ဘဝမှာ လူတစ်ယောက်ရဲ့ အနာကျင်ဆုံး အတွေ့အကြုံ
Vol. 3 Ch. 39
ယီယွင်သည် ဆင်ဝါးမျိုစနစ်၏ လှုပ်ရှားမှု ဆယ့်နှစ်မျိူးကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့သည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ အားအင်များစီဆင်းနေသည်ဟု ခံစားနေရသည်။ ယီယွင်သည် တစ်ဝက်တစ်ပျက် သတိလစ်နေသော အခြေအနေတွင် လှုပ်ရှားမှုများကို ငါးကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်ပြီးမှ အလွန်ပင်ပန်းသည်ဟု ခံစားခဲ့ရသည်။
ယီယွင် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဝမ်းဗိုက်ထဲတွင် မီးလောင်သကဲ့သို့ ပူလောင်နေသည်ကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်၏ စွမ်းအင်များမှာ ဝမ်းဗိုက်သို့ စီးဆင်းသွားသည်။ သွေးနှင့် စွမ်းအင် အများအပြားကို ထောက်ပံ့ပေးနေသည်။
သာမန်လူတစ်ဦးသည် အစာစားပြီးနောက် သွေးများမှာ ၎င်းတို့၏ အစာအိမ်သို့ စီးဆင်းသွားတတ်သည်။ ၎င်းသည် အစာခြေခြင်းလုပ်ငန်းစဉ်ကို အထောက်အကူပြုရန်ဖြစ်သည်။
ယီယွင်သည် အလားတူ အခြေအနေမျိုးတွင် ရှိနေသော်လည်း အဆပေါင်းကြီးမားသည့် စွမ်းအင်စီးဆင်းမှုကိုခံစားနေရသည်။
ယီယွင်စိတ်ထဲတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများကို သူ့အစာအိမ်ထဲတွင် စုစည်းနေသည်ဟု ခံစားခဲ့ရသည်။ သတ္တုသံချောင်းများနှင့် ဖန်ခွက်များကိုပင် အစာခြေနိုင်သည် စွမ်းအင်မျိုးဖြစ်သည်။
ဂွမ်ယင်ရွှံ့စေးစားခြင်းကြောင့် ဗိုက်အတွင်းမှတင်းကြပ်ခြင်းများလဲ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ယီယွင်၏ အစာအိမ်အတွင်း၌ ပြင်းထန်သော အစာချေလှုပ်ရှားမှုကြောင့် ခဲနေသော ဂွမ်ယင်ရွှံ့စေးများ ပျော်ဝင်သွားပြီဖြစ်သည်။
ယီယွင် ခေါင်းမော့ကြည့်လိုက်ရာ လူတိုင်း သူ့ကို ကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။ ကျန့်ယွီရှန်း မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။ စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ လူများမှာမူ အံ့အားသင့်ခြင်း၊ မနာလိုခြင်းနှင့် ရန်လိုခြင်းတို့ဖြင့်သာ ခံစားချက်ကိုဖော်ပြနိုင်ကြသည်။
ဤအချိန်တွင် လျှိုင်ချမ်းယုသည် ယီယွင်ထံသို့ ပြုံးလျက် လျှောက်လာခဲ့သည်။
“ယီယွင်၊ ငါလက်ခံပါတယ်” လျှိုင်ချမ်းယု ထိုသို့ပြောသောအခါ ယီယွင် အံ့အားသင့်သွားသည်။
လျှိုင်ချမ်းယုက ယီယွင်၏ ပခုံးကို ပုတ်ကာ “ယီယွင်၊ ရိုးရိုးသားသားပြောရရင် မင်းက ကံကောင်းလို့ပဲ အကြိုရွေးချယ်မှုကို အောင်ခဲ့တာလားလို့ ငါသံသယဖြစ်နေခဲ့တာ၊ဒါပေမယ့် မင်းအခုပဲ သက်သေပြလိုက်ပြီ။ ငါမင်းကို တောင်းပန်ပါတယ်။ မင်းမှာ ဒီလို အရည်အချင်းရှိတာကို ငါမယုံနိုင်ဘူး”
လျှိုင်ချမ်းယုက ယီယွင်ကို များစွာ ချီးမွမ်းနေပေသည်။ “အရင်က မင်းကို ဆေးပင်ရှာခိုင်းတာ အရည်အချင်းဖြုန်းတီးရာ ရောက်တယ်။ အခုအချိန်ကစပြီး မင်းစစ်သည်တော်လေ့ကျင့်ရေးစခန်းထဲကို ဝင်နိုင်ပြီ။ လျှိုင်မျိုးနွယ်စုက မင်းကို ပြုစုပျိုးထောင်ပေးမယ်”
“စိတ်မကောင်းစရာက တိုင်းပြည်ရဲ့ရွေးချယ်ပွဲက ရက်အနည်းငယ်ပဲ လိုတော့တယ်။ မင်းရဲ့အရည်အချင်းကို သိဖို့ ငါအချိန်ဖြုန်းတီးခဲ့မိလို့ ငါ့ကိုပဲငါပဲ အပြစ်တင်ရမယ်။ အချိန်သိပ် မကျန်တော့တာမို့ သိုင်းပညာလေ့ကျင့်ဖို့ဆိုရင် တိုင်းပြည်ရဲ့ရွေးချယ်ပွဲကို အောင်ဖို့ မဖြစ်နိုင်တော့ဘူး...”
“ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မင်းရဲ့ ဒီအစ်ကိုမိုက်က တိုင်းပြည်ရဲ့သူရဲကောင်းဖြစ်လာရင် မင်းကို ငါသေချာပေါက် ကူညီမယ်။ မင်းဒီကျယ်ပြောတဲ့ တောကြီးထဲကနေ ထွက်သွားနိုင်အောင် ငါသေချာလုပ်ပေးမယ်။ အဲဒီအချိန်မှာ မင်းက ငါတို့လျှိုင်မျိုးနွယ်စုကို ထောက်ပံ့နိုင်မယ်၊ ဂုဏ်ကျက်သရေရှိစေမယ်၊ မြို့ကြီးတွေဆီကိုတောင် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနိုင်မှာပဲ”
လျှိုင်ချမ်းယုက ရိုးသားစွာ ပြောလိုက်သည်။ သူ၏မျက်လုံးများတွင် လိမ်ညာမှုမရှိသည့်ပုံစံပေ။
ယီယွင်သည် လျှိုင်ချမ်းယုအကြောင်းကို ကောင်းစွာမသိလျှင် လိမ်ညာခံရမည်ဖြစ်သည်။
လူတစ်ယောက်၏မျက်နှာမှ ထိုသူ၏စိတ်ကို တိုင်းတာရန် မဖြစ်နိုင်ပေ။ ရည်ရွယ်ချက်များကို ကောင်းစွာ ဖုံးကွယ်တတ်သူတစ်ဦးသည် သူတကယ်ဘာတွေးနေသည်ကို မျက်နှာအမူအရာဖြင်ရှာရန်မှာ မဖြစ်နိုင်ပေ။
လျှိုင်ချမ်းယုသည် ထိုသို့ပင် လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်။
ယီယွင်က သူသည် ကျန့်ယွီရှန်းရှေ့တွင် သရုပ်ဆောင်နေခြင်းဖြစ်သည်ကို နားလည်ခဲ့သည်။
ကျန့်ယွီရှန်း ထွက်သွားသည်နှင့် လျှိုင်ချမ်းယုသည် သူ၏ အစစ်အမှန်ပုံစံကို ဖော်ပြလာလိမ့်မည်။
လျှိုင်ချမ်းယုသည် သူ၏ တိုးတက်မှုကို မည်သို့သည်းခံနိုင်မည်နည်း။
ယီယွင်က ရယ်မောလိုက်ပြီး လျှိုင်ချမ်းယုအား “ကျေးဇူးတင်ပါတယ် သခင်လေးလျှိုင်၊ သခင်လေးကို ကျွန်တော် စိတ်မပျက်စေရပါဘူး” ဟု ပြောလိုက်သည်။
ယီယွင် လိမ်ညာခံရသည်ကို မြင်တော့ လျှိုင်ချမ်းယု ပြုံးလိုက်သည်။ ယီယွင်သည် ဒီဆယ့်နှစ်နှစ်အရွယ်ကလေး၏အရေခွံအောက်တွင် လျှိုင်ချမ်းယုထက် အတွေ့အကြုံကြွယ်ဝသော အရွယ်ရောက်ပြီးသူတစ်ဦး ရှိနေမည်ဟု ရိပ်စားမိမည်မဟုတ်ပေ။
လျှိုင်ချမ်းယုက အားပေးစကားအချို့ ဆက်ပြောပြီးနောက် ကျန့်ယွီရှန်းဘက်သို့ လှည့်ကာ “သခင်ကျန့် ကျွန်တော်က တုံးအတဲ့ကျောင်းသားပါ။ ကျွန်တော့်ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက ညီလေးယီယွင်လောက်မကောင်းဘူး။ ကျွန်တော် ဆင်ဝါးမျိူနည်းစနစ်နည်းကို မကျွမ်းကျင်သေးဘူး၊ သခင်ကျန့်က ကျွန်တော်တို့ကျောင်းသားတွေအတွက် နောက်တစ်ခါပြသပေးပါဦး” ဟု ပြောသည်။
နောင်တွင် မကျေနပ်ချက်များကို ဖြေရှင်းရန် ဆုံးဖြတ်ထားသဖြင့် လျှိုင်ချမ်းယုသည် မျက်နှာပေါ်တွင် နှိမ့်ချမှုကို ပြသခဲ့သည်။ သို့သော် ကျောက်ထိုင်ကျူနှင့် အဖွဲ့က ထိုစကားများကို ကြားရသောအခါ မကျေမနပ်ဖြင့်လာခဲ့သည်။
“သခင်လေးလျှိုင်...”
ကျောက်ထိုင်ကျူ စိုးရိမ်တကြီးဖြင့်၊စိတ်ထဲတွင်လည်း လျှိုင်ချမ်းယုက ယီယွင်ကို ဘာလို့ ဒီလိုတွေးထင်နေတာလဲ၊ ဒီစကားတွေ ဘယ်လိုများပြောနိုင်တာလဲ...
“ပါးစပ်ပိတ်ကြစမ်း။ မင်းတို့အားလုံး အသုံးမကျဘူး။ မျိုးနွယ်စုရဲ့ရိက္ခာတွေနဲ့ အသားတွေအားလုံး မင်းတို့ကို ပေးထားတာ၊ အဲဒါကို မင်းတို့က ဒီဆင်ဝါးမျိုစနစ်ကိုတောင် ဒီနေ့မသင်ယူနိုင်ဘူး။အရှက်ရစရာပဲ၊ မင်းတို့ ကောင်းကောင်းမလေ့ကျင့်ရင် ဂွမ်ယင်ရွှံ့စေးစားပြီး ဗိုက်ပေါက်သေချင်လို့လား”
လျှိုင်ချမ်းယုက “ဗိုက်ပေါက်သေခြင်း” ဟု ပြောလိုက်သည်နှင့် ကျောက်ထိုင်ကျူနှင့် အဖွဲ့က မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။ ကောင်းပြီ၊ ဒါက နောက်စရာမဟုတ်ဘူး၊ ကောင်းကောင်းမသင်ယူရင် ဆိုးကျိုးတွေခံစားရမှာပဲ”
ဆင်ဝါးမျိူနည်းစနစ်နည်း လေ့ကျင့်ခြင်း၏ ဆိုးကျိုးများ
လျှိုင်ချမ်းယု၏ ကိစ္စရပ်များကို သင့်လျော်စွာ ကိုင်တွယ်ပုံနှင့် သူ၏ စကားလုံးရွေးချယ်ပုံကို မြင်တွေ့ရသောအခါ ကျန့်ယွီရှန်းက ခေါင်းညိတ်လိုက်သည်။ လျှိုင်ချမ်းယုတွင် အရည်အချင်းရော၊ ခေါင်းဆောင်မှုအလားအလာပါ ရှိသည်။
ကျန်းယွီရှန့်က “ဒီဆင်ဝါးမျိူစနစ်အတွက် သစ်သားနဲ့ ဂွမ်ယင်ရွှံ့စေးစားတာက အစအဦးအဆင့်ပဲ။ အရည်အချင်းပြည့်မီရင် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းအင်တွေပါတဲ့ ပစ္စည်းတွေကိုတောင် စားကြည့်လို့ရတယ်၊ အလွန်တန်ဖိုးရှိတဲ့ အစားအစာတွေက မင်းတို့ရဲ့ လေ့ကျင့်မှုကို ပိုပြီးကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်” ဟု ပြောသည်။
ထိုစကားတွေက လျှိုင်ချမ်းယုနဲ့ ယီယွင်နှစ်ယောက်ကိုသာပြောခြင်းဖြစ်သည်။ ကျန့်ယွီရှန်းရဲ့အမြင်တွင် လျှိုင်ချမ်းယုနဲ့ ယီယွင်ပဲ တိမ်တိုက်ရိုင်းနယ်မြေထဲကနေ ထွက်ပြီး တကယ့်သူရဲကောင်းဖြစ်နိုင်တဲ့ အရည်အချင်းရှိသူများ ဖြစ်သည်။
ထိုနောက် ကျောက်ထိုင်ကျူနှင့်အဖွဲ့ဘက်သို့ လှည့်ကာ “မင်းတို့အတွက်ကတော့ တန်ဖိုးရှိတဲ့ အစားအစာတွေစားဖို့ အခွင့်အရေးရမှာ မဟုတ်ပေမယ့် ဆင်ဝါးမျိုစနစ်ကို ကျွမ်းကျင်ရင် ငတ်မွတ်ခေါင်းပါးတဲ့အချိန်မှာ မြက်ပင်တွေနဲ့ သစ်ခေါက်တွေကို ဘေးကင်းစွာ စားသုံးနိုင်လိမ့်မယ်။ ဒါက မင်းတို့အသက်ရှင်သန်ရေးအတွက် အလွန်အကျိုးရှိလိမ့်မယ်။အဲစနစ် တခုထဲ သင်ယူနိုင်ရင်တောင် မင်းတို့အတွက် အလွန်တန်ဖိုးရှိတယ်” ဟု ပြောသည်။
“ငါ ထပ်ပြီးပြသမယ်။ အရှိန်က အများကြီး လျော့ပြမှာနော်၊ သေချာကြည့်ထားကြ။ ဆင်ဝါးမျိုစနစ်ရဲ့ ဆွဲဆောင်မှုကို ခွဲခြားသိမြင်နိုင်မလားဆိုတာ မင်းတို့ကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ်”
ထို့နောက် ကျန့်ယွီရှန်းက ထပ်မံလှုပ်ရှားပြသည်။
သူတကယ်နှေးကွေးခဲ့သော်လည်း ကျောက်ထိုင်ကျူနှင့်အဖွဲ့မှာ နားမလည်နိုင်ပေ။
ထိုည၌ လျှိုင်မျိုးနွယ်စု၏ အိမ်သာများမှ အော်ဟစ်ငိုယိုသံများပင်ပြည့်နေသည်။
လူအချို့က ဘဝတွင် အနာကျင်ဆုံးအရာသည် ဝမ်းလျှောနေချိန်တွင် အိမ်သာရှာမတွေ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။၎င်းတို့သည် မတတ်နိုင်သည် အဆုံးတွင် ဘောင်းဘီထဲတွင် မစင်စွန့်ရမည်ဖြစ်သည်။
သို့သော် ကျောက်ထိုင်ကျူနှင့် အဖွဲ့အတွက်မူ ၎င်းတို့၏အဖြစ် မည်သို့ဖော်ပြရမှန်းမသိပေ။
ကျောက်ထိုင်ကျူ ခံစားနေရသည်ကို ခံစားဖူးသူများသာ သိနိုင်သော ဘောင်းဘီထဲတွင် မစင်စွန့်ခြင်းကဲ့သို ဆိုးရွားလှသော ခံစားချက်ဖြစ်ကြောင်း သိရှိကြလိမ့်မည်။
ထိုညတွင် လျှိုင်မျိုးနွယ်စုရှိ တစ်ဦးတည်းသော သမားတော်သည် ဝမ်းနုတ်ဆေး အိုးကြီးတစ်လုံးကို ပြုတ်နေသည်။ စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်တိုင်း သောက်ခဲ့သော်လည်း ၎င်းတို့ မစင်စွန့်ထုတ်ရန် မအောင်မြင်ခဲ့ပေ။
နောက်ဆုံးအပူတပြင်းအနေဖြင့် ၎င်းတို့သည် ကျန့်ယွီရှန်း၏ စကားများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့သည် လက်ချောင်းများဖြင့် ကုတ်ခဲ့ကြသည်။ လက်ချောင်းများ မရှည်ကြောင်း သိရှိသောအခါ ဝါးတုတ်များကို အသုံးပြုခဲ့ကြသည်။
ဝါးတုတ်များကို စအိုထဲသို့ ထည့်သွင်းခြင်း...ထိုခံစားချက်မှာ “ငရဲတမျှ” ပင်ဖြစ်သည်။တကယ်တော့ ဝါးတုတ်ကို အသုံးပြု၍ ထိုးထုတ်ရန် မလွယ်ကူပေ။ လူတစ်ဦးချင်းစီအတွက် အလွန်ခက်ခဲသော လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မမြင်နိုင်သော နေရာဖြစ်သောကြောင့် ဖြစ်သည်။
နောက်ဆုံးအပူတပြင်းအနေဖြင့် ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ကူညီရန်သာရှိ တော့သည်။ ၎င်းတို့သည် မိမိတို့၏ တင်ပါးများကို လှန်ကာ ညီအစ်ကိုတစ်ဦးကို ကူညီခိုင်းရမည်...
ထိုမြင်ကွင်းသည် အလွန်ပြည့်စုံလွန်း၍ ယီယွင် မစဉ်းစားချင်တော့ပေ။
ရဲဘော်တစ်ဦးအတွက် တင်ပါးကို လှန်တင်ထားခြင်းသည် ဘာမှမဟုတ်ပေ။ သို့သော် ရဲဘော်တစ်ဦးကို မစင်ထုတ်ရန် ကူညီခြင်းသည် မယုံကြည်နိုင်ဖွယ်အခြေနေဖြစ်သည်။
ကျယ်လောင်စွာ အော်ဟစ်သံများကို ကြားရုံဖြင့် ဖြစ်ပျက်နေသော အဖြစ်အပျက်ကို စိတ်ကူးကြည့်နိုင်သည်။အခန့်မသင့်ပါက ဝါးတုတ်များမှာ တစ်ခုခုကို ဖောက်ထွင်းသွားနိုင်သည်...
လေ့ကျင့်ရေး၏ နောက်ဆုံးရက်ဖြစ်မည့် ဒုတိယနေ့တွင် ကျောက်ထိုင်ကျူနှင့် အဖွဲ့၏ မျက်နှာများသည် ဖြူဖျော့သော အမူအရာဖြင့် ခြေလှမ်းများကို ဖြည်းဖြည်းချင်း လှမ်း၍ လျှောက်လာကြသည်။
၎င်းတို့သည် တစ်ညလုံး အိမ်သာသို့ အဆက်မပြတ်ပြေးနေရသဖြင့် အိပ်မပျော်ခဲ့ပေ။ ဝမ်းနုတ်ဆေးသောက်ပြီးနောက်၌ပင် အဝါရောင်အရည်များသာ ထွက်လာပြီး ဝါးတုတ်များမှာ...
နာမည်ကြီးသော ညှဉ်းပန်းနှိပ်စက်မှုများသည်ပင် ယင်းနှင့် နှိုင်းယှဉ်၍ မရပေ။
သို့သော် ကျေးဇူးတင်ရသည်မှာ ၎င်းတို့သည် ဂွမ်ယင်ရွှံ့စေးကို အလွန်အကျွံ မစားမိခဲ့ကြခြင်းပေ။ ဝမ်းနုတ်ဆေးများနှင့် ဝါးတုတ်များ၏အစွမ်းကြောင့် မည်သူမျှ မသေဆုံးခဲ့ပေ။
လေ့ကျင့်ရေး၏ ဒုတိယနေ့အတွက် ကျောက်ထိုင်ကျူနှင့် အဖွဲ့သည် ဂွမ်ယင်ရွှံ့စေးကို စားရန် ထပ်မံမရဲတော့ပေ။ ထိုသို့ဖြစ်သဖြင့် ကျန်းယွီရှန့်သည် ယီယွင်နှင့် လျှိုင်ချမ်းယုကိုသာ သင်ကြားပေးခဲ့သည်။
နောက်ဆုံးတွင် ကျန်းယွီရှန့်သည် လျှိုင်မျိုးနွယ်စုတွင် သုံးရက်အပြည့်နေရန် မဖြစ်တော့ပေ။
ဒုတိယညတွင် ကျန်းယွီရှန့်နှင့်အတူ ပါလာသော ကျောက်စိမ်းစာလိပ်တစ်ခု တုန်ခါကာ အသံထွက်လာခဲ့သည်။
ဤကျောက်စိမ်းစာလိပ်သည် ကျင်းလုံဝေ့ အသုံးပြုသော သတင်းပို့သော ကိရိယာဖြစ်သည်။
ကျောက်စိမ်းစာလိပ် တုန်ခါနေသည်ကို မြင်သောအခါ ကျန့်ယွီရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် မှတ်စုတစ်ခု ချန်ထားခဲ့ပြီးနောက် သူ၏ ကြီးမားသော သားရဲပေါ်သို့ တက်ကာ ညအမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။