← Chapters

ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ ဟာလာဟင်းလင်းမရှိ၊ ငါမရှိ

Vol. 3 Ch. 43

ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ ဟာလာဟင်းလင်းမရှိ၊ ငါမရှိ

Vol. 3 Ch. 43

ရေစီးကြောင်းသည် ဖြည်းညင်းစွာစီးဆင်းနေရာမှ မုန်တိုင်းထန်သော ရေစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ယီယွင်သည် ရေတံခွန်အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်သည်။

သူသည် အသက်ရှူနှုန်းကို ချိန်ညှိကာ ခန္ဓာကိုယ်ကို အကောင်းဆုံးအနေအထားသို့ ပြင်လိုက်သည်။

ကမ္ဘာမြေပေါ်တွင် လူတစ်ဦးသည် မီတာခြောက်ဆယ်အမြင့်မှ ရေထဲသို့ ခုန်ဆင်းပါက မသေဆုံး‌နိုင်ပေ။ အရှေ့မြစ်၏ ရေတံခွန်မှာမူ မီတာတစ်ရာမြင့်သည်။

ယီယွင်၏ ကိုယ်ကာယ ကြံ့ခိုင်မှုအဆင့်သည် သာလွန်သော်လည်း သူသည် ရေငုပ်သည်ကိစ္စကိုတော့ တစ်ခါမျှ မသင်ကြားဖူးပေ။ ထို့အပြင် ယီယွင် ကိုယ်ခန္ဓာမှာ အကောင်းဆုံးအခြေအနေတွင် မရှိသောကြောင့် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

"ဗုန်း"

ယီယွင်သည် ရေတံခွန်အောက်ရှိ ရေအိုင်ထဲသို့ ရေကျသံများ ကြားလိုက်ရသည်။ ရေစီးသန်သော ရေများသည် ယီယွင်ကို ရှေ့သို့ ဆွဲခေါ်သွားပြီးဖြစ်သည်။

ထိုနောက် ရေထဲတွင် လှုပ်ရှားနေပြီး ယီယွင်သည် ခြေအောက်တွင် လေဟာနယ်ကဲ့သို့ ခံစားလိုက်ရသည်။‌ လေပေါ်ရောက်‌နေသော ကိုယ်အလေးချိန်မဲ့သည့် ခံစားချက်က ယီယွင်ကို လွှမ်းမိုးသွားသည်။ အပေါ်စီးမှ သူမြင်ရသည်မှာ ရေများမှာ အဖြူရောင်များသာဖြစ်သည်။

ထို့နောက် ယီယွင် ရေတံခွန်အောက်သို့ မီတာတစ်ရာအမြင့်မှ ပြုတ်ကျသွားသည်။

အဝေးမှကြည့်လျှင် ခမ်းနားသော ကျောက်တောင်စွန်းများသည် စောင့်ကြည့်နေသော ဧရာမလူကြီးတစ်ဦးနှင့်တူသည်။ ကျောက်တောင်စွန်းများမှ စီးဆင်းလာသော ရေတံခွန်သည် ထိုဧရာမလူကြီး၏ ဓားနှင့်တူသည်။

ထိုဧရာမလူကြီးက ဓားကို ကိုင်ထားသည့် မြင်ကွင်းသည် အလွန်ပင်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

ယီယွင်မှာမူ ဧရာမဓားပေါ်မှ အံသြဖွယ်ကောင်းသော အရှိန်ဖြင့် ဆင်းလာသည့် အစက်လေးတစ်စက်မျှသာ ဖြစ်သည်။

"ပလုံ"

ကြီးမားသော ရေပက်ဖြန်းသံသည် ပန်းပွင့်အပြည့်အဝ ပွင့်လန်းနေသော ကြာပန်းတစ်ပွင့်နှင့် တူသည်။

ရေမျက်နှာပြင်ပေါ် ပြန်ပေါ်လာပြီးနောက် ယီယွင် ကြုံတွေ့ခဲ့ရသော ရေဖိအားမှာ ကြီးမားလှသည်။ ထိုရေဖိအားက သူ့ခန္ဓာကိုယ်နှင့် အတွင်းအင်္ဂါများကို ဆွဲညှစ်နေသည်။ ၎င်းသည် ယီယွင်၏ ခန္ဓာကိုယ်ကို သံမှိုပေါ်တင်ကာ တူဖြင့်ထုသကဲ့သို့ ခံစားရစေသည်။

ဤပြင်းထန်သော ထိုးနှက်မှုက ယီယွင်၏ ကြွက်သားများကို ပြေလျော့စေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြီးအကျယ် နာကျင်စေသော်လည်း မယုံနိုင်လောက်အောင် သက်သောင့်သက်သာ ဖြစ်စေသည်ဟု ခံစားရဆဲဖြစ်သည်။

ယီယွင်သည် အသက်အောင့်ကာ ရေအောက်သို့ တန်းတန်းမတ်မတ် ငုပ်ချလိုက်သည်။

သူ့ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်‌နေဆဲဖြစ်သည်။ အေးခဲနေသော ရေထဲသို့ နက်နက်ရှိုင်းရှိုင်း ဆင်းသွားလေလေ၊ ပိုမိုသက်သောင့်သက်သာ ခံစားရလေလေဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူ ယခင်က တစ်ခါမျှ မရောက်ဖူးသော ရေအနက်သို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့သည်။

နောက်ဆုံးမှာတော့ ယီယွင်...

အောက်ခြေအထိသို့ ရောက်ရှိသွားသည်။

ယီယွင်သည် ရေအိုင်၏ အောက်ဆုံးသို့ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ရေအိုင်၏ အောက်ခြေတွင် သန့်ရှင်း စင်ကြယ်သော သဲများရှိသည်။ ထိုသဲများသည် ပွတ်တိုက်ထားသော ကျောက်စိမ်းကဲ့သို့ ဖြစ်နေသည်။ ယီယွင်သည် ခန္ဓာကိုယ်ကို သန္ဓေသားအနေအထားအတိုင်း ကွေးကာ ရေအိုင်အောက်ခြေတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသကဲ့သို့ ဖြစ်နေသည်။

သူသည် အချိန်သဘောတရားကို မေ့လျော့သွားသကဲ့သို့ ဖြစ်နေသည်။ မည်မျှကြာသွားသည်မသိသော အချိန်ကာလတစ်ခုကြာပြီးနောက် ယီယွင်သည် သူ့နှလုံးသားတွင် အေးမြသော ခံစားမှုကို ခံစားလိုက်ရသည်။ ထိုအေးမြမှုသည် ယီယွင်ကို အသက်မရှူနိုင်သော်လည်း မွန်းကျပ်ခြင်းမှ ကာကွယ်ပေးခဲ့သည်။

ယီယွင်သွေးကြောများထဲမှ အပူများသည် အေးခဲသောရေကြောင့် စတင်အေးလာသည်။ ရေသည် ယီယွင်၏ အတွင်းအင်္ဂါများပေါ်သို့ ဖိအားဆက်လက်ပေးနေသည်...

ယီယွင်သည် မိခင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။ သူသည် မိခင်ဝမ်းထဲရှိ ကလေးငယ်တစ်ဦးကဲ့သို့ ပြင်ပကမ္ဘာမှ ပြတ်တောက်သွားသည်ဟု ခံစားရသည်...

ယီယွင် ခန္ဓာကိုယ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားနေဆဲဖြစ်သည်။ ယီယွင်၏ တစ်ခုတည်းသော အတွေးမှာ ထိုစွမ်းအင်ကို တတ်နိုင်သမျှ မြန်မြန်ချေဖျက်ရန်ဖြစ်သည်။ မဟုတ်ပါက သူ့သွေးကြောများ ပေါက်ထွက်ကာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်သည်။

သုညဒီဂရီဆဲလ်စီးယပ်စ်နီးပါးရှိသော ရေအိုင်တွင် ယီယွင်၏ ခန္ဓာကိုယ်အပူချိန်သည် လျင်မြန်စွာ ကျဆင်းလာသည်။ ရေခဲအမှတ်၌ရှိသော ရေထဲတွင် လူတစ်ဦးသည် အိပ်မပျော်သ၍ မသေနိုင်ပေ။ သို့သော် ထိုရေဖြင့် ထိတွေ့ရသောအခါ လူတစ်ဦးလုံး လုံးဝအေးခဲသွားရန် ဆယ်မိနစ်ပင် ကြာမည်မဟုတ်ပေ။

အပူချိန်နိမ့်ခြင်း၊ ဖိအားမြင့်မားခြင်းနှင့် အောက်ဆီဂျင်မရှိခြင်းတို့သည် ကြမ်းတမ်းသော ပတ်ဝန်းကျင်ဖြစ်သည်။ ၎င်းသည် ယီယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ပျက်ဆီးခြင်းအရိုးစွမ်းအင်ကို အမြန်ဆုံးအသုံချရန်အကောင်းဆုံးဖြစ်သည်။ ယီယွင်ခန္ဓာကိုယ်က စွမ်းအင်ကို သုံးလိုက်သည်နှင့်အမျှ သူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံသည် တိုးတက်လာပြီး အရိုးခြင်ဆီသန့်စင်ခြင်းကိုလည်း ပြုလုပ်နေသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ရေအောက်တွင် တိတ်ဆိတ်နေခဲ့သည်။ ရေအိုင်ထဲတွင် အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိပေ။ ယီယွင်သည် လုံးဝလွတ်လပ်သော လေဟာနယ်-အချိန်အတိုင်းအတာတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။ ဤအတိုင်းအတာအတွင်းတွင် သူသည် နှေးကွေးသော်လည်း သူ့နှလုံးခုန်သံကို ပြန်ကြားနေရသည်။

"ဒုံး ဒုံး ဒုံး"

တစ်ဖန်ပြီးတစ်ဖန်၊ စည်းချက်ကျကျ မြည်ဟည်းနေသည်။

ဖြည်းဖြည်းချင်း၊ ယီယွင်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ဖြစ်နေသည်။ သူ၏ နောက်ဆုံးအတွေးသည် သူ့စိတ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ယီယွင်သည် အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။

နက်ရှိုင်းစွာ ရေငုပ်နေစဉ် သတိလစ်သွားသော လူတစ်ဦးသည် သေဆုံးရန် ရှိတော့သည်။

“ညဏ်အလင်းပွင့်သော အခြေအနေ- ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ ဟာလာဟင်းလင်းမရှိ၊ ငါမရှိ”

ယီယွင်သည် သတိလစ်သွားသော်လည်း သူ့ရင်ဘတ်ရှိ ခရမ်းရောင်သလင်းကျောက်သည် ဖြည်းညင်းစွာ ခုန်နေပြီး ယီယွင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ စွမ်းအင်များ ပေးပို့နေသည်။

ယီယွင်သည် ညဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏ ဆဲလ်တိုင်းသည် အအေးဒဏ်ကို တိုက်ဖျက်ရန်နှင့် အန္တရာယ်ရှိသော ဖိအားကို ခုခံရန်အတွက် ပျက်ဆီးခြင်း အရိုးစွမ်းအင်ကို စုပ်ယူနေသည်။

အမှန်အားဖြင့်၊ "နဂါးနံရိုးကျားအရိုးလက်သီး" ကဲ့သို့သော ထိပ်တန်းစွမ်းရည်ပင်လျှင် အသားနှင့်သွေးတိုင်းကို လေ့ကျင့်ပေးနိုင်ခြင်းမရှိပေ။ "ကျားရိုင်းတောင်ဆင်း" ဖြစ်စေ၊ "တိမ်ကိုးလွှာနဂါး" ဖြစ်စေ၊ ခန္ဓာကိုယ်၏ ယို့ယွင်းသော အစိတ်အပိုင်းများ ရှိနေဦးမည်ဖြစ်သည်။

ထိုယို့ယွင်းသွားသည့်နေရာတိုင်းသည် စစ်သည်တော်၏ အားနည်းချက် ဖြစ်လာမည်ဖြစ်သည်။

"ရေပြင်ကျယ်နဂါးအက" တစ်ခုတည်းသော အနေအထားသည် ကြီးမားသောရေဖိအားကို အသုံးပြု၍ စစ်သည်တော်တစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ကျင့်စဉ်အရ လေ့ကျင့်ပေးနိုင်သည်။

သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တစ်ခုရှိသည်။ "ရေပြင်ကျယ်နဂါးအက" ကို အစွန်းရောက်အောင် ကျင့်ကြံနိုင်သူများစွာ မရှိပေ။

အသွေးနှင့်အသားတိုင်းကို သန့်စင်နိုင်ရန်အတွက် ညဏ်အလင်းပွင့်သောစိတ်အခြေအနေသို့ ဝင်ရောက်ရမည်၊ သို့မဟုတ် လူတစ်ဦး၏ ခန္ဓာကိုယ်သည် စိတ်၏ စည်းမျဉ်းများကို လက်ခံရလိမ့်မည်။ ဤအရာသည် အများဆုံးအသုံးပြုသော သန်မာသည့် အတွင်းအင်္ဂါများကို သတိရှိရှိ အသုံးပြုလိမ့်မည်။ ဥပမာအားဖြင့်၊ လူတစ်ဦးသည် ကျောက်တုံးကြီးတစ်ခုကို တွန်းသည့်အခါ ၎င်းတို့သည် လက်များက မသိစိတ်က အသုံးပြုကာ တွန်းအားကို ဖြစ်ပေါ်‌စေလိမ့်မည်ဖြစ်သည်။

မိမိ၏ စိတ်ကို ဖြေလျော့ပေးခြင်းဖြင့်သာ ဆဲလ်တိုင်းသည် ဖိအားနှင့် အအေးဒဏ်ကို သဘာဝအတိုင်း တွန်းလှန်နိုင်သည်။ ထိုအခါမှသာ ခန္ဓာကိုယ်ကို လုံးဝသန့်စင်နိုင်သည်။ ထိုသို့သော အခြေအနေအောက်တွင် လူတစ်ဦး၏ ခန္ဓာကိုယ်သည် ၎င်း၏ ဗီဇအတိုင်း လိုက်နာလိမ့်မည်။ ဤအခြေအနေသည် "ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ ဟာလာဟင်းလင်းမရှိ၊ ငါမရှိ" ဟူသော သဘောတရားပင်ဖြစ်သည်။

ဤအခြေအနေသို့ ဝင်ရောက်နိုင်ရန်မှာ အလွန်ခက်ခဲသည်။ နက်ရှိုင်းသောရေထဲတွင် ထိုသို့လုပ်ဆောင်ရန် ပို၍ပင် ခက်ခဲသည်၊ အဘယ်ကြောင့်ဆိုသော် သတိလစ်သွားခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့် ဖြစ်သည်။

ယီယွင်သည် သတိလစ်သွားသော်လည်း ခရမ်းရောင်သလင်းကျောက်သည် ယီယွင်၏ သွေး‌ကြောမှတစ်ဆင့် စွမ်းအင်များကို ဖြန့်ဝေပေးနေသည်။ ယီယွင်၏ ဦးနှောက်၊ သွေးကြောများနှင့် အတွင်းအင်္ဂါများသည် သလင်းကျောက်၏စွမ်းအင်ဖြင့် လည့်ပတ်နေသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်သည် အသက်ရှူရန် လိုအပ်သည် အကြောင်းမှာ ခန္ဓာကိုယ်သည် အသက်ရှူခြင်းဖြင့် စွမ်းအင်များကို ထုတ်လွှတ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ သို့သော် ခရမ်းရောင်သလင်းကျောက်မူလက စွမ်းအင်များ ပံ့ပိုးပေးနေသဖြင့် အောက်ဆီဂျင် မလိုအပ်တော့ပေ။

ဤအခြေအနေတွင် ယီယွင်သည် ရေအောက်တွင် တစ်နေ့လုံး တစ်ညလုံး မသိစိတ်ဖြင့် ကုန်ဆုံးခဲ့သည်။

ယီယွင်၏ အရိုးများ၊ အတွင်းအင်္ဂါများနှင့် ဆဲလ်များအားလုံးသည် ရုတ်တရက် အသက်ဝင်လာသည်။ ၎င်းတို့သည် ကိုယ်ပိုင်သတိစိတ်များ ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေသည်။

နောက်နေ့ မနက်ခင်းတွင် ယီယွင် ဖြည်းညင်းစွာ ရေပေါ်သို့ ပေါ်တက်လာသည်။ ရေနစ်သေဆုံးသူတစ်ဦး၏ အလောင်း ရေပေါ်ပေါ်လာသကဲ့သို့ ဖြစ်နေသည်...

တိမ်တိုက်ရိုင်းနယ်မြေသည် တိုင်အာ နတ်ဘုရားနိုင်ငံတော်၏ တောရိုင်းနယ်မြေ နှစ်ဆယ့်လေးခုအနက်မှ တစ်ခုဖြစ်သည်။ မျိုးနွယ်ကြီးများက ကာကွယ်ထားသော မြေများမှလွဲ၍ တောကြီးထဲတွင် လူသွားလူလာ နည်းပါးသည်။

တိမ်တိုက်ရိုင်းတယ်‌မြေထဲတွင် လူများ စုဝေးသွားလာသော မြေများမှလွဲ၍ "ပျက်စီးခြင်းနယ်မြေများ" ဟု လူသိများသော နောက်ထပ်နေရာတစ်ခု ရှိသေးသည်။

ပျက်စီးခြင်းနယ်မြေတွင် ပျက်စီးခြင်းစွမ်းအားများ ပြည့်နှက်နေသည်။ အမှန်တကယ် သန်မာသော တောတွင်းသားရဲများကိုမူ "ပျက်စီးခြင်းနယ်မြေ" ၏ အလယ်ဗဟိုတွင်သာ တွေ့ရသည်။

သာမာန် စစ်သည်တော်တစ်ဦးသည် ထိုနယ်မြေများသို့ ဝင်ရောက်ပါက သေဆုံးမည်မှာ သေချာသည်။

သို့သော်... ထိုအချိန်တွင် တိမ်တိုက်ရိုင်းမြေ၏ "ပျက်စီးခြင်းနယ်မြေ" နယ်နိမိတ်တစ်လျှောက်တွင် အဘိုးအိုတစ်ဦးနှင့် မိန်းမငယ်တစ်ဦး ပေါ်လာသည်။

အဘိုးအိုမှာ အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်သည် ဝဖြိုးပြီး နီမြန်းသော အသားအရေရှိသည်။ သူ၏ မျက်လုံးများမှာ သေးငယ်ပြီး ရုပ်ဆိုးဆိုး ဖြစ်နေသည်။

သူ့ဘေးရှိ မိန်းကလေးငယ်မှာမူ ပိန်သွယ်သော ကိုယ်ဟန်ရှိသည်။ သူမသည် ဆယ့်ခုနစ်နှစ်အရွယ်ဟု ထင်ရသည်။ သူမ၏ မျက်ခုံးများသည် ပိန်သွယ်သော မျက်လုံးများအပေါ်တွင် ကွေးညွတ်နေသည်။ ထိုမျက်လုံးများအတွင်းတွင် စမ်းရေကဲ့သို့ ကြည်လင်သော မျက်၀န်းငယ်တစ်စုံရှိသည်။အလွန်ပင် ကြည်လင်လှသည်။

ထိုမိန်းမပျို‌လေးသည် ပိတ်ချည်ထည် အဝတ်အစားတစ်စုံကို ဝတ်ဆင်ထားသည်။ ကြမ်းတမ်းသော အင်္ကျီလက်ရှည်အောက်တွင် ကြာစွယ်ကဲ့သို့ ဖြူဖွေးသော လက်မောင်းကို မြင်နိုင်သည်။

မိန်းမပျိုသည် နူးညံ့ဖြူဖွေးသော အသားအရေရှိပြီး သွေးကြောမျှင်များ ပါးပါးလေး ပေါ်နေသည်။

ထိုသို့သော အသားအရေဖြူဖွေးခြင်းနှင့် နီရဲခြင်းတို့ သူနေရာသူ ကြည့်ကောင်းလှသည်။ ၎င်းသည် ကျန်းမာရေး၏ သင်္ကေတလည်း ဖြစ်သည်။ သို့သော် ဤမိန်းကလေး၏ အသားအရေသည် ဖြူဖွေ အားနည်း နေပုံပေါ်‌ သော်လည်း မျက်စိ‌ရှေ့မြင်ကွင်းမှာ ထိုသို့ မဟုတ်ပေ။

မိန်းကလေးငယ်၏ ကျောက်စိမ်းကဲ့သို့ လက်များသည် သွေးများဖြင့် နီရဲနေသည်။ မိန်းကလေးငယ်၏ ရှေ့တွင် နွားတစ်ကောင်အရွယ် သေဆုံးနေသော တောတွင်းသားရဲတစ်ကောင် ရှိ‌နေသည်။မိန်းမပျိုလေးက ထို သားရဲကို တစ်ဦးတည်း သတ်ဖြတ်ခဲ့ပုံရသည်။

All Chapters