ကြယ်တွေပြည့်နေတဲ့ကောင်းကင်
Vol. 7 Ch. 95
"အိုး" ယီယွင်မှာ လင်ရှင်းထုံ အဖြေရှာနေသည်ကို သိချင်သည်။ သို့သော် လင်ရှင်းထုံမှာ မရှင်းပြနိုင်သေးသည့်အတွက် အဖြေမရသေးသည်ကို ယီယွင် ရိပ်မိသည်။လင်ရှင်းထုံမှာ ဖြူစင်ပြီး မြင့်မြတ်သောမျိုးနွယ်မှ မိန်းကလေးဖြစ်ကြောင်း ယီယွင်ခံစားနိုင်သည်။ လင်ရှင်းထုံ ၏ ကြည်လင်သော မျက်လုံးများမှာ အပြစ်ကင်းစင်ကြောင်း ဖော်ပြနေပေသည်။
ယီယွင်မှာ လင်ရှင်းထုံပြောသည်အတိုင်း လက်ကို ဆန့်လိုက်သည်။
ယီယွင်၏ လက်ကိုမြင်တော့ လင်ရှင်းထုံက မဝံ့မရဲဖြင့် ရှေ့တစ်လှမ်းတိုးကပ်လိုက်ပြီး “မင်းလက်ဖဝါးကို မြှောက်လိုက်” ဟုပြောလိုက်သည်။
လင်ရှင်းထုံမှာ ယီယွင်၏လက်ဖဝါး ဆုပ်ကိုင်ရန် ခဏမျှတုံ့ဆိုင်းကာ ရှက်စိတ်ကြောင့်ပါးပြင်မှာ အနည်းငယ်နီရဲလာသည်။
ထင်းရှူးပင်အောက်တွင် တယောက်နှင့်တယောက်ဆန့်ထားသော လက်များကိုကိုင်ထားကာ သုံးပေအကွာမှ ရပ်နေကြသည်။ တောက်ပသော လရောင်အောက်တွင် အရိပ်နှစ်ခုမှာ ပေါင်းစပ်ထားသည်။ ထိုကဲ့သို့ လှပသောမြင်ကွင်းသည် ထာဝရ ရပ်တန့်ပုံပေါ်သည်။
"အရမ်းအေးတယ်"ဤသည်မှာယီယွင် ရဲ့ ပထမဆုံး အတွေးပင်။ တိုက်ခိုက်လေ့ကျင့်နေစဉ်က ခန္ဓာကိုယ်ချင်း ထိတွေ့မိသော်လည်း စွမ်းအင်များရှိနေခြင်းကြောင့် ယီယွင်မှာ လင်ရှင်းထုံ၏အထိအတွေ့ကို မခံစားနိုင်ပေ။
သို့သော် ယခုအခါတွင် ထိုမိန်းကလေး၏ အထိတွေ့ကို ခံစားနေရသည်။ ကြည်လင်သောရေကန်ကို ထိတွေ့လိုက်ရသလိုမျိုး အထိအတွေ့က အေးစက်ပြီး နူးညံ့လှသည်။
“ဘာလို့ဒီလောက်အေးနေတာလဲ”
လက်နှစ်ဖက်လုံးသည် အရွယ်အစားတူပြီး ပြီးပြည့်စုံသော လက်ဖဝါးများဖြစ်သည်။
လင်ရှင်းထုံမှာ စွမ်းအင်တစ်ခုကို ခံစားရန်မျှော်လင့်နေသကဲ့သို့ သူမ၏မျက်တောင်များသည် အနည်းငယ်တုန်လာကာ မျက်လုံးများကိုမှိတ်ထားသည်။
လင်ရှင်းထုံ ငြိမ်နေချိန်တွင် ယီယွင် လည်း တိတ်ဆိတ်နေ၏။
“ဒီခံစားချက်…” လင်ရှင်းထုံ သည် မျက်လုံးများကို မှိတ်ထားပြီး သူမ၏ သွေးကြော ပြောင်းလဲမှုများကို ရှာဖွေနေသည်။ သူမရှေ့တွင်ရှိနေသော ကလေးမှာ အဆုံးမရှိ ကြယ်တွေပြည့်နေသော ညကောင်းကင်တစ်ခုလို ထူးဆန်းသော ခံစားချက်ကို ပေးနေသည်။
လင်ရှင်းထုံအတွက်ကတော့ ညကောင်းကင်မှာ ရေကူးနေသလိုပင်၊ ညကောင်းကင်ယံ၏ ကျယ်ပြောလှတဲ့ ကျယ်ပြန့်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားနေရသည်။
ဒါဟာ အံ့ဖွယ်ခံစားမှုတစ်ခုပဲ။ထိုခံစားမှုမှာ လှည့်စားမှုတစ်ခုလို့ လင်ရှင်းထုံသိသော်လည်း အစစ်အမှန်ကဲ့သို့ပင် ခံစားရသည်။
ကြယ်ရောင်ဖျော့ဖျော့အောက်တွင် အရွယ်မရောက်သေးသော်လည်း အံ့သြစရာကောင်းလောက်အောင် ချောမောသောမျက်နှာတစ်ခု လင်ရှင်းထုံရှေ့တွင် ပေါ်လာသည်။မျက်လုံးများမှ ကမ္ဘာ့အသန့်စင်ဆုံး အနက်ရောင် ကျောက်မျက်ရတနာကဲ့သို့ မည်းနက်တောက်ပနေ၏။
ထိုအနက်ရောင်ကျောက်မျက်ရတနာမျက်၀န်းတစ်စုံထဲတွင် လင်ရှင်းထုံ သည် မိမိပုံရိပ်ကို ရှင်းရှင်းလင်းလင်းပြန်မြင်နေရသည်။
“အိုး”
ထိုမြင်ကွင်းမှာ လင်ရှင်းထုံ အပေါ် လေးလေးနက်နက် စွဲလမ်းမှုတစ်ခု ချန်ထားနိုင်ခဲ့သည်။သူမသည် တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားသလိုပင် မသိစိတ်က ဟန့်တားလိုက်သည်။
“မဟုတ်ဘူး”
ဟန့်တားလိုက်သည့်အခိုက်အတန့်တွင် လင်ရှင်းထုံ သည် ထင်ယောင်ထင်မှားပုံရိပ်တစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း သူမရှာဖွေနေသည့် ခံစားချက်၊ သူမ၏ သွေးကြောလမ်းကြောင်းများကို နိုးကြားစေသည့်အရာမှာ ပေါ်လာခြင်းမရှိခဲ့ပေ။
ခြေရာမရှိသော အရိပ်နောက်သို့ ပြေးလိုက်သွားသလိုပင်။
လင်ရှင်းထုံ စိတ်ပျက်သွားသည်။
သို့သော် ယခုမှစပြီး စိတ်ကူးယဉ်မှုတွေနဲ့ ပြည့်နေတဲ့ အဲဒီကြယ်က ဘာလဲ။
လင်ရှင်းထုံသည် ခဏတာ တုံ့ဆိုင်းသွားကာ ယီယွင်၏လက်ဖဝါးကို နောက်တစ်ကြိမ်ထပ်ကိုင်လိုက်လေသည်။ထိုတစ်ကြိမ်၌ လင်ရှင်းထုံ သူမ၏ သွေးကြောများတွင် မည်သည့်အရာကိုမျှ မခံစားခဲ့ရသလို ကြယ်များပြည့်နေသော ကောင်းကင်ကြီး၏ လှည့်စားမှုကိုလည်း မခံစားခဲ့ရပေ။
လင်ရှင်းထုံ ကောင်းကင်သို့မော့ကြည့်လိုက်သော အခါ အရာအားလုံးမှာ ပုံမှန်အတိုင်း ရှိနေကြသည်။
လင်ရှင်းထုံက သက်ပြင်းချလိုက်ပြီး အဖြေရှာဖွေမှုမှာ မအောင်မြင်ခဲ့ပေ။သို့သော် အဖြစ်ပျက်များကို ပြန်တွေးကြည့်ပါက စိတ်ပျက်စရာအခြေနေမျိုးတော့ မဟုတ်ပေ။ထိုအခြေနေမျိုးမှာ ပုံမှန်ပင်ဖြစ်သည်။ယီယွင် ကဲ့သို့သော ကလေးတစ်ဦးသည် သူမ၏ အဆုံးစွန်သောသွေးကြောနယ်ပယ် နှင့် ပေါင်းနိုင်သည်ဟု လင်ရှင်းထုံ မသိစိတ်က မယုံကြည်နိုင်ပေ။
ဒါ မဖြစ်နိုင်ဘူး...
"မနက်ဖြန်ည ဒီအချိန် ဒီနေရာမှာ ပြန်ဆုံမယ်”ဟု ပြောကာ လင်ရှင်းထုံသည် လေနှင့်အတူ ပျောက်ကွယ်သွားလေသည်။
ယီယွင်မှာ မေးခွန်းများဖြင့် ပြည့်နှက်နေသေးသည်။လင်ရှင်းထုံ သည် တိုက်ခိုက်ရန်အတွက် အဘယ်ကြောင့် မိမိထံ ချဉ်းကပ်လာသည်ကို ယီယွင်မသိပေ။ သို့သော် လင်ရှင်းထုံ ထိုသို့ တိုက်ခိုက်ပေးသည့်မှာ မိမိအတွက်အကျိုးရှိပြီး ယီယွင် မျှော်လင့်ထားသည့် အရာဖြစ်သောကြောင့် စိတ်မပူပေ။
လင်ရှင်းထုံ ထွက်သွားပြီးနောက် ယီယွင်မှာ ချက်ချင်း မထွက်ခွာသေးပဲ ရပ်နေလျှက်ရှိနေသေးသည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း ယီယွင်မှာ သားရဲခြင်ဆီကို စားထားသည့်အတွက် ခန္ဓာကိုယ်မှာ စွမ်းအင်များ ပြည့်လျှံနေလျှက်ရှိသည်။ ထို့ကြောင့် အဖိုးတန်စွမ်းအားများနှင့် လေ့ကျင့်မည့် အခွင့်အရေးကို မဖြုန်းတီးပစ်ချင်ပေ။ခန္ဓာကိုယ်မှာ စွမ်းအင်ရှိမှ လေ့ကျင့်နိုင်မည်ဖြစ်သည်။ စွမ်းအင်မရှိပါက လေ့ကျင့်ဖို့ရာ မဖြစ်နိုင်ပေ။
လင်ရှင်းထုံ နှင့် လေ့ကျင့်ပြီးနောက် ယီယွင် ပြန်စဉ်းစားရန် လိုအပ်သော ထိုးထွင်းသိမြင်မှုတချို့ရရှိခဲ့သည်။ ပထမအချက်မှာ မိမိ၏ ကောင်းကင်အဆင့် ယွမ်ချီမှ ဖန်တီးထားသော ဖန်ပြင်သဏ္ဍာန်ရုပ်တုဖြစ်ပြီး နောက်တစ်ခုမှာ တဒင်္ဂလှုပ်ရှားမှုစနစ်ဖြစ်သည်။
သိုင်းပညာလမ်းကြောင်းတွင် အရည်အချင်းရှိရုံသာမက ပိုမိုကြိုးစားအားထုတ်ရန်လည်း လိုအပ်လှသည်။ လေ့ကျင့်လိုစိတ်မရှိသော အရည်အချင်းရှိသူသည် နောက်ကျကျန်နေပေလိမ့်မည်။
ယီယွင်၏ အရည်အချင်းမှာ မကောင်းနိုင်သော်လည်း ခရမ်းရောင်သလင်းကျောက်စွမ်းအား အကူအညီကြောင့် စိတ်မပူပေ။
သို့သော် မည်သည့်အရာမှ လွယ်လွယ်ကူကူဖြစ်မလာပေ မိမိကိုယ်တိုင်သာ အားကိုးရမည်ဖြစ်သည်။
ထို့နောက် ယီယွင် လက်သီးများကို တစ်ချက်ချင်း လေထဲသို့ထိုးလွှတ်လိုက်လေသည်။
"ပင်းပင်းပင်း"
ယီယွင်၏ လက်သီးချက်များကြောင့် မဟူရာသံကျောက်တုံးကြီးတစ်ခုပင် ကွဲကြေသွားကာ လေထဲသို့ပင်လွင့်စင်သွားစေနိုင်သည်။
သို့သော် ကောင်းကင်အဆင့် ယွမ်ချီမှ ပေါ်လာသည့် ကျားသဏ္ဍာန်ရုပ်ပုံမှာ စဉ်းစားစရာပင်။တဒင်္ဂလှုပ်ရှားမှုစနစ်ကိုအတွက် နားလည်သဘောပေါက်ရန်လည်း လိုအပ်နေသည်။
ထို့ကြောင့် ယီယွင် စနစ်နှစ်ခုကို မည်သို့တိုးတက်အောင် လုပ်ဆောင်ရမည်ကို မသိပဲရှိနေချေသည်။
ထိုစဉ် ယီယွင် လျှပ်တပျက်အခြေအနေသို့ ရောက်ရှိသွားသည်။
မမြင်ရသောကမ္ဘာတစ်ခုတွင် ယီယွင်သည် 'နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း' ၏အံ့ဖွယ်ကောင်းမှုများကို သဘောကျစပြုလာသည်။ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုဖြစ်သော်လည်း ယီယွင် ခံစားချက်များကို ဖမ်းဆုပ်ရန် ကြိုးစားသည့်အခါ အာရုံစိုက်မရပဲရှိနေလေသည်...
"ဆရာကြီး၊ သူက ကောင်းကင်အဆင့် ယွမ်ချီ နဲ့ ဖန်သားပြင်ရုပ်ပုံသဏ္ဍာန်ကို ဖန်တီးနိုင်ပြီး တဒင်္ဂလှုပ်ရှားမှုစနစ်ကိုလည်း နားလည်နေပြီ" တောအုပ်ထဲတွင် လင်ရှင်းထုံ သည် ဘေးနားရှိ အဘိုးအိုစု နှင့် စကားပြောနေစဉ် ယီယွင် ၏ လေ့ကျင့်မှုပုံစံကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
"ဟုတ်တယ်...ငါမြင်တယ်။ ဒီကလေးရဲ့ ခံယူချက်က မဆိုးပါဘူး။ သူ ဒီနှစ်ခုကို နားလည်ရုံတင်မကဘူး... သူ့မှာ တခြားဘာတွေ ဝှက်ထားလဲ ဆိုတာ စောင့်ကြည့်ရဦးမယ်။ မနက်ဖြန် ဘုရင့်နိုင်ငံတော် လက်ရွေးစင် လူရွေးပွဲမှာ သူ့စွမ်းဆောင်ရည်ကို မြင်ချင်သေးတယ်"
ဘုရင့်ရွေးချယ်မှု၏ ပဏာမရွေးချယ်မှုတွင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ကျင်းလုံဝေ့ သည် ဒဏ်ရာရသူများကို အနားယူရန် အချိန်များစွာပေးရန် အစီအစဉ်မရှိခဲ့ပေ။
ကျန်းတန် ၏စကားအရ တိုက်ပွဲတစ်ခုစတင်သည့်အချိန်မှာ မုန်တိုင်းတစ်ခုလိုဖြစ်နေပြီး ရန်သူက မင်းကို အနားယူဖို့ အချိန်ပေးမည့် မဟုတ်ပေ။
ယီယွင် သည် မိုးလင်းသည် အထိ တစ်ညလုံး မောဟိုက်အောင် လေ့ကျင့်ပြီးမှ အိမ်သို့ ပြန်သွားခဲ့သည်။
ယီယွင် ကုတင်ပေါ်ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် ခရမ်းရောင်သလင်းကျောက်သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်အဆင့် ယွမ်ချီများကို ဖြည်းညှင်းစွာစုပ်ယူလိုက်ပြီး ယီယွင်ဆီသို့ ခွန်အားကို ဖြည်းညှင်းစွာ ပြန်လည်ဖြည့်တင်းပေးနေသည်။
ယီယွင်အိပ်မောကျနေသည့်အချိန်၌ အိပ်မက်ထဲမှာပင် စွမ်းအင်များက ပြုစုပျိုးထောင်နေဆဲဖြစ်သည်။
ယီယွင်မှာ မြူဆိုင်းနေသော ချောက်ကမ်းပါးနားတွင် ရှိနေသကဲ့သို့ ချောက်ကမ်းပါးအထက်တွင်လည်း ပျံသန်းနေသော နဂါးတစ်ကောင်နှင့် ရုန်းထွက်ရန် တိုက်ခိုက်နေသော ကျားတစ်ကောင် ရှိနေသည်ဟု ခံစားရသည်။
မြေကြီးများတုန်ခါပြီး တောင်များပါ လှုပ်ခါနေသော မြင်ကွင်းတစ်ခု။
ထိုနဂါးသည် ကျင်းလုံဝေ့ ၏အလံပေါ်ရှိ ဂျင် နဂါးနှင့်တူပြီး ကျားသည်လည်း အကြိုကာလတွင် ယီယွင်မြင်ခဲ့သော ပြင်းထန်သောနတ်ကျား ဖြစ်သည်။
ထိုနဂါးကျားတိုက်ပွဲသည် ကောင်းကင်ကို တဟုန်းဟုန်းထစေပြီး မြေကြီးကို အက်ကွဲစေခဲ့သည်။
ဒဏ္ဍာရီများတွင်၊ ပြိုင်ဖက်ကင်းသိုင်းပညာရှင်များသည် နတ်သားရဲများ တိုက်ခိုက်ခြင်းကို ကြည့်ရှုခြင်းမှ ပြောင်မြောက်လှသော သိုင်းပညာကို သင်ယူကြပေလိမ့်မည်။
ယခုအချိန်တွင် ယီယွင်သည် ထိုထူးဆန်းသောအိပ်မက်မှ နောက်ထပ် ထိုးထွင်းသိမြင်မှု ရရှိလာသည်။ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' အတွက် လေးနက်သော နားလည်မှု တိုးလာခဲ့သည်။
သို့သော် နိုးလာချိန်မှာတော့ အရိပ်အယောင်များ ပြေးလွှားနေသလိုမျိုး နားလည်မှုများဟာ တဖြေးဖြေးမှုန်ဝါးသွားသည်။
ယီယွင် မှတ်မိဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မမှတ်မိနိုင်ပဲရှိနေလေသည်။
“သနားစရာပဲ…”
ယီယွင် က စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ရှေးခေတ်တရုတ်ပြည်တွင် ကွန်ဖြူးရှပ်သည် ကျိုးမြို့စားကို မကြာခဏ အိပ်မက်မက်လေ့ရှိသည်။ ကျိုးမြို့စားက သူ့အား လောကလမ်းများကို ပြောပြသည်။
ကွန်ဖြူးရှပ် နိုးလာသောအခါတွင် နားလည်မှု တစ်စုံတစ်ရာ ရလာလေသည်။ တစ်ခါတရံတွင် အိပ်မက်များမှာ လူတွေအတွက် ကောင်းမွန်တဲ့ လှုံ့ဆော်မှုတစ်ခုပင် ဖြစ်သည်။
ယီယွင် ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ မနက် မိုးလင်းနေပြီဖြစ်သည်။
ယီယွင်မှာ သုံးနာရီခန့်သာ အိပ်မောကျခဲ့သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ခရမ်းရောင်သလင်းကျောက်မှ စွမ်းအင်ကို ပြန်လည်ဖြည့်စွမ်းပေးသောကြောင့် အိပ်ချိန်သုံးနာရီသည် ယီယွင် ၏ စိတ်အခြေအနေကို အထွတ်အထိပ်သို့ တွန်းပို့ရန် လုံလောက်ပါသည်။
"လူရွေးပွဲမှာ ပါဝင်ဖို့ အချိန်တန်ပြီ" ယီယွင် ရေရွှတ်ကာထလိုက်သည်။ ရွေးချယ်မှုတွင် သေမျိုးသွေးအဆင့် ၏ပထမနေရာကိုရယူလိုပြီး ကျင်းလုံဝေ့ ၏ ထိပ်တန်းအဖွဲ့ဝင်ဖြစ်လာရန် ယီယွင်ဆုံးဖြတ်ထားပြီးဖြစ်သည်။