စစ်တပ်၏ အခြေခံကျသော ကျွမ်းကျင်မှု
Vol. 3 Ch. 35
မနက်စောစောပိုင်းတွင် ယီယွင်သည် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာသည်။
ကျောက်ထိုင်ကျူနှင့် စစ်သည်တော်အဖွဲ့မှ အခြားသူများသည်လည်း စိတ်အားထက်သန်စွာဖြင့် စောစီးစွာ ရောက်နှင့်နေကြပြီဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော ကျောက်တုံးများနှင့် အလေးတုံးများကို ရွှေ့နေကြသည်။
ထိုကျောက်အလေးတုံးများသည် သူရဲကောင်းများ၏ ခွန်အားကို လေ့ကျင့်ရန်အတွက် အားကိုးသည့် အရာများဖြစ်သည်။
ကျန့်ယွီရှန်း မရောက်သေးသော်လည်း စစ်သည်တော်အဖွဲ့မှ လူများသည် ကျောက်အလေးတုံးများကို အသုံးပြု၍ လေ့ကျင့်ခန်းများစတင်ပြုလုပ်နေကြသည်။
အနီးအနားတွင် ရွာသားများစွာက ထိုကဲ့သို့ စည်ကားလှသော သူရဲကောင်းလေ့ကျင်ရေးကို လာရောက်ကြည့်ရူနေကြသည်။
“အိုး.... ဒါငါတို့ရဲ့ သိုင်းပါရမီရှင်လေးပဲ မဟုတ်လား ဘယ်လိုလဲ၊ ကြည့်စမ်းပါဦး” ဟု ကျောက်ထိုင်ကျူက လူအုပ်ထဲမှ ယီယွင်ကို တွေ့လိုက်သောအခါ သရုပ်ပြရင်း ပြောလိုက်သည်။
“ဘုန်း”
မြည်သံနှင့်အတူ ကျောက်ထိုင်ကျူက ပေါင် ၅၀၀ အလေးချိန်ရှိသော ကျောက်အလေးတစ်ခုကို ယီယွင်ရှေ့တွင် ပစ်ချလိုက်သည်။
“စမ်းကြည့်ရဲလား” ဟု ကျောက်ထိုင်ကျူက ယီယွင်ကို မထီမဲ့မြင်ကြည့်ရင်း ပြောလိုက်သည်။
ထိုလူအားလုံးရှေ့တွင် ကျောက်ထိုင်ကျူက ယီယွင်သည် ကံကောင်း၍သာ သိုင်း ပါရမီရှင်ဟု သတ်မှတ်ခံရခြင်းဖြစ်ကြောင်း သက်သေပြလိုသည်။
“ညီလေး ကျောက်၊ မင်းသူ့ကို အနိုင်ကျင့်တာပဲ၊ သူက ပေါင် ၅၀၀ ကျောက်အလေးတုံး ဘယ်လိုများ မနိုင်မှာလဲ။ လာပါညီလေး၊ ဒီကျောက်တုံးသေးသေးလေးကို မင်းစမ်းကြည့်ပါလား”
နောက်ထပ်လူတစ်ယောက်က ပေါင် ၂၀၀ အလေးချိန်ရှိသော ကျောက်တုံးကို ယီယွင်ထံ ပစ်လိုက်ပြီး ယီယွင် အရှက်ကွဲအောင်လုပ်နေသော ကျောက်ထိုင်ကျူကို ပံ့ပိုးပေးသည်။
၎င်းတို့အတွက် ယီယွင်သည် ပေါင် ၅၀ ပင် မနိုင်ဘဲ ပေါင် ၂၀၀ ဆိုလျှင် ပို၍ပင် ခက်ခဲမည်ဖြစ်သည်။ သူသည် ကိုယ်ခံပညာ ပါရမီရှင် ဘယ်လိုမှမဖြစ်နိုင်ဟု ယုံကြည့်နေကြဆဲဖြစ်သည်။
ယီယွင်က ၎င်းတို့ကို စိတ်မနှံ့သူများအလား ကြည့်လိုက်ပြီး ထိုလူများအား
လျှစ်လျုရူထားလိုက်သည်။
ယီယွင်သည် ကိုယ်ခံပညာ ပါရမီရှင်ဖြစ်ကြောင်း သက်သေပြပြီးသားဖြစ်သည်။ ၎င်းတို့က ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူဂရုမစိုက်ပေ။ယီယွင်စိတ်ထဲတွင် မိမိပန်းတိုင်ရောက်ရှိရန်သာ အာရုံစိုက်ထားသည်။
ထို့နောက် ယီယွင်မှာ စနစ်တကျ လေ့ကျင့်ရမည်ဖြစ်သည်။ တိုင်းပြည်အဆင့်ရွေးချယ်ပွဲတွင် မိမိ၏ ထူးခြားသော ခွန်အားကို ပြသသည့်အခါမှသာ ထိုလူများနားလည်နိုင်ပေလိမ့်မည်။
ယီယွင်သည် လျှိုင်ချမ်းယုနှင့် တိုက်ရိုက်ပဋိပက္ခဖြစ်ရန် အစီအစဉ်မရှိပေ။
လျှိုင်ချမ်းယု၏ ကိုယ်ခံပညာ အဆင့်သည် သူ့ထက်တစ်ဆင့် မြင့်မားပြီး တိုက်ခိုက်ရေးအတွေ့အကြုံ ကြွယ်ဝသည်။ ထို့အပြင် လျှိုင်ချမ်းယုသည် တစ်ဦးတည်းမဟုတ်ပေ ယိုယွမ်နှင့် မျိုးနွယ်ခေါင်ဆောင်စသည့် အခြားသူများက လျှိုင်ချမ်းယုကို ထောက်ခံသည့် အဆင့်မြင့်ပုဂ္ဂိုလ်များစွာ ရှိသည်။
အမှန်တကယ်သာ တိုက်ခိုက်ရလျှင် ယီယွင်သည် သူ၏လက်ရှိခွန်အား အားနည်းသည်ဟု ခံစားရသည်။ ထို့အပြင် ယီယွင် အားနည်းချက်တစ်ခုရှိသည် - “ကျန်းရှောင်ယု”
“ကျန့်သခင် ရောက်ပြီ” ရုတ်တရက် လူတစ်ယောက်က သတိပေးလိုက်သည်။ စစ်သည်တော် ပြင်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံး ကြက်များကဲ့သို့ ပြန့်ကျဲသွားကာ ကျောက်အလေးများကို စတင်မကြသည်။
“ဟေး ဟား ဟေး ဟား”
ထိုလူများသည် နှစ်ပေါင်းများစွာ ကျောက်အလေးများကို မလာခဲ့ကြသောကြောင့် သဟဇာတဖြစ်သော
အားစိုက်သံများ ထွက်ပေါ်လာသည်။
မြင်ကွင်းသည် အမှန်တကယ်ပင် အရှိန်အဟုန်ပြင်းစွာ လေ့ကျင်နေပုံပေါ်သည်။
လျှိုင်ချမ်းယုနှင့်အတူ ကျန့်ယွီရှန်းက ရင်ပြင်အလယ်သို့ လျှောက်လာသည်။ ထိုအခါလူအများ၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲနေကြသည်။ ၎င်းတို့သည် ကျန့်ယွီရှန်းအား ၎င်းတို့၏ ခွန်အားကို ပြသရန် ကြိုးစားနေကြပြီး အသိအမှတ်ပြုခံရရန် မျှော်လင့်နေကြသည်။
အားလုံးထဲတွင် ကျောက်ထိုင်ကျူသည် အပင်ပန်းဆုံးဖြစ်သည်။ သူ၏မျက်နှာတွင် "မြင်လား" ဟူသော အမူအရာဖြင့် တကယ့်ခွန်အားအပြည့်ရှိသည်ပုံစံ ဟန်ဆောင်နေသည်။ သူသည် ပေါင် ၅၀၀ ကျောက်အလေးတုံးကိုမကာ ယီယွင်အားလှောင်ပြောင် နေသည်။
”သခင်ကျန့်၊ သေချာကြည့်ပါ၊ ခုနက မှားသွားတာလား”
ဤမြင်ကွင်းကို မြင်သောအခါ ကျန့်ယွီရှန်း မျက်မှောင်ကြုတ်လိုက်သည်။မိမိ၏ သည်းခံစိတ်မှာ လျော့နည်းလာသည်ဟု ခံစားနေရသည်။ နိုင်ငံတော်၏ အဆင့်မြင့်အရာရှိများသည် မသိနားမလည်ဘဲ တောထဲတွင် တိုင်းပြည်အဆင့်ရွေးချယ်ပွဲ ကျင်းပလိုကြသည်။ ထို့အပြင် ထိုတာဝန်ကို ကျန့်ယွီရှန်းကယူရသည်။အမှိုက်ပုံကြီးကို သင်ကြားနေရသည်ဟု ခံစားရသည်။
“မင်းတို့ အမှိုက်လိုကောင်တွေ၊ကောင်းကောင်းရပ်ကြစမ်း” ကျန့်ယွီရှန်းက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူ၏ အသံလှိုင်းများသည် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာပြီး စစ်သည်တော် ပြင်ဆင်ရေးအဖွဲ့ဝင်များ ကြောက်လန့်ကုန်သည်။ ၎င်းတို့အားလုံး ကိုင်ထားသည်များကို လွှတ်ချလိုက်ကြသည်။
“ဘုန်း ဘုန်း ဘုန်း”
ကျောက်ထိုင်ကျူနှင့် ကျန်သူများသည် အံ့အားသင့်ကုန်သည်။ မူလက ခန့်ညားပြီး ဖော်ရွေသော ကျန့်ယွီရှန်းသည် လုံးဝပြောင်းလဲသွားမည်ဟု မထင်ထားပေ။
အမှန်စင်စစ် ကျင်းလုံဝေ့သည် စစ်တပ်ဖြစ်သည်။ လေ့ကျင့်ရေးအဖွဲ့တစ်ခုတွင် နည်းပြတစ်ဦးအနေဖြင့် လူတစ်ဦးကို သေသည်အထိ ရိုက်နှက်ခြင်းသည် သာမန်ဖြစ်သည်။ ကျန့်ယွီရှန်းသည် မိမိအား အမှိုက်များနှင့် အဆင့်နိမ့်ချမခံနိုင်သောကြောင့် သင့်တင့်စွာ ပြုမူနေခြင်းဖြစ်သည်။ တုံးအလှသည့် ထိုအမှိုက်လိုလူများကို ရိုက်နှက်ခြင်းသည် ကျင်းလုံဝေ့တစ်ဦးအနေဖြင့် မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်။
“အမှိုက်ကောင်တွေ ငါဒီ လျှိုင်မျိုးနွယ်စုကို လာတဲ့အချိန်မှာ မင်းတို့ကို ကျွမ်းကျင်အောင်သုံးရက်ပဲ သင်ပေးမှာ မူလက ငါမင်းတို့ကို လက်သီးပညာ ဒါမှမဟုတ် လှုပ်ရှားမှုပညာတွေ သင်ပေးချင်တာ၊ ဒါပေမယ့် မင်းတို့ရဲ့ အပြုအမူတွေနဲ့ မသိနားမလည်တာတွေကို ကြည့်ရတာ၊ ငါမင်းတို့ကို ကျွမ်းကျင်မှုတစ်ခုတောင် ပြီးအောင်သင်နိုင်မယ့်မထင်ဘူး”
ကျန့်ယွီရှန်းသည် စူးရှသော မျက်လုံးများဖြင့် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။စစ်သည်တို့၏ မျက်နှာကို ဓားတစ်ချောင်းနှင့် ခြစ်လိုက်သကဲ့သို့ ခံစားရပြီး မျက်နှာအသားအရေများ ယားယံလာသည်။
ကျန့်ယွီရှန်းသည် ခန္ဓာကိုယ်ကို လှည့်ကာ လေ့ကျင့်ရေးကွင်း၏ ထောင့်တစ်နေရာသို့ လျှောက်သွားသည်။ ထိုနေရာတွင်ရှိသော မြင့်မားပြီး ထူထဲလှသော သစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်သည်။
ထိုအပင်သည် ကျောက်ထိုင်ကျူက ယီယွင်ကို လှောင်ပြောင်ကာ စားမည်ဟု ကတိပေးခဲ့သည့် “တာဝရီပင်ကြီး” ဖြစ်သည်။
ကျန့်ယွီရှန်းသည် တာဝရီပင်ကြီးရှေ့တွင် ရပ်နေသည်။ကျန့်ယွီရှန်း မော့ကြည့်လိုက်ပြီး ရုတ်တရက် သစ်ပင်ဆီသို့ ခုတ်လိုက်သည်။
“ဟိုက်ရားး”
ပြတ်သားသောအသံ ထွက်ပေါ်လာသည်၊ထိုတာဝရီပင်ကြီးကို ကျန့်ယွီရှန်း၏ လက်၀ါးစောင်းဖြင့် ခုတ်လှဲလိုက်ခြင်းဖြစ်သည်။
“ဝိုး....”
စစ်သည်တော် ပြင်ဆင်ရေးအဖွဲ့မှ လူများသည် ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ အသက်ရှူမှားသွားကြသည်။ ပတ်ဝန်းကျင်ရှိ ရွာသားများသည် ထိတ်လန့်တုန်လှုပ်ပြီး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်မှုပြသခြင်းကို တစ်ခါမှ မမြင်ဖူးပေ။
လျှိုင်ချမ်းယုပင် အံဩတကြီးဖြစ်နေသည်။ ခြေထောက်နှင့် ကန်သည်ဆိုလျှင် မိမိလည်း လုပ်နိုင်မည်ဖြစ်သည်။ သို့သော် တာဝရီပင်ကြီးကို မြက်ခုတ်သကဲ့သို့ ပေါ့ပေါ့ပါးပါး လက်ဖြင့် ခုတ်လှဲခြင်းသည် အံ့မခန်းစရာ အစွမ်းပြသခြင်းဖြစ်သည်။
ကျန့်ယွီရှန်းသည် ပေါင်ထောင်ပေါင်းများစွာ အလေးချိန်ရှိသော တာဝရီပင်ကြီးကို သစ်သားချောင်းကို ရိုက်ချိုးသကဲ့သို့ ချိုးပြသွားသည်။ ထိုသစ်ပင်ကြီးအား စစ်သည်တော် ပြင်ဆင်ရေးအဖွဲ့ဝင်များရှေ့သို့ ပစ်ချလိုက်သည်။
လူများက သစ်ပင်ကို ကြည့်ရင်း ကျန့်ယွီရှန်း၏ စကားများကို ပြန်သတိရကြသည်။ ကျန့်ယွီရှန်းက သူတို့အား ကျွမ်းကျင်မှုတစ်ခု သင်ပေးမည်ဟု ပြောခဲ့သည်။” ဒါက လက်ခုတ်ပညာလား။”
ဤအရာကို တွေးမိသောအခါ ၎င်းတို့ထဲမှ အများအပြားသည် မမျှော်လင့်ဘဲ မနေနိုင်ကြပေ။ထိုလှုပ်ရှားမှုသည် အလွန်ခန့်ညားသည်။ ၎င်းတို့သည် ကျန့်ယွီရှန်း၏ အစွမ်းဆယ်ပုံတစ်ပုံမျှသာ ရှိလျှင်ပင် အလွန်ခန့်ညားပေလိမ့်မည်။
“ဒီနေ့ငါမင်းတို့ကို သင်ပေးမယ့် ကျွမ်းကျင်မှုက နည်းစနစ်လည်းမဟုတ်ဘူး၊ တိုက်ခိုက်ရေးပညာလည်းမဟုတ်ဘူး၊ ဒါ လျှို့ဝှက်ပညာရပ်တစ်ခုပဲ ဒါက ကျင်းလုံဝေ့ရဲ့ အခြေခံကျတဲ့ ကျွမ်းကျင်မှုတစ်ခုပဲ၊ တန်ဖိုးမဖြတ်လို့မရဘူး မင်းတို့ ဒါကို ကောင်းကောင်းလေ့လာနိုင်ရင် သိုင်းပညာလမ်းကြောင်းက ပိုအဆင်ပြေလာလိမ့်မယ်၊ မင်းတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း အများကြီးတိုးတက်လာမယ်၊ အသက်ရှင်ရပ်တည်နိုင်စွမ်းကိုလည်း တိုးစေမယ်”
ကျန့်ယွီရှန်း၏ စကားများက လူများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးသည်။ ၎င်းသည် မိမိတို့၏ သိုင်းပညာတွင် အထောက်အကူပြုရုံသာမက ခွန်အားကိုပါ တိုးစေပြီး အသက်ရှင်ရပ်တည်နိုင်စွမ်းကိုပါ တိုးစေမည်ဖြစ်သည်။ထိုအပြင် ကျင်းလုံဝေ့ရဲ့ အခြေခံကျသော ကျွမ်းကျင်မှုတစ်ခုပင်ဖြစ်သည်။
ထိုလျှို့ဝှက်ပညာရပ်သည် အမှန်တကယ် ကောင်းမွန်သော ကျွမ်းကျင်မှုတခုဖြစ်ပုံရသည်။
“မင်း” ကျန့်ယွီရှန်းက ကျောက်ထိုင်ကျူကို လက်ညှိုးထိုးကာ “ရှေ့ထွက်ခဲ့”
ကျောက်ထိုင်ကျူသည် ကျန်းယွီရှန်ရှေ့သို့ လျင်မြန်စွာ ထွက်လာသည်။ ကျောက်ထိုင်ကျူ၏ စိတ်ထဲတွင် စိုးရိမ်မှု စိတ်လှုပ်ရှားမှုများဖြင့် ရောထွေးနေသည်။
“ဒီလျှို့ဝှက်ပညာရပ်ကို မင်း သရုပ်ပြရမယ်” ထိုစကားများကို ကြားသောအခါ ကျောက်ထိုင်ကျူ ဝမ်းသာသွားသည်။ ကောင်းမွန်သော ရလဒ်သည် သူ့လက်ထဲ ရောက်ရှိလာပြီဟု တွေးနေသည်။
“ဟားး ဟား ဟားး”
ကျောက်ထိုင်ကျူ ၏စိတ်ထဲတွင် ကြိတ်၍ရယ်မောနေသည်။ သခင်ကျန့်သည် မိမိအား လျှို့ဝှက်ပညာရပ်ကို သူ့ကိုယ်တိုင် သင်ကြားပေးတော့မည်ဆိုလျှင် ကောင်းကောင်သင်ယူနိုင်ပါမလား ဟုတွေးနေသည်။
သခင်ကျန့်သည် ဘာမှမပြောသော်လည်း နောက်ဆုံးတွင် ငါ့ကို တန်ဖိုးထားပုံရသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ စစ်သည်တော် ပြင်ဆင်ရေးအဖွဲ့တစ်ခုလုံးတွင် ခွန်အားအကြီးမားများ ဖြစ်မည်ဟု ကျောက်ထိုင်ကျူ စိတ်ထဲတွင် တွေးနေသည်။
ယနေ့လေ့ကျင့်ရမည့် ပစ်မှတ်မှာ
ထိုတာဝရီပင်ကြီးပင်ဖြစ်သည်။လက်ဖြင့်တစ်ချက်ခုတ်ရုံဖြင့် သစ်ခေါက်တခြမ်းကို အနည်းဆုံး ခုတ်လှဲနိုင်မည်ဖြစ်သည်။
ကျောက်ထိုင်ကျူသည် စမ်းသပ်ကြည့်ရန် မစောင့်နိုင်လောက်အောင် ဖြစ်နေစဉ်
ကျန့်ယွီရှန်းသည် တာဝရီပင်ကြီး နှစ်ချက်ခုတ်ရုံဖြင့် ခွဲထုတ်လိုက်သည်။
ထို့နောက် ကျန့်ယွီရှန်းက တာဝရီပင်ကြီးကို လက်ညှိုးထိုးပြကာ ကျောက်ထိုင်ကျူအား “မင်း ဒီတာဝရီပင်ကြီးကို စားလိုက်” ဟု ပြောလိုက်သည်။
ထိုစကားများကြောင့် စိတ်လှုပ်ရှားနေသော ကျောက်ထိုင်ကျူသည် ခေါင်းမှာမြေကြီးထဲ စိုက်မိမတတ် လဲကျမလို ဖြစ်သွားသည်။
“ဘာ ဘာကြီးလဲ”
“ဒီတာဝရီပင်ကြီးကို စားလိုက်...”
“တာဝရီပင်ကြီးကို စားလိုက်...”
“သစ်ပင်ကို စားလိုက်...”
“စား…”
ထိုစကားလုံးများက ကျောက်ထိုင်ကျူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ သူသည် ကျန့်ယွီရှန်းကို မယုံနိုင်ပေ။
“ငါကြားတာ မမှားလောက်ဘူး...”