← Chapters

ကျန်းရှောင်ယုရဲ့ သတိပေးချက်

Vol. 3 Ch. 34

ကျန်းရှောင်ယုရဲ့ သတိပေးချက်

Vol. 3 Ch. 34

ယီယွင်နှင့်ကျန်းရှောင်ယုတို့သည် ရွာသားအားလုံး၏ အစောင့်အရှောက်နှင့် အိမ်ကို ပြန်လာခဲ့ကြသည်။

လျှိုင်မျိုးနွယ်စုအတွက်တော့ ယီယွင် ရွေးချယ်ခံရသည်မှာ သတင်းကြီးတစ်ခုပင်ဖြစ်သည်။

“ဆင်းရဲတဲ့ကလေးတစ်ယောက်ကို သံတမန်ချုပ်တစ်ဦးက ရွေးချယ်ပြီး သိုင်းပညာ သင်ပြပေးမယ်။ အနာဂတ်မှာ တိုင်းပြည်ရွေးချယ်ပွဲမှာပါ ပါဝင်နိုင်မယ်ဆိုတော့...”

“ဒါကို မင်္ဂလာရှိတဲ့ သတင်းလို့ပဲ ပြောရမှာပေါ့။”

"မင်းတို့ပြောတဲ့ ဒီကောင်လေး အရွယ်ရောက်လာတာကို တချိန်လုံး မြင်ခဲ့ရတာ၊သူ့အကြောင်း ထူးထူးခြားခြား ဘာမှမခံစားရပါဘူး၊ သူတကယ်ပဲ ကိုယ်ခံပညာပါရမီရှင်လား။ ပြီးတော့ တိုင်းပြည်ရွေးချယ်ပွဲမှာ ယှဉ်ပြိုင်ဖို့တဲ့။ ဒါအမှန်ပဲလား"

"သံတမန်ချုပ်ကိုယ်တိုင် ပြောခဲ့တာဆိုတော့ တစ်ခုခုတော့ အမှန်တရားရှိမှာပေါ့။ ဒါပေမဲ့ သူ တိုင်းပြည်ရွေးချယ်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်လုံလောက်မယ်လို့ ငါမထင်ဘူး။ ယီယွင်က ပါရမီရှင်ဖြစ်ခဲ့ရင်တောင် မျှော်လင့်ချက် လုံးဝမရှိနိုင်ဘူး"

လျှိုင်မျိုးနွယ်စုက ရွာသားတွေအတွက်တော့ သိုင်းပညာဆိုတာ တစ်ညတည်းသင်လို့ ပြီးဆုံးနိုင်တဲ့ အရာမဟုတ်ဘူးဆိုတာကို သူတို့သိကြသည်။ တိုင်းပြည်ရွေးချယ်ပွဲဆိုတာ ထူးချွန်သူတွေကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကျန်းယွီရှန့်ရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာတောင် ကံကောင်းတာထက် ပိုပေသည်။

တိုင်းပြည်ရွေးချယ်ပွဲကို အောင်မြင်ဖို့ဆိုတာကတော့ နေ့ခင်း‌ကြောင်တောင်အိပ်မက်မက်နေသလိုပင်။

ကလေးတစ်ယောက်က ဘယ်လောက်ပဲ ထက်မြက်နေပါစေ၊ စာမဖတ်ဖူးတဲ့ ကလေးတစ်ယောက်ကို စာအုပ်ပုံကြီး ပေးလိုက်တာက အဓိပ္ပါယ်မရှိလှပေ။ နှစ်လအတွင်း စာတော်သူဖြစ်အောင် စာမေးပွဲအောင်မြင်စေနိုင်မည် မဟုတ်ချေ။

တိုင်းပြည်ရွေးချယ်ပွဲမှာ ပါဝင်တာလည်း အလားတူပါပဲ။

လျှိုင်မျိုးနွယ်စုကတော့ ထိုအချက်ကို ဘယ်သူမှ မသံသယဖြစ်ပဲ အားလုံးသဘောတူကြသည်။

နောက်ဆုံးတော့ ကျန်းရှောင်ယုဟာ ယီယွင်ကို အိမ်ခေါ်လာနိုင်ခဲ့သည်။

ကျန်းရှောင်ယုက ခြံတံခါးပိတ်ထားပေမဲ့ လူအများအပြားသည် ကျန်းရှောင်ယုတို့ အိမ်ထဲကို ကြည့်ဖို့ ခြံစည်းရိုးပေါ် တွယ်တက်နေကြသည်။ရွာအတွင်းမှ ခြံဝိုင်းများမှာ ရွှံဖြင့်ပြုလုပ်ထားသော ခြံစည်းရိုးလေးဖြစ်သဖြင့် ကလေးတစ်ယောက်ပင် ထိုအပေါ် အလွယ်တကူ တက်နိုင်သည်။

လူတန်းကြီးတစ်ခုလုံး ကျန်းရှောင်ယုတို့ ခြံစည်းရိုးတွေပေါ်မှာ တက်ထိုင်လျက်ရှိနေကြသည်။ ရွှံ့နံရံများမှာလဲ ပြိုကျတော့မလို နိမ့်ဆင်းလျှက်ရှိသည်။

ကျန်းရှောင်ယုကတော့ ဂရုမစိုက်အားပေ။ သူမ အတွေးထဲတွင် ယီယွင်အတွက် ဂုဏ်ယူရသလို၊ မသိသေးတဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုနဲ့ ရှုပ်ထွေးမှုတွေလည်း ရောနှောနေသည်။

ကျန်းရှောင်ယုက ယီယွင်မှာ အရည်အချင်းသာ ရှိပြီး ခွန်အားမရှိသေးသိကို ရိပ်စားမိသည်။

ရွာသားများမှာ ယီယွင်ဟာ ဘဝပြောင်းလဲမှုကြီးတစ်ခုကို တွေ့ကြုံရသည်လို့ ထင်ကောင်းထင်ကြလိမ့်မည်။ ကျန်းရှောင်ယုကတော့ ကျယ်ပြန့်တဲ့ တောကြီးထဲမှာ ခွန်အားက အရေးကြီးဆုံးဆိုတာကို သိထားသည်။ အရည်အချင်းရှိသူတစ်ယောက်သည် ခွန်အားကို တိုးတက်အောင် လုပ်မှ အသုံးဝင်မည်ဖြစ်သည် ၊ မဟုတ်ပါက အသုံးမဝင်ပေ။

"ယွင်အာ၊ ကျန့်သခင်က မင်းမှာ အပြစ်မဲ့ခန္ဓာကိုယ် ရှိတယ်လို့ ပြောတယ်၊ အပြစ်မဲ့ခန္ဓာကိုယ်ဆိုတာ ဘာလဲ မင်းသိလား" ကျန်းရှောင်ယုက ယီယွင်ရဲ့ လက်တွေကို ကိုင်ပြီး ကုတင်ဘေးမှာ ထိုင်လိုက်ပါသည်။

ယီယွင်က ခေါင်းခါရင်း "အစ်မရှောင်ယုကော သိလို့လား"

"အင်း... ဒီအကြောင်း နည်းနည်းပါးပါးတော့ ကြားဖူးတယ်၊ အပြစ်မဲ့တဲ့ခန္ဓာကိုယ်ဆိုတာ ခန္ဓာကိုယ်မှာ စွမ်းအင် 'ယိုစိမ့်မှု' မရှိတာကို ခေါ်တာ။ ဒီလိုဖွဲ့စည်းပုံက ကိုယ်ခံပညာလေ့ကျင့်ဖို့ အကောင်းဆုံးပဲ"

"အပြစ်မဲ့ ခန္ဓာကိုယ်မှာလည်း အဆင့်တွေရှိတယ်၊ အနိမ့်ဆုံးအဆင့်ကတော့ သေမျိုးသွေးအဆင့် အပြစ်မဲ့ခန္ဓာကိုယ် ပဲ။ သူတို့ဟာ သာမန်သွေးအဆင့်မှာ ယိုစိမ့်မှုမရှိပဲ နေနိုင်ပေမဲ့ ခရမ်းရောင်သွေး အဆင့်ထိရောက်အောက်တော့ လုပ်နိုင်မှာ မဟုတ်ဘူး၊ ခရမ်းရောင်သွေး အပြစ်မဲ့ခန္ဓာကိုယ်ကတော့ သာမန်သွေးအဆင့်ရော၊ ခရမ်းရောင်သွေးအဆင့်မှာပါ ယိုစိမ့်မှုမရှိဘူး၊ ဒါပေမဲ့ ပိုမြင့်တဲ့အဆင့်တွေမှာတော့ လုပ်နိုင်မှာ မဟုတ်ဘူး... မင်းက ဘယ်အဆင့်မှာလဲဆိုတာတော့ ငါလဲမသိသေးဘူး"

ကျန်းရှောင်ယုရဲ့ စကားတွေကြောင့် ယီယွင် အံ့ဩသွားသည်။

"အစ်မရှောင်ယု၊ အစ်မက ဘယ်လိုလုပ် ဒါတွေ သိနေရတာလဲ"

ကျန်းရှောင်ယုက ယီယွင်ရဲ့ ခေါင်းကို ပွတ်သပ်ရင်း "ငယ်ငယ်တုန်းက ငါ့မိသားစုက ငါ့ရဲ့ အရည်အချင်းကို စမ်းသပ်ခဲ့တော့ အဲဒီကနေ တချို့အရာတွေကို သိခဲ့ရတာပေါ့"

"အပြစ်မဲ့တဲ့ခန္ဓာကိုယ်ကို စမ်းသပ်တဲ့ အဆင့်တွေက အရမ်းရှုပ်ထွေးတယ်၊ သခင်ကျန့်မှာ ဘာမှ ထူးခြားတဲ့ အစီအစဉ်တွေမရှိဘူး၊ သူ့ရဲ့ ကျင့်ကြံမှုလည်း ကန့်သတ်ထားတော့ မင်းကို ကြမ်းကြမ်းတမ်းတမ်းပဲ စမ်းသပ်နိုင်ခဲ့တာ..."

"အပြစ်မဲ့ခန္ဓာကိုယ်ရှိတဲ့သူတစ်ယောက်ကို မျိုးနွယ်စုတစ်ခုမှာ အလွန်တန်ဖိုးထားကြတယ်။ ဒါပေမဲ့ မင်းက သာမန်သွေး အပြစ်မဲ့တဲ့ခန္ဓာကိုယ်ပဲဆိုရင်တော့ တန်ဖိုးထားမှုက ကန့်သတ်ခံရလိမ့်မယ်။ ဒါပေမဲ့ ပိုမြင့်တဲ့ အပြစ်မဲ့တဲ့ခန္ဓာကိုယ် အဆင့်တွေကတော့ အလွန်ရှားတယ်၊ စမ်းသပ်တဲ့နေ့တုန်းက ငါ့ဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ ကျန်းမင်ကျဲ့က ပညာရှင်အဆင့် အပြစ်မဲ့တဲ့ခန္ဓာကိုယ်ရှိတာကို မှတ်မိသေးတယ်။ တစ်မိသားစုလုံး ပျော်ရွှင်ပြီး ရက်ပေါင်းများစွာ ပွဲတွေလုပ်ခဲ့တယ်။ အဲဒီရက်တွေအတွင်းမှာ အထူးဧည့်သည်တော်တွေ အများကြီး လာကြ‌သေးတယ်။ အသေးစိတ်ကိုတော့ အစ်မလည်း သိပ်မမှတ်မိတော့ဘူး..." ကျန်းရှောင်ယုရဲ့ စကားတွေကို ကြားပြီးနောက် ယီယွင် တုန်လှုပ်သွားသည်။

“ပညာရှင်အဆင့် အပြစ်မဲ့တဲ့ခန္ဓာကိုယ်”

ဘယ်အဆင့်လဲဆိုတာ မသိပေမဲ့ အရမ်းကို အစွမ်းထက်ပုံရသည်။

ပြီးတော့... ဒီလိုဖွဲ့စည်းပုံမျိုး မိသားစုထဲမှာ ပေါ်ထွက်လာနိုင်သည်ဆိုတော့ ကျန်းရှောင်ယုက ဘယ်လိုမျိုးနွယ်စုကများလဲ။

ကျန်းရှောင်ယုက ကြွယ်ဝတဲ့မိသားစုကလာသည်ဆိုတာကို ယီယွင် သိသည်။ သူမကို ငယ်ငယ်ကတည်းက စာရေးစာဖတ် သင်ပေးခဲ့သည်။ သူမဟာ စာအုပ်တွေကို ဖတ်ရှုခဲ့ပြီး ကိုယ်ခံပညာကျင့်ကြံမှုအကြောင်းကိုလည်း သိသည်။ ထိုအရာသည် သေးငယ်သော မိသားစုမှ ကလေးများ လုပ်နိုင်သောအရာ မဟုတ်ပေ။

ဒီလိုမျိုးနွယ်စုမှာ မွေးဖွားခဲ့တဲ့ သူမက ဘယ်လိုလုပ်ပြီး ဒီတောရိုင်းနယ်မြေထဲမှာ ခိုလှုံခဲ့ရတာလဲ၊နောက်ဆုံး ယီယွင်တို့မိသားစုကရော ဘယ်လိုမွေးစားခဲ့ရတာလဲ။ ယီယွင်ဆီမှာ မေးခွန်းများဖြင့်ပြည့်နေသည်။

"အစ်ရှောင်ယု၊ အစ်မတို့က ဘယ်လိုမျိုးနွယ်စုမျိုးလဲ"

ကျန်းရှောင်ယုက သူမရဲ့ မျက်ခုံးလေးပင့်ကာ ခဏလောက် စဉ်းစားပြီးမှ ခေါင်းခါရင်း "ငါမမှတ်မိတော့ဘူး၊ ယွင်အာ”

“မျိုးနွယ်စုကြီးတစ်ခုကဆိုတာပဲ မှတ်မိတယ်၊ ပြီးတော့... ငယ်ငယ်တုန်းက စာရေးစာဖတ် သင်ခဲ့ရတာတွေ နေခဲ့တဲ့ ခြံဝင်း အဲတာတွေပဲ မှတ်မိတယ်၊ အဲဒီနောက်ပိုင်း ဖြစ်ရပ်တွေကိုတော့ ငါမမှတ်မိတော့ဘူး..."

ကျန်းရှောင်ယုရဲ့ စကားတွေက ယီယွင်၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။

ကျန်းရှောင်ယု၏ မိသားစုက အကြီးအကျယ် အပြောင်းအလဲတစ်ခုကို တွေ့ကြုံခဲ့ရတာလား။

ဒီလို ထူးခြားတဲ့ မျိုးနွယ်က ပျက်စီးသွားပြီး မျိုးနွယ်စုက ကွဲပြားသွားခဲ့တာများလား။မင်းဆက်တွေ တက်လိုက်ကျလိုက်၊ မျိုးနွယ်တွေ ကြီးထွားလိုက် ပျက်စီးလိုက်။ ဒီကမ္ဘာကြီးမှာ ဘာမှ ထာ၀ရ မရှိဘူးလား

"ယွင်အာ၊ ဒီအဝတ်အစားတစုံကို ငါ ချုပ်ထားတာ၊ မင်းနဲ့‌တော်ရဲ့လား ၀တ်ကြည့်ပါဦး" ကျန်းရှောင်ယုက ပြောရင်း ဟောင်းနွမ်းနေတဲ့ ခရီးဆောင်အိတ်ဟောင်းတစ်ခုကနေ အသစ်ချုပ်ထားတဲ့ အဝတ်အစားတစ်စုံကို ထုတ်ပေးလိုက်သည်။

ကြမ်းတမ်းတဲ့ အစိမ်းရောင်လီနင်အစဖြင့် ချုပ်ထားသည်။ ထိုအဝတ်အစားတွေကို တိမ်ရိုင်းနယ်မြေမှ လူများ၀တ်ဆင်လေ့ရှိသည် ပုံစံမျိုးဖြစ်သည်။ ပိတ်စမှာခိုင်ခံ့ပြီး ခံနိုင်ရည်ရှိသည်။

ယီယွင်တို့ မိသားစုက ဆင်းရဲလွန်းသည့် အတွက် သော့တစုံတောင်၀ယ်နိုင်ချင်းမရှိပေ။ယင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ၊တိမ်ရိုင်းနယ်မြေမှ သတ္တုနဲ့ ပြုလုပ်ထားတဲ့ သော့များမှာ ဈေးကြီးလှသည်။ ဆင်းရဲတဲ့ မိသားစု၏ တစ်သက်တာ စုဆောင်းထားတဲ့ ပစ္စည်းအားလုံးပေါင်းလျှင်ပင် သော့တစ်လုံး၏ ဈေးထက် မပိုပေ။

ဒီလိုအခြေအနေမျိုးမှာ ကျန်းရှောင်ယုက သူ့အတွက် အဝတ်အသစ်ချုပ်ဖို့ အထည်တစ်စကို ဘယ်လိုရခဲ့တာလဲ။

ယီယွင်က ရောထွေးတဲ့ ခံစားချက်တွေနဲ့ အဝတ်တွေကို လက်ခံလိုက်သည်။ အထည်က ကြမ်းတမ်းပေမဲ့ အချိုးကျကာ သပ်ရပ်လှသည်။ အထည်၏ အစွန်းတွေမှာ သေးငယ်တဲ့ ဆူးတွေ ပုံဖော်ထားသည်။အဲတာကို ကျန်းရှောင်ယုကိုယ်တိုင်ပင် တစ်ချောင်းချင်းစီ ချုပ်ထားခြင်းဖြစ်သည်။

အမှန်အတိုင်းပြောလျှင် အဝတ်အစား၏ အသားက မကောင်း

လှပေ။ ယီယွင် ကမ္ဘာပေါ်မှာ ဝတ်ဆင်ခဲ့ဖူးတဲ့ ဝါဂွမ်းနဲ့ ပိုးထည်အဝတ်တွေနဲ့ နှိုင်းယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားပါသည်။သို့သော် ထိုအဝတ်တစ်ထည်က ယီယွင်ကို အရမ်းထူးခြားသည်လို့ ခံစားရစေသည်။

"မြန်မြန်ဝတ်ကြည့်ပါ၊ နှစ်သစ်‌ရောက်မှ ပေးမလို့ပဲ။ ဒါပေမဲ့ ဒီနေ့တော့ မင်း ကျောင်းဝင်းထဲမှာ သိုင်းပညာ လေ့ကျင့်ရတော့မယ်။ ဒါ ပျော်ရွှင်စရာ ကိစ္စပဲ၊ ဒါကြောင့် အမက ကောင်းတာလေး ဝတ်စေချင်တယ်၊ တခြားသူတွေ မင်းကို မလှောင်နိုင်အောင်ပေါ့" ကျန်းရှောင်ယု၏ စကားများကြောင့် ယီယွင်လည်ချောင်းထဲမှာ တစ်ဆို့သွားသည်။ သူ အသက်ပြင်းပြင်းရှူပြီးမှ စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ချွတ်လိုက်သည်။ထို‌နောက် အဝတ်အစားသစ်များအား ဝတ်လိုက်သည်။

အဝတ်အစားက လူကို လူဖြစ်စေသလို ကုန်းနှီးက မြင်းကို မြင်းဖြစ်စေသည်။ ကျန်းရှောင်ယု၏ အဝတ်အစားတွေက အလွန်ကို ကိုက်ညီသည်။ လီနင်နဲ့ လုပ်ထားပေမဲ့ ယီယွင်၏ ကြီးထွားလာတဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောနယ်ပယ် အဆင့်ကို ရောက်ပြီးနောက် ရရှိခဲ့တဲ့ စွမ်းအား နှင့်လိုက်ဖက်လှသည်။ မျက်စိပသာဒဖြစ်စေသည်။

ကျန်းရှောင်ယုက ယီယွင်ကို ဆွဲယူပြီး တစ်ကိုယ်လုံးကို ကြည့်လိုက်ပြီး အရမ်းကျေနပ်သွားသည်။ဒါပေမဲ့ သူမ တစ်ခုခုကို ပြန်သတိရသွားပြီး ပြောလိုက်သည်၊ "ယွင်‌အာ၊ မင်းကို ကျန့်သခင်က တန်ဖိုးထားတာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ကျန့်သခင်က သုံးရက်နေရင် ပြန်တော့မယ်။ သူက ငါတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတော့ ငါတို့ကို ဂရုစိုက်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ ငါတို့ကိုယ်တိုင်ပဲ ကိုယ့်အားကိုယ်ကိုးရမယ်"

"ကျန့်သခင်က မင်းမှာ အရည်အချင်းတွေ အများကြီးရှိတယ်လို့ ပြောကောင်းပြောမယ်။ ဒါပေမဲ့ အဲဒီအရည်အချင်းတစ်ခုတည်းက မင်းကိုယ်မင်း ကာကွယ်ဖို့ မလုံလောက်ဘူး၊ မင်း အစွမ်းမထက်ခင်မှာကိုပဲ ဘေးဆိုးတစ်ခုနဲ့ ကြုံတွေ့ရနိုင်တယ်၊ ဆင်မှာ ဆင်စွယ်ရှိလို့၊ ကြံ့မှာ ဦးချိုရှိလို့ သူတို့ကို အမဲလိုက်ခံကြရတာ။ ကျန့်သခင်လက်အောက်မှာ လေ့ကျင့်နေတဲ့အခါ အရမ်းအလွန်အကျွံ မလုပ်နဲ့။ အရာရာကို အောက်ကျို့ထားပြီး သတိထားတာက မှန်ကန်တဲ့ လမ်းပဲ"

"အထူးသဖြင့် လျှိုင်ချမ်းယုလို ကောက်ကျစ်တဲ့သူမျိုး။ မင်းသာ သူ့အ‌ပေါ်သဘောကောင်းပေမယ့် သူ မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး"

"ကျန့်သခင် ဒီမှာရှိနေတုန်း လျှိုင်ချမ်းယုက ဘာမှလုပ်ရဲမှာ မဟုတ်သေးဘူး၊ ဒါပေမဲ့ ကျန့်သခင် ပြန်သွားရင်တော့...၊ ကျန့်သခင်က လျှိုင်ချမ်းယုက ဘယ်လိုလူလဲဆိုတာ သိမှာမဟုတ်သလို၊ လျှိုင်မျိုးနွယ်စု၏ ဖြစ်ပျက်တွေကိုရော၊ လျှိုင်ချမ်းယုက မင်းကို ရန်လိုနေတာကိုပါ သိမှာမဟုတ်ဘူး။ ကျန့်သခင်မှာ သူ့ကိုယ်ပိုင် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာ၊ သူ ဒီကိုလာတာက

တိုင်းပြည်ရွေးချယ်ပွဲရဲ့ ပဏာမအဆင့်အတွက် အဆင်ပြေလို့ လာတာ။ သူ သိပ်စိတ်ဝင်စားမှာ မဟုတ်သလို၊ လျှိုင်မျိုးနွယ်စုရဲ့ အတွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး၊ သူ မင်းကို ကာကွယ်ပေးမယ်လို့ မမျှော်လင့်ထားတာ အကောင်းဆုံးပဲ၊ နားလည်လား" ကျန်းရှောင်ယုက စကားတွေအများကြီးကို တစ်ထိုင်တည်း ပြောလိုက်လို့ ယီယွင် အံ့ဩသွားသည်။

ကျန်းရှောင်ယု၏ အတွေးတွေက သတိကြီးပြီး စေ့စပ်သည်။ လူတွေနဲ့ ကမ္ဘာကြီးအပေါ် သူမ၏ နားလည်မှုက သူမအရွယ် မိန်းကလေးတွေထက် သာလွန်သည်။

သာမန်မိန်းကလေးတစ်ယောက်ဆိုရင် သူမ၏ မောင်လေးကို သံတမန်ချုပ်တစ်ဦးက တန်ဖိုးထားသည်ဟု ကြားတာနှင့်ပင် သတိလစ်သွားလောက်သည်။ အိမ်မှာနေပြီး အကြံဉာဏ်ပေးနေမှာ မဟုတ်ပဲ အိမ်နီးနားချင်းတွေဆီ ပြေးပြီး သူ့ရဲ့ ထူးချွန်တဲ့ မောင်လေးအကြောင်းကို ကြွားလုံးထုတ်နေမှာဖြစ်သည်။

"အစ်မရှောင်ယုပြောတာ အကုန်နားလည်ပါတယ်" ယီယွင်က ကျန်းရှောင်ယု၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "စိတ်မပူပါနဲ့၊ လျှိုင်ချမ်းယုကို ကိုင်တွယ်ဖြေရှင်းဖို့ အစွမ်းမရှိရင် ဒီနေ့ ရှေ့ကို ထွက်လာမှာတောင် မဟုတ်ဘူး"

ယီယွင်က စာရင်းမသွင်းခင် သူ့၏ ရွေးချယ်မှုတွေကို သေချာစဉ်းစားခဲ့သည်။

သံသယမရှိပဲ ယီယွင်က ကျန့်ယွီရှန့် စီစဉ်တဲ့ ပဏာမအဆင့်ကို အောင်မြင်ရမယ်။ ဒါက တိုင်းပြည်ရွေးချယ်ပွဲကို ဝင်ခွင့်ရဖို့ လိုအပ်တဲ့ လက်မှတ်ဖြစ်ရုံသာမက ကျန့်ယွီရှန့်ထံကနေ ကျွမ်းကျင်မှုတွေ သင်ယူနိုင်တာကလည်း ယီယွင်ကို အလွန်စိတ်ဝင်စားစေခဲ့သည်။

အရင်က ယီယွင်က ယိုယွမ်ဆီက သင်ခန်းစာတွေကို ခိုးပြီးသင်ခဲ့တာကြောင့် ထိရောက်မှုက အတော်လေး လျော့နည်းလှသည်။ ကျန့်ယွီရှန့်က ရွေးချယ်မှုလုပ်နေချိန်မှာ ယီယွင် ရှေ့ကို တိုးလာခဲ့ရသည်။

သို့သော်လည်း ယီယွင်က သူ့၏ အရည်အချင်းကိုပဲ ဖော်ပြနိုင်ပြီး ကျန့်ယွီရှန့်ရှေ့မှာ သူ့၏ တကယ့်လေ့ကျင့်မှုကို ဖော်ပြလို့ မရပေ။

ကျန့်ယွီရှန့်က ယီယွင်၏ လျှို့ဝှက်ချက်ကို မသိပေ။ လျှိုင်ချမ်းယုတောင် မသိပေ။ ယီယွင်က အတိတ်တွင် အားနည်းတဲ့ကလေးတစ်ယောက်၊ ဆေးပင်တွေမရှိပဲ၊ သူ့ကို ကျွမ်းကျင်မှုတွေ သင်ပေးမယ့်သူတွေမရှိပဲ သွေးကြောနယ်ပယ်ကို ရောက်ရှိလာတာက လုံးဝမဖြစ်နိုင်ပေ။

လျှိုင်ချမ်းယုသာ ကျန့်ယွီရှန့်ကို ဒီအကြောင်းပြောပြမယ်ဆိုရင် ကျန့်ယွီရှန့်က သံသယဖြစ်လိမ့်မည်ဖြစ်သည်။ သူ့လိုမာနကြီးတဲ့သူတစ်ယောက်က နေ့တိုင်း တန်ဖိုးရှိတဲ့ ဆေးပင်တွေစားရင်တောင် ဒီလောက်မြန်တဲ့ ကျင့်ကြံမှုနှုန်းမျိုး မရရှိနိုင်ပေ။

အဲဒီအချိန်ကျရင် ကျန့်ယွီရှန့်က ယီယွင်ဆီတွင် လျှို့ဝှက်ချက်ရှိသည်ဟု သံသယဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျန့်ယွီရှန့်က ဖြောင့်မတ်သူတစ်ယောက်လို ပုံပေါ်ပေမဲ့၊ သတိထားတာက အကောင်းဆုံးဖြစ်မည်။ ဖြောင့်မတ်တဲ့သူတစ်ယောက်က သူ့ရှေ့က ကြီးမားတဲ့ ရတနာကြောင့် ဆိုးဝါးတဲ့လုပ်ရပ်တွေကို လုပ်ဖို့ သွေးဆောင်ခံရနိုင်သည်။ ယီယွင်က ခရမ်းရောင်သလင်းကျောက်အကြောင်းကို လုံးဝထုတ်ပြလို့ မရပေ။

All Chapters