အကြိုရွေးချယ်မှုများ
Vol. 3 Ch. 31
ယီယွင် နက်နက်နဲနဲ စဉ်းစားနေစဉ်တွင် တစ်စုံတစ်ယောက်က သူ့မျက်လုံးထဲသို့ ဝင်လာသည်။
သွေးကြောနယ်ပယ်သို့ ရောက်ရှိပြီးနောက်ပိုင်း သူ၏ အာရုံငါးပါးသည် အလွန်ထက်မြက်လာခဲ့သည်။ ဆူညံနေသော လူအုပ်ကြီးကြားတွင် ခြေဖျားထောက်ကာ ပတ်ဝန်းကျင်ကို ကြည့်နေသော ကျန်းရှောင်ယုကို သူတွေ့လိုက်ရသည်။
“အစ်မရှောင်ယု”
ယီယွင် အော်ခေါ်လိုက်ခြင်းဖြစ်သည်။
“ယွင်အာ”
ယီယွင်ကို မြင်လိုက်ရသောအခါ ကျန်းရှောင်ယု ဝမ်းသာသွားသည်။
“အိုး၊ ယွင်အာ မင်း...”
ယနေ့ ယီယွင်တွင် တစ်ခုခု ကွာခြားနေသည်ဟု သူမ ခံစားရသော်လည်း ဘယ်အရာမှန်း တိတိကျကျ မပြောနိုင်ပေ။
ယခင်က ယီယွင်သည် နာခံတတ်ပြီးရည်မွန်သော ကလေးငယ်တယောက်ဖြစ်သည်။ ယခုမှာမူ ထက်မြက်သောဟန်ရှိပြီး ချောမောသော အဆင်းအင်္ဂါရှိသော လူငယ်လေးတစ်ဦးနှင့်ပို၍သာတူသည်။ သူဝတ်ဆင်ထားသော ဟောင်းနွမ်းသောအဝတ်စားများကပင် သူ၏ကိုယ်အရှိန်ဝါကို ဖုံးကွယ်မဟန့်တားနိုင်ပေ။
မသွေးရသေးသော စိန်ရိုင်းတစ်ပွင့်...
ကျန်းရှောင်ယု ရုတ်တရက် ဤစကားစုကို သတိရလိုက်သည်။ ကောင်းမွန်သော ဓားတိုင်းသည် ဓားအိမ်အတွင်း၌ ဝှက်ထားပြီး ထုတ်မည့်နေ့ကို စောင့်ဆိုင်းနေသည်။
လက်ရှိ ယီယွင်သည် ကျန်းရှောင်ယုအား ထိုသို့သော ခံစားချက်ကို ပေးခဲ့သည်။
သို့သော် ကျန်းရှောင်ယုသာ ကွာခြားချက်ကို ခံစားနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယီယွင်နှင့် ကျန်းရှောင်ယုတို့မှာ ရင်းနှီးစွာထိတွေ့နေရသောကြောင့်ဖြစ်သည်။။ ယီယွင်နှင့် မရင်းနှီးသူများအတွက်မူ တစ်ခုခု ကွာခြားနေသည်ဟုသာသတိပြုမိပြီး လျစ်လျူရှုလိုက်ကြမည်ဖြစ်သည်။ယီယွင်ကို ဘာမှမလုပ်နိုင်သော ဖျားနာနေသည့် ကလေးတစ်ဦးသာ ထင်မြင်နေကြသောကြောင့် ဖြစ်ပေသည်။
“အစ်မရှောင်ယု ကျွန်တော် အဆင်ပြေပါတယ်” ယီယွင် ပြောရင်းရယ်မောလိုက်သည်။ သွေးကြောနယ်ပယ်သို့ ရောက်ရှိပြီးနောက် မိမိ၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို ခံစားမိသည်။
“ဘာတွေဖြစ်နေလဲ သွားကြည့်ကြရအောင်။”
ကျန်းရှောင်ယု၏ လက်ကို ဆွဲ၍ လူအုပ်ထဲသို့တိုး၍ကျော်ဖြတ်သွားလိုက်သည်။ သွေးကြောနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏ လက်ကို ဆန့်လိုက်ရုံဖြင့် မမြင်ရသော စွမ်းအားတစ်ခုက လူများကို ဘေးသို့ကပ်စေပြီး လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ခဲ့သည်။ ဘာတွေဖြစ်ပျက်နေသည်ကို သိရှိရန် အာရုံစိုက်နေသူများသည် ကလေးငယ်တစ်ဦး ဖြတ်သန်းသွားသည်ဟုသာ မြင်ကြမည်ဖြစ်သည်။
လူအများ ပြန်တိုးဝှေ့ချိန်တွင် ယီယွင်၏ ခန္ဓာကိုယ်သေးသောကြောင့် လူအုပ်ကြားမှ တိုးဝှေ့သွားနိုင်သည်ဟုသာ သူတို့ ထင်ကြမည်ဖြစ်သည်။
...
ရင်ပြင်အလယ်တွင်မူ လျှိုင်မျိုးနွယ်စု၏ အထက်တန်းလွှာများသည် ဓားကိုင်ဆောင်သူအား ဂရုတစိုက် ဧည့်ခံနေကြဆဲဖြစ်သည်။
“ချမ်းယု၊ အမိန့်ပေးလိုက်။ နွားတွေကို သတ်ပြီး ပွဲတော်လုပ်မယ်” အဘိုးအိုက လက်ဝှေ့ယမ်းလိုက်သည်။အဘိုးအို စိတ်ထဲမကောင်းသော်လည်း ပြောလိုက်ရခြင်းဖြစ်သည်။
မျိုးနွယ်စုတွင် နွားအနည်းငယ် မွေးမြူထားသည်။ နွားများသည် လျှိုင်မျိုးနွယ်စု၏ စည်းစိမ်ဥစ္စာ အားလုံးဖြစ်သည်။ နွားများသည် ကမ္ဘာပေါ်ရှိ နွားများနှင့် ဆင်တူသော်လည်း ဒီကမ္ဘာရှိ နွားများ၏ ခွန်အားမှာ များစွာ ပို၍ကြီးမားသည်။
တောရိုင်းဒေသတွင် ကျောက်တုံးများ ပြန့်ကျဲနေသည်။ ကျောက်တုံးအချို့မှာ မဟူရာသံကျောက်များဖြစ်သည်။ စိုက်ပျိုးရေးအတွက် မြေတစ်ကွက်ကိုပင် ထွန်ယက်ရန်အတွက် အလွန်ခက်ခဲသည်။ နွားများမရှိလျှင် လျှိုင်မျိုးနွယ်စုသည် မည်သည့်အစားအစာမှ ထုတ်လုပ်နိုင်မည်မဟုတ်ပေ။ ထိုသို့ဖြစ်လာသောအခါ လျှိုင်မျိုးနွယ်စုသည် တာအိုမျိုးနွယ်စုကို အစားအစာအတွက် လုံးဝမှီခိုရမည်ဖြစ်သည်။
ထို့ကြောင့် လျှိုင်မျိုးနွယ်စုတွင် နွားတစ်ကောင်စီ၏ တန်ဖိုးသည် လူဆယ်ဦးထက် ပိုမိုတန်ဖိုးရှိသည်။ ထိုအရာသည် ၀မ်းနည်းစရာကောင်းသည်ဟု ထင်ရသော်လည်း ဤသည်မှာ လက်တွေ့ ဖြစ်သည်။
ကျင်းလုံဝေ့ လျှိုင်မျိုးနွယ်စုသို့ ရောက်ရှိလာသောအခါ မျိုးနွယ်စုသည် ဧည့်သည်များကို ဧည့်ခံရမည်ဖြစ်သည်။ သို့သော် မျိုးနွယ်စုသည် တောရိုင်းအရိုးများကို သန့်စင်ရန်အတွက် ရိက္ခာကို ဝေငှထားခဲ့သောကြောင့် အစားအစာများမှာ မကျန်တော့ပေ။ နွားများကို သတ်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
ဓားကိုင်ဆောင်သူသည် တောရိုင်းဒေသရှိ ခက်ခဲသော မျိုးနွယ်စုငယ်များ၏ဘ၀ကို ဦးဆောင်နေသည့်ပုံပေါ်သည်။ ထို့နောက်သူက အေးဆေးစွာ ပြောလိုက်သည်– “နွားတွေကို သတ်စရာ မလိုပါဘူး။ ဒီကိုလာတဲ့ လမ်းမှာ ကျွန်တော့်ကို တိုက်ခိုက်တဲ့ ကြမ်းတမ်းသောသားရဲအချို့ကို တွေ့ခဲ့တယ်၊သူတို့ကို သတ်ပြီး အသားတွေနဲ့ ဦးချိုတွေကို ရိက္ခာအဖြစ် သိမ်းထားတာရှိတယ် မင်းတို့ လူတွေကို ခေါ်ပြီး ချက်ခိုင်းလိုက်ရုံပဲ။”
ထိုလူက စကားကိုပုံမှန်အတိုင်း ပြောသော်လည်း လျှိုင်မျိုးနွယ်စုမှ လူများ အံ့အားသင့်သွားကြသည်။
တိမ်ရိုင်းနယ်မြေတွင် လူများကို တိုက်ခိုက်မည့် သားရဲသုံးမျိုးရှိသည်။ အမျိူးအစားများမှာ တောရိုင်းသားရဲများ၊ ကြမ်းတမ်းသော သားရဲများနှင့် တောရိုင်းဆန်သော သားရဲများဖြစ်သည်။
တောရိုင်းသားရဲများသည် အတွေ့ရအများဆုံး သားရဲများဖြစ်သည်။ ထိုသားရဲတို့သည် ကမ္ဘာပေါ်ရှိ ကျားများ၊ ကျားသစ်များနှင့် ဆင်တူသည်။ အတွေ့အကြုံရှိသော မုဆိုးတစ်ဦးသည် သိုင်းမတတ်သော်လည်း ထောင်ချောက်များကို အသုံးပြု၍ ထိုသားရဲများကို ဖမ်းနိုင်ပေမည်။
ကြမ်းတမ်းသောသားရဲများတွင် သူတို့၏ ကိုယ်ပိုင်စွမ်းအားရှိကြသည်။ သူတို့၏စွမ်းအားမှာ ခရမ်းရောင်သွေးစစ်သည်တစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
တိမ်ရိုင်းနယ်မြေတွင် ကြမ်းတမ်းသောသားရဲများ အလွန်များပြားသည်။ အမဲလိုက်ထွက်သော မျိုးနွယ်စုမှ စစ်သည်များအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ထိုကြမ်းတမ်းသော သားရဲများဖြစ်သည်။
တောရိုင်းဆန်သော သားရဲများက အားကောင်းသော်လည်း ထိုသားရဲများသည် “တောရိုင်းမြေများ” ဟုခေါ်သော တောရိုင်းစွမ်းအားများ ထူထပ်စွာရှိသည့် နေရာများတွင် ပုန်းအောင်းနေကြသည်။ “တောရိုင်းမြေများ” ကို ရှောင်ရှားနိုင်သရွေ့ ဘေးကင်းမည်ဖြစ်သည်။
သို့သော် ကြမ်းတမ်းသောသားရဲများ၏ စားကျက်မြေမှာ လွန်စွာကျယ်ပြန့်သောကြောင့် ရှောင်လွှဲရန်မှာ မဖြစ်နိုင်ချေ။
ခရမ်းရောင်သွေးနယ်ပယ်စစ်သည်တစ်ဦးသည် အမဲလိုက်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ကြမ်းတမ်းသော သားရဲများစွာကို သတ်နိုင်စွမ်းရှိသောကြောင့်သာမက အကယ်၍ ထိုသားရဲကို တိုက်ခိုက်ရန်မလွယ်ကူပါက အလွယ်တကူပင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိပေသည်။
ဓားကိုင်ဆောင်သူသည် တောရိုင်းဒေသကို ဖြတ်ကျော်ပြီး ကြမ်းတမ်းသော သားရဲများစွာကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်။ ထိုသို့သော ခွန်အားသည် အလွန်အားကျဖွယ်ကောင်းလှသည်။
လျှိုင်ချမ်းယုက အသက်ရှုသွင်းကာ လက်သီးများကို ဆုပ်လိုက်သည်။ သားရဲ၏ဦးချိုပေါ်ရှိ အိတ်ကြီးမှာ ကြမ်းတမ်းသော သားရဲများကို အမဲလိုက်ရာမှရရှိသော အသားများ ဖြစ်နေမည်မှာသိသာထင်ရှားသည်။
“တစ်နေ့ကျရင် ငါလည်း ဒီလိုမျိူးစွမ်းအားကို ပိုင်ဆိုင်ရမှာပဲ၊ အဲဒီထက်တောင် ကျော်လွန်သွားမှာ” လျှိုင်ချမ်းယု ဆုံးဖြတ်လိုက်သည်။
နွားများကို သတ်ရန် မလိုအပ်ကြောင်း ကြားသိရသောအခါ အဘိုးအိုမှာ ဝမ်းသာသွားသည်။ သို့သော် သူက ယဉ်ကျေးစွာ ပြောလိုက်သည် “ဘာလို့လက်ခံရတာလဲ၊ ဧည့်သည်ရဲ့ အစာစားကို ပြန်ပြီးပြင်ဆင်ပေး မသင့်တော်ပါဘူး၊ကျွန်တော်တို့ လျှိုင်မျိုးနွယ်စုက ဆင်းရဲပေမယ့်...”
“ တော်တော့၊ ဆက်မပြောနဲ့တော့၊ငါ ဒီကိုလာတာက တရားဝင် ကိစ္စနဲ့ပဲ” ဟု ဓားကိုင်ဆောင်သူက အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။ လျှိုင်မျိုးနွယ်စု ပြသနေသော အတုအယောင် ယဉ်ကျေးမှုများကို သူ စိတ်မဝင်စားခဲ့ပေ။
“ဂုဏ်သရေရှိ သံတမံကြီး၊ ပြောပါကျွန်တော်တို့ လျှိုင်မျိုးနွယ်စုက ဘာမှမဟုတ်ပေမယ့် လူထောင်ပေါင်းများစွာ ရှိပါသည်။ ဂုဏ်သရေရှိ သံတမံကြီးမှာ ကျွန်တော်တို့ကို လိုအပ်တဲ့ တောင်းဆိုမှုတွေ ရှိရင် ပြောပါ” အဘိုးအိုက သူ၏ စကားကို ဖြတ်တောက်ခံရခြင်းကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ နှိမ့်ချစွာ ပြောလိုက်သည်။ ကျင်းလုံဝေ အဖွဲ့ဝင်တစ်ဦးသည် လျှိုင်မျိုးနွယ်စုကဲ့သို့ တန်ဖိုးမရှိသော နေရာသို့ လာမည်မဟုတ်ကြောင်း သူသိသည်။
“မကြာသေးခင်က ဒီတိမ်တိုက်ရိုင်းနယ်မြေမှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ လျှိုင်မျိုးနွယ်စုရဲ့ တည်နေရာက အဲဒီအဖြစ်အပျက်ရဲ့ ဧရိယာထဲမှာပဲရှိတယ် အဲဒါကြောင့် ကျင်းလုံဝေအဖွဲ့က ဒီကို ရောက်လာတာပဲ”
ထိုလူ၏ အသံ တဖြည်းဖြည်း တိတ်ဆိတ်သွားသောအခါ အဘိုးအို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ တိမ်တိုက်ရိုင်းနယ်မြေမှာ တစ်ခုခု ဖြစ်ခဲ့ခြင်းလား။
ထို့အပြင် သူ၏ ပြောဆိုချက်အရ သူသည် ကျင်းလုံဝေ အဖွဲ့ဝင်များစွာထဲမှ တစ်ဦး ဖြစ်မည်။
ကျင်းလုံဝေက ကြီးမားသည်ဟု ယူဆနိုင်သော အဖြစ်အပျက်တစ်ခုသည် လျှိုင်မျိုးနွယ်စုအတွက်မူ စိတ်ကူးမယဉ်နိုင်သော အရာဖြစ်သည်။ ထိုအဖြစ်အပျက်၏ ဧရိယာအတွင်း လျှိုင်မျိုးနွယ်စု ပါဝင်နေခြင်းသည် ဘုရားသခင်ကောင်းချီးလား၊ ကျိန်စာလားဟု မသိနိုင်ပေ။
အကယ်၍ ထိုသို့သော ကြီးမားသည့် ကိစ္စရပ်တွင် လျှိုင်မျိုးနွယ်စု ပါ၀င်ပါက ပုရွက်ဆိတ်ကဲ့သို့ပင် လျှိုင်မျိုးနွယ်စု၏ တည်ရှိမှုသည် အသံမထွက်ဘဲ ပျောက်ကွယ်သွားမည်ဖြစ်သည်။
အဘိုးအို၏ မျက်နှာအမူအရာကို မြင်သောအခါ ထိုလူက အေးဆေးစွာဖြင့်
“ဒီကိစ္စက မင်းတို့နှင့် မဆိုင်ပါဘူး၊ ဒါပေမယ့် မင်းတို့ မျိုးနွယ်စု ပတ်ဝန်းကျင်ကနေ လူတွေ အများကြီး ဖြတ်သန်းသွားလာကြလိမ့်မယ်။ သူတို့ထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ပါလာနိုင်တယ်၊ သူတို့ကို မထိခိုက်အောင် အကောင်းဆုံး ရှောင်ကြဉ်ပေးဖို့ပဲ”
“ဟုတ်ကဲ့၊ ကျွန်တော်မျိုး အကြီးအကဲ ပြောတာကို မှတ်ထားပါ့မယ်” ဟု
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
“ငါ လျှိုင်မျိုးနွယ်စုကို ရောက်လာခြင်းက အဆင်ပြေလို့ဖြစ်တယ်၊ ငါ့ အထက်အရာရှိတွေက မကြာခင် ကျင်းပမယ့် ဘုရင့်ရွေးချယ်ပွဲအတွက် မင်းတို့ကို လမ်းညွှန်မှုတွေ ပေးဖို့ အမိန့်ပေးထားပါတယ်”
ထိုသို့ပြောဆိုပြီးနောက် ထိုလူသည် မျိုးနွယ်စုဘက်သို့ လှည့်လိုက်သည်။ သူ၏ အသံသည် ဆယ်မိုင်အကွာအဝေးအထိ ကျယ်လောင်ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ခဏအကြာတွင် ဆူညံနေသော လူအုပ်ကြီး တိတ်ဆိတ်သွားသည်။
“ငါ့နာမည် ကျန်းယွီရှန်၊ ကောင်းကောင်း မှတ်ထားကြ၊ ငါ ဒီလျှိုင်မျိုးနွယ်စုကို လာရောက်ခြင်းက အသက်နှစ်ဆယ့်ရှစ်နှစ်အောက် လူငယ်သုံးဆယ်ကို ငါ့ရဲ့ ယာယီတပည့်တွေအဖြစ် ရွေးချယ်ဖို့ပဲ၊ မင်းတို့ရဲ့ ကိုယ်နေဟန်ထားနှင့် နည်းစနစ်တွေကို လမ်းညွှန်ပေးမယ်။”
“ငါ ဒီမှာ သုံးရက်ကနေ ငါးရက်လောက်ပဲ နေမှာပါ။ မင်းတို့ ကြိုးစားရလိမ့်မယ်။ ငါ သင်ပေးတဲ့ အကြောင်းအရာတွေကို နားလည်ရင် ဘုရင့်ရွေးချယ်ပွဲကို သေချာပေါက် အောင်မြင်လိမ့်မယ်။”
ကျန်းယွီရှန် ထိုစကားများကို ပြောလိုက်သည်နှင့် လျှိုင်မျိုးနွယ်စုသားများ အသက်ရှူရပ်သွားကြသည်။
“ဘုရင့်ရွေးချယ်ပွဲ”
၎င်းသည် သူတို့၏ အနာဂတ်နှင့် ဆက်စပ်နေသည်။ မျိုးနွယ်စုတစ်ခုလုံးသည် လျှိုင်ချမ်းယု စစ်သည်ရွေးချယ်ပွဲကို အောင်မြင်စေရန်အတွက် သူတို့၏ အနာဂတ်များကို မီးရှို့ခဲ့ကြသည်။
စစ်သည်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များ အထူးစိတ်လှုပ်ရှားနေကြသည်။ သူတို့သည် အသက်ရှူရခက်ခဲသည်အထိ စိတ်လှုပ်ရှားနေကြသည်။
ကျင်းလုံဝေမှ ကျွမ်းကျင်သူတစ်ဦးသည် သူတို့၏ လျှိုင်မျိုးနွယ်စုသို့ လာရောက်ပြီး သူတို့၏ ကျွမ်းကျင်မှုများနှင့် နည်းစနစ်များကို လမ်းညွှန်ပေးမည်။
သူတို့သည် ဘုရင့်ရွေးချယ်ပွဲကို အောင်မြင်ရန် မည်သည့်မျှော်လင့်ချက်မှ မထားခဲ့ကြသော်လည်း ကျန်းယွီရှန်၏ လမ်းညွှန်မှုများကို ရရှိပြီး ကျင်းလုံဝေထံမှ အဆင့်မြင့်ကျွမ်းကျင်မှုကို သင်ယူနိုင်ခဲ့ပါက ၎င်းသည် သူတို့၏ အနာဂတ် တိုးတက်မှုအတွက် အထောက်အကူပြုမည်ဖြစ်သည်။
လျှိုင်ချမ်းယု နောက်ဆုံးတွင် ဘုရင့်ရွေးချယ်ပွဲကို အောင်မြင်ပြီး မြို့ထဲသို့ ဝင်ရောက်သောအခါ ပိုမိုအားကောင်းသူများသည် သူတို့ကိုယ်သူတို့ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်မည်ဖြစ်သည်။
“လူသုံးဆယ်ကို ငါ ရွေးချယ်ပါ့မယ်။ ဘုရင့်ရွေးချယ်ပွဲမှာ ပါဝင်မယ့်သူတွေကိုလည်း အဲဒီလူသုံးဆယ်ထဲကနေ ရွေးမယ်။ တစ်နည်းအားဖြင့် ငါ မရွေးတဲ့သူတွေဟာ ဘုရင့်ရွေးချယ်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီလိုပဲ” ကျန်းယွီရှန်၏ စကားများကို ကြားပြီးနောက် ယီယွင် ရုတ်တရက် နားလည်သွားသည်။ကျန်းယွီရှန်သည် ဘုရင့်ရွေးချယ်ပွဲ၏ ပထမဆုံး စစ်ဆေးသူဖြစ်သည်။
ဘုရင့်ရွေးချယ်ပွဲကို တိမ်တိုက်ရိုင်းနယ်မြေတွင် ကျင်းပခဲ့သည်။ မိုးတိမ်တောရိုင်းဒေသတွင် အရင်းအမြစ်များ ရှားပါးသောကြောင့် စစ်သည်များ၏ ခွန်အားများမှာ နည်းပါးသောကြောင့်ဖြစ်သည့်။ မျိုးနွယ်စုအားလုံး စစ်ဆေးမှုတွင် ပါဝင်နိုင်စေရန်အတွက် လူအင်အားနှင့် အရင်းအမြစ်များစွာ လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းယွီရှန်ကဲ့သို့ အတွေ့အကြုံရှိသော ထိပ်တန်း ကျင်းလုံဝေ တစ်ဦးက အကြိုရွေးချယ်မှု ပြုလုပ်ခြင်းသည် အချိန်များစွာ သက်သာစေမည်ဖြစ်သည်။
“ကဲ၊ ငါ့ရဲ့ ယာယီတပည့်ဖြစ်ဖို့ သုံးရက်တာ လေ့ကျင့်ရေးကာလမှာ ပါဝင်ချင်သူတွေ၊ ဘုရင့်ရွေးချယ်ပွဲမှာ ပါဝင်ချင်သူတွေ ရှေ့ထွက်လာပါ။ ငါ အယောက်သုံးဆယ် ရွေးချယ်ပါ့မယ်။” ကျန်းယွီရှန် စကားဆုံးသည်နှင့် ဆူညံသံများ ထွက်ပေါ်လာသည်။
စစ်သည်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များ အစွမ်းကုန် အားထုတ်ကာ ရှေ့သို့ ဦးစွာ ပြေးထွက်လာကြသည်။
ကျောက်ထိုင်ကျူကဲ့သို့ သခင်အရိပ်ခြေကြည့် သူများသည် ကျန်းယွီရှန်ရှေ့သို့ တိုးဝှေ့မသွားမီ လျှိုင်ချမ်းယုကို အရင်ကြည့်ကာ ခွင့်ပြုချက် တောင်းခံကြသည်။
ခဏခြင်းအတွင်း စစ်သည်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များအားလုံး ရှေ့သို့ ထွက်လာကြသည်။
စစ်သည်လေ့ကျင့်ရေးစခန်းတွင် လူပေါင်း ခြောက်ဆယ်ခန့်ရှိပြီး အသက်အရွယ် သတ်မှတ်ချက်နှင့် ကိုက်ညီသူ လေးဆယ်ခန့်ရှိသည်။
ကျန်းယွီရှန်သည် သုံးဆယ်သာ ရွေးချယ်မည်ဖြစ်သောကြောင့် လူဆယ်ဦးခန့် ဖယ်ရှားခံရမည်ဖြစ်သည်။
စစ်သည်လေ့ကျင့်ရေးစခန်းမှ အားနည်းသော အဖွဲ့ဝင်များ စိတ်ပူပန်လာကြသည်။ ကျန်းယွီရှန်က သူတို့ကို ထုတ်ပယ်မည်ကို ကြောက်ရွံ့နေကြသည်။