← Chapters

စစ်သည်တော် ရွေးချယ်ပွဲ စတင်ခြင်း

Vol. 5 Ch. 70

စစ်သည်တော် ရွေးချယ်ပွဲ စတင်ခြင်း

Vol. 5 Ch. 70

လျှိုင်မျိုးနွယ်စု၏ ခြံဝင်းထဲတွင် ယိုယွမ်သည် ကောင်းကင်ပေါ်မှ စာလုံးကြီးများကို မျက်မှောင်ကြုတ်ကာ အားစိုက်၍ ကြည့်နေသည်။ ကျင်းလုံဝေ့မှ အထူးတလည် မွေးမြူထားသည့် ဤလင်းယုန်ကြီးသည် အင်ပါယာ နတ်လင်းယုန်ဟု လူသိများသည်။

ဤနတ်လင်းယုန်များကို ငယ်ရွယ်စဉ် ကတည်းက သားရဲရိုင်း အသားများဖြင့် ကျွေးမွေးခဲ့သည်။ အလွန်ဉာဏ်ရည် မြင့်မားကာ ၎င်းတို့၏ အမြန်နှုန်းနှင့် ယဥ်ပါးလွယ်မှုတို့ကြောင့် ဤသို့ ကျယ်ဝန်းသော တောထဲ၌ ပျံသန်းနိုင်ကြသည်။

ကျင်းလုံဝေ့သည် မြေပုံများ ရေးဆွဲရာတွင် မျိုးနွယ်စုငယ်များ၏ တည်နေရာအားလုံးကို ယခင်ကတည်းက ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်သည်။ ယခုအခါ ကျင်းလုံဝေ့၏ လက်အောက်ငယ်သားများသည် အင်ပါယာ၏ စစ်သည်တော် ရွေးချယ်ပွဲနှင့် ပတ်သက်သည့် သတင်းများကို လင်းယုန်ငှက်များ အသုံးပြု၍ မျိုးနွယ်စုငယ်များထံ ပေးပို့နေပြီ ဖြစ်သည်။

ဤစာပေလွှာသည် တဖြည်းဖြည်း မပျောက်ကွယ်မီ ကောင်းကင်တွင် တစ်နာရီခန့်ကြာအောင် တောက်လောင်နေခဲ့သည်။

လျှိုင်မျိုးနွယ်စု တည်ရှိရာ အနောက်ဘက် တောင်တန်းတွင် ယီယွင်သည် ကျောက်တုံးကြီး တစ်တုံးအား မှီရင်း မြက်တချို့ဝါးကာ စာတစ်စောင်အား ဖတ်နေသည်။

"လူဆယ်ယောက်ကို... မျိုးနွယ်စုက ဆုံးဖြတ်ပေးမယ်ပေါ့လေ" ဟု တီးတိုးရေရွတ်ရင်း ယီယွင်သည် စကားလုံးများ၏ အဓိပ္ပါယ်ကို လေးလေးနက်နက် စဥ်းစားနေမိသည်။ ကျင်းလုံဝေ့သည် စစ်သည်တော် ရွေးချယ်ပွဲကို တာအို မျိုးနွယ်စုအတွင်း ကျင်းပရန် စီစဉ်နေသည်မှာ သိသာပါသည်။ လျှိုင်မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုငယ်အတွက် နေရာ ဆယ်နေရာသာ ရရှိမည် ဖြစ်သောကြောင့် မျိုးနွယ်စုကိုယ်တိုင်မှ လူဆယ်ဦးကို ရွေးချယ်ပေးလိုက်မည် ဆိုပါက လုပ်ငန်းစဉ်မှာ ပိုမို ရိုးရှင်းသွားပေလိမ့်မည်။

"မျိုးနွယ်စုက ရွေးတာပေါ့လေ။ ဟန့်" ဟု ယီယွင်က ခနဲ့တဲ့တဲ့ ပြောလိုက်ပါသည်။ လျှိုင်ချမ်းယုနှင့် အတူ စစ်သည် လေ့ကျင့်ရေးစခန်းမှ ယုံကြည်စိတ်ချရသော စစ်သည်တော်များသာ ရွေးချယ်ခံရမည့် လူဆယ်ယောက်စာရင်းတွင် ပါသွားမည်မှာ သိသာနေပါသည်။မျိုးနွယ်စုတွင် 'လူသေ' တစ်ယောက်ကဲ့သို့ သတ်မှတ်ထားသည့် ယီယွင်အတွက်မူ မည်သည့် ရွေးချယ်မှုနည်းလမ်းကို အသုံးပြုပါစေ ယီယွင်သည် ရွေးချယ်ခံရမည်မဟုတ်ပေ။

ယီယွင်သည် ပါးစပ်ထဲမှ မြက်များကို ထွေးထုတ်ပြီး အတွေးတစ်ခု ပေါက်သွားသည်။ "သုံးရက်မြောက်နေ့မွန်းတည့်ချိန်မှာ...ငါကိုယ်တိုင် ငါ့နေရာကို ရအောင်ယူမယ်။"

တစ်ချိန်တည်းမှာပင် လျှိုင်မျိုးနွယ်စု၏ ခြံဝင်းထဲသို့ နှင်းများသည် တဖြည်းဖြည်း ကျဆင်းလာသည်။ မီးလင်းဖိုးဘေးရှိ နူးညံ့သည့် တိရစ္ဆာန်အရေခွံပေါ်တွင် လဲလျောင်းနေသော လျှိုင်ချမ်းယုသည် ကောင်းကင်တွင် ပေါ်နေသော စာပေလွှာထဲမှ စာလုံးများကို အားစိုက်၍ ကြည့်နေသည်။

ခရမ်းသွေးနယ်ပယ်သို့ ရောက်ရှိရန် ကျရှုံးသွားသော လျှိုင်ချမ်းယုသည် အိပ်ရာထဲတွင် ရက်ပေါင်းများစွာ လဲလျောင်းနေခဲ့ရသည်။ သူ၏ မျက်နှာသည် ဖြူဖျော့၍ သွေးများ ဆုတ်ယုတ်နေပါသည်။

သူ၏ ခန္ဓာကိုယ်မှာ အားနည်းနေသောကြောင့် နူးညံ့သော တိရစ္ဆာန်အရေခွံ ခင်းထားသည့် ကုလားထိုင်ပေါ်တွင်သာ လဲလျောင်းနေရပြီး အစေခံမလေးများက သူ့ကို အိမ်အတွင်းမှ အပြင် တွဲခေါ်သွားပေးရသည်။

လျှိုင်ချမ်းယု၏ ဘေးပတ်လည်တွင် သူ၏ အမိန့်ကို စောင့်နေသော အသက် ဆယ့်ခုနစ်နှစ်အရွယ် အစေခံမလေး လေးယောက် ရှိပါသည်။ သူတို့သည် အသားခြောက်ပန်းကန်၊ သစ်သီးပန်းကန်နှင့် မီးသွေးအိုးတို့ကို ကိုင်ထားသည်။

နေခင်းတွင်ပင် ချမ်းအေးသောကြောင့် အစေခံမလေး လေးယောက်သည် နှင်းထဲတွင် လေးနာရီ ကြာအောင် ရပ်နေရသည်။

သူတို့သည် မီးလင်းဖိုနှင့် ဝေးသောကြောင့် နွေးထွေးမှုကို မခံစားနိုင်ကြပေ။ သူတို့၏ မျက်နှာ၊ နားနှင့် လက်များသည် အအေးဒဏ်ကြောင့် နီရဲနေသည်။ နှင်းများကျနေသောကြောင့် သူတို့၏ ပိတ်စဖိနပ်များသည် စိုစွတ်နေပြီး ခြေထောက်များမှာ ထုံကျင်နေပါသည်။

သူတို့၏ လက်များမှာ ထုံကျင်နေသော်လည်း လက်ထဲရှိ ပစ္စည်းများကို မြဲမြံအောင် ကိုင်ထားကာ မလှုပ်မရှားဘဲ မတ်မတ်ရပ်နေပါသည်။

အစေခံ အချို့သည် မူးလဲခါနီးတွင် မလဲကျအောင် နှုတ်ခမ်းကို ကိုက်ထားရသည်။ သူတို့ရွှေ့လိုက်လျှင် ဤထက် ပိုဆိုးမည်ကို သိသောကြောင့် ဖြစ်သည်။

ဤရက်များတွင် သူတို့သည် မကျန်းမမာ ဖြစ်နေသော လျှိုင်ချမ်းယုကို စောင့်ကြည့်နေခဲ့ကြပြီး လျှိုင်ချမ်းယုမှာ စိတ်အပြောင်းအလဲ ဖြစ်နေသောကြောင့် အလွန်ကြောက်စရာကောင်းနေသည်။

လွန်ခဲ့သည့် သုံးရက်က လျှိုင်ချမ်းယုအနားရှိ အစေခံမလေး တစ်ဦးသည် ဆန်ပြုတ်ယူလာစဉ် တိရစ္ဆာန်အရေခွံပေါ်သို့ မတော်တဆ ဖိတ်ကျသွားသည်။ ထို့ကြောင့် လျှိုင်ချမ်းယုသည် သူမ၏ ခြေလက်လေးချောင်းကို ချိုးပြီး ထင်းခြောက်များထားသည့် အခန်းထဲတွင် နှစ်ရက်နှင့် နှစ်ည အစာရေစာ မကျွေးဘဲ ပိတ်လှောင်ထားသည်။

ထိုအမျိုးသမီးငယ်သည် ယခုအချိန်တွင် သေလုနီးပါးဖြစ်နေပြီ ဖြစ်သည်။

သို့သော် မည်သူကမှ သူမကို စေ့စေ့မကြည့်ရဲသလို စားစရာ သောက်စရာများလည်း မပေးရဲကြပေ။

ယခင်က လျှိုင်ချမ်းယုသည် လူများကို ရိုက်နှက်ကြိမ်းမောင်းရာတွင် အသက်သေသည့်အထိ မလုပ်ခဲ့ပေ။ သို့သော် ယခုအခါ အစေခံမလေးများ၏ အမြင်တွင် လျှိုင်ချမ်းယုသည် မကောင်းဆိုးဝါး သားရဲတစ်ကောင်ဖြစ်လာပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ တစ်စုံတစ်ယောက်ကို မသတ်ခင် သူ၏ မျက်နှာတွင် သတ်ပစ်ချင်သည့် အရိပ်အယောင်ကို မပြပေ။

သူသည် အချိန် တစ်စက္ကန့်တွင် ရယ်မောနေပြီး နောက်ထပ် တစ်စက္ကန့်တွင် သင့်အား ဓားဖြင့်ထိုး၍ လျှာကို လှီးဖြတ်ကာ လက်ဝါးကပ်တိုင်တွင် တင်ထားရန် ဝန်လေးနေမည့်သူ မဟုတ်ပေ။

"ချမ်းယု အကြိုစစ်ဆေးမှုက နောက်သုံးရက်နေရင် စတော့မှာ" ဟု အစိမ်းရောင် အဝတ်အစား ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ယောက်သည် ခြံဝင်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။

လျှိုင်မျိုးနွယ်စုတစ်ခုလုံးတွင် လျှိုင်ချမ်းယုကို "ချမ်းယု" အဖြစ် ခေါ်ဆိုနိုင်သူမှာ အနည်းငယ်သာ ရှိသည်။ သူတို့မှာ လျှိုင်မျိုးနွယ်စု၏ အကြီးအကဲများဖြစ်ပြီး ထိုထဲတွင် အရည်အချင်း ပြည့်မီသည့် တစ်ဦးတည်းသော ပြင်ပလူမှာ စစ်သည် လေ့ကျင့်ရေးစခန်းမှ နည်းပြဆရာ ယိုယွမ်ဖြစ်သည်။

"ဟုတ်​ကဲ့ ကျွန်တော် တွေ့ပြီးပြီ။" ဟု လျှိုင်ချမ်းယုက အားနည်းနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။ ဤအခြေအနေမျိုး ရောက်လိမ့်မည်ဟု သူ တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။

ပျက်စီးခြင်းအရိုး ခြင်ဆီမှာ အာနိသင် မပြ၍ ခရမ်းသွေးနယ်ပယ်ထဲသို့ ရောက်ရှိရန် ကျရှုံးခဲ့ခြင်းကြောင့် လျှိုင်ချမ်းယုသည် အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

သူသည် ဤအရာတစ်ခုအတွက်နှင့် သူ၏ ပိုင်ဆိုင်မှုအားလုံးကို အရှုံးခံကာ တံတားများကိုပင် မီးရှို့ခဲ့သော်လည်း အရွေးခံရမည့် အချိန်တွင် အရာအားလုံးမှာ မထင်မှတ်ဘဲ ဖျက်ဆီးခံလိုက်ရလေသည်။

ဤအိမ်မက်တစ်ခုတည်းအတွက်နှင့် သူ၏ ဆယ့်ခုနစ်နှစ်တာအချိန်ကို ကိုယ်ခံပညာ လေ့ကျင့်ရင်း ကုန်ဆုံးခဲ့ရသည်။ အင်ပါယာ၏ စစ်သည်တော် ရွေးချယ်ပွဲနှင့်အတူ အောင်မြင်မှုဆီသို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုတွင် သူသည် လုံးဝ ကျရှုံးသွားခဲ့သည်။

မျှော်လင့်ချက်ကြီးလေလေ စိတ်ပျက်စရာကောင်းလေလေပင် ဖြစ်သည်။ စင်မြင့်ပေါ်တွင် သူ သွေးစိမ်းရှင်ရှင် အန်ခဲ့သည်မှာ သက်သေပင် ဖြစ်သည်။

"ချမ်းယု မင်းရဲ့ ဒေါသက သွေးကြောတွေကို ဒဏ်ရာဖြစ်စေတယ်။ ဒါက ပေါ့သေးသေး ဒဏ်ရာမဟုတ်ဘူး၊ အနားယူဖို့ အများကြီးလိုလိမ့်မယ်။ ဒီကာလအတွင်းမှာ ကိုယ်ခံပညာကို မသုံးသင့်ဘူး။ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်လည်ပတ်အောင်လည်း မလုပ်သင့်ဘူး။ ဒီအချိန်မှာ မလှုပ်ရှားတာ အကောင်းဆုံးပဲ။ အဲ့လိုမှ မဟုတ်ရင် သွေးကြောတွေက ထာဝရ ပျက်စီးသွားလိမ့်မယ်။" ဟု ယိုယွမ်က ပြောလိုက်သည်။

"ကျွန်တော် သဘောပေါက်ပါပြီး။ နည်းပြယို ကျွန်တော့ ခန္ဓာကိုယ်ကို ကြည့်ပါဦး။ စစ်သည်တော် ရွေးချယ်ပွဲ စတဲ့အခါ ကျွန်တော် လုံးဝအဆင်ပြေသွားမယ်လို့ ထင်လား။" ဟု လျှိုင်ချမ်းယုက သူ၏ ခန္ဓာကိုယ်ကို တိရိစ္ဆာန်အရေခွံဖြင့် ခြုံရင်း မေးလိုက်ပါသည်။

"မင်း အများကြီး သက်သာလာပြီး။ နောက်ထပ် လေးငါးရက်လောက်နေရင် မင်းပြန်ကောင်းလာလိမ့်မယ်။ ကျင်းလုံဝေ့က မင်းကို တာအိုမျိုးနွယ်စုဆီ ခေါ်သွားပြီး ခဏနေခိုင်းမယ်။ သူတို့တွေ အကြိုစစ်ဆေးမှုအတွက် နေရာပြင်ဆင်တဲ့အခါ တစ်ရက် နှစ်ရက်လောက် ကြာလိမ့်မယ်။ ဆိုတော့ အကြိုစစ်ဆေးပွဲအမီ မင်းရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာလိမ့်မယ်။" ဟု ယိုယွမ်က လျှိုင်ချမ်းယုကို ပြောလိုက်သည်။

“ဟုတ်ပြီ၊ ဒါကောင်းတယ်။” ဟု လျှိုင်ချမ်းယုက အလွန်တည်ငြိမ်သော အသံဖြင့် ပြောလိုက်သော်လည်း သူ၏ မျက်လုံးအကြည့်မှာ အေးစက်နေသည်။

အဆိပ်၊ မနှစ်မြို့မှုနှင့် မုန်းတီးမှုတို့ ပေါင်းစပ်မှုထားသည့် အကြည့်မျိုးပင် ဖြစ်သည်။

ခရမ်းသွေးနယ်ပယ်ကို ရောက်ရှိရန် ကျရှုံးသွားခြင်းသည် လျှိုင်ချမ်းယု၏ စိတ်ပိုင်းဆိုင်ရာအပေါ် မည်မျှ သက်ရောက်မှု ရှိခဲ့သည်ကို ပြောပြရန် ခက်သည်။

သူသည် ပတ်ဝန်းကျင်မှ အရာအားလုံးကို မုန်းတီးနေသည့်ပုံပင်။

"ဘာကြောင့် ငါက ဒုက္ခအားလုံးကို ရင်ဆိုင်ပြီးတော့ ဒီကြမ်းတမ်းတဲ့လမ်းကို ဖြတ်ကျော်ခဲ့ရတာလဲ။"

"ကောင်းကင်ဘုံက ဘာကြောင့် ငါ့ရဲ့ နောက်ဆုံး အာလူးကြော်တစ်ပြားကို ခိုးသွားရတာလဲ။"

"ကောင်းကင်ဘုံဆိုတာ တကယ်ရှိခဲ့ရင် ပျောက်ကွယ်သွားဖို့ ငါကျိန်ဆဲတယ်။ ဘုရားသခင်ဆိုတာ ရှိခဲ့ရင် မိုးကြိုးပစ်ခံရပါစေလို့ ငါကျိန်ဆဲတယ်။"

လျှိုင်ချမ်းယု၏ ကျိန်ဆဲသည့် အပြုအမူကို မြင်လိုက်သောအခါ ယိုယွမ်သည် မည်သို့ ပြန်ပြောရမည်ကို မသိပေ။ "စိတ်မပျက်ပါနဲ့ ချမ်းယု။ ခရမ်းသွေးနယ်ပယ်ထဲ ရောက်ဖို့ ကျရှုံးသွားပေမယ့် အင်ပါယာရဲ့ စစ်သည်တော် ရွေးချယ်ပွဲမှာ အောင်မြင့်ဖို့ အခွင့်အရေး များပါတယ်။

အင်ပါယာရဲ့ စစ်သည်တော် ရွေးချယ်ပွဲက မင်းဘယ်လောက် လေ့ကျင့်ထားလဲဆိုတာကို ကြည့်တာမဟုတ်ဘဲ အဓိက မင်းရဲ့ အလားအလာကို ကြည့်တာ။

"ငါက ဒီစကား​တွေကို တမင်​ရည်​ရွယ်​ပြီး ဖုံးကွယ်​ထားတာ မဟုတ်​ဘူး။ အစေခံမ လေး​ယောက်​က အတင်းလိုက်ပြောမှာစိုးလို့ မပြောဘဲ ထားထားတာ။" ဟု ယိုယွမ်သည် လျှိုင်ချမ်းယုကို အားပေးစကား ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ ကျွန်တော် သိပါတယ် နည်းပြယို။ စစ်သည်တော် လေ့ကျင့်ရေးစခန်းက လူကိုးယောက် ရွေးဖို့ မင်းကို အားကိုးရဦးမယ်။ ဒီတစ်ခေါက်တော့ စစ်သည် ကိုးယောက်က ကျွန်တော်နဲ့အတူ တာအို မျိုးနွယ်စုဆီကို သွားမှာပဲ။"

ယိုယွမ်၏ နှစ်သိမ့်စကားများကို ကြားပြီးသော်လည်း လျှိုင်ချမ်းယုသည် အလွန် စိတ်ဓာတ် မတက်ကြွလာသေးပေ။ သူသည် အင်ပါယာ၏ စစ်သည်တော် ရွေးချယ်ပွဲတွင် အောင်မြင်ရုံသာမက ကျင်းလုံဝေ့၏ အာရုံစိုက်မှုကို ရယူပြီး အင်ပါယာ သူရဲကောင်းတစ်ယောက် (သို့မဟုတ်) ကျင်းလုံဝေ့ကဲ့သို့ အိမ်ထောင်စုတစ်ထောင် အရာရှိ ဖြစ်လာရန် ကြံစည်ထားပါသည်။

သို့သော် ယခုချိန်တွင် အင်ပါယာ၏ စစ်သည်တော် ရွေးချယ်ပွဲတွင် အရွေးချယ်ခံရမည်ဟုပင် အာမမခံနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ အချိန်တိုအတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်ပေ။

All Chapters