← Chapters

မျိုးဆက်များစွာ အတွက် တိမ်ရိုင်းဒေသ၏ ပေါင်းစည်းမှု

Vol. 5 Ch. 66

မျိုးဆက်များစွာ အတွက် တိမ်ရိုင်းဒေသ၏ ပေါင်းစည်းမှု

Vol. 5 Ch. 66

စက္ကန့်များမှ မိနစ်များအဖြစ်သို့ ပြောင်းသွားသော် လျှိုင်ချမ်းယုသည် သံသယဝင်စ ပြုလာသည်။ ဤကိစ္စမှာ အရေးကြီးသောကြောင့် အမှားတစ်ခုခုဖြစ်သွားမည်ကို သူကြောက်နေသည်။

အချိန်အတော် ကြာပြီးနောက် ပျက်စီးခြင်းအရိုး ခြင်ဆီသည် အဘယ်ကြောင့် အာနိသင် မပြရသနည်း။

လျှိုင်ချမ်းယုသည် ပျက်စီးခြင်းအရိုးကို ဝယ်ယူစဥ်က သေချာစွာ စစ်ဆေးခဲ့သည်။ ပျက်စီးခြင်းအရိုးတွင် ယခင်က သန့်စင်ထားသော အရိပ်အယောင်များ မတွေ့ရပေ။ သန့်စင်မှု လုပ်ငန်းစဉ်အစတွင်လည်း စာအုပ်များတွင် မှတ်တမ်းတင်ထားသော အအေးစပါးအုံ အဆိပ်လက္ခဏာများ ပေါ်ထွက်ခဲ့သည်။ ထိုအဆိပ်ကြောင့် ပျက်စီးခြင်းအရိုးကို သန့်စင်ပေးသော အိမ်ထောင်ဦးစီး အမျိုးသားများမှာ နာမကျန်း ဖြစ်ခဲ့ကြသည်။ ဆိုလိုသည်မှာ ပျက်စီးခြင်းအရိုးသည် မည်သူမျှ မထိရသေးသော အရိုး

စစ်စစ် ဖြစ်သည်။

ပျက်စီးခြင်းအရိုး သန့်စင်သည့် လုပ်ငန်းစဉ်အတွင်း အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ခဲ့သည်လား။ သေချာစွာ တွေးကြည့်သော် မဖြစ်နိုင်ပေ။ သန့်စင်ခြင်း လုပ်ငန်းစဥ်အတွင်း လေ့ကျင့်ရေး တပ်သားများမှာ စောင့်ကြည့်နေခဲ့ပြီး လျှိုင်ချမ်းယုသည်လည်း ထိုလုပ်ငန်းစဥ်ကို ယခင်ရော ယခု စောင့်ကြည့် စစ်ဆေးခဲ့သည်။ မည်သို့ကြောင့် ပြသာနာဖြစ်သွားရသနည်း။

လျှိုင်ချမ်းယုမှာ သာမန်လူ မဟုတ်ပေ။ သူသည် လေးလေးနက်နက် တွေးတောဆင်ခြင် ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ သူ့ကိုယ်သူ ပြောလိုက်သည်။

“မိုးရွာပြီးရင် ရွှံ့တွေက ကျစ်လစ်သွားနိုင်ပေမယ့် မြေကြီးဆီကနေ အာဟာရ ရဖို့ ကျောက်စိမ်းကိုတော့နှစ်သန်းပေါင်းများစွာ ကြာအောင် မြှုပ်နှံထားရမယ်။”

"ပြောင်းဖူးတွေကို တစ်နှစ်အတွင်း ရိတ်သိမ်းလို့ရတယ် ဆိုပေမယ့် ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင် အနှစ်သာရတွေကို စုပ်ယူဖို့ မသေဆေးကိုတော့ နှစ်သန်းပေါင်းများစွာ ကြာအောင် ထားထားဖို့ လိုအပ်တယ်။"

“မရိုးသားတဲ့ ပညာရှင်ယောင်ယောင်လို လူတစ်ယောက်က သုံးရက်အတွင်း လက်သီးသိုင်းကျမ်းကို ရေးနိုင်ပေမယ့် တိုင်အာအင်ယာကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်မင်းမြတ်ကတော့ "တိုင်အာနတ်ကျင့်စဥ်" ကို ဖန်တီးဖို့ နှစ်ပေါင်း တစ်သောင်းလောက် လေ့ကျင့်ခဲ့ရတယ်”

"ရွှံ့တုံးတစ်တုံးကို နောက်တစ်တုံးနဲ့ပဲ ပေါင်းလိမ့်မယ်။ ဒါပေမယ့် ကျောက်စိမ်းကတော့ သားစဥ်မြေးဆက် လက်ဆင့်ကမ်းမယ့် ရတနာတစ်ပါး ဖြစ်လာလိမ့်မယ်။ ပြောင်းဖူးက စားပြီးရင် ချီးပဲ ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် မသေဆေးကတော့ နတ်ဘုရားဖြစ်အောင် ဖန်တီးပေးနိုင်တယ်။ တတ်ယောင်ကား ပညာရှင်တွေရဲ့ လက်သီးသိုင်းကျမ်းက ငတုံးတွေကိုပဲ လှည့်စားလို့ ရလိမ့်မယ်။ ဒါပေမယ့် "တိုင်အာနတ်ကျင့်စဥ်" ကိုတော့ စစ်သည်တော်တွေက ခေတ်အဆက်အဆက် လက်ဆင့်ကမ်းကြလိမ့်မယ်။"

"ကြီးမြတ်တဲ့ အရာကိုရဖို့၊ စိတ်ရှည်သည်းခံရမယ်။ ဒီမိနစ်နည်းနည်းကိုတောင်မှ ငါ မတောင့်ခံနိုင်ရင် ကြီးမြတ်တဲ့အရာကို ငါ ဘယ်လို ရမှာလဲ။"

လျှိုင်ချမ်းယုသည် ဤသို့ တွေးပြီး သူ၏ အမူအရာမှာ ငြိမ်သက်သွားသည်။

သို့သော် တစ်နာရီသာ ကြာသွားသည်။

လျှိုင်ချမ်းယုသည် စိတ်တည်တည်ငြိမ်ငြိမ်ထား၍ ထိုင်နေဆဲပင် ဖြစ်သည်။ သူသည် သူ့ကိုယ်သူ မရေမတွက်နိုင်အောင် စကားများ ထပ်ခါထပ်ခါ ပြောနေခဲ့တယ်။

နှစ်နာရီ ကြာသွားသည်။

လျှိုင်ချမ်းယု၏ နဖူးမှ ချွေးများ စတင်စီးကျလာသည်။

လေးနာရီ ကြာသွားတယ်။

လျှိုင်ချမ်းယု၏ မျက်လုံးများမှာ နီရဲနေပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသောကြောင့် လက်သည်းများသည် သူ၏ အသားထဲသို့ နှစ်ဝင်သွားသည်။

ခြောက်နာရီ။

ကျောက်ထိုင်ကျူ နှင့် အခြားသူများသည် ခြေထောက်ပင် ထုံကျင်နေပြီ ဖြစ်သည်။ လျှိုင်ချမ်းယု ကောင်းကင်ပေါ်သို့ ပျံတက်သွားမည်ကို စောင့်ကြည့်နေသည့် လူများသည်လည်း လျှိုင်ချမ်းယုအား စောင့်ဆိုင်းရင်း လည်ပင်း တောင့်လာသောကြောင့် အကြောများပင် ဆန့်နေကြပြီ။

ရှစ်နာရီ ကြာကာ နေပင်ဝင်ခဲ့ပြီ။ လျှိုင်ချမ်းယုသည် ထိုနေရာတွင် တနေကုန် မိုက်မဲစွာ တရားထိုင်နေခဲ့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" ဒါက ဘယ်လိုဖြစ်နိုင်မှာလဲကွာ။

လျှိုင်ချမ်းယုမှာ ရင်ခေါင်းထဲက အသံဖြင့် အော်လိုက်သည်။ သူ၏ နဖူးပေါ်မှ သွေးကြောများသည် တီကောင်များကဲ့သို့ ရုန်းကြွ၍ ပေါ်ထွက်လာပြီး သူ့အား ကြောက်စရာကောင်းသည့် ပုံပေါ်စေသည်။

လျှိုင်ချမ်းယုအား ဤအခြေအနေဖြင့် မြင်လိုက်ရသောအခါ ကျောက်ထိုင်ကျူနှင့် အခြားတပ်သားများမှာ နိုးနိုးကြားကြား ဖြစ်ကုန်သည်။ လျှိုင်မျိုးနွယ်စု အကြီးအကဲပင် အာရုံစူးစိုက်မှု အပြည့်ဖြင့် လျှိုင်ချမ်းယုအား စိုက်ကြည့်နေသည်။

ဤသည်မှာ ပျက်စီးခြင်း အရိုး၏ ဒဏ္ဍာရီဆန်ဆန် ပေါက်ကွဲထွက်နိုင်သော စွမ်းအားဖြစ်နိုင်သည်ကို သူတို့ သိကြသည်။

စွမ်းအားမှာ အလွန်ပြင်းထန်ပြီး လျှိုင်ချမ်းယု ခန္ဓာကိုယ်၏ လက်ခံနိုင်စွမ်းမှာလည်း ကန့်သတ်ချက်ရှိသောကြောင့် သွေးကြောများ ထောင်တက်လာခြင်းလား။ မရည်ရွယ်ဘဲ တစ်ခုခုသာ ဖြစ်သွားမည်ဆိုက လျှိုင်ချမ်းယု၏ သွေးကြောများမှာ ပေါက်ကွဲသွားနိုင်သည်။

သမိုင်းတွင်လည်း ပျက်စီးခြင်းအရိုး ခြင်ဆီကို လျှိုင်ချမ်းယုကဲ့သို့ လောဘကြီးစွာ စားခဲ့သော စစ်သည်တော်များစွာ ရှိခဲ့သောကြောင့် ပမာဏ အများကြီးကို စားမိ၍ ခြင်ဆီ၏ စွမ်းအားကို စုပ်ယူနိုင်မည့်အစား သူတို့၏ ခန္ဓာကိုယ်များသာ ပေါက်ကွဲကုန်ကြသည်။

"အကုန်လုံး နောက်ဆုတ်ကြ။ ဘယ်သူမှ နှောက်ယှက်ဖို့ မစဥ်းစားနဲ့။ ရှေ့တစ်လှမ်းတိုးတဲ့သူကို သတ်ပစ်" ဟု အကြီးအကဲမှာ အမိန့်ပေးလိုက်သည်။ ဤသည်မှာ လျှိုင်ချမ်းယု၏ အရေးကြီးဆုံး အခိုက်အတန့် ဖြစ်သောကြောင့် တစ်စုံတစ်ယောက်က လျှိုင်ချမ်းယုအား နှောင့်ယှက်မည်ဆိုက သူ၏ ​သွေးကြောများမှာ ပျက်စီးသွားနိုင်ပြီး နယ်ပယ်အသစ်သို့ ဝင်ရောက်ရန် မျှော်လင့်ချက်များ ပျက်စီးသွားနိုင်သည်။

ဆယ်နာရီ။

ကောင်းကင်တစ်ခုလုံးသည် ပိန်းပိတ်အောင် မှောင်နေပြီး လမှာ ကြယ်များ ပြည့်နေသည့် ကောင်းကင်ပေါ်တွင် ရှိနေသည်။

သို့သော် လျှိုင်မျိုးနွယ်စု မျိုးရိုးမြင့်များနှင့် စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် ထွက်ခွာသွားခြင်း မရှိပေ။ မျိုးနွယ်စု၏ နတ်ဝင်သည်နှင့် သမားတော်တို့သည်လည်း အမိန့်ကို စောင့်နေကြသည်။ သူတို့သည် အသားများကို အနည်းငယ်သာ စားရသေးသည်။

နတ်ဝင်သည်သည် သူမ၏ အခမ်းအနားအား ဆက်၍ ပြုလုပ်ပြီး ဒူးထောက်၍ ထပ်ခါထပ်ခါ လျှိုင်ချမ်းယုအတွက် ဆုတောင်းပေးနေသည်။

ထိုအချိန်တွင် တရားထိုင်နေသော လျှိုင်ချမ်းယုဆီမှ ရုတ်တရက် ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

“အား”

ဤဟိန်းဟောက်သံသည် အသံနက်၍ ကျယ်လောင်သောကြောင့် ဒေါသထွက်နေသော

သားရဲတစ်ကောင်၏ ဟိန်းသံနှင့် တူပြီး ကောင်းကင်ထက်သို့ ညံထွက်သွားသည်။

"ဘုန်း!"

လျှိုင်ချမ်းယု ထိုင်နေသော ပလ္လင်မှာ အက်ကွဲသွားသည်။ ဤသည်မှာ လျှိုင်ချမ်းယု၏ စွမ်းအားကြောင့် ဖြစ်သည်။

"သခင်လေး အောင်မြင်သွားပြီ။ သခင်လေး အောင်မြင်သွားပြီ။"

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျောက်ထိုင်ကျူသည် ဝမ်းသာအားရ ထခုန်လိုက်လေသည်။

စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည်လည်း ကြိုဆို ဂုဏ်ပြုကုန်ကြသည်။

လျှိုင်ချမ်းယု၏ အဘိုးဖြစ်သူ အကြီးအကဲသည် သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး ဝမ်းသာအားရ ပြုံးနေသည်။ စစ်သည် လေ့ကျင့်ရေးစခန်းမှ နည်းပြ ယိုယွမ်တစ်ယောက်သာ လျှိုင်ချမ်းယုကို စူးစူးစိုက်စိုက်ကြည့်နေသည်။

သူ၏ မျက်လုံးထဲတွင် အဖြေရှာမရသော အရိပ်အယောင်များဖြင့် တွေးနေမိသည်မှာ လျှိုင်ချမ်းယု၏ ဟိန်းဟောက်သံတွင် အဘယ်ကြောင့် လိုက်လျောညီထွေ မဖြစ်သော ခံစားချက်နှင့် အမုန်းတရားများ ဝင်နေသနည်း။

ကျောက်ထိုင်ကျူက သူ၏ အနောက်မှ လူများကို သူနဲ့အတူ လိုက်အော်ရန် အချက်ပြလိုက်သည်။

"ဂုဏ်ယူတယ် သခင်လေး။ ဂုဏ်ယူတယ် သခင်လေး။ သခင်လေးဟာ ခရမ်းသွေးနယ်ပယ်ကို အောင်မြင်သွားတဲ့အတွက် တိမ်ရိုင်းဒေသကို ပေါင်းစည်းနိုင်လိမ့်မယ်။ သက်တော်ရာကျော် ရှည်ပါစေ သခင်လေး။"ဟု စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

သူတို့သည် ဤသံချပ်ကို အချိန်ကြာရှည်စွာ လေ့ကျင့်ခဲ့ကြပြီး ဤအရာကို ကျောက်ထိုင်ကျူက လျှို့ဝှက်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ထိုင်ကျူကဲ့သို့ မြှောက်ပင့်ပြောဆိုတတ်သူသည် ဤအခွင့်အရေးကို ဘယ်သောအခါမှ လက်လွှတ်ခံမည်

မဟုတ်ပေ။

စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် သာမန်လူများထက် ပို၍ သန်မာသည်ဟု ဆိုရမည်ဖြစ်သည်။ ဤသံချပ်ဆိုသံကို ဆယ်မိုင်အကွာမှပင် ကျယ်လောင်စွာ ကြားနိုင်သည်။

ထို့ကြောင့် လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်ထဲသို့ ရောက်ရှိသွားပြီကို လျှိုင်မျိုးနွယ်စုရှိ လူတိုင်း သိလိုက်ကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက လျှိုင်ချွေ့ဟွားသည် သတင်းများကို တမင်တကာ ဖြန့်နေသောကြောင့် သွားမရှိတော့သည့် အဖွားအိုများပင်လျှင် ခရမ်းသွေးနယ်ပယ်မှာ မည်သည်ကို ဆိုလိုမှန်း သိကြသည်။

မကြာသေးမီက လျှိုင်မျိုးနွယ်စုသို့ ရောက်ရှိလာသော ကျန်းယီယွင်ပင်လျှင် ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအခါ သခင်လေးလျှိုင်မှာ ကျန်းယီယွင်ထက် အားနည်းနေမည် မဟုတ်တော့ပေ။

"သခင်လေးလျှိုင်က ခရမ်းသွေးနယ်ပယ်ထဲကို ရောက်သွားပြီဆိုတော့ အနာဂတ်မှာ ငါတို့တွေ ကောင်းကောင်းမွန်မွန် နေရတော့မယ်။"

"ဟုတ်တယ်။ သခင်လေးလျှိုင် အရင်က ပြောဖူးတယ် ငါတို့အားလုံးကို မြို့ထဲကို ခေါ်သွားမယ်ဆိုတာ။”

"မင်းတော့ မသိလိုက်ဘူး ထင်တယ်။ သခင်လေးလျှိုင် မွေးတုန်းက ကောင်းကင်တစ်ခုလုံး နီရဲနေခဲ့တာ။ သူဟာ သာမန်လူမဟုတ်ဘဲ ကြယ်ကနေ ဆင်းသက်လာတဲ့ လူတစ်ယောက်ပဲ"

လူအုပ်ကြီးသည် သက်တောင့်သက်သာရှိသော ဘဝတစ်ခုကို တောင့်တသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြသည်။ လျှိုင်ချမ်းယုနှင့် မျိုးနွယ်စု အကြီးအကဲတို့ကြောင့် သူတို့ ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခနှင့် ငတ်မွတ်ခြင်းတို့ကို မေ့ပစ်လိုက်ကြသည်။

လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်ထဲတွင် ရှိနေသမျှ ကာလပတ်လုံး ကောင်းမွန်သည့် အရာများသာ ဖြစ်လာလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့သည် စည်းစိမ်ဥစ္စာကို မရှာကြတော့ဘဲ စားနိုင်သောက်နိုင်သည့်ဘဝ ရရုံနှင့်တင် ကျေးဇူးတင်ကြပေလိမ့်မည်။

လူများသည် အဝေးတွင် ရှိနေသော်လည်း စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် လျှိုင်ချမ်းယုအား လှည့်ပတ်၍ သံချပ်ကို ကျယ်လောင်စွာ အော်ဆိုနေကြသည်။

"သခင်လေးလျှိုင် သက်တော်ရာကျော် ရှည်စေ။ တိမ်ရိုင်းဒေသကို ပေါင်းစည်းနိုင်စေ။"

"သခင်လေးလျှိုင်ရဲ့ နှိုင်းယှဥ်လို့ မရတဲ့ စွမ်းပကားကြောင့် သက်တော်ရာကျော် ရှည်စေ။"

သူတို့ ရွတ်ဆိုနိုင်သည့် စကားလုံးမှာ အနည်းငယ်သာ ရှိပြီး ထိုအချိန်တွင် လျှိုင်ချမ်းယု၏ မျက်နှာမှာ ဖြူဖျော့နေပြီ ဖြစ်သည်။ သူသည် ရီဝေဝေ မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေသည် ။

"ဖလွတ်"

လျှိုင်ချမ်းယု၏ ပါးစပ်မှ ထွက်လာသော နီရဲသောသွေးစိမ်းရှင်ရှင်များသည် ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲသွားသည်။

လျှိုင်ချမ်းယု၏ရှေ့တွင် ဒူးထောက်ထိုင်နေသော ကျောက်ထိုင်ကျူ၏ မျက်နှာပေါ်တွင်လည်း ထိုသွေးများသည် ရွှဲရွှဲစိုနေသည်။

ကျောက်ထိုင်ကျူမှာ ဒူးထောက်လျက်သားပင် ကြက်သေသေနေသည်။

စစ်သည် လေ့ကျင့်ရေးစခန်းမှ အခြားတပ်သားများလည်း ထိတ်လန့်သွားကာ "ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ။"

"ချမ်းယု ချမ်းယု"

အကြီးအကဲသည် ထိတ်လန့် တုန်လှုပ်သွားပြီး အလောတကြီး ပြေးသွားကာ လျှိုင်ချမ်းယုကို ဆွဲထူ၍ "သမားတော် သမားတော်ကို ခေါ်စမ်း။"

မျိုးနွယ်စု၏ တစ်ဦးတည်းသော သမားတော်သည် အချိန်တိုင်း ဘေးနားတွင် စောင့်ဆိုင်းနေခဲ့သည်။ သူသည် အသက်ကြီး၍ မည်သည့် သိုင်းပညာကိုမျှ မသိပေ။ အချိန်ကြာရှည်စွာ မတ်တပ်ရပ်လိုက်ရသောကြောင့် သူ၏ ခြေထောက်မှာ ထုံကျင်နေသည်။ လျှိုင်ချမ်းယု ရုတ်​တရက်​ ​သွေးအန်​သည်​ကို မြင်​လိုက်​ရ​သောအခါ သူ၏ မျက်​နှာမှာ ဖြူဖျော့သွားသည်​။ သူပြေးလိုက်သော်လည်း သူ၏ ခြေထောက်များမှာ ထုံကျင်နေသောကြောင့် လဲကျသွားကာ လျှိုင်ချမ်းယု၏ နံဘေးသို့ ရောက်အောင် တွားသွား သွားရလေသည်။

လျှိုင်ချမ်းယု၏ သွေးခုန်နှုန်းကို စမ်းသောအခါ သူ၏ သွေးခုန်နှုန်းမှာ မတည်မငြိမ် ဖြစ်နေပြီး စမ်းရခက်နေသည်။

ထိုအချိန်တွင် ကျောက်ထိုင်ကျူက လက်ကို ဝှေ့ယမ်းလိုက်ကာ "စိတ်အေးအေးထား။ အားလုံး စိတ်အေးအေးထားကြ။ သခင်လေးက ခရမ်းသွေးနယ်ပယ်ကို ကျော်ဖြတ်ပြီးစမို့ သူရဲ့ သွေးခုန်နှုန်းက မတည်မငြိမ် ဖြစ်သွားတာ။

သူ သွေးမည်းတွေကို အန်ထုတ်တယ် ဆိုတာကလည်း ခြင်ဆီ သန့်စင်တဲ့ ဖြစ်စဥ်ကြောင့် ဖြစ်တာ။ မင်းတို့တော့ သိလောက်မှာ မဟုတ်ဘူး။ ခြင်ဆီ သန့်စင်ခြင်းဆိုတာက ခန္ဓာကိုယ်အတွင်းထဲက မသန့်ရှင်းတဲ့ သွေးမည်းတွေကို အန်ထုတ်တာပဲ။"

ဤသို့ ပြောပြပြီးနောက် ကျောက်ထိုင်ကျူသည် သူ၏ မျက်နှာမှ သွေးများကို သုတ်လိုက်သည်။ သူ၏ မျက်နှာမှာ ကခုန်ထားသည့် နတ်ဝင်သည်ကဲ့သို့ နီရဲနေသည်။

ပတ်ဝန်းကျင်မှ လူများသည် ကျောက်ထိုင်ကျူ၏ မျက်နှာကို ကြည့်၍ ပါးစပ်အဟောင်းသား ဖြစ်သွား တိတ်ဆိတ်သွားကြသည်။

သူ၏ မျက်နှာပေါ်မှ သွေးများကို သုတ်ပြီးနောက် ကျောက်ထိုင်ကျူသည် "မကြာခင်မှာ သခင်လေးလျှိုင်ဟာ ပြန်ကောင်းလာပြီး မျိုးဆက်များစွာအတွက် တိမ်ရိုင်းဒေသကို ပေါင်းစည်းပေးလိမ့်မယ်" ဟု တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

ကျောက်ထိုင်ကျူ၏ နှလုံးသားထဲတွင် လျှိုင်ချမ်းယုမှာ နတ်ဘုရားတစ်ပါး ဖြစ်သည်။

နတ်ဘုရားတစ်ပါးတွင် မည်သည့်အရာများ ဖြစ်​လာနိုင်​သနည်း။ ထို့အပြင် လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ခန္ဓာကိုယ် အနည်းငယ် မတည်မငြိမ်ဖြစ်မှုမှာ ပုံမှန်ပင် ဖြစ်သည်။

All Chapters