← Chapters

သစ်ပင်ကို တကယ်စားရမှာလား

Vol. 3 Ch. 36

သစ်ပင်ကို တကယ်စားရမှာလား

Vol. 3 Ch. 36

“ဟေ့ကောင် မင်းနားမလည်ဘူးလား” ကျောက်ထိုင်ကျူ တွေဝေနေသည်ကို မြင်တော့ ကျန့်ယွီရှန်း၏ မျက်နှာအမူအရာက အေးစက်တည်ငြိမ်လျက်သည်။

“ကျွန်‌တော်…” ကျောက်ထိုင်ကျူ စကားမပြောနိုင်ပဲရှိ‌နေသည်။ ကျန့်ယွီရှန်းက သူ့ကို စနောက်နေသည်ဟု ခံစားရသည်။

သခင်ကျန့်သည် သူ ယီယွင်ကို လှောင်ပြောင်သည်ကို ကြားသွားပြီး တမင်သက်သက် စနောက်နေတာလား။

သို့သော် ကျောက်ထိုင်ကျူတွင် မကျေနပ်မှု မည်မျှပင်ရှိပါစေ၊ ကျန့်ယွီရှန်းကို ပြန်ပြောနိုင်ခြင်း မရှိပေ။

ထိုအချိန်တွင် စစ်သည်တော် ပြင်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ကျောက်ထိုင်ကျူကို သနားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ကျောက်ထိုင်ကျူက ယီယွင်ကို အရင်က လှောင်ပြောင် ပြောခဲ့သည်ကို ၎င်းတို့သိကြသည်။

လက်စားချေမှုက ဒီလောက် မြန်ဆန်လိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ခဲ့ပေ

ကျောက်ထိုင်ကျူ၏ ကံဆိုးမှုကို မြင်သောအခါ ကျောက်တုံးအားစားရန်နှင့် အရှေ့မြစ်ရေကိုသောက်ရန် လှောင်ပြောင်ခဲ့သော လူနှစ်ဦးသည် တုန်လှုပ်စပြုလာကြသည်။

၎င်းတို့ကိုယ် ၎င်းတို့ ပါးရိုက်ချင်နေကြသည်။ ဘာကြောင့် ကျောက်ထိုင်ကျူ၏ ရူးသွပ်မှုတွင် ဝင်ပါခဲ့ရသနည်း။ မကြာခင် ၎င်းတို့လှောင်ပြောင်ခဲ့သည့် အကျိုးဆက်ကို ပြန်ခံစားရမည်ဖြစ်သည်။

တာဝရီပင်ကြီးကို တစ်ကိုက်နှစ်ကိုက် စားနိုင်သေးသော်လည်း ကျောက်တုံးကို ဘယ်လိုမှ စားနိုင်မည် မဟုတ်ပေ။

“ကျောက်ထိုင်ကျူ၊ ဘာတွေ အချိန်ဆွဲနေတာလဲ သစ်ပင်ကို စားဖို့ မင်းကို အမိန့်ပေးထားတာ၊ မကြားဘူးလား”

လျှိုင်ချမ်းယုက ကျောက်ထိုင်ကျူ၏ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဆူပူလိုက်သည်။

လျှိုင်ချမ်းယုသည် အကြောင်းရင်းကို ဂရုမစိုက်ပေ။ ကျန့်ယွီရှန်းက အမိန့်ပေးထားပြီဖြစ်သောကြောင့် မည်သည့်အမိန့်ကိုမဆို လိုက်နာရမည်ဟု သူဆုံးဖြတ်ထားသည်။

“ကျွန်‌တော်… ကျွန်‌တော်…” ကျောက်ထိုင်ကျူသည် ကြောက်ရွံသော မျက်နှာဖြင့်ပင် ဆုံးဖြတ်ချက်ချလိုက်သည်။ “ကျွန်‌တော် စားပါ့မယ်…”

ကျောက်ထိုင်ကျူသည် ဒူးထောက်ထိုင်ချလိုက်ပြီး သစ်သားတစ်စကို ချိုးလိုက်သည်။

ကျောက်ထိုင်ကျူသည် မျက်ရည်မကျဘဲ ဝမ်းနည်းမှုဖြင့် ထိုသစ်သားစကို ကြည့်လိုက်သည်။ထိုသစ်သားကို အိမ်ဆောက်ရန် အသုံးပြုနိုင်ပါသည်။ ငါ့ကို ပိုးကောင်တစ်ကောင်လို သဘောထားနေတာပဲ

လျှိုင်ချမ်းယု၏ ရက်စက်သော မျက်နှာကို မြင်သောအခါ ကျောက်ထိုင်ကျူသည် ကံကြမ္မာကိုသာ လက်ခံနိုင်တော့သည်။မျက်လုံးမှိတ်ကာ ထိုသစ်သားစကို ပါးစပ်ထဲထိုးထည့်လိုက်သည်။

ကျောက်ထိုင်ကျူသည် လည်ချောင်းများ ပြဲထွက်သွားသလို ခံစားလိုက်ရသည်။ အလွန်ခက်ခဲစွာ သစ်သားစကို မျိုချနိုင်ခဲ့သည်။ထိုနောက် ကျန့်ယွီရှန်းကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။ “ဒီလောက်ဆို ရပြီလား” ဟုသော အကြည့်မျိုးဖြစ်သည်။

သို့သော် ကျန့်ယွီရှန်းက အေးဆေးစွာဖြင့် “ဆက်စား” ဟု ပြောလိုက်သည်။

ကျောက်ထိုင်ကျူ မေ့လဲမလို ဖြစ်သွားသည်

မိမိမှာ ကျောက်တုံးများ မခြင်း၊ သစ်ပင်ခုတ်ခြင်းနှင့် အမဲလိုက်ခြင်းတို့ကို ကျွမ်းကျင်သော်လည်း သစ်သားစားခြင်းသည် ညှဉ်းပန်းနှိပ်စက်ခြင်းသာဖြစ်သည်ဟု ကျောက်ထိုင်ကျူ စိတ်ထဲတွင် တွေးလျှက်ရှိသည်။

“သခင်ကျန့်၊ ကျွန်‌တော် ဒီလျှို့ဝှက်ပညာရပ်ကို နားမလည်ဘူး” လျှိုင်ချမ်းယုက ကျန့်ယွီရှန်းသည် ကျောက်ထိုင်ကျူကို အမိန့်နာခံခြင်း၏ အရေးကြီးပုံကို သိအောင်လုပ်နေသည်ဟု မူလက ထင်ခဲ့သည်။

သို့သော် ယခုမူ မဟုတ်ပေ။ ကျောက်ထိုင်ကျူကို သစ်ပင်စားခိုင်းခြင်းသည် လျှို့ဝှက်ပညာရပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံရသည်။

ထိုသို့ဆိုလျှင် လျှိုင်ချမ်းယု ကိုယ်တိုင်ပင် မကြာခင် သစ်သားစားရမည်ဖြစ်သည်။ ထို့ကြောင့် လျှိုင်ချမ်းယုကသေချာအောင် မေးလိုက်သည်။

လျှိုင်ချမ်းယုအပေါ် ကျန့်ယွီရှန်းက စနောက်မည်တော့ မဟုတ်ပေ။ကျန့်ယွီရှန်းက “ဒီလျှို့ဝှက်ပညာရပ်ကို ‘ဆင်ဝါးမျိုစနစ်’ လို့ခေါ်တယ်၊ ဒါက မင်းရဲ့အစာအိမ်နဲ့ အစာချေစွမ်းရည်တွေကို လေ့ကျင့်တဲ့ နည်းစနစ်ပဲ ဆင်ဝါးမျိူစနစ်ကို အများကြီး အောင်မြင်တဲ့သူတစ်ယောက်က နေ့စဉ် အစားအစာ ဘယ်လောက်ပဲ စားစား စားနိုင်တယ်။ အချို့ဆိုရင် ဆင်တစ်ကောင်လုံးကိုတောင် စားနိုင်သည်လို့ ကောလာဟလတွေ ပြောကြတယ်၊ ဒါကြောင့် ဒီလိုနာမည်ရတာပဲ။”

စစ်သည်တော် ပြင်ဆင်‌ရေးစခန်းမှ အဖွဲ့ဝင်များ၏ မျက်နှာများတွင် အမူအရာမျိုးစုံ ဖြစ်ပေါ်နေသည်။ ရိုးရှင်းစွာပြောရလျှင် ထိုဆင်ဝါးမျိူပညာသည် စားသောက်ခြင်းအတွက် နည်းစနစ်တစ်ခုသာ ဖြစ်သည်။

“ဒါက အစားကြီးတဲ့ပညာ မဟုတ်လား ဒါကို လျှို့ဝှက်ပညာရပ်လို့ သတ်မှတ်လို့ရလား”

စစ်သည်‌တော် ပြင်ဆင်‌ရေးအဖွဲ့ဝင်များ၏ မျက်နှာအမူအရာကို မြင်သောအခါ ကျန့်ယွီရှန်းသည် ၎င်းတို့ဘာတွေးနေသည်ကို ရိပ်မိသည်။

ထိုနောက် မထီမဲ့မြင်ပြောလိုက်သည် “မင်းတို့က ပုရွက်ဆိတ်နဲ့ တူတဲ့ အမြင်ကျဉ်းတဲ့သူတွေပဲ။ ကျင်းလုံ‌ဝေ့ရဲ့ အခြေခံကျတဲ့ ကျွမ်းကျင်မှုကို ဘယ်လိုလုပ် အကဲဖြတ်ရဲတာလဲမင်းတို့ကြည့်ရတာ ရယ်စရာပဲ”

“စစ်သည်တစ်ဦးရဲ့ အစာအိမ်ကို လေ့ကျင့်ဖို့က အရမ်းအရေးကြီးတယ်။ နှလုံးနဲ့အဆုတ် ကောင်းရင် ပိုကြာကြာ ခံနိုင်ရည်ရှိမယ်၊ ပိုကြမ်းကြမ်း တိုက်ခိုက်နိုင်မယ်။ ဒါပေမယ့် တိုက်ခိုက်ရေးမှာ ကောင်းတာက ကျင့်ကြံခြင်းထက်ဘာမှ ပိုမကောင်းနိုင်ဘူး၊ အစာအိမ်က သန်မာရင် သိုင်းလေ့ကျင့်ရာမှာ အကျိုးကျေးဇူး ရှိလိမ့်မယ်”

“သာမန်သွေးစစ်သည်တွေအတွက်၊ မင်းတို့က ကျောက်အ‌လေးတွေရွှေ့တာ၊ တိုက်ခိုက်တာ၊ သစ်ပင်တွေ၊ အိမ်တွေပေါ် တက်တာတွေ လုပ်နေနိုင်တယ်၊ အဲဒီစွမ်းအင်တွေ အားလုံးက ဘယ်ကလာတာလဲ မင်းတို့စားတဲ့ အစားအစာတွေကနေ လာတာ”

“အစာအိမ်ကောင်းကောင်း လေ့ကျင့်ထားတဲ့ စစ်သည်အချို့ကတော့ အစားအသောက်စားနိုင်စွမ်းက အံ့သြစရာပဲ။ ၃ ရက်အတွင်း နွားတစ်ကောင်ကို စားနိုင်တယ်၊ သူတို့စုပ်ယူတဲ့ အာဟာရပမာဏကလည်း ပိုများလာမယ်။ သူတို့ရဲ့ ကြွက်သားတွေကလည်း ပိုသန်မာလာမယ်၊ သူတို့ရဲ့ ခွန်အားကလည်း သဘာဝအတိုင်း တိုးလာမယ်။”

ကျန့်ယွီရှန်း၏ အသံသည် ကျယ်လောင်သည်။ ယီယွင်သည် ကျန့်ယွီရှန်း၏စကားကြောင့် စိတ်လှုပ်ရှားသွားသည်။

စစ်သည်တစ်ဦး၏ စွမ်းအင်ထုတ်လွှတ်မှုသည် ကြောက်မက်ဖွယ်ကောင်းသည်။ ထိုစွမ်းအင်သည် တစ်နေရာမှ လာရမည်ဖြစ်သည်။ ထိုစွမ်းအင်ရင်းမြစ်သည် သာမန်သွေးစစ်သည်များအတွက် ၎င်းတို့၏ အစားအစာများမှ လာရမည်ဖြစ်သည်။

အစားအစာများသည် စွမ်းအင်ဖြစ်သည်။ ပိုစားနိုင်လျှင် သဘာဝအတိုင်း အကျိုးကျေးဇူးများ ရရှိလိမ့်မည်။

မျိုးနွယ်စုကြီးမှ သိုင်းပညာလေ့လာ နေသူများကို ကြည့်ပါကလည်း အချိန်အများစုတွင် ၎င်းတို့၏ သိုင်းပညာလေ့ကျင့်မှုအတွက် ပျက်စီးခြင်းအရိုးတွင်းခြင်ဆီ (desolate bones essence) များကို အမြဲသုံးပြုလေ့မရှိပေ။ ၎င်းတို့၏ ခွန်အားကို တိုးမြှင့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သားရဲတို့၏အသားများကို စားခြင်းဖြင့်ဖြစ်သည်။

လူအများစုသည် သားရဲအသား လေးကီလိုဂရမ်ခန့်စားရုံဖြင့် အာဟာရပြည့်ဝကြသည်။ သာမာန်လူများအတွက် ထိုကဲ့သို့သော အစားအသောက်စားချင်စိတ်မျိုးဖြင့် သူတို့အတွက် အဓိပ္ပာယ်မရှိပေ။ ၎င်းတို့သည် မျိုးနွယ်စု စီးပွားရေးနှင့် ချင့်ချိန်ရ၍ အသားများကို ဝေမျှစားသောက်ကြသည်။

အရိုးသားရဲအသား ကီလိုဂရမ် ရာချီ စားနိုင်ပြီး ပိုစားရန် နေရာရရှိနေသေးသူများလည်း ရှိသည်။

အရိုးသားရဲအသား အားလုံးကို အစာချေဖျက်ပြီးမှ အာဟာရဓာတ်ကို ရရှိနိုင်သည်။ထိုအာဟာရဓာတ်သည် ကျင့်ကြံခြင်းကိစ္စတွင် များစွာ အထောက်ကူပြုသည်။

ထို့ကြောင့်၊ ကောင်းမွန်သောအစာအိမ်ရှိခြင်းက အားသာချက်တစ်ခု ဖြစ်စေသည်။

ကျန့်ယွီရှန်း၏ အခြေခံ လျှို့ဝှက်ပညာရပ်မှာ ဆင်ဝါးမျိူပညာ ဖြစ်သည်။

၎င်းသည် ကိုယ်ခံပညာ လေ့ကျင့်ရန်အတွက် အခြေခံနည်းစနစ်တစ်ခု ဖြစ်သည်။

ကျန့်ယွီရှန်းက ဆက်လက်၍ “မျိုးနွယ်စုကြီးတွေက စစ်သည်တော်တွေဟာ ဆင်၀ါးမျိုစနစ်ကို ပျက်စီးခြင်းသားရဲတို့၏အသားနဲ့ လေ့ကျင့်ကြတယ်။တိမ်တိုက်ရိုင်းနယ်‌မြေမှာတော့ မင်းတို့ရဲ့ ရိက္ခာတွေ မလုံလောက်လို့ ဗိုက်တောင် ပြည့်အောင် မစားနိုင်ရဘူးမလား၊ဒါပေမယ့် ဆင်၀ါးမြိုပညာကို လေ့ကျင့်တာကတော့ အသုံးဝင်နေတုန်းပဲ”

“အစာအိမ် သန်မာရင် မင်းစားသမျှ အာဟာရတွေကို စုပ်ယူနိုင်မယ်”

“သာမန်လူတွေက ၎င်းတို့စားတဲ့ ကောက်ပဲသီးနှံ မျိုးကို အစာချေဖျက်တဲ့အခါ အဆီအနှစ် အများကြီး ဆုံးရှုံးတတ်တယ်။ အများစုက မစင်အဖြစ် စွန့်ထုတ်ခံရတာပဲ။”

“လူရဲ့မစင်ကို ခွေးတွေတောင် စားကြသည်။ သန်ကောင်တွေက မစင်ထဲမှာ ကြီးထွားကြပြီး ကျွဲချေးပိုးကောင်က မစင်ကို ဘောလုံးတွေအဖြစ် လှိမ့်ပြီး သူတို့ရဲ့ သားပေါက်ခန်းတွေအဖြစ် လုပ်ကြသည်။ အဲဒီထဲမှာ လုံးဝမစုပ်ယူရသေးတဲ့ အာဟာရတွေ အများကြီးပါသေးသည်”

“ကောက်ပဲသီးနှံမျိုးတောင် လုံးဝမစုပ်ယူနိုင်သေးရင် တန်ဖိုးရှိတဲ့ အစားအစာတွေစားဖို့ မတွေးနဲ့တော့”

“အစာအိမ်ကောင်းကောင်းမရှိရင် တန်ဖိုးရှိတဲ့ အစားအစာတွေကိုတောင် အစာချေဖျက်နိုင်မှာ မဟုတ်ဘူး”

“ဆင်၀ါးမျိုစနစ်ကို သင်ယူပြီးတဲ့နောက် မင်းစားသမျှ အားလုံးရဲ့ အာဟာရကို လုံးဝစုပ်ယူနိုင်လိမ့်မယ် အငတ်ဘေးကြုံလာရင် သစ်ပင်အခေါက် ဒါမှမဟုတ် မြေဖြူကျောက် (ကေအိုလင်/တရုတ်မြေစေး) တွေကို စားပြီး အသက်ရှင်ရပ်တည်ဖို့ လုံလောက်တဲ့ အာဟာရကို ရနိုင်လိမ့်မယ်”

“ဒီနေ့ကစပြီး မင်းတို့ရဲ့ အစားအစာတွေဟာ သစ်မြစ်၊ သစ်ခေါက်နဲ့ မြေဖြူကျောက်တွေ ပါဝင်မယ်။ စားပြီးသွားရင် ငါ့နည်းလမ်းအတိုင်း ဆင်၀ါးမြိုပညာကို လေ့ကျင့်ပြီး ဒီအစာချေဖျက်ဖို့ ခက်ခဲတဲ့ အစားအစာတွေကို အာဟာရအဖြစ် ပြောင်းလဲဖို့ မင်းတို့အစာအိမ်ကို အစပျိုး‌လေ့ကျင့်ပေးရမယ်”

ကျန့်ယွီရှန်း၏ စကားများကို ကြားရသောအခါ စစ်သည်တော် အသင့်ပြင်အဖွဲ့မှ အဖွဲ့ဝင်များမှာ စကားမပြောနိုင်တော့ပေ။

”ငါတို့ ဒီဟာ‌တွေကို စားရမှာလား”

စစ်သည်တို့သည် သုံးရက်တာမျှ သစ်သားနှင့် မြေဖြူကျောက်ကိုသာ စားရမည်

၎င်းတို့သည် ကျန့်ယွီရှန်းက ကြမ်းတမ်းသောသားရဲများကို အမဲလိုက်၍ ရရှိသော အသားများကို စားသောက်ရလိမ့်မည်ဟု အစက ထင်ခဲ့ကြသည်။

သို့သော် လက်တွေ့ဘဝမှာ ကြမ်းတမ်းလှသည်။ ကြမ်းတမ်းသောသားရဲအသားအပြင် ဆန်ပြုတ်ပင် စားခွင့်မရတော့ပေ။

စစ်သည်တော် အသင့်ပြင်အဖွဲ့ဝင်များ၏ မျက်နှာများမှာ မအီမသာဖြစ်နေကြသည်။ မည်သူမျှ သစ်ပင်ကို စားလိုစိတ်မရှိပေ။

၎င်းတို့သည် အနည်းဆုံးတော့ လုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်း လေ့ကျင့်သင့်သည်။

၎င်းတို့တစ်ဦးကိုတစ်ဦး ကြည့်နေစဉ် ယီယွင်က လူအုပ်ထဲမှ ထွက်လာသည်။ သူသည် တာဝရီပင်ကြီးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သစ်ကိုင်းတစ်ခုကို ချိုးကာ အရွက်များပါမကျန် မျိုချလိုက်သည်။

သိုင်းပညာ လေ့ကျင့်ခြင်းသည် ပျော်ရွှင်မှုအတွက် မဟုတ်ပေ။ ၎င်းသည် ဒုက္ခ၊ စိတ်ပျက်အားငယ်မှုနှင့် အသက်ကို စွန့်စားရခြင်း လိုအပ်သည်။

သိုင်းပညာရှင်သာမက ယီယွင်တို့ ကမ္ဘာမြေပေါ်တွင် ကာယဗလ၊ အက သို့မဟုတ် ဂျူဒို လေ့ကျင့်သော ကလေးများသည် ခက်ခဲသော လေ့ကျင့်မှုများကို ခံယူခဲ့ရသည်ကို သိသည်။ ဥပမာအားဖြင့်၊ ဆရာတစ်ဦးက အကြောသန်မာအောင် ဖိအားပေးရန် ကလေးတစ်ဦး၏ နောက်ကျော‌ပေါ်တွင် ဒူးထောက်ထိုင်ချကြသည်။ ထိုကဲ့သို့သော နာကျင်မှုကို လူကြီးပင် ခံနိုင်ရည်မရှိပေ။

ဤထူးဆန်းသော ကမ္ဘာတွင်၊ ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူတစ်ဦး၏ နောက်ကွယ်တွင် ဖော်ပြ၍မရသော ကြိုးစားအားထုတ်မှုများ ရှိမည်ဖြစ်သည်။ သစ်သားအချို့ သို့မဟုတ် မြေဖြူကျောက်အချို့ စားခြင်းသည် ဘာမှမဟုတ်ပေ။

All Chapters