← Chapters

အမျိုးသမီး ကောင်းကင်စစ်သည်တော်ဆရာသခင်

Vol. 3 Ch. 44

အမျိုးသမီး ကောင်းကင်စစ်သည်တော်ဆရာသခင်

Vol. 3 Ch. 44

“ဆရာ၊ ကျွန်မတို့ကို အနောက်မြောက်ဘက် နတ်ဘုရားတောထဲမှာရှိတဲ့ တောတွင်းသားရဲတွေကို သွားသတ်မယ်လို့ မပြောခဲ့တာမလား။ ဘာလို့ တိမ်တိုက်ရိုင်း‌နယ်‌မြေကို ရောက်လာရလဲ။တိမ်တိုက်ရိုင်း‌နယ်‌မြေက ကျတ်တီးမြေကြီးကို၊ အစွမ်းထက်တဲ့ တောတွင်းသားရဲတွေ ရှိမှာမဟုတ်ဘူး” မိန်းမပျိုလေးက ချိုမြိန်နူးညံ့သော အသံလေးနှင့် ပြောလိုက်သည်။

“အနောက်မြောက်ဘက် နတ်ဘုရားတောကြီး... သြော်။ မင်းက ယင်သွေးကြောတွေနဲ့ မွေးလာတာဆိုတော့ ကိုယ်ကာယအား နည်းတယ်။ အနောက်မြောက်ဘက် နတ်ဘုရားတောကြီးထဲမှာ လှည့်လည်ကျက်စားနေတဲ့ အဆင့်မြင့် တောတွင်းသားရဲတချို့ ရှိတယ်။ မင်းအတွက် သူတို့ကို တိုက်ခိုက်အမဲလိုက်တာ ခက်ခဲလိမ့်မယ်”ဟုပြောပြီး အကြီးအကဲက ခေါင်းယမ်းလိုက်သည်။

“ကောင်းပြီ၊ ရှင်းထုံ၊ ဒီအဆင့် ၆ သားရဲကြီးကို ပျက်ဆီးခြင်းအရိုးတွင်းခြင်ဆီအဖြစ် ပြုပြင်ဖို့ မင်းကို အချိန်ဆယ့်ငါးမိနစ် ပေးမယ်။ အရင်က ပြောခဲ့ဖူးသလိုပဲ၊ ဒါက မင်းကို အတွေ့အကြုံပေးဖို့ပဲ။ မင်းရဲ့အသက်အန္တရာယ် မရှိသ၍ ငါဝင်မကူဘူး၊” အကြီးအကဲ စကားဆုံးတော့ သူက ကျောက်တုံးကြီးတစ်ခုပေါ်မှာ ထိုင်ပြီး ရှုခင်းတွေကို ကြည့်ရှုနေသည်။

မိန်းမပျို‌လေးက ခေါင်းညိတ်လိုက်ပြီး သူမ အင်္ကျီလက်ကို ပင့်တင်လိုက်ကာ ကြေးနီပြားတစ်ချပ်ကို ထုတ်လိုက်သည်။ ကြေးနီပြားတွင် များပြားလှသော အင်းစာများ ရေးထိုးထားသည်။ ကြေးပြားပေါ်လာသည်နှင့် ကောင်းကင်သို့ ပျံတက်သွားပြီး အရွယ်အစားကြီးလာသည်။ မကြာမီပင် ထို‌ကြေးပြားသည် အိမ်တစ်လုံးအရွယ်ခန့်အထိ ရှိလာသည်။ ထို့နောက် အဆင့် ၆ သားရဲကြီးကို ကြေးပြားက စုပ်ယူလိုက်ပြီး မျက်စိစူးလောက်အောင် ၀င်းလက်သော အလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။

အဖြူရောင်အလင်းထဲတွင် သားရဲ၏ အလောင်းသည် မီးလောင်သွားသကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ အသားများ အရည်ပျော်ပြီး သွေးမှရရှိသော အနှစ်သာရများနှင့်အတူ အရိုးများထဲသို့ စိမ့်ဝင်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းတွင် ထိုသားရဲသည် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားသည်။ နောက်ထပ် စက္ကန့်အနည်းငယ်ကြာပြီးနောက် အရိုးစုသည်လည်း အရည်ပျော်ကာ ပေါင်းစပ်သွားသည်...

ဤသို့ဖြစ်နေစဉ် မိန်းကလေး၏ လက်ချောင်းများကို ချိတ်ဆက်ကာ အမှတ်အသားတစ်ခု ဖန်တီးခဲ့သည်။ သူမ၏ လက်ချောင်းများသည် ရှည်လျားပြီး အမှတ်အသားပြုလုပ်ရာတွင် လျင်မြန်သော လှုပ်ရှားမှုများကြောင့် လက်ချောင်းအရိပ်များ ရောထွေးနေလျှက်ရှိသည်။ သူမထံမှ အမှတ်အသားကျိန်စာများ အဆက်မပြတ် ထွက်လာကာ ကြေးပြားထဲသို့ ပျံဝင်သွားပြီး သားရဲ၏ အရိုးများနှင့် ပေါင်းစပ်သွားသည်။

အချိန်ဆယ့်ငါးမိနစ်ပင် မပြည့်မီ၊ သားရဲ၏ အရိုးများအားလုံး လုံးဝအရည်ပျော်သွားပြီး နောက်ဆုံးတွင် စိမ်းပြာရောင် ပဲစေ့အရွယ် အရိုးတွင်းခြင်ဆီလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ လျှိုင်ချမ်းယုသာ ဤမြင်ကွင်းကို မြင်ခဲ့ပါက အံ့အားသင့်စွာဖြင့် အော်ဟစ်မိလိမ့်မည်။

“ကောင်းကင်စစ်သည်တော်” မိန်းမပျိုလေးသည် ကောင်းကင်စစ်သည်တော်တစ်ဦး ဖြစ်သည်။ ထိုမိန်းမပျိုလေးက အဆင့် ၆ သားရဲတစ်ကောင်ကို ဆယ့်ငါးမိနစ် မပြည့်မီအချိန်အတွင်း ရိုးတွင်းခြင်ဆီထုတ်ယူနိုင်သည် အထိ ကြောက်မက်ဖွယ်စွမ်းရည်ရှိသည်။ ထိုမိန်းမပျိုလေးသာ ဆန္ဒရှိပါက လျှိုင်မျိုးနွယ်စု၏ နှင်းခဲမြွေဆိုးအဆိပ် တောတွင်းသားရဲအရိုးများကို ပြုပြင်ခြင်းသည် လွယ်ကူသော အရာတစ်ခုသာ ဖြစ်လိမ့်မည်။

အရိုးတွင်းခြင်ဆီလေးသည် မိန်းကလေး၏ လက်ဖဝါးထဲသို့ ကျရောက်လာသည်။ သူမသည် အရိုးခြင်ဆီကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သူမသည် ကျေနပ်ခြင်းမရှိသည်မှာ ထင်ရှားသည်။ “ခုနကထက်တော့ မသေးလောက်ပါဘူး” မိန်းကလေးက ခေါင်းယမ်းလိုက်သည်။ သူမ၏ ရည်မှန်းချက်မှာ အဆင့်ခြောက် သားရဲကြီးကို ဆယ့်ငါးမိနစ်အတွင်း ဆန်စေ့အရွယ်အထိ လျော့ချနိုင်ရန်ဖြစ်သည်။ ရလဒ်ကို ကြည့်လျှင် သူမသည် ရည်မှန်းချက်နှင့် ဝေးနေသေးကြောင်း ထင်ရှားသည်။

“ရှင်းထုံ၊ စိတ်မပူနဲ့။ မင်းက ငါနှစ်ပေါင်းများစွာ လောကကို လျှောက်သွားခဲ့တာမှာ မြင်ဖူးသမျှထဲ အရည်အချင်းအရှိဆုံး ကောင်းကင်စစ်သည်တော်ပဲ၊ ကံဆိုးတာကတော့...” အကြီးအကဲက သက်ပြင်းချရင်း ပြောလိုက်သည်။ အဆင့်ခြောက် သားရဲကြီးကို ဆယ့်ငါးမိနစ်အတွင်း ဆန်စေ့အရွယ် ခြင်ဆီတစ်ခုအဖြစ် လျော့ချနိုင်ခြင်းသည် သူဆယ့်ခုနစ်နှစ်သားတွင် လုပ်နိုင်ခဲ့ခြင်းမဟုတ်ပေ။

ရှင်းထုံအမည်ရှိ မိန်းကလေးတွင် ယင်သွေးကြောများ ရှိနေခြင်းက ဝမ်းနည်းစရာပင်။ သူမ၏ အသားအရေ ဖြူဖျော့နေခြင်းမှာ ယင်သွေးကြောများကြောင့်ဖြစ်သည်။ ယင်သွေးကြောများ ရှိခြင်းသည် အလွန်ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ ၎င်းသည် အမျိုးသမီးများတွင်သာ ဖြစ်ပေါ်နိုင်သည့် နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်။

ယင်သွေးကြောများရှိသော မိန်းကလေးသည် အအေးဒဏ်ကို မခံနိုင်ပေ။

နွေရာသီတွင်ပင် သူမသည် ကုတ်အင်္ကျီ ဝတ်ဆင်ရမည်။ ယင်သွေးကြောများရှိသော သာမန်လူတစ်ဦးသည် အများဆုံး ဆယ့်ရှစ်နှစ်အထိသာ အသက်ရှင်နိုင်ပြီးနောက် နှစ်ရက် သုံးရက်ခန့် အိပ်စက်ခြင်းသို့ ကျရောက်သွားမည်။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ပိုမိုကြာရှည်စွာနှင့် မကြာခဏ အိပ်စက်လိမ့်မည်။ အိပ်စက်ခြင်း တစ်ကြိမ်လျှင် တစ်နှစ်နီးပါး ကြာမြင့်သည်အထိပင် ဖြစ်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်၏ အသက်ဓာတ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သေဆုံးခြင်းသို့ ဦးတည်သွားမည်ဖြစ်သည်။

သို့သော် ရှင်းထုံသည် ရှေးဟောင်းအမွေအနှစ်ရှိသော လင်မျိုးနွယ်စုတွင် မွေးဖွားခဲ့သည်။ လင်မျိုးနွယ်စု၏ အထောက်အပံ့ဖြင့် သူမသည် မီးဓာတ် တောတွင်းသားရဲသတ္တ၀ါများကို စားသုံးနိုင်ခဲ့သည်။ မီးဓာတ်အမွေအနှစ်များ၏ သန့်စင်သော ယန်စွမ်းအင်ဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်ကို တိုက်ထုတ်နိုင်ခဲ့သည်။

အသက်ရှည်စွာ နေထိုင်ခြင်းသည် ပြဿနာမဟုတ်သော်လည်း ကျင့်ကြံခြင်းအတွက်မူ ကွဲပြားသော ကိစ္စဖြစ်သည်။ ယင်သွေးကြောများဖြင့် မွေးဖွားလာသူတစ်ဦးသည် သွေးကြောနယ်ပယ်တွင် သူ၏သွေးကြောများကို လုံးဝဖွင့်လှစ်နိုင်မည်မဟုတ်ပေ။ သွေးကြောနယ်ပယ်မှ အန္တရာယ်ဖြစ်လာနိုင်သည်။ ပိုမိုမြင့်မားသော နယ်ပယ်သို့ ကျင့်ကြံရန်လည်း ပိုမိုခက်ခဲပြီး မြင့်မားလေလေ ပိုခက်ခဲလေလေဖြစ်သည်။ နောက်ဆုံးတွင် အခက်အခဲနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ယင်သွေးကြောများရှိခြင်းသည် ကျိန်စာတစ်ခုဖြစ်သော်လည်း အမြဲတမ်းခြွင်းချက်များ ရှိခဲ့သည်။ ရှေးခေတ်က ယင်သွေးကြောများရှိခဲ့သော လူသားဧကရီတစ်ပါးအကြောင်း ဒဏ္ဍာရီများက ပြဆိုထားသည်။ သူမသည် သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် သူမ၏ သွေးကြောများကို ပြန်လည်ဆက်သွယ်ခဲ့သည်။ ယင်သွေးကြောများ ပြန်လည်ချိတ်ဆက်မိသောအခါ အမျိုးအစားမသိသော အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်လိမ့်မည်။ သို့သော် ၎င်းကို သမိုင်းစာအုပ်များတွင် အသေးစိတ် မှတ်တမ်းတင်ထားခြင်း မရှိပေ။

လင်ရှင်းထုံ၏ ဆရာမှာ ထိုခပ်၀၀ အကြီးအကဲဖြစ်သည်။ သူသည် လင်ရှင်းထုံ၏ ပြတ်တောက်နေသော သွေးကြောများကို ပြန်လည်ဆက်သွယ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ကောင်းကင်စစ်သည်တော်ကျန်ရစ်ခဲ့သော ရှေးဟောင်းနည်းလမ်းများမှာ တစ်ခုမျှ အောင်မြင်ခဲ့ခြင်းမရှိပေ။

ထိုရှေးဟောင်းနည်းလမ်းများသည် နက်နဲပြီး မရေရာလှ‌ပေ။ ပါဝင်ပစ္စည်းများဖြစ်စေ၊ သန့်စင်မှုနည်းစနစ်များဖြစ်စေ၊ အကြီးအကဲအတွက် အလွန်ရှုပ်ထွေးလှသဖြင့် အလွန်ဆိုးရွားသော ရလဒ်များသာ ထွက်ပေါ်ခဲ့သည်။ ခပ်၀၀ အကြီးအကဲသည် သူ၏တပည့်မကို ဂရုစိုက်ပြီး ကျယ်ပြောလှသော တောကြီးထဲတွင် လှည့်လည်သွားလာရင်း နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သော်လည်း အကျိုးမရှိခဲ့ပေ။

“ဆရာ၊ သက်ပြင်းမချပါနဲ့။ ကျွန်မမှာ ယင်သွေးကြောတွေရှိပေမယ့် မီးဓာတ်သားရဲအရိုးခြင်ဆီနဲ့ဆို အနည်းဆုံး အနှစ်သုံးရာလောက် အသက်ရှင်နိုင်ပါတယ်။ တခြားသာမန်လူတွေထက် အများကြီး ပိုပြီး ကံကောင်းပါတယ်” ရှေးဟောင်းအမွေအနှစ်ရှိတဲ့ မျိုးနွယ်စုက မွေးဖွားလာတဲ့ မိန်းကလေးဟာ သူမရဲ့ ထမင်းနပ်မှန်ဖို့ စိတ်ပူစရာမလိုခဲ့ပေ။

ဘဏ္ဍာပစ္စည်းအမျိုးမျိုးကိုလည်း မြင်ဖူးခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ တောကြီးထဲမှာ လှည့်လည်သွားလာခဲ့တဲ့ အတွေ့အကြုံက သူမအား လောက၏အခက်အခဲများကို သင်ပေးခဲ့သည်။ သာမန်လူတွေ ဒီလောကမှာ ဘယ်လိုရုန်းကန်ရလဲဆိုတာ သူမသိသည်။ ထိုကြောင့် သူမကို သနားကြင်နာစိတ် ဖြစ်စေခဲ့သည်။။ တကယ်တမ်းတွင် သူမမှာ ယင်သွေးကြောများ ရှိနေသော်လည်း သာမန်လူထောင်ပေါင်းများစွာထပ် ပိုပြီး ကံကောင်းခဲ့သည်။

မိန်းမပျိုလေးသည် သူမ စောစောက ပြုပြင်ပြီးစီးသော အရိုးခြင်ဆီလေးကို မျိုချလိုက်သည်။ သားရဲကြီးများမှ ပြုပြင်ထားသော အရိုးခြင်ဆီများသည် တောတွင်းသားရဲအရိုးခြင်ဆီထက် အရည်အသွေးညံ့သည်။ သို့သော် တောတွင်းသားရဲအရိုးခြင်ဆီများကို စားသုံးသည့် စစ်သည်တော် အနည်းငယ်သာ ရှိသည်။ သားရဲအရိုးခြင်ဆီများကို စားသုံးခြင်းသည် အာဟာရဓာတ်လုံလောက်သည်၊ အဘယ်ကြောင့်ဆိုသော် တောတွင်းသားရဲအရိုး ခြင်ဆီတစ်ခုကို ပြုပြင်ရန် အချိန်ကြာမြင့်သောကြောင့်ဖြစ်သည်။

“ရှေ့ဆက်သွားရင် လျှိုင်မျိုးနွယ်စု နယ်မြေထဲကို ရောက်တော့မယ်။ အင်း.. ဒီလျှိုင်မျိုးနွယ်စုက အိမ်ထောင်စု တစ်ထောင်အောက်ပဲရှိတဲ့ မျိုးနွယ်စုငယ်လေးပဲ။ တကယ်တမ်းတော့ ဝင်စရာမလိုပါဘူး” ဟု ခပ်၀၀ အကြီးအကဲက သားရေဖြင့်လုပ်ထားသော မြေပုံတစ်ခုကို ထုတ်ရင်း ပြောလိုက်သည်။ သူသည် မြေပုံကို ဖြန့်ချလိုက်ပြီး ကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်- “ဒီမြေပုံက တိုင်အာ နတ်ဘုရားနိုင်ငံတော်ရဲ့ ကျင်းလုံ‌ဝေ့အဖွဲ့ကြောင့်ပဲ။ သူတို့က မြေပုံအသစ်တစ်ခု ဖန်တီးခဲ့ခြင်းဖြစ်သည်။ မူလက တိမ်တိုက်ရိုင်းနယ်‌မြေ၏ မြေပုံမှာ နှစ်ရှစ်ရာအတွင်း မွမ်းမံထားတာ မရှိပေ။ မျိုးနွယ်စုငယ်လေးတွေ အများကြီး နေရာပြောင်းသွားခဲ့ကြသည်။ မြေပုံဟောင်းတွင် ထိုညွှန်ပြချက်များ အကုန်ပါမည်မဟုတ်ပေ။

လင်ရှင်းထုံသည် သူမ၏ဆရာ၏ မြေပုံကို ကြည့်လိုက်သည်။ သူမစိတ်အတွင်း၌ သံသယစိတ်များ ပေါ်လာသည်။တိမ်တိုက်ရိုင်းနယ်‌မြေ၏ မြေပုံဆွဲခြင်းသည် အကျိုးမရှိသော အလုပ်တစ်ခုဖြစ်သည်။ ထိုမျိုးနွယ်စုငယ်လေးများသည် ဂင်္ဂါမြစ်ငါးသွယ် အောက်ခြေရှိသဲများကဲ့သို့ များပြားလှသည်။

မည်သည့်မျိုးနွယ်စုက ပျက်စီးပြီး အသစ်တစ်ခု မွေးဖွားလာမည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုသို့ အသေးစိတ်မြေပုံတစ်ခုကို ဆွဲရန် ကြိုးစားအားထုတ်မှု အများကြီး လိုအပ်သော်လည်း နောက်ထပ်နှစ်တစ်ရာခန့်ကြာလျှင် အသုံးမဝင်တော့ပေ။

တိုင်အာ နတ်ဘုရားနိုင်ငံတော်၏ တိမ်တိုက်ရိုင်းနယ်‌မြေထဲရှိ မကြာသေးမီက ဖြစ်ပျက်နေသော ကိစ္စများနှင့် ချိတ်ဆက်ကာ လင်ရှင်းထုံက မေးလိုက်သည်- “ဆရာ၊ ကျွန်မတို့ ဘာလို့ အဝေးကနေ ဒီတိမ်တိုက်ရိုင်းနယ်မြေကို တမင်တကာ ခရီးထွက်လာရတာလဲ။ နောက်ပြီး၊ တိုင်အာ နတ်ဘုရားနိုင်ငံတော်က ကျင်းလုံဝေ့အဖွဲ့ကို ဒီကို စေလွှတ်ပြီး မကြာမီ ဒီနယ်‌မြေမှာ စစ်သည်တော်ရွေးချယ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ကျွန်မကြားတယ်။ ကျယ်ပြောလှတဲ့ တောကြီးထဲမှာ စစ်သည်တော်ရွေးချယ်ပွဲ ကျင်းပဖို့ အားထုတ်မှု အများကြီး လိုအပ်တယ်၊ ဒါဆို တိုင်အာ နတ်ဘုရားနိုင်ငံတော်က ဘာလို့ ဒီလိုလုပ်တာလဲ”

“ကျွန်မတို့ ဒီကိုရောက်လာတာက တိုင်အာ နတ်ဘုရားနိုင်ငံတော်ရဲ့ ရွေးချယ်မှုနဲ့ ဆက်စပ်နေတာလား”

All Chapters