← Chapters

ချီစုဆောင်းမှု နယ်ပယ်

Vol. 5 Ch. 63

ချီစုဆောင်းမှု နယ်ပယ်

Vol. 5 Ch. 63

လျှိုင်မျိုးနွယ်စု တည်ရှိရာ အနောက်ဘက် တောင်တန်းတွင် ယီယွင်သည် အနက်ရောင် မီးခိုးလုံးများ တလိမ့်လိမ့် တက်လာသည်ကို အဝေးမှ မြင်နေရသည်။ မီးလောင်သည့် အနေအထားကို မမြင်နိုင်သော်လည်း မည်သို့ ဖြစ်ပျက်ခဲ့သည်ကိုမူ သူခန့်မှန်းနိုင်သည်။

သူသည် မဲ့ပြုံးသာ ပြုံးလိုက်ပြီး တိတ်ဆိတ်နေခဲ့သည်။

သူသည် သူ၏ အမ ကျန်းရှောင်ယုကို တောကန္တာရထဲမှ ခေါ်ထုတ်ရန် စီစဉ်နေသောကြောင့် အိမ်မီးလောင်သွားသည်ကို မမှုပေ။

ယီယွင်သည် မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို စုပ်ယူလိုက်လေသည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ပွင့်သွားသည်နှင့် စွမ်းအားများကို စုပ်ယူနိုင်သည်။

စွမ်းအား စုပ်ယူခြင်း ဆိုသည်မှာ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို စုပ်ယူမှုပင် ဖြစ်သည်။ စွမ်းအင်လည်ပတ်မှုတစ်ခု ပြီးမြောက်ပြီးနောက်တွင် ချွေးပေါက်များမှ စွမ်းအင်များကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ပြောင်းလဲပေးသောကြောင့် ဤသည်မှာ စွမ်းအား စုဆောင်းမှု ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။

သွေးကြောများ ပွင့်သွားသည်နှင့် ၎င်းသွေးကြောများသည် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား စီးဆင်းမှုအတွက် လမ်းကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

လင်ရှင်းထုံ၏ သွေးကြောများ ခန်းခြောက်သွားသောကြောင့် အကြီးမားဆုံး ပြဿနာအနေဖြင့် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို စုပ်ယူ၍ မရနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကိုလည်း လွတ်လပ်စွာ အသုံးပြု၍ မရနိုင်ချေ။

သို့သော် ထိုကန့်သတ်ချက်များ အောက်တွင်ပင် လင်ရှင်းထုံသည် ယနေ့ခေတ် ကိုယ်ခံပညာများကို လေ့ကျင့်နိုင်နေဆဲ ဖြစ်သည်။ ဤအရာမှာ အံ့သြစရာကောင်းသည့် စွမ်းဆောင်မှု တစ်ခုပင် ဖြစ်သည်။

ယီယွင်မှာ ဤအရာကို မသိခဲ့ဘဲ စိတ်လွှင့်မျောနေသည့် အနေအထားဖြင့် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို စုပ်ယူနေသည်။

စွမ်းအား စုပ်ယူခြင်းသည် ရိုးရှင်းပုံပေါ်သော်လည်း အမှန်တကယ်တွင် မဟုတ်။ ၎င်းသည် စွမ်းရည်ကို စမ်းသပ်သည့် လုပ်ငန်းစဥ် တစ်ခု ဖြစ်သည်။

စွမ်းရည်မရှိသော လူတစ်ယောက်သည် ဤကဲ့သို့ စိတ်လွှင့်မျောနေသည့် အခြေအနေကို ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အချိန်ကုန်သည်မှာ နှေးကွေးလွန်းသည်ဟု ခံစားရလိမ့်မည်။ နာရီနှစ်ဆယ် (သို့မဟုတ်) တစ်ရက် နှစ်ရက်အထိ တင်ပျဉ်ခွေထိုင်၍ စွမ်းအား စုပ်ယူရသည်မှာ ငြီးငွေ့စရာကောင်းနေလိမ့်မယ်။ လူအများစုသည် ဤပျင်းစရာကောင်းသော ကျင့်စဥ်ကို အချိန်ကြာရှည်စွာ ပြုလုပ်ပြီးသည့် နောက်တွင် သည်းခံမှု ပျောက်ဆုံးသွားပေလိမ့်မည်။

အထူးသဖြင့် တက်ကြွလွန်းသည့် ကလေးများသည် ဤအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အကယ်၍ လူတစ်ဦးသည် စိတ်လွှင့်မျောနေသည့် အခြေအနေသို့ ရောက်နိုင်လျှင် အချိန်၏ သဘောတရားသည် ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်လွန်သွားလိမ့်မယ် ဖြစ်ပြီး စွမ်းအား စုပ်ယူနေသူ တစ်ယောက်သည် တစ်ရေးတစ်မော အိပ်လိုက်သကဲ့သို့ ခံစားရမယ် ဖြစ်သည်။

လက်ရှိတွင် ယီယွင်သည် ထိုအခြေအနေတွင် ရှိနေသည်။

ယီယွင်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်မှာ အခြားသူများနှင့် မတူပေ။ သူသည် ထူးခြားသည့် စွမ်းအင် လက်ခံနိုင်စွမ်း ရှိသည့်အပြင် ခရမ်းရောင် သလင်းကျောက်မှာလည်း သူ၏ ခန္ဓာကိုယ်တွင် ကိန်းဝပ်နေသည်။

ခရမ်းရောင် သလင်းကျောက်သည် စွမ်းအင်နှင့် ဆိုင်သည့် အင်ယာ၏ သမိုင်းဝင် ပစ္စည်းတစ်ခု ဖြစ်သည်။ လူ၏ ခန္ဓာကိုယ်တွင် "အသက်ဝိညာဉ်"၊ "ချီစွမ်းအင်" နှင့် "စိတ်ဝိညာဉ်" ဟူ၍ သုံးမျိုး ရှိသည်။ အသားထဲတွင် "အသက်ဝိညာဉ်" ရှိ၍ စိတ်ထဲတွင် "စိတ်ဝိညာဉ်" ရှိကာ စွမ်းအင်အတွက် "ချီ" ဓါတ်ရှိသည်။

ယီယွင်သည် ခရမ်းရောင် သလင်းကျောက်ကို အသုံးပြု၍ ချီစွမ်းအင်ကို လွယ်ကူစွာ စုဆောင်းနိုင်သည်။

ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအားကို စုပ်ယူသည့် အမြန်နှုန်း (သို့မဟုတ်) သူ၏ သွေးကြောအတွင်း သွေးလည်ပတ်မှုနှုန်းသည် သာမန်လူထက် ပို၍ မြန်သည်။

ထို့ကြောင့် ယီယွင်သည် အချိန်၏ သဘောတရားကို လုံးဝ မေ့သွားခဲ့သည်။

နေဝင်ချိန်မှ ညဥ့်နက်အထိ၊ ညဥ့်နက်မှ အရုဏ်တက်ချိန်အထိ...

တောင်တန်းကြီးသည် တိတ်ဆိတ် ငြိမ်သက်နေပြီး ယီယွင်၏ အဝတ်အစားများသည် စိုစွတ်နေ၏။ အဖြူရောင် နှင်းခဲအလွှာသည် သူ၏ ဆံပင်ပေါ်တွင် အေးခဲနေပြီ ဖြစ်သည်။

ယီယွင်သည် သူ့အား လိုက်လံ၍ မရှာဖွေရန်နှင့် စိတ်မပူဘဲ သစ်လုံးအိမ်တွင် စောင့်နေရန် သူ၏အမ ကျန်းရှောင်ယုကို ပြောထားခဲ့သည်။

ကျန်းရှောင်ယုသည် ဗိုက်ဆာသောအခါ ပြင်ဆင်၍ စားနိုင်ရန် သစ်လုံးအိမ်ထဲတွင် သူမအတွက် စားစရာများစွာ ရှိသည်။

နေထွက်ပြီးနောက် ကျယ်ပြန့်သော တောကန္တာရထဲတွင် နေလုံးကြီးသည် ထွက်ပေါ်လာသည်။မိုးကုပ်စက်ဝိုင်းသည် နေရောင်ခြည်ဖြင့် ရွှေရောင်လွှမ်းနေပုံ ရသည်။ နေရောင်ခြည်၏ နွေးထွေးမှုကို ကြိုဆိုရင်း တောင်တန်း တစ်ခုလုံးသည် ပြန်လည်ရှင်သန်လာသည်။

ယီယွင်သည် မလှုပ်မယှက်ဘဲ ငြိမ်နေသည်။ သူ၏ မျက်နှာသည် အလင်းအစက်များစွာ ခုန်ဆင်းနေသကဲ့သို့ သူသည် တက်လာသည့် နေရောင်ကို ခံစားနေသည်။

နေထွက်ပြီးနောက် နေ့လယ်ပိုင်း၊ ထို့နောက် ညနေပိုင်းနှင့် ညပိုင်းသို့ ရောက်သည်။

ယီယွင်သည် အစေ့အဆန်တစ်ခုမျှ မစားဘဲ နေ့ရောည တရားထိုင်နေခဲ့သည်။

သူသည် ဘယ်သောအခါမှ မရွေ့သည့် ကျောက်တုံးတစ်တုံးနှင့် တူနေသည်။ အကယ်၍ သင်သည် ယီယွင်၏ အမြင်အာရုံကဲ့သို့ ရရှိက များစွာသော အလင်းစက်များသည် ယီယွင်ဆီသို့ လွှင့်ပျံနေပြီး သူ၏ တစ်ကိုယ်လုံးအား ဖုံးအုပ်ထားကို တွေ့လိမ့်မည် ဖြစ်သည်။

ရွှေရောင်အလင်းတန်းများသည် ယီယွင်၏ ကိုယ်ခန္ဓာဆီသို့ စီးဆင်းနေပြီး သူ၏ ခန္ဓာကိုယ်ရှိ သွေးကြောများသည် ကြည်လင်လာခဲ့သည်။ အလင်းရောင်အောက်တွင် သူ၏ ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နေရသည်။

ယီယွင် ကိုယ်တိုင်မှာလည်း သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ မြင်နိုင်ပြီး ကြည်လင်သော သွေးကြောများကို တွေ့နေရသည်။ ဤသည်မှာ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ယီယွင် မြင်နေရသော အလင်းစက်များသည် တဖြည်းဖြည်း ပို၍ ထင်ရှားလာပြီး သူ၏ သွေးကြောများမှာ ပို၍ တောက်ပလာကာ ခန္ဓာကိုယ်မှာ ပို၍ ပူလာသည်။

ယီယွင်၏ စိတ်ထဲတွင် အမျိုးမျိုးသော ပုံရိပ်များ ပေါ်လာပြီး ၎င်းတို့မှာ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" လှုပ်ရှားမှုများ ဖြစ်ကာ သူ၏ စိတ်ထဲတွင် ရုပ်ရှင်ပြကွက်များကဲ့သို့ မြင်နေရသည်။

ယီယွင်သည် စွမ်းအား ဝိညာဉ်လောကတွင် သူ့ကိုယ်သူ ပြုစုပျိုးထောင်နေ သကဲ့သို့ဖြစ်ပြီး ပင်ပန်းခြင်းမရှိဘဲ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" လှုပ်ရှားမှု တစ်ဆင့်ချင်းစီအား ဆက်လက် လေ့ကျင့်နေသည်။

ယီယွင်၏ နောက်တွင် နဂါးနှင့် ကျားတို့၏ အရိပ်များသည် အသီးသီး တစ်ဖက်စီ နေရာယူလျက် ရှိနေသည်။

ယီယွင်၏ အခြေအနေသည် ပို၍ ဆန်းကြယ်လာသည်။ ဆဲလ်များမှာ သေးကျုံ့သွားကာ သူ၏ ခန္ဓာကိုယ်မှာ ကျစ်လျစ်သွားသည်ဟု ခံစားလာရသည်။ သူ၏ အရိုးများမှာ လေးလံလာပြီး သူ၏ သွေးမှာ ပြဒါးနှင့် တူလာသည်။

"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ပြီးနောက် ယီယွင်သည် "ဆင်ဝါးမျို နည်းစနစ်" ကို စတင် လေ့ကျင့်ခဲ့သည်။

"ဆင်ဝါးမျို နည်းစနစ်" သည် လက်သီးသိုင်း မဟုတ်သော်လည်း လှုပ်ရှားမှုအစုံ ရှိကာ ထိုလှုပ်ရှားမှု အစုံသည် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်သည်။

"ဆင်ဝါးမျို နည်းစနစ်" သည် စွမ်းအင် သုံးစွဲမှု အလွန် မြင့်မားသည်။ ခန္ဓာကိုယ်၏ စွမ်းအင်များ ကုန်ဆုံးသွားသည့် အခြေအနေအောက်တွင် ခန္ဓာကိုယ်သည် ပြင်ပကမ္ဘာမှ စွမ်းအင်များကို စုပ်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ယီယွင်သည် ယခုအခါ ရေမြှုပ်ကဲ့သို့ ဖြစ်နေပြီး စွမ်းအားကို လွတ်လပ်စွာ စုပ်ယူနိုင်သော စွမ်းအင် သမုဒ္ဒရာထဲ ရောက်ရှိနေ သကဲ့သို့ ဖြစ်နေသည်။

ယွမ်ချီစွမ်းအားကို အမြင့်ဆုံးအထိ စုဆောင်းပြီးနောက် ယီယွင်သည် "ဆင်ဝါးမျို နည်းစနစ်" နှင့် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို ဆယ်ကြိမ်တိတိ ပြုလုပ်ခဲ့ကာ...

"ဘမ်း"

ယီယွင်၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသည်။ စိမ်းရွှေရွှေ အနံ့အသက် တစ်ခုသည် ယီယွင်၏ လည်ချောင်းထဲသို့ တိုးဝင်လာပြီး သူ၏ ပါးစပ်မှ ဝေါကနဲ သွေးအနက်ရောင်များကို အန်ချလိုက်သည်။

ဤအနက်ရောင် သွေးများသည် အလွန်ပျစ်ပြီး စေးကပ်နေသည်။ သွေးများကို အန်ထုတ်ပြီးနောက် ယီယွင်သည် သူ၏ စွမ်းအင်များ ပြည့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ဝတ်ရည်များသည် ပါးစပ်ထဲသို့ ၀င်သွားသည် ။

ဤအရာမှာ ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ပေ။ ယီယွင်၏ တံတွေးများသည် ဝတ်ရည်ကဲ့သို့ ချိုမြိန်သောကြောင့် သူ၏ လျှာသည် ဝတ်ရည် အရသာကို ခံစားနေရသည်။ ထိုတံတွေးများကို မျိုချလိုက်ခြင်းက သူ့ကို အလွန် သက်တောင့်သက်သာ ဖြစ်သွားစေသည်။

ယီယွင်သည် ချီစွမ်းအင် စုဆောင်းရာ၌ သေမျိုးသွေး ပဉ္စမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်သည်။

ချီစုဆောင်းမှု နယ်ပယ်သည် သေမျိုးသွေး နယ်ပယ်နှင့် ခရမ်းသွေး နယ်ပယ် အကြား အသွင်ကူးပြောင်းသည့် နယ်နိမိတ် ဖြစ်ပြီး လူတစ်ဦး၏ ခန္ဓာကိုယ်သည် သူ၏ သေဆုံးမှုကို တွန်းလှန်နိုင်သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

"အံ့ဩစရာပဲ၊ တကယ်ကို အံ့သြစရာပဲ" ယီယွင်သည် ရုတ်တရက် မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ပြီး သူ၏ အကြည့်များသည် အမှောင်ထုကို ခွင်းသွားသည့် လျှပ်စီးကဲ့သို့ လက်နေသည်။

သူသည် ကျောက်တုံးပေါ်သို့ ခုန်တက်လိုက်ပြီး ကျားတစ်ကောင်ကဲ့သို့ ထိုင်နေလိုက်သည်။

ချီစုဆောင်းမှု နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ စွမ်းအင်များဖြင့် ပြည့်နေသည်ဟု ယီယွင် ခံစားရပြီး သူသည် သူ၏ ညာဘက်ခြေထောက်ကို ပေါ့ပါးစွာ မြှောက်လိုက်ပြီး ခြေကို ဆောင့်ချလိုက်သည်။

"ဘုန်း"

သူ၏ ခြေရင်းမှ အနက်ရောင် သံကျောက်တုံးကို ခြေထောက်ဖြင့် တွန်းကန်လိုက်ခြင်း ဖြစ်သည်။

အက်ကွဲသွားသော ကျောက်တုံး အပိုင်းအစများကို မြင်လိုက်ရသောအခါ ယီယွင်သည် အလွန်ကျေနပ်သွားသည်။ "သွေးကြောနယ်ပယ်မှာ ရှိတုန်းကထက် ငါက ပိုသန်မာလာတာပဲ။ ပေါင် ငါးထောင်ကနေ ခြောက်ထောင်အထိ ရှိတဲ့ သံအိုးတစ်လုံးကို ကိုင်မြှောက်ရင်တောင်မှ ပြဿနာရှိမှာ မဟုတ်ဘူး။"

ပေါင်ခြောက်ထောင်မျှ ရှိသည့် သူ၏ ခွန်အားကြောင့် ကျောက်တုံးတစ်တုံး ကွဲကြေသွားသည်မှာ အံ့သြစရာ မရှိပေ။ ပေါင်ခြောက်ထောင်ရှိသည့် အရာဝတ္ထုတစ်ခုအား အမြင့်မှ ပစ်ချကလည်း တူညီသည့် ပျက်စီးမှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

ထိုပေါင်ခြောက်ထောင် အရာဝတ္တုကို လက်သီးတစ်ဆုပ်စာ အရွယ်အစားအထိ ချုံ့လိုက်မည်ဆိုက ကြောက်စရာကောင်းပေလိမ့်မည်။

"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" နှင့်အတူ ယီယွင်၏ လက်သီးသည် သူ၏ ခန္ဓာကိုယ်ရှိ ခွန်အားထက် အဆများစွာ ပို၍ ပြင်းထန်နေလိမ့်မည် ဖြစ်သည်။

All Chapters