ဆယ့်နှစ်ကွက်
Vol. 3 Ch. 37
ယီယွင်က သူ့ညွှန်ကြားချက်ကို ပထမဆုံး လိုက်နာတာကို မြင်တော့ ကျန့်ယွီရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
တခြားသူတွေကတော့ ထိုသို့ မတွေးကြပေ၊ကျောက်ထိုင်ကျူက ယီယွင် သစ်ပင်စားနေတာကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။ သစ်သားစားရသည်မှာ မလွယ်ပေ။
“မင်းက သူရဲကောင်းဖြစ်ဖို့ ကြိုးစားနေပေမယ့် နောက်မှ မင်းဘယ်လို ဗိုက်ကွဲပြီး သေမလဲဆိုတာ ငါ မြင်ယောင်မိတယ်”
လူတွေက ငတ်မွတ်ခေါင်းပါးတာနဲ့ ကြုံရတဲ့အခါ မြက်တွေနဲ့ သစ်ခေါက်တွေကို စားကြသည်။ သို့သော် ဘယ်သူမှ သစ်သား၊ အထူးသဖြင့် မာကျောလှသော သစ်မာကို စားဖို့ မကြိုးစားဖူးပေ။
ပိုးဟပ်တွေနဲ့ ပိုးကောင်တွေကလွဲရင် ကမ္ဘာပေါ်မှာ သစ်သားစားတဲ့ တိရစ္ဆာန်မှာ အနည်းစုသာ ရှိသည်။ သစ်သားထဲက သစ်သားမျှင်တွေဟာ အစာအိမ်က ချေဖျက်နိုင်တဲ့ အရာ မဟုတ်ပေ။
"သွား ဂွမ်ယင် မြေစေးတချို့ တူးခဲ့" ကျန့်ယွီရှန်းက အမိန့်ပေးလိုက်သည်။ ဂွမ်ယင် မြေစေးက တကယ်တော့ မဂ္ဂနီဆီယမ် ဆီလီကိတ် ဖြစ်သည်။ ဘာလို့ ဂွမ်ယင် မြေစေးလို့ ခေါ်လဲဆိုတာ ဘယ်သူမှ မသိကြပေ။ ဖြစ်နိုင်တာက ငတ်မွတ်ခေါင်းပါးတဲ့ ကာလတွေမှာ လူတွေက ဂွမ်ယင်နတ်သမီးဆီ အကူအညီ တောင်းကြလို့ ဖြစ်နိုင်သည်။ထိုမြေစေးက ဗိုက်ကို ပြည့်စေနိုင်တာကြောင့် ဒီလိုနာမည် ရခဲ့တာ ဖြစ်နိုင်သည်။
သို့သော် တကယ်တမ်းကျတော့ ဂွမ်ယင် မြေစေးမှာ အဆိပ် ဖြစ်သည်။အနည်းငယ်စားရုံဖြင့် အန္တရာယ် မရှိနိုင်သော်လည်း အများကြီးစားမိပါက အစာမကြေ ဖြစ်စေနိုင်သည်။ ထိုမြေစေးများကို ပြန်အန်ထုတ်ဖို့ မဖြစ်နိုင်ဘဲ လူတစ်ယောက်ဟာ နောက်ဆုံးမှာ ဝမ်းဖောပြီး သေဆုံးသွားမည် ဖြစ်သည်။
ကံအားလျော်စွာ လျှိုင်မျိုးနွယ်စုမှာ ထိုမြေစေး ရှိသည်။ ဘာလို့ ဂွမ်ယင် မြေစေးက သေစေနိုင်တာ သိပေမယ့် လူတွေက ဘာလို့ စားကြတာလဲလို့ တချို့က မေးနိုင်သည်။
ဒါက ဒေသခံလူတွေရဲ့ အသိပညာ နည်းပါးမှုကြောင့် ဖြစ်သည်။ သူတို့က ရိုးသားတဲ့ နှလုံးသားရှိရင် ဂွမ်ယင်နတ်သမီးဆီက ကယ်တင်ခြင်း ခံရမယ်လို့ ယုံကြည်ကြချြင်းကြောင့်ဖြစ်သည်။
ဒုတိယအကြောင်းရင်းကတော့ ဂွမ်ယင် မြေစေးရဲ့ အရသာဟာ သစ်ခေါက်နဲ့ မြက်ပင်တွေထက် အများကြီး ပိုကောင်းတာကြောင့်ဖြစ်သည်။ သူ့ရဲ့ ပုံစံနဲ့ အရသာက ဂျုံမှုန့်နဲ့ ဆင်တူသည်။ အလွန်အမင်း ဆာလောင်မှုအောက်မှာ မြေစေး၏သွေးဆောင်မှုကို မခံနိုင်တဲ့ တချို့လူတွေဟာ အလွန်အမင်းစားမိတာကြောင့် သေဆုံးသွားတတ်ကြသည်။
ဂွမ်ယင် မြေစေးကို တူးဖော်ပြီး တစ်ပုံတည်း စုပုံထားလိုက်သည်။
ထိုဂွမ်ယင် မြေစေးကို မျိူးနွယ်စုဝင်များ တူးလာကြသည်။ လျှိုင်မျိုးနွယ်စုရဲ့ မျိူးနွယ်စုဝင်တွေဟာ လာရောက်ကြည့်ရှုသူများ ဖြစ်လာကြသည်။
စစ်သည်လေ့ကျင့်ရေးစခန်းက လူတွေ ဂွမ်ယင် မြေစေးကို စားတော့မည်ကို မြင်ကြတော့ ကြည့်ရှုသူများမှာ စိုးရိမ်လာကြသည်။ ဂွမ်ယင် မြေစေး နည်းနည်းစားတာ အဆင်ပြေပေမယ့် အဲဒီအများကြီး စားရင်တော့ ရလဒ်တွေက ဆိုးရွားလိမ့်မယ်။
"စစားတော့။" ကျန့်ယွီရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ယီယွင်က တုံ့ဆိုင်းမနေဘဲ ဂွမ်ယင် မြေစေးကို အများအပြား စားတော့သည်။မြေစေးမှာ ဘာအရသာမှ မရှိပေမယ့် အနည်းငယ် စေးထန်းသည်။
ဂွမ်ယင် မြေစေးက သစ်သားထက် အများကြီးမျိုချရလွယ်သည်။
ယီယွင်ရဲ့ လုပ်ရပ်ကို မြင်တော့ စစ်သည်လေ့ကျင့်ရေးစခန်းက လူများလဲ တုံဆိုင်းမနေတော့ပဲ အံကြိတ်ကာ စားကြရသည်။
ကျန့်ယွီရှန်းက သူတို့ကို ထိခိုက်အောင်လုပ်လိမ့်မည် မဟုတ်ဟု ယုံကြည်ကြသည်။ အဲဒါကို စားရတာ ဆိုးပေမယ့် ကျင့်စဉ်အတွက်ဆိုတော့ သူတို့ ခံနိုင်ရည်ရှိရမည်။
သို့သော် အဲဒီအတွေး သူတို့ခေါင်းထဲ ဝင်နေတုန်းမှာပဲ ကျန့်ယွီရှန်းက ထိုအတွေးကို ဖျက်ဆီးပစ်လိုက်သည်။ "ဆင်ဝါးမျို နည်းစနစ်က အဲဒီလောက် လွယ်လွယ်ကူကူ သင်ယူလို့ မရဘူး၊ ဆင်ဝါးမျို နည်းစနစ်ကို လေ့ကျင့်ဖို့အတွက် ဂွမ်ယင် မြေစေးစားတဲ့ တချို့လူတွေဟာ ဝမ်းဖောပြီး သေမှာဖြစ်တာကြာင့် သင်လို့မရနိုင်တဲ့ လူတွေလဲရှိမယ်။"
"ဘာ" ကျန့်ယွီရှန်းရဲ့ စကားကို ကြားတော့ သူတို့ စုစည်းထားတဲ့ သတ္တိများမှာ ခဏအတွင်း ပျက်စီးသွားသည်။
ဆင်ဝါးမျို နည်းစနစ်ကို မကျွမ်းကျင်နိုင်ရင် ဒီသစ်သားတွေနဲ့ ဂွမ်ယင် မြေစေးတွေ အကုန်စားမိရင် သေမှာပဲ
ထိုစနစ်ကို သင်ယူတာက သေခြင်းကို ဖြစ်စေမှာပဲ။ သူတို့က ဆင်းရဲဒုက္ခ ခံစားရမယ်လို့ ထင်ခဲ့ပေမယ့် အသက်အန္တရာယ် မရှိဘူးလို့ ထင်ခဲ့ကြသည်။ သို့သော် အမှန်တရားက သူတို့ မှားယွင်းစွာ တွေးခဲ့သည်ဆိုတာ သက်သေပြခဲ့ပြီ
ကျောက်ထိုင်ကျူနဲ့ အပေါင်းပါတို့ရဲ့ မျက်နှာအမူအရာတွေကို မြင်တော့ ကျန့်ယွီရှန်း မထီမဲ့မြင် ကြည့်လိုက်သည်။ "သိုင်းပညာ လေ့ကျင့်တာက မင်းတို့ကို ညစာကျွေးပြီး ပျော်ပျော်ပါးပါးထားမယ်လို့ ထင်နေလား။ အဲဒါကနေ မင်းတို့ ထူးချွန်တဲ့ စွမ်းရည်တစ်ခု သင်ယူနိုင်မယ်လို့လား။"
"စစ်သည်တစ်ဦးက အတတ်ပညာတွေကို လေ့ကျင့်တဲ့အခါ သူ အမြဲတမ်း သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်ဆိုတာ နားလည်ရမယ် ကျင်းလုံဝေ့ အဖွဲ့ဝင်တွေရဲ့ ပုံမှန် လေ့ကျင့်မှုတွေမှာတောင် မကြာခဏ သေဆုံးမှုတွေ ရှိနေသေးတာ၊ကိုယ့်ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို အဆုံးအထိ မတွန်းပို့ဘဲ ဘယ်လို တိုးတက်ဖို့ မျှော်လင့်မှာလဲ"
"သိုင်းပညာ လမ်းကြောင်း၊ နက်နဲဆန်းကြယ်တဲ့ ဒေသတွေကို ဝင်ရောက်တာ၊ ရန်ငြိုးရန်စတွေ၊ ရတနာတွေအတွက် ယှဉ်ပြိုင်တာ၊ ကိုယ့်အတွင်းက မကောင်းဆိုးဝါးကို ဖျက်ဆီးတာ၊ သေမင်းဆီကနေ လွတ်မြောက်တာ၊ ကြေကွဲစရာတွေနဲ့ ရှင်သန်တာ အဲဒီထဲက ဘယ်ဟာက သေဆုံးမှုမပါလို့လဲ မင်းတို့က အစပိုင်း အဆင့်မှာပဲ ရှိသေးသည်။ ဂွမ်ယင် မြေစေးစားဖို့ မရဲဘူးဆိုရင် သိုင်းပညာ မလေ့ကျင့်နဲ့တော့။ ဒီကျယ်ပြန့်တဲ့ တောကန္တာရထဲမှာပဲ သေလိုက်ကြ"
ကျန့်ယွီရှန်းက ထိုလူတွေဆီက ဘာမှ ထပ်မတောင်းဆိုတော့ပေ။ ဆင်ဝါးမျိုနည်းစနစ်ရဲ့ အစပြုသူတစ်ဦး ဂွမ်ယင် မြေစေး ဒါမှမဟုတ် သစ်သား ဘယ်လောက်စားရမယ်ဆိုတာလည်း သူ မပြောတော့ပေ။
လူတစ်ဦးရဲ့ သတ္တိပေါ် မူတည်ပြီး ဘယ်လောက်စားရမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်သည်။
စစ်သည်လေ့ကျင့်ရေးစခန်း အဖွဲ့ဝင်တွေ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ မသိလိုက်ဘဲ စားတဲ့အရှိန် နှေးသွားကြသည်။
ယီယွင်ကတော့ ခဏရပ်လိုက်သည်။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူက ပုံမှန်အရှိန်နဲ့ စားတော့သည်။ ထိုစကားတွေက ယီယွင်စိတ်ကို မထိခိုက်ပေ။
ကျန့်ယွီရှန်းက ယီယွင်ကို သတိထားမိပြီး ခေါင်းညိတ်လိုက်သည်။ ဒီသတ္တိက ချီးကျူးစရာပဲ။
ကျောက်ထိုင်ကျူနဲ့ အပေါင်းအပါတို့ကတော့ ယီယွင် သစ်သားနဲ့ ဂွမ်ယင် မြေစေးကို မရပ်မနား စားနေတာကို သတိထားမိကြသည်။
ကျောက်ထိုင်ကျူက မကောင်းဆိုးဝါးဆန်ဆန် တီးတိုးပြောလိုက်သည်။ "အဲဒီ ကောင်စုတ်လေး၊ အခုတော့ ကြွားလုံးထုတ်နေနိုင်ပေမယ့် နောက်မှ ဗိုက်ကွဲပြီး သေမှာ"
"အဲဒီကောင် ရူးတာကို ဂရုမစိုက်ပါနဲ့၊ ကျောက်ညီအစ်ကို။ ကျွန်တော်တို့က အစပြုသူတွေပဲ။ အရမ်းမစားပါနဲ့။ ပေါင်ဝက်မဟုတ်တောင်... လေးငါးအောင်စလောက်ဆို ရပြီ..." စစ်သည်လေ့ကျင့်ရေးစခန်းက
စစ်သည်လေ့ကျင့်ရေးစခန်းက လူတွေက သူတို့စားတဲ့ ပမာဏကို သတိထားပြီး အလေးချိန် စတင် တွက်ချက်ကြသည်။ သူတို့က ကိတ်မုန့်ကို မကုန်ချင်တဲ့ ကလေးတစ်ယောက်လို ခြိုးခြံချွေတာစွာ စားကြသည်။
"ကျောက်ညီအစ်ကို၊ ကိုယ့်ခြေထောက်ကို နာအောင် မကိုက်ပါနဲ့။ တစ်ဆင့်ချင်းစီ လုပ်ကြစို့။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် လုပ်ကြမယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခံပညာ ပါရမီကို ကျန့်သခင်ကြ မြင်အောင် လုပ်ကြစို့။ ကလေးလေးတစ်ယောက်နဲ့ ဘယ်လိုလုပ် မယှဉ်နိုင်ရမှာလဲ"
စစ်သည်လေ့ကျင့်ရေးစခန်းက လူတွေ ဒေါသကို မျိုသိပ်ထားကြသည်။
ကျန့်ယွီရှန်းက သူတို့ကို အထင်သေးခဲ့ပြီး သူ့စကားတွေက သူတို့ကို
လူဖြည့်ဖို့အတွက်ပဲ ရွေးချယ်ခဲ့သည်လို့ အဓိပ္ပာယ်သက်ရောက်သည်။
သူတို့က အဲဒါကို လက်ခံခဲ့ပေမယ့် ယီယွင်လို နာတာရှည် ရောဂါသည် ကလေးတစ်ယောက်ကို ကျန့်ယွီရှန်းက အလွန်အမင်း ချီးကျူးတာကို သူတို့ မကျေနပ်ကြပေ။
ကျန့်ယွီရှန်းနဲ့ သိုင်းပညာ လေ့ကျင့်နေရင်း ကျောက်အလေးတုံး တွေ မပြပြီး သူတို့ရဲ့ အားသာချက်ကိုထုတ်ပြရမယ်၊ဒါမှ ယီယွင်လို ကောင်မလုပ်လုပ်နိုင်တာလုပ်နိုင်တယ်ဆိုပြီး တွန်းချနိုင်မည်ဟု တွေးထင်ကြသည်။
သို့သော် သူတို့ ကျင်ကြံခြင်းအတွက် သစ်ပင်စားဖို့ လိုအပ်မယ်လို့ သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ
“ဒါက မိုးကြိုးပစ်သလိုပဲ”
"သစ်သားနဲ့ ဂွမ်ယင် မြေစေးစားတာပဲ။ ဘာကို ကြောက်စရာ ရှိလဲ ညီအကိုတို့၊ စားကြ ငါတို့ ယီယွင်ကို ကျော်ဖြတ်ရမယ်။ ဒီကောင်က ဆော့ဖို့ပဲ ဒီကိုလာတာကိုး။"
ကျောက်ထိုင်ကျူက တွေးရင်း ပိုပြီး စိတ်ဆိုးလာသည်။ တခြားလူတွေက မစားရဲပေဆိုရင် သူက တမင်တကာ ပိုစားပေမယ့်။ သူ ဆင်ဝါးမျို နည်းစနစ်ကို သင်ယူနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေသည်။
ဒီအချိန်မှာ ယီယွင်က ဂွမ်ယင် မြေစေး တစ်ကီလိုဂရမ်လောက်ကို ပေါ့ပေါ့ပါးပါး စားပြီးသွားပြီဖြစ်သည်။ ဂွမ်ယင် မြေစေးက ယီယွင်ဗိုက်ထဲမှာ စပြီး ပွလာပြီ။ ခဲလုံးကြီးတစ်တုံး သူ့ဗိုက်ထဲ ထိုးထည့်လိုက်သလို ခံစားရပြီး အောက်ကို ကျနေသလို ဖြစ်နေသည်။
ယီယွင်ရဲ့ ဗိုက် စပြီး နာလာသည်။
ဒီလို နာကျင်မှုက အစပိုင်းမှာ သိပ်မသိသာပေ။ သို့သော် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပြီး လူတွေကို ထိုနာကျင်မှုကြောင့် သေတဲ့အထိ ဖြစ်စေနိုင်သည်။
ရုတ်တရက် ယီယွင်က အသံတစ်ခု ကြားလိုက်သည်။ "ငါ့နောက်လိုက်၊ ဒီဆယ့်နှစ်ကွက်ကို လုပ်ပါ။"
ယီယွင် ခေါင်းမော့ကြည့်လိုက်တော့ ကျန့်ယွီရှန်းက လူတိုင်းရဲ့ ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ ကျန့်ယွီရှန်းရဲ့ မျက်လုံးတွေက သူ့ပေါ်မှာ ရှိနေပြီး အားပေးတဲ့ အပြုံးနဲ့ ဖြစ်သည်။
ထိုနောက် ကျန့်ယွီရှန်း စတင် လှုပ်ရှားတော့သည်။
ကျန့်ယွီရှန်းရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြဖို့ ခက်ခဲသည်။ သူ့လှုပ်ရှားမှုတွေက ဝေဝါးနေသည်။ သူက အခြား အချိန်-နေရာ ဒေသတစ်ခုမှာ ရပ်နေသလို ဖြစ်ပြီး ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်တောက်ထားသလို ဖြစ်နေသည်။
သူက လှုပ်ရှားမှု တစ်ခုချင်းစီကို သရုပ်ပြသည်။ လှုပ်ရှားမှု တစ်ခုချင်းစီက အလွန် ထူးဆန်းသည်။ သို့သော် လုပ်ဆောင်ချက်တွေ ဆက်စပ်လိုက်တဲ့အခါ တသမတ်တည်း သဘာဝကျတဲ့ ခံစားချက်ကို ပေးသည်။
ကျန့်ယွီရှန်းရဲ့ အရှိန်က ကွဲပြားသည်။ ဖော်ပြရခက်တဲ့ ဆွဲဆောင်မှုတစ်ခု ပါဝင်သည်။
ဒီလုပ်ဆောင်ချက်တွေက လူတွေရဲ့ မျက်လုံးထဲမှာ ပေါ်လာပေမယ့် မရှိတဲ့ အရိပ်တစ်ခုကို မြင်ရသလို ဖြစ်နေသည်။ အလိမ်အညာတစ်ခုလို ဖြစ်နေသည်။
အိပ်မက်ဆန်ဆန်...
ယီယွင် ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။ ကျန့်ယွီရှန်းရဲ့ လှုပ်ရှားမှုတွေကို မြင်ရတာ အိပ်မက်တစ်ခုလို ခံစားရသည်။
အိပ်မက်ထဲမှာ မြင်ရတဲ့ အရာတွေ၊ ပြောတဲ့ စကားတွေ အကုန်လုံးက ရှင်းလင်းလှသည်။
အိပ်မက်တွေထဲမှာ အလွန်အမင်း တီထွင်ဖန်တီးနိုင်ပြီး လှပတဲ့ ကဗျာတွေ ဖန်တီးနိုင်သည်။
လူတစ်ယောက်ဟာ အိပ်မက်ထဲမှာ သူ့ရဲ့ စာပေပါရမီက ထူးချွန်တယ်လို့ ခံစားရနိုင်ပေမယ့် ရေးထားတဲ့အရာ ဒါမှမဟုတ် ပြောထားတဲ့အရာတွေကို ဘယ်တော့မှ မှတ်မိနိုင်မှာ မဟုတ်ပေ။
နိုးလာတဲ့အခါ အရာအားလုံး မေ့သွားလိမ့်မည်။
ကျန့်ယွီရှန်းရဲ့ လှုပ်ရှားမှုတွေကို မြင်တော့ ယီယွင်မှာ ဒီလို ထူးဆန်းတဲ့ အကြံဉာဏ် ပေါ်လာသည်။
"ဆင်ဝါးမျို နည်းစနစ်" က အခြေခံကျတဲ့ ကျွမ်းကျင်မှုတစ်ခုပဲလား ဘာလို့
"နဂါးနံရိုး ကျားအရိုး လက်သီး" ထက် အများကြီး ပိုကောင်းတယ်လို့ ငါထင်ရတာလဲ
ယီယွင် မယုံနိုင်ခဲ့ပေ။
ထိုအချိန်တွင် ကျန့်ယွီရှန်း၏ လှုပ်ရှားမှုမှာပြီးဆုံးသွားပြီ။ လှုပ်ရှားမှု အများစုကို သူ မှတ်မိနိုင်ခြင်း မရှိသော်လည်း ကျန့်ယွီရှန်းက လှုပ်ရှားမှု အစုံအလင်ကို သုံးကြိမ်တိုင်တိုင် လုပ်ခဲ့သည်ကိုသာ ယီယွင် မှတ်မိသည်။
"ကောင်းပြီ၊ ဒါတွေက ဆင်ဝါးမျိူ နည်းစနစ်ရဲ့ ဆယ့်နှစ်ကွက်ပဲ။ အဲဒါအတိုင်း လုပ်ပါ။ မင်းလုပ်နိုင်ရင် ဆင်ဝါးမျိူ နည်းစနစ်နဲ့ အနည်းငယ် တိုးတက်မှု ရလိမ့်မယ်။ အဲဒီဂွမ်ယင် မြေစေး နည်းနည်းကို ချေဖျက်ဖို့ မခက်ခဲတော့ပေ။"
ဘာ...ဘာ
ကျန့်ယွီရှန်းရဲ့ စကားကို ကြားတော့ ကျောက်ထိုင်ကျူနဲ့ အပေါင်းအပါတို့ မျက်လုံးပြူးပြီး ကြည့်လိုက်ကြသည်။
“ခုနက ဘာလုပ်လိုက်တာလဲ”
သူတို့က ဝေဝါးနေတာပဲ မြင်လိုက်ရသည်။ ကျန်းယွီရှန်ရဲ့ ခန္ဓာကိုယ် တုန်ခါသွားပြီး နောက်မှာ ပုံရိပ်ယောင်တွေ ကျန်ခဲ့ကာ သူ အဲဒီမှာ ပြန်ရပ်နေပြီ။
တချို့က သူတို့ ခေါင်းမူးနေလို့ နှစ်ထပ်မြင်နေတာလားလို့ တွေးနေကြသည်။
သူတို့က အခြေအနေကို နားမလည်ကြပေ။ ကျန့်ယွီရှန်းရဲ့ လှုပ်ရှားမှုတွေကို လိုက်လုပ်ဖို့ မဖြစ်နိုင်ပေ
"ဘာဖြစ်လို့လဲ" စစ်သည်လေ့ကျင့်ရေးစခန်း အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကျနေတဲ့ မျက်နှာအမူအရာတွေကို မြင်တော့ ကျန့်ယွီရှန်းက မေးလိုက်သည်။
"မေး...မေးခွန်း..." ကျောက်ထိုင်ကျူက တံတွေးမျိုချပြီး သူ့မေးခွန်းကို အခက်အခဲနဲ့ ပြောလိုက်သည်။
"အကယ်...အကယ်၍ ကျွန်တော်တို့ သ...သခင်ကျန့်ရဲ့ လှုပ်ရှားမှုတွေကို မသင်ယူနိုင်ပေဆိုရင်...ကျွန်တော်တို့ ခုနက စားခဲ့တဲ့ ဂွမ်ယင် မြေစေးနဲ့ သစ်သားတွေ ဘယ်...ဘယ်လို ဖြစ်သွားမလဲ"
ကျောက်ထိုင်ကျူ စိတ်ဓာတ်ကျကာ စိတ်အရမ်း ရှုပ်ထွေးနေသည်။ လှုပ်ရှားမှုတွေကိုတောင် သူ နားမလည်နိုင်ပေ။ သုံးရက်အတွင်း သူ သင်ယူဖို့ မဖြစ်နိုင်ပေ
"ဪ" ကျန့်ယွီရှန်း မျက်မှောင်ကြုတ်လိုက်သည်။ ကျောက်ထိုင်ကျူရဲ့ ရူးကြောင်ကြောင် မေးခွန်းကို သူ အရေးမစိုက်နိုင်တော့ဘဲ ပြောလိုက်သည်။ "မင်းတို့ အိမ်သာသွားတဲ့အခါ လက်ချောင်း ဒါမှမဟုတ် ချွန်တဲ့အရာတစ်ခုနဲ့ ကော်ထုတ်မှ အသက်ရှင်ကောင်း ရှင်နိုင်မယ်။ဘာရေမှ မသောက်မိဖို့လဲ သတိထားဦး"
ကျန့်ယွီရှန်း စကားဆုံးတာကို ကြားတော့ ကျောက်ထိုင်ကျူနဲ့ အပေါင်းအပါတို့ဟာ အူထဲမှာ ရက်အတော်ကြာ အချဉ်ဖောက်ထားတဲ့ မစင်တစ်ကီလိုဂရမ် စားမိသလို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုမျက်နှာအမူအရာက ဖော်ပြလို့ မရနိုင်အောင် ဖြစ်နေသည်။