← Chapters

တာဝရီပင်ကြီးကို စားခြင်း

Vol. 3 Ch. 33

တာဝရီပင်ကြီးကို စားခြင်း

Vol. 3 Ch. 33

“မင်းအသက် ဘယ်လောက်ရှိပြီလဲ” ကျန်းယွီရှန့်က ပထမဆုံးလူကို မေးလိုက်သည်။ သူက ကိုယ်ခန္ဓာပုသော်လည်း သန်မာသောလူတစ်ယောက်ဖြစ်သည်။ စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များမှာ ကြံ့ခိုင်ပြီး အသားညိုကြသည်။

ထိုလူသည် လျှိုင်မျိုးနွယ်စုတွင် အတော်အတန် အဆင့်အတန်းရှိသူဖြစ်သည်။ စစ်သည်ပြင်ဆင်ရေးစခန်းတွင်ပင် အသန်မာဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ကျန်းယွီရှန့်က ပထမဆုံး စစ်ဆေးခြင်းခံရသည့်အတွက် ဂုဏ်ယူမိပြီး မျှော်လင့်ချက်ဖြင့် စိတ်လှုပ်ရှားနေသည်။

“သခင်၊ ကျွန်တော်မျိုး အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပါပြီ။ ပေါင် ၄၀၀ ရှိတဲ့ ကျောက်တုံးကို မနိုင်ပါတယ်။ လေးလံတဲ့ ကျောက်ကို အရုပ်လိုပဲ လေးငါးကြိမ် မြှောက်နိုင်ပါတယ်။ သခင် သိချင်ရင် မြှောက်ပြပါ့မယ်”

ထိုလူက သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ မိတ်ဆက်လိုက်သည်။ ကျန်းယွီရှန့်က သူ၏ ဝါကြွားသောစကားများကို ဂရုမစိုက်ပဲ သူ့လက်ကို ထိုလူ၏ပခုံးပေါ်သို့ တိတ်ဆိတ်စွာ တင်လိုက်သည်။ ပြီးနောက် ယွမ်ချီ ကို ထိုးသွင်းလိုက်သည်။

“နတ်မျက်စိဖွင့်ခြင်း” ရှိသူတစ်ဦးသည် လူတစ်ဦး၏ ကြွက်သားများ၊ သွေးကြောများ၊ အရိုးများကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပြီး ထိုမှတဆင့် ထိုလူသည် ကိုယ်ခံပညာအတွက် သင့်တော်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်သည်။

သို့သော် ကျန်းယွီရှန့်သည် ထိုသို့သော အဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် သူ၏ ရွေးချယ်မှုနည်းလမ်းမှာ လူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ယွမ်ချီ အနည်းငယ်ကို ထိုးသွင်းပြီး ထိုသူ၏ ခန္ဓာကိုယ်က ၎င်းကို မည်မျှစုပ်ယူနိုင်သည်ကို ကြည့်ခြင်းဖြစ်သည်။

ကောင်းစွာ စုပ်ယူနိုင်သူများသည် ကိုယ်ခံပညာနှင့် သင့်တော်သော ခန္ဓာကိုယ်ရှိသည်။ စုပ်ယူမှု အားနည်းသူများသည် မသင့်တော်သော ခန္ဓာကိုယ်ရှိသည်။

ခဏတာ စမ်းသပ်ပြီးနောက် ကျန်းယွီရှန့် စကားမပြောနိုင်ဖြစ်သွားသည်။ သူထိုးသွင်းခဲ့သော ယွမ်ချီ ပမာဏ၏ ၁၀% အောက်သာ ထိုလူက စုပ်ယူနိုင်သည်။

ဤအရည်အချင်းမှာ ကြည့်လို့မကောင်းလောက်အောင် ဆိုးရွားလွန်းသည်။

“ကျောက်တုံးတွေ မြှောက်နိုင်ရုံနဲ့ ရန်သူတွေကို အနိုင်ရမယ် ထင်နေတာလား”

ကျန်းယွီရှန့်က ထိုလူ၏မျက်လုံးများကို စိုက်ကြည့်ကာ “မင်းရဲ့ ကိုယ်ခန္ဓာက သာမန်ပဲ၊ သိုင်းပညာအတွက် မသင့်တော်ဘူး” ဟု ပြောလိုက်သည်။

ကျန်းယွီရှန့်၏ စကားများသည် ထိုလူ၏မျက်နှာပေါ်သို့ ရေခဲရေဖြင့်ပက်ချလိုက်သကဲ့သို့ပင် ဖြစ်သွားသည်။ ဝါကြွားနေသော ထိုလူမျက်နှာမှာ ရှက်စိတ်ကြောင့် နီရဲလျှက်ရှိနေသည်။

“သိုင်းပညာနဲ့ မသင့်တော်ဘူးလားကျွန်တော်မျိုး ဘယ်လိုလုပ် သိုင်းပညာနဲ့ မသင့်တော်ရမှာလဲ”

ထိုလူသည် လွန်စွာ မကျေမနပ်ဖြစ်နေသော်လည်း ကျန်းယွီရှန့်၏ အေးစက်သော အကြည့်နှင့် ထိတွေ့မိသောအခါ အရှုံးသမားတစ်ဦးကဲ့သို့ ခေါင်းမဖော်နိုင်တော့‌ပေ။ငယ်စဉ်ကတည်းက ငါ့ရွယ်တူတွေထက် အမြဲသန်မာတယ်။ ကြီးလာတော့ ပေါင် ၄၀၀ ရှိတဲ့ ကျောက်တုံးကို မနိုင်တယ်။ သိုင်းပညာနဲ့ မသင့်တော်ရင် ဒီလို လေးလံတဲ့ ကျောက်တုံးကို မြှောက်နိုင်မှာလား။ ဒီအတွေးတွေက ထိုလူရဲ့ စိတ်ထဲမှာ တွေးထင်နေသည်။ သူ နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ခဲ့ပြီး ကျန်းယွီရှန့်က သူ့ကို သိုင်းပညာနဲ့ မသင့်တော်ဘူးလို့ ပြောလိုက်တော့ သူ့ရဲ့ ယခင်ကြိုးစားအားထုတ်မှုတွေအားလုံးကို ပျက်ပြယ်စေခဲ့သည်။ သူသည် ကျန်းယွီရှန့်ကို ပြန်လည်မချေပရဲသောကြောင့် သူ့စိတ်ထဲတွင်သာ ထိုသို့တွေးနေခဲ့သည်။

“ခဏဒီမှာနေဦး” ကျန်းယွီရှန့်က သူ့ကို ချက်ချင်းပြန်မပို့ပဲ ထိုနေရာမှာပဲ ထားခဲ့သည်။အဘယ်ကြောင့်ဆိုသော် တောရိုင်း‌နယ်မြေထဲတွင် ရွေးချယ်မှုပြုလုပ်သောအခါ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရမည်ကို ကျန်းယွီရှန့် သိသောကြောင့်ဖြစ်သည်။ ဤလူများအတွက် ထိုသို့ဆင်းရဲသော ပတ်ဝန်းကျင်အောက်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် ခက်ခဲသည်။

ကျွမ်းကျင်သူမရှိသော မျိုးနွယ်စုသည် မျိုးဆက်တစ်ခုမှ‌ နောက်မျိုးဆက် ဆက်သွားနေမည်ဖြစ်ပြီး ထိုမျိုးနွယ်စုမှ ထူးချွန်သူတစ်ဦး ပေါ်ထွက်လာရန် လွန်စွာမဖြစ်နိုင်ပေ။

သို့သော် မကြာမီပင် ကျန်းယွီရှန့်သည် ကျယ်ပြောလှသော တောရိုင်းနယ်‌မြေထဲမှ လူများ၏ အရည်အသွေး နိမ့်ကျမှုကို လျှော့တွက်မိနေကြောင်း သဘောပေါက်သွားသည်။ အဆိုးဆုံးဟု မရှိ၊ ပိုဆိုးသည်သာ ရှိသည်ကို သူစတင်နားလည်လာသည်။

သူစာရင်းကို လိုက်စစ်သွားရာတွင် ယခင်က ဝါကြွားနေသော ထိုလူကိုပင် မဆိုးလှဟု သတ်မှတ်နိုင်ခဲ့သည်။ သူ စာရင်း၏ အဆုံးသို့ ရောက်သောအခါ သူတို့အများစုသည် ယွမ်ချီကို ၆-၇% သာ စုပ်ယူနိုင်ကြပြီး ၄-၅% သာ စုပ်ယူနိုင်သူများပင် ရှိခဲ့သည်။

ကျန်းယွီရှန့်သည် သူ၏ စံနှုန်းများကို လျှော့ချရန်သာတတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ၆% ကျော် စုပ်ယူနိုင်သူတိုင်းကို နေခွင့်ပြုရန် သူဆုံးဖြတ်လိုက်သည်။

“မင်း… မင်း နည်းနည်းတော့ အရည်အချင်းပြည့်မီတယ် ထင်ပါရဲ့” ကျန်းယွီရှန့်က ဝသောလူတစ်ဦးကို စိတ်ပျက်စွာ ကြည့်ပြီး “နည်းနည်းတော့”ဟုသာ ရေရွတ်နိုင်တော့သည်။

ကျန့်ယွီကျန်း၏ ရွေးချယ်ခံသူစာရင်းကိုကြည့်လိုက်သောအခါ လူအားလုံး၏ ထက်၀က်ခန့်ကို ပယ်ချခဲ့သည်။

စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင် လေးဆယ်ခန့်တွင် ထိုစံနှုန်းများအောက်တွင် အရည်အချင်းပြည့်မီသူမှာ နှစ်ဆယ်ခန့်သာ ရှိခဲ့ပြီး လူသုံးဆယ် သိုင်းပညာနဲ့မသတ်ဆိုင်သည်မှာ ထင်ရှားသည်။

“သခင် ကျန်းက တကယ်ကို တင်းကျပ်တာပဲ။ စစ်သည်ပြင်ဆင်ရေးစခန်းက စစ်သားတွေက ဒီလောက်သန်မာတာတောင် တစ်ဝက်ကျော်ကို ပယ်လိုက်တယ်”

“တော်သေးတာပေါ့ ငါတို့ မတက်သွားတာ။ တက်သွားရင် တော်တော်ရှက်ကွဲမှာ”

ဟု ယခင်က ယီယွင် စာရင်းသွင်းသည်ကို မြင်ပြီး ကြိုးစားရန် ရည်ရွယ်ခဲ့သူတစ်ဦးက စိတ်ပျက်စွာ ပြောနေသည်။

အချို့မှာ ကံကောင်းသည်ဟု ခံစားရသည်။

ထိုသို့သော ပယ်ချမှုများအောက်တွင် အလွန်ထူးချွန်သူတစ်ဦးသာ ရွေးချယ်ခံရနိုင်မည်။

ကျန်းယွီရှန့်သည် ရွေးချယ်ခံရသူများကို အမှန်တကယ် ကျေနပ်ခြင်းမရှိကြောင်း သူတို့ ပြောပြနိုင်သည်။ သူရွေးချယ်ရန် အခြားသူမရှိသောကြောင့် ပုဂ္ဂိုလ်ပုပုများထဲမှ ဗိုလ်ချုပ်တစ်ဦးကို ရွေးချယ်ရခြင်းသာဖြစ်သည်။

ဤအရာကို နားလည်သောအခါ လူအုပ်ကြီးသည် လျှိုင်ချမ်းယုကို ပို၍ပင် လေးစားလာကြသည်။ လျှိုင်ချမ်းယု တစ်ဦးတည်းသာ “လုံးဝမဆိုး” ဟူသော ချီးကျူးမှုကို ရရှိခဲ့သည်။

“ယွမ်အာ…” ကျန်းရှောင်ယုမှာ သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ယီယွင်ကို စိုးရိမ်တကြီး ကြည့်နေသည်။ ယီယွင်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ကိုယ်ခံပညာကို လျှို့ဝှက်လေ့ကျင့်နေခဲ့သည်ကို သူမသိသော်လည်း သူ၏စွမ်းရည်သည် စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များထက် မြင့်တက်လာလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။

ကျန်းယွီရှန့်က စစ်သည်ပြင်ဆင်ရေးစခန်းမှ ထိုလူများကိုပင် မရွေးချယ်လျှင် ယီယွင်ကို မည်သို့ရွေးချယ်မည်နည်း။

ကျန်းရှောင်ယုသည် ရင်ပြင်အလယ်တွင် ရပ်နေဆဲဖြစ်သည်။လူအုပ်၏ မျက်လုံးများက သူမကို စိုက်ကြည့်နေကြသည်။ သူမ၏ မောင်သည် ပဏာမရွေးချယ်ရေး ကိုယ်စားလှယ်များကြားတွင် ပါဝင်နေသည်။ ကျန်းရှောင်ယုသည် နောက်ဆုတ်၍လည်းမရ၊ ထိုနေရာတွင် ဆက်ရပ်၍လည်းမရ ဖြစ်နေသည်။

ယီယွင်သည် ကျန်းရှောင်ယု၏ စိုးရိမ်တကြီးမျက်လုံးများကို သတိပြုမိပြီး သူ့ပါ “အစ်မရှောင်ယု၊ စိတ်မပူပါနဲ့။ ကျွန်တော်အဆင်ပြေမှာပါ” ဟု ပြောလိုက်သည်။

ယီယွင်၏ စကားများကို ကြားရသောအခါ ကျောက်ထိုင်ကျူက ရယ်မောလိုက်သည်။ “‌ ဟေ့‌ကောင့်ရာ၊ ငါ အခု ဘယ်ခွေးလေလွင့်ကိုမဆို ရွေးလိုက်ရင် မင်းထက်တောင် သန်မာဦးမယ်။ သခင်ကျန့်က မင်းထက်စာရင် ခွေးတစ်ကောင်ကို တပည့်အဖြစ်ပဲ ရွေးလိမ့်မယ်”

လှောင်ပြောင်သရော်မှုများကို ရင်ဆိုင်ရသောအခါ ယီယွင်က ကျောက်ထိုင်ကျူ၏ မျက်လုံးများကို အေးစက်စွာ စိုက်ကြည့်ပြီး “ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ၊ ကျွန်တော်အတွက် စိတ်ပူမပူပါနဲ့” ဟု ပြောလိုက်သည်။

“ဟေး၊ ဒီကလေးက တော်တော်မာနကြီးတာပဲ၊ ငါ့ကို ဒီလိုစကားလုံးတွေနဲ့ ပြောရဲတယ်လို့ မင်းသာ ဒီနေ့ ရွေးချယ်ခံရရင် ငါ ရွာအဝင်ဝက တာဝရီပင်ကြီးကို အမြစ်ပါမကျန် စားပြမယ်” ကျောက်ထိုင်ကျူက ထိုသို့ပြောရင်း ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျောက်ထိုင်ကျူဘေးတွင် ရပ်နေသော စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်တစ်ဦးကလည်း “ဒါဆို ငါလည်း ရွာအဝင်ဝက ကျောက်တုံးကြီးကို စားမယ်” ဟု ပြန်လှောင်ပြောင်လိုက်သည်။

“ဟားဟား၊ မင်းတို့တွေက တကယ်ရယ်စရာကောင်းတာပဲ။ ငါလည်း မင်းတို့နဲ့အတူ အရှေ့မြစ်ထဲက ရေတွေ အကုန်သောက်ပေးမယ်။”

စစ်သည်ပြင်ဆင်ရေးစခန်းမှ လူများ လှောင်ပြောင်နေကြသည်။

ယီယွင်က ထိုလူများကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး ပခုံးတွန့်လိုက်သည်–

“ဘာဖြစ်ဖြစ်ပေါ့။”

ထိုအချိန်တွင် ကျန်းယွီရှန့်သည် ကျောက်ထိုင်ကျူထံသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျောက်ထိုင်ကျူက မျက်နှာပိုးသတ်ပြီး တည့်တည့်မတ်မတ် ရပ်လိုက်သည်။

ကျန်းယွီရှန့်က ကျောက်ထိုင်ကျူ၏ ကိုယ်ပေါ်သို့ ဖိနှိပ်ကာ “နှစ်ဆယ့်ရှစ်လား” ဟု မေးလိုက်သည်။

ကျောက်ထိုင်ကျူက အလျင်အမြန် ပြန်ဖြေသည်– “သခင် တကယ့်ကို မျက်စိကောင်းတယ်။ ကျွန်တော်မျိုးက တကယ်ပဲ နှစ်ဆယ့်ရှစ်ပါ။”

ကျန်းယွီရှန့်က မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ထိုင်ကျူသည်လည်း သူ့အတွက် ကျေနပ်စရာမရှိသောကြောင့်ဖြစ်သည်။ သို့သော် လူဦးရေ နည်းလွန်းသည်ဟု ယူဆကာ သူက မထင်မရှားနှင့် “မင်း အနည်းဆုံး လိုအပ်ချက်ကို ပြည့်မီတယ် ထင်ပါရဲ့။ အရေအတွက်ပြည့်အောင် မင်းကို ထားမယ်” ဟု ပြောလိုက်သည်။

ကျန်းယွီရှန့်သည် တိမ်တိုင်ရိုင်းနယ်‌မြေထဲတွင် တိုင်းပြည်ရွေးချယ်ပွဲ ကျင်းပခြင်းသည် အဓိပ္ပါယ်မဲ့သော ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟူသော ကောက်ချက်သို့ ရောက်ရှိလာခဲ့သည်။

ကျောက်ထိုင်ကျူက သက်ပြင်းချလိုက်ပြီး လက်သီးများကို လှုပ်ရမ်းလိုက်သည်– “ကောင်းပြီ ငါအောင်မြင်ပြီ”

သူ အလွန်စိတ်လှုပ်ရှားပြီး ယီယွင်ရှေ့မှာ သရုပ်ပြစတင်ခဲ့သည်။ သူက အနည်းဆုံး စံနှုန်းကို ပြည့်မီရုံမျှသာဖြစ်သော်လည်း သူ အောင်မြင်ခဲ့ပြီ

သူသည် အထွတ်အမြတ်သံတမန်မင်းနှင့်အတူ သိုင်းပညာကို လေ့ကျင့်တော့မည်။ သူ ရာထူးတိုးလာသောအခါ မိန်းမများစွာကို လက်ထပ်နိုင်ပြီး လူသားမျိုးနွယ်၏ ထိပ်ဆုံးသို့ လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး ယီယွင်လို အားနည်းသူနှင့် နှိုင်းယှဉ်၍မရပေ။

ထိုအချိန်တွင် ကျန်းယွီရှန့်သည် ယီယွင်၏ရှေ့တွင် ရပ်နေခဲ့သည်။

လူတိုင်း၏ မျက်လုံးများသည် ယီယွင်၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းနေကြသည်။

လျှိုင်ချမ်းယု ပြုံးရယ်လိုက်သည်”မင်း ဘယ်လိုထွက်သွားမလဲဆိုတာ ငါကြည့်ချင်သေးတယ်”

ထိုအတွေးသည် သူ့စိတ်ထဲတွင် ပေါ်လာသော်လည်း ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

ယီယွင်က စိတ်ပိုင်းဆိုင်ရာမှာ ကလေးဖြစ်ပြီး အရှက်ရစရာဖြစ်ရင်တောင် ယီယွင်က ခံစားမိမှာမဟုတ်လောက်ဘူး။ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော ကလေးတစ်ယောက်သည် ကိစ္စများကို အဆုံးသတ်ရန် မလိုပေ။ ဆူပူသောင်းကျန်းခြင်းသည် သာမန်ဖြစ်သည်။ သူက လှောင်ပြောင်ခြင်းများကို ချီးကျူးခြင်းအဖြစ် မှားယွင်းစွာ ယူဆကောင်း ယူဆလိမ့်မည်။

လျှိုင်ချမ်းယုသည် ထိုသို့သော ကောက်ချက်လိုက်ပြီး စိတ်မနှံတဲ့ ကလေးတစ်ဦးနှင့် ဘယ်တော့မှ အငြင်းမပွားသင့်၊ သူတို့က သင့်ကို သူတို့အဆင့်အထိ ဆွဲချပြီး အတွေ့အကြုံဖြင့် အနိုင်ယူလိမ့်မည်ဟူသော စကားကို သတိရစေသည်။

“ယီယွင်၊ ဟုတ်လား” ကျန်းယွီရှန့်က ယီယွင်ရှေ့တွင် ရပ်လိုက်ပြီး မေးလိုက်သည်။

“ဟုတ်ကဲ့၊ အရှင်မင်းကြီး”

“မင်း တကယ် သိုင်းပညာကို မလေ့ကျင့်ဖူးဘူးလား”

ကျန်းယွီရှန့်က ယီယွင်ကို စူးရှသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူသည် ခရမ်းရောင်သွေးအဆင့်တွင်သာ ရှိသေးသဖြင့် ယီယွင်၏ အဆင့်ကို ပြောမပြနိုင်ခဲ့သော်လည်း ယီယွင်၏ ခန္ဓာကိုယ်သည် စွမ်းအားတစ်ခုကို ဝှက်ထားသည်ဟု သူခံစားမိသည်။

“ကျွန်တော် နည်းနည်းတော့ လေ့ကျင့်ဖူးပါတယ်” ယီယွင်က သူ၏စကားလုံးများကို ဉာဏ်ပညာဖြင့် ရွေးချယ်ခဲ့သည်။ ခိုးကြောင်ခိုးဝှက် သင်ယူခြင်းသည်လည်း လေ့ကျင့်ခြင်းပင်ဖြစ်သည်။

“သခင်၊ ဒီကောင် လိမ်နေတာ” ကျောက်ထိုင်ကျူက စတင်တိုင်တန်းလိုက်သည်– “ဒီကောင် သိုင်းပညာကို ဘယ်တုန်းကမှ မလေ့ကျင့်ဖူးဘူးဆိုတာ ကျွန်တော် သက်သေခံနိုင်ပါတယ်”

ယီယွင်က ကျောက်ထိုင်ကျူကို ဦးနှောက်မရှိသူတစ်ဦးကဲ့သို့ ကြည့်ပြီး “ကျွန်တော် ကိုယ်ခံပညာ လေ့ကျင့်မလေ့ကျင့် ဘယ်လိုသိမလဲ။ ကျွန်တော် မျိုးနွယ်စုနယ်မြေကို အကြိမ်များစွာ ဖြတ်သန်းခဲ့ဖူးတယ်။ ဆရာယိုယွမ် သင်ပေးတာတွေကိုလည်း အနည်းငယ် လေ့ကျင့်ခဲ့ဖူးတယ်” ဟု ပြောလိုက်သည်။

ယီယွင်က သူ ကိုယ်ခံပညာ လေ့ကျင့်ခဲ့သည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ ယီယွင်သည် သူ၏ တကယ့်ခွန်အားကို ထုတ်ပြရမည့်နေ့အတွက် ပြင်ဆင်ခြင်းဖြစ်သည်။ ၎င်းက လူများကို သူသည် ထူးချွန်သူတစ်ဦးဟု ထင်စေပြီး ခရမ်းရောင်သလင်း‌ကျောက်ကို ရှာတွေ့ရှိမည့် အန္တရာယ်ကို လျှော့ချပေးလိမ့်မည်ဖြစ်သည်။မဟုတ်ပါက သူ၏ ကျွမ်းကျင်မှုများ အားလုံးကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို ရှင်းပြနိုင်မည်မဟုတ်ပေ။

“မင်း လျှို့ဝှက်ပြီး သိုင်းပညာကို လေ့လာခဲ့တာလား” ယီယွင်၏ စကားများကို ကြားရသောအခါ ကျောက်ထိုင်ကျူသာမက စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များပင် ရယ်မောကြသည်။

စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်တစ်ဦးက “ဆရာယောင်ရဲ့ “နဂါးနံရိုးကျားအရိုးလက်သီး” က နက်နဲလွန်းတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်လုပ်တာတောင် ငါတို့ နားမလည်ခဲ့ကြဘူး။ မင်းလို ဉာဏ်တုံးပြီး အားမရှိတဲ့ ကလေးက လျှို့ဝှက်သင်ယူခဲ့တယ် ဘာများ သင်ယူနိုင်မှာလဲ”

ယီယွင်က ပြန်လည်မချေပပဲ သိုင်းပညာ လေ့ကျင့်ဖူးသည်ဟု အထင်ခံရစေရန်သာ လိုလားခဲ့သည်။ သူ၏ တကယ့်ခွန်အားကို ထုတ်ပြသောအခါ ရုတ်တရက် အံ့သြသွားကြမည် ဖြစ်သည်။

ကျန်းယွီရှန့်က ယီယွင်၏ ပခုံးပေါ်သို့ လက်တင်ကာ ယွမ်ချီ ကို ဖြည်းဖြည်းချင်း ထိုးသွင်းရင်း စဉ်းစားခန်းဝင်နေသည်။

ကျန်းယွီရှန့်က သိပ်ပြီးတော့ မမျှော်လင့်ထားပေ။ ယီယွင်ကို သူရဲဘောကြောင်မှု မရှိတဲ့အတွက် အသိအမှတ်ပြုနေမိသည်။ ဒီလိုအခြေအနေမျိုးမှာ ကလေးတစ်ယောက် ရှေ့ထွက်ရပ်ဖို့ဆိုတာ ရှားပါတယ်။ ဟုတ်ပါတယ်၊ အသိအမှတ်ပြုတာက တစ်ပိုင်း၊ ဒါပေမယ့် ကိုယ်ခံပညာ လေ့ကျင့်တာက သတ္တိရှိရုံနဲ့ မပြီးပါဘူး။

ကျန်းယွီရှန့်က ယီယွင်ရဲ့ ခန္ဓာကိုယ်ထဲကို ယွမ်ချီ လွှတ်လိုက်တာ တစ်ပတ်ပြည့်ပြီး ယွမ်ချီ ပြန်ရမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်နေချိန်မှာ ဘယ်လောက်စုပ်ယူလဲဆိုတာ သိရအောင်…

သူ ထိုးသွင်းလိုက်တဲ့ ယွမ်ချီ က လုံးဝ ပျောက်ကွယ်သွားတာကို သတိပြုမိလိုက်တယ်။

“ဒါ ဘာလဲ…” ကျန်းယွီရှန့် စိုက်ကြည့်လိုက်တယ်၊ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ

သူ့မျက်ခုံးတွေကို ပင့်တင်ကာ သူရောက်နေတဲ့ အခြေအနေကို မယုံကြည်နိုင်ဖြစ်နေသည်။ ယွမ်ချီများကို ယီယွင်ရဲ့ ခန္ဓာကိုယ်ထဲကို ထပ်ထိုးသွင်းလိုက်သည်။

ဒီ ယွမ်ချီ စီးဆင်းမှုက ယီယွင်ရဲ့ သွေးကြောတွေထဲကို အနက်ရောင်တွင်းနက်ထဲ ဝင်သွားသလိုပင် ယီယွင်ရဲ့ နှလုံးသားထဲ ခရမ်းရောင်သလင်းကျောက်က စုပ်ယူလိုက်သည်။

“မင်း…” ကျန်းယွီရှန့် အံ့အားသင့်သွားတယ်။ သူ ယီယွင်ထဲကို ထိုးသွင်းလိုက်တဲ့ ယွမ်ချီ အကုန်လုံး စုပ်ယူခံလိုက်ရတယ်

ကျန်းယွီရှန့် အံသြနေသည်ကို မြင်သောအခါ လျှိုင်ချမ်းယုက ကျန်းယွီရှန့် ဒေါသထွက် နေတာလား၊ ကျန်းယွီရှန့် မျက်နှာပျက်ဖြင့်ဘေးသို့ လျှောက်လာခဲ့သည်။

လျှိုင်ချမ်းယု၏ အတွေးထဲတွင် လျှိုင်မျိုးနွယ်စုကို ကျန်းယွီရှန့် စစ်ဆေးနေသည့်ကိစ္စတွင် ယီယွင်ကဲ့သို့သော ကလေးတစ်ဦးက ရှုပ်ထွေးအောင် လုပ်ပစ်လိုက်သည်။

သူသည် လျှိုင်မျိုးနွယ်စုများ၏ အသက်ကို မြေမှုန့်ကဲ့သို့ သဘောထားသော်လည်း လျှိုင်မျိုးနွယ်စုကို ပြင်ပလူများရှေ့တွင် အရှက်ရစေလိုခြင်းမရှိပေ။ ယင်းသည် သူ့ကို အခြားသူများက နိမ့်ကျစွာ ထင်မြင်စေလိမ့်မည်။

လျှိုင်ချမ်းယုက မထင်မရှား ပြုံးလိုက်သည်– “အထွတ်အမြတ် သံတမန်မင်း၊ ပွဲတော် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ အရင်စားကြမလား။”

လျှိုင်ချန်းယုသည် ကျန်းယွီရှန့်၏ အာရုံကို လွှဲပြောင်းလိုပြီး ယီယွင်နှင့်ပတ်သက်သည့် ကိစ္စကို ဖုံးကွယ်နိုင်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် ရုတ်တရက် ကျန်းယွီရှန့်က ယီယွင်၏ ပခုံးများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူသည် ယီယွင်ကို သေချာဂရုတစိုက် အကဲဖြတ်လိုက်သည်။

ကျယ်ပြောလှသော တောရိုင်းထဲက ဆင်းရဲသော မျိုးနွယ်စုတစ်ခုက ဒီလို အရည်အချင်းရှိသူတစ်ဦး ရှိတာလား။

ဒါ့အပြင် သူ့ရှေ့က ဒီလူငယ်လေးမှာ သိုင်းပညာအပေါ် သတ္တိနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ရှိသည်။ သူ လူအများရှေ့မှာ ထွက်ရပ်ပြခဲ့ပြီး သူ့ကိုယ်သူ သက်သေပြခဲ့တယ်။ထိုအပြင် ဒီလူငယ်လေးမှာ သူ့ကိုယ်ထဲမှာ ဖုံးကွယ်ထားတဲ့ စွမ်းအားပမာဏတစ်ခုရှိတယ်။ ဒါက ကျန်းယွီရှန့်ရဲ့ စိတ်ဝင်စားမှုကို ဖြစ်စေခဲ့သည်။

“မင်းက ကောင်းတယ်။ အလွန်ကောင်းတယ်။ ကျယ်ပြောလှတဲ့ တောရိုင်းထဲက မျိုးနွယ်စုငယ်လေးတစ်ခုမှာ ဒီလို မပြုပြင်ရသေးတဲ့ ကျောက်မျက်ရတနာမျိုးကို ငါရှာတွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး။” ကျန်းယွီရှန့်က ချီးကျူးစကား‌‌ ပြောနေသံသည် အဝေးကြီးအထိ ကျယ်လောင်စွာ ပျံ့နှံ့သွားတယ်။

အာ

ယီယွင်ဘေးတွင် ကျောက်ထိုင်ကျူမှာ အရည်အချင်းမပြည့်မီသောအခါ ယီယွင်ကို လှောင်ပြောင်ရန် အသင့်ပြင်ထားသည့် အတွက် ချီကျူးစကားများ‌ကြားသောအခါ ရုတ်တရက် လည်ပင်းကို ဆုပ်ကိုင်ခံထားရသော ကြက်ဖတစ်ကောင်လို မျက်လုံးများ ပြူးကျယ်သွားသည်။

“သခင် ကျန့် ဘာပြောလိုက်တာလဲ၊ ငါနားမမှားပါဘူးနော်”

ကျန်းယွီရှန့်ကို ထမင်းစားရန် ဦးဆောင်ရန် ပြင်ဆင်နေသော လျှိုင်ချမ်းယုက ကြောင်တောင်တောင် ရပ်နေသည်။ သူ ခဏတာ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။

အခြေအနေကို မမြင်နိုင်သော အပြင်ဘက်အစွန်အဖျားမှ လူများက ဘာဖြစ်သွားသည်ကို မသိကြပေ။ ကျန်းယွီရှန့်က တစ်စုံတစ်ဦးကို ချီးကျူးသည်ကို ကြားရသောအခါ သူတို့၏ စိတ်ဝင်စားမှု မြင့်တက်လာသည်။

“ဘယ်သူလဲ ဘယ်သူက ဒီလောက် မြင့်မားတဲ့ ချီးကျူးမှုကို ရခဲ့တာလဲ။”

အပြင်ဘက်အစွန်အဖျားမှ လူများက မြင်ကွင်းကို ကြည့်ရန် ခုန်ကြသည်။

“မင်းမှာ “အပြစ်မဲ့ ကိုယ်ခန္ဓာ” ရှိတယ်။ အဆင့်နိမ့် ခရမ်းရောင်သွေး အပြစ်မဲ့ ကိုယ်ခန္ဓာ ဖြစ်ရင်တောင် အလွန်ကောင်းပါတယ်။ မျိုးနွယ်စုကြီးတစ်ခုမှာတောင် မင်းကို တန်ဖိုးထားလိမ့်မယ်”

အပြစ်မဲ့ ကိုယ်ခန္ဓာ

လျှိုင်ချမ်းယု အပါအဝင် လူများက အပြစ်မဲ့ ကိုယ်ခန္ဓာ ဆိုသည့် အသုံးအနှုန်းကို မသိကြပေ။

သို့သော် ယင်းက သူတို့ကို ကျန်းယွီရှန့်၏ သဘောထားကို နားလည်ခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

“အလွန်ကောင်းတယ်”၊ “မပြုပြင်ရသေးတဲ့ ကျောက်မျက်ရတနာ”၊ “မျိုးနွယ်စုကြီးတစ်ခုမှာတောင် တန်ဖိုးထားခံရမယ်”

ကျောက်ထိုင်ကျူသည် သူ၏စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ အားနည်းသော်လည်း ကျန်းယွီရှန့်၏ ယီယွင်အပေါ် ချီးကျူးမှုများသည် လျှိုင်ချမ်းယုထက် သာလွန်နေကြောင်း ခံစားမိသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျောက်ထိုင်ကျူက အင်တင်တင် ခံစားရပြီး သူ့မျက်နှာမှာ ထူးခြားသော အမူအရာများ ဖြစ်ပေါ်နေသည်။

အခြားစစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များအားလုံး ကြောင်တောင်တောင် ဖြစ်နေကြပြီး ပါးစပ်အဟောင်းသားဖြင့် ရပ်ကြည့်နေကြသည်။

“မောင်လေး၊ မင်းက…” ကျန်းရှောင်ယု၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။ သူမသည် ယီယွင်က တစ်ခုခုဖြစ်လာမည်ဟု ဆန္ဒရှိခဲ့သူ တစ်ဦးတည်းသောသူ ဖြစ်သည်။ သို့သော် ပျော်ရွှင်မှုသည် ရုတ်တရက် ရောက်လာသဖြင့် သူမကိုယ်တိုင်ပင် ယုံရန် ခက်ခဲနေသည်။

သူမသည် ယီယွင် မွေးကတည်းက ကြီးပြင်းလာသည်ကို မြင်ခဲ့ရသည်။ ယီယွင်တွင် အရည်အချင်းရှိသည်ဟု သူမ ဘယ်တုန်းကမှ မခံစားခဲ့ရပေ။ ကျန်းယွီရှန့် ပြောခဲ့သည်များ မှန်သလား။

ကျန်းရှောင်ယု တစ်ခုခု ထူးဆန်းသည်ဟု ခံစားရသည်။ လျှိုင်ချမ်းယုရဲ့ အကဲဖြတ်မှုပင် သူမ၏မောင်ထပ် အားနည်းနေတာလား

“ဒီကောင်က သိုင်းပညာ ထူးချွန်သူလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လျှိုင်ချမ်းယုသည် လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူ မယုံနိုင်ပေ။

ကျန်းယွီရှန့်က ယီယွင်ကို ပိုပြီးတော့တောင် နှစ်သက်နေပြီ။

လျှိုင်ချမ်းယုက လျှိုင်မျိုးနွယ်စုမှာ နံပါတ်တစ် ထူးချွန်သူအမြဲဖြစ်ရမှာ၊ သူ့ကိုကျော်လွန်သွားတဲ့သူတစ်ယောက်ကို ဘယ်လိုမှာသည်းခံနိုင်ပေ။

ဒါ့အပြင် ထိုသူမှာ ကျွန်စုတ်လေးတစ်ယောက်ပင် ဖြစ်နေလေသည်။

“ဒါ… အထွတ်အမြတ် သံတမန်မင်း၊ ဒီကလေးက သိုင်းပညာ ထူးချွန်သူလို့ ပြောတာလား။ မှား‌နေတာလား…” လူတိုင်း ကျန်းယွီရှန့်ရဲ့ စကားတွေကို သံသယဝင်ကြပေမယ့် ကျောက်ထိုင်ကျူတစ်ယောက်တည်းကပဲ မအောင့်နိုင်ပဲ မိုက်မိုက်မဲမဲ မေးလိုက်သည်။

ကျန်းယွီရှန့် မျက်နှာတည်သွားပြီး အေးစက်စွာ ပြောလိုက်သည်– “မင်း ငါ့ကို သံသယဝင်တာလား”

“အာ…” ကျောက်ထိုင်ကျူ လန့်သွားသည်။ သူက ခေါင်းကို အားရပါးရ ခါလိုက်သည်– “မဟုတ်ပါဘူး၊ ကျွန်တော်မျိုး မထင်ရဲပါဘူး၊ ကျွန်တော်မျိုး မထင်ရဲပါဘူး။”

ကျန်းယွီရှန့်က ကျောက်ထိုင်ကျူကို အေးစက်စွာ ကြည့်ရင်း “ငါ့မှာ အချိန်မရှိဘူး၊ တစ်နာရီအတွင်းမှာ ရွေးချယ်ခံရသူတွေ ဒီနေရာမှာ စုဝေးကြ။ မင်းတို့ကို သုံးရက်ကြာ ကိုယ်ခံပညာ သင်ကြားပေးမယ်” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ကျန်းယွီရှန့် ထွက်သွားသည်။ သူသည် ဧည့်ခံပွဲကို စိတ်မဝင်စားပေ။

ကျောက်ထိုင်ကျူ၊လျှိုင်ချမ်းယုနှင့် ကျန်စစ်သည်ပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များမှာ အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

သူတို့သည် ယီယွင်ကို ထူးဆန်းသည့် သတ္တဝါတစ်ကောင်လို ကြည့်နေကြသည်။ သူတို့ အမှန်တရားကို မယုံနိုင်ပေ

ယီယွင်က ပဏာမရွေးချယ်မှုကို အောင်မြင်ခဲ့သည်။ သူသည် အလွန်မြင့်မားသော ချီးကျူးမှုများပင် ရရှိခဲ့သည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

“ယွင်အာ...” ကျန်းရှောင်ယုသည် လျှိုင်ချမ်းယုနှင့် သူ၏ အပေါင်းအပါများ ယီယွင်ကို စူးစူးရဲရဲ ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ယီယွင်ကို စိတ်ပူသောကြောင့် သူ့ဘေးသို့ ဆွဲခေါ်ရန် ရှေ့သို့ အလျင်အမြန် ပြေးသွားသည်။

“ငါ မယုံဘူး ငါ မယုံဘူး သခင်ကျန့်က ငါ့ကိုကျ သိုင်းပညာနဲ့ မသင့်တော်တယ်လို့ ပြောတယ်။ ဒီ‌ကောင်ကို ကျောက်မျက်ရတနာတဲ့၊ ဘာကိုယ်ခန္ဓာတဲ့၊ ပြောလိုက်သေးတယ်။ ငါ ပေါင် ၄၀၀ ရှိတဲ့ ကျောက်တုံးကို မြှောက်နိုင်တယ်။ အဲဒီကောင်က ကြက်တစ်ကောင်ကိုတောင် ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်ပုံမပေါ်ဘူး။ ငါ့ကို သူ့နဲ့ ယှဉ်လို့မရဘူးလား”

အရပ်ပုပုဖြင့် လူက အော်ဟစ်စပြုလာသည်။

သူ၏ စကားများကို အံ့အားသင့်ဖွယ်ရာ တုံ့ပြန်မှုများဖြင့် ပြည့်နေသည်။

“ငါ ဒီကလေးနဲ့ မယှဉ်နိုင်ဘူးလား။ မယုံဘူး”

“ဒီကလေး ကံကောင်းတာပဲ”

စစ်သည်ပြင်ဆင်ရေးစခန်းသည် မူလက ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း ကျန်းယွီရှန့်၏ ပဏာမစစ်ဆေးမှုအတွင်း လုံးဝပျောက်ကွယ်သွားခဲ့သည်။ ယီယွင် တစ်ဦးတည်းသာ မြင့်မားသော ချီးကျူးမှုများ ရရှိခဲ့သည်။ သူတို့သည် သေချာပေါက် မကျေမနပ်ဖြစ်နေကြသည်။

ဤအချိန်တွင် ကျောက်ထိုင်ကျူက ယီယွင်ဆီသို့ လျှောက်သွားပြီး “ဟေ့ကောင်၊ သိပ်မာနမကြီးနဲ့ဦး။ သခင် ကျန်း ဘာမှားနေလဲ မသိဘူး။ ငါတို့ မသိဘူးထင်လား။ မင်းက ငယ်ငယ်ကတည်းက ဖျားနာနေတဲ့ ကြက်ပေါက်လေးလိုပဲ။ ပေါင် ၅၀ လေးတဲ့ ကျောက်တုံးကိုတောင် မမြှောက်နိုင်ဘူး။ ဆေးမြစ်ကောက်ရင်း သေလုနီးပါး ဖြစ်ခဲ့တယ်။ ဒီလိုလူက သိုင်းပညာ ထူးချွန်သူလား”

ကျောက်ထိုင်ကျူ မမှားပေ။ ယီယွင်နှင့် ရွယ်တူကလေးများသည် ပေါင် ၅၀ လေးသော ကျောက်တုံးများကို မြှောက်နိုင်ကြပြီး ယီယွင်သည် လွန်ခဲ့သော လအနည်းငယ်က ပေါင် ၃၀ ကိုပင် ကောင်းကောင်းမမြှောက်နိုင်ခဲ့ပေ။

ယီယွင်ကိုယ်တိုင်ကလည်း “အပြစ်မဲ့ ကိုယ်ခန္ဓာ” အကဲဖြတ်မှုမျိုးကို မမျှော်လင့်ခဲ့ပေ။

ခရမ်းရောင်သလင်းကျောက် ရှိနေခြင်းနှင့် သွေးကြောအဆင့်သို့ ဝင်ရောက်ခြင်းမှရရှိသော ထက်မြက်သောအာရုံများကြောင့် ယီယွင်သည် ကျန်းယွီရှန့် ဘာလုပ်နေသည်ကို ခန့်မှန်းပြီးဖြစ်သည်။ သူသည် လူတစ်ဦး၏ အရည်အချင်းကို စမ်းသပ်ရန် စွမ်းအင်ကို ထိုးသွင်းခဲ့ခြင်းဖြစ်သည်။

ဤစွမ်းအင်ကို ခရမ်းရောင်သလင်းကျောက် က စုပ်ယူခဲ့ခြင်းကြောင့် ကျန်းယွီရှန့်၏ နားလည်မှုလွဲမှားခြင်းကို ဖြစ်စေခဲ့သည်။

သူ၏ အရည်အချင်းနှင့် ပတ်သက်၍ ရိုးရိုးသားသားပြောရလျှင် သူ၏ ကိုယ်ခန္ဓာ၏ မွေးရာပါ အရည်အချင်းသည် ထူးခြားမှုမရှိပေ။ အပြစ်မဲ့ ကိုယ်ခန္ဓာ လုံးဝဟုတ်ပေ။

စစ်မှန်သော သိုင်းပညာ ထူးချွန်သူတစ်ဦးသည် ယီယွင်ကဲ့သို့ အားနည်းသော ကိုယ်ခန္ဓာမျိုး ရှိမည်မဟုတ်ပေ။ ခန္ဓာကိုယ်သည် စွမ်းအင်နှင့် အလွန်နီးစပ်ပါက ပတ်ဝန်းကျင်မှ စွမ်းအင်များကို မမြင်နိုင်သော ပုံစံဖြင့် စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ကို သန်မာလာစေမည်ဖြစ်သည်။

ကျယ်ပြောလှသော တောရိုင်းထဲတွင် ကြီးပြင်းလာသော အငတ်ခံကလေးတစ်ဦးက ထူးချွန်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ဘယ်လိုမျှော်လင့်နိုင်မှာလဲ။

ဟုတ်ပါတယ်၊ ယီယွင် နားလည်ပေမယ့် သူ ထူးချွန်သူဆိုတဲ့ ဘွဲ့ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့ ခွန်အားကို ထုတ်ပြတဲ့အခါ သူ့ကိုယ်သူ ရှင်းပြဖို့ ကောင်းမွန်တဲ့

နည်းလမ်းတစ်ခုပဲ။

ထို့နောက် ယီယွင်က ကျောက်ထိုင်ကျူကို မှိန်ဖျော့ဖျော့ အပြုံးဖြင့် ကြည့်လိုက်သည်။

ယီယွင်က သူ့ကို ကြည့်လိုက်သည်ကို မြင်သောအခါ ကျောက်ထိုင်ကျူက မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်– “ဘာလဲ၊ မကျေမနပ်ဖြစ်နေတာလား။ မကျေနပ်ရင် ငါနဲ့ တိုက်ခိုက်လို့ရတယ်။ ငါ မင်းကို လက်ချောင်းတစ်ချောင်းတည်းနဲ့ ချေမှုန်းပစ်မယ်...”

All Chapters