← Chapters

လင်ရှင်းထုံ တစ်ကြိမ် ထပ်မံတွေ့ဆုံခြင်း။

Vol. 7 Ch. 91

လင်ရှင်းထုံ တစ်ကြိမ် ထပ်မံတွေ့ဆုံခြင်း။

Vol. 7 Ch. 91

တောက်မျိုးနွယ်စုရဲ့ ဆင်ခြေဖုံးရပ်ကွက်ရဲ့ ညသန်း‌ခေါင်မှာ ပြတ်သားတဲ့ လက်သီးချက်တွေနဲ့ လေထဲမှာ ကွဲအက်သံတွေကို ကြားလိုက်ရသည်။ တောက်မျိုးနွယ်စု၏ အံ့သြဖွယ်နယ်မြေသည် ထူထပ်သော ချီ အလွှာဖြင့် ဖုံးလွှမ်းထားသည်။ ထိုသို့‌ တောက်မျိုးနွယ်စု၏ အံ့ဖွယ်နယ်မြေ၏ မိုင်တစ်ရာပတ်လည်တွင်၊ ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် ပျက်ဆီးခြင်းသားရဲများ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ထို့ကြောင့် ၎င်းကို ပုံမှန်အခြေအနေအရ လုံခြုံသောနေရာဟု သတ်မှတ်ခဲ့သည်။

တစ်နေ့တာအတွက် စွမ်းအင်ပမာဏများစွာကို စုပ်ယူလိုက်ခြင်းကြောင့် ခန္ဓာကိုယ် ပူလောင်မှုကို ခံစားနေရသော ယီယွင်မှာ အိပ်မပျော်နိုင်သောကြောင့် တောင်ခြေရင်းဘက်တွင် ကျင့်ကြံခြင်းကိုမရပ်မနားလုပ်‌ဆောင်နေခဲ့သည်။

"ပင်း"

"ပင်း"

"ပင်း"

လှုပ်ရှားမှုနှင့် ရပ်တည်ချက်တိုင်းသည် "နဂါးနံရိုးကျားအရိုး လက်သီးသိုင်း" ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ယီယွင်၏ လက်သီးထိုးချက်တစ်ချက်မျှဖြင့် အမျိုးသမီး၏ခါးအရွယ်အစားရှိ သစ်ပင်တစ်ပင် ကျိုးကြေသွားနိုင်စွမ်းရှိပေသည်။

ယီယွင်၏ လက်သီးချက်ပိုပြင်းလေ၊ခန္ဓာကိုယ်အတွင်း မကုန်မခန်းနိုင်သော စွမ်းအင်ပမာဏကို ခံစားရလေဖြစ်သောကြောင့် ယီယွင်မှာ နှစ်သက်သဘောကျလျှက်ရှိနေလေသည်။

'နဂါးနံရိုး ကျားအရိုးလက်သီး' သိုင်းကွက်တစ်ခုထဲကို ထပ်ခါထပ်ခါ လေ့ကျင့်နေသော်လည်း ယီယွင်မှာ မမောပန်းနိုင်ပဲ အားအင်များလည်းပြည့်၀သလို ခံစားနေရသည်။

ယခင်က လျှိုင် လူမျိုးနွယ်စု၏ ဆေးဖက်၀င်တောင်တန်းတွင် နေထိုင်စဉ်က ယီယွင်သည် ထိုသိုင်းကွက်ကို အကြိမ်အနည်းငယ်မျှ လေ့ကျင့်ရင်တောင် မောပန်းနွမ်းနယ်နေခဲ့သည်။သို့သော် ယနေ့မှာတော့ ဆက်တိုက်ဆိုသလို သိုင်းကွက်များကိုထပ်ခါတလဲလဲ လုပ်ဆောင်နိုင်နေသည်။

ယီယွင် သည် 'နဂါးနံရိုး ကျားအရိုးလက်သီး' ကို လေ့ကျင့်နေချိန် နှလုံးခုန်တိုင်း ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်သလင်းကျောက်ကို ခံစားနေရပေသည်။

ယီယွင်လှုပ်ရှားလိုက်တိုင်း ခရမ်းရောင်သလင်းကျောက်သည် ကောင်းကောင်အဆင့် ယွမ်ချီများ ကို စုပ်ယူလျှက်ရှိသည်။

တောက် မျိုးနွယ်စုရှိ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား သည် လျှိုင်မျိုးနွယ်စု၏ ဆေးတောင်တန်းထက် ပိုမိုထူထပ်ကြောင်း ယီယွင် သဘောပေါက်လာသည်။

တောက် မျိုးနွယ်စု၏ အံ့ဖွယ်နယ်မြေသည် လျှိုင်မျိုးနွယ် ၏ ဆေးတောင်တန်းထက် သဘာ၀အတိုင်း ယွမ်ချီစွမ်းအား ပိုမိုမြင့်မားလျှက်ရှိ‌လှပေသည်။

ပိုမိုအစွမ်းထက်လှသော ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားမှာ ယီယွင်၏ စွမ်းအင်ကို ပိုမိုမြန်ဆန်စွာ ဖြည့်တင်းပေးနိုင်လျှက် ရှိပေသည်။

“ဒီ အံ့သြစရာကောင်းတဲ့ နယ်မြေမှာ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတွေရှိနေတာပဲ...”ယီယွင် သည် အဆင့်မြင့်မားသော အံ့သြဖွယ်နယ်မြေတွင် ကျင့်ကြံခြင်း၏ အကျိုးသက်ရောက်မှု များပြားကြောင်း နောက်ဆုံးတွင် နားလည်ခဲ့သည်။

ထိုသို့ ကျယ်ပြောလှသော တောကန္တာရတွင် အလယ်အလတ်တန်းစားမျိုးနွယ်တစ်ခုသာဖြစ်သည့် တောက်မျိုးနွယ်စုသည် တိုင်အာနတ်ပြည်ထောင်အနေနှင့် ကြည့်ရင် အတိုင်းအတာမှာ ကျေးလက်ရွာငယ်အဆင့်မျှသာ ရှိပေသည်။

တိုင်အာ နတ်ပြည်ထောင်၏ မြို့တော်ကြီး၊ကျင်းလုံဝေ့ အခြေစိုက် လေ့ကျင့်ရေးကွင်း သို့မဟုတ် တော်ဝင်အင်ပါယာမြို့တော်ဖြစ်ခဲ့လျှင် ထိုနေရာမှာ ပြုစုပျိုးထောင်ပုံက မည်သို့မည်ပုံဖြစ်မည်ကို မှန်းဆ၍မရနိုင်ပေ။

ထူထပ်သော ကောင်းကင်အဆင့် ယွမ်ချီ နှင့် ပတ်ဝန်းကျင်တွင် ကျင့်ကြံမှုတစ်ခုစီဖြင့် ယီယွင် သည် 'ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ ပျက်ပြယ်၊ ငါမရှိ' အခြေအနေသို့ ဝင်ရောက်လာခဲ့သည်။ တစ်ခုခုကို ဖမ်းဖို့ကြိုးစားနေသော မှော်ဆန်သည့် အခြေအနေတစ်ခုသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

အတွေးတစ်ခုလို ထင်ရသော်လည်း တကယ်စစ်မှန်မှုတစ်ခုပင်။ အရေးကြီးသည့်အတွေးအာရုံတစ်ခုကို ယီယွင်က ဖမ်းမိခါနီးတိုင်း ချော်ထွက်နေလျှက်ရှိနေသည်

“ဘာလဲ”

ယီယွင် သည် ထိုအတွေးနောက်ကို အကြိမ်ကြိမ် လိုက်သွားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မောပန်းနွမ်းနယ်သည့်အခိုက်အတန့်တွင် ရုတ်တရတ်ပင် သူ့စိတ်အခြေအနေမှာ အိပ်ရာမှ နိုးလာသည်နှင့်တူလှပေသည်။

ယီယွင် ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သောအခါ လဟာ ခေါင်းပေါ်သို့ တိုက်ရိုက်ရောက်ရှိနေပြီး မနက် အာရုံတက် သော အချိန်သို့ရောက်‌ရှိ‌ နေပြီဖြစ်သည်။

တောင်တန်း‌ပေါ်မှ လေတိုက်ခတ်နေသော်လည်း ယီယွင် ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးလွှမ်းကာ မောပန်းနွမ်းနယ်နေသည်။

ယီယွင်ဗိုက်ကို ထိလိုက်သည်နှင့် ချီလင်သားရဲဆီက စားသုံးလိုက်သော စွမ်းအင်တွေ ကုန်သွားပြီဆိုတာ သိလိုက်ရပြီး... ဆာလောင်လာ‌လျှက်ရှိ‌နေချေသည်။

"သေချာစားလို့ရတယ်" ယီယွင် ရှုံ့မဲ့သွားသည်။ ပဉ္စမအဆင့် သေမျိုးသွေး သူရဲကောင်းတစ်ယောက်အနေဖြင့်၊ ခန္ဓာကိုယ်သည် အစားအစာမှတဆင့် လိုအပ်သောစွမ်းအင်ကို ထောက်ပံ့ပေးပြီး ထိုအချိန်တွင် ခန္ဓာကိုယ်သည် အစာစားနိုင်စွမ်း အရှိဆုံးအချိန်ဖြစ်သည်။ ထို့အပြင် ယီယွင်သည် ဆင်၀ါးမျိုနည်းကို လေ့ကျင့်တတ်ကျွမ်းထားသဖြင့် အစာစားချင်စိတ်သည် ပိုမိုကြီးထွားလျှက်ရှိ‌နေပေသည်။

ယီယွင်တွင် နေရာလွတ်လက်စွပ်မရှိသောကြောင့် လျှိုင် မျိုးနွယ်စုမှ ထွက်သွားသောအခါ အသားများစွာ ယူဆောင်လာနိုင်ခြင်းမရှိပေ။ တောက် မျိုးနွယ်စုမှ ပေးသော အခြေခံအစားအစာများကိုသာ စားနိုင်‌ ပေသည်။

တောက်မျိုးနွယ်စုသည် ကြွယ်ဝပြီး ကျင်းလုံဝေ့ မှ အစားအစာများ ထောက်ပံ့ပေးထားသော်လည်း၊ ထိုအခြေခံအစားအစာများသည် ယီယွင် အတွက် လုံလောက်သော ပမာဏမဟုတ်ပေ။

ယီယွင်ရှေ့တွင် အမဲကင်တစ်ကောင်ရှိနေပါက ထိုအမဲကင်တစ်ကောင်လုံးကို မျိုချနိုင်သည်ဟု ခံစားနေရသည်။

"တကယ်လို့ ငါ့မှာ ပျက်ဆီးခြင်းသားရဲ အသားတွေ အများကြီး စားရရင် ငါ့ရဲ့ ခွန်အားတွေ ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်လာမှာ သေချာတယ်..." ယီယွင်က ထိုသို့ တွေးနေရင်းနဲ့ ရှုပ်ပွလှ‌သော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ယီယွင် က သစ်ပင်များစွာကို ခွဲထုတ်လိုက်ပြီး မဟူရာသံကျောက်တုံးအများအပြားကို ထိုးခွဲဖျက်ဆီးထားသည်။ သူ၏ တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနေအောက်တွင် ထိုမျှလောက် ပျက်စီးသွားသည်ကို မသိလိုက်ချေ။

"လင်ရှင်းထုံ ရဲ့ သေမျိုးသွေးစစ်သည် တတိယအဆင့် ဖျတ်လတ်မှုနယ်ပယ်နှင့် တိုက်ခိုက်ရရင် ဘယ်လိုရလာဒ်မျိုးဖြစ်မလဲ၊ လင်ရှင်းထုံက 'နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း' ကိုသာ အသုံးပြုမယ်ဆိုရင် သူနဲ့တိုက်ခိုက်ဖို့က လွယ်လွယ်ကူကူပဲ ဒါပေမယ့် လင်ရှင်းထုံရဲ့အထူးကျွမ်းကျင် 'နတ်မိမယ်နှလုံးသားကျမ်း' ကို အသုံးပြုမယ်ဆိုရင်တော့ ရလာဒ်က ဘယ်လိုဖြစ်မှာလဲ”

ယီယွင်သည် လင်ရှင်းထုံနှင့် လက်ရည်စမ်းခဲ့သည် လွန်ခဲ့သော နှစ်လက အခြေနေကို ပြန်တွေးကြည့်‌နေမိသည်။ လင်ရှင်းထုံက ယီယွင်အား အလွန်အကျွံ အစွမ်းကုန်တိုက်ခိုက်သည်ဟု ခံစား‌ခဲ့ရသည် ယခုမူ ယီယွင်၏ ကြံ့ခိုင်မှု အားကောင်းလာသည်နှင့်အမျှ ယခင်ကလောက် လင်ရှင်းထုံထက် အားနည်းနေလိမ့်မည် မဟုတ်တော့ပေ။ ထိုသို့တွေးနေစဉ် တစ်ခုခုကို ခံစားလိုက်ရပြီး ယီယွင် နောက်လှည့်ကြည့်လိုက်မိသည်။

နောက်သို့လှည့်ကြည့်လိုက်ကာ ယီယွင်မှာ တုန်လှုပ်သွားသည် ။

မိမိနှင့် မနီးမဝေးမှ အသံတစ်သံကြားလိုက်ရသည်...

“မဖြစ်နိုင်ဘူး”

အခုတော့ ယီယွင် နဲ့ လေးကိုက်‌လောက် အကွာဝေးရှိ ထင်းရှူးပင်ပေါ်တွင် အဖြူရောင်ဝတ်စုံလေးနှင့် မိန်းကလေးတစ်ယောက် ရပ်နေ‌လေသည်။ ညလေတိုက်သည်နှင့်အမျှ သူမ၏အဝတ်များသည် လေထဲတွင် လွင့်ပျံ‌နေသည်။

လရောင်ကျ‌ရောက်နေသောထင်းရှူးပင်‌ပေါ်မှ မိန်းကလေးနှင့် သူမ၏‌အနောက်ဘက် တောင်တန်းများဖြင့် လိုက်ဖက်ညီသော ပန်းချီတစ်ချပ်လိုပင်။

ယီယွင် ခဏတာ အံ့အားသင့်သွားသည်။

“လင်ရှင်းထုံ”

“သူမဘာကြောင့်ဒီမှာရှိတာလဲ”

“ဟုတ်သား”

အဖိုးအိုစုက တောက် မျိုးနွယ်စုကို သွားရောက်မည် ဟုပြောခဲ့သည်။ လင်ရှင်းထုံနှင့် အဖိုးအိုစု တို့သည် တိမ်ရိုင်းနယ်‌မြေမှာ လေ့ကျင့်ဖို့အတွက်ရောက်ရှိနေသည်ဟုသာ ယီယွင်သိထားသည်။ တောက် မျိုးနွယ်စုတွင် ကြာကြာနေမည်ဟု ယီယွင် မတွေးမိခဲ့ချေ။

"နင်​က ငါနဲ့ ရန်​ဖြစ်​ချင်​တယ်​လို့​ပြောတယ်​မလား" လင်ရှင်းထုံက ပြုံးလိုက်သည်။

ယီယွင်မှာ စကားမပြောနိုင်‌‌ပေ။

“ဘာဖြစ်နေတာလဲ”

သူ့ကိုယ်သူ ပြောလိုက်တဲ့ စကားတွေက အသံမထွက်လုနီးပါးဖြစ်ပြီး ယီယွင် ကိုယ်တိုင်တောင် မကြားဘူးသလို ခံစားနေရသည်။

သူမဆီကကြားလိုက်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ။

လင်ရှင်းထုံမှာ တစ္ဆေတစ်ကောင်လို အဖြူရောင်၀တ်စုံနှင့် ယီယွင်အရှေ့သို့ ရုတ်တရက်ပေါ်လာပေသည်။

“မင်းက ချီစုဆောင်းမှာ နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ဖြတ်ကျော်သွားခဲ့ပြီ” လို့ လင်ရှင်းထုံ က အဖြစ်မှန်ကို အေးအေးဆေးဆေး ပြောလိုက်သည်။

"အိုး..." ယီယွင် သည် လင်ရှင်းထုံ ထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဟု ခံစားရသောကြောင့် ခဏတာ အံ့အားသင့်သွားသည်။ လင်ရှင်းထုံသည် ဘုရင့်နိုင်ငံတော်၏ ရွေးချယ်မှု ပဏာမအဆင့်များအတွင်း ဖြတ်ကျော်သွားသည်ကို မြင်ခဲ့ရသည်မှာပင် ဖြစ်နိုင်သည်။

“ထိုယာဉ်ပျံ”

ရီယွင်သည် ဘုရင့်နိုင်ငံတော်၏ ပဏာမရွေးချယ်မှုအတွင်း ကောင်းကင်တွင် ယာဉ်ပျံတစ်စင်းရှိနေကြောင်း ယီယွင် ရုတ်တရက် သတိရသွားသည်။ ယီယွင် သည် အစပိုင်းတွင် အကဲဖြတ်မည့်သူများရှိသည်ဟု ထင်ခဲ့သော်လည်း ဂရုမစိုက်ပေ။

“လင်ရှင်းထုံက ထိုအပေါ်မှာ ရှိနေတာ ဖြစ်နိုင်တယ်”

"အစ်မလင်၊ ပဏာမပြိုင်ပွဲမှာ ပါဝင်တာကို မင်းမြင်ဖူးလား။" ယီယွင် က စိတ်မရှည်ဟန်ဖြင့် မေးသည်။ ခရမ်းရောင်သလင်းကျောက် တည်ရှိမှုနှင့်ပတ်သက်၍ ယီယွင်က အလွန်အမင်း သတိရှိခဲ့သည်။

သို့သော် ထပ်၍တွေးကြည့်သောအခါတွင်၊ လင်ရှင်းထုံ သည် စွမ်းအင်စုပ်ယူသည့် ဖြစ်စဉ်ကိုမြင်လျှင်ပင် သူမပြောပြနိုင်ပေလိမ့်မည်။ ခရမ်းရောင်သလင်းကျောက်ရှိနေခြင်း သို့မဟုတ် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်စုပ်ယူမှုခြေရာများကိုပင် သူမ သတိပြုမိနိုင်ဖွယ်မရှိပေ။ ၎င်းတို့သည် လင်ရှင်းထုံမမြင်နိုင်သော အလင်းအစက်များသာဖြစ်သည်။

လွန်ခဲ့သော နှစ်လက အဘိုးအိုစု နှင့်တွေ့သောအခါ တစ်ဖက်လူက သတိမမူမိသည်မှာ ထင်ရှားသည်။

"ဟုတ်တယ် မင်း အကြိုအဆင့်ကို ဖြတ်ကျော်သွားတာ ငါမြင်တယ်။ ကျန်တာတွေနဲ့ မတူဘူး..." လင်ရှင်းထုံ က ယီယွင်ကို ဂရုတစိုက်ကြည့်ရင်း ပြောလိုက်သည်။ ယီယွင်မှာ ထိုသို့ စိုက်ကြည့်ခံရသောကြောင့် စိတ်မသက်မသာ ဖြစ်နေသည်။

ထပ်လောင်းစဉ်းစားလိုက်သောအခါ ယခင်က ယီယွင်စားခဲ့သော ရတနာသည် အပြည့်အဝ မကြေညက်သေးသောကြောင့် ယီယွင်၏‌ ပြောင်းလဲမှုကို ရှင်းပြနိုင်သည်ဟု ခံစားရလေသည်။

တကယ်တမ်းတွင် လင်းရှင်းထုံသည် ယီယွင်တွင် ရှိသော လျှို့ဝှက်ချက် ကိုစိတ်‌မ၀င်စားပေ။ယခုရောက်ရှိနေသော ကမ္ဘာရှိပြိုင်ဖက်ကင်း သူရဲကောင်းတိုင်းတွင် ကိုယ်စီ လျှိ့ဝှက်ချက်များပြည့်နှက်နေသူများသာ ဖြစ်ကြသည်။

ပြိုင်ဖက်ကင်းသူရဲကောင်းများစွာတွင် ၎င်းတို့၏ ကံကြမ္မာဖြစ်ရပ်များ ရှိခဲ့သည်။

ဤကမ္ဘာကြီးသည် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့ပြီး ပညာရှင်များစွာ မွေးဖွားလာခဲ့သည်။ ထိုပညာရှင်များသည် အခွင့်အလမ်းများစွာကို ချန်ထားခဲ့ကြသည်။ တချို့က အခွင့်လမ်းများများရကြသည်၊ တချို့က အခွင့်လမ်းနည်းနည်းသာရကြသည်။ ထိုကြောင့် တချို့ အခွင့်အလမ်းကိုရမှာ ထူးထူးခြားခြား မဟုတ်ပေ။

လင်ရှင်းထုံ သည် ယခင်က လျှို့ဝှက်ဆန်းကြယ်သော အပျက်အစီးများကို စူးစမ်းရှာဖွေခဲ့ပြီး ကံကောင်းမှုအချို့ကို တွေ့ရှိခဲ့သော်လည်း အချို့မှာ သေးငယ်လွန်းသဖြင့် ၎င်းတို့ကို စုဆောင်းရန်ပင် စိတ်မ၀င်စားခဲ့ပေ။

"ငါတို့ တိုက်ရမလား?" လင်ရှင်းထုံ က ရုတ်တရက် ယီယွင် ကို နောက်တစ်ကြိမ် မေးလိုက်သည်။

All Chapters