← Chapters

ပညာရှင် တစ်ဦး ဖြစ်လိုသည်

Vol. 5 Ch. 61

ပညာရှင် တစ်ဦး ဖြစ်လိုသည်

Vol. 5 Ch. 61

ကျန်းရှောင်ယု အိပ်ပျော်သွားသည်မှာ သေချာပြီးနောက် ယီယွင်သည် သူ၏ လက်ကို တိတ်တဆိတ် ဖယ်လိုက်သည်။ ကျန်းရှောင်ယု အိပ်ပျော်နေသည့် အချိန်၌ပင် ယီယွင်သည် အနားယူခြင်း မရှိပေ။ ချီလင်းသားရဲ၏ ဦးခေါင်းမှ စွမ်းအင်ကို စုပ်ယူရန် ယီယွင်သည် သူ၏ ခန္ဓာကိုယ်ရှိ ခရမ်းရောင် သလင်းကျောက်ကို အသုံးပြုခဲ့သည်။

ချီလင်းသားရဲသည် ပျက်စီးခြင်းသားရဲ တစ်ကောင် ဖြစ်သည်။ ယီယွင်သည် သွေးကြောနယ်ပယ်သို့ ဝင်ရောက်ရန် အအေး စပါးအုံ ပျက်စီးခြင်းအရိုးမှ စွမ်းအင်ကို စုပ်ယူခဲ့သည်။ သို့သော် သူသည် အတွေ့အကြုံ နည်းပါးမှုကြောင့် စွမ်းအင်များစွာကို စုပ်ယူမိသွားသည်။ ထို့ကြောင့် သူ၏ သွေးကြောများမှာ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။

ဤအခေါက်တွင်တော့ ယီယွင် သိနေပြီ ဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်ဝင်ရောက်မှုကို ဂရုတစိုက် ထိန်းချုပ်ခဲ့ပြီး ချီလင်းသားရဲ၏ ဦးခေါင်းမှ စွမ်းအင်ကိုလည်း တစ်လခန့် စုပ်ယူနိုင်သည်ကို သူသိထားသည်။

တစ်လအတွင်း သူသည် စစ်သည်တော် ရွေးချယ်မှုကို ကျော်ဖြတ်ပြီး စွမ်းအင်အရင်းအမြစ် အသစ်များကို ရရှိလိမ့်မည် ဖြစ်သည်။

ညနက်လာသည်နှင့်အမျှ စွမ်းအင် အလုံအလောက် စုပ်ယူထားသော ယီယွင်သည် သစ်လုံးအိမ်မှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။

သူသည် တောအုပ်ကို ဖြတ်ကူးသော ကျွမ်းကျင်မျောက်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သွားလိုသည့် နေရာကို လျင်မြန်စွာ ရောက်နိုင်သည်။

ကြည်လင်သော ကောင်းကင်နှင့် လရောင်အောက်တွင် ယီယွင်သည် သစ်ပင်၏ ပင်စည်ကို မှီ၍ ထိုင်လိုက်သည်။ လရောင်၏ အလင်းကို အားပြုပြီး သူသည် အစိမ်းရောင် ရှေးဟောင်းစာအုပ်၏ စာမျက်နှာများကို လှန်လိုက်သည်။

သစ်ကိုင်းခြောက်ပေါ်မှ ရွက်ဝါတစ်ရွက်သည် လွှင့်ပျံပြီး ပွင့်နေသော စာမျက်နှာ တစ်ခုပေါ်သို့ ဖြည်းညှင်းစွာ ကျလာသော်လည်း သူသည် ထိုသစ်ရွက်ကို ညှင်သာစွာ ဖယ်ရှားပြီး စာကို ဆက်ဖတ်နေခဲ့သည်။

ညအချိန်သည် မှိန်ဖျော့နေသော်လည်း ယီယွင်သည် သွေးကြောနယ်ပယ်သို့ ရောက်ရှိပြီးနောက် ညအချိန်ကို နေ့အချိန်ကဲ့သို့ ကြည်လင်ပြတ်သားစွာ မြင်နေရသည်။

"ဒါဆိုရင် ဘုံကိုးပါး နဂါးအက သိုင်းကွက်က လှုပ်ရှားမှု တစ်ခုတည်း မကဘူး။ တခြား သုံးခုလည်း ရှိသေးတယ်။ ဒီသိုင်းကွက် ရဖို့ လှုပ်ရှားမှု လေးခု လိုတာပဲ"

လင်ရှင်းထုံ၏ ''နံဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို ကြည့်၍ ယီယွင် မရှင်းလင်းခဲ့သော အရာများကို ယခုအခါ တဖြည်းဖြည်း နားလည် သဘောပေါက်လာသည်။

ထိုအချိန်တွင် ယိုယွမ်မှာ စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ တပ်သားများအား လေ့ကျင့်သင်ကြားပေးနေပြီး တပ်သားများ၏ သင်ယူနိုင်မှု စွမ်းရည်မှာ ညံ့ဖျင်းသည်ကို သတိထားမိသောကြောင့် သိုင်းကွက် လှုပ်ရှားမှုအားလုံးကို ရိုးရှင်းအောင် ပြုလုပ်ခဲ့သည်။ သိုင်းကွက်လှုပ်ရှားမှုအစုံမှ အရိုးရှင်းဆုံး လှုပ်ရှားမှုများကိုသာ ရွေးချယ်၍ သင်ကြားပေးခဲ့သည်။

"အိုး...အမလင် ဒီမှာရေးထားတာက ''နံဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ဟာ ရိုးရှင်းပေမယ့် ၎င်းဟာ အခြေခံ လက်သီးသိုင်း တစ်ခုပဲ ဖြစ်တယ်။ ''နံဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို လေ့ကျင့်တာနဲ့ ပတ်သက်ပြီးတော့လည်း မကန့်သတ်ထားသင့်ဘူး။ တကယ်လို့ ''နံဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" တစ်ခုကိုပဲ လေ့ကျင့်မယ်ဆိုရင် တစ်ဘဝလုံးမှာ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း"ရဲ့ ပြီးမြောက်ခြင်း နယ်ပယ်တစ်ခုကိုပဲ တတ်မြောက်လိမ့်မယ်။ ဒီထက်ပိုပြီး မတိုးတက်တော့ဘူး။"

ယီယွင်သည် လင်ရှင်းထုံ ပြောသည့် စကားများကို ပြန်လည် ကြားယောင်လာရင်း စာအုပ်ထဲတွင် လင်ရှင်းထုံ မှတ်သားထားသမျှကို အာရုံစိုက်၍ ကြည့်လိုက်သည်။

လင်ရှင်းထုံ၏ လက်ရေးသည် သေးငယ် ပြေပြစ်ပြီး စကားလုံးတိုင်းသည် နူးညံ့ လှပသော်လည်း အကြောင်းအရာမှာ ကြီးကျယ်ခမ်းနားသောကြောင့် ယီယွင်မှာ အံ့အားသင့်သွားသည်။

လင်ရှင်းထုံ၏ မှတ်စုများတွင် ရေးသားထားချက်အရ ''နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို အမြင့်ဆုံးရောက်ရှိနိုင်သော နယ်ပယ်မှာ ခရမ်းသွေးနယ်ပယ် နောက်ဆုံး

အဆင့်ပင် ဖြစ်သည်။

ဤသည်မှာ "ပြီးမြောက်ခြင်း" ဟုခေါ်သော နယ်ပယ်ဖြစ်သည်။ သို့သော် နောက်ထပ် လေ့ကျင့်ရန် ကျန်သေးမည်လား။

စိတ်မကောင်းစရာမှာ ဘာမျှမကျန်တော့ပေ။

ဤအချိန်တွင် မိမိကိုယ်ကို ပျိုးထောင်သော အဆင့်မြင့် နည်းစနစ်တစ်ခုကို ရရှိထားက "တိုင်အာနတ်ကျင့်စဥ်" ကဲ့သို့ ပို၍ မြင့်မားသော နယ်ပယ်သို့ ရောက်ရှိနိုင်သည်။

သို့သော် ဤနေရာတွင် ပြသာနာတစ်ခု ရှိသည်မှာ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" သည် "တိုင်အာနတ်ကျင့်စဥ်" နှင့် လုံးဝ ကွဲပြားသည်။ ၎င်းတို့ နှစ်ခုကြားတွင် ဖလှယ်နိုင်သည့်အရာ များများစားစား မရှိပေ။

“တိုင်အာနတ်ကျင့်စဥ်” ကို တိုင်အာအင်ယာ၏ ဧကရာဇ်မင်းမြတ်က ဖန်တီးခဲ့ပြီး "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကိုမူ နောက်ထပ် နန်းတက်လာသော ဧကရာဇ်များထဲမှ တစ်ပါးက မမျှော်လင့်ဘဲ ရရှိခဲ့သည်။ ၎င်းတို့တွင် တူညီသော အမွေအနှစ်များ မရှိခဲ့

ကြပေ။

ကွဲပြားသော နည်းစနစ်နှစ်ခုကို ပေါင်းစပ်၍ အသုံးပြုမည် ဆိုက ပြီးပြည့်စုံသော ကိုယ်ခံပညာအဆင့်သို့ ရောက်ရှိမည် မဟုတ်ပေ။

ခေတ်သစ်ကမ္ဘာတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် အထက်တန်း ကျောင်းသားတစ်ဦးသည် သင်္ချာဘာသာရပ်ကို ရွေးချယ် သကဲ့သို့ ကောလိပ်သို့ ရောက်သည့်အခါ သမိုင်းဘာသာရပ်ကို လေ့လာရန် သင်္ချာဘာသာရပ်ကို မယူတော့ သကဲ့သို့ပင် ဖြစ်သည်။

ဤသည်မှာ သူသည် မည်သည့်အရာမျှ သင်ယူနိုင်မည် မဟုတ်သည်ကို မဆိုလိုပေ။ အရည်အချင်းရှိသော လူတစ်ဦးသည် ထင်ရှားသော သမိုင်းပညာရှင် တစ်ဦး ဖြစ်လာနိုင်သေးသည်။ သို့သော် သမိုင်းဆိုင်ရာ စာပေဆောင်းပါးများကို ရှာဖွေ လေ့လာနေသည့် အချိန်တွင်မူ ယခင်က လေ့လာခဲ့သော သင်္ချာဘာသာရပ်သည် အသုံးမဝင်တော့ပေ။ ထို့ကြောင့် ကွဲပြားမှုများကို ပေါင်းစပ် အသုံးပြုနိုင်မည်လား။

"တိုင်အာနတ်ကျင့်စဥ်" ကိုသာ လေ့ကျင့်ထားပါက နည်းစနစ်များ ပြောင်းလဲလာသည့် အခါတွင် အခက်တွေ့ပေလိမ့်မည်။ ထို့အခါ "နဂါးနံရိုး ကျားအရိုး

လက်သီးသိုင်း" မှာ အသုံးမဝင်တော့ပေ။ ယီယွင်အတွက် အဓိက အရေးပါသည်မှာ သေမျိုးသွေး နယ်ပယ်ကို ဖြတ်ကျော်၍ ခရမ်းသွေးနယ်ပယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိအောင် တွန်းပို့ပေးမည့် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ပင် ဖြစ်သည်။

ဤအရာမှာ စွမ်းအင်များ ဖြုန်းတီးခြင်းပင် ဖြစ်သည်။ စစ်သည်တော် တစ်ယောက်၏ အချိန်မှာ အလွန် အဖိုးတန်သည်။ ကိုယ်ခံပညာ လေ့ကျင့်ခြင်းမှာ ကောင်းကင်ဘုံကို လွန်ဆန်သကဲ့လို့ ဖြစ်သောကြောင့် ပို၍မြင့်သော နယ်ပယ်သို့ ရောက်ရှိရန် အချိန်မဖြုန်းဘဲ ဆက်လက်ကြိုးစားနေရန် လိုအပ်သည်။

လင်ရှင်းထုံသည် ကောင်းကင်ဘုံကို လွန်ဆန်သူ တစ်ဦးဖြစ်သည့်အပြင် မဖြစ်နိုင်သည့် အံ့ဖွယ်ကိစ္စများများကိုလည်း ပြီးမြောက်အောင် လုပ်ချင်နေသူ ဖြစ်သည်။ ဆိုတော့ကာ သူမသည် အဘယ်ကြောင့် အချိန်ဖြုန်းနေသနည်း။

လင်ရှင်းထုံ၏ နည်းလမ်းမှာ လုပ်ရိုးလုပ်စဉ်များကို ကျော်လွန်နေသော်လည်း သူမအတွက် အသုံးပြုရန်သာ ပြုလုပ်ထားသော နည်းလမ်း ဖြစ်သည်။

ထို့ကြောင့် လုပ်ရိုးလုပ်စဉ်များကို မေ့ထားခြင်းမှာလည်း ကိုယ်ပိုင် သိုင်းပညာကို ဖော်ဆောင်ရန် အရေးကြီးသော ခြေလှမ်းအစပင် ဖြစ်သည်။

လူတစ်ဦးသည် သူ၏ အခြေခံကျသော ကိုယ်ခံပညာအပေါ် အခြေခံ၍ ပို၍မြင့်သော ကိုယ်ခံပညာအဆင့်သို့ ရောက်ရှိရန် လမ်းကြောင်း ရှာဖွေနိုင်သည်။ ကိုယ်ခံပညာကို သင်ယူနေသမျှ ကာလပတ်လုံး အခြေခံအဆင့် ဖြစ်စေ၊ အလယ်အလတ်အဆင့် ဖြစ်စေ၊ အမြင့်ဆုံးအဆင့် ဖြစ်စေ လူတစ်ဦး တစ်ယောက်ချင်းစီ၏ နားလည်မှုအပေါ် မူတည်၍ ထိုကိုယ်ခံပညာမှာ သင်ယူသူနှင့် တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် စွမ်းအင်နှင့် အချိန်ကို ဖြုန်းတီးခြင်း မဟုတ်ပေ။

ယီယွင်သည် ထိုမှတ်စုများကို မြင်သောအခါ ရင်ထဲတွင် လေးလေးနက်နက် ခံစားလိုက်ရသည်။

မှန်သည်။ လုပ်ရိုးလုပ်စဉ်များမှာ အကန့်အသတ် ရှိသော်လည်း ကိုယ်ခံပညာမှာ အကန့်အသတ် မရှိပေ။

တရုတ်ပြည် တွေးခေါ်ပညာရှင် မန်ဇီက "သင်ဖတ်သမျှကို ယုံလျှင် မဖတ်သည်မှာ ပိုကောင်းသည်" ဟု ဆိုထားသည်။ ပညာရှိ အစစ်သည် “ဇာတ်ကောင်သုံးမျိုး ဂန္ထဝင်”၊ “မိသားစု မျိုးရိုးတစ်ရာ” သို့မဟုတ် "အဆင့်မြင့် စာအုပ်ကောင်းလေးအုပ်" စသော အခြေခံ စာအုပ်များသာ ဖတ်လိမ့်မည် ဖြစ်သည်။

ပညာရှိများသည် သူတို့၏ လှပသော စာပေဆောင်းပါးများကို မရေးခင် မရေမတွက်နိုင်သော ထိုဂန္တဝင်စာအုပ်များနှင့် ၎င်းတို့၏ ဗဟုသုတများကို ပေါင်းစပ်လိမ့်မည် ဖြစ်သည်။

"ပညာရှင် ဖြစ်ချင်တယ်၊ သိုင်းပညာရှင် ဖြစ်ချင်တယ်။"

ယီယွင်သည် ဤသို့ ကတိကဝတ်ပြုပြီး လင်ရှင်းထုံ ရေးသားထားသည့် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကျမ်းကို ပို၍ ကြိုးစား လေ့လာတော့သည်။

လင်ရှင်းထုံသည် မျိုးရိုးကြီး မိသားစုတစ်ခုမှ မွေးဖွားလာခဲ့သောကြောင့် လူအမျိုးမျိုးနှင့် ပေါင်းသင်း ဆက်ဆံခဲ့ရ၍ အမြင်ကျယ်နေသည်မှာ မထူးဆန်းပေ။

ယီယွင်သည် ကိုယ်ခံပညာကို နှစ်လသာ လေ့ကျင့်ခဲ့ရပြီး သင်ယူတတ်မြောက် လွယ်သော်လည်း အတွေ့အကြုံများစွာ ဖြတ်သန်းလာခဲ့ရသော လင်ရှင်းထုံ၏ ခြေရာကိုမူ ကျော်နိုင်မည် မဟုတ်ပေ။

မရပ်မနား သင်ယူလေ့လာမှုမှ အတွေ့အကြုံများကို ရရှိလာခြင်း ဖြစ်သည်။ ပညာရှိ တစ်ယောက်ပင်လျှင် မပီတပီ စကားစပြောသည့် ကလေးဘဝမှ စတင်ခဲ့ရသည်။

ယီယွင်သည် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကျမ်းကို အစအဆုံး ဖတ်ရာတွင် အချိန် နှစ်နာရီ ကြာခဲ့သည်။ သူသည် သေချာစွာ ဖတ်ရှုသုံးသပ်ပြီး အတွေးအမြင်များစွာလည်း ရရှိခဲ့သည်။

"အမလင်ရဲ့ အတွေးအမြင်တွေကို ငါ အပြည့်အဝအားကိုးလို့ မဖြစ်ဘူး။ လူတိုင်းမှာ မတူညီတဲ့ အတွေးအမြင်တွေ ရှိကြတယ်။ အကြောင်းအရာ တော်တော်များများကို နားလည်နိုင်ပေမယ့် ဖော်ပြလို့ မတတ်ဘူး။ ဒါကြောင့် ငါ့အမြင်နဲ့ငါ ပုံဖော်ဖို့ လိုတယ်။"

"တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေ ကိုလည်း နားလည်ဖို့ လိုအပ်ပေမယ့် သူတို့ကို အားကိုးရုံနဲ့ မရဘူး။"

ယီယွင်သည် သိုင်းကျမ်းကို ဂရုတစိုက် သိမ်းဆည်းပြီး ကျောက်ဆောင်ကြီး တစ်ခုပေါ်သို့ ခုန်ဆင်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် ချီလင်းသားရဲ၏ မီးစွမ်းအင်များဖြင့် ပြည့်နေသည်။ ယီယွင်အတွက် အကြီးမားဆုံးသော အားသာချက်မှာ သူသည် သွေးကြော နယ်ပယ်သို့

ဝင်ရောက်လာကတည်းက ခန္ဓာကိုယ် စွမ်းအင်ကို လိုအပ်သလို ထိန်းချုပ်သွားနိုင်ခြင်း ဖြစ်သည်။

သစ်လုံးအိမ်ရှိ ချီလင်းသားရဲ၏ ဦးခေါင်းမှ စုပ်ယူခဲ့သော စွမ်းအင်ကို သူ၏ ကိုယ်အတွင်း၌ ချိတ်ပိတ်ထားလိုက်ပြီ ဖြစ်သည်။ ယခုအခါ ယီယွင်သည် သူ၏ ရန်၊ တု၊ အာ၊ မိန် သွေးကြောများကို ဖွင့်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်း အပူဓာတ်များ တဟုန်ထိုးမြင့် တက်လာသည်ကို ခံစားလိုက်ရသည်။

အပူဓာတ်သည် ယီယွင်၏ ရန်၊ တု၊ အာ၊ မိန် သွေးကြောများ တစ်လျှောက် စီးဆင်းသွားပြီး ခန္ဓာကိုယ်အတွင်း ထပ်ခါထပ်ခါ လည်ပတ်နေသည်။ ရေပူစမ်းတွင် သေရည်အိုးကြီး တစ်အိုး ထိုင်သောက်နေသကဲ့သို့ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပူလောင်လာသည်။

ဤစွမ်းအင်ကို အသုံးပြု၍ ယီယွင်သည် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို စတင် ပုံဖော်တော့သည်။

ချီလင်းစွမ်းအင်မှာ ခေါင်း​ပေါ်သို့ တရှိန်ထိုး တက်လာသဖြင့် သူ၏ စိတ်ဝိဥာဉ်မှာ အေးချမ်းသွားသည်ကို ယီယွင် ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မှု ကင်းမဲ့ပြီး လွတ်လပ်စွာ လှုပ်ရှားနေသည်။

ဤသို့သော အခြေအနေသည် ကိုယ်ခံပညာ သင်ယူရန်အတွက် အကောင်းဆုံး အခြေအနေ ဖြစ်သည်။

ယီယွင်၏ ခန္ဓာကိုယ် အခြေအနေမှာ ထင်ထားသလောက် မကောင်းသော်လည်း သူ၏ ထက်မြက်မှုနှင့် သင်ယူတတ်မြောက်နိုင်စွမ်းမှာ သူနှင့် ရွယ်တူ ကလေးများထက် ပိုသာသည်ဟု ဆိုနိုင်သည်။ မျိုးနွယ်စုကြီးများရှိ မျိုးရိုးမြင့်များပင်လျှင် ဘဝနှစ်ခု ပိုင်ဆိုင်သော ယီယွင်နှင့် ယှဉ်လိုက်လျှင် အားနည်းသွားပေလိမ့်မည်။

စတုတ္ထ သေမျိုးသွေးနယ်ပယ်မှ ပဉ္စမ သေမျိုးသွေးနယ်ပယ် အထိသာမက နောက်ထပ် အရေးကြီးသော အဆင့်မှာ ယွမ်ချီစွမ်းအင်ကို သူ၏ ခန္ဓာကိုယ်တွင် စုဆောင်းရန် ဖြစ်သည်။

ဤအဆင့်မှာ အခက်ခဲဆုံး အဆင့် ဖြစ်သည်။

ကျယ်ပြောလှသော ဤတိမ်ရိုင်းဒေသမှ စစ်သည်တော်များသည် မိုးပျံနိုင်ပြီး သံအိုး အလုံးတစ်သောင်းကို မနိုင်သည့်အပြင် တောင်များကိုလည်း ရွေ့လျားသွားအောင် ပြုလုပ်နိုင်သည်။

ဤစွမ်းအင်များကို မည်သည့်နေရာမှ ရရှိသနည်း။

အသီးအရွက်နဲ့ လက်ဖက်ရည်ကြမ်းများကို စားသောက်ခြင်းက စွမ်းအင်ကို ပေးစွမ်းမည်လား။ ဤအရာမှာ လုံးဝ မဖြစ်နိုင်ပေ။

ကမ္ဘာပေါ်မှ အသိပညာအရ စွမ်းအင်ဆိုသည်မှာ သိုလှောင်ထားသော အရာ ဖြစ်သည်။

မြင်းတစ်ကောင် ပြေးနိုင်ရန် မြက်ကျွေးရန် လိုအပ်သလို စစ်သည်တော် တစ်ယောက်သည် တောင်တစ်လုံးကို ရွေ့နိုင်ရန် သူ့အား လုံလောက်သော စွမ်းအင်ကို ထောက်ပံ့ပေးရန် လိုအပ်သည်။

ထို့ကြောင့် စစ်သည်တော်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို သန်မာအောင် လေ့ကျင့်သည့်အခါ စွမ်းအင်စုပ်ယူမှုသည် အစားအစာပေါ်တွင် မူတည်သောကြောင့် တန်ဖိုးကြီး ဆေးမြစ်များ၊ သားရဲအသား (သို့မဟုတ်) ပျက်စီးခြင်း အရိုးများကို အဆက်မပြတ် စားသုံးပေးရသည်။

သို့သော် ချီစုဆောင်းမှု နယ်ပယ်သို့ ရောက်သောအခါ စစ်သည်တော်များသည် စွမ်းအင်ရရှိရန် အစာစားရုံ မကတော့ဘဲ သူတို့၏ ခန္ဓာကိုယ်ကို ဖြည့်တင်းရန် ပတ်ဝန်းကျင်မှ စွမ်းအင်များကိုလည်း စုပ်ယူကြသည်။

စစ်သည်တော်များသည် ပို၍ အဆင့်မြင့်သော နယ်ပယ်သို့ ရောက်ရန် ကိုယ့်ကိုယ်ကို လေ့ကျင့် ပျိုးထောင်သွားနိုင်သောအခါတွင် တောင်များကို ဖြိုဖျက်နိုင်ပြီး ပင်လယ်ပြင်ကိုလည်း ပူလိုက်အေးလိုက် ဖြစ်အောင် လုပ်နိုင်သည်။ ထိုအချိန်တွင် ရရှိသော စွမ်းအင် အရင်းအမြစ်သည် အစားအစာမှ မဟုတ်တော့ဘဲ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားမှ ဖြစ်သည်။

"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို နှစ်ခေါက် လေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ပူထူလာသည်ကို ယီယွင် ခံစားလိုက်ရပြီး တစ်ကိုယ်လုံးသည်လည်း ချွေးများဖြင့် စိုရွှဲနေသည်။ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို ပြီးမြောက်အောင် လေ့ကျင့်ရန် အလွန်ပင် ခက်ခဲလှသည်။

"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို နှစ်ခေါက် လေ့ကျင့်ပြီးသည့် နောက်တွင် ယီယွင် စုပ်ယူထားသော စွမ်းအင်များမှာ ကုန်ခမ်းသွားသည်။ ဤ ချီလင်းစွမ်းအင်သည် ယီယွင် ခန္ဓာကိုယ်ထဲတွင် အခြေကျသွားပြီး သူ၏ ခန္ဓာကိုယ်ကို အာဟာရ ပြန်လည် ဖြည့်တင်းပေလိမ့်မည်။

All Chapters