ချောက်ထဲသို့ ခုန်ချခြင်း
Vol. 3 Ch. 42
နှင်းမြွေဆိုး၏နှင်းခဲအဆိပ် လက္ခဏာနှင့် သွေးကျဲဆေးလုံးများသည် လူတစ်ဦးရဲ့ အသက်စွမ်းအင်ကို အသုံးပြုလိုက်ရခြင်းရဲ့ လက္ခဏာတွေဟာ ယီယွင်ကြုံတွေ့နေရတာနဲ့ အတူတူပင်ဖြစ်သည်။
သာမာန် လူတွေဟာ သွေးမဲတွေအန်ပြီး ပြာနှမ်းနေတဲ့ မျက်နှာမျိုး ပြနေတတ်သည်။ မျက်နှာအပေါက် ၇ပေါက်က သွေးထွက်တာလောက်တော့ ထူးထူးခြားခြား မဟုတ်ပေမယ့် အနည်းငယ် ကွဲပြားသည်မှာ ပုံမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မတူကြသောကြောင့်ဖြစ်သည်။
လျှိုင်ချမ်းယုရဲ့ အထင်မှာတော့ ယီယွင်ဟာ သိုင်းပညာ ပါရမီရှိပေမယ့် သူ့ခန္ဓာကိုယ်က အရမ်းအားနည်းသည်။ သူ့ရဲ့ အသက်စွမ်းအင်ဟာ သွေးကျဲဆေးရဲ့ စွမ်းအင်ကုန်ခန်းမှုအတွက် မလုံလောက်ပေ။ ထိုကြောင့် ပျက်ဆီးခြင်းအရိုးတွေ သန့်စင်နေတဲ့သူတွေထဲမှာ ယီယွင်က ပထမဆုံး အားကုန်သွားမယ့်သူ ဖြစ်လိမ့်မည်ဟု ယူဆထားသည်။
"အဲဒီကျွန်လေးက မြန်မြန် ဆုံးရှုံးသွားတာပဲ။ သူ့နဲ့ နောက်နှစ်ရက်လောက် အတူလေ့ကျင့်ဖို့ စီစဉ်ထားတာ။ ကံမကောင်းစွာနဲ့ သူ မခံနိုင်ဘူးပဲ" လျှိုင်ချမ်းယုဟာ ယီယွင် သူ့ကံကြမ္မာကနေ လွတ်မြောက်နိုင်မယ်ဆိုတာကို မယုံကြည်ခဲ့ပေ။
နှင်းမြွေဆိုးရဲ့ နှင်းခဲအဆိပ်က ဖြေဆေးမရှိပေ။ သာမန်လူတစ်ဦးအတွက်တော့ သေစေနိုင်သည်။ ယီယွင်တောင်မှ မခံနိုင်တာ လျှိုင်ချမ်းယုတောင် နှင်းမြွေဆိုးရဲ့ နှင်းခဲစွမ်းအင်ကို မခံနိုင်ပေ။ မဟုတ်ရင် သူ မျိုးနွယ်စုက လူအများကြီးကို နှင်းခဲအဆိပ် စုပ်ယူဖို့ စွန့်လွှတ်စရာမလိုပါပေ။
ဒီလို နှင်းခဲအဆိပ်မျိုးကို ကျတ်တီးမြေက ကောင်းကင်သိုင်းပညာရှင် တစ်ယောက်ကသာ ဖယ်ရှားနိုင်မည်။ မဟုတ်ရင် ခရမ်းရောင်သွေးစစ်သည် တစ်ယောက်တောင် နှင်းခဲ အဆိပ်နှင့် ပျက်ဆီးခြင်းရိုးအနှစ်ကို စုပ်ယူနိုင် မတတ်နိုင်ပေ။
လျှိုင်ချမ်းယုက အမှန်တော့ ယီယွင် မကြာခင်သေတော့မှာကို စိတ်ပူနေခြင်းဖြစ်သည်။ ကျန်းယွီရှန် ထွက်သွားတာနဲ့ ယီယွင် သေသွားတာက ဒီလိုတိုက်ဆိုင်မှုက ကျန့်ယွီရှန်းကို သံသယဝင်စေနိုင်သည်။
သို့သော်လည်း လျှိုင်ချမ်းယုရဲ့ စိုးရိမ်မှုက သူ့ကို ခဏတာ ရပ်တန့်သွားစေခဲ့သည်။ ထိုနောက်မှာတော့ သူ့လေ့ကျင့်ခန်းကို ဆက်လုပ်နေသည်။
သူ့လှုပ်ရှားမှုတွေက ပုံမှန်အတိုင်း ချောမွေ့နေသည်။ ဘယ်သူမှ အပြစ်ရှာမတွေ့နိုင်ပေ။
သူ့လှုပ်ရှားမှုတွေကို အဆုံးသတ်ပြီးတဲ့နောက် လျှိုင်ချမ်းယု ဖြည်းဖြည်းချင်း အနားယူလိုက်သည်။ လှုပ်ရှားမှုတိုင်းကို အသေးစိတ် ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။
ပြီးသွားတဲ့အခါ လျှိုင်ချမ်းယု ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေ ကွေးသွားသည်။ ယီယွင်က သူ့ကို အတွေးသစ်တစ်ခု ပေးခဲ့သည်
"ဒါ အရေးမကြီးပါပေ။ သူသေသွားရင် ဘာဖြစ်လဲ။
ပျက်ဆီးခြင်းအရိုးတွေ သန့်စင်တာကို မထိခိုက်စေနဲ့" လျှိုင်ချမ်းယုက အေးစက်စက် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ သခင်လေးလျှိုင်၊ ပျက်ဆီးခြင်းအရိုးတွေ သန့်စင်တာကို အာမခံပါသည် ကျွန်တော် ကျန်တဲ့သူတွေကို ဆက်လုပ်ဖို့ အမိန့်ပေးထားပြီးသားပါ။ သို့သော်လည်း... အဲဒီကောင်ရဲ့ ခန္ဓာကိုယ်ကို ဘာလုပ်ရမလဲ။ လူနှစ်ယောက်လောက် ရှာပြီး အဲဒီကောင်ကို ကြိုးဆွဲချ၊ ပြီးရင် သူ့ကို ခုတ်ထစ်ပြီး ခွေးစာကျွေးရမလား"ကျောက်ထိုင်ကျူက ပြုံးပြီး ပြောလိုက်သည်။
ယီယွင်သေတာက သူခံထိုက်တဲ့ အပြစ်ဒဏ်ပဲ။ သူ့ဖင်က အခုထိ နာနေတုန်းပဲ။ ကျောက်ထိုင်ကျူက ဖင်နာတာကို ယီယွင်အပေါ် အကြောင်းမဲ့ ဒေါသပုံချနေသည်။
လျှိုင်ချမ်းယုက အေးစက်စက် နှာခေါင်းရှုံ့ရင်း "ယီယွင်ရဲ့ အလောင်းကို ကြိုးဆွဲချပြီး ခုတ်ထစ်တာကို ရွာသားအားလုံး မြင်စေချင်တာလား။ အဲလိုဖြစ်ရင် လူတွေက ယီယွင်ကို ငါတို့က သတ်လိုက်တာလို့ ထင်လိမ့်မယ်။ သခင်ကျန့် မေးမြန်းတဲ့အခါ ဘယ်သူက တာဝန်ယူမှာလဲ"
"ဟုတ်ကဲ့၊ သခင်လေးလျှိုင် ပြောတာ မှန်ပါတယ်" ကျောက်ထိုင်ကျူက ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော်က အရမ်းတုံးအတာပါ၊ သခင်လေးလျှိုင်က အမြဲဉာဏ်ပညာရှိတာပါပဲ။"
"ကောင်းပြီ၊ ယီယွင်ရဲ့ အလောင်းကို ကျန်းရှောင်ယုအိမ်ကို ဆွဲသွား။ ပျက်ဆီးခြင်းအရိုးသန့်စင်တဲ့ ဒယ်အိုးဘေးမှာ သူသေတာက ကံကောင်း"
“မှတ်ထား၊ အဲဒီကောင်ကို ခေါ်သွားတဲ့အခါ သူ တကယ်သေပြီဆိုတာ သေချာပါစေ။ ထားပါတော့၊ ငါကိုယ်တိုင် သွားစစ်ပါ့မယ်။”
လျှိုင်ချမ်းယုက ယီယွင် အကြိမ်ကြိမ် ပြန်ရှင်လာတာကို ထူးဆန်းသည်လို့ ထင်နေသည်။ပျက်ဆီးခြင်းအရိုးတွေရဲ့ နှင်းခဲအဆိပ်ကြောင့် သေရမယ့် ကံကြမ္မာ ရှိပေမယ့် လျှိုင်ချမ်းယုက စိတ်ချရအောင် သူကိုယ်တိုင် သွားစစ်ဆေးချင်သည်။
"ကျန်းရှောင်ယု ဟားဟား... အဲဒီကလေးမ သူ့ မောင်ကို တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာ ငါသိချင်မိသည်။" ကျောက်ထိုင်ကျူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လျှိုင်ချမ်းယုက ကျန်းရှောင်ယုနဲ့ ယီယွင်ရဲ့ ဆက်ဆံရေးကြောင့် ယီယွင်ကို မြင်တာနဲ့ သူမ သတိလစ်သွားလိမ့်မည်ဆိုတာ သိသည်။
သို့သော်လည်း လျှိုင်ချမ်းယုက အမျိုးသမီးတွေအပေါ် ဘယ်တော့မှ သိမ်မွေ့မှု မရှိပေ။ ဒါက ကျယ်ပြောလှတဲ့ တိမ်တိုက်ရိုင်းနယ်မြေက ရက်စက်ကြမ်းကြုတ်ပြီး ကြေကွဲစရာ သတ်ဖြတ်မှုတွေ ပြည့်နှက်နေသည်။
လျှိုင်ချမ်းယုက ကျန်းရှောင်ယုကို ကျယ်ပြောလှတဲ့ တောရိုင်းနယ်မြေ ဘယ်လိုနေရသည်ဆိုတာ သိစေချင်သည်။
သူ ဘယ်အမျိုးသမီးကိုမှ မသနားပေ၊ သူ ကြိုက်နေရင်တောင်မှပင် ဖြစ်သည်။
သူဟာ အနာဂတ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး။ အမျိုးသမီးတွေကို နာကျင်မှုကနေ ကယ်တင်ခဲ့သူဟာ လျှိုင်ချမ်းယုဆိုတာ နားလည်စေချင်သည်။ သူတို့စားဖို့ အစားအစာ၊ နေဖို့နေရာ ပေးခဲ့သူက သူပဲ။ အမျိုးသမီးတွေက သူ့ကို ဘယ်လိုတန်ဖိုးထားရမယ်၊ ဘယ်လိုကျေးဇူးတင်ရမယ်၊ ဘယ်လို ရိုသေစွာ အစေခံရမယ်ဆိုတာ သင်ယူရမယ်။ သူ ကောင်းကောင်း ဆက်ဆံတဲ့ အမျိုးသမီးတိုင်းဟာ သူတို့အတွက် ကြီးမားတဲ့ လက်ဆောင်ပဲ။ သူ ဆိုးဆိုးရွားရွား ဆက်ဆံတဲ့ အမျိုးသမီးတိုင်းဟာ သူထိုက်သူကံပဲ။ သူ့မရှိရင် အဲဒီအမျိုးသမီးအားလုံး ကျယ်ပြောလှတဲ့ တောရိုင်းဒေသကြီးမှာ သေကြရမှာပဲ
ဒါဟာ လျှိုင်ချမ်းယုရဲ့ နိမ့်ကျတဲ့စိတ်ဓာတ်ကြောင့်ပင်။သူ ကမ္ဘာကြီးကို မုန်းတီးပြီး ဖြည်းဖြည်းချင်း အစွန်းရောက် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သူဟာ အုပ်စိုးသူ ဖြစ်ချင်ပြီး သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ဘဝကို အမိန့်ပေးချင်နေသည်။
ယီယွင် ဒုက္ခရောက်နေတာကို မြင်ရတော့ ပျက်ဆီးခြင်းအရိုးတွေ ကိုသန့်စင်နေတဲ့သူတွေက သူ့ကို နာနာဘာဝပူးနေပြီလို့ ယုံကြည်ကြသည်။ ဘယ်သူမှ ယီယွင်ကို မထိရဲကြပေ။
ထိုအရာမှာ နောက်ပြောင်စရာ မဟုတ်ပေ။ ယီယွင်သေသွားလျှင် နာနာဘာဝက ပစ်မှတ်ပြောင်းသွားနိုင်သည်။ သူတို့ထဲက တစ်ယောက်ယောက်ကို ပူးသွားရင် မည်ကဲ့သို့လုပ်မလဲ။
သူတို့ ထိန်းသိမ်းရမည် ဒယ်အိုးသာ မရှိရင် သူတို့အားလုံး ထွက်ပြေးနေကြပြီဖြစ်သည်။
ယခုအချိန်တွင် ယီယွင်က မျက်နှာဖြူဖျော့ပြီး နှာခေါင်းကနေ သွေးတွေ စီးကျနေသည်။
ယနေ့က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့နေ့ပဲ၊ပျက်ဆီးခြင်းအရိုးတွေကို တစ်ခါတည်းနဲ့ ကုန်အောင် စုပ်ယူလိုက်ခြင်းဖြစ်သည်
ယီယွင်ဟာ သူ့ရဲ့ သေးငယ်တဲ့ သွေးကြောတွေ ဒီလိုစွမ်းအင်အများကြီးကြောင့် မပြဲထွက်သွားတာကို ကံကောင်းတယ်လို့ ကျေးဇူးတင်ရမှာပဲ။
သတင်းပေးသူ ပြန်ရောက်လာတာကို သတိထားမိသောအခါ ယီယွင် ဒီမှာ ဆက်စောင့်နေလို့ မဖြစ်တော့ပေဆိုတာ သိလိုက်သည်။ သူ ရွာကို ပြန်သွားဖို့ အခြေအနေ မကောင်းပေ။ သူ့ဘဝကို တခြားသူတွေရဲ့ လက်ထဲ ထည့်မထားချင်ပေ။ ယခုအချိန်မှာတော့ သူ လျှိုင်ချမ်းယုကို ခုခံနိုင်စွမ်းမရှိပေ။
"ငါ တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာပြီး ဒီဖိစီးနေတဲ့စွမ်းအင်တွေ အားလုံးကို အမြန်ချေဖျက်ဖို့ လိုအပ်သည်။" ယီယွင် တွေးမိလိုက်ပြီး ကုန်းထလိုက်သည်။ အနီးအနားက ချောက်ဘက်ကို လျှောက်သွားသည်။
ဒီချောက်ရဲ့ အောက်ခြေမှာ လျှိုင်မျိုးနွယ်စုရဲ့ အရှေ့မြစ် ရှိသည်။
အရှေ့မြစ်ရဲ့ ရေစီးနှုန်းက အလွန်မြန်ဆန်သည်။ ယီယွင် အရင်က လေ့ကျင့်ခဲ့တဲ့ ရေတံခွန်က အရှေ့မြစ်ရဲ့ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။
"ကလေး... ဘ... ဘာလုပ်မလို့လဲ" ယီယွင် ချောက်ဘက်ကို လျှောက်သွားတာကို မြင်တော့လှမ်းအော်သည်။
“သူ ခုန်ချတော့မယ့်ပုံပဲ။” လူတွေရဲ့ မျက်နှာတွေက ကြောက်ရွံ့မှုနဲ့ ဖြူဖျော့နေသည်။
"သူ့ကို နာနာဘာဝ ပူးနေပြီ နာနာဘာဝ" တထို၏ဖခင် သတိပေးလိုက်သည်။ သူ ယီယွင်ရဲ့ မျက်လုံးတွေက အာရုံစူးစိုက်မှုမရှိတော့ပဲ ချောက်ရဲ့အပေါ်မှာ ရှိနေမှန်း မသိတော့ဘူးဟုထင်လိုက်သည်။ခုန်ချလျှင် သေမှာ သေချာသည်။
အရှေ့မြစ်ရဲ့ ရေစီးကြောင်းအတိုင်း ပါသွားရင် ရေတံခွန်ကို ရောက်မည်။ ရေတံခွန်ပေါ်က ပြုတ်ကျရင် သေဆုံးတာက အံ့သြစရာ မဟုတ်တော့ပေ။
"ငါတို့... သူ့ကို တားသင့်လား" လူတစ်ယောက်က သူ့တံတွေးကို မျိုချလိုက်ပြီး တုန်ရင်စွာ ပြောလိုက်သည်။
သို့သော်လည်း မည်သူမှ ပြန်မပြောကြပေ။ ကမ္ဘာမှာ မိမိ၏အသက်သည်သာ အရေးကြီးဆုံးဖြစ်သည်။
သူတို့လည်း ယီယွင်နဲ့ ထိတွေ့ရင် နာနာဘာဝ ပူးသွားမည်ကိုစိုးရိမ်ကြသည်။
"ဒီညီလေးက အခုတောင် အကြီးအကျယ် ဒဏ်ရာရနေတော့ အသက်ရှင်ဖို့ မသေချာဘူး။ဒုက္ခခံစားရတာထပ် အမြန်ဆုံးသေသွားတာ အကောင်းဆုံးပဲ၊ ဒါကြောင့် ခုန်ချခွင့်ပေးလိုက်ပါ၊ ဒါဆို... ညီလေးယီ၊ ငါတို့ မင်းကို လိုက်မပို့တော့ဘူး၊ တမလွန်ကို ကောင်းကောင်းမွန်မွန် သွားပါ။ မင်းသေတာကို ငါတို့ကို အပြစ်မတင်ပါနဲ့။" တတို၏ဖခင်က သူ့ကိုယ်သူ နှစ်သိမ့်ရင်း တစ်ချိန်တည်းမှာပဲ ယီယွင်ကို အကြံပေးလိုက်သည်၊ သေပြီးရင် လက်စားပြန်မချေဖို့ မျှော်လင့်နေသည်။
ဒီအချိန်မှာ ယီယွင်က ချောက်ရဲ့အစွန်းကို ရောက်နေပြီဖြစ်သည်။သူ့ရဲ့ မူလယွမ်ချီစွမ်းအင် အနည်းငယ် ပြန်ရလာပြီဖြစ်သည်။သို့သော် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက အခုထိ မငြိမ်မသက် ဖြစ်နေလျှက်ရှိသည်။ အပူတွေက သူ့ခန္ဓာကိုယ်တစ်လျှောက်လုံး ပျံ့နှံ့နေပြီး အလွန်အမင်း မသက်မသာ ဖြစ်စေသည်။
အခုအချိန်မှာ ယီယွင်က အားမလျော့ပေ။တဖက်မှာလဲ ယီယွင်တွင် မကုန်ခမ်းနိုင်သော စွမ်းအင်များ ရှိနေသည်။ ချောက်ထဲသို့ ခုန်ချပြီး လှိုင်းတွေထဲမှာ ရေကူးခြင်းသည် သူ့စွမ်းအင်တွေများကို ပိုမိုအသုံးပြုနိုင်လိမ့်မည်ဖြစ်သည်။
ဒါဟာ သူ့အတွက် အကောင်းဆုံး ထွက်ပြေးလမ်းကြောင်းလည်း ဖြစ်သည်။
ယီယွင် မတွန့်ဆုတ်နေတော့ပေ။ တစ်လှမ်းချင်းလှမ်းကာ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချလိုက်သည်။
“ဟူး”
လူများမှာ သက်ပြင်းချလျှက် ကြည့်နေကြသည်။ မျက်နှာ ခုနစ်ပေါက်က သွေးထွက်နေရင် အသက်ကိုးသက်ရှိသူတောင် အသက်ရှင်မှာ မဟုတ်ဘူး
"ဖျန်း"
ယီယွင် မြစ်ထဲကို ပြုတ်ကျသွားသည်။ ချောက်က မီတာငါးဆယ်လောက် မြင့်သည်။ သေမျိူးသွေးအဆင့် ၄ ဖြစ်နေရင်တောင် ပြုတ်ကျခြင်းကြောင့် နာကျင်မှုကို ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ယီယွင်မှာ အားအနည်းဆုံး အခြေနေသို့ရောက်ရှိနေသောကြောင့် ဖြစ်သည်။
အချိန်က ဆောင်းတွင်းနှောင်းပိုင်း ဖြစ်တာကြောင့် မြစ်ရေက ရေခဲတမျှ အေးမြနေသည်။ ရေစီးမြန်တာကြောင့်သာ ရေခဲခြင်းကို တားဆီးထားခြင်းဖြစ်သည်။
ယီယွင်က ရေစီးကြောင်းအတိုင်း ပါသွားသည်။ သူ့သွေးကြောတွေထဲက ပြင်းထန်တဲ့ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်အနှံ့ လောင်ကျွမ်းနေတာကို ခံစားရသည်။
ယီယွင် အသက်အောင့်ပြီး ရေစီးကြောင်းကို ဆန်တက်ပြီး ကူးခတ်လိုက်သည်။
ယီယွင် ဒီလို အခြေအနေမျိုး ဖြစ်နေခြင်းသည် သူ စွမ်းအင်တွေ အလွန်အကျွံ စုပ်ယူမိလို့ဆိုတာ သိသည်။ သူ့ထဲက စွမ်းအင်တွေကို သုံးစွဲပစ်ဖို့ လိုအပ်သည်။ မဟုတ်လျှင် သူ့သွေးကြောတွေက စွမ်းအင်လှိုင်းကြောင့် ပေါက်ပြဲထွက်သွားလိမ့်မည်ဖြစ်သည်။
ရေကူးတာက စွမ်းအင်သုံးစွဲဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပဲ။ နာကျင်ပေမယ့်လည်း သူခံရမှာပဲ။
သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်အတွင်းကို စွမ်းအင်ပမာဏကို လျှော့ချနိုင်ရင် သူ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်လိမ့်မည်ဖြစ်သည်။
ယီယွင် တွက်ချက်ကြည့်တော့ တစ်နာရီလောက်ဆိုလျှင် သူအရင်က လေ့ကျင့်ခဲ့သော ရေတံခွန်ကို ရောက်လိမ့်မည် ဖြစ်သည်။