← Chapters

လျှိုင်ချမ်းယု စိတ်လှုပ်ရှားနေသည်။

Vol. 5 Ch. 65

လျှိုင်ချမ်းယု စိတ်လှုပ်ရှားနေသည်။

Vol. 5 Ch. 65

ထိုညတွင် လျှိုင်ချမ်းယုသည် သက်သတ်လွတ်စားသည့်အပြင် အမွှေးနံ့သာများ ပူဇော်၍ တစ်ညလုံး တရားထိုင်ကာ သူ၏ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် လုပ်ထားသည်။

နောက်တစ်နေ့ နံနက်စောစောတွင် အခမ်းအနားကို တရားဝင် စတင်ခဲ့သည်။

ကျောက်ထိုင်ကျူသည် စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများကို ဦးဆောင်၍ လျှိုင်မျိုးနွယ်စုမှ အသုံးပြုသော အရိုးချိုခရာကြီးကို ကောင်းကင်ဘုံအား ဂုဏ်ပြုရန် ရွှေ့လိုက်သည်။ သန်မာသော လူနှစ်ယောက်က ၎င်းခရာကို သယ်ဆောင်ပြီး အခြားသန်မာသူ တစ်ဦးက ထိုခရာကို မှုတ်ရန် သူ၏ ခွန်အားရှိသမျှကို အသုံးပြုမည် ဖြစ်သည်။

လျှိုင်မျိုးနွယ်စုရှိ အမျိုးသားများ၏ နက်နဲသော သံပြိုင်သီဆိုသံကို မိုင်ပေါင်းများစွာမှ ကြားနိုင်သည်။

"မင်္ဂလာအချိန်ရောက်ပြီ!" ဟု ကျောက်ထိုင်ကျူမှာ အမြင့်သံဖြင့် အော်လိုက်သည်။

လျှိုင်မျိုးနွယ်စု၏ ကြီးကျယ်သော အခမ်းအနားသည် မျိုးနွယ်စုရှိ လူများအားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။ မိခင်များသည် အိပ်ရာမှ ထကာ သူတို့၏ တစ်နှစ်သားအရွယ် ကလေးငယ်များကိုပင် ပွေ့ချီ၍ ရောက်လာကြသည်။

အခမ်းအနားခန်းမမှာ လူများဖြင့် ပြည့်ကျပ်နေသည်။

"ဒုန်း ဒုန်း ဒုန်း"

စည်တီးသမားသည် စည်ကြီးကို စတင် တီးခတ်လိုက်သည်။ တီးခတ်မှုသည် အစတွင် နှေးကွေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ မြန်လာသည်။ စည်ကြီးကို ဖုံးအုပ်ထားသော စုတ်ပြဲနေသည့် နွားသားရေခွံသည် စည်ကြီး၏ ပြင်းထန်သည့် တုန်ခါမှုကို တောင့်ခံနေရပုံ ပေါ်သည်။

"ကြက်၊ ဝက်၊ နွားတွေကို သတ်လိုက်တော့" ဟု ကျောက်ထိုင်ကျူက ထပ်မံ၍ အော်လိုက်သည်။ သူ့၏ မျက်နှာမှာ နီမြန်းနေပြီး သူသည် စိတ်အားထက်သန်ပုံ ပေါ်နေသည်။ ဤကဲ့သို့ ကြီးကျယ်သော အခမ်းအနား၏ အခမ်းအနားမှူး ဖြစ်ရသည်မှာ ဂုဏ်ယူစရာပင် ဖြစ်သည်။

စစ်သည်တော် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် လျှိုင်မျိုးနွယ်စုရှိ တစ်ကောင်တည်းသော နွားလားဥဿဘကို ဦးဆောင်ခေါ်၍ အသားဖော်လိုက်ကြသည်။ (ရှေးခတ် တရုတ်ပြည်တွင် မျိုးရိုးမြင့်များနှင့် ချမ်းသာကြွယ်ဝသူ အချို့သည် အမဲသားကို ဆေးအဖြစ် မှီဝဲခဲ့ကြသည်။)

လျှိုင်မျိုးနွယ်စုတွင် မူလက နွားလားဥဿဘ သုံးကောင် ရှိသော်လည်း စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် နှစ်ကောင်ကို အသားခြောက် ပြုလုပ်ရန် သတ်ခဲ့သည်။ အသား အများစုကို လျှိုင်မျိုးနွယ်စု၏ မျိုးရိုးမြင့်များကို ဆက်သခဲ့ပြီး အနည်းငယ်ကိုမူ ပျက်စီးခြင်း အရိုးအား သန့်စင်ပေးသော အိမ်ထောင်ဦးစီး အမျိုးသားများကို ဆုလာဘ်အနေနှင့် ပေးဝေခဲ့သည်။

ယခုတွင် နောက်ဆုံးကျန်ရှိနေသော နွားလားဥဿဘမှာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ကျန်ရှိနေသော နွားကို သတ်လိုက်ခြင်းမှာ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးကြီးသည့် တံတားများကို မီးရှို့လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ နွားမရှိက ဤမြေတွင် စိုက်ပျိုးရေးလုပ်ရန် ပို၍ ခက်ခဲသွားမယ် ဖြစ်သည်။

ဤတောရိုင်းမြေသည် မဟူရာ သံကျောက်တုံးများဖြင့် ပြည့်နှက်နေပြီး စိုက်ပျိုးမြေ စတင်ရန် အလွန်ခက်ခဲသည်။ ကျောက်ထိုင်ကျူ ကဲ့သို့သော စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် လယ်ထွန်ရန် ကြိုးစားက ကျွဲနွားများနှင့် ယှဉ်လျှင် အားနည်းသွားမည် ဖြစ်သည်။ လျှိုင်ချမ်းယုမှာ နွားလားဥသဘထက်ပင် ပို၍ သန်မာသော်လည်း သူသည် လယ်ထွန်ခြင်းကို ပြုလုပ်လိမ့်မည်လော။

မျိုးနွယ်စု၏ နတ်ဆရာမသည် နွား​လားဥဿဘ သေ၍ ရလာသော သွေးများနှင့် သူမ၏ တစ်ကိုယ်လုံးကို သုတ်လိမ်းပြီး ယိမ်းထိုးကခုန်တော့သည်။

မှန်သည်။ ဤနတ်ဆရာမသည် ရွာသားများနဲ့ အတူတူ ကျန်းရှောင်ယု၏ အိမ်ကို နွားချေးများဖြင့် ပစ်ပေါက်ခဲ့သော နတ်ဆရာမပင် ဖြစ်သည်။ လျှိုင်မျိုးနွယ်စုထဲတွင်လည်း ဤနတ်ဆရာမ တစ်ယောက်သာ ရှိသည်။

"နောက်ဆုံးတော့ အရိုးတွေရဲ့ ခြင်ဆီကို ထုတ်ပြီးပြီ။ အရမ်းကောင်းတာပဲ။ အခုဆို သခင်လေးလျှိုင်က ခရမ်းရောင်သွေး စစ်သည်တော် ဖြစ်လာတော့မှာပဲ" ဟု လျှိုင်ချွေ့ဟွားက လူအုပ်ကြားထဲတွင် ဂုဏ်ယူစွာ ပြောလိုက်သည်။ သူမ၏ အသံမှာ ကျယ်လောင်သောကြောင့် လူများစွာသည် သူမ၏ အသံကို ကြားနေရသည်။

"သခင်လေးလျှိုင်က နိုင်ငံတော်ရဲ့ စစ်သည်တော် အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် ကောင်းမွန်တဲ့ ဘဝတစ်ခု ရအောင် ကျွန်တော်တို့ကို မြို့တော်ဆီ ခေါ်သွားမယ်လို့ ကြားတယ်။"

"ကျွန်တော်တို့ရဲ့ အနာဂတ်တွေက ပိုပြီး ကောင်းလာမှာလား ကျွန်တော့်လို အဘိုးကြီး တစ်ယောက်အတွက်တော့ ကိစ္စမရှိပေမယ့် အသက် (၁၀) နှစ်အရွယ် ကျွန်တော့်ကလေး တစ်ယောက်ကိုတော့ ဒီဆင်းရဲတွင်းကနေ လွတ်မြောက်စေချင်တယ်။"

ကျယ်ပြောလှသော ဤတိမ်ရိုင်းဒေသမှ လူများသည် သူတို့၏ အနာဂတ်ဘဝ အတွက်သာ ပူပန်နေကြသည်။ လက်ကျန် ကြက်၊ ဝက်၊ နွားများကိုလည်း အသားဖော်လိုက်ကြပြီး။ ဆေးဖက်ဝင် တောင်တန်းမှ ဆေးပင်များကိုလည်း အပြောင်အစင် ခူးလိုက်ကြပြီး။ စပါးကျီမှာလည်း ဗလာဖြစ်နေပြီး။ ယခုအခါ လျှိုင်မျိုးနွယ်စုတွင် မည်သည့်အရာမျှ မကျန်တော့ပေ။ မွဲပြာအတိ ကျသွားခဲ့ပြီး။စစ်သည်တော် ရွေးချယ်ပွဲသာ ကျရှုံးခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

“စစ်သည်တော် ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး တစ်ခုခု အမှားအယွင်း ရှိနိုင်လား…” ဟု လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မသေမချာ မရေမရာ မေးလိုက်သည်။ သူသည် တွေး၍ ကြောက်နေမိသည်။

"ဖီ.. ဖီး.. ဖီး မင်း ဘာတွေပြောနေတာလဲ။ ဘာမှဖြစ်မှာ မဟုတ်ဘူး"

လူအုပ်ကြီးမှာ တီးတိုး တီးတိုးဖြင့် ဆွေးနွေးနေကြသည်။ လျှိုင်ချမ်းယုသည် ခရမ်းသွေးနယ်ပယ် ထဲသို့ ဝင်ရောက်ပြီး အင်ယာ၏ စစ်သည်တော်အဖြစ် ရွေးချယ်ခံရမည့် ကိစ္စနဲ့ ပတ်သက်၍ မျိုးနွယ်စုမှ လူများသည် သူ့အပေါ် အလွန် မျှော်လင့်ထားကြသည်။

"မေမေ... သမီးတို့တွေ အသား ရမှာလားဟင်" ဟု မိခင်တစ်ဦး၏ ရင်ခွင်ထဲမှ သုံးနှစ်အရွယ် ကလေးမလေးက ဒယ်အိုးထဲတွင် ချက်ရန် ထည့်ထားသော အမဲသားတုံးကို ငေးကြည့်ရင်း မေးလိုက်သည်။ သူမသည် မကြာခဏ တံတွေးကို မျိုချနေသည်။

“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ အဲဒါက ဘုန်းတန်ခိုးကြီးမားတဲ့ လူတွေကို ဆက်သတဲ့ အရာပဲ။ ဘယ်သူက နင့်ကို လာပေးမှာလဲ” ဟုဆိုကာ မိခင်သည် သူ့သမီး၏ ပါးစပ်ကို အလျင်အမြန် အုပ်လိုက်လေသည်။

အခမ်းအနား မပြီးဆုံးခင်အထိ အချိန် နှစ်နာရီကြာမြင့်ခဲ့သည်။ ငွေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လျှိုင်ချမ်းယုသည် စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။

ယနေ့တွင် လျှိုင်ချမ်းယုသည် စိတ်ဓာတ်များ ပြင်းပြနေခဲ့သည်။

လျှိုင်ချမ်းယု၏ ရှေ့တွင် ကျောက်စိမ်းသေတ္တာ တစ်ခု ရှိနေပြီး ၎င်းကို အနီရောင်ပိုးသားဖြင့် ဖုံးအုပ်ထားသည်။

နောက်ဆုံးတွင် အချိန်ကျလာပြီ ဖြစ်သောကြောင့် လျှိုင်ချမ်းယုသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အချိန်တန်ပြီ။

လျှိုင်ချမ်းယုသည် ကျောက်စိမ်းသေတ္တာ အတွင်းမှ ပစ္စည်းကို ထုတ်ယူရန် ပိုးသားကို ဖြည်းညှင်းစွာ ဆွဲဖယ်လိုက်သည်။ သေတ္တာထဲတွင် လက်သီးဆုပ် အရွယ်ခန့် ရှိသော ပျက်စီးခြင်းအရိုး ခြင်ဆီကို တွေ့လိုက်ရသည်။

ဤပျက်စီးခြင်းအရိုး ခြင်ဆီကို ရရှိရန် သူ့မိသားစု၏ ပိုင်ဆိုင်မှု အားလုံးကို ရင်းနှီးခဲ့ရသည်။

ပျက်စီးခြင်းအရိုး ခြင်ဆီမှာ ကြည့်မကောင်းပေ။ ၎င်းသည် ရွှံ့ညိုရောင်ဖြစ်ပြီး ၎င်း၏ ပုံစံကို သလင်းကဲ့သို့ ကြည်လင်သော ပျက်စီးခြင်းအရိုး၏ ပုံစံနှင့်ပင် နှိုင်းယှဉ်၍ မရပေ။

သို့သော် ဤအရာကို နားလည် လက်ခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပျက်စီးခြင်းအရိုး ခြင်ဆီကို ရရှိရန် ခေတ်နောက်ကျသည့် နည်းစနစ်ကို သုံးခဲ့သောကြောင့် ဖြစ်သည်။ လီမီးတောက်ရေတွင် စိမ်ထားသော အအေး စပါးအုံ ပျက်စီးခြင်းအရိုးမှ စွမ်းအင်ကို ထုတ်ယူပြီး လီမီးတောက်ရေကို အငွေ့ပျံစေကာ ပျက်စီးခြင်းအရိုး ခြင်ဆီရရန် ပုံဆောင်ခဲ အဖြစ်သို့ ပြောင်းလိုက်သည်။

ဤသို့ လှပသည့် ပုံစံ ရရှိရန် မည်သို့ ပြုလုပ်ခဲ့သနည်း။

ပျက်စီးခြင်းအရိုး ခြင်ဆီ၏ ပုံစံမှာ ကြည့်မကောင်းသော်လည်း လျှိုင်ချမ်းယု၏ မျက်လုံးထဲတွင်မူ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံး အနုပညာလက်ရာတစ်ခုပင် ဖြစ်သည်။

ပျက်စီးခြင်းအရိုး ခြင်ဆီသည် သူ၏ အနာဂတ်နှင့် ဆက်စပ်နေပြီး ၎င်းအရာအပေါ် သူထားရှိခဲ့သော မျှော်လင့်ချက် အားလုံးနှင့်လည်း သက်ဆိုင်နေသည်။ လျှိုင်ချမ်းယုသည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားပြီး ပျက်စီးခြင်းအရိုး ခြင်ဆီကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စားလိုက်သည်။

လက်သီးဆုပ်အရွယ် ပျက်စီးခြင်းအရိုး ခြင်ဆီသည် ရွှံ့လုံးနှင့် တူနေသည်။ ၎င်း၏ အသွင်အပြင်မှာ ရွှံ့ကိုစားရသကဲ့သို့ပင် ဖြစ်သည်။

အရသာမှာမူ ထွေထွေထူးထူး ပြောစရာ မရှိပေ။

သို့သော် လျှိုင်ချမ်းယုမှာ ၎င်းကို ဖြုန်းတီးလိုသော ဆန္ဒမရှိသောကြောင့် တစ်စက်မျှ မကျန်အောင် စားကာ လက်ကိုပင် စင်အောင် လျှက်လိုက်သေးသည်။

ဤသည်မှာ ပထမဆုံးအကြိမ် ပျက်စီးခြင်းအရိုး ခြင်ဆီကို စားခြင်းဖြစ်သောကြောင့် သူသည် စိတ်လှုပ်ရှားနေခဲ့သည်။ ခြင်ဆီအတွင်းမှ စွမ်းအင်သည် ပြင်းထန်ကောင်း ပြင်းထန်နေနိုင်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်အခြေအနေမှာ မဆိုးသောကြောင့် ထိုစွမ်းအင်ကို တောင့်ခံကောင်း တောင့်ခံနိုင်သည်။

"အခမ်းအနား ပြီးသွားပြီ။ အားလုံးပဲ သွားကြတော့" ဟု ကျောက်ထိုင်ကျူမှာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ လျှိုင်ချမ်းယုအား မထိခိုက်စေရန် စစ်သည် လေ့ကျင့်ရေးစခန်းမှ တပ်သားများသည် လူများကို နှင်ထုတ်လိုက်သည်။

လျှိုင်ချမ်းယုသည် မျိုးနွယ်စု၏ နတ်ဆရာမမှ ကောင်းချီးပေးသော စင်မြင့်အား ဖြတ်၍ ခရမ်းသွေးနယ်ပယ်သို့ ဝင်ရောက်သွားမည် ဖြစ်သည်။

လူများသည် မောင်းထုတ်ခံရသော်လည်း အဝေးသို့ မသွားဘဲ စင်မြင့်ပေါ်မှ အခြေအနေကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်။

လျှိုင်ချမ်းယုသည် တင်ပျဉ်ခွေ ထိုင်နေပြီး စွမ်းအင်ပြောင်းလဲမှု ဖြစ်ရန် သူ၏ အသက်ရှုနှုန်းကို ထိန်းညှိနေသည်။

သို့သော်...

အပူရှိန်တစ်ခုသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ပေါက်ကွဲသွားစေသည့် ခံစားချက်မျိုးမှာ သူထင်ထားသလို ဖြစ်မလာခဲ့ပေ။

ဤအစား သူ့ရင်ခေါင်းသာ တောင့်သွားခဲ့သည်။ သူစားခဲ့သည်မှာ သာမန်ရွှံ့လုံး တစ်လုံးထက် မပိုပေ။

"အိုး"

"ဒါ ဘယ်လို ဖြစ်ရတာလဲ?" လျှိုင်ချမ်းယုမှာ မျက်မှောင်ကြုတ်သွားသည်။

"ပျက်စီးခြင်းအရိုး ခြင်ဆီက အစွမ်းပြဖို့ အချိန်ယူနေတာလား? ငါ နည်းနည်းကြာကြာ စောင့်ရမှာလား?"

ဤသို့ဖြင့် လျှိုင်ချမ်းယုမှာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်။

"စိတ်ငြိမ်ငြိမ်ထား။ မင်း စိတ်ငြိမ်ငြိမ်ထားဖို့ လိုတယ်။ ပျက်စီးခြင်းအရိုး ခြင်ဆီ အစွမ်းပြတဲ့အခါ ခန္ဓာကိုယ်မှာ ပေါက်ကွဲမှု တစ်ခုလို ခံစားရလိမ့်မယ်။ ငါ့ခန္ဓာကိုယ်က ကြံ့ခိုင်တဲ့ ဖွဲ့စည်းပုံ ရှိတယ်ဆိုပေမယ့် စွမ်းအင် ပေါက်ကွဲမှု ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိဖို့ ခက်နိုင်တယ်။

ဒီစွမ်းအင် ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိအောင် ထိန်းထားနိုင်မယ်ဆိုရင် ငါဟာ ပြာပုံပေါ်ကနေ နိုးထလာပြီး ကောင်းကင်ပေါ် တရှိန်ထိုး ပျံတက်သွားတဲ့ ဖီးနစ်ငှက် တစ်ကောင်လို ဖြစ်လာလိမ့်မယ်!" ဟု တွေးရင်း လျှိုင်ချမ်းယုမှာ သူ၏ စိတ်နှလုံးကို တည်ငြိမ်အောင် ထားထားသည်။

သို့သော် ဆယ့်ငါးမိနစ် ကြာသွားသည်...။

သူ၏ ဗိုက်ထဲသို့ ရောက်သွားသည့် ပျက်စီးခြင်းအရိုး ခြင်ဆီမှာ တုံ့ပြန်မှု နည်းနည်းမျှ မရှိပေ။

လျှိုင်ချမ်းယုသည် ပျက်စီးခြင်းအရိုး ခြင်ဆီကို ပထမဆုံးအကြိမ် စားဖူးသောကြောင့် အကျိုးသက်ရောက်မှု ပြရန် အချိန် မည်မျှကြာသည်ကို သူမသိပေ။ ပျက်စီးခြင်းအရိုး ခြင်ဆီမှာ အလွယ်တကူ အစာမကြေနိုင်ဟု သူထင်နေသည်။ ထို့ကြောင့် နှေးနေလိမ့်မည်.....

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ...

All Chapters