လျှိုင်ချမ်းယု ၏ဘဝအထွတ်အထိပ်
Vol. 7 Ch. 97
ကျိုးခန်း မှ ၎င်း၏ ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြသပြီးနောက် ကျောက်စိမ်းစင်ပေါ်မှ ဆင်းသွားသည်။ ထို့နောက် သရုပ်ပြသူများမှာ ကျောက်တုံးကို လက်သီးဖြင့် အပိုင်းပိုင်း ထိုးခွဲကာ သရုပ်ပြလျှက်ရှိကြသည်။ ထိုသို့ ကျောက်တုံးများကို ထိုးခွဲခြင်းသည် ၎င်းတို့၏ ခွန်အားကို သရုပ်ပြခြင်းပင်ဖြစ်သည်။ ကွင်းပတ်ပတ်လည် နေရာတိုင်းရှိ သာမာန် ကျောက်တုံးများ မှသည် အလွန်မာကျောသော မဟူရာ သံကျောက်အထိ ထိုးခွဲပြကြကုန်သည်။
အားနည်းသူများမှာ သာမာန်ကျောက်တုံးများကို ဖြိုခွဲ၍သော်လည်းကောင်း၊ အားကောင်းသူများသည်လည်း မဟူရာ သံကျောက်များကို ထိုးခွဲ၍သော်လည်းကောင်း ကိုယ်စီအစွမ်းသရုပ်ပြကြလေသည်။တောက် မျိုးနွယ်စုမှ ထိပ်တန်းစစ်သည် တချို့၏ လက်သီးတစ်ချက်ဖြင့် သုံးပေကျယ်သော မဟူရာသံကျောက်တုံးကို ထိုးခွဲနိုင်လေသည်။
ကျန်းတန် က စံသတ်မှတ်နှုန်းခြင်းမရှိ၊ လက်သီးထိုးနည်း၏ အစွမ်းကို စမ်းသပ်ခြင်းမဟုတ်ကြောင်း ပြိုင်ပွဲအစတွင် ပြောခဲ့သော်လည်း ပြိုင်ပွဲဝင်များသည် အချင်းချင်း လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြသည်။ ပြိုင်ပွဲ၀င်စစ်သည်များ၏ တိုက်ခိုက်သည့်ပစ်မှတ်မှာ သူတို့၏ ခွန်အားကန့်သတ်ချက်ကို ဖော်ပြနိုင်သည်။
ပါဝင်ယှဥ်ပြိုင်သူများ၏အဆုံးသို့ရောက်ရှိသည်နှင့်အမျှ ကျိုးကြေသွားသော မဟူရာသံကျောက်အရွယ်အစား များသည်ပိုမိုများပြားလာပြီး ပြိုင်ပွဲ၀င်များမှာ တစ်ဦးနှင့်တစ်ဦး ပိုမိုယှဉ်ပြိုင်လာကြသည်။
ထိုသို့ အပြိုင်အဆိုင်ယှဉ်ပြိုင်မှုများကြောင့် လူအုပ်ကြီးနှာ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြသည်။
"နောက်တစ်ဦး လျှိုင်ချမ်းယု"
ကျန်းတန်က ထပ်အော်သည်။ နောက်ဆုံးတော့ လျှိုင်ချမ်းယု၏ အလှည့်သို့ရောက်လာပြီဖြစ်သည်။
"သခင်လေး လျှိုင် က အနိုင်ရမှာ သေချာတယ်"
“သခင်လေးက မျိုးဆက်များစွာ အသက်ရှင်လိမ့်မည်၊မျိုးနွယ်စုတွေကို ပေါင်းစည်းလိမ့်မည်”
လျှိုင်ချမ်းယု စင်မြင့်ပေါ်သို့ ရောက်သောအခါ၊လူအုပ်ကြီး အတွင်းမှ စစ်သည်ပြင်ဆင်ရေးစခန်း အဖွဲ့ဝင်များက အော်ဟစ်အားပေးကြသည်။ ကျောက်ထိုင်ကျူ ဖြုတ်ချခံရပြီးနောက် စစ်သည်ပြင်ဆင်ရေးစခန်းအဖွဲ့ဝင်များသည် လျှိုင်ချမ်းယု၏ လက်အောက်တွင် နံပါတ်တစ်လက်ထောက်ဖြစ်လာရန် အသဲသန်ကြိုးစားလျှက်ရှိကြသည်။
ထိုစစ်သည်ပြင်ဆင်ရေးစခန်းအဖွဲ့ဝင်များသည် နိုင်ငံတော်ရွေးချယ်မှုတွင် ကောင်းစွာမစွမ်းဆောင်နိုင်သော်လည်း သာမန်လူများကြားတွင်မူ ၎င်းတို့သည် ပိုမိုအားကောင်းကြသည်။ ထို့ကြောင့် လူတစ်သောင်းရှိသော လူအုပ်ကြီးထဲတွင် ၎င်းတို့သည် ရှေ့ဆုံးမှ နေရာယူနိုင်ခဲ့ပြီး လျှိုင်ချမ်းယုအား အော်ဟစ်အားပေးနေကြသည်။
သူတို့ထဲက တစ်ဦးမှာက လျှိုင်ချမ်းယု ကို ကပ်ဖားရပ်ဖားလုပ်ရာတွင် အလွန်ပင် တော်လှပေ၏။ယီယွင်က ထိုသူ၏အမည်ကို မသိသော်လည်း ထိုသူအား မြင်ရချိန်တိုင်းတွင် " ဒုတိယ ကျောက်ထိုင်ကျူ " ဟု မသိစိတ်ဖြင့် အမည်တပ်ပေးမိသည်။
ဒုတိယ ကျောက်ထိုင်ကျူသည် ကျယ်လောင်စွာ အော်လိုက်သောကြောင့် လျှိုင်ချမ်းယု ပင် စိတ်မသက်မသာ ခံစားခဲ့ရသည်။ “မျိုးဆက်များစွာ၊ တောကို ပေါင်းစည်းမည်” ဟူသော စကားလုံးများသည် ၎င်းတို့၏ နယ်မြေတွင် အသုံးပြုသည့်အခါ ကောင်းမွန်သော်လည်း တောက် မျိုးနွယ်စုတွင် ရွေးချယ်ခံရသည့် အများပြည်သူဆိုင်ရာ နေရာ၌ ရယ်စရာကောင်းသည် ကြွေးကြော်ခြင်းမျိုး ဖြစ်သည်။
လက်တွေ့တွင်လည်း တောက်မျိုးနွယ်စု ပတ်ဝန်းကျင်မှလူများက ရယ်မောကြသည်။
လျှိုင်ချမ်းယုမှာ ချောင်းဟန့်လိုက်ပြီး စင်မြင့်ပေါ်ရပ်ကာ စစ်သည်ပြင်ဆင်ရေးစခန်းအဖွဲ့ဝင်များကို လျစ်လျူရှုလိုက်လေသည်။ လျှိုင်ချမ်းယု မျက်လုံးများမှာ အာရုံစူးစိုက်လျှက်ရှိပြီး ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအားများကိုစုစည်းနေလေသည်။
ကျောက်စိမ်းစင်သည် ကျင်းလုံဝေ့၏ ရတနာဖြစ်သည်။ ထို့ကြောင့်၊ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားသည် အလွန်သိပ်သည်းလှသော ပမာဏာကို ထုတ်လွှတ်လျှက်ရှိသည်။
"အားလုံးခံစားမိတယ်" လျှိုင်ချမ်းယု သည် အသက်ပြင်းပြင်းရှူပြီး “နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း” ဖြစ်သည့် သူ၏ ကျင့်ကြံခြင်းစနစ်ကို စတင်သရုပ်ပြသည်။
လျှိုင်ချမ်းယု ၏ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း"မှာ ထူးခြားသည်ဟု ဆိုရပေမည်။
“နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း” ကို သရုပ်ပြသောအခါ၊ ပတ်ဝန်းကျင်ရှိ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားများမှာ လှုပ်ခါပြီး မမြင်နိုင်သော လေစီးကြောင်းအဖြစ် အသွင်ပြောင်းကာ ဘေးပတ်၀န်းကျင်ဆီသို့ မှုတ်ထုတ်လိုက်သည်။
ပြိုင်ဖက်ကင်းတစ်ဦး သရုပ်ပြနေသည်နှင့် တူလှပေသည်။
ခုံတန်းရှည်မှ ကြည့်နေကြသော တောက် မျိုးနွယ်စု အကြီးအကဲ တော်တော်များများက အစပိုင်းတွင် သူတို့ရဲ့ မျက်နှာတွေကို လှောင်ပြောင်ပြုံးပြနေကြသော်လည်း လျှိုင်ချမ်းယု၏ သရုပ်ပြသည်ကို မြင်လိုက်သောအခါ မျက်နှာများမှာ ဖြည်းညှင်းစွာ ပြောင်းလဲကုန်ကြသည်။ တကယ်တမ်း မျိုးနွယ်စုငယ်တစ်ခုတွင် ကြီးပြင်းလာသူ လျှိုင်ချမ်းယု အတွက်၊ ထိုအဆင့်သို့ရောက်သည်မှာ အရည်အချင်းရှိသူဟု ယူဆနိုင်သည်။
လျှိုင်ချမ်းယု ၏ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" သည် ပြီးပြည့်စုံသောသရုပ်ပြမှုဖြစ်သည်။
ယခင်က ယီယွင် သည် ယိုယွမ် ထံမှ လျှို့ဝှက်စွာ သင်ယူခဲ့သော်လည်း၊သိုင်းပညာအလုံးစုံကို ယိုယွမ် မှ လူသိရှင်ကြား မသင်ကြားပဲ လျှိုင်ချမ်းယုအား လျှို့ဝှက်စွာ သင်ကြားပေးခဲ့သည်။ယိုယွမ်က ထိုသိုင်းကွက်များအား တမင်လျှို့ဝှက်ထားချင်းမဟုတ်ပေ။ကျောက်ထိုင်ကျူနှင့် အပေါင်းအပါ စစ်သည်များမှာ ထိုသိုင်းကွက်ကို သင်ယူနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
လျှိုင်ချမ်းယုသည် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" အပြည့်အစုံကို သရုပ်ပြနိုင်ခဲ့သည်။သို့သော် ယီယွင်၏ သရုပ်ပြမှုနှိုင်းယှဉ်ပါက ချို့ယွင်းချက်များစွာရှိနေသေးသည်။
ယီယွင်၏ "နဂါးနံရိုး ကျားအရိုး လက်သီးမှာ" သည် လင်ရှင်းထုံ စာအုပ်ထံ မှ သင်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြီးပြည့်စုံသောသိုင်းကွက်ဖြစ်ပြီး တိုင်အာနတ်ပြည်ထောင် ရှိ “နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း” ၏ စစ်မှန်သောသိုင်းကွက်ဖြစ်သည်။ စာအုပ်ထဲတွင် ရေးဆွဲထားသော ပုံများသည် ပုံမှန်ရေးထိုးထားသော သိုင်းကွက်များထက် ပိုမိုဆန်းကြယ်လှသည်။
လင်ရှင်းထုံ ၏ "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" လက်စွဲစာအုပ်သည် သုံးသပ်ချက်အား ကိုစာအုပ်တွင် ဖော်ပြထားသဖြင့် အဖိုးမဖြတ်နိုင်ပေ။
လင်ရှင်းထုံ သည် အလွန်လေးနက်သော မိန်းကလေးတစ်ဦးဖြစ်သည်။ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' လက်စွဲစာအုပ်တွင် နားလည်မှုတိုင်းကို စေ့စေ့စပ်စပ် ရေးမှတ်ထားသည်။ လင်ရှင်းထုံ သည် လုံးဝခြားနားသော အဆင့်တွင် ရပ်တည်နေသောကြောင့် ယီယွင်အတွက် များစွာအကျိုးရှိခဲ့သည်။
ယီယွင်သည် လင်ရှင်းထုံ၏ အထက်တန်းဂိုဏ်း သို့မဟုတ် ရှေးဟောင်းမိသားစုမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ခန့်မှန်းနေသည်။
လင်ရှင်းထုံ ၏ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' နှင့် ပတ်သက်၍ နားလည်မှုသည် လေးနက်သော ရှေးဟောင်းမိသားစုမျိုးနွယ်စုများကို ကိုယ်စားပြုသည်။ ကျယ်ပြောလှသော တောကန္တာရတွင် လူမျိုးတစ်မျိုးကို မည်သို့ မှနှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။
လျှိုင်ချမ်းယု "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ကို သရုပ်ပြသောအခါ ယီယွင်သည် လျှိုင်ချမ်းယု လှုပ်ရှားမှုများမှ ချို့ယွင်းချက်များကို ဂရုတစိုက်စတင်ရေတွက်နေသည်။
လျှိုင်ချမ်းယု ၏ လှုပ်ရှားမှုတိုင်းသည် လူအများ၏အမြင်တွင် ပြီးပြည့်စုံသည်ဟု ထင်ရသော်လည်း ယီယွင်က အမှားအယွင်းများကို အလွယ်တကူပင် ရှာတွေ့ နေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် ယီယွင်သည် ချို့ယွင်းချက်ပေါင်း နှစ်ဆယ့်ရှစ်ခုကို ရေတွက်ထားပြီးဖြစ်သည်။
လျှိုင်ချမ်းယု ၏ အရှိန်အဟုန်မြင့်သော လှုပ်ရှားမှုများနှင့်အတူ ယီယွင် သည် လျှိုင်ချမ်းယု၏ လှုပ်ရှားမှုတိုင်းတွင် အပြစ်အနာအဆာအားလုံးကို သိသိသာသာ ရေတွက်နိုင်သည်မှာ စိတ်ကူးရခက်လှသည်။ ထိုသို့ရေတွက်နိုင်သည်မှာ ယီယွင် အာရုံများ ပိုမိုအားကောင်းလာခြင်းကြောင့်ဖြစ်သည်။
အကယ်၍ ယီယွင်သည် လျှိုင်ချမ်းယုနှင့် သူသေကိုယ်သေတိုက်ရမည်ဆိုပါက လျှိုင်ချမ်းယု၏ ချို့ယွင်းချက်များကို အသုံးချကာ အနိုင်ယူနိုင်ပေလိမ့်မည်။
ချို့ယွင်းချက်နှစ်ဆယ့်ရှစ်ခုကို တွေ့လိုက်ခြင်းဖြင့် လျှိုင်ချမ်းယုသည် တိုက်ရိုက်တိုက်ပွဲများတွင် ယီယွင်ကို မယှဉ်နိုင်တော့သည်မှာ သေချာလှသည်။
“ ဖြောင်း”
ထိုအချိန်တွင် လျှိုင်ချမ်းယု၏ ခန္ဓာကိုယ်မှ အရိုးများမှ အက်ကွဲသံများ ထွက်လာသည်။
ထို့နောက် "ပင်း၊ ပင်း၊ ပင်း"
ခိုင်ခံ့သောလေးကြိုးများကို ဆွဲဆန့်လိုက်သကဲ့သို့ပင်၊ ဤသည်မှာ အရွတ်များ တညီတညွတ်တည်း စုစည်းမိနေခြင်းနေခြင်းဖြစ်သည်။
"နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း" ၏ အနှစ်သာရမှာ အရိုးနှင့် အရွတ်များကို လေ့ကျင့်ရန် ဖြစ်သည်။ "နဂါးနံရိုး ကျားအရိုး လက်သီး သိုင်း" ၏ ရည်ရွယ်ချက်မှာ နဂါးနံရိုးနှင့် ကျားအရိုးများအဆင့် ရှိသည့်အထိ စစ်သူရဲတစ်ဦး၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရန်ဖြစ်သည်။
ထို့ကြောင့် အရိုးနှင့် အရွတ်များဆီမှ မြည်သံများသည် "နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း"၏ ကျွမ်းကျင်ပိုင်နိုင်ခြင်း၏ အရေးကြီးဆုံး သင်္ကေတဖြစ်သည်။
"ရား"
ကျယ်လောင်စွာအော်သံနှင့်အတူ လျှိုင်ချမ်းယုသည် ကျောက်စိမ်းစင်ပေါ်မှ ခုန်ဆင်းကာ အလယ်လတ်အရွယ် မဟူရာသံကျောက်တုံးကို ထိုးခွဲလိုက်သည်။
"ကာချာ"
မဟူရာသံကျောက်တုံးမှာ အစိတ်စိတ် အမြွာမြွာ ကွဲထွက်သွားသည်။
လျှိုင်ချမ်းယု ၏လက်သီးများသည် ထုံကျင်နေသော်လည်း မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
“အောင်မြင်ပြီ”သရုပ်ပြမှုဖြင့် အကောင်းဆုံးအခြေအနေပင်။
လက်သီးချက်သည် လျှိုင်ချမ်းယု ၏ အမြင့်ဆုံးတိုက်ခိုက်နိုင်စွမ်းဖြစ်ပြီး လှုပ်ရှားမှုတိုင်းဟာ ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။
လျှိုင်ချမ်းယု သည် သူ့ကိုယ်သူ ကျေနပ်ဟန်ဖြင့် ကျောက်တုံးများကြားမှ နီရဲနေသော လက်သီးများကို ပြန်ဆွဲထုတ်လိုက်ပြီး လက်ချောင်းများကို ဖြေလျော့လိုက်သည်။ထိုနောက် အပြုံးဖြင့် လူအုပ်ကို ကြည့်ပြီး ယီယွင်မျက်လုံးများကို စိုက်ကြည့်နေလေသည်။
လျှိုင်ချမ်းယု မျက်လုံးများမှာ ဒေါသခိုး များဖြင့်ပြည့်နေသည်။
ပဏာမအဆင့်တွင် ယီယွင် ကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲတွင်တွင် အနိုင်ယူလိုခြင်းမှာ သဘာဝကျလှသည်။ယီယွင်မှာ စိတ်အားထက်သန်သော်လည်း ဝိညာဉ်သည် အချည်းနှီးသော အစွမ်းသတ္တိတစ်ခုသာဖြစ်သည်။ တကယ့်တိုက်ပွဲတွင် ကျွမ်းကျင်မှုနဲ့ ခွန်အားလိုအပ်သည်။
အကြိုဗိုလ်လုပွဲတွင် အားသာချက်များကို မနှိုင်းယှဉ်ထားသော်လည်း ကျင့်ကြံခြင်းစနစ်များကို နှိုင်းယှဉ်ကြည့်ပါက တစ်ဦးနှင့်တစ်ဦး မကွာလှပေ။
လျှိုင်ချမ်းယုသည် ယီယွင် ၏ ကျင့်ကြံခြင်းစနစ်မှာ 'နဂါးနံရိုး ကျားအရိုး လက်သီး' ဖြစ်မည်ကို ခန့်မှန်းမိသည်။ယီယွင်တွင် နောက်ထပ် 'ဆင်၀ါးမြိုစနစ်' ရှိသော်လည်း ထိုစနစ်သည် ကျင့်ကြံခြင်းတွင် အထောက်အကူဖြစ်စေသော ဆန်းကြယ်သောနည်းတစ်ခုဖြစ်သည်။ ကျင့်ကြံစနစ်အပြည့်စုံမဟုတ်သောကြောင့် ယီယွင်က သရုပ်ပြမည် မဟုတ်ပေ။
ယခင်က လူတိုင်းသည် ၎င်းတို့၏ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ၏ အစွမ်းသတ္တိကို ပြသပြီး မိမိတို့၏အဖျက်စွမ်းအားကို စမ်းသပ်ရန်အတွက် မဟူရာသံကျောက်တုံးကို အသုံးပြုကြသည်။
ယီယွင်သည် ထင်ရှားပေါ်လွင်ပြီး ထိုမဖြစ်နိုင်သော ပထမနေရာကို ရယူလိုပါက မိမိ၏ လက်သီးထိုးစနစ်၏ အစွမ်းကို သဘာဝအတိုင်း ပြသရမည်ဖြစ်သည်။
သို့သော် ယီယွင် ၏ လက်သီးထိုးစနစ်သည် အဖျက်စွမ်းအား မည်မျှရှိနိုင်မည် နှင့် မဟူရာသံကျောက်တုံးကြီး တစ်လုံးကို မည်သည့် သေးငယ်သောအရွယ်ထိ ဖြိုခွဲနိုင်မည်ကို မသိနိုင်ပဲ ရှိနေလေ၏။
လျှိုင်ချမ်းယု အတွက် ယီယွင်၏ အဆင့်မှာ သွေးကြော နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ထိုအဆင့်မှာ လွန်ကဲလှ သောတန်ဖိုးတစ်ခုပင်။ ယီယွင်မှာ ချီစုဆောင်းစုနယ်ပယ်၏ အစအဆင့်တွင် ယိုယွမ် ၏ လက်သီးထိုးစနစ်ကို လျှို့ဝှက်စွာ သင်ယူခဲ့ပြီး နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း အစုံအလင်ကိုပင် စွမ်းဆောင်နိုင်ခဲ့သည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။ ယီယွင် စွမ်းဆောင်ရည်သည် မည်သို့ ထက်မြက်နိုင်မည်ကို လျှိုင်ချမ်းယု မခန့်မှန်းနိုင်ပေ။
လျှိုင်ချမ်းယု စင်ပေါ်မှဆင်းလာသည်။
အကြိုဗိုလ်လုပွဲအဆင့်တွင် ပဏာမအဆင့်သတ်မှတ်ချက်များအတိုင်းဖြစ်သည်။ ပထမအချီတွင် ပထမအဆင့်ဟုသတ်မှတ်ခံရသူများသည် နောက်ဆုံးအချိန်မှာသာ သရုပ်ပြကြရသည်။