← Chapters

ဆွဲဆောင်မှု

Vol. 3 Ch. 38

ဆွဲဆောင်မှု

Vol. 3 Ch. 38

“‌‌ တောက်...၊ ငါ့ကိုနောက်နေတာလား”

ကျောက်တစ်ပိဿာလောက် အလေးချိန်ရှိတဲ့ သံချောင်းကို ကိုင်ထားတဲ့ကျောက်ထိုင်ကျူက စိတ်ပျက်အားငယ်စွာ ရေရွတ်လိုက်သည်။ “ဒါက ဆင်ဝါးမျိူနည်းစနစ် မှ မဟုတ်ပဲ၊ နောက်ပြောင်နေတာပဲ”

စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်အများအပြားသည် သူတို့စားထားသော ဂွမ်ယင်ရွှံ့စေးနှင့် သစ်သားများကို အန်ထုတ်နိုင်ရန် လက်ချောင်းများဖြင့် လည်ချောင်းကို ကုတ်ခြစ်နေကြပြီဖြစ်သည်။

သို့သော်လည်း အချည်းနှီးပင်။ ဂွမ်ယင်ရွှံ့စေးသည် အလွန်စေးကပ်သည်။ အစာအိမ်ထဲရောက်သည်နှင့် နစ်မြုပ်ပြီး ခဲသွားသည်။ထို ရွံ့စေးခဲကို အန်ထုတ်ရန်မှာလည်း ခက်ခဲသည်။

စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ လူများသည် ၎င်းတို့၏ အစာအိမ်ရည်များကို အန်ထုတ်ခဲ့သော်လည်း သစ်သားအပိုင်းအစအနည်းငယ်သာ ထွက်လာသည်။ ဂွမ်ယင်ရွှံ့စေးသည် ၎င်းတို့၏ အစာအိမ်ထဲတွင် တင်းတင်းကျပ်ကျပ် ချည်နှောင်လျက်ရှိနေဆဲဖြစ်သည်။

ချက်ချင်းဆိုသလို လူအားလုံး တောင့်ခဲသွားကြသည်။

“သခင်ကျန့်၊ ကျေးဇူးပြုပြီး မနောက်‌ပါနဲ့။ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တောင် မ‌မြင်လိုက်ရဘူး” ဟု မျက်ရည်ဝဲနေသော သူများက ပြောကြ‌သည်။

“ဒီလို လှုပ်ရှားမှုကို ဘယ်သူကများ သင်ယူနိုင်ပါ့မလဲ”

စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များ၏ မကျေနပ်ချက်များကို ကြားသော်လည်း ကျန့်ယွီရှန်း က ဂရုမစိုက်ပေ။ သူ၏ ဆင်ဝါးမျိူနည်းစနစ် လှုပ်ရှားမှု ဆယ့်နှစ်ခုကို ထပ်မံလုပ်ဆောင်ပြခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် အရှိန်ကို နှေးကွေးစွာ လုပ်ဆောင်ခဲ့ပြီး စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ လူများ ပိုမိုသိမြင်နိုင်စေရန် လုပ်ဆောင်ပြခဲ့သည်။

သို့သော် ယီယွင်က ကျန့်ယွီရှန်း၏ အရှိန်ကို နှေးကွေးလိုက်သောအခါ ၎င်း၏ လှုပ်ရှားမှုများတွင် ဆွဲဆောင်မှုတစ်မျိုး ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့သည်။

ထိုဆွဲဆောင်မှုသည် ဤလှုပ်ရှားမှုများ၏ အဓိကသော့ချက်ပင်ဖြစ်သည်။

“ကျွန်တော် ကြိုးစားကြည့်ပါမယ်” ဤအချိန်တွင် လျှိုင်ချမ်းယု မူ ရှေ့သို့ ထွက်လာခဲ့သည်။

လျှိုင်ချမ်းယုသည် ဂွမ်ယင်ရွှံ့စေးနှင့် သစ်သားများကို အတော်အတန် စားထားပြီးဖြစ်သည်။

လျှိုင်ချမ်းယုတွင် အတန်အသင့် ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည်။ သူသည် ကျန့်ယွီရှန်း လုပ်ဆောင်ခဲ့သည့် လှုပ်ရှားမှုများကို ကြိုးစားပြီးတူအောင် ပြုလုပ်ပြသခဲ့သည်။ သို့သော် အမှန်တကယ်တွင် ၎င်း၏ လှုပ်ရှားမှုများသည် မှန်ကန်ဖို့ မဆိုသာ အနည်းမျှသာတူညီလျှက်ရှိသည်။

“သခင်လေးလျှိုင်က တကယ့်ကို ဘုရားသခင်ပါပဲ”

“ဝိုး၊ ဘယ်လိုလုပ် ဒီလိုလှုပ်ရှားမှုတွေကို လုပ်နိုင်ရတာလဲ” ဟုကျောက်ထိုင်ကျူနှင့် အဖွဲ့က မြှောက်ပင့်ပြောဆိုကြသည်။ ၎င်းတို့သည် လျှိုင်ချမ်းယုအပေါ် အမှန်တကယ်ပင် လေးစားကြည်ညိုကြသည်။ လျှိုင်ချမ်းယု၏ လုပ်ဆောင်နိုင်စွမ်းသည် အလွန်အံ့သြဖွယ်ကောင်းလှသည်ဟု ထင်မှတ်နေကြသည်။

သို့သော် ကျန်းယွီရှန့်က လျှိုင်ချမ်းယုကို ကြည့်ပြီး “ဒါက မဆိုးပါဘူး” ဟု ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

ထိုအကဲဖြတ်မှုကြောင့် လျှိုချမ်းယုသည် ရှုံးနိမ့်ခြင်းခံစားချက်ကို ခံစားခဲ့ရသည်။ လှုပ်ရှားမှုများသည် အလွန်ခက်ခဲပြီး ၎င်းအနေဖြင့် အတုယူလုပ်ဆောင်နိုင်အောင်ပင် အတော်ကြိုးစားယူရမည် ခံစားခဲ့ရသည်။

သို့သော် ကျန့်ယွီရှန်းက “မဆိုးပါဘူး” ဟုသာ အဆင့်သတ်မှတ်ခဲ့သည်။

ကျန့်ယွီရှန်း၏ စံနှုန်းများသည် အလွန်မြင့်မားသည်။

လျှိုင်ချမ်းယုသည် မိမိ၏ ပါရမီကို အမြဲတမ်း ယုံကြည်မှုရှိခဲ့သည်။

လျှိုင်ချမ်းယုသည် ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ ကျန့်ယွီရှန်း၏ စံနှုန်းများ အလွန်တင်းကျပ်ခြင်းကြောင့် ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျန့်ယွီရှန်းသည် ချီးမွမ်းခြင်းနှင့် ပတ်သက်၍လည်း ရက်ရောမှုမရှိခဲ့ပေ။

ထိုအချိန်တွင် လျှိုင်ချမ်းယုသည် ကျန့်ယွီရှန်း၏ အကြည့်သည် ယီယွင်အပေါ် စူးစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ယီယွင်သည် မူးယစ်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားသည်။

လျှိုင်ချမ်းယုက ပြုံးလိုက်သည်။ သစ်သားနှင့် ဂွမ်ယင်ရွှံ့စေး အများအပြားကို စားထားရသဖြင့် ယီယွင်မှာ ဗိုက်နာနေပြီဖြစ်လိမ့်မည်။

ယီယွင်အရွယ် ကောင်‌လေးတစ်ဦးအတွက် ထိုဆင်ဝါးမျိူနည်းသည် အလွန်ခက်ခဲပြီး လှုပ်ရှားမှုများတွင် နက်နဲမှုများ ပြည့်နှက်နေသည်။ အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအနေဖြင့် မည်သို့ သင်ယူနိုင်မည်နည်း။ ဗိုက်ပေါက်ပြီး သေဆုံးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

ကျန့်ယွီရှန်းက ယီယွင်အား မြင့်မားစွာ ချီးမွမ်းခဲ့ခြင်းကြောင့် လျှိုင်ချမ်းယုသည် ယီယွင်အပေါ် ရန်လိုမုန်းတီးမှုများ ကြီးထွားလာခဲ့သည်။

ယီယွင်သည် မိမိ၏ ကိုယ်ပိုင်ကမ္ဘာတွင် လာ‌ရောက်ထင်ပေါ်နေပြီဖြစ်သည်။

ယီယွင်သည် လျှိုင်ချမ်းယု၏ လှုပ်ရှားမှုများကို ခဏကြည့်ပြီးနောက် ထပ်ကြည့်ရန် စိတ်မဝင်စားတော့ပေ။ အဘယ်ကြောင့်ဆိုသော် လျှိုင်ချမ်းယုသည် လှုပ်ရှားမှုအနည်းငယ်ကိုသာ မနည်းတူအောင် လုပ်ဆောင်နိုင်ပြီး

ထိုလှုပ်ရှားမှုများတွင် ဆွဲဆောင်မှုတစ်မျိုး ပျောက်ဆုံးနေသည်ကို ယီယွင် သတိပြုမိသောကြောင့်ဖြစ်သည်။

ထိုအချက်မှစ၍ ယီယွင် တစ်ခုခုကို သဘောပေါက်ခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်ပြီး စဉ်းစားခန်းဝင်ခဲ့သည်။

ယီယွင်၏ စိတ်ထဲတွင် ကျန့်ယွီရှန်း၏ လှုပ်ရှားမှုများသည် ရုပ်ရှင်တစ်ကားကဲ့သို့ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ပြသနေခဲ့သည်။

သွေးကြောနယ်ပယ်သို့ ရောက်ရှိပြီးနောက် ယီယွင်၏ အာရုံငါးပါးသည် အလွန်ထက်မြက်လာခဲ့သည်။ ကျန့်ယွီရှန်း၏ လှုပ်ရှားမှုများသည် မြန်ဆန်သော်လည်း ယီယွင်သည် အချို့သော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့သည်။

ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသူဖြစ်သောကြောင့် ၎င်းတွင် အလွန်မြင့်မားသော ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်။ ၎င်း၏ မျက်လုံးများသည် ခရမ်းရောင်သလင်း‌‌နှင့် သွေးကြောများ၏ ပြုစုပြောင်းလဲခြင်းခံခဲ့ရသဖြင့် ကျန့်ယွီရှန်း၏ လှုပ်ရှားမှုများကို ၎င်း၏ စိတ်ထဲတွင် ပိုမိုရှင်းလင်းစွာ မြင်ယောင်နိုင်သည်။ ပထမဦးစွာ အပြင်ပန်းပုံစံသည် စုစည်းလာပြီး ဖြည်းဖြည်းချင်း လှုပ်ရှားမှုတိုင်းသည် ထိုဆွဲဆောင်မှုကို ထုတ်လွှတ်လာခဲ့သည်။

ယီယွင်သည် ဆင်ဝါးမျိူစနစ်၏ အလွန်နက်နဲသည်ကို အချက်ကို သတိပြုမိခဲ့သည်။

ပထမဦးစွာ ကြေညက်ရန် ခက်ခဲပြီး စွန့်ထုတ်ရန် မဖြစ်နိုင်သော အစားအစာများကို စားသုံးရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ အစာအိမ်နှင့် အူလမ်းကြောင်းများကို လေ့ကျင့်ရန် ဤနက်နဲသော လှုပ်ရှားမှုများကို အသုံးပြုရမည်ဖြစ်သည်။

လှုပ်ရှားမှုများကို ပုံစံများကို အာရုံစိုက်ပါက ၎င်းတို့၏ ဆွဲဆောင်မှု လျော့နည်းသွားမည်ဖြစ်သည်။

ဆွဲဆောင်မှုကို ထင်ဟပ်လိုပါက ပုံစံများသည် တိကျတော့မည် မဟုတ်ပေ။

၎င်းမှာ နက်နဲသော မှော်ပညာရပ်တစ်ခုဖြစ်သည်။

ယီယွင်သည် ထိုသို့သော အတွေးကို စတင်ခဲ့သည်။ သူသည် ဆင်ဝါးမျိူစနစ်သည် “နဂါးနံရိုးကျားအရိုးလက်သီး” ထက် ပိုမိုနက်နဲသည်ဟု ခံစားရသည်။ သို့သော် ကျင်းလုံဝေ့ ၏ အခြေခံနည်းစနစ်တစ်ခုသည် ဘာကြောင့် အောက်ခြေလူတန်းစားများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေရသနည်း။

ဤအရာကို စဉ်းစားရန် အချိန်မရှိသေးပေ။ ယီယွင်သည် ၎င်း၏ မှတ်ဉာဏ်များအတိုင်း လက်များကို စတင်လှုပ်ရှားခဲ့သည်။

ရုတ်တရက် ယီယွင် စတင်လှုပ်ရှားလာသည်။ ၎င်း၏ မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး မည်သည့်ဦးတည်ရာမှ မရှိဘဲ ၎င်း၏ မှတ်ဉာဏ်များထဲမှ နက်နဲသော ခံစားချက်များကို အသုံးပြု၍ ကျန့်ယွီရှန်း၏ လှုပ်ရှားမှုများကို ပြန်လည်လှုပ်ရှားနေသည်။

လှုပ်ရှားမှုတစ်ခုချင်းစီ၊ ယီယွင်၏ အတွေးစီးကြောင်းသည် ပိုမိုရှင်းလင်းလာပြီး အရှိန်လည်း တိုးလာသည်။

ယီယွင်ကို ကြည့်နေသော လူများသည် ယီယွင်၏ လှုပ်ရှားနေသော အရိပ်ကိုသာ မြင်တွေ့ရသည်။

ကျန့်ယွီရှန်း၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာသည်။

ယီယွင်သည် ၎င်း၏ ပထမဆုံး လေ့ကျင့်မှုတွင် ဆင်ဝါးမျိူစနစ်၏ ဆွဲဆောင်မှုအနည်းငယ်ကို ပုံဖော်နိုင်ခဲ့သည်။ ဤအရာသည် တစ်ဦးတစ်ယောက်၏ လေ့ကျင့်မှု သို့မဟုတ် ခန္ဓာကိုယ်နှင့် မသက်ဆိုင်ပေ။ လူတစ်ဦး၏ ထိုးထွင်းသိမြင်နိုင်စွမ်းသာ အရေးကြီးသည်။

ဆင်ဝါးမျိူနည်း၏ ခက်ခဲမှုမှာ ကျင့်ကြံသူ၏ နားလည်နိုင်စွမ်းဖြစ်သည်။ ကျန့်ယွီရှန်းပင်လျှင် ဆင်ဝါးမျိူနည်း၏ နောက်ကွယ်မှ ဆွဲဆောင်မှုများကို နားလည်ရန် အချိန်အတော်ကြာခဲ့သည်။ ထိုကာလအတွင်း သူလည်း ဂွမ်ယင်ရွှံ့စေးကို စားခြင်းကြောင့် ဝေဒနာခံစားခဲ့ရသည်။

“ဒီ‌ကောင်လေး၊ ယီယွင်မှာ အလွန်ထူးခြားသော ထိုးထွင်းသိမြင်နိုင်သော စိတ်ရှိသည်။”

စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ လူများအားလုံးသည် ယီယွင်၏ လှုပ်ရှားမှုများကို ကြည့်ပြီး အံ့အားသင့်ခဲ့ကြသည်။ ၎င်းတို့သည် ဆင်ဝါးမျိူစနစ်၏ နက်နဲမှုကို နားမလည်ကြသော်လည်း မည်မျှပင် ထုံအသူများ ဖြစ်စေကာမူ ယီယွင်သည် ပေါ့ပေါ့ဆဆ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယီယွင်၏ လှုပ်ရှားမှုများမှ နားမလည်နိုင်သော အစစ်အမှန်မဟုတ်သော ပုံရိပ်ယောင်များကို ခံစားခဲ့ရသောကြောင့်ဖြစ်သည်။

“ဒီ...ဒီကလေး...” လူများ အံ့အားသင့်ခဲ့ကြသည်။ ယီယွင်၏ လှုပ်ရှားမှုများ တိကျသည် မတိကျသည်ကို ၎င်းတို့ စစ်ဆေးရန် မလိုအပ်ပေ။ ကျန့်ယွီရှန်း၏ မျက်လုံးများမှ ယီယွင်သည် ဆင်ဝါးမျိူစနစ်ကို လုပ်ဆောင်နိုင်သည်ဟူသော အံဩစရာကောင်းသော ဖြစ်ရပ်ကို ကြည့်ရှုနေသည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သာမာန် လူတန်းစားကနေ မွေးဖွားလာတဲ့ ဒီကျွန်ကလေးက သခင်ကျန့်ရဲ့ လှုပ်ရှားမှုတွေကို ခဏလောက်ကြည့်ရုံနဲ့ သင်ယူနိုင်ခဲ့တာလား” ဟုကျောက်ထိုင်ကျူနှင့် အဖွဲ့က ပြောကြသည်။

ကျန့်ယွီရှန်း ဘယ်နှစ်ခါပြသခဲ့သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် သူ၏ လှုပ်ရှားမှုများကို နှစ်ကြိမ်မျှ မှုန်ဝါးစွာ မြင်ခဲ့ရသဖြင့်နှစ်ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ကောက်ချက်ချခဲ့ကြသည်။

“တကယ်ပဲ ဒီလိုခက်ခဲတဲ့ လှုပ်ရှားမှုကို သူသင်နိုင်တာလား” စစ်သည်တော်လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များ လက်မခံနိုင်ကြပေ။

၎င်းတို့သည် အမြဲတမ်း မာနထောင်လွှားခဲ့ကြပြီး စိတ်ထဲတွင် လျှိုင်မျိုးနွယ်စု၏ အုပ်ချုပ်သူလူတန်းစားဖြစ်သင့်သည်ဟု ခံယူထားသူများဖြစ်သည်။

သို့သော် ယနေ့တွင် သာမာန်မျိုးနွယ်စုထဲမှ လူတစ်ဦးသည် ၎င်းတို့၏ ခေါင်းပေါ်သို့ တက်ရောက်လာပြီး ၎င်းတို့ကို များစွာ ဖိအားပေးနေပြီဖြစ်သည်။

၎င်းတို့ ဂုဏ်ယူခဲ့ကြသော ကျောက်အလေးမခြင်းသည် ကျန့်ယွီရှန်း၏ အမြင်တွင် အချည်းနှီးဖြစ်ခဲ့သည်။ထိုအပြင် ကျန့်ယွီရှန်း သင်ကြားပေးသော မည်သည့်အရာကိုမျှ ၎င်းတို့ သင်ယူနိုင်ခြင်းမရှိခဲ့ပေ။

မျိုးနွယ်စု၏ တောက်ပသော ကြယ်တစ်ပွင့်ဖြစ်သော လျှိုင်ချမ်းယုပင်လျှင် ယီယွင်၏ ဖိအားပေးခြင်းခံ‌နေရသည်။

လျှိုင်ချမ်းယုသည် ၎င်း၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ နက်ရှိုင်းသော ဒေါသနှင့် စိတ်ပျက်အားငယ်မှုများသည် ၎င်း၏ မျက်လုံးများတွင် တောက်လောင်နေခဲ့သည်။ ဤစိတ်ပျက်အားငယ်မှုသည် ဖြည်းဖြည်းချင်း အေးစက်သော သတ်ဖြတ်လိုစိတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters