသိုင်းကို ကျွမ်းကျင်သွားပါက သေမျိုးသွေး အဆင့်ငါးသို့ ရောက်နိုင်မည်ဖြစ်ကြောင်း ယီယွင် သိသည်။ အကြောင်းကမူ ယောက်ယွမ်၏အဆိုအရ " နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း " က ခရမ်းသွေးနယ်ပယ် လူတစ်ဦးအတွက်ပင် ကြီးစွာသော သက်ရောက်မှုရှိသည့် အခြေခံနည်းစနစ်တစ်ခု ဖြစ်၏။

ဖျောင်း....။

ယီယွင်က လူကြီးပေါင်လုံးခန့်ရှိသည့် ထင်းရှုးပင်တစ်ပင်ကို ထိုးခွဲပစ်လိုက်သည်။ သူ၏လက်သီး ပေါက်ပြဲနေသော်လဲ ပြဿနာမရှိပေ။ ခရမ်းရောင်သလင်းကျောက် စုပ်ယူထားသည့် ဆေးအဆီအနှစ်များက ယီယွမ်၏ ခန္ဓာကိုယ်ထဲတွင် စုဝေးနေသည်ဖြစ်ပြီး ၎င်းတို့က တဖြည်းဖြည်းချင်း ပျံ့နှံ့လာကာ ယီယွင်၏ ခွန်အားအစိတ်အပိုင်း ဖြစ်လာကြသည်။

ယီယွင် လက်သီးအား ဖြေလျော့ပြီးနောက် ထပ်မံကာ ဆုပ်လိုက်သည်။ ယီယွင်က " ကျားရိုင်း တောင်ဆင်း " ကိုယ်ဟန်ကို အဖန်တလဲလဲ လေ့ကျင့်နေခဲ့သည်။ ယီယွင်၏ ကြွက်သားများက ရေပုံမှန်လောင်းသော သစ်ပင်ပျိုတစ်ပင်ပမာပင် ကြီးထွားသန်စွမ်းနေ၏။

ယီယွင်က သန်းခေါင်ချိန်မှ မိုးသောက်အချိန်အထိ လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ရေးက ပြင်းထန်သော်လဲ ယီယွင်အား ခရမ်းရောင်သလင်းကျောက် စုပ်ယူထားသည့် ဆေးအဆီအနှစ်များက အားဖြည့်ထောက်ပံ့ပေးနေခဲ့ခြင်းကြောင့် သူ နိုးကြားသွက်လက်နေပေသည်။

ယီယွင်သည် " ကျားရိုင်း တောင်ဆင်း " ကိုယ်ဟန်ကို လေ့ကျင့်ချိန်တိုင်း အားလုံးပုံအောထား၏။ အကြိမ်တိုင်းတွင် သူ၏ အရွတ်အကြောများ အပြင်းထန်ဆုံး ဆွဲဆန့်ခံရသည်။

ထိုကဲ့သို့ ပြင်းထန်လှသော လေ့ကျင့်ရေးကြောင့် ယီယွမ်ပင် ခက်ခဲလာရသည်။

သူ၏ခန္ဓာကိုယ် ပွန်းပဲ့ပေါက်ပြဲနေ၏။ ပွန်းပဲ့ပေါက်ပြဲနေခြင်းများအပြင် သူ စုပ်ယူထားခဲ့သော ဆေးအဆီအနှစ်များကိုလဲ အသုံးပြုခဲ့ပြီးချေပြီ။ ဆေးအဆီအနှစ်များက ယီယွမ်၏ အသွေးအသားများနှင့် ပေါင်းစည်းသွားခဲ့၏။ ယီယွင်၏ အရွတ်အကြောများမှာလဲ အကြိမ်ကြိမ် ဆွဲဆန့်ခံထားရကာ တဖြည်းဖြည်းချင်း ဒဏ်ခံနိုင်စွမ်းရှိလာသည်။

ဘုန်း...ဘုန်း...ဘုန်း...။

ယီယွင် လက်သီးချက်များ မည်မျှအထိ ထုတ်ဖော်ခဲ့ကြောင်းကိုပင် မသိတော့ပေ။ ရုပ်ခန္ဓာကိုယ်အား မညှာမတာ ခိုင်းစေနေခြင်းကြောင့် ယီယွင် အမြင်အာရုံများ ဝေဝါးလာရသည်။ သူ၏သိမြင်ခံစားနိုင်စွမ်းများ ယိုယွင်းလာသော်လဲ လက်သီးချက်များထံမှ နာကျင်မှုများနှင့် အရွတ်အကြောများ ဆွဲရာမှ ပြန်ကန်မှုများကမူ အလွန်တရာပင် ရှင်းလင်းလှသည်။

ယီယွင် အံ့ဩဖွယ်ရာ အခြေအနေတစ်ရပ်ထဲသို့ ရောက်ရှိနေသည်။ ယင်းသည် စိတ်ထွေးပြားခြင်းမရှိလေဘဲ သတိရတစ်ချက် မရတစ်ချက် အနေအထားတွင် ရှိနေသည်။

သူ အရာအားလုံးကို မေ့လျော့နေ၏။ သူ မှတ်မိသည့် တစ်ခုတည်းသော အရာမှာ ခန္ဓာကိုယ်မှ အရွတ်အကြောများ ဖြစ်သည်။ မသိလိုက် မသိဘာသာဖြင့်ပင် ယီယွင်တွင် အရွတ်အကြောများနှင့် ကြွက်သားများတို့၏ စိတ်မြေပုံတစ်ခု ဖော်ဆောင်နိုင်ခဲ့သည်။ ယင်းက မှော်ဆန်သော ခံစားချက်တစ်ရပ်ပင်။

အညှာအတာမရှိသော ဤလေ့ကျင့်မှုတွင် ယီယွင် သွေးကြောများကိုပင် မြင်နေရ၏။

ချွေးများ တသွင်သွင်ကျဆင်းနေပြီး သူ၏လက်သီးတွင် သွေးများကျဆင်းနေသည်။ ချွေးများက သူ၏မျက်လုံးများကို ဝေဝါးလာစေသည်။ သူ လေတိုးသံဖျော့ဖျော့ကို ကြားနေရ၏။ ယီယွင်သည် ရှေ့တွင်ရှိနေသည့်ပြင်းထန်သော ဖိအားတစ်ခုကိုသာ ခံစားမိနေ၏။

ထိုစဥ်တွင် ယီယွင် ဇာစ်မြစ်မသိရသော အင်အားတစ်ရပ်ကို ထုတ်ဖော်နိုင်သွားလေ၏။ သူ ဟစ်အော်ကာ အရွတ်အကြောများကို အပြင်းထန်ဆုံး ဆွဲဆန့်ပစ်ပြီး လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။

ဖောင်း...။

ယီယွင်၏လေ့ကျင့်မှုက ထင်းရှုးပင်တစ်ပင်အား အမြစ်ကျွတ်သွားစေကာ သစ်သားအပိုင်းအစများ ဖြစ်သွားစေသည်။

အမှုန်အမွှားများ ကျနေစဥ်မှာပင် ယီယွင်၏ခန္ဓာကိုယ်တွင် ဖောင်းခနဲ မြည်သံဖျော့ဖျော့ ထွက်ပေါ်လာသည်။ အသံက ကျယ်လောင်ခြင်း မရှိသော်လဲ အလွန်စူးရှလှပြီး လေးကြိုးခွင်းသံနှင့် တူညီလေရာ အထူးသဖြင့် ညချမ်းအချိန်အခါ၌ ပိုမိုရှင်းလင်းပီသ၏။

" လေးကြိုးလို အရွတ်အကြောတွေ။ ဒါက လေးကြိုးလို အရွတ်အကြောတွေပေါ့လေ "

ယီယွင် မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား လဲကျသွားပြီး ကောင်းကင်အား စူးစိုက်ကြည့်နေသည်။ နောက်ဆုံး လက်သီးချက်တွင် သူ၏စွမ်းအင်အားလုံးကို သုံးခဲ့ရသည်။

ယီယွင် အသက်ပြင်းပြင်း ရှုနေရသည်။ သူ၏ ညာဘက်လက်သည် သွေးချင်းချင်း ရဲနေသည့်တိုင်အောင် နာကျင်မှုကြောင့် စိတ်လှုပ်ရှားနေရသည်။ " ကျားရိုင်း တောင်ဆင်း " ကိုယ်ဟန်တွင် အနည်းငယ်ခန့် တိုးတက်သွားခဲ့ကြောင်း သူ သိသည်။

သူ၏ဘဝ၌ ယနေ့ညတွင် သိုင်းပညာကို ပထမဆုံး လေ့ကျင့်ဖူးခြင်း ဖြစ်ပေသည်။ သူသည် ထိုက်အန်းနတ်ပြည်ထောင်၏ ထိပ်တန်းနည်းစနစ်ဖြစ်သည့် " နဂါးနံရိုး ကျားအရိုး " ကို လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။ " ကျားရိုင်းတောင်ဆင်း " အကွက် လူတစ်ဦးကို သေမျိုးသွေး အဆင့် ၃ အထိသာ ရောက်စေနိုင်သည်။ ကြမ်းကြုတ်မှုအဆင့်သည် ခန္ဓာကိုယ်မှ အရွတ်အကြောများကို လေးကြိုးသဖွယ် အသုံးပြုရန် ဖန်တီးရခြင်း ဖြစ်သည်။

သို့သော် ယီယွင်က ထိုအရာကို လုပ်ဆောင်နိုင်ခဲ့သည်။ သူက ရဲစွမ်းသတ္တိနယ်ပယ်ထဲတွင်သာ ရှိနေသေးသည်။ သူက အသက် ၁၂ နှစ်သာ ရှိသေးသော်လဲ အရိုးများနှင့် ကြွက်သားများကမူ အရွယ်ရောက်ပြီးသူ လူတစ်ဦးကို ယှဥ်နိုင်သည်။

ထိုရလဒ်မျိုးကို တပ်သားလေ့ကျင့်ရေးစခန်းမှ မည်သူတစ်ဦးကမျှ ယှဥ်နိုင်မည်မဟုတ်ပေ။ သူသည် ယခင် လျှိုင်ချမ်းယု ရဲစွမ်းသတ္တိနယ်ပယ်တွင် ရှိခဲ့စဥ်ကထက်ပင် ကျော်လွန်ခဲ့၏။

.........................

ယီယွင် ညဘက်တွင် မအိပ်ခဲ့သလို လျှိုင်မိသားစု၏ ဆေးအခန်းထဲတွင် ဆေးပင်များ ဖော်စပ်ရန် တာဝန်ယူထားသည့် အဖိုးအိုသည်လဲ ထို့အတူသာ ဖြစ်ပေသည်။

ဆေးပင်အိုးကို တစ်ညလုံး ကျိုချက်ထားသည်။ အိုးကို ပင့်ထောက်ပေးထားသည့် ကျောက်တုံးများပင် နီရဲနေချေပြီ။ အရုဏ်တက်ချိနိတွင် သန်မာသော လူအချို့ ရောက်ရှိလာကာ အိုးထဲမှ အနက်ရောင်အရည် ပမာဏများစွာကို သွန်ချလိုက်ကြသည်။ ယင်းတို့က အိုးတစ်ခုလုံး၏ အဆီအနှစ်များ ဖြစ်ကြ၏။

" အင်း... ဒီတစ်ကြိမ် ဆေးပင်တွေက အကောင်းဆုံးပဲ။ နောက်ထပ် သုံးကြိမ်လောက် ကျိုချက်လို့ရသေးတယ်။ အဲ့ဒါက အာနိသင် နည်းသွားပြီဆိုပေမဲ့ တန်းဖိုးရှိနေတုန်းပါပဲ။ မင်းတို့က ဒါတွေကို အသုံးပြုပြီး ရေချိုးလို့ရတယ်။ အသုံးမဝင်တော့တာတွေကို သာမန်လူတွေအတွက် ချန်ထားပေးလိုက်ကြ။ အဲ့ဒါတွေက ကျိုးနေတဲ့အရိုးတွေ ပြန်ကောင်းလာအောင် လုပ်ပေးချိန်ကျ လိုအပ်တယ် "

လျှိုင်မိသားစု၏ ချို့ယွင်းနေသော ဆေးဖော်စပ်နည်းသည် ဆေးပင်အဆီအနှစ်များ ၂၀% ကိုသာ ရရှိစေနိုင်သည်။ ယင်းက သူတို့၏အကန့်အသတ် ဖြစ်ပေ၏။ လျှိုင်ချမ်းယုသည်က မျိုးနွယ်က ထုတ်ယူထားသော ဆေးအဆီအနှစ်အားလုံး၏ တစ်ဝက်ခန့်ကိုသာ စုပ်ယူနိုင်သည်။ ပြောရမည်ဆိုလျှင် လျှိုင်ချမ်းယုက ဆေးအဆီအနှစ် ၁၀% ကိုသာ စုပ်ယူနိုင်သည်။

အချိုးအစားက နိမ့်နေနိုင်ကောင်းသော်လဲ ယင်းအား နားလည်ပေး၍ ရပေသည်။ သာမန်လူတစ်ဦးသည်ပင် စားသုံးထားသော အစာအစားများကို ရာခိုင်နှုန်းများစွာ စုပ်ယူနိုင်ခြင်းမရှိပေရာ စုပ်ယူရန် အဆရာပေါင်းများစွာ ပိုမိုခက်ခဲသည့် ဆေးအဆီအနှစ်များကိုဆိုလျှင် ပြောစရာပင်မလိုချေ။

လျှိုင်ချမ်းယု၏ သီးသန့်အခန်းဆီသို့ ဆေးပင်အရည်တစ်ပုံး ပို့ခဲ့လေသည်။

လျှိုင်ချမ်းယုသည် ဆေးအိုးထဲတွင် တန်ကော့ ၊ ဂျင်ဆင်းရိုင်း ၊ မှိုနက်တို့ကဲ့သို့ ပစ္စည်းကောင်းများ ပါဝင်နေကြောင်းကို ကြားသိထားခဲ့ပြီး ဖြစ်ပေသည်။ လျှိုင်ချမ်းယု၏ ကျင့်ကြံမှုက ချိုးဖျက်လုအနေးအထားသို့ ရောက်ရှိနေပေသည်။ သူ့အတွက် ဆေးပင်များကိုသာ အလိုအပ်ဆုံး ဖြစ်သည်။

" ကောင်းတယ် ကောင်းတယ်...အချိန်ကိုက် ရောက်လာတာပဲ "

လျှိုင်ချမ်းယုသည် ဆေးရည်နက်များကို ကြည့်ကာ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူ အဝတ်များချွတ်ကာ အရည်ပူထဲသို့ ကိုယ်လုံးတီး ခုန်ဝင်လိုက်သည်။

အပူချိန်သည် ၉၀° ဆဲစီးယပ်အထက်တွင် ရှိပြီး မည်သည့်အသားကိုမဆို ချက်ပြုတ်ရန် လုံလောက်ပေသည်။ လျှိုင်ချမ်းယုကဲ့သိူ့ သေမျိုးသွေး အဆင့် ၅ တွင် ရှိနေသူပင် ခန္ဓာကိုယ်တွင် နာကျင်မှုအား ခံစားရသည်။

သို့သော် ထိုအပူချိန်က ဆေးအဆီအနှစ်များကို စုပ်ယူရန် အကောင်းဆုံးအပူချိန် ဖြစ်သည်။ ထိုကဲ့သို့ ရေပူမျိုးကသာ ချွေးပေါက်များ ဖွင့်ပေးပြီး ဆေးရည်များကို စစ်သည်တော်၏ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေနိုင်သည်။

All Chapters