← Chapters

ခရမ်းရောင်လေသည် အရှေ့မှလာသည် ၂

Vol. 7 Ch. 102

ခရမ်းရောင်လေသည် အရှေ့မှလာသည် ၂

Vol. 7 Ch. 102

" ဒါ...ဒါကဘာဖြစ်တာလဲ "

လူအုပ်ကြီးမှာ ကျောက်စိမ်းစင်ဆီသို့ မျှော်ကြည့်နေကြသည်။ မြင်ရသည့် မြင်ကွင်းမှာ ယီယွင်က မျက်လုံးမှိတ်ထားကာ အာရုံစိုက်လျှက်သာ ရှိသေးသည်။ယီယွင် မျက်ခုံးများကို ပင့်တင်လျှက် လက်ချောင်းများကို အရှေ့သို့ ညွှန်ကာရပ်‌ နေလေသည်။ ယီယွင် လက်ကို ဖြည်းညင်းစွာ လျော့ချလိုက်ကာ ခန္ဓာကိုယ်၏ စွမ်းအင်များကို တန်းထျန်ဆီသို့ ပို့လွှတ်လိုက်သည်။

အပြီးသတ်ခြင်းနှင့်ပတ်သက်၍ လင်ရှင်းထုံ၏မှတ်စုစာအုပ်တွင် 'နံဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' ပြီးပြည့်စုံသော ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြရုံ မလုံလောက်ပဲ ၊ အပြီးသတ်တွင်သည် ချီစွမ်းအင်များကို ပြန်လည်ရုတ်သိမ်းခြင်းသည် ပြီးပြည့်စုံသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း‌ ရေးသားထားသည်။ ချီစွမ်းအင်ကို ပြန်ရုတ်သိမ်းခြင်းဖြင့် စိတ်တည်ငြိမ်စေပြီး ထိုးထွင်းသိမြင်မှုကို ခိုင်မာစေနိုင်သည်။ သို့မှသာ ကျင့်ကြံခြင်းစနစ်မှာ အစုံအလင် ပြီးမြောက်မည်ဟု ယူဆနိုင်သည်။

ယီယွင် သည် ထိုလုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် လေကိုရှူထုတ် လိုက်သည်။ ယီယွင် ၏ စွမ်းအင်များသည် အသက်ရှုလမ်း‌ကြောင်းထဲတွင် ရှိနေသောကြောင့် ထွက်သက်သည် ပျောက်ကွယ်မသွားဘဲ ဓားသွားများကဲ့သို့ အဝေးသို့ လွင့်ထွက်သွားသည်။

ထိုစဉ် ယီယွင် မျက်လုံးကိုဖွင့်လိုက်‌လေသည်။ မျက်လုံးများသည် ထက်မြက်ပြီး ထိုးထွင်းသိမြင်နိုင်စွမ်းများဖြင့်ပြည့်နှက်ကာ လျှပ်စီးလက်သကဲ့သို့ တောက်ပနေကြသည်။

"အခု ရုန်းရင်းဆန်ခတ်ဖြစ်တာက စင်ပေါ်က ကောင်လေးကြောင့်လား"

လူအုပ်ကြီး အံဩဖွယ်ဖြစ်ရပ်များကြောင် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

“အဲဒါ…တကယ်ပဲလား…” လူတချို့က မသေချာမရေရာ ပြောကြသည်။

ကောင်းကင်ကို မော့ကြည့်လိုက်သည်အခါ ခရမ်းရောင် အခိုးအငွေ့တွေက တဖျပ်ဖျပ် တောက်ပနေဆဲ။

ခုံတန်းရှည်ပေါ်တွင် ကွဲနေသော လက်ဖက်ရည်ခွက်များဖြင့် ပြည့်နေသည်။ ကျိုးပဲ့နေသော အပိုင်းအစများသည် ကြေမွနေသော ဥခွံများကဲ့သို့ပင်။ အပိုင်းအစများတွင် အကြီးမားဆုံး အပိုင်းမှာ လူတစ်ယောက်၏ လက်သည်း အရွယ်အစားလောက်သာကြီးသည်။ တစ်ချို့အပိုင်းအစများမှာ ဖုန်မှုန့်များ အဖြစ်သို့ ကျေညက်သွားသည် အထိ ကြေမွကုန်ကြသည်။

ယီယွင် သရုပ်ပြစဉ်က ခရမ်းရောင်အခိုးအငွေ့များ ထုတ်ကာ“နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း ”၏ အရိုးများရှိ စွမ်းအင်များ ပေါက်ကွဲ‌စေကာ လက်ဖက်ရည်ခွက်များကိုပင် ကြေမွသွားစေသည်။

လူအုပ်ကြီးမှာ ထိုဖြစ်စဉ်ကို အချိန်အတော်ကြာသည်အထိ မယုံကြည်နိုင်ဖြစ်နေကြသည်။

လူတချို့မှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ လျှိုင် မျိုးနွယ်စု၏ စစ်သည်တော်ပြင်ဆင်ရေးစခန်းမှ စစ်သည်များသည်ပင် ပို၍ အံ့အားသင့်‌ နေကြသည်။ခရမ်းရောင်အခိုးအငွေ့ကို နားမလည်ကြသော်လည်း လက်ဖက်ရည်ခွက်များ အက်ကွဲကြေမွ ကုန်သဖြင့် အံအားသင့်နေကြခြင်း ဖြစ်သည်။ "ဘုံကိုးပါးမှ မိုးကြိုးဖြစ်ပေါ်ချိန် လျှပ်တပြက်ပစ်ချက် ပေါ်လာမယ်" ဆိုသည် ယိုယွမ် က ပြောခဲ့တဲ့ နယ်ပယ်ပင် ဖြစ်သည်။

ယီယွင် ကျောက်စိမ်းစင်ပေါ်တွင် အမှားအယွင်းများဖြင့် အရှက်ကွဲမည်ကို မြင်ရမည်ဟု စစ်သူရဲပြင်ဆင်ရေးစခန်းမှ အဖွဲ့ဝင်များက စောင့်မျှော်နေခဲ့သည်။ သို့သော်လည်း ယခုအခါတွင် စစ်သည်များအားလုံး တုန်လှုပ်ခြောက်ခြားစွာဖြင့် ပါးစပ်မှ စကားလုံးများပင် ထွက်မလာနိုင်ပဲ ရှိနေလေတော့သည်။

အကြိုဗိုလ်လုပွဲအစမှ ယခုအချိန်အထိ ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ကြံ့ခိုင်မှုကို သက်သေပြရန် ကျောက်တုံးများကို ထိုးခွဲသည့်နည်းကို အသုံးပြုခဲ့ကြသည်။ လျှိုင်ချမ်းယု အလှည့်ရောက်သောအခါ အလယ်အလတ် အရွယ်အစားရှိ မဟူရာသံကျောက်တုံးကို ဖြိုခွဲပြခဲ့သည်။ တောက်ယွင်ရှောင်း ၏အလှည့်ရောက်သောအခါတွင် 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'အသုံးမပြုပဲ 'ဆန်းကြယ်မှု ကိုးပါး ဓားကောင်းကင်သိုင်း' ကို စွဲမက်ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့သည်။ နောက်ဆုံးတွင် တောက်ယွင်ရှောင်း သည် မိမိ၏ ကျင့်ကြံခြင်းစနစ်၏ အစွမ်းသတ္တိကို သက်သေပြရန် ကြီးမားသော အဖျက်စွမ်းအားကိုပင် ဆက်လက်အသုံးပြုခဲ့သည်။

သို့သော် ယီယွင် အလှည့်သို့ ရောက်သောအခါ၊ မဟူရာသံကျောက်တုံးကို တစ်ကြိမ်မျှပင် မတိုက်ခိုက်ပဲ အဆုံးတွင် ခန္ဓာကိုယ်အတွင်းမှ ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး အရိုးများ၏ ပေါက်ကွဲသံကြောင့် လက်ဖက်ရည်ခွက်များ ကွဲအက်သွားစေခဲ့သည်။

တောက်ယွင်ရှောင်း သည် တခြားသေမျိုးသွေးစစ်သည်များ မစွမ်းဆောင်နိုင်သော ဓားစွမ်းအင်ကို ဖော်ထုတ်ပြသခဲ့သည်။ ယီယွင်သည်လည်း ခရမ်းရောင် အခိုးအငွေ့ကို ထုတ်ထွက်ကာ လက်ဖက်ရည်ခွက်များကို ကွဲအက်စေခဲ့သည်။၎င်းတို့ နှစ်ဦး၏ စွမ်းအားကို နှိုင်းယှဉ်ကြည့်၍ မည်သူကပိုကောင်းသည်ကို ဆုံးဖြတ်ရန် ခက်လှ‌ပေသည်။

စစ်သည်ပြင်ဆင်ရေးစခန်းမှ လူများပင် မပြောနိုင်ပေ။ သို့သော် မိမိတို့ သခင်လေး လျှိုင်ချမ်းယု သည် သူတို့နှစ်ဦးထက် မကျော်လွန်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

စစ်သည်ပြင်ဆင်ရေးစခန်းအဖွဲ့ဝင်ခေါင်းဆောင် "ဒုတိယ ကျောက်ထိုင်ကျူ" သည် ထိုဖြစ်ရပ်များ ဖြစ်လာသည်ကို လက်မခံနိုင်ပဲ ဖြစ်နေလေ၏။

လျှိုင်ချမ်းယု သည်လည်း ဒေါသကိုထိန်းချုပ်မရသည့် အခြေနေသို့ရောက်ရှိနေပြီ ဖြစ်သည်။

ယီယွင် မည်သို့သင်ကြားခဲ့သည် မသိ‌ပေ။ သို့သော် ထိုအလင်းတန်းသည် ကောင်းကင်ပေါ်သို့ ပစ်လွှတ်ကာ ခွက်များစွာကို ကွဲအက်သွားစေသည်ကို မြင်ရုံနှင့်ပင် ယီယွင် ၏ လက်သီးထိုးနည်းစနစ်များသည် မယုံနိုင်ဖွယ် စွမ်းအင်များကို ပိုင်ဆိုင်ထားကြောင်း လျှိုင်ချမ်းယု စဉ်းစားမိသည်။

"ဒီကောင် တခြားထူးထူးခြားခြား ထိုးထွင်းသိမြင်မှုတွေပဲရနေသလား" လျှိုင်ချမ်းယု သည် 'အရှေ့အရပ်မှလာသော ခရမ်းရောင်လေ' အကြောင်းကို သေချာမသိပေ။ သို့သော် ထိုခရမ်းရောင်လေသည် ထိုးထွင်းသိမြင်မှု တခုမှ ရရှိလာသောအရာတစ်ခုဖြစ်မည်ဟု လျှိုင်ချမ်းယု စဉ်းစားမိသည်။

ယီယွင် သည် နယ်ပယ်အဆင့်တစ်ခုသို့ ဖြတ်ကျော်ဖို့ အခွင့်အရေးကို ရရှိထားခြင်းလည်း ဖြစ်နိုင်မည်ဟု လျှိုင်ချမ်းယု ထင်မြင်မိနေသည်။

လျှိုင်ချမ်းယု ၏ မျက်လုံးများမှာ မနာလိုစိတ်ဖြင့် ပြည့်နှက်လေသည်။ မိမိပိုင်ဆိုင်သော အရာတစ်ခုကို လုယက်ခံရသကဲ့သို့ ခံစားရသဖြင့် ဒေါသတကြီးဖြစ်နေသည်။

ပဏာမအဆင့် နှင့် အကြိုဗိုလ်လုပွဲများတွင် အကောင်းဆုံးလုပ်ဆောင်ကာ ကျင်းလုံဝေ့၏ အရာရှိများက တန်ဖိုးထားခံရရန်၊ ကျင်းလုံဝေ့၏ လက်ရွေးစင် အသင်းဝင်ဖြစ်လာရန် ထိုအချက်များမှာ လျှိုင်ချမ်းယု အလိုချင်ဆုံးသော အရာများဖြစ်သည်။

သို့ရာတွင် ပထမဦးစွာ ခရမ်းရောင်သွေးနယ်ပယ်ကို ဖြတ်ကျော်မည့် အစီစဉ် ပျက်ဆီးခဲ့သည်။ ယခုချိန်ထိ ထိုပျက်ဆီးရခြင်းရဲ့ အကြောင်းအရင်းကို မသိရသေးပေ။ အကယ်၍ လျှိုင်ချမ်းယုသည် ခရမ်းရောင်သွေးနယ်ပယ်သို့ ဖြတ်ကျော်နိုင်ပါက တိုင်အာနတ်ပြည်တောင်၏ ရွေးချယ်မှုကို ထမင်းစားရေသောက်ပင် လွယ်ကူစွာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ကျင်းလုံဝေ့ အထက်တန်းလွှာသို့ ဝင်ရောက်ရန်မှာလည်း ပိုမိုလွယ်ကူမည်ဖြစ်သည်။

ယခုအခါတွင် လျှိုင်ချမ်းယုမှာ နိုင်ငံတော်၏ရွေးချယ်မှုကို ကျော်ဖြတ်ရန် မိမိ၏အရည်အချင်းများကို အားကိုးရတော့မည်ဖြစ်သည်။ ပဏာမအဆင့်တွင် လျှိုင်ချမ်းယုသည် ကျန်းတန်၏ အာရုံစိုက်မှုကို ရနိုင်မည်ဟု ထင်မြင်လာခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း ယီယွင်က ထိုထင်မြင်ချက်များကို ရိုက်ချိုးသွားခဲ့သည်။

ယီယွင် သည် ကျင့်ကြံခြင်းစနစ်ကို သရုပ်ပြသောအခါတွင်လည်း ကျောက်တုံးများကို ထိုးခွဲခြင်းမရှိပဲ လက်ဖက်ရည်ခွက်တစ်ဒါဇင်ကို ၎င်း၏ အလင်းတန်းများနှင့် အရိုးမှထွက်ပေါ်‌လာ အသံများဖြင့် ကွဲအက်စေခဲ့သည်။ထိုသရုပ်ပြမှု ဖြင့်ပင် လျှိုင်ချမ်းယုထက် ကျော်လွန်သွားချေပြီဖြစ်သည်။

ထို့အပြင်၊ ယီယွင်မှာ မိမိတို့မျိုးနွယ်စုမှ ဆင်းရဲသောမျိုးနွယ်၀င် တစ်ဦးပင်ဖြစ်သည်။

လျှိုင်ချမ်းယုသည် မိမိရည်မှန်းချက်ကို အပြင်းထန်ဆုံးရိုက်ချိုးခံရမည့် ဟု အိပ်မက်ထဲတွင် ထည့်မက်ဖူးပေ။

ထိုအပြင် မိမိ၏ ရည်မှန်းချက်များကို ရိုက်ချိုးခဲ့သော ယီယွင် ခွန်အားအစစ်အမှန်ကို ယခုထက်ထိ မသိရသေးချေ။

ယီယွင်မှာ ၎င်း၏ခွန်အား အစစ်မှန်ကို ထုတ်ပြခြင်းမရှိပဲ တိုက်ခိုက်မှုနှင့် အဖျက်စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယီယွင်မှာ အလွန်အစွမ်းထက်ပုံပေါ်ပြီး အခြားသူများနှင့် တိုက်ရိုက် မတိုက်ခိုက်ဖူးသောကြောင့် မည်သူမျှ ယီယွင် ခွန်အား အစစ်မှန်ကို မသိကြပေ။‌ သွေးကြောနယ်ပယ် သို့မဟုတ် ချီစု‌ဆောင်းမှုနယ်ပယ် ၏ မြင့်မားသောအဆင့် ရှိမည်ဟု ခန့်မှန်းထားကြသည်။

ခုံတန်းရှည် နှင့် မနီးမဝေးနေရာမှ ကျန်းတန် သည်လည်း အံသြမှင်သက်လျှက် ရှိနေပေသည်။

ကျယ်ပြောလှသော ကျတ်တီးမြေရှိ မျိုးနွယ်စုတစ်ခုမှ ဆင်းရဲနွမ်းပါးသော လူငယ်တစ်ဦးအတွက် အရှေ့အရပ်မှ ခရမ်းရောင်လေကို ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။

ခရမ်းရောင်လေသည် မင်းမျိုးမင်းနွယ်၏ အရှိန်အဝါဖြစ်သည်။ ခရမ်းရောင်လေ သည် ဧကရာဇ်မင်းမြတ် သို့မဟုတ် သူတော်စင်တစ်ဦး၏ သင်္ကေတဖြစ်သည်ဟု ဒဏ္ဍာရီများပင်ရှိခဲ့သည်။

ဤသို့သော ကောလဟာလများ ရှိရခြင်းမှာ အရှေ့အရပ်မှလာသော ခရမ်းရောင်လေ၏ လှုံ့ဆော်မှုကိုခံရသော စစ်သည်များသည် ကြီးကျယ်သော အောင်မြင်မှုများ ရှိခြင်းကြောင့်ပင်ဖြစ်သည်။ ထိုစစ်သည်များသည် ဧကရာဇ်မင်းမြတ်၏ သိုင်းပညာရှင် သူတော်စင်များ ဖြစ်လာရန် အမှန်တကယ် အလားအလာ ရှိကြသူများဖြစ်သည်။

အရှေ့အရပ်မှ ခရမ်းရောင်လေသည် ရှားပါးသောကြောင့်၊ ၎င်းသည် ဘုရင့်နိုင်ငံတော်၏ အကြီးပိုင်း စစ်သည်တော်များကြားတွင် ထူးထူးဆန်းဆန်း ဒဏ္ဍာရီတစ်ခုသဖွယ်ဖြစ်သည်။

ထိုသို့ ထူးထူးဆန်းဆန်းဖြစ်လာသော အရှေ့အရပ်က ခရမ်းရောင်လေကို လှုံ့ဆော်ပေးသူဟာ ကောင်းကင်နဲ့ မြေကြီး၏ အသိအမှတ်ပြုမှု ခံရသူဟု ဆိုနိုင်ပေသည်။ထိုသူများသည် လူသားအဖြစ် ထင်ရှားသည့် ကြယ်တစ်စင်းကဲ့သို့ “မြင့်မြတ်သော ကံကြမ္မာ” ရှိကြသည်။

ထိုအကြောင်းအရာမှာ အစစ်အမှန်မဟုတ်ဘူးဟုထင်ရသော်လည်း အမှန်တရားအချို့ ပါရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့အရပ်မှ လာသောခရမ်းရောင်လေသည် လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ပေးသောကြောင့် ဖြစ်သည်။ ကောင်းကင်အဆင့် ယွမ်ချီနှင့် ပေါင်းစပ်ရန်မှာ လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအင်တွင် အရိပ်နိမိတ်တစ်ခု ဖြစ်ပေါ်ရန် လိုအပ်သည်။

ထိုအရိပ်နိမိတ်မှာ ကောင်းကင်အဆင့် ယွမ်ချီ က ထိုလူတစ်ဦးနှင့် ပေါင်းစည်းရန် အသိအမှတ်ပြုသည်ဟု ဆိုလိုနိုင်သည်။

ကောင်းကင်အဆင့်ယွမ်ချီ၏ အသိအမှတ်ပြုခံရသူဟု ဆိုသည်မှာ ချဲ့ကားခြင်းဟု ထင်ရသော်လည်း အဓိပ္ပါယ်ရှိသည်။

ထိုအချိန်၌ လေသင်္ဘောမှာ ကျောက်စိမ်းစင်မြင့် အထက်တွင်‌ ရောက်ရှိ‌နေသည်။

လင်ရှင်းထုံ သည် အဖြစ်အပျက်များကို ကြည့်ပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

မြင့်မားလှသော အမြင့်မှ ခရမ်းရောင် အခိုးအငွေ့များ၏ အလှကို လင်ရှင်းထုံ ခံစား‌နေသည်။ ခရမ်းရောင်မီးတောက်များ တောက်လောင်နေသကဲ့သို့ လင်းလက်တောက်ပနေသည်။

ထိုခရမ်းရောင်အခိုးအငွေ့အောက်တွင် လီနင်ပိတ်ချောဝတ်ထားသော လူငယ်တစ်ဦးရှိသည်။ထိုလူငယ်၏ အရှိန်အဝါမှ တောင်ထိပ်တစ်ခု၏ အထွတ်အထိပ်၌ ရှိသကဲ့သို့ ထူးခြားတောက်ပနေသည်။

အရှေ့အရပ်မှ လာသော ခရမ်းရောင်လေကို ထုတ်နိုင်သည်မှာ အံ့သြစရာပင်။

“ရှင်းထုံ…” အဘိုးကြီးစု ရုတ်တရက် ပြောလိုက်သည်။

"ဟုတ်ကဲ့ ဆရာကြီး ဘာကိစ္စရှိလို့လဲ" လင်ရှင်းထုံ သည် အဘိုးကြီးစု ဘက်သို့ မျက်‌မှောင်ကြုတ်၍ လှည့်ကာ တုံ့ပြန်လိုက်သည်။

“ပြောပါဦး၊ ဘာကြောင့်လဲတော့ မသိဘူး ဒါပေမယ့် ရုတ်တရက် တွေးမိတာ၊ လွန်ခဲ့တဲ့ လအနည်းငယ်က တိမ်တိုက်ရိုင်းက ခရမ်းရောင် တိမ်တွေ ဖြစ်ခဲ့တာက 'အရှေ့အရပ်ကလာတဲ့ ခရမ်းရောင်လေ' ပုံစံမျိုး ဖြစ်နိုင်မလား လို့ပါ”

All Chapters