← Chapters

ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်သောဓားကိုးစင်း

Vol. 7 Ch. 98

ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်သောဓားကိုးစင်း

Vol. 7 Ch. 98

လျှိုင်ချမ်းယု ၏သရုပ်ပြမှုပြီးဆုံးပြီးနောက် သေမျိုး‌သွေးစစ်သည် တွင် ယှဉ်ပြိုင်သူငါးဦးသာကျန်ရှိသည်။ ယီယွင်နှင့် အခြားယှဥ်ပြိုင်သူလေးဦးတို့ဖြစ်သည်။ကျန်လေးဦးမှာ တောက်မျိုးနွယ်စုမှ ပြုစုပျိုးထောင်ပေးသည့် အထက်တန်းမျိုးနွယ်၀င်များဖြစ်သည်။

တောက်မျိုးနွယ်စုမှ အထက်တန်းမျိုးနွယ်၀င်များသည် သရုပ်ပြကွက်တိုင်းမှာ လျှိုင်ချမ်းယု ထက် အားကောင်းလှသည်။ ၎င်းတို့သင်ယူရသောဆရာများမှာ တောက်မျိုးနွယ်စုရှိ ခရမ်းရောင်သွေးနယ်ပယ်၏ ထိပ်တန်းတွင်ရှိသော ဆရာများဖြစ်ပြီး ယိုယွမ် ထက် များစွာအားကောင်းသောကြောင့်ဖြစ်သည်။

လျှိုင်ချမ်းယုသည် 'နဂါးနံရိုး ကျားအရိုး လက်သီး'ကို အစွမ်းကုန်သုံး၍ သရုပ်ပြခဲ့ခြင်းဖြစ်သည်။သို့သော် ထိုလေးဦး၏ သရုပ်ပြမှု အဆင့်မှာ လျှိုင်ချမ်းယုထက်ပင် အများစွာ ပို၍အားကောင်းလှသည်။

ထိုအ‌ခြေ‌အ‌နေကြောင့် လျှိုင်ချမ်းယုမှာ မကျေမနပ်ဖြစ်နေလေသည်။

ပဏာမအဆင့်တွင် ထိပ်တန်းငါးဦးသို့ ဝင်ရောက်နိုင်သော်လည်း အကြိုဗိုလ်လုပွဲတွင် ထိပ်တန်းငါးဦးအဆင့်သို့ ၀င်ရောက်ရန်မှာ မလွယ်ကူတော့ပေ။

ထို့အပြင်၊ ကျန်းတန် က ဘုရင့်နိုင်ငံတော်၏ ရွေးချယ်မှုမှာ အဆင့်သုံးဆင့်ရှိသည်ဟု ဆိုသည်။လျှိုင်ချမ်းယု သည် တတိယအဆင့်တွင် သူကျွမ်းကျင်သည့် အကြောင်းအရာဖြစ်မည်ကို မသိခဲ့ပေ။ ယခုအချိန်တွင် တောက်ယွင်ရှောင်း နှင့် ခရမ်းရောင်သွေးစစ်သည် ကိုးဦးသည် အဆင့်တစ်ဆယ် အထိနေရာယူထားပြီးဖြစ်သောကြောင့် အဆင့်နေရာများစွာမကျန်တော့ပေ။ထို့အတွက်ကြောင် လျှိုင်ချမ်းယု အတွက် အရေးကြီးသည်အခြေနေသို့ ရောက်ရှိနေသည်။

တောက် မျိုးနွယ်စု အထက်တန်းမျိုးနွယ်၀င် သုံးဦးမှာ ရှေ့ဆင့်နောက်ဆင့် သရုပ်ပြမှုများ ပြီးဆုံးသွားသည်။

“နောက်တဦးကတော့ တောက်ယွင်ရှောင်း”

သေမျိုးသွေးစစ်သည်၏ ထိပ်တန်းအဆင့် လူတစ်ယောက်အနေဖြင့် တောက်ယွင်ရှောင်းကို အသိအမှတ်ပြုကြသည်။

တောက်ယွင်ရှောင်းက သူ့မွေးရပ်မြေတွင် ယှဉ်ပြိုင်ရသောကြောင့် အနီးနားက ပရိသတ်အများစုမှာ တောက်မျိုးနွယ်စုမှ လူများဖြစ်သည်။ တောက်မျိုးနွယ်စု၏ တတိယမြောက်သခင်အဖြစ် တောက်ယွင်ရှောင်း ပေါ်လာသည့်အခိုက်တွင် လူအုပ်ကြီးမှာ ၀မ်းအသာအားရ အော်ဟစ်အားပေးနေကြသည်။

ထိုသို့သော အားရစရာ မြင်ကွင်းဖြင့်၊တောက်ယွင်ရှောင်းဆီတွင် ယုံကြည်မှုအပြည့်နှင့် ကောင်းမွန်သော အစီအစဉ်တစ်ခု ရှိသည်။

တောက်ယွင်ရှောင်း ကျောက်စိမ်းစင်ပေါ်သို့ တက်လာလေသည်။ ထိုအဆင့်ကို အောင်နိုင်မည် သေချာနေပြီး မည်သို့အောင်ပွဲခံမည်ကို တွေးနေလေ၏။

အကြိုဗိုလ်လုပွဲတွင် မိမိအဖေနှင့် တောက်မျိုးနွယ်စု၏ အကြီးအကဲတွေများကို အံ့အားသင့်စေရန် လုပ်ဆောင်လိုသည်။ထိုသို့ အံ့အားသင့်‌အောင်က လုပ်ဆောင်နိုင်မည်သူမှာ မိမိသာဖြစ်သည် တောက်ယွင်ရှောင်း ယုံကြည်နေသည်။

လူအများ‌ရှေ့တွင် စင်မြင့်ပေါ်၌ ဂုဏ်ယူ၀င့်ကြွားစွာရပ်နေလေသည်။

“ထိုကျောက်စိမ်းစင်မှာ မိမိ၏စင်မြင့်ဖြစ်ပြီး၊ တောက်ပသောအနာဂတ်၏ စမှတ်ပင်ဖြစ်သည်”

ထိုခံစားချက်ကို တောက်ယွင်‌ရှောင်း သဘောကျနေသည်။

ထိုနောက် လူအုပ်ကြီးထံမှ အကြည့်လွှဲလိုက်ပြီး၊သေမျိုးသွေးစစ်သည် များထံသို့ လှမ်းကြည့်လိုက်သည်။ တောက်ယွင်ရှောင်း ၏ နှုတ်ခမ်းများကို မသိမသာကွေးကာ ပြုံးလိုက်သည်။

တောက်ယွင်ရှောင်း က မိမိနှင့် တခြားပြိုင်ပွဲဝင်တွေကြားက ကြီးမားတဲ့ခြားနားချက်ကို ပြချင်နေသည်။ ရေတွင်းထဲက ဖားတစ်ကောင်လို ဖြစ်ရသည့် အဓိပ္ပါယ်ကို ပြိုင်ပွဲ၀င်များကို သိစေချင်သည်။

တောက်ယွင်ရှောင်း က လက်ကိုဝှေ့ယမ်းလိုက်သောအခါ လူကြီးတစ်ယောက်က ပိုးသားဖြင့်ပတ်ထားသော ရှည်လျားသည် အရာဝတ္ထုတစ်ခုကို ကိုင်ဆောင်ပြီး တောက်ယွင်ရှောင်း ဆီသို့ လွှဲပေးလိုက်သည်။

“ဓားတစ်လက်”

"လက်နက်လား"

စင်မြင့်ပေါ်၌ ယှဉ်ပြိုင်သူမည်သူမျှ လက်နက်မသုံးရသေးသောကြောင့် လူအများမှာ အံဩသွားကြသည်။

လက်နက်ဖြင့် သရုပ်ပြရန်မှာ မခက်ပေ။ ကျောက်ထိုင်ကျူ ကဲ့သို့ လူမျိုးပင် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ လွန်စွာ ကခုန်နိုင်သည်။

သို့သော် တကယ့်စစ်သည်တော်များသည် မကျွမ်းကျင်သောလက်နက်များဖြင့် ဟန်ဆောင်သရုပ်ပြမည် မဟုတ်ပေ။ ၎င်းတို့၏ သိုင်းပညာကို လက်နက်နှင့် ပေါင်းစပ်ကာ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

လက်သီး သို့မဟုတ် ခြေထောက် ကျွမ်းကျင်မှု အများစုသည်အလွယ်တကူ သရုပ်ပြနိုင်သော်လည်း၊ ဓား သို့မဟုတ် ဓားရှည်များကဲ့သို့ လက်နက်များမှာ ခြေလက်အင်္ဂါကဲ့သို့ အသုံးချ၍ သရုပ်ပြရန်မှာ မလွယ်ကူပေ။

ခရမ်းရောင်သွေးနယ်ပယ်အောက်ရှိ စစ်သည်များသည် မိမိ၏အဆင့်ကို ဖြတ်ကျော်ရန်သာ ၎င်းတို့၏ခွန်အားကို စုစည်းထားမည်ဖြစ်သဖြင့် လက်နက်စွမ်းရည်ကို တိုးတက်စေရန် အားစိုက်ထုတ်မည်မဟုတ်ပေ။

ယခု ကျောက်စိမ်းစင်ပေါ်တွင် တောက်ယွင်ရှောင်း က ဓားတစ်ချောင်းဖြင့် ရပ်နေလေပြီ။ ပြပွဲအတွက်သာမက မိမိ၏ တကယ့်အရည်အချင်းကို ထုတ်ပြရန် အတွက်ဖြစ်သည်။

တောက်ယွင်ရှောင်း သည် ဓားသမားဖြစ်သည်။

အသက်ဆယ့်လေးနှစ်တွင် သေမျိုးသွေးစစ်သည်နယ်ပယ်၌ ဓားပညာများကို စတင်လေ့လာခဲ့သည်။ကျင့်ကြံခြင်းတွင် ပြိုင်ဖက်ကင်း တဦး ဖြစ်မည်မှာ သေချာသည်။

ဓားကို တင်းတင်းကြပ်ကြပ်ကိုင်ထားသော တောက်ယွင်ရှောင်း ကို မြင်သော ကျန်းတန် ပင် အံ့အားသင့်သွားသည်။

ကျန်းတန်သည်လည်း တောက်ယွင်ရှောင်း၏ ဓားသိုင်းပညာမှာ အဆင့်မည်မျှ ရောက်နေပြီကို သိချင်နေသူဖြစ်သည်။

ပိုးသားစများကို အပြည့်ဖယ်ရှားလိုက်သောအခါတွင် နှစ်ပေရှည်သော ဓားရှည်တစ်လက်ထွက် လာလေသည်။

ဓားလက်ကိုင်ကို မြွေအရေခွံဖြင့် ဖုံးအုပ်ထားပြီး တခြားထူးခြားမှုမရှိခဲ့ပေ...

ဓားကိုမြင်ရ‌သောအခါ ခုံတန်းရှည်၌ထိုင်‌နေကြသော တောက် မျိုးနွယ်စုမှ အကြီးအကဲများသည် ဂုဏ်ယူသော်လည်း စဉ်းစားမရသည့် ပုံစံများဖြစ်နေလေ၏။

ထိုဓားသည် တောက်မျိုးနွယ်စု၏ ရှေးဟောင်းပစ္စည်းဖြစ်သည်။

တောက်မျိုးနွယ်စု၏ ရှေးဟောင်းပစ္စည်းများမှာ အမျိုးသားနှင့် အမျိုးသမီး ဓားတစ်စုံဖြစ်သည်။

ယခု တောက်ယွင်ရှောင်း၏ လက်ထဲရှိ ဓားမှာ အမျိုးသမီးဓားတစ်လက်ဖြစ်သည်။

"အဘိုးကြီး၊ ယွင်ရှောင်းကို ရှေးဟောင်းပစ္စည်းကို အသုံးပြုဖို့ ဘာကြောင့် သဘောတူခဲ့တာလဲ၊ အဲဒါကို တခြားသူတွေက တပ်မက်ပြီး ငါတို့ တောက် မျိုးနွယ်စုကို ဘေးဆိုးဖြစ်စေမှာကို မကြောက်ဘူးလား"

တောက်မျိုးနွယ်စု၏ အမွေအနှစ် နှစ်ခုသည် ၎င်းတို့၏ အသည်းသန် ထိန်းသိမ်းထားပုံ ရသည်။ ယခင်က ပျက်စီးခြင်းသားရဲများ တိုက်ခိုက်သည့်အခါတွင် ခရမ်းရောင်သွေးနယ်ပယ်မှ စစ်သည်များသည် ဘိုးဘွားအ‌မွေအနှစ်ပစ္စည်းများကို အသုံးပြုကြသည်။

ထိုဓားနှစ်ချောင်းမှာ လူတစ်ဦး၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ချီ စွမ်းအင်ကို ထိန်းထား‌ပေးနိုင်သည်။ အမျိုးသားရော အမျိုးသမီးပါ ထိုဓားရှည်များကိုအသုံးပြုပြီး လေ့ကျင့်ပါက နှစ်ဆ ပိုလွယ်ကူမည်ဖြစ်သည်။

သို့သော် ယနေ့တွင်၊ နိုင်ငံတော်ရွေးချယ်ပွဲအတွက် တောက် မျိုးနွယ်စု၏ အကြီးအကဲများသည် တောင်ယွင်ရှောင်း သရုပ်ပြမှုအတွက် အမျိုးသမီးဓား အမွေအနှစ်ကို ခွင့်ပြုပေးခဲ့သည်။ထို ခွင့်ပြုချက်မှာ မယုံနိုင်စရာပင် ဖြစ်နေလေသည်။

တောက် မျိုးနွယ်စုရဲ့ အကြီးအကဲမှာ ပေါ့ပေါ့ပါးပါးပင် “တိုင်အာနတ်ပြည်‌ထောင်က ဒီလိုမျိုး ဘိုးဘွားနှစ်ပါးကို ဂရုစိုက်မှာလား ငါတို့ ဘိုးဘွားတွေရဲ့ ရှေးဟောင်းပစ္စည်းကို ထုတ်ဖော်ပြသခြင်းက ပြဿနာဖြစ်နိုင်ပေ့မယ်လည်း ငါတို့ရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားမယ်ဆိုရင် စိန်ခေါ်မှုတွေကို ဘယ်တော့မှ မရင်ဆိုင်နိုင်မှာမဟုတ်ဘူး၊ နောက်ဆုံးမှာ ငါတို့တောက် မျိုးနွယ်ပါ ပျက်စီးသွားလိမ့်မယ်။"

"ငါတို့ရဲ့ ခွန်အားနဲ့ အခြေခံအုတ်မြစ်ကို ပြသဖို့ အချိန်တန်ပြီ ဒီနိုင်ငံတော် ရွေးချယ်ပွဲက အခွင့်အလမ်းကို ပြဖို့ အကောင်းဆုံးအချိန်ပဲ၊ တိမ်တိုက်ရိုင်းနယ်‌မြေရဲ့ ညံ့ဖျင်းတဲ့ ကျတ်တီးမြေမှာ ငါတို့ အမြဲတမ်းနေလို့မရဘူး။ ဒီနေရာကို စွန့်ခွာပြီး မိသားစုမျိုးနွယ်စုတွေကို ဖန်တီးဖို့ လိုအပ်တယ်"

တိုင်အာနတ်ပြည်ထောင်တွင် မိသားစုမျိုးနွယ်စုများသည် အသေးအဖွဲကိစ္စမဟုတ်ပေ။

လျှိုင်မျိုးနွယ် နှင့် တောက်မျိုးနွယ်မျိုးများကို "မျိုးနွယ်စု" ဟုခေါ်သည်။

မိသားစု နှင့် မျိုးနွယ်စုကြား ခြားနားချက်မှာ မြို့တော်မှ မြင့်မြတ်သော အဆင့်အတန်း နှင့် ရွာသူကြီး ကဲ့သို့ပင် ကွာခြားချက်လှသည်။

တောက် မျိုးနွယ်စုသည် တိမ်တိုက်ရိုင်းနယ်မြေတွင် ကြာမြင့်စွာ တည်ရှိနေခဲ့သည်။ တောက်မျိုးနွယ်၏ ရည်မှန်းချက်မှာ မိသားစု မျိုးနွယ်တစ်ခု ထူထောင်ရန်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်ဖြစ်သည်။

တိုင်အာ နတ်ပြည်ထောင်၏ မှတ်တမ်းများတွင် များပြားလှသော ရှေးဟောင်း မိသားစုမျိုးနွယ်စုများက လူမျိုးစု မျိုးနွယ်စု တစ်ခုပြီးတစ်ခု ထူထောင်ခဲ့သည်။

ထိုမျိုးနွယ်စုများစွာသည် တိုင်အာနတ်ပြည်ထောင် ၏ တော်ဝင်မိသားစုများထက်ပင် သမိုင်းကြောင်း ရှည်ကြာစွာ မင်းဆက်များ ပေါ်ပေါက်ခဲ့ကြသည်။

တောက် မျိုးနွယ်စုသည် လိုအပ်သည်များကို စုဆောင်းထားပြီးဖြစ်သည်။ ယခုတစ်ကြိမ်တွင်၊ နိုင်ငံတော်၏ရွေးချယ်မှုကိုအသုံးချပြီး မိမိမျိုးနွယ်စု၏ခွန်အားကိုပြသရန် ဖြစ်သည်။ တောက်ယွင်ရှောင်း က ကံကောင်းစွာဖြင့် တောက် မျိုးနွယ်စု၏ သွေးမျိုးသွေးစစ်သည်တွင် ရွေးချယ်ခံရသည်။

"ဆရာ ကျန်း ကျွန်‌တော်'ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း' ကို သရုပ်ပြပါမည်။"

"ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း"

သာမန်လူများသည် ထိုသို့သော ကျင့်ကြံခြင်းစနစ်ကို တစ်ခါမျှ မကြားဖူးကြပေ။သို့သော် သိုင်းပညာတွက် အတွေ့အကြုံရှိသော လျှိုင်ချမ်းယု ကဲသို့ လူတစ်ဦးအတွက်တော့ 'ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း'ကို နားလည်သည်။

၎င်းသည် ခန္ဓာကိုယ်၏ ကြွက်သားအရိုးစုစနစ်တစ်ခုလုံးကို ကျင့်ကြံရန်အတွက် ဓားကိုးချောင်းကို အသုံးပြု၍ ကျင့်ကြံသည့်စနစ်ဖြစ်သည်။ ၎င်းသည် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' နှင့် တူညီသောနည်းလမ်းဖြစ်သည်။ နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း နှင့် အပြန်အလှန် စွမ်းအင်ပို့ပေးနိုင်သည်။‌ တောက်ယွင်ရှောင်းသည် 'ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း' ကို သင်ယူခဲ့ပြီးဖြစ်သောကြောင့် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကိုလည်း သင်ယူတတ်မြောက်သွားမည်ဖြစ်သည်။

ကျင့်ကြံခြင်းစနစ်နှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူခဲ့သည်။

လျှိုင်ချမ်းယုမှာ မကျေမနပ်ဖြစ်နေလေသည်။ တောက်မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုငယ် တခုနှင့်တခုမှာ အမွေအနှစ် ကွာခြားချက်မှာ ကွဲပြားလျှက်ရှိသည်။

'ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း'မှာ ကျယ်ကျယ်ပြန့်ပြန့် သင်ယူနိုင်ခြင်း မရှိပေ။ တချို့သောမျိုးနွယ်စုများမှ လျှို့ဝှက်ထားသောကြောင့် လက်စွဲစာအုပ်ကို ရယူရန်ပင် မလွယ်ကူနိုင်ပဲ ရှိနေလေသည်။ 'ဆန်းကြယ်မှုကိုးပါး ဓားကောင်း‌ကင်သိုင်း' ကို လေ့လာရန် ဓားတစ်ချောင်းကို အသုံးပြုရပြီး ပိုမိုခက်ခဲသော သိုင်းကွက်များနှင့် အဆင့်‌မြင့်မားလှပေသည်။

တောက် မျိုးနွယ်စုတွင် ၎င်းတို့၏ ဘိုးဘွားပစ္စည်းများ၊ အမျိုးသမီး-အမျိုးသား ဓားရှည်များ ရှိသည်။ ထိုဓားနှစ်ချောင်းသည် သုံးစွဲသူများအား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို ပေးစွမ်းနိုင်သည်။ 'ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း' ၏ ကျင့်ကြံခြင်းစနစ်နှင့်အတူ သုံးစွဲသူများအား များပြားလှသော ခွန်အားများ ထုတ်လွှတ်နိုင်ကာ စစ်သည်များအား ကျင့်ကြံခြင်းကို အလွယ်တကူပင် ဖြတ်ကျော်နိုင်စေသည်။

ထိုကျင့်ကြံခြင်းစနစ်သည် တောက် မျိုးနွယ်စု၏ တကယ့်လျှို့ဝှက်ချက်ဖြစ်ပြီး ကျယ်ပြောလှသော ကျတ်တီး‌မြေတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် ရပ်တည်နိုင်ခဲ့သည့် အကြောင်းရင်းပင်ဖြစ်သည်။

ထိုလျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့သော်လည်း ယနေ့တွင် တောက်မျိုးနွယ်စု အကြီးအကဲများက လျှို့ဝှက်ကျင့်ကြံခြင်းစနစ် ချပြရန် ဆုံးဖြတ်ခဲ့ကြသည်။ တောက်မျိုးနွယ်စု၏ ခွန်အားကို ပြသပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြီးထွားမှုကို စတင်ဖို့ အချိန်တန်ပြီ ဖြစ်သည်။

All Chapters