လျှို့ဝှက်ဆန်းကြယ်သောခံစားချက်
Vol. 7 Ch. 100
ယီယွင်သည် ကျောက်စိမ်းစင်၏ အလယ်တွင် ရပ်နေသည်။ လူတိုင်း၏ အာရုံများမှာ ယီယွင် အပေါ်သို့ ကျရောက်နေကြပြီး စွမ်းဆောင်ရည်ကို မျှော်လင့်နေကြသည်။
ယီယွင် အသက်ကိုဖြေးညင်းစွာ ရှူထုတ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ လေသင်္ဘောဆီသို့ ခေါင်းကို မော့ကြည့်လိုက်သည်။လင်ရှင်းထုံ နှင့် စုကျဲ တို့က အကြိုဗိုလ်လုပွဲကို ကြည့်ရှုရန် ထိုယာဉ်ပျံပေါ်တွင် ရှိနေသည်မှာ သံသယဖြစ်ရန်မလိုပေ။
ယီယွင် စင်ပေါ်ကိုရောက်တာနဲ့ လင်ရှင်းထုံတို့ ဆရာ တပည့်နှစ်ဦးမှာပေါ်လာသည်။ယီယွင်၏ သရုပ်ပြမှု စောင့်ကြည့်ရန်ရောက်လာခြင်း ဖြစ်သည်။
တောက်ယွင်ရှောင်း အတွက်တော့ တိုက်ဆိုင်မှုတစ်ခုဟု ခံစားနေရသည်။
တောက်ယွင်ရှောင်း စိတ်ဓာတ်ကျသွားကာ “လင်ရှင်းထုံ က မိမိ၏ ကျွမ်းကျင်ပြောင်မြောက်လှသော သရုပ်ပြကွက်များ မြင်ရရန် အတွက် ဘာကြောင့် မိနစ်နှစ်ဆယ်လောက် စောမလာရတာလဲ”ဟု စိတ်ထဲ၌ ရေရွတ်နေသည်။
အလှတရားနှင့် ပြည့်စုံသော လင်ရှင်းထုံ၏ရှေ့ ၌ မိမိ၏စွမ်းရည်များကို ပြသနိုင်ခြင်းသည် တောက်ယွင်ရှောင်း အတွက် ပျော်ရွှင်စရာပင်။ ကံမကောင်းစွာဖြင့် သရုပ်ပြချိန်၌ လင်ရှင်းထုံ ရောက်လာခြင်း မရှိပေ။
လေသင်္ဘောကိုမြင်လိုက်သောအခါ လင်ရှင်းထုံ က ပြတင်းပေါက်ကနေ ယီယွင်အား လှမ်းကြည့်နေသည် ဟုခံစားရသည်။
ယီယွင် ကျေနပ်စွာ ပြုံးလိုက်သည်။ မနေ့ည၌ လင်ရှင်းထုံနှင့် လေ့ကျင့်ခဲ့သည်ကို ယီယွင်စိတ်ထဲတွင် ပြန်မြင်ယောင်လာကာ နောက်ထပ် ထိုးထွင်းသိမြင်မှုကို ထပ်မံ ဆုပ်ကိုင်မိပြန်သည်။
ယီယွင် ခဏတာ အိပ်ပျော်သွားပြီးနောက် တစ်ခဏတာ အတွင်း ပျောက်ကွယ်သွားသည့် အသိဉာဏ်များနှင့် ယီယွင်၏ ထိုးထွင်းသိမြင်နိုင်မှုကို အမှန်တကယ် ပေါင်းစပ်နိုင်မလား သိချင်နေမိသည်။
ယီယွင် အသက်ပြင်းပြင်းရှူရင်း ပတ်ဝန်းကျင်ရှိ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို ခံစားလိုက်ရသည်။
ယီယွင်ရပ်နေသည့် ကျောက်စိမ်းစင်သည် ထူးခြားပြီး မဏ္ဍိုင်လေးခုပေါ်တွင် ပျက်ဆီးခြင်းအရိုးဓာတ်လေးပါး ထွန်းလင်းတောက်ပနေသည်။
ပျက်ဆီးအရိုးဓာတ်ဖြင့် ပေါင်းစပ်ထားသည့် ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအားဖြင့် ခင်းကျင်းထားသည့် ကျောက်စိမ်းစင်သည် တောက် မျိုးနွယ်စု၏ ပတ်၀န်းကျင်ထက် အဆတစ်ရာကျော်သော ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားကို ထုတ်လွှတ်လျှက်ရှိသည်။
အမှန်ပင် ကျင့်ကြံခြင်း၏ ရတနာတစ်ပါး ဖြစ်ပေသည်။ ယီယွင် သည် ထိုသို့ရတနာမျိုးကို ပိုင်ဆိုင်ချင်သည်။
"ဖူးး"
ယီယွင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခန္ဓာကိုယ်ရှိ ချွေးပေါက်များ ပွင့်လာသည်ကို ခံစားလိုက်ရသည်။ထို့နောက် ကျောက်စိမ်းစင်ပေါ်တွင် စွမ်းအင်ကို လောဘတကြီး စုပ်ယူလိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့်ပင် မတ်တပ်ရပ်ရုံဖြင့် လူတစ်ဦး၏ ကြီးထွားမှုကို တိုးပွားစေပါသည်။
ယီယွင်၏နှလုံးသားအတွင်းမှ ခရမ်းရောင်သလင်းကျောက်သည် ဖြည်းဖြည်းချင်း လည်ပတ်လာသည်။ ခရမ်းရောင်သလင်းကျောက် အပြင်ဘက်၌ သေးငယ်သော အလွှာတစ်ခုပေါ်လာပြီး အနီးရှိ ယွမ်ချီစွမ်းအားများကို စတင်ဆွဲငင်ကာ သလင်းကျောက်ထဲသို့ လျင်မြန်စွာ ရွေ့လျားစုပ်ယူသွားသည်။
သန့်စင်သောစွမ်းအင်သည် ယီယွင် ခန္ဓာကိုယ်၏ နေရာလွတ်မကျန် သန့်စင်စေသည်။ ထိုခံစားချက်မှာ မယုံနိုင်အောင်ပင် ခံစားရသည်။
ယီယွင် ခံစားချက်၌ ယစ်မူးနေသည်။ အနှစ်တစ်ထောင်သက်တမ်းရှိ စပျစ်၀ိုင်များပြည့်နေသော ကန်ထဲသို့ အရက်သမားတစ်ယောက် ပြုတ်ကျကာ လွတ်လွတ်လပ်လပ် သောက်သုံးခွင့် ရသွားသလိုပင်။
"ဒီကောင် ဘာလို့ မလှုပ်တာလဲ"
"သူဘယ်လောက်ကောင်းလဲ ကြည့်ချင်ပါတယ်ဆိုမှ မလှုပ်သေးဘူး၊ ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား။" လူများမှာ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ အစပိုင်းတွင် ယီယွင် သည် သုံးမိနစ်ခန့် မလှုပ်မယှက် ရပ်နေခဲ့သည်။
တောက်ယွင်ရှောင်း သည် လက်နှစ်ဖက်ကို ပိုက်လျှက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဂုဏ်ယူသောအမူအရာဖြင့် ယီယွင်သည် အကြိုဗိုလ်လုပွဲ၌ မိမိအား ခြိမ်းခြောက်နိုင်မည်ဟု မထင်ပေ။
“အမဓားပေါ်လာတာနဲ့ ဘယ်သူစိန်ခေါ်ရဲမှာလဲ”
ထိုအချိန်တွင် ယီယွင်က လက်ကို မြှောက်လိုက်သည်။ ၎င်းသည် ရိုးရှင်းသော ကိုယ်ဟန်ဖြစ်ပြီး ယွမ်ချီစွမ်းအင် စီးဆင်းမှုကို နှိုးဆော်ခြင်းမရှိပေ။ ကောင်းကင်အဆင့် ယွမ်ချီများ စီးဆင်းမှုသည် ယီယွင် ၏ခန္ဓာကိုယ်နှင့် နီးကပ်လာသည့်အခါတိုင်း ခရမ်းရောင်သလင်းကျောက်က ၎င်းကိုစုပ်ယူသွားမည်ဖြစ်သည်။
ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်စုပ်ထုတ်ပြီးနောက် ယီယွင် စတင် လှုပ်ရှားလိုက်သည် ။
ယီယွင်၏ လှုပ်ရှားမှုများမှာ အားရစရာမဟုတ်သော်လည်း လူများကို နူးညံ့သိမ်မွေ့သည် ဟုခံစားရစေသည်။ ယီယွင်၏ ကိုယ်ဟန်နှင့် လှုပ်ရှားမှုတိုင်းသည် အလွန်နှေးကွေးသော်လည်း အလွန်လိုက်ဖက်ညီပြီး ချောမွေ့လှသည်။
ထိုလက်သီးထိုးနည်းစနစ်သည် သာမန်လူတစ်ဦးအတွက် အံ့ဩစရာဖြစ်မည်မဟုတ်ပေ။ သာမန်လူတိုင်း အလွယ်တကူ လေ့လာနိုင်ပြီး အတုယူနိုင်သော ရိုးရှင်းသော လှုပ်ရှားမှုများသာ ဖြစ်ပါသည်။
အချိန်အနည်းငယ်ကြာသော် ပရိသတ်တော်တော်များများက ဂနာမငြိမ်ဖြစ်ကုန်ကြသည်။
”ဘာလဲကွာ ဒါက ဘယ်လို လက်သီးထိုးနည်းစနစ်မျိုးလဲ။ စင်ပေါ်တက်ခိုင်းရင် ငါတို့ လုပ်နိုင်တယ်”
"စွမ်းအားကြီးတဲ့အရာတစ်ခုကို မြန်မြန်လုပ်ပါဟ ပျင်းဖို့ကောင်းတယ်"
"သူတကယ်ကော လုပ်တတ်လို့လား"
လူအုပ်ကြီးမှ တစတစအော်လာကြသည်။ သူတို့အတွက် ကျောက်တုံးတွေကို ဖြိုခွဲပြီး သစ်ပင်တွေကို ဖြိုချနိုင်တဲ့ လက်သီးချက်သည်သာ တကယ့်လက်သီးထိုးနည်းဟု ယူဆထားသည်။ စစ်သည်တော် တော်များများသည်ပင် ထိုကဲ့သို့ တွေးထင်နေကြသည် ။
ယီယွင်သည် တောက်ယွင်ရှောင်း နှင့် သရုပ်ပြမှုမှာမနီးစပ်နိုင်ရင်တောင် ပထမဆုံးအနေဖြင့် ယီယွင်က မဟူရာသံကျောက်တုံးတချို့ကို ဖြိုခွဲပြသင့်သည်။
လူအများမှာ စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာကြပြီး သိုင်းပညာရှင်များ၏ သရုပ်ပြမှုစွမ်းဆောင်ရည်များကို ကြည့်ရှုကြခြင်းဖြစ်သည်။
ကျန်းတန် သည် ယီယွင် ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေသည်။ အစပိုင်းမှာတော့ သတိမထားမိသော်လည်း တဖြည်းဖြည်းဖြင့် အမူအရာတွေ ပြောင်းသွားပြီး စိုးရိမ်သည့် အကြည့်များ ပေါ်လာသည်။
"အိုး ဒီကလေးရဲ့ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'က တကယ်ကို လိုက်ဖက်ညီတဲ့ ခံစားချက်မျိုး ပေးနိုင်တယ်... ကျယ်ပြောလှတဲ့ တောထဲမှာ ဒီလက်သီးထိုးနည်းကို သင်ယူခဲ့ပုံမပေါ်ဘူး"
လူတို့၏ ပျက်ဆီးခြင်း သားရဲများကို တိုက်ခိုက်ရာတွင် စွမ်းရည်မြှင့်တင်ရန် တိုင်အာနတ်ပြည်ထောင် သည် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို ထုတ်ဝေခဲ့ပြီး ပြည်သူများထံ အချိန်အတော်ကြာ ပျံ့နှံ့ခဲ့သည်။ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို ကျင့်ကြံသူများတွင် အကောင်းနဲ့အဆိုး ရောနှောနေလျှက်ရှိသည်။
နောက်ပိုင်း မျိုးဆက်သစ် စစ်သည်တော်များသည် ၎င်းတို့၏ကိုယ်ပိုင်ဥာဏ်ကို ပေါင်းစပ်လာကြသဖြင့် မတူညီသော နဂါးနံရိုး ကျားအရိုး လက်သီးသိုင်းကွက် ပုံစံအသစ်ပေါင်း များစွာ ပေါ်ပေါက်လာခဲ့သည်။
ကျင့်ကြံခြင်းစနစ် ကျယ်ပြန့်လာသည်နှင့်အမျှ အားနည်းချက်များလည်း ရှိလာသည်။ သိုင်းကွက်ပုံစံအသစ်များစွာရှိခြင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။ ၎င်းတို့ထဲမှ တချို့သည် ရိုးရှင်းသော အရာများကို ချဲ့ထွင်ပြီး တချို့က အရာများကို ဖယ်ရှားခဲ့သည်။ ထိုမတူညီသောစံနှုန်းများအားလုံး၏ရလဒ်အနေဖြင့် မူလ’နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ၏အနှစ်သာရကို ဖျက်ဆီးပစ်ခဲ့သည်။သို့သော် သင်ယူရ ပိုလွယ်သော အကျိုးကျေးဇူးလည်း ရှိပေသည်။
စစ်မှန်ပြီး တိကျခိုင်မာသော 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သည် သင်ယူရန် ခက်ခဲလွန်းသောကြောင့် ကျယ်ပြောလှသော ကျတ်တီးမြေသို့ မရောက်ရှိဖူးပေ။
ယီယွင်သည် လက်ရှိတွင် ရှေးရိုးအကျဆုံး မူလ 'နဂါနံရိုး ကျားအရိုး လက်သီးသိုင်း' ကို သရုပ်ပြနေခြင်းဖြစ်သည်။ လင်ရှင်းထုံ၏မှတ်စုများနှင့်အတူ ယီယွင်၏ ထိုးထွင်းသိမြင်ခဲ့သော ဉာဏ်ကို ထုတ်ဖော်သရုပ်ပြနိုင်ခဲ့သည်။
'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' သည် တိုင်အာနတ်ပြည်ထောင်၏ အခြေခံအုတ်မြစ်ဖြစ်သော ကျွမ်းကျင်မှုဖြစ်သည်။ထို့ကြောင့် တိုင်အာနတ်ပြည်ထောင်ရှိ စစ်တပ်များအတွက် အခြေခံတတ်မြောက်ရမည် ကျွမ်းကျင်မှုဖြစ်သည်။ ထောင်ပေါင်းများစွာ သော ကျင်းလုံဝေ့ အဖွဲ့၏ခေါင်းဆောင်ဖြစ်သော ကျန်းတန် သည် မူလ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို ကောင်းစွာကျွမ်းကျင်သောကြောင့် ယီယွင် ၏ လက်သီးထိုးနည်းအဆင့်ကို ချက်ချင်းပြောပြနိုင်ခဲ့သည်။
"ဒီကလေးက ကောင်းကောင်းနားလည်နိုင်စွမ်းရှိတယ်" ကျန်းတန် အံ့သြသွားသည်။ မူလ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း မဟုတ်သည် ပုံစံအသစ်များကို သင်ယူလျှင်တောင် ကျွမ်းကျင်ရန် ခက်ခဲလျှက်ရှိနေသေးသည်။သို့သော် အသက်ဆယ့်နှစ်နှစ်သာရှိသေးသည် ယီယွင်မှာ ထိတ်လန့်ဖွယ်ကောင်းအောင် သရုပ်ပြနေပြီ ဖြစ်သည်။
တကယ်တမ်းတွင် လူအုပ်ကြီးရဲ့ ညည်းညူသံနှင့် ကျန်းတန်၏ ရဲ့ ချီးကျူးစကားများမှာ ယီယွင် အတွက် အရေးမကြီးပေ။
ထိုအချိန်တွင် ယီယွင်သည် 'ဥပဒေမရှိ၊ ပုံသဏ္ဍာန်မရှိ၊ အပျက်အစီးမရှိ၊ ငါမရှိ' အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ယီယွင် သည် များပြားလှသော ကောင်းကင်အဆင့် ယွမ်ချီ ပတ်ဝန်းကျင်တွင် ပထမဆုံးအကြိမ် လေ့ကျင့်ခြင်း ဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်သည် ထိုနေရာရှိ ယွမ်ချီစွမ်းအင်ကို လွတ်လပ်စွာစုပ်ယူနိုင်သည်။
ပျက်ဆီးခြင်း အရိုးများတွင် စွမ်းအင်များစွာပါဝင်သော်လည်း ၎င်းတို့သည် ဟင်းသီးဟင်းရွက်များနှင့် ဆင်တူသည်။ တချို့သော စွမ်းအင်များသည် မသန့်ရှင်းပေ။ တချို့က စုပ်ယူလိုက်တဲ့အခါ အဆိပ်ဖြစ်သွားပြီး စုပ်ယူတဲ့သူကို ထိခိုက်စေသည်။ ၎င်းသည် လူတစ်ဦး၏ အခြေခံစွမ်းအင်ကိုပင် အားနည်းစေကာ အစာချေဖျက်နိုင်စွမ်း ရပ်တန့်ကာ နောက်ဆုံးတွင် ပေါက်ကွဲကာ သေဆုံးစေနိုင်သည်။
သို့သော် ကောင်းကင်အဆင့် ယွမ်ချီမှာ ထို့သို မဖြစ်နိုင်ပေ။မူလအဖြစ်ဆုံး အသန့်စင်ဆုံး စွမ်းအင်ပုံစံဖြစ်သည်။
အမှန်ပင် ယွမ်ချီစွမ်းအားတွင် အားနည်းချက်တစ်ခုရှိသည်။ ၎င်းသည် ပျက်ဆီးခြင်း အရိုးစွမ်းအင်လောက် လောင်ကျွမ်းနိုင်ခြင်းမရှိပေ။ ကောင်းကင်အဆင့်ယွမ်ချီစွမ်းအား ကို စုပ်ယူခြင်းဖြင့် စွမ်းအင်အဆင့်တက်ရန် အလွန်အချိန်ယူရမည်ဖြစ်ပေသည်။
ရှေးဆိုရိုးစကားအတိုင်း "အသားစားသောသူသည် ရဲရင့်ခြင်းသို့ရောက်၏၊ ချီစွမ်းအင် စားသောသူသည် မသေဘဲ ဘုရားဖြစ်၏"
ချီစွမ်းအင် စားသူသည် ကောင်းကင်အဆင့် ယွမ်ချီကို စုပ်ယူနိုင်သူတစ်ဦးကို ရည်ညွှန်းသည်။ထိုစုပ်ယူသူသည် ရှည်လျားသောအသက်ကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားများကို ယှဉ်ပြိုင်နိုင်သည့် ခွန်အားလည်း ရှိသည်။
ယီယွင်၏ ကိုယ်ခန္ဓာနှင့် စိတ်သည် ယွမ်ချီစွမ်းအင် နှင့် ပေါင်းစပ်လိုက်သောအခါ၊ စိတ်ဝိညာဉ် နှင့် ချီ တို့သည် တစ်သားတည်း ပေါင်းစပ်သွားသည်။ ထိုအခြေအနေတွင် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို ဖန်တီးသူအား ပိုမိုထိရောက်၍စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သလို ခံစားရသည်။
ထိုစစ်မှန်သော အဓိပ္ပါယ်သည် ရှေးအကျဆုံးမူလ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' တွင်သာ တည်ရှိခဲ့သည်။ ယခုတွင် ယီယွင် ၏ စိတ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်မိသွားပြီဖြစ်သည်။
ယီယွင် ၏ လှုပ်ရှားမှုတိုင်းနှင့် ကိုယ်ဟန်တိုင်းသည် ကိုယ်ပိုင်သိုင်းကွက်ရရှိသကဲ့သို့ စစ်မှန်သောအဓိပ္ပါယ်ကို ဖော်ဆောင်ပေးနေသည်။
ယီယွင် ၏ စိတ်ထဲတွင် ထိုစစ်မှန်သော အဓိပ္ပါယ်သည် ပုံသဏ္ဍာန်အမျိုးမျိုးသို့ ပြောင်းလဲသွားသည်။
နဂါး နှင့် ပြင်းထန်သောကျားကြား တိုက်ပွဲဖြစ်သည်။
ကျားခုန်နေချိန် တွင် နဂါးသည်လည်းလိုက် ခုန်တက်ကာ မြေကြီးတုန်ခါစေကာ တောင်တန်းများကိုပင် တုန်လှုပ်သွားစေခြင်းမျိုးဖြစ်သည်။
မနေ့ညက ယီယွင်မက်ခဲ့သည် မြင်ကွင်း။ တစ်ခုတည်းသော ခြားနားချက်မှာ ယခုတစ်ကြိမ်တွင် ယီယွင်သည် တိုက်ပွဲကို စောင့်ကြည့်ရင်း နိုးကြားကာ အသေးစိတ်ကို မြင်နေရခြင်းဖြစ်သည်။
ယီယွင် သည် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ကို လေ့ကျင့်ရင်း ပြင်းထန်သော ခံစားချက်ကို ခံစားရခဲ့သည် မနေ့ညက တောအုပ်ထဲရှိ အခြေနေကို ပြန်စဉ်းစားမိပြန်သည်။
ထိုအချိန်တွင် ခံစားချက်ကို ဆုပ်ကိုင်ရရန်မှာ ခက်လှသည်။
ယခုအချိန်တွင် ထိုခံစားချက်ကို ဖမ်းဆုပ်မိနေပြီဖြစ်သည်။
ယီယွင် သည် ထိုလျှို့ဝှက်ဆန်းကြယ်သောခံစားချက်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။