← Chapters

အကြိုဗိုလ်လုပွဲ စတင်ပါပြီ

Vol. 7 Ch. 96

အကြိုဗိုလ်လုပွဲ စတင်ပါပြီ

Vol. 7 Ch. 96

ဘုရင့်နိုင်ငံတော်ရွေးချယ်ရေး အကြိုဗိုလ်လုပွဲအတွက် ပြိုင်ပွဲခေါင်းစဉ်ကို မသိကြသေးပေ။ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ စာမေးပွဲ ခေါင်းစဉ်နှင့် ပတ်သက်၍ လူအများ ပျာယာခတ် ဆွေးနွေးနေချိန်တွင် ယီယွင်မှာ မြို့တော်၏ အစွန်အဖျား လွင်ပြင်သို့ ရောက်ရှိလာသည်။

အရည်အချင်းမပြည့်မီသော ယှဉ်ပြိုင်သူများနှင့် အနီးနားရှိ တိုင်းသူပြည်သားအများအပြားသည် အကြိုဗိုလ်လုပွဲကို ကြည့်ရှုရန် စုရုံးခဲ့ကြပြီး ပွဲကျင်းပရာနေရာသည် လူပေါင်း သောင်းနှင့်ချီ၍ ပြည့်ကျပ်နေလျှက်ရှိပေသည်။

တောက်မျိုးနွယ်စု၏ မြို့စွန်ရှိ လွင်ပြင်များတွင် ခမ်းနားသော ခုံတန်းရှည်များ မရှိပေ။ ရှေ့ဆုံးမှလူများမှာ ကောင်းကောင်းမြင်နိုင်သော်လည်း နောက်မှလူများမှာ မမြင်နိုင်ပေ။ ထို့သို့မမြင်ရသော အခြေနေများ၌ပင် လူအများမှာတိုးဝှေ့လျှက်ကြည့် နေကြလျက်ရှိကြသည်။

ခဏအကြာတွင် ကွင်းပြင်နေရာတွင် လူများဖြင့် တဖြေးဖြေး ပြည့်ကျပ်လာပြီး တောက်မျိုးနွယ်စုမှ လူစုလူဝေးမဖြစ်ပွားစေရန် အမိန့်နာခံမှုရှိကြ‌‌စေရန် ၎င်းတို့၏ စစ်သည်တော်စခန်းမှ အဖွဲ့ဝင်များကို အသုံးပြုခဲ့ကြသည်။

တောက် မျိုးနွယ်စု၏ အထက်တန်းစား စစ်သည်တော် စခန်းမှစစ်သည်များမှာ လူစုလူ‌ဝေးကို စည်းစနစ်တကျ ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရှိလာကြသည်။တောက် မျိုးနွယ်စု၏ ပထမနှင့် ဒုတိယ သခင်လေး ပေါ်လာသည့်အခိုက်တွင် လူအုပ်ကြီးသည် မထင်မှတ်ဘဲ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသသည်။

ထိုပထမနှင့် ဒုတိယသခင်များသည် တောက်မျိုးနွယ်စု၏ မျှော်လင့်ထားကြသူများဖြစ်ပြီး အထူးသဖြင့် ပထမသခင်မှာ ဟူရာ ဖြစ်သည်။ ဟူရာမှာ အသက် ဆယ့်ရှစ်နှစ်အရွယ် တိတ်ဆိတ်စွာ‌နေတတ်ပြီး ဂရုမစိုက်သော သဘောထားရှိသည်။ မိမိကိုယ့်ကိုကိုယ် နိမ့်ချပြီး လျှို့ဝှက်စွာ နေထိုင်တတ်သူ တစ်ဦးဖြစ်သည်။အေးစက်သော်လည်း ချောမောသော မျက်နှာဖြင့် တောက် မျိုးနွယ်စုရှိ မိန်းကလေးများစွာ၏ နှစ်သက်ခြင်းကို ခံရသူဖြစ်သည်။

အထူးသဖြင့် ဟူရာ သည် ခရမ်းရောင်သွေး၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိ‌ပြီး "မာကျောမှုခန္ဓာကိုယ်၊နဂါးပေါင်းစည်းခြင်း" အဆင့်သို့ ရောက်ရှိရန် တတ်လှမ်းနေသူဖြစ်သည်။

ကျယ်ပြောလှသော ကျတ်တီး‌မြေတွင် အရင်းအမြစ်များ နည်းပါးပြီး အလယ်ပိုင်း ဗဟိုဒေသများနှင့် နှိုင်းယှဉ်ပါကလည်း အမွေအနှစ်များမှာလည်း အလွန်နည်းပါးလွန်းလှသည်။ 'မာ‌ကျောမှုခန္ဓာကိုယ်၊နဂါး‌ပေါင်းစည်းခြင်း' အနေအထားနှင့် အနီးစပ်ဆုံး‌သောပထမဆုံး သခင်အတွက် ထိုအခြေအနေမျိုးမှာ အံ့ဖွယ်တစ်ခုပင်ဖြစ်သည်။

ထို့အတွက်ကြောင့် တောက်မျိုးနွယ်စုမှလူများသည် ဟူရာအတွက် အလွန်ဂုဏ်ယူကြသည်။

မျိုးနွယ်မှလူများသည် သူတို့၏ ပထမဆုံးသခင်ငယ် ဟူရာ ကို မျှော်လင့်ချက်များစွာထားခဲ့ကြသည် ။

ဟူရာ ပေါ်လာသောအခါ မိန်းကလေးများစွာသည် ဟူရာ ၏အမည်ကို စတင်ကြွေးကြော်ကြပြီး အချို့မှာ စိတ်လှုပ်ရှားစွာဖြင့် မေ့လဲသွားကြကုန်သည်။

ထိုမြင်ကွင်းမှာ ယီယွင်ရောက်ခဲ့ဖူးသော ဖျော်ဖြေပွဲများကို အမှတ်ရစေသည်။ တချို့သော ပရိသတ်များသည် ၎င်းတို့ အားပေးသောအနုပညာရှင် များကို မြင်တွေ့ရသောအခါ စိတ်လှုပ်ရှား‌လေ့ရှိကြသည်။ ခွန်အားကိုအသား‌ပေးသော တောကန္တာရတွင် သိုင်းထူးချွန်သူအဖြစ် ဟူရာ ၏ ဆွဲဆောင်မှုမှာ ယီယွင်၏ အတိတ်ကမ္ဘာမှ ထင်ရှားကျော်ကြားသူများထက် သာလွန်သည်။

ဟူရာ ပြီးနောက် နောက်ထပ်အားပေးမှုများစွာရရှိသူမှာ ဒုတိယသခင် တောက်ယွင်ရှောင်း ဖြစ်သည်။

၎င်းတို့နောက်တွင် ခရမ်းရောင်သွေးနယ်ပယ်မှ စစ်သည်တော် ခုနှစ်ဦးရှိသည်။ထိုသူတို့၏ အသက်အရွယ် အပိုင်းအခြားသည် နှစ်ဆယ်မှ နှစ်ဆယ့်ရှစ်နှစ်ခန့်မှ ရှိကြမည်ဖြစ်သည်။ ဟူရာနှင့် တောက်ယွင်ရှောင်း တို့နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် လူကြိုက်နည်းလှသည်။

ထို့အပြင် တောက်မျိုးနွယ်စုမှ သက်ကြီးရွယ်အိုများစွာလည်း ရောက်ရှိလာခဲ့သည်။ထိုလူကြီးများမှာ တောက် မျိုးနွယ်စု၏ အုပ်ချုပ်ခံလူတန်းစားကို ကိုယ်စားပြုသည်။ အုပ်ချုပ်သူများအနေနှင့် ဂုဏ်သိက္ခာရှိကြသည်။ လူစုလူဝေးထဲသို့ တိုးဝင်ရန် ခက်ခဲသည် ဖြစ်‌သောကြောင့် ပလက်ဖောင်းတစ်ခုကဲ့သို့ စားပွဲတန်းရှည်များ ချထားရန် စီစဉ်ခဲ့ကြသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်နှင့် သစ်သီးများတင်ထားလျှက် ရှိသည်။

အကြိုဗိုလ်လုပွဲ၏အဓိက စစ်ဆေးသူမှာ ကျန်းတန် ဖြစ်သည်။

အကြိုဗိုလ်လုပွဲမစတင်မီ ဆယ်မိနစ်ခန့်တွင် ကျန်းတန်မှာ ကွင်းလယ်ခေါင်သို့ မြင်းတစ်ကောင်ကို စီးလာသည်။

အကြီးအကဲအချို့က ကျန်းတန်အား စားပွဲတန်းရှည် သို့လာရန် ဖိတ်ခေါ်ခဲ့သော်လည်း ကျန်းတန် က ၎င်းတို့ကို လျစ်လျူရှုခဲ့သည်။ ထို့နောက် သူရဲကောင်းခြောက်ဆယ်ကျော်ကို သေချာစူးစူးစိုက်စိုက်ကြည့်နေပြီး ယှဉ်ပြိုင်သူအားလုံး၏ ရှေ့တွင် မြင်းကိုရပ်လိုက်သည်။

ထိုအချိန်တွင် တောက်မျိုးနွယ်စုမှ သက်ကြီးရွယ်အိုအများအပြား ထိုင်ရမလို ထရမလိုဖြစ်ကုန်ကြသည်။ ကျန်းတန် က ထိုလူများရှေ့တွင် မတ်တပ်ရပ်နေသည့်အတွက် အားလုံးမှာမဝံမရဲဖြစ်‌နေလေသည်။

တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ထိုင်ရာမှ ထဖို့ ဆုံးဖြတ်လိုက်သည်။ထိုမြင်ကွင်းမှာ ကျောင်း၌ ဆရာက ကလေးများကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးသလိုဖြစ်နေသည်။

သေမျိုးသွေးစစ်သည် နှင့် ခရမ်းရောင်သွေး စစ်သည်များကို အုပ်စုနှစ်စုခွဲထားသည်။

အကြိုဗိုလ်လုပွဲမှာ ခရမ်းရောင်သွေးစစ်သည်များအတွက် အလွယ်တကူ ဖြတ်သန်းရုံသာဖြစ်ပြီး နောက်တဆင့်ကိုအားလုံး တက်ရောက်မည်သာဖြစ်သည်။

သို့သော် သေမျိုးသွေးစစ်သည်များ အတွက်တော့ လုံးဝကို ကွဲပြားလှ‌ပေသည်။ ပြင်းထန်လှသော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

"တိုင်အာနတ်ပြည်ထောင်ရဲ့ စစ်သည်တော်များ ရွေးချယ်ရေး အကြိုဗိုလ်လုပွဲ ယခု စတင်ပါပြီ" ကျန်းတန်က မြင်းပေါ်မှ ကျယ်လောင်စွာ အော်လိုက်သည်။

"အကြိုဗိုလ်လုပွဲရဲ့ စည်းမျဉ်းတွေကို ကြေငြာပါ‌တော့မယ်"

ကျန်းတန်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်မှာ အလင်းတန်းများ ထိုးဖောက်ဝင်ရောက်လာပြီး နောက်ဆုံးတွင် အဖြူရောင် ကျောက်စိမ်းတုံးကြီး ဖြစ်ပေါ်လာသည်။

ထိုကျောက်စိမ်းတုံးကြီးသည် တစ်ဖက်လျှင် ဆယ်မီတာခန့်ရှိသည်။ ကောင်းကင်မှာ တရွေ့ရွေ့ လွင့်မျောလျက်ရှိသည်။

ကျောက်စိမ်းစင်၏ အောက်ခြေလေးဘက်စလုံးတွင် တိုင်လုံးလေးခုရှိသည်။ ထောင့်တစ်ခုစီတွင် သွေးနီရောင် သလင်းခဲတစ်ခုစီပါရှိပြီး ယင်းကျောက်တုံးများသည် ပျက်စီခြင်းသားရဲ၏ အရိုးများဖြစ်သည်။

ကျောက်စိမ်းစင်ပေါ်တွင် စာလုံးပေါင်းအချို့ ပါရှိပြီး ပျက်စီးခြင်း သားရဲ၏ စွမ်းအားဖြင့် လုပ်ဆောင်ထားသည့် ရတနာဆိုသည်မှာ ထင်ရှားလှသည်။

ထိုကျောက်စိမ်းစင်ကို မည်သည့်အတွက် အသုံးပြုမည်ကို ဘယ်သူမှ မသိခဲ့ကြပေ။

ကျန်းတန် က "သူရဲကောင်းတစ်ယောက်ဟာ ကိုယ်ခံပညာကို လေ့ကျင့်တဲ့အခါ ရှေးလူတို့ရဲ့ အမွေအနှစ်ကို လက်ခံရမယ်။ အမွေအနှစ်တွေ ထဲမှာ ကျင့်ကြံခြင်းစနစ်တွေ၊ လှုပ်ရှားမှုနည်းတွေ၊ ဆန်းကြယ်တဲ့ စနစ်တွေ၊ စိတ်ဝိညာဉ် ကျင့်ကြံခြင်းစနစ်တွေ၊ တိုက်ခိုက်ရေးစနစ်တွေနဲ့ တခြားနည်းမျိုးစုံ ရှိတယ်။ အခြေခံအကျဆုံးကတော့ ကျင့်ကြံစနစ်ပဲ။ အဲဒါက မင်းရဲ့ ဉာဏ်ရည်ထက်မြက်မှု ဒါမှမဟုတ် တိုးတက်မှုကို ချက်ချင်းဆုံးဖြတ်ပေးလိမ့်မယ်။ အနာဂတ်မှာ ခရမ်းရောင်သွေးအဆင့်ထပ် ကျော်လွန်ပြီးတော့ပေါ့…”

"မင်းတို့ရဲ့ ကိုယ်ခံပညာကို အစအဆင့်မှာ ထည့်သွင်းစဉ်းစားနေတုန်းပဲ။ ငါစမ်းသပ်မယ့် မင်းတို့ရဲ့ စိတ်ဓာတ်နဲ့ ကျင့်ကြံခြင်းစနစ်တွေက အခြေခံအကျဆုံး အရာတွေပဲ။ အဲဒါက မင်းရဲ့အောင်မြင်မှုကို အနာဂတ်မှာ ဆုံးဖြတ်လုနီးပါးဖြစ်လိမ့်မယ် ဒါကြောင့် မင်းတို့အကောင်းဆုံးကြိုးစားကြပါ"

“ကဲ၊ မင်းတို့အားလုံး ဒီကျောက်စိမ်းစင်ပေါ်ကို လာပြီး မင်းတို့လေ့ကျင့်တဲ့ ကျင့်ကြံခြင်းစနစ်ကို လူသိရှင်ကြား သရုပ်ပြကြမယ်။ တစ်ချိန်တည်းမှာပဲ မင်းရဲ့အသက်ကို ကြည့်ပြီး ငါမင်းတို့ကို အဆင့်လိုက်ပေးမယ်”

"ဒီကျောက်စိမ်းစင်ဟာ ကျင်းလုံဝေ့ အထက်တန်းစားတွေရဲ့ ကျင့်ကြံခြင်း ရတနာတစ်ခုပဲ၊ ဘုရင့်နိုင်ငံက ထင်ရှားကျော်ကြားတဲ့ သိုင်းသမားတစ်ယောက်က ဖန်တီးထားတာ။ ဖျက်ဆီးခြင်း အရိုးဓာတ်က စွမ်းအားပေးမှာမို့ မင်းတို့ရဲ့ ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြသတဲ့အခါ အကောင်းဆုံးအခြေအနေမှာ ရှိနေမှာ သေချာတယ်"

ထိုသို့စကားများပြောနေစဉ် ကျောက်စိမ်းတုံးစင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ဖုန်မှုန့်များထွက်လာကာ ပေါက်ကွဲသံကို ကြားလိုက်ရသည်။

“ဒါဆို ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြဖို့ စတော့” သေမျိုးသွေးအဆင့်တွင်ပါဝင်သူများ‌ရှေ့တွင် တောက်ယွင်ရှောင်း ရပ်နေသည်။ကျန်းတန်၏ စကားများကိုကြားသည်အခါ မသိမသာပြုံးလိုက်သည်။

တောက်ယွင်ရှောင်းတွင် အကြံအစည် ရှိပြီးသားဖြစ်သည်။

သူ့အတွက် အကြိုဗိုလ်လုပွဲမှာ အကောင်းမွန်ဆုံးသော ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြရန် ဖြစ်သည်။ တောက်မျိုးနွယ်စု၏ လျှို့ဝှက်ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြ၍ ပရိသတ်များကို တခဲနက်အားပေးမှုကို ရယူရန်ဖြစ်သည်။

"ငါတို့ သေမျိုးသွေးစစ်သည် အဖွဲ့နဲ့ စမယ်။ နာ‌မည်တွေ အော်လိုက်တာနဲ့ စပြီး သရုပ်ပြလို့ရပြီ။"

"ပထမလူ၊ စွန်းယွီ"

ကျန်းတန် က နာမည်ကို လှမ်းအော်လိုက်လေသည်။စွန်းယွီသည် မျိုးနွယ်စုငယ်တစ်ခုမှ မွေးဖွားလာသည့် အမွေဆက်ခံသူတစ်ဦးဖြစ်သည်။ ပထမဆုံးသရုပ်ပြရဖြစ်မည်ဟု မမျှော်လင့်ထားသောကြောင့် အနည်းငယ် တုန်လှုပ်‌နေလျှက်ရှိသည်။

အသက်ပြင်းပြင်းရှူရင်း စွန်းယွီ စင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

အသက်နှစ်ဆယ်အရွယ် စွန်းယွီ က 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကျင့်ကြံခြင်း စနစ်ကို သရုပ်ပြနေသည်။

တိုင်အာနတ်ပြည်ထောင် တွင် 'နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း'မှာ သေ‌မျိုးသွေးစစ်သည်များ အကောင်းဆုံး ကျင့်ကြံခြင်းစနစ်ဖြစ်သောကြောင့် ကျင့်ကြံသူ များစွာရှိကြသည်။ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သည် အဆင့်မြင့်သိုင်းပညာနှင့် ခမ်းနားလှသော ကျင့်ကြံခြင်းစနစ်တစ်ခုဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် မျိုးနွယ်စုငယ်တစ်ခုမှမွေးဖွားလာသော စွန်းယွီ အတွက် ကျယ်ပြောလှသော တောကန္တာရမှ မျိုးနွယ်စုငယ်တစ်စုသည် ဗဟို‌ဒေသများနှင့် ထိတွေ့မှုအနည်းငယ်သာရှိသည်။ထိုကြောင့် တောက်မျိုးနွယ်စုမှ ရရှိသော စွန်းယွီ ၏ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သည် ပြည့်စုံခြင်း မရှိခဲ့ပေ။ ဆရာအဖြစ်ယိုယွမ် သင်ကြားပေးသော လျှိုင်ချမ်းယု နှင့် နှိုင်းယှဥ်ကြည့်လျှင် အခြေနေမှာ အလွန်ကွာခြားလှသည်။

ထို့ကြောင့် စွန်းယွီ ၏ စွမ်းဆောင်မှုသည် အလယ်အလတ်ရှိပြီး ‘နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ၏ စွမ်းအားအပြည့်ကို မပြသနိုင်ပေ။ စွန်းယွီ၏ အရွတ်နှင့် အရိုးများမှ အသံအနည်းငယ်သာ ထုတ်လွှတ်နိုင်ပြီး 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'၏ စံနှုန်းနှင့် ဝေးကွာလှသည်။

တောက်ယွင်ရှောင်း က ရယ်မောလိုက်ပြီး ထိုသို့အခြေခံအဆင့် ကျင့်ကြံခြင်းမျိုးအား အထင်မကြီးလှပေ။

"နောက်တစ်ယောက် ကျိုးခန်း"

စွန်းယွီ ၏ စွမ်းဆောင်မှုအပေါ် ကျန်းတန် ၏ တုံ့ပြန်မှုများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ စွန်းယွီ စင်ပေါ်မှ ဆင်းပြီးနောက် ကျန်းတန်က ဒုတိယအမည်ကို ချက်ချင်းအော်လိုက်သည်။

ကျိုးခန်း သည် တောက်မျိုးနွယ်စုမှ ပြုစုပျိုးထောင်ခဲ့သော အထက်တန်းစားစစ်သည်တစ်ဦးဖြစ်သည်။ သူလည်း 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'ဖြင့်ပင် သရုပ်ပြခဲ့သည်။ စွန်းယွီနှင့် နှိုင်းယှဉ်ကြည့်ပါက ကျိုးခန်း၏'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'မှာ ခရမ်းရောင်သွေးနယ်ပယ်မှ သခင်တစ်ယောက်ဖြစ်သောကြောင့် ပိုမိုပြင်းထန်လှသည်။

လက်သီး ထိုးနှက်ချက်တိုင်းမှာ စွမ်းအင်များဖြင့်ပြည့်နေပြီး အရိုးများအတွင်း အက်ကွဲသည့် အသံများကိုပင် ကြားနေရသည်။

"ကာချာ"

ကျိုးခန်း သည် သူ၏နောက်ဆုံးလက်သီးချက်အား ပစ်လွှတ်လိုက်ပြီး ကျောက်စိမ်းစင်ပေါ်မှ ခုန်ဆင်းကာ "ကျားခုန်အုပ် ညက်ညက်ကြေ" ဟူသော သိုင်းကွက်ဖြင့် လူဦးခေါင်းအရွယ်အစားခန့်ရှိသော ကျောက်တုံးတစ်တုံးကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။

“ကောင်းတယ်‌ဟေ့”

လူအုပ်ကြီးမှာ ပျော်ရွှင်ကာ အားပေးနေကြသည်။

ကျန်းတန်က အံကြိတ်ကာ “နောက်တစ်‌ဦး ချန်ပင်းကွမ်း”

...

"နောက်တစ်ဦး လင်ကျွင်း"

...

"နောက်တစ်ဦး..."

ကျန်းတန် က မည်သည်ကိုမျှထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သေမျိုးသွေးစစ်သည် ငါးဆယ်ခန့်၏ အမည်များကို ကြွေးကြော်ခဲ့သည်။ လေးနာရီခန့်အကြာတွင် သေမျိုးသွေးစစ်များ၏သရုပ်ပြမှုကို ပြီးဆုံးခဲ့သည်။ သေမျိုး သွေးစစ်သည်များကြားတွင် အကောင်းဆုံးစစ်သည် အဖြစ် တောက်ယွင်ရှောင်း နှင့် ယီယွင်တို့ ပါဝင်သည်။

All Chapters