ပုံကြမ်း
Vol. 5 Ch. 69
ခမ်းနားထည်ဝါသော ခြံဝင်းတစ်ခုတွင် အဖြူရောင်အဝတ်အစား ဝတ်ထားသော မိန်းကလေးတစ်ဦးနှင့် အဝတ်ကောင်း ဝတ်ထားသော အဖိုးအိုတစ်ဦးတို့သည် စစ်တုရင် ကစားနေသည်။
"ဆရာ့ အလှည့်ပဲ" ဟု အဖြူရောင် အဝတ်အစား ဝတ်ထားသော မိန်းကလေးက ပြုံး၍ ပြောလိုက်သည်။ ဤမိန်းကလေးမှာ ယီယွင် တွေ့ခွင့်ရခဲ့သည့် လင်ရှင်းထုံပင် ဖြစ်သည်။ ဆရာဟု သူမခေါ်လိုက်သော လူကြီးမှာ အဖိုးအိုစု ဖြစ်သည်။
အဖိုးအိုစုသည် မျက်မှောင်ကြုတ်ရင်း သူ၏ ပြည့်ဖောင်းသော လက်ချောင်းလေးများဖြင့် စစ်တုရင်ရုပ် တစ်ရုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ နောက်တစ်ကွက်သို့ ရွေ့ရန် ဆုံးဖြတ်၍ မရနိုင် ဖြစ်နေသည်။
သူသည် စစ်တုရင်ပွဲ ရှစ်ပွဲကို အကြောင်းပြချက်မျိုးစုံ ပေး၍ ရှောင်ခဲ့ဖူးပြီး ယခုတစ်ဖန် လင်ရှင်းထုံ၏ ကောင်းမှုဖြင့် အကျပ်ရိုက်နေပြန်သည်။ ကြည့်ရသည်မှာ သူ၏ ဘုရင်ရုပ်သည် ရှုံးတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး အကွက်ရွေ့ရန် အခွင့်မသာတော့ပေ။
"ရှင်းထုံ...မင်းရဲ့ စစ်တုရင်ကစားတဲ့ စွမ်းရည်က တိုးတက်လာပြီး အရင်က ငါ့လက်ရည်နဲ့တောင် တူလာတယ်။ ကြည့်ရတာ ငါ အလေးအနက်ထားပြီး ကစားရတော့မယ် ထင်တယ်..." ဟု အဖိုးအိုစုက ပြောင်ပြောင်တင်းတင်းပြောပြီး လင်ရှင်းထုံကို နှာခေါင်းရှုံ့အောင် လုပ်လိုက်သည်။ သို့သော် သူမ လုပ်သမျှမှာ သူမ၏ ဆရာကို နောက်ထပ် စစ်တုရင်ကွက် ရွေ့ရန် တွန်းအားပေးခြင်းပင် ဖြစ်သည်။
လင်ရှင်းထုံသည် မပြုံးစဖူး ပြုံးလိုက်ပြီး အဖိုးအိုစု၏ ရှေ့တွင်သာ လူငယ်တစ်ယောက်၏ ငယ်ရွယ်တက်ကြွမှုကို ပြလိမ့်မည် ဖြစ်သည်။ အကြောင်းရင်းမှာ လင်ရှင်းထုံသည် အဖိုးအိုစုကို သူမ၏ ဆရာနှင့် အဖိုးအဖြစ် သဘောထားသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် တံခါးဆီမှ အသံတစ်သံ ထွက်ပေါ်လာပြီး “ဧကရာဇ်မင်းရဲ့ အမိန့်အရ သံတမန်ဖြစ်သူ ကျွန်ုပ်ဟာ ဆရာကြီးစုဆီ စာတစ်စောင် ပေးပို့ဖို့ ဒီနေရာကို ရောက်ရှိလာတယ်။”
"အာ... ဧည့်သည် ရောက်လာတာကိုး။ မကစားတော့ဘူး၊ မကစားတော့ဘူး။ ဧည့်သည် ရောက်နေပြီး။ ဒီကို လက်ဖက်ရည်အိုး ယူလာခဲ့ ရှင်းထုံ။"
အဖိုးစုသည် သူ၏ လက်နှစ်ဖက်ကိုသုံးပြီး စစ်တုရင်ခုံပေါ်မှ စစ်တုရင်အရုပ် အားလုံးကို ရောထွေးပစ်လိုက်သည်။
“အယ်…” ဟု အာမေဋိတ် အသံပြုရင်း လင်ရှင်းထုံသည် ရယ်မောရင်း ပြောလိုက်သည်မှာ “ဆရာ့ရဲ့ တပည့်လေးက လက်ဖက်ရည်ကို ပြင်ထားပြီးပြီ။ ဆရာကြီးက ကိုယ်မသောက်တဲ့ လက်ဖက်ရည်အတွက် စားပွဲကို တအားရှင်းနေတာပဲ။”
အဖိုးအိုစုသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များကို ကြည့်ရင်း စကားမပြောဘဲ မျက်တောင်သာ ခတ်နေသည်။
ကံကောင်းထောက်မစွာဖြင့် ကျင်းလုံဝေ့၏ သံတမန် အိမ်ထောင်စုတစ်ထောင် ကျန်းသည် ခြံထဲသို့ ဝင်သွားပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ခါးညွှတ်၍ အဖိုးစုကို ဂါရဝါပြုလိုက်သည်။
"ဧကရာဇ်မင်းရဲ့ အမိန့်အရ ကျွန်တော်မျိုးက ဆရာကြီးစုဆီ စာတစ်စောင်ပို့ဖို့ ရောက်လာတာပဲ ဖြစ်တယ်။
ဒီစာကို ကြည့်ပေးဦး ဆရာကြီးစု။" ဟုပြောရင်း ကျန်းတန်က စာကို စစ်တုရင်စားပွဲပေါ်တွင် ယဉ်ကျေးစွာ ချလိုက်သည်။ ၎င်းသည် တံဆိပ်ခေါင်းကပ်ထားသော အနီရောင် စာတစ်စောင် ဖြစ်သည်။
အဖိုးစုသည် တာအို မျိုးနွယ်စုတွင် ရှိနေရခြင်း အဓိက အကြောင်းရင်းမှာ ကျန်းတန်ပေးပို့သည့် စာကို စောင့်နေရခြင်းကြောင့် ဖြစ်သည်။
သူက စာကိုယူလိုက်ပြီး လေးလေးနက်နက် အကြည့်နဲ့ "ကျန်းတန် ဟုတ်တယ်မလား။ မင်း အလုပ်ကြိုးစားသားပဲ။ လက်ဖက်ရည် သောက်ဦး။" ကျန်းတန်သည် ခဏရပ်၍ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်လိုက်သည်။
သူသည် သတိထားတတ်သူ ဖြစ်သောကြောင့် အဖိုးစုနှင့် လင်ရှင်းထုံတို့သည် စစ်တုရင် ကစားနေစဥ် လက်ဖက်ရည် သောက်ခဲ့သည်ကို သူသတိထားမိလိုက်ပြီး လက်ဖက်ရည်ကို လင်ရှင်းထုံဖျော်မှန်း သိလိုက်သည်။
လင်ရှင်းထုံသည် အထက်တန်းလွှာ မိသားစုကြီးများမှ မျက်စိကျရသည့် ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ ရှိသောကြောင့် သူမသည် တစ်နေ့တွင် တိုင်အာအင်ပါယာ၏ မင်းသားတစ်ပါးနှင့် လက်ထပ်ထိမ်းမြား၍ မင်းသမီးဖြစ်လာပြီး ထိုမှတစ်ဆင့် ဧကရီတစ်ပါး ဖြစ်လာနိုင်သည်။
ကျင်းလုံဝေ့၏ အိမ်ထောင်စုတစ်ထောင် သံတမန် ကျန်းတန်သည် ဧကရီတစ်ပါးဖြစ်လာမည့်သူ ဖျော်ထားသောလက်ဖက်ရည်ကို သောက်မိက သေဒဏ်ပေးခံရနိုင်သည်။
ဖြစ်နိုင်စရာမရှိသော်လည်း ကျန်းတန်သည် လူမျိုးစုံနှင့်ဆက်ဆံရသောကြောင့် သူတို့အဖွဲ့စည်း ကျင်းလုံဝေ့၏ ပုံရိပ်အား ထည့်စဉ်းစားရန် လိုအပ်သည်။
"ဧည့်ခံမှုအတွက် ကျေးဇူးတင်တယ် ဆရာကြီးစု။ သံတမန်ဖြစ်တဲ့ ကျွန်တော်က အစီရင်ခံဖို့ အခု ပြန်သွားရမှာ ဖြစ်တဲ့အတွက် ကျွန်တော် မသောက်တော့ဘူး။" ဟု ကျန်းတန်က ချက်ချင်း ပြန်ပြောလိုက်သည်။
ကျန်းတန်သည် သံတမန်၏ ကျင့်ဝတ်နှင့်အညီ ပြောဆိုသည်။ အဖိုးစုသည် စည်းနှင့်ဘောင်နှင့် မနေတတ်သည့်အပြင် နေရာအတည်တကျ မရှိသော်လည်း အင်ပါယာ၏ မင်းမျိုးမင်းနွယ်များကပင် သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရပေမည်။ သူသည် လောကီကျင့်ဝတ်များနှင့် ပတ်သက်၍ စိတ်ဝင်စားမှု မရှိပေ။
"ကောင်းပြီ။ ဒါဆို မင်းထွက်သွားလို့ရပြီ" ဟု အဖိုးစုက သူ၏လက်ကို ဝှေ့ယမ်းရင်း ပြောကာ ကျန်းတန် ထွက်သွားသည်အထိ စောင့်နေသည်။ သူသည် တံဆိပ်ခေါင်းကို ခွာ၍ စာအိတ်ကို ဖွင့်ဖောက်လိုက်သည်။
ထို့နောက် အဖိုးစုသည် စာအိတ်အတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ စာသားများဖြင့် ပြည့်နေသော စာတစ်စောင် မဟုတ်ဘဲ ပုံကြမ်းတစ်ခုသာ ဖြစ်သည်။
အဖိုးစုသည် ပုံကြမ်းကို ထုတ်ယူလိုက်သောအခါတွင် ရှေးဟောင်းသားရဲ တစ္ဆေရုပ်ပုံ ပေါ်လာပြီး မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားသည်။
ဤပုံကြမ်းကို မြင်ပြီးနောက် အဖိုးစု၏ မျက်လုံးများမှာ တောက်ပလာသည်။ သူသည် ရတနာကို မြင်သွားသည့် မီးခံသေတ္တာစောင့် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
"ဒီတိမ်ရိုင်းဒေသမှာ ရတနာတွေ တကယ် ရှိကောင်းရှိနိုင်တယ်။ အမတ်ဝမ်ယွင် ကိုယ်တိုင်တောင် ရှာနိုင်မှာ မဟုတ်ဘူး။ ငါ့အကူအညီကို လိုမှာပဲ။ အင်ပါယာရဲ့ ရတနာကို ရှာဖွေရတာက အချည်းနှီးတော့ မဟုတ်ဘူးပဲ။" ဟု အဖိုးစုက သူ့ကိုယ်သူ ပြောလိုက်သည်။
"ဆရာကြီး၊ ဒီပုံကြမ်းမှာ ဘာပြသနာရှိလို့လဲ" ဟု ပျောက်ကွယ်သွားသော ရှေးဟောင်းသားရဲ ရုပ်ပုံကိုကို ကြည့်ရင်း ဘေးမှတွေးတောနေသော လင်းရှင်းတုံက အဖိုးစုကို မေးလိုက်သည်။
ပုံကြမ်းမှ လျှို့ဝှက်ဆန်းကြယ်မှုကို သူမ ထုတ်ဖော်မပြောနိုင်သော်လည်း ထိုပုံ၏ ဝိညာဥ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုကို ခံစားမိသည်။
အဖိုးစုက "ဒီပုံကြမ်းဟာ ရှေးခေတ်က လက်ဆင့်ကမ်းလာတဲ့ အရာပဲ။ ခရမ်းရောင်တိမ်တိုက် ဖြစ်စဥ်နဲ့ဆက်စပ်မှု ရှိ မရှိ မသိရပေမယ့် ဒါက တော်တော်ကောင်းတာပဲ။ စိတ်မပူနဲ့ ရှင်းထုံ။ မင်းရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေကို ပြန်ဆက်နိုင်မည့် နည်းလမ်းကို ကမ္ဘာအဆုံးအထိ ငါရှာဖွေပေးမယ်။"
လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိရန် ကျရှုံးသွားကတည်းက လျှိုင်မျိုးနွယ်စုသည် ငြိမ်သက်သွားခဲ့သည်။ တောင်ပေါ်တွင် လူရာပေါင်းများစွာ
ဆေးဖက်ဝင် အပင်များ ခူးနေသည့် ခမ်းနားသော မြင်ကွင်းများကို မမြင်ရတော့သလို သန်မာသော လူများသည် နေရောင်အောက်တွင် ကောက်ရိုးများကို မီးရှို့နေသည့် မြင်ကွင်းများလည်း မရှိတော့ပေ။
လျှိုင်ချမ်းယု ဒဏ်ရာရသွားသည့် သတင်းကို ဖုံးကွယ်ထားဆဲ ဖြစ်ပြီး လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိသွားပြီး ခွန်အားများ တိုးလာပြီဟု လူအားလုံးက ယုံကြည်နေကြသည်။
ယခု သူတို့လုပ်နိုင်သည့်အရာမှာ အင်ပါယာ၏ ရွေးချယ်မှုကို စောင့်ဆိုင်းရန်ပင် ဖြစ်သည်။ လျှိုင်ချမ်းယုသည် အင်ပါယာ၏ စစ်သည်တော် ဖြစ်လာပြီး လျှိုင်မျိုးနွယ်စုအတွက် ပိုမိုကောင်းမွန်သော ဘဝကို ယူဆောင်လာမည်ဖြစ်သည်။
ယနေ့တွင် ကောင်းကင်ပေါ်မှ နှင်းများ တဖြုတ်ဖြုတ်ကျနေပြီး တိမ်စိုင်များမှာ အိကျနေသည်။ လင်းယုန်ကြီးတစ်ကောင်မှာလည်း လျှိုင်မျိုးနွယ်စု၏ ကောင်းကင်ယံတွင် ပျံသန်းနေသည်။
ဤလင်းယုန်၏ တောင်ပံမှာ ၃၂ ပေ ကျော်ပြီး ၎င်းတောင်ပံခတ်သည့် အရှိန်ကြောင့် နှင်းများမှာ ဖရိုဖရဲ ပြန့်ကျဲကုန်သည်။
"အဲဒါ ဘာကြီးလဲ။"
ဆင်းရဲသော လျှိုင်မျိုးနွယ်စုမှာ ဤကဲ့သို့ ကြီးမားသည့် လင်းယုန်ကို မည်သို့ မြင်ဖူးကြမည်နည်း။
"ဒါက သားရဲရိုင်းလား (ဒါမှမဟုတ်) ပျက်စီးခြင်း သားရဲလား။"
ထိုကဲ့သို့ လင်းယုန်ကြီးကို မြင်လိုက်ရသဖြင့် လူများသည် အထိတ်တလန့် ဖြစ်သွားကြသည်။ ပုံမှန်အားဖြင့် အံ့ဖွယ်နယ်မြေတစ်ခု၏ အကာအကွယ်အောက်တွင် သာမန် ပြင်းထန်သော သားရဲရိုင်းများ (သို့မဟုတ်) ပျက်စီးခြင်း သားရဲများသည် မျိုးနွယ်စုတစ်စုရှိရာ နေရာသို့ ဝင်ရောက်လာလေ့ မရှိပေ။
သူတို့သည် “ပုံမှန်” အခြေအနေအောက်တွင် ရှိနေသော်လည်း သားရဲရိုင်းများ (သို့မဟုတ်) ပျက်စီးခြင်း သားရဲများသည် အံ့ဖွယ်ကမ္ဘာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး လူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သည့် ဖြစ်ရပ်များလည်း ဖြစ်လာနိုင်သည်။
ထိုဖြစ်ရပ်မှာ လူမျိုးတုံး သတ်ဖြတ်ခြင်းနဲ့ တူသည်။ တိမ်ရိုင်းဒေသ တစ်ခုလုံးတွင် မျိုးနွယ်စုငယ် များစွာရှိသောကြောင့် မျိုးနွယ်စုငယ် အနည်းစု ပြိုလဲရုံဖြင့် ကိစ္စမရှိပေ။
သို့သော် ပျက်စီးခြင်း သားရဲများမှာ အမှန်တကယ် တိုက်ခိုက်ခဲ့ပါက လျှိုင်မျိုးနွယ်စုအတွက် ကြေကွဲစရာဖြစ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
လူများ ထိတ်လန့်နေသည့် အချိန်တွင် လင်းယုန်ကြီးမှာ အရာတစ်ခုကို လွှတ်ချလိုက်ပြီး ထိုအရာသည် ကောင်းကင်ပေါ်တွင် စတင် လောင်ကျွမ်းသွားသည်။
"ဖောင်း" ပေါက်ကွဲသံကြီး တစ်ခု ကြားပြီးနောက် ကောင်းကင်တွင် စာပေလွှာတစ်ခု ပေါ်လာသည်။
ထိုစာပေလွှာကို မြေကြီးပေါ်တွင် ထားမည်ဆိုက မြေဧကတစ်ဝက်စာမျှ နေရာယူလိမ့်မည် ဖြစ်သည်။ ကောင်းကင်ပေါ်မှ စာပေလွှာကို လျှိုင်မျိုးနွယ်စု တစ်ခုလုံးသည် ရှင်းလင်းစွာ မြင်ရသည်။
"မွန်းတည့် သုံးရက်နေ့မှာ ကျင်းလုံဝေ့ဟာ လျှိုင်မျိုးနွယ်စုဆီကို သံတမန်စေလွှတ်ပြီး ရွေးချယ်ပွဲအတွက် လျှိုင်မျိုးနွယ်စုထဲက စစ်သည်တော် ဆယ်ယောက်ကို တာအို မျိုးနွယ်စုဆီ ခေါ်ဆောင်သွားမှာပဲ ဖြစ်တယ်။
ရွေးချယ်ခံရသူတွေဟာ အင်ပါယာရဲ့ စစ်သည်တော်များ တဖြစ်လဲ ကျင်းလုံဝေ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာကြမှာ ဖြစ်တယ်။ အကြိုစစ်ဆေးမှုနဲ့ မျိုးနွယ်စုရဲ့ ဆုံးဖြတ်ချက်အတိုင်း လူဆယ်ယောက်ကို ရွေးချယ်မှာ ဖြစ်ပြီး အဲ့ဒီလူတွေဟာ အသက် နှစ်ဆယ့်ရှစ်နှစ်အောက် ဖြစ်ရမယ်။
စာပေလွှာမှ စာတန်းကြီးများကို မြင်လိုက်သောအခါ လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်နေရာမှ ရပ်တန့်သွားသည်။ "အင်ပါယာရဲ့ စစ်သည်တော် ရွေးချယ်ပွဲ၊ အင်ပါယာရဲ့ စစ်သည်တော် ရွေးချယ်ပွဲက နောက်ဆုံးတော့ စတင်လိုက်ပြီး။"
သူတို့ ပေးဆပ်ခဲ့ရသည့် အရာများအတွက် ဤရက်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ နောက်ဆုံးတော့ သူတို့ စောင့်မျှော်နေသည့်ရက် ရောက်လာခဲ့ချေပြီး။